2

ပင်လယ်နက်က မိုးချစ်တဲ့ ကျွန်တော့်ချစ်သူ

Posted by ဖြိုးဇာနည် on Sunday, June 10, 2012 in
တစ်ခါမှမရောက်ဖူးပါဘူး   စိတ်ကူးထဲမှာသာ  အကြိမ်ကြိမ်ရောက်နေခဲ့တာလေ။   အကြောင်းကတော့ 

ကျွန်တော်နဲ့ အလှမ်းဝေးကွာလွန်းလှတဲ့   မြန်မာနိုင်ငံမှာ  ရှိနေတဲ့ လမ်းမကြီးတစ်ခု   ဖြစ်နေလို့ပါ။ပြီးတော့

ကျွန်တော့်ချစ်သူ တန်ဖိုးထားလွန်းလှတဲ့ နေရာလေးလဲ ဖြစ်နေပြန်တယ်လေ။  အဲ့ဒီနေရာလေးဟာ သိပ်ကို

လှပပါတယ် ဘေးတစ်ဖက်တစ်ချက်မှာလယ်ကွင်းတွေရှိတယ်။တိမ်ညိုညိုတွေကို နေရောင်ထိုးထားလို့ ရွှေအို

ရောင် ပြန့်လွှင့်နေတဲ့ကောင်းကင်တစ်ခုလဲရှိတယ်။အဲ့ဒီအချိန်မှာမိုးစက်ဖွေးဖွေးလေးတွေဟာ နှင်းမိုးအဖြစ်နဲ့

တဖွားဖွားကျလာတယ် နေရောင် မှိန်မှိန်လေးအောက်မှာ ကျနေတဲ့နှင်းမိုးတွေဟာ သက်တန့်အဖြစ်ပြောင်း

မသွားပဲ မိုးချစ်တဲ့ကောင်မလေးတစ်ယောက်ရဲ့ ပုံသဏ္ဍန် ကိုပီပီသသပုံဖော်ပေးနေခဲ့တယ့်


ပင်လယ်နက်

ပင်လယ်နက်ကိုကျွန်တော်ရောက်ဖြစ်နေတာ အခုဆိုရင် သုံးရက်မြောက်ခဲ့ပြီ။ အရင်ရောက်ဖြစ်တဲ့ပုံစံနဲ့လုံးဝ

မတူတော့ပါဘူး။လမ်းမကြီးးတစ်ခုပါပဲ ကားသွားကားလာပြတ်လပ်နေသလို  နံဘေးမှာရှိတဲ့လယ်ကွင်းတွေ

ဟာလဲ သီချင်းတပုဒ်လို ကာရံဖော်မပေးကြတော့ပါဘူး။နေရောင်ဟာလည်း တိမ်တွေကိုအရှုံးပေးထားလိုက်

ရတယ်။အဲ့ဒီအချိန်မှာ မိုးစက်ကြီးကြီးတွေ ကျွန်တော့်အပေါ် ရက်ရက်စက်စက်ရွာသွန်းချလိုက်ပြန်တယ်။ကျွန်

တော်ပြုံးလိုက်မိတယ် ပြီးတော့ အော်ငိုလိုက်မိတယ် နောက်ရယ်တယ် နောက်ပြီ့း့နောက်ပြီး

ကျွန်တော်အသက်ရူကြပ်လာတယ်။သူ့ကို ကျွန်တော်တွေ့တယ်  တိမ်တွေကြားထဲကနေ   နှုတ်ခမ်းကိုက်ပြီး

ကျွန်တော့်ကို စူးစူးစိုက်စိုက်ကြည့်နေပြန်တယ်။ကျွန်တော် ရင်တွေနာလိုက်တာ။  ကျွန်တော်  သူ့ကိုအော်ပြီး

တောင်းပန်လိုက်တယ် ကျွန်တော့်အသံကြောင့်ထင်ပါရဲ့ သူတိမ်တွေကြားထဲကို ပြေးဝင်သွားတယ်။


ဖိနပ်ချွတ်ပြီး ပင်လယ်နက် ပေါ် လမ်းလျှောက်နေမိတယ်။  မိုးရေတွေနဲ့ ရောနေတဲ့မျက်ရည်တွေကို  တိမ်တွေ

ကြားက သူမြင်သွားမှာဆိုးမိတယ် ဒါကြောင့်ကျွန်တော်ခေါင်းမမေါ့ရဲဘူး။သူဒီနေရာလေးကို လာမှာကျွန်တော်

သိတယ်။သူတစ်ပတ်မှာ တစ်ခေါက်တော့အနည်းဆုံးလာနေကျပါ။ဒါကြောင့် ကျွန်တော်သူ့ကိုတွေ့ရဖို့နေ့တိုင်း

ကြိုးစားနေမိတယ်။မိုးတွေကိုကြိုက်တဲ့ ကောင်မလေး ချောင်းဆိုးနေတဲ့ကောင်မလေး ကျွန်တော့်ကိုသိပ်ချစ်တဲ့

ကောင်မလေး   ချိစ့် လုံးဝမကြိုက်တဲ့ကောင်မလေး   ရေခဲမုန့်အရမ်းကြိုက်တဲ့ ကောင်မလေး ထီးဘယ်တော့

မှမဆောင်းချင်တဲ့ကောင်မလေး ကျွန်တော်ဂျီကျသမျှကိုပြုံးပြုံးလေးနဲ့ အမြဲနားထောင်နေတတ်တဲ့ကောင်မလေး

ကျွန်တော့်အပြစ်ကြီးကြီးတွေကို ၃ခါတိတိနားလည် ခွင့်လွှတ်ပေးတဲ့ချစ်သူ အခုတော့အခုတော့

သူပျောက်သွားပြီ သူမရှိတော့တဲ့နောက်မှာတော့ ကျွန်တော့်မှာလည်းဘာမှမရှိတော့ပါဘူး သူနဲ့အကုန်ပါသွား

ပြီ။ဒီနေ့တော့ ကျွန်တော်သူ့အတွက် လက်ဆောင်တစ်ခုပါလာတယ် သူလာမယ်မလာဘူးမသေချာပေမဲ့ သူ့ကို

တွေ့ရင် ပေးချင်လို့ပါ။မိုးတွေသည်းသည်းမဲမဲ ရွာနေတဲ့ကြားထဲကနေ ကျွန်တော်အသည်းအသန်ဂရုစိုက်နေတဲ့

အရာတစ်ခုရှိပါတယ်။ မိုးရေတွေကိုကျွန်တော့်ကျောပြင်နဲ့ ကာကွယ်ထားပြီး ကျွန်တော့်ရင်ဘတ်နားမှာကပ်ထား

တဲ့အရာလေ့းသူ့အတွက်ပါ ဒါလေးကိုတွေ့ရင် သူသိပ်ပျော်သွားမှာ့


ဒီမနက် ပင်လယ်နက်ဆီက ကျွန်တော်ရောက်ပြန်လာပြီးတော့ ကျွန်တော် ဖျားသွားခဲ့တယ်။ဒါပေမဲ့ ကျွန်တော်

ဂရုမစိုက်နိုင်ဘူး ဒီညနေသူလာရင်လာမှာပေါ့ တကယ်လို့များသူလာရင် ကျွန်တော်မတွေ့လိုက်မှာဆိုးမိတယ်

ဒါကြောင့်အခုလဲ ကျွန်တော်  ပင်လယ်နက်ဆီသွားအုံးမယ်။ သူ့အတွက် နောက်ဆုံးတစ်ဗူးသာကျန်တော့ တဲ့

ရေခဲမုန့် တစ်ခုကို ရေခဲသေတ္တာထဲက ထုတ်ယူလိုက်ပြီး ကျွန်တော်ရေချိုးခန်းထဲဝင်ခဲ့တယ်။ပြီးတော့ ရေပန်းကို

အဆုံးထိဖွင့်ချတယ် နေက်ပြီးကျွန်တော့်ကျောပြင်နဲ့အတူ ရေခဲ့မုန့်ကလေးကို     အရည်ပျော်ကျမသွားအောင်

ကာကွယ်ပေးထားလိုက်တယ့်နောက်တော့နောက်တော့ ကျွန်တော်ဟာ ပင်လယ်နက်ဆီကို

ဖြည်း ဖြည်း ချင့်း



မျက်ရည်တွေကိုမှင်ရည်အဖြစ်ပြောင်းလဲပြီးရေးသားလိုက်ခြင်းပါ

ပင်လယ်နက်သို့
ဖြိုးဇာနည့်ညနေ့၎နာရီ ၃၀တိတိ

2 Comments


အမလေး ငါ့မောင်လေးရယ် ဒီလောက်မိုးရွာနေတာ ရေခဲမုန့်ဘယ်လိုလုပ်စားမလဲ
စာဖတ်နေရင်းနဲ့တောင် အချမ်းတက်လာသလိုလိုဘဲ ...း)
ခံစားဖတ်ရှုသွားတယ်နော်
အဲ့လိုမျိုးဂရုစိုက်တတ်တဲ့ချစ်သူလေးတယောက်လောက်လိုချင်လိုက်တားP


အအေးမိပြီး ရင်ကျပ်ပါ့မယ် ငါ့မောင်ရယ်၊ သတိလည်းထားဦး

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.