5

ဖိနပ်တရံအကြောင်း

Posted by ဖြိုးဇာနည် on Thursday, July 05, 2012 in
နားလည်မလိုလိုနဲ့ နားလည်မူလွဲနေကြတယ်
ငါလိုတာဖိနပ်တရံပဲ နင်ပေးချင်နေတာ ထီးတစ်လက်


နှင်းမိုးတွေကျလာရင်ကျွန်မပျော်တယ် တချို့ညနေတွေဆိုရင် ဒီနေရာလေးကိုကျွန်မရောက်ဖြစ်တာများတယ်



လမင်းနက်လို့ခေါ်တယ် တခါတလေစိတ်လွတ်ကိုယ်လွတ် လာအော်မိတယ်။ ဒီနေရာလေးကကျွန်မ



အတွက်အများကြီးအေးချမ်းစေတယ်။ ရေခဲမုန့်တခွက် ပိတ်ပြီးကိုင်ထားတဲ့ထီးတစ်လက် ချွတ်ထားခဲ့တဲ့



ဖိနပ်တရံ နောက်ပြီး ရွာကျနေတဲ့မိုးစက်ဖွေးဖွေးလေးတချို့ ဒါဆိုရင်ကျွန်မအတွက်အရမ်းကဗျာဆန်တဲ့



ညနေခင်းလေးတခုကိုလမင်းနက်ပေါ်မှာပိုင်ဆိုင်လိုက်ရပြီလေ။






မောင် မသိသေးတာတွေအများကြီးရရှိသေးတယ် လေ့လာပါအုံး။ ဒီစကားတစ်ခွန်းရယ် ဟုတ်ကဲ့အန်တီ



သမီးစဉ်းစားပါ့မယ် အဲ့လိုပြောခဲ့တဲ့ ယောက်ခမလောင်း တစ်ဦးရယ် နောက်အရာရာအလိုက်တတ်တဲ့ ယောက်



ခမလောင်းရဲ့ချစ်လှစွာသော သားအလိမ္မာလေးရယ်။နောက် ကောင်းစေချင်လို့စီစဉ်တဲ့မေမေရယ်။ကျွန်မအတွေး



တွေထဲမှာ ဒီလူလေးယောက်နဲ့ရှုပ်ရှပ်ခတ်နေခဲ့တယ်။






တကယ်တမ်းတော့ (ဒီပြဇတ်လေးမှာ)



ချစ်သူတစ်ယောက်ရှိတယ် (ဘာမှဟုတ်တိပတ်တိမလုပ်တတ်တဲ့သူပေါ့) မောင် တဲ့။



ဆရာဝန်တစ်ယောက်ရှိတယ် (အလိုကလဲလိုက်တတ်သေးတယ်) ကို တဲ့။



မေမေ ရှိသေးတယ် (သမီးလေးအတွက်ဘာမဆို လုပ်ပေးချင်တယ်) မေမေ ပါပဲ။



နောက်အန်တီဆိုတာရှိသေးတယ် (သမီးလေးကြိုက်တဲ့နေရာရွေး အခြေချ ချင်တဲ့မြို့ပေါ့ဆိုတဲ့) ယောက်ခမလောင်း ။





ကျွန်မနာမည်က လင်းလက် တဲ့ မြစ်တစင်းလို့အဓိပ္ပာယ်ရပါတယ်။နောက်ပြီးကျွန်မမှာ သိပ်ချစ်ရတဲ့ မောင်ဆိုတာရှိတယ်။



နောက်ပြီးသံယောဇဉ်တွယ်ရတဲ့ အကို ဆိုတာရှိတယ်။နောက် ကျွန်မကိုသိပ်ချစ်တဲ့မေမေဆိုတာရှိတယ်။မောင်ဆိုတာ



မထင်မှတ်ပဲကျွန်မဘဝထဲကိုဝင်လာခဲ့တယ်။ Cry On My Shoulder သီချင်းကိုမောင်ဆိုနေခဲ့တယ်။ ကျွန်မသိပ်ကြိုက်တဲ့



သီချင်းလေ ဒါကြောင့်အဆုံးထိနားထောင်နေခဲ့တယ် ဂစ်တာပေါ်မှာပြေးလွှားနေတဲ့ မောင့်လက်ချောင်းလေးတွေကိုလဲ



သတိထားကြည့်မိတယ်။





ဒီလိုပါပဲ တိုက်ဆိုင်မူတွေပေါ့လေ မောင်နဲ့ကျွန်မရင်းနှီးခဲ့ကြတယ် စိတ်သဘောထားချင်ညှိရလွယ်တာကြောင့် ကျွန်မ



တို့တယောက်ကိုတယောက်နားလည်နိုင်ခဲ့ကြတယ်။နောက်တော့ မောင်ကျွန်မကို ဖွင့်ဟလာတယ်။မှတ်မှတ်ရရပါပဲ



အဲ့ဒီနေ့မှာ ကျွန်မဖုန်းထဲကို miss call အခါ ၅၀ ကျော်ကျော်ဝင်လာခဲ့တယ်။ကျွန်မမကိုင်ခဲ့ဘူး။မောင်ဆက်တာမဟုတ်



ပါဘူး ကျွန်မအမေရဲ့ သူငယ်ချင်းရဲ့သားပါ နိုင်ငံခြားကပြန်လာပြီး ဒီနေ့ပဲကျွန်မတို့ ဒင်နာအတူတူစားဖြစ်ကြတယ်လေ။



နောက်တော့ သူဖုန်းနံပတ်တောင်းသွားပြီးအခုလိုခေါ်တာပါပဲ။






ဒါဟာ မောင်နဲ့ အကိုတို့ရဲ့ တိုက်ပွဲအစတစ်ခုပါပဲ။နောက်တော့မောင်လဲအဝေးလွင့်သွားတယ်။ ဟိုးးးးးအဝေးတနေရာကို



ပါပဲ။ဒီအချိန်မှာ အနေနီးသူက အနိုင်ရစတမ်းပဲလေ အကို ကျွန်မကိုအရမ်းဂရုစိုက်တယ်။ဒီကြားထဲကျွန်မ အဝေးရောက်နေ



တဲ့မောင့်ကို အဖြေပေးဖြစ်ခဲ့တယ်။နောက်အရမ်းလဲချစ်ခဲ့တယ်။အကို့ကိုလဲ ကျွန်မနဲ့မောင် အကြောင်းကိုပွင့်ပွင့် လင်းလင်း



ပြောပြဖြစ်တယ်။အကိုနားလည်ပေးတယ်သူ့အတွက် လင်းလက် ဖြစ်လာမဲ့အထိစောင့်မယ်တဲ့မောင်ဆိုတာကြာရှည်မမြဲပါဘူးတဲ့။



မောင်ကလဲဆိုးတယ် အနေဝေးတော့မမြင်ရတိုင်းသူလုပ်ချင်ရာလုပ်တယ်။အကြိမ်ကြိမ်စိတ်ကောက်ရတယ် အကြိမ်ကြိမ်



ခွင့်လွှတ်ရတယ်။မောင့် ဆိုးတဲ့အကျင့်တွေကြောင့်စိတ်ရှုပ်ရတာက တဖက် မေမေနဲ့ယောက်ခမလောင်းတို့ရဲ့ လူကြီးချင်း



သဘောတူထားတဲ့ အကိုနဲ့က တဖက်ကျွန်မအရမ်းဗျာများရပါတယ်။ မေမေတို့သဘောကျအောင် အကိုနဲ့ အပြင်တွေဘာ



တွေသွားပေးရတယ်။ အကိုကတော့ နားလည်ပါတယ် လင်းလက် ဆီမှာမောင်ရှိနေတာသိတာကိုးးးးး ကျေးဇူးလဲတင်ပါတယ်။



နောက်ပြီး ကျွန်မကိုအရမ်းဂရုစိုက်တဲ့ အကို့ ကိုလဲ အားနာလာတယ်။ပိုပြီးပိုပြီးဂရုစိုက်လွန်းတော့ ပိုပြီးပိုပြီးအားနာရတယ်။



ကျွန်မနေမကောင်းချိန်မှာ စိတ်မပူတဲ့အပြင် အလိုက်မသိပဲ ချစ်တယ်ဆိုတဲ့အကြောင်းတွေကိုပဲ တဖွဖွ ပြောနေတဲ့မောင့်ကို



လဲ ဒေါသထွက်မိတယ် နောက်ပြီးစိတ်မကောင်းလဲဖြစ်ရတယ်။ လိုင်းပေါ်ကနေသာတွေ့ရပေမဲ့ ကျွန်မမောင့်ကို အပြင်မှာ



တွေ့နေရသလိုပဲ သဘောထားတာပါ။ပြီးတော့ ချစ်တယ်။မောင်ဆိုးတာတွေကို ပြောင်းယူခိုင်းခဲ့တယ်။




မောင်လဲလိမ္မာပါတယ် မောင်တော်တော်လေးပြောင်းလဲနိုင်ခဲ့တယ်။ဒါပေမဲ့ကျွန်မဖက်ကအခြေအနေမှာလဲ အတော်လေး

ကျည်းထဲကျပ်ထဲရောက်နေရပါပြီ။မေမေတို့က အကိုနဲ့ စေ့စပ်ပေးချင်နေကြပြီ။အကိုကလဲ နိုင်ငံခြားထွက်ပြီးကျောင်း



ဆက်တတ်ရအုံးမှာဆိုတော့ စိတ်ချချင်ကြတဲ့သဘောပါ။ကျွန်မဘာလုပ်ရမလဲဟင့့်



ဒါကြောင့် ကျွန်မလိုချင်တာက ဘာမှမသိမတတ်တဲ့ မောင်ဆိုတဲ့ကောင်လေးပါ ဒါပေမဲ့ဘဝနဲ့ မိသားစုမျက်နှာအရဆို



ရင်တော့ ကျွန်မကိုချစ်တဲ့ ဂရုစိုက်တဲ့ အလိုက်သိတဲ့ အကို ဟာလဲ နံပတ်၁ နေရာမှာမချိတ်ဖူး ဆိုရင်တောင် နံပတ်



၂ကိုတော့ ရောက်မသွားနိုင်တဲ့သူပါ။ကျွန်မမောင့်ကိုစောင့်ချင်ပါတယ်။




နားလည်မလိုလိုနဲ့ နားလည်မူလွဲနေကြတယ်



ငါလိုတာဖိနပ်တရံပဲ နင်ပေးချင်နေတာ ထီးတစ်လက်



ရေးချင်ရာရေးသည် တွေးချင်ရာတွေးနိုင်သည် :P

စာမရေးတာကြာတော့ပျင်းနေတယ် အခုတလောစိတ်ထဲမှာတွေးမိနေတာလေးကို ရေးဖြစ်လိုက်တယ်။

စာစီတာတွေ ရွှဲ့စောင်းနေတယ် အလိုင်းမင်းချော်နေတဲ့ postတပုဒ်ပါ။သည်းခံဖတ်လော့ သယ်ရင်းအပေါင်းတို့ :P

ဖြိုးဇာနည့်ည့၁၀နာရီ ၄၅ တိတိ

5 Comments


ရတာမလို လိုတာမရဆိုတာ ဒါပါလားနော်


ရေးချင်တာကိုတွေးတတ်သလိုတွေးသွားပါတယ်


အားပေးသွားပါတယ် အတွေးများသွားပါတယ်


ထီးလေး ယူလိုက်တာ မဟုတ်ဘူး အစ်ကိုရ
သူလည်း တစ်နေရာ အသုံးဝင်တာပဲ မဟုတ်လားဗျ
အင်းလေ . . . ရတာ မလို လိုတာ မရ ဆိုတာမျိုးပါ့

အားပေးသွားတယ် အစ်ကိုရေ
စာတွေအများကြီး ရေးပါဦး
အရင်တစ်ခါကလို သရဲဇာတ်လမ်းလေးလိုမျိုး

နွေလ


ဖြိုးရေ
အတွေးတွေ ၀ယ်မရာမလိုပဲ အများကြီးရလိုက်တယ်
ထီးကတော့ ရာသီမရွှေးသုံးလို့ရတယ်နော်
မေ့မှာစိုးလို့သတိပေးခဲ့တာ မောင်လေးရေ
ခင်တဲ့ မကြီး

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.