10

ချိန်းပွဲ

Posted by ဖြိုးဇာနည် on Saturday, April 28, 2012 in

တကယ်တော့အသဲကွဲနေတဲ့ကျွန်တော့်ခံစားချက်ကိုရင်ဖွင့်ချင်တာရယ် သောက်များသောက်လိုက်ရင်သက်သာသွား

မလားဆိုတဲ့ အတွေးရယ်ပေါင်းပြီးဒီလိုဝိုင်းလေးကိုစီစဉ်လိုက်ရတာပါ။ အစကတော့   ဘီယာဆိုင်ကိုသွားဖို့အစီအစဉ်

ပါပဲ့ဒါပေမဲ့ ရင်ဖွင့်ဖော်တွေကလဲမအားတာနဲ့ အလကားရတဲ့နွားဆိုရင် သွားတောင်ဖြဲမကြည့်ပဲဝမ်းသာအားရယူ

တတ်တဲ့ ဖတ်တီးလိုကောင်မျိုးပဲအားတာကတစ်ကြောင်း အိပ်ထဲက ဘတ်ဂျပ်ကလဲ သိပ်မခိုင်တာကတစ်ကြောင်းဆို

တော့ကာ  ချွေတာရေးအနေနဲ့ အိမ်မှာပဲ အကြမ်းကိုင်ဖို့အတွက်စီစဉ်လိုက်ရင်း ဒီလိုညလေးပေါ်ပေါက်လာရတာပါ။




လက်ကျန်တစ်ခွက်စာရယ်နောက်မြေပဲဆန်   တစ်စေ့ရယ်ရှိတယ်    ပြောစရာစကားတွေကတော့   အများကြီးပါပဲ

နားထောင်မဲ့ကောင်ကတော့အတော်ကိုမူးနေပြီ အဲ့တာကျွန်တော်ရဲ့ လက်ရှိအခြေအနေပါပဲ။   ကျွန်တော်ဟတ်ထိနေ

တယ့်မရယ်ပါနဲ့ ကျွန်တော်မူးလို့ပြောတာမဟုတ်ပါဘူး မူးမနေတဲ့အချိန်မှာလဲ ကျွန်တော်ဒီအတိုင်းပဲပြောမိပါ

လိမ့်မယ်။




“အဟတ်ဟတ်!!!!!!!!”



ကျွန်တော့်ရယ်သံခြောက်ကပ်ကပ်နဲ့ဒီစားပွဲဝိုင်းလေးကို လှုပ်နှိုးလိုက်တယ်။



မူးပြီးစိုက်နေတဲ့ ဖက်တီး ခေါင်းထောင်ကြည့်တယ့်ဘာတုန်းဆိုတဲ့သဘောပေါ့???



“ဟေ့ကောင် ဖက်တီးမင်းကွာ ငါကမင်းကိုရင်ဖွင့်ချင်လို့ခေါ်လာတာနော် အခုမင်းပုံလဲကြည့်အုံး စိတ်လေတယ်”



ဖက်တီး ကိုယ့်လက်ကိုယ်မနိုင့်တနိုင်မရင်း ကျွန်တော့်ကို ကွေးကောက်နေတဲ့ လက်ညှိုးနဲ့ ထိုးလိုက်ပြီ့း



“ဟာ!!ဟေ့ကောင် ငဇာ မင်းဒီရောက် များရီးပြောပီးပီရေကွာ ထပ်ပြောရှာရှိသေးလို့ရား”



ကျွန်တော်လဲ သောက်ထားတဲ့ကောင်ပဲ      ဒါမျိုးနာမည်ဖျက်လာတာကိုကြားတော့      သောက်ထားတဲ့အရည်

အရှိန်ကြောင့် တင်းခနဲ့ဖြစ်သွားတယ်



“ဟေ့ကောင် ဟေ့ကောင် မင်းငါ့ကို အဲ့လိုမခေါ်နဲ့လို့ ငါပြောထားတယ်နော် မင်းဆွဲထိုးခံချင်တာလား”



“ဆောရီး  ပါကွာမင်းဂယဲ ငါဂမူးနေလို့ပါကွ ဒီမယ် ငနီ”



“ဟာဟေ့ကောင်မင်းကိုငါပြောနေတယ်လေကွာ ငါ့နာမည်လာမဖျက်နဲ့စုတ်ပြတ်သတ်သွားမယ်”



ဖက်တီးရဲ့ စကားသံတွေ အနည်းငယ် မာလာတယ့်



“ဟ!!! မင်းကဒါဘာဘောယဲကွ မင်းကိုငါကရင်းနှီးလို့ခေါ်တာ မင်းက ငါ့ကိုစုတ်ပြတ်သတ်သွားမယ်ဆိုတော့ ဘာယဲ”



ကျွန်တော်     တချက်သတိထားမိပြီးစိတ်ထိန်းလိုက်ပါတယ်     သူ့ထက်စာရင်ခုချိန်မှာ ကျွန်တော်ကလူကောင်း

တစ်ယောက်ပါမူးနေပေမဲ့    အသိစိတ်ရှိသေးတယ်လေ    ဒါပေမဲ့        ကျွန်တော့် နှလုံးသားကွဲကြေနေတာနဲ့
 
ယှဉ်လိုက်မယ်ဆိုရင်တော့ သူက လူကောင်းတစ်ယောက်ပေါ့။



“တော်ပြီ ဘာမှမဟုတ်တော့ဘူ့း့ ထားလိုက်တော့ ဒါပေမဲ့ မင်းငါ့နာမည်လာမဖျက်နဲ့ မူးနေလို့ဆိုပြီးငါသည်းခံမှာ


တော့မဟုတ်ဖူး ”



ကျွန်တော်ပြာပြောဆိုဆို စားပွဲဝိုင်းကနေထထွက်ခဲ့လိုက်တယ်  ဟုတ်ပါတယ်   ဆက်နေရင် ရန်ဖြစ်မိတော့မှာသေ

ချာနေပြီလေ။ကျွန်တော်ထအထွက် ခုံဇောင်းနဲ့ တိုက်မိပြီး ပစ်လဲကျသွားတယ်။    အော့်ကျွန်တော်အတော်

သောက်ထားတာပဲ ကြည့်စမ်း ထရပ်လိုက်တော့မှ အရမ်းမူးနေတယ်ဆိုတာသိရတယ်။ကျွန်တော်လဲ လဲကျသွားရော

ဖက်တီးကျွန်တော့်ဆီ စိတ်ပူတဲ့ပုံနဲ့ပြာရီးပြာရာ ထူပေးဖို့ထလာတာတွေ့လိုက်ရတယ်။နောက်တော့



“ဒုတ့်ခလွမ်း”




“အင့့်အမ်မယေးဂျ”



ငမူးနှစ်ကောင် အထပ်လိုက်မှောက်သွားတဲ့ညလေးတစ်ညပေါ့   ဒါပေမဲ့အောက်မှာပိနေတဲ့   ဇာနည်ဆိုတဲ့ ကောင်က

တော့အသည်းကွဲတာထက် ပိုပြီးဆိုးရွားတဲ့ လက်တွေ့ကျကျနာကျင်မူကိုခံစားလိုက်ရတော့တယ့်လျှာ အတောင့်လိုက်
့


 
ကျွန်တော်မူးနေတာကြောင့်ထင်ပါတယ် ဖတ်တီးကိုကျွန်တော့်အပေါ်ကနေတွန်းဖယ်ဖို့ကြိုးစားပေးမဲ့မအောင်မြင်

လိုက်ဖူ့းဒီအချိန်မှပဲ ဒီကောင့်ကိုမှခေါ်မိလေခြင်းဆိုပြီးနောင်တရမိတယ်။ဒါကြောင့် လျှာတစ်လစ်နဲ့ပဲ

ဘောင်းဘီအိတ်ထဲကဖုန်းကိုထုတ်ပြီး ခေါင်းထဲပေါ်လာတဲ့ အကြံကိုချက်ချင်းအကောင်အထည်ဖော်ဖို့ကြိုးစားပစ်

လိုက်တယ်။



နက်ဖြန်တော့ ကျွန်တော့်ဝေဒနာတွေအတွက် သေချာရင်ဖွင့်ပြနိုင်မှဖြစ်တော့မယ်လေ   ဖက်တီးလို လူကိုတော့


ကြောက်သွားပြီ့နောက်ဘယ်တော့မှ ရင်ဖွင့်တော့ဝူ့း့ဒီတော့ နက်ဖြန်အတွက် ရင်ဖွင့်ဖွင့်ရာ လူလိုက်ရှာရမယ်


ဟဟအင်းးးးနင်ဖြန်အတွက်အဖော်ညှိရမဲ့လူစာရင်းတွေတော့ထွက်လာပြီ ဟဲဟဲ့ခုပဲ ဘွတ်ကင်လုပ်ထားလိုက်


တော့မယ့်တစ်ယောက်မဟုတ်တစ်ယောက်တော့ လိုက်နိုင်ကောင်းပါတယ့်မဲဆွယ်စည်းရုံးရေးပေါ့ 


အဟတ်ဟတ့်ဒါမှမဟုတ် အဆွယ်ကောင်းပီး အကုန်လုံးပါလာရင်တော့ရှယ်ပဲ :P



ဒုက္ခပေးဖို့လူစာရင်းကတော့မက်လုံးလေးနဲ့ဒီလိုပါပဲဗျာ




ထော်ဦ့း့ကွန်ပျူတာတက္ကသိုလ်နားက ကင်တင်း မှာဘီယာ ရလား???


နွေလ့ကိုရီးတိုက်မယ်ယေ


မိုးသူ့တောင်ကြီးဟင်းထုပ်နဲ့မြည်းရအောင်ယေ


ကိုရင့်ဂျို့ကိုရီး ဂျာရစ်မသိခင် ယာခေါ်ရမား


ရင်ဆူ့းဟေးးသယ်ရင်းးးးသောက်ရအောင်တွာ မိတ်ဖစ်ဆွေဖစ်


လွင်ပြင်လှိုင့်းစံပယ်နံ့ပါတဲ့ ဝိုင်ဝယ်ထားမယ်ယေ ဘိုယဲ


မေမြို့မို့း့ပြင်ဦးလွင်ကမလိုင်ယေးနဲ့ မြည်းမယ်ယေတွာ


ချစ်စံအိမ့်ဇာနည့်စံအိမ်ယေးထဲမှာပဲ သောက်မရား


မကြီးလွမ့်းအလွမ်းအကြောင်းရင်ဖွင့်ချင်ရို့ဘာဂျာ


မကြီးဒမ်ကို့း့ဟားဟား ဟဲ့ဂျာရစ် ဓညင်းသီး ယူခဲ့ မြည်းရအောင် သွားရာသေးသေးယေးနဲ့ဟာ 
                     ချန်ခဲ့နော်


မကြီးကြယ်ပြာ့မိုးရွာဒဲ့ချိန်သောက်မယ်ယေ မိုးရွာထဲလမ်းလျှောက်ကြဒါပေါ့ ဘိုယဲ? 


ကန်ဒီ့နာမူးနေဒဲ့ပုံကို ဒတ်ပုံရိုက်ရဝူးနော် လော်လီပေါ့ဒွေများရီးဝယ်ထားမယ် ယာခဲ့နော်


သိင်္ဂါကျော့်သူဂ အက်ရှင်ဖိုက်တင်အရမ်းရေးဒယ့့်သူ့ကို ချိုရည်ပဲတိုက်မှဖစ်မယ်


မြတ်ကြည့်အီးတုံးမုန့်နဲ့ မြည်းချင်ဝူးနော် ဆိုဂျူ လောက်ဆိုဖစ်ဒယ်


မမဝသုန့်သောက်ပီးရို့ မောင်ယေးမှောက်တွားရင်ကားနဲ့ပန်ရိုက်ပို့နော်


Jasmine cho့ စံပယ်နံ့နဲ့ဝိုင်က ချိုဒယ်ဂျ ကစ်ရအောင် ကျန်းမာယေး ဟေးဟေး



နောက်ပီးဘူ့  ကိုဘွတ်ကင်ရအုံးမဲ အားမူးပါ့ အပေါ်ကဖတ်တီးဝိတ်ကယဲ လေးလိုက်တာ လျှာကထွက်နေတာ

ပြန်ကိုဝင်နိုင်တော့ဝူးးး အားးးးးးးးးးး မူးဒယ် မူးဒယ့်Black!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!



တလောကလုံးမှောင်မဲသွားတော့တယ့်လမင်းကြီးထွက်လာပြီလာမသိပေမဲ့ လျှာကတော့အတစ်လိုက်

ထွက်နေလေရဲ့အင်းပါဗျာ့မင်္ဂလာရှိသော ညချမ်းလို့ပဲသတ်မှတ်လိုက်ပါတော့မယ့်



ကြိုးစားလျှက့်ဖြိုးဇာနည့်ညနေ့ည၉နာရီ၁၅ တိတိ



7

ကျွန်တော့် အစီအစဉ်

Posted by ဖြိုးဇာနည် on Tuesday, April 24, 2012 in

လူတိုင်းမှာ သူတို့ဘဝအတွက်အရေးပါသည်ဖြစ်စေမပါသည်ဖြစ်စေ အစီအစဉ်လေးတွေတော့နေ့စဉ်

ရှိတတ်ကြပါတယ်။ဒီတော့ အစီအစဉ်လေးတွေနဲ့ပုံစံတကျဖွဲ့စည်းထားတဲ့လူသားတွေထဲမှာ ကျွန်တော်

လဲတစ်ယောက်အပါအဝင်ဖြစ်ခဲ့ဖူးပါတယ်။ကလေးတစ်ယောက်မှာတောင် အစီအစဉ်လေးတွေရှိတတ်

စမြဲပါ။ကျောင်းသွားမယ် မုန့်စားဆင်းချိန်မှာ ဆော့ကစားမယ်ပေါ့။အဲ့လိုဆော့ကစားဖို့အတွက်ကိုလဲ ဒီ

ကလေးငယ်ဟာ အိမ်ကထဲကကြိုတင်ပြီး အစီအစဉ် ဆွဲလာခဲ့မှာပါ ကျောင်းမှာ ဂျင် ခေတ်စားနေရင်သူ့

လွယ်အိတ်ထဲမှာ ဂျင်ပါလာမှာဖြစ်သလို ပြိုင်ကားလေးတွေခေတ်စားနေရင်တော့ သူ့လွယ်အိတ်ထဲမှာ

ပြိုင်ကားလှလှလေးတစ်စင်းထည့်ယူလာပါလိမ့်မယ်။ဒီိလိုပါပဲ ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းတချို့မှာ

ထည့်သွင်းခဲ့တဲ့အစီအစဉ်တွေထဲမှာ ကောင်မလေးတစ်ယောက်အတွက်ရည်ရွယ်ပြီးဆွဲခဲ့တဲ့ အစီအစဉ်

တွေအတော်များပါတယ်။လွန်ခဲ့သော ၄ လ မတိုင်ခင်ကအထိပေါ့။



ကျွန်တော့်ဘဝမှာအစီအစဉ်တွေကို သေးသေးမွှားမွှားအစီအစဉ်ကအစ သေချာလေးစနစ်တကျရေးဆွဲ

တတ်ခဲ့ပါတယ်။ပါးပါးလေးကအစပေါ့ ထမင်းစားပြီးရင်ရေသောက် ကြရတတ်တာ လူတိုင်းသိပါတယ်။ဒီ

တော့ ကျွန်တော်ထမင်းမစားခင်ကထဲက ရေတစ်ခွက်ကိုထမင်းစားပွဲပေါ်ကြိုတင်ပြီး တင်ထားတတ်ခဲ့

တာမျိုးပေါ့။နောက်တော့ကျွန်တော်ဘဝအစီအစဉ်တွေထဲကို မိန်းမလှလေးတစ်ယောက်ဝင်လာခဲ့တယ်။

ထိုမိန်းမလှလေးကို မရရအောင်အစီအစဉ်တွေ မြောက်များစွာနဲ့ ကျွန်တော်ကြိုးစားခဲ့ပါတယ်။ပထမ အ

ဆင့်အနေနဲ့ ခင်မင်ဖို့အတွက် အစီအစဉ်လေးတွေများစွာဆွဲပြီးတဲ့  နောက်မှာတော့ သူ့ကားဘီးကိုကျွန်

တော်လေလျှော့နိုင်ခဲ့တယ်။ဒုတိယအဆင့်အနေနဲ့ကျွန်တော်အစီအစဉ်ပေါင်းများစွာရေးဆွဲပြီးတော့ ကြိုး

စားခဲ့ရပါတယ်။အလဲအကွဲပါပဲ ကျွန်တော်အသည်းအသန်ရေးဆွဲပြီးအသက်သွင်းခဲ့ရတဲ့ အစီအစဉ်ပေါင်း

များစွာ စတေးခဲ့ရပြီးချိန်မှာတော့ သူနဲ့ကျွန်တော်ရုပ်ရှင်ရုံထဲမှာ ရုပ်ရှင်အတူကြည့်ဖြစ်ခဲ့တယ်။သူငယ်ချင်း

တစ်ယောက်ရဲ့ အင်ထုထားတဲ့မွေးနေ့ပါတီအပြီးမှာ အားလုံးရုပ်ရှင်ဝင်ကြည့်ဖြစ်ကြတယ်အဲ့လိုမျိုးလေးပါ

ပဲ ကျွန်တော့်ရဲ့အစီအစဉ်လေးအောင်မြင်သွားပါတယ်။ရလဒ်ကတော့ သူ့အချစ်ကို ကျွန်တော်တောင်းဆို

ဖြစ်ခဲ့ပါတယ် တနည်းပြောရရင် ကျွန်တော်သူ့ကိုချစ်တဲ့အကြောင်း ဖွင့်ပြောဖြစ်လိုက်တယ်။



တတိယအဆင့်မှာတော့ ကျွန်တော်သူ့ကိုအံသြမူတွေများစွာပေးနိုင်ခဲ့တယ်။ဒီအဆင့်မှာတော့ကျွန်တော်

ရေးဆွဲ သမျှအစီအစဉ်တွေအားလုံး အဆင်ပြေစွာနဲ့လုပ်ဆောင်နိုင်ခဲ့ပါတယ်။မှန်ပိတ်ပြီးလော့ချထားတဲ့

သူ့ကားလေးထဲကို သူချစ်တဲ့ Plant and Zombie အရုပ်ကလေးတွေကို လှလှပပ ထည့်ပေးနိုင်ခဲ့သလို

သူအမြဲ တယုတယ ကိုင်တတ်တဲ့ phone လေးထဲကို ကျွန်တော် သူ့ကိုချစ်တဲ့အကြောင်းဖွင့်ပြောထားတဲ့

အသံဖိုင်လေးကိုထည့်သွင်းနိုင်ခဲ့ရုံတင်မက Phone ringtoneအဖြစ်ပါပြုလုပ်ခဲ့ပြီး သူ့ကိုအံသြစေနိုင်ခဲ့

ပါတယ်။နောက်တော့ သူစီးတဲ့ဒေါက်ဖိနပ် ကလေးကိုပါ အရောင်ပြောင်းပေးနိုင်ခဲ့ချိန်မှာတော့ သူ့စကား

တစ်ခွန်းနဲ့ ကျွန်တော် လေဟာပြင်ထဲမှာလွင့်မြောသွားခဲ့ပါတော့တယ်။သူကျွန်တော့်ကို ချစ်တယ် တဲ့ !!




သူ့အချစ်ကိုကျွန်တော်ရပြီး (သူကျွန်တော့်ချစ်သူဖြစ်ပြီး)တဲ့နောက်ပိုင်းမှာတော့ကျွန်တော့်အစီအစဉ်

တွေဟာလေးနက်လာခဲ့ပါတယ်။ချစ်သူလက်ကိုဆုပ်ကိုင်ပြီးဘဝခရီးလမ်းဆိုတာကြီးကို လျှောက်လှမ်း

ရတဲ့ အရသာကို    ခံစားမိပြီးခဲ့ချိန်မှာတော့ကျွန်တော်ချစ်တဲ့မိန်ကလေးရဲ့လက်ကို ဘဝတစ်သက်တာ

မလွှတ်တမ်းဆုပ်ကိုင်ထားနိုင်ဖို့အတွက်   ကျွန်တော်အစီအစဉ်ပေါင်းများစွာကို   ထပ်မံပြီးရေးဆွဲဖြစ်ခဲ့

တယ်။အားစိုက်ခဲ့တယ်   ကြိုးစားခဲ့တယ် ပိုလို့ပိုလို့ကြိုးစားခဲ့တယ် တစ်ဦးတစ်ယောက်ထဲ ရေးဆွဲခဲ့တဲ့

အစီအစဉ်မျိုးမဟုတ်ပဲ  ချစ်တဲ့သူရဲ့      ကူညီဖေးမမူတွေပါ ပါဝင်ပြီး ကျွန်တော့်မျှော်လင့်ချက်တွေကို

ဦးတည်နေတဲ့ ဒီအစီအစဉ်တွေဟာ အောင်မြင်ခြင်းကို ထင်မှတ်ထားတာထက်ပိုမိုပြီး စောစီးစွာရောက်

ရှိခဲ့ပါတော့တယ်။




ကျွန်တော်ဟာ အောင်မြင်မူတွေနဲ့အတူပိုင်ဆိုင်မူများစွာကိုလဲ ရရှိခဲ့ပါတယ်။ကျွန်တော်ကုမ္မဏီငယ်

လေးတစ်ခုကိုပိုင်ဆိုင်ထားပြီး ချစ်သူနဲ့အတူ ဘဝခရီးကိုအေးချမ်းစွာနဲ့ ဖြတ်သန်းနိုင်စေဖို့အတွက်လဲ

ကျွန်တော် နေရာကောင်းကောင်းလေးမှာ ခြံဝင်းကျယ်ကျယ်နဲ့ တိုက်လှလှလေးတစ်လုံးလဲဆောက်

လုပ် ပိုင်ဆိုင်နိုင်ခဲ့တယ်။နောက်ပြီး ကားလှလှလေး ၃စီးကို ထည်လဲစီးနိုင်ခဲ့သလိုပဲ ဘဏ်ထဲမှာလဲ

တော်များများထည့်သွင်းစုစောင်းနိုင်ခဲ့တယ် ဘဝတစ်သက်တာအေးချမ်းစွာနေထိုင်သွားနိုင်ဖို့အတွက်

လုံလောက် တဲ့ငွေကြေးပမာဏကိုပိုင်ဆိုင်ခဲ့တယ်ဆိုပါတော့။ကျေနပ်စရာကောင်းလှတဲ့ ကျွန်တော့်

ဘဝလေးပါပဲ။မကြာခင် ကိုယ်ချစ်တဲ့သူနဲ့လက်ထပ်ပြီး ဘဝကိုဖြတ်သန်းရတော့မှာမို့ အရမ်းကိုပျော်

ရွှင်မိပါတယ်။ပြီးတော့ ကျွန်တော့်ရဲ့ အစီအစဉ်တကျဆောင်ရွက်တတ်တဲ့ အကျင့်လေးကိုလဲ အရမ်း

ကျေးဇူးတင်မိတယ်။ဟုတ်တယ်လေ ဒီအစီအစဉ်လေးတွေကြောင့်ပဲ ကျွန်တော်ဟာအခုလိုအခြေအ

နေမျိုးကို ပိုင်ဆိုင်ထားနိုင်တာပဲမဟုတ်လား။ထိုအရာတွေနဲ့အတူပါပဲ ကျွန်တော်ဟာသီးခြားပိုင်ဆိုင်မူ

တစ်ခုကိုထပ်မံပိုင်ဆိုင်လိုက်ရပါတယ်။ကျွန်တော် အစီအစဉ်ရေးဆွဲမထားပဲရရှိပိုင်ဆိုင်လိုက်ရတဲ့ အ

ရာတစ်ခုပေါ့။သိပ်တော့မထူးထူးခြားခြားတော့မဟုတ်ပါဘူး ကျွန်တော်ခေါင်းကိုက်ရောဂါဆွဲကပ်လာ

တာပါပဲ။




အစပိုင်းမှာတော့ဆေးသောက်လိုက်ရင်ပျောက်သွားတယ်။နောက်တော့ ဆေးသောက်လိုက်ရင်သက်

သာတယ်ဆိုတဲ့အဆင့် ကိုရောက်လာတော့တယ်။နောက်ပိုင်းမှာတော့ အတော်ကိုစိုးဝါးလာပါတယ်

ကျွန်တော့်အတွက် မနက်ဖြန်ဘာလုပ်မယ်ဆိုပြီးရေးဆွဲထားတဲ့ အစီအစဉ်တွေကို ကျွန်တော်မေ့လျှော့

တတ်လာတယ်။နောက်တော့ ကျွန်တော့်ရဲ့ ပစ္စည်းလေးတွေကို ထားတဲ့နေရာကအစ ပြန်စဉ်းစားပြီး

လိုက်ရှာရတဲ့အထိဖြစ်လာတော့တယ်။နောက်တော့ ကြာလာလေ ပိုဆိုးလာလေဖြစ်လာတယ်ဆိုတာ

ကျွန်တော်သတိထားမိလာတယ် ကျွန်တော့်ရဲ့ချစ်သူလဲကျွန်တော့်အဖြစ်ကိုသတိထားမိ လာတဲ့ပုံစံ ရှိ

လာတယ်နဲ့တူပါတယ် ကျွန်တော့်ကိုပိုဂရုစိုက်လာတယ်။အချိန်ကာလတိုလေးအတွင်းမှာ ကျွန်တော်

ဟာ ဘယ်လိုအစီအစဉ်တွေပဲ ရေးဆွဲထားပါစေ လုံးဝပြန်စဉ်းစားလို့မရတော့တဲ့အထိ ရောဂါလက္ခဏာ

ဟာဆိုးဝါးလာခဲ့တော့တယ်။မေ့တတ်လာတယ် ကျွန်တော့် ချစ်သူ မိဘဆွေ မျိုးတွေကိုပါ ကျွန်တော်

မေ့လျှော့သွားခဲ့တဲ့အထိ ရောဂါဖောက်လာတယ်။ဒီအချိန်ရောက်မှ သူတို့တွေဟာ ကျွန်တော့်ရောဂါ

အခြေအနေကိုသတိထားမိကြပြီး ကျွန်တော့်ကိုဆေးရုံတင်လိုက်ကြတယ်။ဂရုဏာဒေါသောနဲ့လဲ ဆူ

ပူကြပါသေးတယ် ဒီလိုဖြစ်နေတာကို အစကထဲကမပြောကြကောင်းလားပေါ့။




ကျွန်တော်ဆေးရုံရောက်တော့မှ ကျွန်တော့်ရောဂါကိုအဖြေရှာတွေ့လိုက်တယ်။ကျွန်တော်ဟာသာ

မာန်ခေါင်းကိုက်ရောဂါမဟုတ်ပဲ ဦးနှောက်မှာအကြိတ်တည်နေတာဖြစ်တယ်တဲ့ ဒီတော့ ဒီအကြိတ်

ကိုခွဲထုတ်ရင် သေရင်သေ မသေရင်တော့ ရူးသွားမယ်တဲ့ ဘာတဲ့ ကောင်းရင်တောင်လူကောင်းပြန်

မဖြစ်နိုင်တော့ဘူး ဆိုတဲ့သဘောပါပဲ။ဒါဆို ကျွန်တော်အသက်ရှင်ရင်တောင်အရူး ဖြစ်နေမှာပေါ့။ကျွန်

တော်ဒီခွဲစိတ်မူကိုသဘောမတူလိုက်ပါဘူး။နောက်တစ်ခုရှိသေးတာက အကယ်လို့ ကျွန်တော်ခွဲစိတ်

ကုသမူမခံရင် ကျွန်တော်ဟာဒီကမ္ဘာကြီးပေါ်မှာ အများဆုံး ၆ လလောက်သာအသက်ရှင် နေထိုင်နိုင်

တာ့မှာတဲ့။ကဲဗျာ့ကျွန်တော့်အစီအစဉ်တွေထဲမှာ ဒီလိုစိတ်ညစ်စရာတွေမပါပါပဲ အခုတော့ အလို

အလျှောက်လောကကြီးက ကျွန်တော့်အတွက် အစီအစဉ်ရေးဆွဲပေးလိုက်ပြီထင်ပါတယ်။




ဒီရက်ပိုင်းတွေမှာ ကျွန်တော်ချစ်သူတွေ ဆွေမျိုးတွေ ကျွန်တော့်ဘေးမှာ ဝိုင်းနေကြလေရဲ့။ပြီးတော့

ငိုကွက်တွေကြောင့် မို့အစ်နေတဲ့မျက်ဝန်းတွေနဲ့အတူ ကျွန်တော့်ကိုဝိုင်းဖြောင့်ဖျကြတယ် ခွဲစိတ်ကု

သမူကိုခံလိုက်ပါတဲ့။ကျွန်တော်လက်မခံနိုင်ပါဘူး သေသွားရင်အကြောင်းမဟုတ်ပေမဲ့ အရူးတစ်

ယောက်အဖြစ်နဲ့တော့ ကျွန်တော်အသက်ရှင်မနေလိုပါဘူး။ပြီးတော့ကျွန်တော့်ချစ်သူကိုလဲကျွန်တော်

သနားတယ် သူကျွန်တော့်အတွက်နဲ့ စိတ်ဒုက္ခတွေရောက်နရပြီလေ။တစ်ခါတစ်ခါ ဆေးရုံက ကျွန်

တော့်အခန်းအပြင်ဖက်ထွက်ပြီး တိတ်တိတ်လေး ငိုရှိုက်နေတဲ့သူ့အသံတွေကိုကျွန်တော်ကြားနေ

ရတယ်။ကျွန်တော်ရင်တွေနာလိုက်တာဗျာ ကျွန်တော်ဖြစ်စေချင်တာက ကျွန်တော့်ချစ်သူလေးအချိန်

တိုင်းရယ်မောနေစေချင်ခဲ့တာပါ။အခုတော့သူငိုနေရရှာတယ် နောက်ပြီးသူငိုနေရတာကလဲ သူ့ကို

ရယ်မောနေစေချင်ခဲ့တဲ့ ကျွန်တော့်ကြောင့်ပါပဲ့




အခုအချိန်မှာတော့ကျန်ရှိနေသေးတဲ့ ကျွန်တော့်ဘဝအချိန်တွေကို ကျွန်တော်ဆေးရုံမှာပဲကုန်ဆုံး

ခံနေရပါတယ်။၆ လသာအသက်ရှင်ရတော့မဲ့ကျွန်တော်ဟာ အခုတောင် ၁လကျော်ဆေးရုံပေါ်မှာ

ကုန်ဆုံးနေခဲ့ရပြီလားဆိုတာတွေးမိပြီး အဲ့ဒီညမှာကျွန်တော်ဆေးရုံကထွက်ပြေးဖို့ ကြံစည်ထားခဲ့

တယ်။ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး ညမိုးချုပ်လို့ ဆရာဝန်တွေနဲ့ ကျွန်တော်ကိုစောင့်နေတဲ့ ချစ်သူ

လေးအလစ်မှာ ကျွန်တော်ထွက်ပြေးဖို့ကြိုးစားလိုက်ပါတယ်။ကံဆိုးလွန်းတဲ့ကျွန်တော်ပါပဲဗျာ့

ကျွန်တော့်ခြေထောက်တွေလှုပ်လို့မရတော့ပါဘူးးးးးးးကျွန်တော်ငိုမိတယ် နောက်အော်ပြီးငိုလိုက်

တော့တယ်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ကျွန်တော့်ဦးနှောက်ထဲကအကြိတ်က ကျွန်တော့်ကို

အောက်ပိုင်းသေဆုံးသွားအောင်အကြောတွေကို ဖိနှိပ်ပစ်လိုက်ကြတော့တယ်။




ဒီနောက်ပိုင်းမှာတော့ ကျွန်တော့်အခြေအနေတွေဟာသိသိသာသာကြီးဆိုးလာပါတယ် ကျွန်တော့်

ချစ်သူတွေ မိဘ အသိုင်းအဝိုင်းတွေကို ကျွန်တော်သိလိုက်မသိလိုက်ဖြစ်လာတယ်။ကြာလာတော့

အဆိုးဝါးဆုံးအခြေအနေကိုရောက်သွားတယ်ထင်ပါတယ် ကျွန်တော့်ကိုယ်ကျွန်တော်တောင်မေ့လျှော့

လာတယ်။တစ်ခါတစ်လေ ကျွန်တော်ဘယ်သူလဲဆိုတာမသိတော့သလို ကျွန်တော်ဘေးမှာရပ်နေတဲ့

သူစိမ်းမိန်ခလေး(ကျွန်တော့်ချစ်သူ)ကကျွန်တော့်ကိုခေါ်တဲ့ မောင်ဆိုတာကို ကျွန်တော့်နာမည်လို့ထင်

မှတ်လာခဲ့တယ်။တစ်ချက်တစ်ချက်မှသာ ကျွန်တော့်ကိုကျွန်တော်သတိရလာတယ် ပြီးတော့အားလုံး

ကိုပြန်မှတ်မိလာတယ်။ဒီလိုကျွန်တော်သတိရလာတိုင်းမှာ ကျွန်တော့်သက်တမ်းကတိုတိုသွားတာကို

သတိထားမိလိုက်ပါတယ်။ကျွန်တော်ပထမတစ်ခါသတိရတုန်းက စာထဲမှာချရေးထားတာ ကျွန်တော့်

သက်တမ်းက ၄လကျော် ကျန်နေပါသေးတယ်။အခုတစ်ခါ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်သတိရလာ

ပြန်တော့ ကျွန်တော့်သက်တမ်းက ၂လသာကျန်တော့တယ်ဆိုတာသိလိုက်ရတယ်။




ကျွန်တော်နာရိပိုင်းအတွင်းဘယ်အချိန်မှာ ကျွန်တော့်ကိုယ်ကျွန်တော်ပြန်မေ့သွားမလဲမသိတော့ပါဘူး

ဒီတော့ကျွန်တော်သတိရနေတဲ့အချိန်အတွင်းမှာ ကျွန်တော့်ချစ်သူရယ်ကျွန်တော့်မိဘတွေနဲ့အတူပျော်

ရွှင်စွာနဲ့ဖြတ်သန်းနေချင်ပါတယ်။ဒီတစ်ခါကျွန်တော့် ကိုယ်ကျွန်တော့်မေ့သွားခဲ့ရင်၂လ ဆိုတဲ့ အသက်

ရှင်ဖို့ကျန်ရှိနေတဲ့ အချိန်လေးအတွင်းမှာ သတိပြန်ရချင်မှလဲရနိုင်တော့မှာလေ။ဒီတော့ဒီအချိန်တွေကို

ကျွန်တော့်နောက်ဆုံးအချိန်လို့ ကျွန်တော်သဘောထားပြီးကျွန်တော့်အချိန်တွေအားလုံးကိုသူတို့ကိုပေး

လိုက်ပါတယ်။ပြီးတော့ကျွန်တော်အခု ခင်ဗျားတို့ ဖတ်နေတဲ့ဒီစာလေးကို ရေးဖြစ်လိုက်တယ်။ကျွန်တော့်

ခေါင်းရင်းမှာကပ်ထားဖို့ပေါ့အကယ်လို့များကျွန်တော်ဒီကြားထဲကျွန်တော့်ကိုယ်ကျွန်တော်မေ့နေခဲ့တဲ့

အချိန်လေးတွေမှာ ဒီစာလေးကိုဖတ်မိပြီးသတိပြန်ရကောင်းရနိုင်လာအောင်လို့ပါ။ အခုတော့ကျွန်တော်

ဆေးအရှိန်ကြောင့်ထင်တယ်အရမ်းအိပ်ချင်နေပြီး ဒါကြောင့် ခင်ဗျားတို့များလူနာလာမေးရင်း ဒီစာလေး

ကိုတွေ့ခဲ့ရင် ကျွန်တော့်ခေါင်းရင်းဘေးက ကျွန်တော်မြင်သာမဲ့နေရာလေးမှာကပ်ထားပေးကြပါလို့အကူ

အညီ တောင်းပါရစေ့ကျွန်တော်ကိုယ်တိုင်ကပ်ချင်ပေမဲ့ ကျွန်တော့်ခြေထောက်တွေက သုံးမရတော့

လို့ပါ့ပြီးတော့ကျွန်တော့်ချစ်သူလေးကို စောင့်ရှောက်ပေးကြပါလို့တောင်းဆိုပါရစေ။ကျွန်

တော်ကိုယ့်ကိုကိုယ်မေ့လျှော့နေချိန်မှာ ကျွန်တော်ချစ်သူလေးကို ကျွန်တော်သိပ်ချစ်တယ်ဆိုတာကိုလဲ

ပြောပေးကြပါဗျာ။။။။။ပြီးတော့ သူကိုမငိုပါနဲ့လို့လဲပြောပေးကြပါနော်။သူငိုနေချိန်မှာ ကျွန်တော် မချော့

မိတော့မှာ သိပ်သိပ်ကြောက်လို့ပါ။
















အခုပြောနေရင်းနဲ့ ကျွန်တော်အရမ်းအိပ်ချင်လာပြီ ပြီးတော့မောလာတယ် ကျွန်တော်နားမှဖြစ်တော့မယ်ဒါပေမဲ့

ဒီအကြောင်းလေးတွေကိုလဲ ကျွန်တော်သတိရချင်သေးတယ်။ဒါကြောင့်ကျွန်တော်အိပ်ပျော်မသွားခင်အချိန်လေး


အတွင်းမှာ မြတ်ဘုရားဆီက ဒီဆုလေးကို တတွတ်တွတ်နဲ့ တောင်းဆိုနေမိလိုက်ပါတယ်။


 

အရှင်ဘုရား   တကယ်လို့များတပည့်တော်အိပ်ပျော်သွားပြီးလို့ပြန်လည်နိုးထလာချိန်မှာ တပည့်တော်ကိုယ်
တပည့်တော် မှတ်မိနေသော ယခုလက်ရှိတပည့်တော်၏အသိစိတ်နှင့်ဘဝကိုသာပြန်လည်ရရှိလိုပါ၏အရှင်ဘုရားးး

ကျွန်တော့်ရဲ့ဆုတောင်းလေးအပြီးမှာတော့ ကျွန်တော့်အိပ်ချင်စိတ်ကိုအားတင်းထိန်းချုပ်ရင်းစားပွဲပေါ်က စာရွက်လေးထဲကို

ကျွန်တော့်အစီအစဉ်တချို့ချရေးဖြစ်လိုက်တယ့်ဒီအစီအစဉ်လေးဟာ ကျွန်တော့်ဘဝအတွက် နောက်ဆုံးအစီအစဉ်

ဖြစ်ကောင်းဖြစ်သွားနိင်ပါတယ်။


ကျွန်တော့်အစီအစဉ်

၂၄ ၊ ၄ ၊ ၂၀၁၂    ည ၁၀ နာရီ ၂၄ တိတိ
သီးသန့်ကုသဆောင် အခန်းအမှတ့် 206
လူနာအမည့်ဇာနည့် လူ့ဘဝသက်တမ်းကျန်ရှိချိန် ၁လ နှင့် ၂၈ ရက်တိတိ


သင်သည်ဇာနည်ဖြစ်သည်    အထက်ပါအကြောင်းအရာသည်     သင်၏ဘဝအမှန်ဖြစ်သည်
သင်၏ယခုသတိရလာချိန်တွင် သင့်ကိုယ်သင်ဇာနည်မဟုတ်ဟု ထင်မှတ်နေပါက အထက်ပါ
စာကို အကြိမ်ကြိမ်ဖတ်ရူပါရန် ကျွန်တော်ဇာနည်မှ အစီအစဉ်ရေးဆွဲ ခဲ့ပါသည်။


ဝါသနာအတွက်အစဉ်ကြိုးစားလျှက့်ဖြိုးဇာနည့်ည့၁၀း၃၀ တိတိ

5

ချစ်သူ (သို့) ချစ်မိသောသူ

Posted by ဖြိုးဇာနည် on Friday, April 20, 2012 in

ပျင်းတယ်ပျင်းတယ် ထိုင်အော်နေတိုင်းသာ အပျင်းပြေသွားခဲ့မယ်ဆိုရင်အတော်ကောင်းမှာပဲနော်။


ဒါသူပြောဖူးတဲ့စကားပါ။ဒီတော့ကျွန်တော်လဲသူ့စကားကိုဒီလိုမျိုးထောက်ခံဖူးပါတယ်။


အင်း



အဲ့ဒီတုန်းကဆိုရင် ကျွန်တော်ဟာ အခုလက်ရှိကျွန်တော်မဟုတ်ပါဘူး။ပြန်ပြောပြရမယ်ဆိုရင် ကျွန်တော်သူနဲ့အမြဲလို

 လိုတွေ့ဖြစ်ခဲ့တယ်။နောက် ညနေတိုင်းအတူရှိနေတတ်ကြတယ်။လမ်းဘေးအုတ်ခုံကို သတင်းစာခင်းပြီးထိုင်ခဲ့ကြဖူး

 တယ်။အချိန်တွေအတော်ကြာတဲ့အထိကို သူနဲ့ညနေတိုင်းအမြဲလိုလို အတူရှိဖြစ်ခဲ့တယ်။အတူရှိတာတွေများလာတဲ့

 နောက်မှာတော့သူနဲ့ထိုင်နေတာတစ်နာရီကျော်သွားပြီဆိုရင်ပြောစရာတွေကုန်သွားတတ်ပါတယ်။ဟုတ်တယ်လေ့
 
ကျွန်တော်တို့ကြားမှာပြောစရာဆိုလို့ သူ့အကြောင်းရယ်ကျွန်တော့်အကြောင်းရယ် ဒါတွေပဲရှိတတ်ပါတယ်။


တစ်ခါတုန်းကတော့ကျွန်တော်တို့တတွေပြောစရာတွေကုန်သွားတော့ သီချင်းဆိုဖြစ်ကြတယ်။မတိုင်မထားပဲနဲ့လေ

ကျွန်တော်ဆိုတယ်ပြီးတော့သူဆိုတယ့့်ပြီးတော့ စိတ်ပါသွားတယ်ထင်တယ် ကျွန်တော့်ကို ဂစ်တာပြန်ယူခိုင်းတယ်

ကီးကြောင်နေတဲ့ဂစ်တာတစ်လက်ရယ့့်ကီးလွဲနေတဲ့သံစဉ်တစ်ခုရယ်နောက် ကီးချော်နေတဲ့ ညနေခင်းတစ်ခုရယ်

ပေါင်းစည်းမိသွားတဲ့နောက်မှာတော့ ကျွန်တော်တို့နှစ်ယောက်ပျော်ခဲ့ကြပါတယ်။


အိမ်အပြန်နောက်ကျခဲ့ကြဖူးတယ်။လမ်းဘေးကမာန်ဖီပြီးဟောင်နေတဲ့ခွေးတွေထက်အိမ်ရောက်ရင် အဆူခံရမှာကို

ပိုကြောက်ခဲ့ကြတယ်လေ။သူ့အိမ်ဝင်းတံခါးကဘဲလ်ကိုနှိပ်ပြီးရင် ကျွန်တော့်အလုပ်က  ခြုံကွယ်ပြီး သူဝင်သွားတာကို

စောင့်ကြည့်ပေးရပါတယ်။ဘာကြောင့်လဲဆိုတာတော့မသိပေမဲ့ ဒါကျွန်တော် လုပ်နေကျပါ အခုနဲ့ဆိုရင် သူ့အိမ်နားက

ခြုံဘေးမှာ ကျွန်တော်ဝင်ပုန်းတာ အကြိမ်ပေါင်းမရေမတွက်နိုင်အောင်ရှိခဲ့ပါပြီ။


ညရောက်ပြီဆိုရင်ကျွန်တော့်အလုပ်ကဟဲလိုဆိုတာပါပဲ။ဖုန်းသံလေးတွေကိုမျှော်ခဲ့ဖူးတဲ့ညတွေရှိသလိုဖုန်းဝင်လာမှာ

ကိုတောင် စိုးရိမ်မိတတ်ခဲ့တဲ့ညတွေလဲရှိခဲ့ဖူးပါတယ်။အကြောင်းကတော့ ဖုန်းထဲကနေဘာပြောရမှန်း မသိလို့ပါပဲ။

 ဒီလိုနဲ့ပဲသူနဲ့ကျွန်တော် အချိန်ကာလတစ်ခုကိုဖြတ်ကျော်ခဲ့ကြပါတယ်။သူများတွေလည်ရင် ကျွန်တော်တို့ လည်

မယ်။  သူများတွေဘုရားသွားရင် ကျွန်တော်တို့နှစ်ယောက်ဘုရားသွားမယ်။သူများတွေရုပ်ရှင်ကြည့်ရင်ကျွန်တော်

တို့လဲကြည့်ဖြစ်ကြတယ်။ဒီလိုနဲ့ပဲ ကျွန်တော့်အဖော်မွန်ဟာ သူဖြစ်လာသလို သူလဲကျွန်တော့်ကို အဖော်မွန်အဖြစ်

သတ်မှတ်ခဲ့တယ်။ဒါကျွန်တော်တို့ စိတ်ထဲမှာရှိနေတဲ့အမြင်တွေပါပဲ။ ဘေးပတ်ဝန်းကျင် တလောကလုံးအမြင်မှာ

တော့ သူနဲ့ကျွန်တော်ဟာချစ်သူတွေတဲ့။


ချစ်သူတွေဆိုတာ ကြင်နာကြတယ်တဲ့။ ကျွန်တော်တို့နှစ်ယောက်ဟာချစ်သူတွေ မဟုတ်ပေမဲ့ ကြင်နာကြပါတယ်။

တစ်ယောက်ကိုတစ်ယောက်အရိပ်ကြည့်နေတတ်တယ်။တစ်ယောက်ချောင်းဆိုးနေရင် နောက်တစ်ယောက်က

ရေခဲမုန့်စားမယ်လို့မပြော ဖြစ်ခဲ့ကြပါဘူး။နောက်တော့သူ ကျောင်းသွားတတ်တယ်။ကျွန်တော်ကျန်ခဲ့ချိန်မှာ နေရ

ထိုင်ရခက်တယ်။သူ့ကိုသတိရမိတယ်။အစားကောင်းစားနေချိန်မှာမိတ်ဆွေကောင်းကိုသတိရတတ်တယ်ဆိုပေမဲ့

ကျွန်တော်စားနေတာကလမ်းဘေးဝက်သားဒုတ်ထိုးဆိုင်မှာပါ။ဘာမှတော့မဆိုင်ပေမဲ့ကျွန်တော်သူ့ကိုသတိရတယ်။

နောက် သူ့အကြောင်းတွေးရင်အသက်ရူကြပ်လာတယ်။သူတော့ဘယ်လိုနေမလဲမသိပေမဲ့ ကျွန်တော်တော့ သူ့ကို

ပြောစရာစကားတွေအများကြီးရှိလာတယ်။   အရင်က ပြောစရာစကားမရှိလို့ဆိုပြီး     ဖြုန်းတီးမိတဲ့အချိန်တွေကို

ကျွန်တော်နှမြောတတ်လာခဲ့တယ်။



သူ့ဖုန်းကိုမျှော်တတ်လာတယ်။ပြောစရာစကားတွေသိမ်းထားမိလာတယ်။သူဖုန်းဆက်လာရင်စကားတွေအများကြီး

ပြောမယ်စိတ်ကူးထားပေမဲ့ သူဖုန်းဆက်မလာခဲ့ပါဘူး။သူ့ကိုတမ်းတရင်းတစ်ယောက်ထဲကြေကွဲတတ်လာတယ်။

အချိန်ကာလများစွာကြွေကျပြီးချိန်မှာတော့   သူပြန်ရောက်လာတယ်။ပြီးတော့  ကျွန်တော့်ကိုမိတ်ဆက်ပေးဖို့တဲ့ လူ

တစ်ယောက်လဲ သူ့ဘေးမှာပါလာတယ်။ကျွန်တော်ပြုံးပြလိုက်မိတယ် ထင်တာပဲ  ဒါပေမဲ့     အံကြိတ်နေခဲ့မိတယ်။

နောက်တော့    သူဆိုတာဟာ ကျွန်တော်ရဲ့ စိတ်ထဲကအရင်းနှီးဆုံး   သူတစ်ယောက်ဘယ်လိုမှ   မဖြစ်နိုင်တော့ဘူး

ဆိုတာသတိ ထားမိလာတယ်။နောင်တနဲ့အတူပေါ့။အခုဆိုရင် ညနေတိုင်းမှာ ကျွန်တော်တစ်ယောက်ထဲပါ။ပတ်ဝန်း

ကျင်ကပြောလာကြပြန်တယ် ကျွန်တော်တို့နှစ်ယောက်ပြတ်သွားကြပြီတဲ့။ကျွန်တော်အော်ရယ်လိုက်ချင်တယ့်

အခုလက်ရှိမှာတော့ကျွန်တော့်ညနေတွေမှာ  သူမပါတော့ပါဘူး။ သူမပါတဲ့ လမ်းဘေးအုတ်ခုံမှာ သတင်းစာမပါပဲ


ကျွန်တော် ထိုင်ဖြစ်ခဲ့တယ်။ချောင်းဆိုးမိတိုင်း ရေခဲမုန့်ဝယ်စားဖြစ်တယ်။ဂစ်တာတီးတိုင်း ကီးမှန်လာတတ်တယ်။

ဖုန်းမြည်လာတိုင်း ပျော်ရွှင်တတ်လာတယ်။နောက်ပြီး ညနေခင်းတိုင်း ပြောချင်တဲ့စကားတွေကို တစ်ယောက်ထဲ

မြည်တမ်းတတ်လာတယ်။တစ်ယောက်ထဲ ရုပ်ရှင်ကြည့်မိတယ်။တစ်ယောက်ထဲ ဘုရားသွားတတ်လာတယ်။တစ်

ယောက်ထဲ သူ့အိမ်ရှေ့က ခြုံကွယ်မှာ ပုန်းကွယ်တတ်လာတယ်။အိမ်အပြန်လမ်းကခွေးတွေကို ကျွန်တော်ကြောက်

တတ်လာတယ်။တစ်ယောက်ထဲ အော်ရယ် တတ်လာတယ်။နောက်တော့ တစ်ယောက်ထဲတွေများလာတဲ့ ကျွန်

တော့်ကို ပတ်ဝန်းကျင်ကပြောလာကြပြန်တယ် ဒီတစ်ခါပတ်ဝန်းကျင်ဆိုတဲ့အထဲမှာ သူလဲပါလာတယ်။


ဒီကောင်လေး  စိတ်မနှံတော့ဘူးတဲ့သူပါ ကျွန်တော့်ကို အဲ့လိုပြောလာတယ်ဆိုတာကိုတွေးမိတိုင်း

ကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ်။   ဒီတော့ကျွန်တော်လဲ   ပြောပြလိုက်ချင်ပါတယ် သူတောင်  ကျွန်တော့်ရဲ့

 ပတ်ဝန်းကျင်ထဲက အတင်းပြောတဲ့လူတစ်ယောက်ဖြစ်သွားပြီ့ကိုးလို့ပါ့


တစ်ညနေမှာတော့ သတင်းစားခင်းမထားတဲ့ ကျွန်တော့် အုတ်ခုံလေးနားကို သူရောက်လာခဲ့တယ်။စကားလုံးတွေ

ပိနေတဲ့ကျွန်တော်ဟာ အဲ့အချိန်မှာလဲ သူ့ကိုစကားတွေနဲ့ဧည့်မခံဖြစ်ခဲ့ပြန်ပါဘူး။နဲနဲကြာသွားတော့သူကျွန်တော့်ကို

 စကားတစ်ခွန်းနဲ့ အစချီလာပါတယ့်


 ပျင်းတယ်ပျင်းတယ် ထိုင်အော်နေတိုင်းသာ အပျင်းပြေသွားခဲ့မယ်ဆိုရင်အတော်ကောင်းမှာပဲနော်တဲ့။

ဒါသူပြောဖူးတဲ့စကားပါ။ကျွန်တော်မှတ်မိတာပေါ့။ဒီတော့ကျွန်တော်လဲသူ့စကားကိုဒီလိုမျိုးထောက်ခံလိုက်မိတယ်။

အင့်း

ကျွန်တော့်မျက်ဝန်းမှာ မိုးစက်ကလေးတွေ တွဲလွဲခိုနေရင်းပေါ့







 

ကျွန်တော်ပြန်ရောက်ရောက်ချင်း post မတင်တာကြာနေတာကိုအကြွေးဆပ်ချင်တာနဲ့ ဒီ post လေးကိုတင်လိုက်

တာပါ။ဒီ post လေးကိုအကြမ်းရေးထားတာတော့အတော်ကိုကြာနေပါပြီ သိပ်စိတ်တိုင်းမကျတာနဲ့မတင်ဖြစ်ခဲ့တာ

ခုတော့ဟိုပြင်ဒီပြင်နဲ့    စိတ်တိုင်းကျပြင်လိုက်တာ ဖတ်ချင်စဖွယ်လေး ဖြစ်လာတယ်ထင်လို့ တင်လိုက်ပါတယ်။

သင်္ကြန်မှာ အိမ်လေးကို စောင့်လျှောက် ပေးကြတဲ့ သယ်ရင်းဒွေအားလုံးကို အရမ်းကျေးဇူးတင်ပါတယ်။ ခရီးကလဲ

ပန်းလာတော့ လူကလဲ ခပ်နဲ့နဲ့ပါ ဒါကြောင့် အိမ်အလည်ထွက်ချင်စိတ်ကိုမနည်းမြိုသိပ်နေရတယ်။





 ကြိုးစားပါအုံးမည့်ဖြိုးဇာနည့်ည ၁၁ နာရီတိတိ

7

အကြော်သည်

Posted by ဖြိုးဇာနည် on Wednesday, April 04, 2012 in

အကြော်သည်



မိုးမလင်းသေးပါဘု အပျင်းရယ်မကြီးရဲတာမို့
လင်းကြက်တောင် တွန်သံမကျူးခင်
မျှဉ်းလို့ထိုင် အမေအိုမနိုးအောင်
သာအယာ ခြေဖွနင်းပါလို့
ရေကပြင်ထက်နားဆီ လျှောက်ခဲ့ရပြန်။

တိုးလို့ချွေတာ မိုးကမရွာ
ရေတစ်ထမ်း ရာဂဏန်းရယ်မို့
ရေတစ်စွတ်နဲ့သာ ရွှေမျက်နှာ လန်းရတယ်
အမှန်လေ သဘာဝပေမို့ မလွှဲသာ တွေးမလွမ်းနိုင်ဘု
သနပ်ခါးသာ ဘယ်ညာကူရတယ်။

အမေအိုရင်ကျပ်သည်တွက်
လျက်ဆား ဆေးတစ်ခွက်ရယ်နဲ့
ရေနွေးဖြူ အဆူမြန်စေဖို့ရေး
ပါးနှစ်ဖက်မှာ ချွေးစက်ရာ ဗရပွထင်တဲ့ထိ
ခါးချိုးကာ မီး မှုတ်ရပြန်။

ထမင်းကြမ်းခဲ နတ်သုဒ္ဓါကို
ဆီကြွင်းရယ် ဆား အနည်းငယ်ဖြူးပါလို့
တဖဲ့တရွဲ့ အကြော်ကျန်နဲ့
တမနက်တာ ၀မ်းတောင့်စေဖို့
ကုန်းလွေးရပြန်။

ရောင်နီငယ် ပြူမထွက်ခင်
ကိုယ်ပိုင်ရာ အကြော်နန်းဆီသို့ ဗရုတ်ဗရက်သုတ်ခြေတင်
စားပွဲငယ်တစ်ချပ်ခင်းပါလို့ ဗူး၊ဖယုံ၊ သီးနှံအစုံ ပုံလို့တင်
မုန့်နှစ်ပြင်၊ ထင်းမီးဖိုနှင့် ဆီအိုးရယ်က အသင့်ပြင်
ကြော်မဟဲ့ ပူနွေးတဲ့ အကြော်စုံ
ဆင်းရဲသူတွေ ၀မ်းစာတောင့်စေဖို့
တစ်ခုမှ ၁၀၀ကျပ်ရယ်နဲ့ လှိုင်လှိုင်သာ ၀ယ်ကြစမ်းပါ
ဟော့ဒီက ကြွပ်ရွတဲ့ အကြော်စုံ။ ။

ရေးသားသူ။ ။ ကြယ်ပြာ
၊ ဖြိုးဇာနည်၊

ဟီးးးး အစ်မတော်ကြယ်ပြာ နားလေးက အကုန်ကူးတင်လိုက်တာ ဓါတ်ပုံပါ မလာတယ် ခွိခွိ!

7

Please!

Posted by ဖြိုးဇာနည် on Sunday, April 01, 2012 in
ချစ်သူ ကျေးဇူးပြုပြီး မင်းမပြုံးလိုက်ပါနဲ့ မင်းရဲ့ကျေနပ်တဲ့ အပြုံးတွေကိုငါအရမ်းနှစ်သက်ပေမဲ့ မင်းရဲ့မချိ
ပြုံးတွေကိုငါအရမ်းကြောက်လို့ပါ့

ချစ်သူ ကျေးဇူးပြုပြီးမင်း မရယ်လိုက်ပါနဲ့ မင်းရဲ့ ကြည်လင်တဲ့ရယ်သံချိုလေးတွေကိုငါတောင့်တပေမဲ့ မင်းရဲ့
လှောင်ရယ်သံတွေကို ငါသိပ်ကြောက်လို့ပါ့

ချစ်သူ ကျေးဇူးပြုပြီးမင်း မပြောလိုက်ပါနဲ့ မင်းရဲ့ ချိုသာတဲ့စကားသံတွေကိုငါသိပ်မြတ်နိုးပေမဲ့ မင်းရဲ့ခနဲ့တဲ့
စကားသံတွေကို ငါအရမ်းကြောက်နေလို့ပါ့

ချစ်သူကျေးဇူးပြုပြီးမင်း မကြည့်လိုက်ပါနဲ့ မင်းရဲ့အကြည့်လေးတွေကိုငါစွဲလန်းမိပေမဲ့ မင်းရဲ့မျက်စောင်းလေး
တွေကို ငါသိပ်ကြောက်လို့ပါ့

ချစ်သူကျေးဇူးပြုပြီး မင်းမလှမ်းလိုက်ပါနဲ့ မင်းရဲ့ခြေလှမ်းလေးတွေကိုငါ တန်ဖိုးထားပေမဲ့ မင်းချန်ရစ်ထားခဲ့မှာ
ကို ငါတွေးကြောက်လို့ပါ့

ချစ်သူ ကျေးဇူးပြုပြီး မင်းမမေးလိုက်ပါနဲ့ မေးခွန်းတိုင်းကိုငါဖြေနိုင်ပေမဲ့ အဆုံးမရှိတဲ့ငါ့အချစ်အကြောင်းတွေကို
ကန့်သတ်ချက်မရှိ ပြောမိတိုင်း နင်ပျင်းရိသွားမှာ ငါသိပ်ကြောက်လို့ပါ့

ချစ်သူကျေးဇူးပြုပြီ မင်းမတောင့်တလိုက်ပါနဲ့ မင်းတောင့်တမူတိုင်းငါဖြည့်ဆည်းနိုင်ပေမဲ့ မင်းစိတ်ကျေနပ်တဲ့
အတိုင်းအတာထိငါမဖြည့်ဆည်းပေးနိုင်ခဲ့မှာကို ငါအရမ်းကြောက်လို့ပါ့

ချစ်သူကျေးဇူးပြုပြီး မင်းမနှိုင်းလိုက်ပါနဲ့ မင်းနှိုင်းယှဉ်လိုက်တဲ့ အရာတိုင်းထက်ငါ့အချစ်ပိုသာတယ်ဆိုတာ
မင်းနားလည်အောင်ငါပြောပြနိုင်ပေမဲ့ မင်းမယုံကြည်မှာ ငါတွေးကြောက်လို့ပါ့

ချစ်သူ ကျေးဇူးပြုပြီး မင်းမငိုလိုက်ပါနဲ့ မင်းရဲ့မျက်ရည်တွေရပ်တန့်သွားအောင်ငါချော့လိုက်နိုင်ပေမဲ့ ငါ့ရင်ထဲမှာ
ခိုဝင်လာမဲ့ ဝမ်းနည်းခြင်းတွေကို ငါ သိပ်ကြောက်လို့ပါ့

ချစ်သူကျေးဇူးပြုပြီး မင်းမသွားလိုက်ပါနဲ့ မင်းသွားလိုရာတိုင်းကိုငါ အဖော်ပြုပေးနိုင်ပေမဲ့ ငါ့ရင်ခွင်ထဲကနေ မင်း
ထွက်ခွာသွားမှာကို ငါသိပ်ကြောက်လို့ပါ့

ချစ်သူ့ကျေးဇူးပြုပြီး မင်းမမုန်းလိုက်ပါနဲ့နော် မင်းရဲ့အမုန်းတွေကြောင့် ငါ့ရဲ့ နှလုံးခုန်သံတွေရပ်တန့်သွားချိန်မှာ
မင်းငိုကြွေးမိရင် မင်းအငိုတိတ်အောင်လုပ်မပေးနိုင်တော့မှာကို ငါသိပ်သိပ်ကြောက်လို့ပါ ချစ်သူရယ့်

ဟုတ်တယ်ချစ်သူ မင်းအမုန်းတွေကြောင့် ငါသေသွားနိုင်ပါတယ့်ဒါကြောင့် ထပ်ပြီးတော့ပြောပါရစေချစ်သူ့
ကျေးဇူးပြုပြီး မင်းမမုန်းလိုက်ပါနဲ့လို့




ချစ်သူဒီစာဖတ်ပြီးရင် ဒီနေ့ April Fools Day မှာ ငါ့ကို မုန်းတယ်လို့ပြောပြီး Fool လုပ်မယ်ဆိုတဲ့အကြံအစည်

ရှိနေခဲ့မယ်ဆိုရင်တောင် အဲ့ဒီအစီအစဉ်ကိုအမြန်ဆုံး ဖျက်လိုက်ပါချစ်သူ့ငါ့နှလုံးခုန်သံတွေ ရုပ်တန့်မသွား

ခင်လေးပေါ့

April Fools အမှတ်တရအဖြစ့်ဖြိုးဇာနည့်ည ၁၁နာရီတိတိ


Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.