1

မြန်မာနိုင်ငံသား

Posted by ဖြိုးဇာနည် on Thursday, May 31, 2012 in

 ကမ္ဘာမှာမြန်မာဟေ့လို့ ဟိုးယခင်ကထဲက ကြွေးကြော်ခဲ့ကြမြဲပါ။ အခုအခါမှာဆိုရင်  မြန်မာဆိုတာကို

ယခင်ကထက်ပိုမိုပြီး ကမ္ဘာက အလေးထား သတိပြုမိနေကြပါပြီ။တစ်ဒေါင့်တစ်နေရာကနေ ထိုးဖောက်

တယ် အဖက်ဖက်ကနေ ကမ္ဘာက လေးစားဦးညွှတ်ကြရအောင်ထိုးဖောက်နေကြတဲ့ အထဲမှာ အခုဆိုရင်

စွမ်းရည်ပြိုင်ပွဲဝင်နေကြတဲ့ ကမ္ဘာအရပ်ရပ်က လူသားတွေနဲ့အတူ မြန်မာကလဲပါဝင်ယှဉ်ပြိုင်နေကြပါပြီ။

သို့သော်ငြား မြန်မာမှ သွားရောက်ယှဉ်ပြိုင်တဲ့ လူဦးရေကတော့ ၃ဦးသာ ရှိနေပါသေးတယ်။ဘယ်လိုပဲ

ဖြစ်နေပါစေ ဒီလိုစွမ်းရည် ယှဉ်ပြိုင်ကြရာမှာ ၃ဦးသာပြိုင်သော်လည်း ၃ဦးလုံးဆုတံဆိပ်တွေကို ပိုင်ဆိုင်

ခဲ့ကြမယ်ဆိုရင် ကမ္ဘာ့အလည်မှာ မြန်မာဟာ ခေါင်းမော့ရင်ကော့နေနိုင် အုံးမှာပဲမဟုတ်ပါလားဗျာ့

ဒီတော့ နိုင်ငံတကာက လူအများစုနဲု့ပြိုင်နေကြပေမဲ့ မြန်မာက ၃ဦးကို အနိုင်ရစေချင်ပါတယ်။ဒီလိုအနိုင်

ရရှိစေနိုင်ဖို့လဲ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ဝိုင်းဝန်းကူညီပံပိုးပေးဖို့ အခွင့်အရေးတွေရှိနေကြပါ

တယ်။ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ကိုယ်စားသွားရောက်ယှဉ်ပြိုင်နေကြတဲ့ လူ ၃ဦးကို ကျွန်တော်တို့ မဲ

ပေးနိုင်ကြပါတယ်။ကျွန်တော်တို့ ပေးလိုက်တဲ့ မဲလေးတစ်ခုဟာ သူတို့တွေအတွက် အားဆေး တစ်ခွက်

ဖြစ်စေပါတယ်။ ဒီတော့ အားလုံးပဲ မြန်မာ့ဂုဏ်ရည်တတ်စေဖို့ မဲပေး ပေးကြပါလို့ တိုက်တွန်းလိုက်ပါရစေ

ခင်ဗျာ့ တစ်မိနစ်ခြားတစ်ခါ မဲပေးနိုင်ပါတယ်။ ဒါကြောင့် မအားတဲ့ကြားထဲကနေ ပဲဖြစ်ဖြစ် အချိန်လေး

များ ပေးနိုင်ခဲ့မယ်ဆိုရင်မဲပေး ပေးကြစေလိုပါတယ်။မြန်မာ့ ဂုဏ်တတ်စေဖို့    တတ်ညီလက်ညီမဲပေးပြီး

ကူညီပေးကြပါစို့လားခင်ဗျာ့


ဒီနေရာ လေးကနေတဆင့် သွားရောက်မဲပေးနိုင်ပါတယ့်


မြန်မာနိုင်ငံအလံလေးရဲ့ ဘေးက Vote ကလေးကိုနှိပ်ပေးရင် အဆင်ပြေပါပြီ။

အချိန်ရရင်ရသလို vote ကို တစ်မိနစ်ခြားတစ်ခါလောက်နှိပ်ပေးကြပါလို့


ကျေးဇူးတင်လျှက့် 


ဖြိုးဇာနည့်ည့၁ နာရီ ၃၀ နာရီတိတိ
  

5

လုယူလိုက်တဲ့ အနမ်း

Posted by ဖြိုးဇာနည် on Tuesday, May 29, 2012 in



မနေ့ညက မိုးတွေရွာတယ်  ဒါကြောင့်ကျွန်တော်ဒီမနက်စောစော  ထမင်းကြော်မစားဖြစ်လိုက်ဖူး။  စောစော

ထဖို့ပျင်းတဲ့ကျွန်တော်ဟာ ညဖက်မှာမိုးရွာသံကြားလိုက်ရတဲ့ နောက်မနက်မှာတော့ ဝိရိယကောင်းနေတတ်

ပါတယ်။ဝိရိယကောင်းတယ်ဆိုပေမဲ့ နောက်ကျနေမြဲပါပဲ ဒါကြောင့်မနက်ခင်းထမင်းကြော်တောင်စားချိန်မရ

ပဲ အပြေးထွက်ခဲ့ရတာပေါ့ဗျာ။



ရပ်ကွက်ထဲမှာ မိုးရွာထားလို့တွန့်ကြေနေတဲ့ လမ်းတွေရှိတယ်။နှာစေးနေတဲ့ မြှောင်းတွေရှိတယ် ငိုကွက်တွေ

နဲ့ချိုင့်ခွက်တွေရှိလေရဲ့ ဒီတော့ကတ္တီပါ ဖိနပ်ကိုမှ မှားစီးလာတဲ့ကျွန်တော်ဟာ လမ်းကို ဖြောင့်ဖြောင့် လျှောက်

ဖို့အတွက် မဖြစ်နိုင်တော့ဘူးလေ လမ်းရဲ့ ချိုင့်တွေ ဗွက်တွေ ရေတွေကိုရှောင်ရင်း ဟိုရိမ်းလိုက် ဒီခုန်လိုက်နဲ့

၁၅မိနစ်လောက်သာလျှောက်ရမဲ့လမ်းလေးကို ကျွန်တော် နာရီဝက်နီးနီး လျှောက်ယူလိုက်ရတော့တယ်။



ဟော့ထင်တဲ့အတိုင်းပဲကျွန်တော်နောက်ကျပြန်ပြီလေ ၂ယောက်တော့ရောက်နှင့်နေပြီ။အော့် ကံလေး

တော့အကောင်းသားပဲ အဲ့ ၂ယောက်ရန်ဖြစ်နေကြတယ်။ကျွန်တော်အသဲအသန် ရသလောက်အမြန်ကောက်

လိုက်တယ်။ဟဟ များလေကောင်းလေပဲလေ ဟုတ်တယ်မလား။ကျွန်တော် ဒေး ကိုချစ်တယ်လေ။ကြော်ငြာ

ဝင်တာမဟုတ်ပါဘူး ကျွန်တော်ချစ်တဲ့ ဒေး က ခရေပန်းလေးတွေကိုချစ်တယ်လေ ဒီတော့ ကျွန်တော်ကိုယ်

တိုင် အပင်ပန်းခံကောက်ထားတဲ့ခရေပန်းကလေးတွေကို ဒေးရဲ့ လွယ်အိတ်လေးထဲကို ထည့်ပေးချင်မိတယ်။

အနမ်းနဲ့လဲလှည် ရမှာပေါ့လေ။ဒေး ပေးတဲ့အနမ်းတပွင့်က ကျွန်တော့်ရင်ကိုအေးမြစေပါတယ်။



ဟေ့ရောင် ငါအရင်ရောက်တာနော် မင်းဟိုဖက်ခြမ်းမှာကောက်နေတာပဲ ဘာလို့ဒီဖက်အခြမ်းကိုလာကောက်

ရတာလဲ။



အမ်မာ့ဒီအပင်ကမင်းအပင်မို့လို့လား ငါလဲ ကောက်ချင်တဲ့ဖက်ကောက်မှာပေါ့။



ဟေ့ရောင် အဲ့လိုမလုပ်ပါနဲ့ကွာ ဒီနေ့ငါ့ သမီးလေး ကျောင်းစတတ်ရမဲ့နေ့ကွ အဲ့တာငါ သမီးလေးကို လွယ်အိတ်

လှလှလေးဝယ်ပေးမယ်လို့ပြောထားတာ ငါဒီနေ့ပန်းများများ ရမှဖြစ်မှာကွ ဒီတရက်ပါပဲကွာ။



ဟဟဟ့ဟေ့ရောင် မင်းအဲ့လိုပြောကြေးဆို ငါ့သားလဲဒီနေ့ကျောင်းစတတ် ရမှာပဲလေ့ငါလဲပန်းများများ 

ရမှဖြစ်မှာပေါ့ ဒီနှစ်တော့သူများနည်းတူငါ့သားကို ကျူရှင်ထားပေးချင်လို့ပါကွာ တစ်ဘာသာ၂ထောင် ၃ဘာသာ

ဆိုတော့ ၆ထောင်တောင်မှ ငါဒီနေ့ပန်းများများရမှ ငါစုထားတဲ့ငွေနဲ့ ဒီနေ့ရောင်းရတဲ့ငွေပေါင်းပြီး ကျူရှင်လိုက်

အပ်ပေးနိုင်မှာမို့လို့ပါကွာ။



သူငယ်ချင်းမင်းကလဲကွှာ ကျူရှင်ကနောက်ရက်မှ အပ်လိုက်လို့ရတာပဲဟာကို  ငါ့သမီးလေး ကိုငါဒီနေ့ဝယ်ပေး

မယ်ပြောထားလို့ပါ ပြီးတော့ မင်းရဲ့သားက တစ်တန်းလေကွာ သူ့မှာလွယ်အိတ်အဟောင်းလေးတော့ရှိပြီးသား

ပါပဲ။မဟုတ်ဖူးလား ငါ့သမီးလေးကိုတော့ ငါလွယ်အိတ်အသစ်ကလေးနဲ့ကျောင်းတတ်စေချင်လို့ပါကွာ  အခုမှ

သူငယ်တန်းစတတ်မဲ့ငါ့သမီးလေး မျက်နှာထောက်ပေးပါနော် သူငယ်ချင်း။



ဟာ့မလုပ်ပါနဲ့ကွာ ငါ့သားက ကျူရှင်အရမ်းတတ်ချင်နေတာ သူ့ကိုသူ့သူငယ်ချင်းတွေလိုမျိုးကျူရှင်ထားပေးပါ

တဲ့။သူ့ကို ကျူရှင်ထားပေးရင် ဖေကြီးကို အာဘွား များကြီးပေးမယ်တဲ့ငါအရမ်းပီတိဖြစ်လွန်းလို့ပါကွာ့

ကြည့်စမ်း ငါ့သားက ငါ့ကိုဘယ်လောက်ချစ်လဲဆိုတာလေ။



အမ်မယ့် ငါ့သမီးကမှ ပိုချစ်တတ်တာကွ ဖေကြီး တဲ့ သမီးကို လွယ်အိတ်ဝယ်ပေးရင် သမီး ညတိုင်းဖေကြီး

ကိုအာဘွားပေးပြီးမှအိပ်တော့မယ်တဲ့။ကြည့်စမ်းပါအုံးကွာ အရွယ်လေးနဲ့မလိုက်ဖူး ပြောတတ်လိုက်တာ့



Oop!  ကျွန်တော်တောင်ဘာမှန်းမသိညာမှန်းမသိ သူများစကားပြောတာ ခိုးနားထောင်နေမိတယ် ကြည့်စမ်း

သူတို့ရန်ဖြစ်နေတာများလား မဟုတ်လောက်ပါဘူး ပြိုင်နေကြတာထင်ပါရဲ့။အော့် သူတို့အခုလို လုကောက်

ဖို့အတွက်ရန်ဖြစ်နေမဲ့အစား အမြန်ကောက်လိုက်ရင်တော့ ပန်းများများရကြအုံးမှာ။အခုတော့ ပန်းတွေအတော်

များများကို ကျွန်တော်ကောက်ပြီးသွားပြီလေ့ဟဟဟ သူတို့နှစ်ယောက်တော့ အလိုကြီးအရနည်းတွေဖြစ်

ကုန်ကြပြီ။ကျွန်တော်လိုချင်တာထက်တောင်ပိုအများကြီးရလိုက်တယ် အိမ်ရောက်မှအိတ်လှလှလေးထဲထည့်ပြီး

ဒေး ကိုသွားပေးလိုက်ရင်ဒေးရဲ့ ဂုဏ်ပြုအနမ်းလေးကို ကျွန်တော်ပိုင်ဆိုင်ရတော့မှာ    တွေးပြီးပျော်လိုက်တာ။

တယောက်ထဲ ပြုံးနေမိတယ် ဟဟ။ 



တွေးနေရင်းနဲ့ ဟိုလူတွေငြင်းခုန်သံကပိုပိုကျယ်လာတာကိုသတိထားမိလိုက်တယ်။



မင်းကြောင့်သွားပါပြီကွာ ငါ့သားလေးအတွက် ငါကျူရှင်ဖိုးမပြည့်နိုင်တော့ဘူး ဟိုမှာပန်းတွေက ဘာမှသိပ်

မကျန်တော့ဘူ့း့ဟာကွာာာာာ ငါ့သားလေးက ငါ့ကိုမျှော်နေရှာမှာကွ သူ့ကိုကျူရှင်ထားပေးရင်အာဘွားပေး

မယ်ဆိုပြီးခုတောင် ငါအိမ်ကထွက်လာခါနီး လှမ်းအော်လိုက်သေးတယ်။



ငါ့ငါလဲ ငါ့သမီးလေးကို လွယ်အိတ်ဝယ်မပေးနိုင်တော့ဘူးထင်ပါတယ်ကွာ့သမီးလေးက နှုတ်ခမ်းနီ

တွေဆိုးထားမယ်နော်တဲ့ ဖေဖေလွယ်အိတ်ဝယ်လာရင် ဖေဖေ့ပါးကို နှုတ်ခမ်းနီတွေ ပေးသွားအောင် အာဘွား

ပေးပစ်မလို့ တဲ့ အခုတော့ ကွာာာာာာာာာာာာာ။


ကျွန်တော်ဘာလုပ်ရမလဲဟင့် ဒီပန်းကလေးတွေကို ကျွန်တော်ပင်ပင်ပန်းပန်းအစောကြီးထပြီးကောက်

ထားရတာပါ။ပြီးတော့ ကျွန်တော် ကတိလဲပေးထားတယ် ဒေး ရေ မောင်ခရေပန်းအပွင့် ၃၆၅ ပွင့်ရအောင်

ရှာခဲ့ပေးမယ်လို့ပါ။ဒီနေ့တစ်နှစ်ပြည့်လေ ကျွန်တော်တို့ချစ်သူသက်တမ်းပေါ့။ဒေး ပြောလိုက်တဲ့စကားကိုလဲ

ပြန်ကြားနေမိတယ် ဟုတ်ကဲ့မောင် မောင်ဒေးကို ခရေပန်းတွေယူလာပေးရင် ဒေးလဲ အဲ့ဒီဒေးမြတ်နိုးတဲ့ ခရေ

ပန်းလေးတွေကို မနမ်းသေးခင် မောင့်ကို အရင်ဆုံး အနမ်းတပွင့် လက်ဆောင်ပြန်ပေးမယ်နော် တဲ့။




 ကျွန်တော်လှစ်လျှူ ရှုပစ်လိုက်တယ်။ဟိုလူနှစ်ယောက်ရဲ့စကားတွေကိုပေါ့။သူတို့တင်မှမဟုတ်တာ အခုဒီ ခရေ

ပင်ကြီးရဲ့ အောက်မှာရောက်ရှိနေတဲ့ ကျွန်တော်အပါအဝင်ဒီ လူသုံးယောက် မှာ ကိုယ့်ဘဝနဲ့ကိုယ် အရေးပါတာ

လေးတွေအတွက်ပဲ ရောက်ရှိနေကြတာပဲမဟုတ်လား။ဘယ်သူကမှ အပျော်အနေနဲ့ မိုးအေးအေးထဲမှာ အလ

ကား ဒုက္ခခံပြီးရောက်လာကြမှာမှမဟုတ်တာ။  ကျွန်တော်ကျောခိုင်းခဲ့တယ် ခရေပင်ကြီးအပါအဝင်  ဟိုလူနှစ်

ယောက်ကိုရောပေါ့။



ကျွန်တော်ပန်းတွေတပွေ့တပိုက်နဲ့ ရွှံဗွက်တွေထူထပ်နေတဲ့လမ်းလေးအတိုင်း   ဟိုရှောင်   ဒီရှောင်နဲ့ ပြန်လာ

ခဲ့တော့တယ်။ကိုယ့်ကိုကိုယ် တစ်ခုပဲ မတင်မကျဖြစ်နေမိတယ်။ မေးခွန်းလေးတစ်ခုထွက်လာလို့ပါ ကျွန်တော်

တကိုယ်ကောင်းများဆန်သွားသလား????????????????????????????


ဖြိုးဇာနည့်ည့၁၁နာရီတိတိ

5

ရှက်မိသော ပါဆယ်တစ်ထုပ်

Posted by ဖြိုးဇာနည် on Sunday, May 27, 2012 in


ဖိနပ်တရံကိုဝယ်မလို့ သူမအခါခါစီးကြည့်နေမိတယ်။ ကြိုက်တယ် တော်တော်လေးကြိုက်ပါတယ်။ အိတ်ထဲ

မှာပါလာတဲ့ပိုက်ဆံ အနေနဲ့ကတော့ လောက်ငရုံလောက်ပါပဲ။ သူမဒီဖိနပ်ကိုဝယ်လိုက်မယ်ဆိုရင် သူမမေမေ

မှာလိုက်တဲ့ ယောကီဝတ်စုံလေးကို ဝယ်ဖို့အတွက်ပိုက်ဆံမလောက် တော့တာတော့အမှန်ပါပဲ။ဒါဆိုဘယ်လို

လုပ်ရမလဲ ဖိနပ်ကိုပဲဝယ်ရမလား   ယောကီဝတ်စုံလေးလဲရ ဖိနပ်လဲရအောင်   ဈေးသက်သာတဲ့တခြားဖိနပ်

ကိုပဲယူလိုက်ရမလား။ ဒီလိုနဲ့ပဲ သူမဖိနပ်မဝယ်ဖြစ်ခဲ့ပါဘူး။ဈေးပေါတာကိုလဲ မဝယ်ဖြစ်ခဲ့ပါဘူး။ သူမ မှာဒီထက်

မကအရေးကြီးတာတွေ လုပ်စရာရှိနေသေးတာကို သတိပြုလိုက်မိလို့ပါ။



ဖိနပ်ကလေးကို ကွက်ကြည့်ကွက်ကြည့်လုပ်ရင်း သူမဆိုင်ထဲကနေမထွက်ချင်ထွက်ချင် ပြန်ထွက်ခဲ့မိသည်။

ထို့နောက် သူမ သူငယ်ချင်းတစ်ယောက်နှင့်တွေ့သည် သူငယ်ချင်းကလဲ ဖိနပ်လာဝယ်သည်ဟုဆိုသဖြင့်

သူမတို့အအေးဆိုင်မှာ အအေးသောက်လျှင်သောက်ပြီးချင်း ယခင်ဖိနပ်ဆိုင်လေးသို့ အတူတကွ ပြန်လည်

ရောက်ရှိသွားကြပြန်သည်။။



ဟဲ့ ဒေး နင်ပြောတဲ့ဖိနပ်ကလေးက ဘယ်ဟာလဲ?


 ဟိုမှာလေဟယ် ကျောက်ကလေးတွေလဲခြယ်ထားတယ် နောက်ပြီးဝတ်ရတာလဲအဆင်ပြေမှာဟတွေ့လား

အနောက်ကလဲကပ်ခွာနဲ့လေ။



 ဟယ်!!!!! ဟုတ်တယ်ဟ အရမ်းလှတာပဲ ဈေးကလဲမဆိုးဘူးနော် ၆၅၀၀၀ ပဲဟ ငါ့အကို UK ကပို့ပေးလိုက်တဲ့

 ဖိနပ်ဆို ၂သိန်းလောက်တောင်ရှိတာ ပြီးတော့ဒါလေးလောက်လဲပုံမသွက်ဖူး ငါအရမ်းကြိုက်သွားပြီ။



ကြိုက်ရမယ်လေ ငါအသဲအသန် ရှာထားရတာ ဒီလိုဖိနပ်ဒီဇိုင်းမျိုးကရှားတယ်ဟ



 အေးပါ ဒေး ရယ်ကျေးဇူးပါ ငါနင်နဲ့တွေ့လိုက်လို့ ဒီလိုဖိနပ်ကလေး ရလိုက်တာ။ငါကတော့ အရောင် ၂ရောင်

တစ်ရံစီယူလိုက်မယ် တွေ့တုန်းလေးလေ နောက်ဆိုဒါမျိုးထပ်တွေ့ဖို့ကမသေချာတော့ဘူး။



အေးပေါ့ဟယ့့်size ကရောအတော်ပဲဟ နင်နဲ့အရမ်းလိုက်တယ်



ဟဟ ကျေးဇူး ဒေး။ ဒါနဲ့ နင်ရောမယူဘူးလား ဒေးရဲ့။



သူမပြုံးယုံပြုံးပြဖြစ်လိုက်သည်။အကြောင်းရင်းကိုတော့မပြောဖြစ်လိုက်ပါ။ဟုတ်ပါသည် သူမနှင့်တခါတလေမှ

တွေ့သောသူငယ်ချင်းကို သူမ ပြောမပြချင်ပါ။အမှန်တော့ သူမဒီနေ့ဈေးလာခြင်းမှာ မေမေမှာလိုက်သော

ယောကီ ဝတ်စုံလေးဝယ်ဖို့ဖြစ်ပါသည်။ဒီဖိနပ်ကလေးကို သူမကြိုက်ပါသည် သို့သော် ဝယ်ဖို့ရာအတွက်သူမ

တွင်ငွေပိုငွေလျှံမရှိပါ။တွေးနေတုန်းမှာပင်



ဟဲ့ ဒေး နင်ရောဘယ်အရောင်ယူမှာလဲ? ပန်းရောင်လေးပဲယူလိုက် နင်နဲ့ဆိုအရမ်းလှမှာ။


သူမခေါင်းညိမ့်လိုက်မိသလားမသိပါ သူမလက်ထဲကို ဖိနပ်ဗူးလေးရောက်လာသည်။မထူးတော့ပြီမို့ သူမ

ဇောဒက တတ်မနေတော့ပဲ ငွေရှင်းဖို့ရာအတွက်သာ သူငယ်ချင်းနဲ့အတူ ငွေရှင်းကောင်တာဆီသို့ လှမ်း

သွားလိုက်တော့သည်။


ငွေရှင်းလိုက်ပြီးတော့ သူမမှာ ငွေ ၃၅၀၀ သာကျန်တော့သည်။မတတ်နိုင်ပါ သူငယ်ချင်းအထင်သေးသွားမှာ

လဲ စိုးသည်လေ။နောက်တော့ သူမတို့နှစ်ယောက် နှုတ်ဆက်ပြီး ကိုယ့်အိမ်ကိုယ်ပြန်ကြသည်။အိမ်အပြန်လမ်း

မှာတော့ သူမနားထဲမှာ မေမေ မှာလိုက်တဲ့ စကားလေးတွေသာ ပဲ့တင်ထပ်ကြားယောင်နေမိသည်။



သမီးလေး နက်ဖြန်သမီးလစာထုတ်ရင် မေမေ့ကို ယောဂီထမီလေးဝယ်ခဲ့ပေးနော်။ဘာကြောင့်လဲသိလား???

နက်ဖြန်မေမေ့ မွေးနေ့လေ သမီးလေး ရတဲ့ လုပ်အားခနဲ့မေမေ့ကို ဝယ်ပေးစေချင်လို့ပါ။ မေမေလဲ သမီးအတွက်

လက်ဆောင်လုပ်ထားမယ်။စောစောပြန်လာခဲ့နော်။ တဲ့


မထူးတော့ပါ သူမ၏ ရှက်တတ်သောမပွင့်သော အကျင့်ကြောင့် သူမမေမေ့အတွက်မွေးနေ့လက်ဆောင်

ဝယ်မပေးနိုင်တော့ပါ။ခံစားရသည် သို့ပေမဲ့ပျော်ပါသည်။သူမအလွန်လိုချင်သော ဖိနပ်ကလေးကို သူမရယူ

နိုင်ခဲ့ပြီလေ။မေမေ့အတွက်တော့စိတ်မကောင်းပါ မတတ်နိုင်ဘူးလေ။နောက်ဆုံးတော့သူမ ဆားချက်မိသည်။

လမ်းတွင် အဟောင်းဆိုင်တန်းဖက်မျက်စိရောက်သွားတော့သည်။



အစ်မရေ ဟိုယောဂီ ဝတ်စုံလေး ဘယ်လိုရောင်းလဲဟင်။


၅၀၀၀ ညီမရေ့အဟောင်းသာပြောတာအတော်သစ်သေးတယ်ညီမရဲ့ ။တွေ့လား တစ်ခါလောက်ပဲ ဝတ်ရ

သေးတဲ့ပုံရှိတယ်။ရောက်လာကထဲက အသစ်နံတောင်မပျောက်သေးလို့ အစ်တို့တောင် မလျှော်ထားဘူး လုံးဝ

အသစ်ကြီးပဲညီမရေ့၅၀၀၀ဆိုတာ ညီမမို့လို့ထားပေးတာနော်။



ဟို့ဟိုလေ့လျှော့ပါအုံးလားအစ်မရယ့့်ညီမပိုက်ဆံမလောက်တော့လို့


အနည်းဆုံးပဲ ညီမရေ့ ဒါညီမမို့လို့ ဒီဈေးထားပေးတာ ကျန်တဲ့ သူတွေဆို ၆၀၀၀ ၇၀၀၀ လောက်အသာလေး

ရောင်းလို့ရတယ်။ကြည့်ပါလား ပဝါလေးရောပဲ အရောင်တူတူပဲ။အရမ်းဟောင်းတဲ့ဟာဆိုရင် ထမီအရောင်က

ဖျော့နေပြီး ပဝါက အရောင်လက်နေတုန်းလေ။အခုက အသစ်လိုပဲ။



ဟုတ်ပါတယ်အစ်မရယ့်ဒါပေမဲ့ ညီမပိုက်ဆံမပါလာခဲ့လို့။


ဒါဆို နေအုံးနော်ညီမ ဟိုးအနောက်ကတစ်စုံရော့နေအုံးအစ်မဖြုတ်ပြမယ်။



အတော်လေး ဝတ်ပြီးထားပုံပေါက်သည်။အရောင်ကလဲဖျော့နေသည်။ပဝါအရောင်ကတော့အတော်လတ်

သေးသည်။အင်္ကျီလေးကတော့မဆိုးပါ ဖြူဖြူလေးရှိသေးသည်။အပြစ်ပြောစရာကတော့ ထမီမှာ အရောင်

မွဲလွန်းအားကြီးလို့ အဖြူပြောက်တွေပင် ပေါ်နေသည့်အထိပင့်


ဒါလေးကရောအစ်မ့


ဒါလေးတော့ ညီမယူရင် ၄၀၀၀ ယူလိုက်လေ။


ဟာ့အစ်မကလဲ ဟို အသစ်နီးနီးဟာတောင် ၅၀၀၀ ပဲဆိုတာ ဒါကို၄၀၀၀ဆိုတော့လွန်တာပေါ့ လျှော့ပါအုံး



ဒါဆိုလဲ ၃၅၀၀ ယူလိုက့့်နောက်ဆုံးဈေးပဲနော် အစ်မတို့ဝယ်ဈေးတောင် ၃၂၀၀ လောက်ရှိတယ်။



မတတ်နိုင်ပါ။သူမ မေမေ့အတွက် လက်ဆောင်ပါမသွားတာထက်စာရင်တော့ ဒီဝတ်စုံလေးပါသွားတာက

အမြင်တောင်ပါသေးသည်ဟုတွေးရင်း ပါလာတဲ့ ငွေ ၃၅၀၀ ကိုပေးချေပြီးအိမ်ပြန်လာခဲ့တော့သည်။စိတ်ထဲမှာ

တော့ သိပ်မပျော်ပါ မေမေ့ကိုဝတ်ကျေတန်းကျေ ဝယ်ပေးသလိုဖြစ်နေမိပြီလေ။


စိတ်ကူးရင်းစိတ်မကောင်းဖြစ်လိုက် ဖိနပ်လှလှကလေးကို အိတ်ကလေးဟကြည့်ရင်း ပျော်သွားလိုက် ဖြစ်နေ

ရင်း သူမအိမ်ပြန်ရောက်လာသည်။


ဟော့်မေမေ့သမီးလေးပြန်လာပြီ။



မေမေအပြေးလေးထွက်လာကြိုသည်။ပြီးတော့ ထုံးစံအတိုင် သူမကို နှုတ်ဆက်အမောပြေ အနမ်းလေးပေး

သည်။ပြီးတော့ သူမခါးလေးကိုဖက်ကာအိမ်ထဲခေါ်လာသည်။နောက်ပြီး အပြေးကလေးရေတစ်ခွက်ကိုခပ်

ပေးသေးသည်။သူမရေသောက်နေတုန်း မေမေ အိမ်ခန်းထဲပြေးဝင်သွားပြီးအထုပ်တစ်ထုပ် ယူလာသည်။



မေ့သမီးလေးရေ့ ရော့ဒါသမီးအတွက် မေမေ့ရဲ့ မွေးနေ့မှာ မေမေဝယ်ပေးတာနော်။မေမေ သက်ကြီးပူ

ဇော်ပွဲမှာ ရထားတဲ့ အလှူငွေလေးတွေနဲ့ သမီးပေးတဲ့ ဈေးဖိုးလေးတွေကို စုပြီးသမီးလေးအတွက်မေမေဝယ်

ထားတာ။ သမီးလေးနဲ့ဆိုအရမ်းလိုက်မှာပဲ့



ဟာ့မေမေကတော့လေ အရမ်းတော်တာပဲ ခစ်ခစ့်သမီးကိုလက်ဆောင်ပြန်ဝယ်ပေးနေတယ့်

အာဘွားးးးးးးး



အမ်မလေးးးချစ်ဖို့သိပ်ကောင်းတာပဲ မေ့သမီးလေးကတောာ့လေ အလိုက်ကလဲသိပါ့တော့့်



မေမေပျော်နေသည် ကျိုးနေတဲ့သွားတွေကြောင့်မေမေ့ရဲ့သွားတွေကိုမြင်ဖို့ရာခဲယင်းခဲ့လေရာ ဒီနေ့တော့

မေမေ့ရဲ့ ပျော်ရွှင်မူတွေကြောင့်ထင်ပါသည် ဟတ်ဟတ်ပက်ပက်ရယ်လိုက်တာကြောင့် တစ်ဖက်ကို ၂ချောင်း

စီသာ ရှိတော့သော အံသွားတွေကိုပင် သေချာမြင်လိုက်ရသည်။



ကဲသမီးလေး မေမေဝယ်ပေးတဲ့လက်ဆောင်လေးကို ကြည့်လိုက်ပါအုံး ကြိုက်ရဲ့လားလို့လေ။မေမေကတော့

ဈေးသွားတိုင်းတွေ့နေတာနဲ့ သမီးလေးကိုရှိစေချင်လွန်းလို့ ပိုက်ဆံတွေကြိတ်ဆုပြီး ဝယ်ထားရတာသမီးလေး

ရဲ့ ။



သူမ မေမေ့လက်ဆောင်ကလေးကို ဘာများဖြစ်မလဲလို့ အိတ်ကလေးကိုအသာလေးဟပြီးချောင်းကြည့်လိုက်

ပါသည်။


အလိုလေးးးး မျက်စွာဘုရားးးးး သူမခေါင်းကြီးသွားသည်။


ကျောက်ကလေးတွေစီခြယ်ထားသော ပန်းရောင်ဖိနပ်ကလေး တရံ့


သူမမျက်ရည်မကျမိအောင်ထိမ်းသည်။ထို့နောက် ၃၅၀၀ တန်ယောကီ ဝတ်စုံကလေးထည့်ထားသော အိတ်က

လေးကို မေမေမမြင်အောင် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်းရင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး



ကြိုးစားလျှက့့်ဖြိုးဇာနည့့်ညနေ့၅ နာရီ ၄၅ တိတိ

7

My Immortal

Posted by ဖြိုးဇာနည် on Friday, May 25, 2012 in

အနိုင်ပိုင်းသွားမှာသိနေတယ်။   သိနေရက်နဲ့မသိချင်ယောင်ဆောင်နေရတာလဲ   ခံစားရတာတမျိုးပါပဲ

My Immortal တဲ့ ဒီသီချင်းကိုနားထောင်ဖြစ်တယ်များသောအားဖြင့်ပေါ့    အခုတလောမှပါ စိတ်ထဲမှာ

ဖြစ်နေတဲ့ခံစားချက်နဲ့တိုက်ဆိုင်နေလို့လေ။သူဘယ်လိုပဲ  ရက်စက်မယ်ဆိုတာကြိုသိနှင့်နေပေမဲ့လဲ သူ့

ကိုဆက်ချစ်နေမိပါတယ် ကာကွယ်ဖို့မပြောနဲ့ သူအနိုင်ယူပစ်ချသွားခဲ့ချိန်မှာတောင် ပြုံးပြနိုင်ဖို့ ကြိုးစား

နေခဲ့သူပါပဲ။ဘယ်လိုပဲကိုယ့်အပေါ်အနိုင်ယူပြီးထားခဲ့ပါစေကိုယ့်အချစ်တွေကဘယ်တော့မှသေဆုံးမှာ

မဟုတ်ပါဘူ့းစိတ်နာချင်နာမိလိမ့်မယ် ဒါပေမဲ့ ကိုယ်ဟာသူ့ကိုချစ်နေမြဲချစ်နေမှာပါ ထာဝရရှင်သန်

နေသောချစ်ခြင်းမျိုးနဲ့ပေါ့။



ဘယ်တော့ ထားခဲ့မလဲဆိုတာမသေချာပေမဲ့ သူထားခဲ့မှာတော့သေချာပေါက်သိနေခဲ့ပြီးသားပါပဲလေ။

အများနားလည်စေအောင်ပြောရရင် ကင်ဆာရောဂါသည်နဲ့ တူပါတယ်။သေမှာတော့  သေချာနေပါပြီ

ဒါပေမဲ့ ၆ လလား  ဆယ့်ငါးရက်လား ရက်နှစ်ဆယ်လားသာမသေချာတာလေ။   ကိုယ်မှာစွဲကပ်နေတဲ့

ဒီကင်ဆာကြီးကို ဘယ်လို တိုက်ထုတ်မလဲ မတိုက်နိုင်ပါဘူး ဆွဲထုတ်လို့လဲမရနိုင်ဘူးလေ ဒီရောဂါကြီးက

ကိုယ်ထဲမှာစွဲကပ်နေတာကို့း့အဲ့လိုပါပဲ ကျွန်တော်သူ့ကိုအရမ်းချစ်တယ် သူဆိုတာကျွန်တော့်ရင်ထဲ

မှာစွဲကပ်နေခဲ့ပါပြီ ကျွန်တော့်ကို သေဆုံးသွားနိုင်အောင်သူ လုပ်နိုင်ပါတယ် လုပ်တော့မယ်ဆိုတာလဲ

သိနေပါတယ် ဒါပေမဲ့ကျွန်တော်သူ့ကို တိုက်မထုတ်ရက်ခဲ့ဘူး သူ့ဟာသူထွက်သွားတာမျိုးကိုပဲ (သူအောင်

နိုင်သူအပြုံးနဲ့ ) ကျွန်တော့်ရင်ဘတ်ထဲကနေထွက်သွားတာကိုပဲမြင်ချင်လို့ပါ။ခြေရာဖျောက်ရတာလွယ်ပါ

တယ် အစစအရာရာကိုခြေရာဖျောက်နိုင်ပါတယ် ဒါပေမဲ့ ကျွန်တော့်ရင်ဘတ်ထဲက မသေနိုင်သော နှလုံး

သားပေါ်မှာအမြစ်တွယ်နေတဲ့ သူ့ခြေရာလေးတစုံကိုတော့ သူဖြောက်နိုင်မှာမဟုတ်ပါဘူး။တစ်ခုပဲကျွန်

တော်ဆုတောင်းမိတယ် သူထားမသွားခင်အခိုက်အတန့်လေးကို ကြာနိုင်သလောက်ကြာနေပေးပါစေလို့

ပါ။  နောက်ပြီးသူအစစအရာရာခြေရာဖျောက်ဖို့ ပြင်ဆင်ထားပါသော်ငြားလဲ ကျွန်တော်ကတော့ အစစ

အရာရာ ဖွင့်ချပြခဲ့တယ် ခြေရာဖျောက်တယ်ဆိုတာနဲ့ဆန့်ကျင်ဖက်ပေါ့။ မျှော်လင့်ချက်ကလေးတစ်ခုနဲ့ပါ

သူကျွန်တော့်ကိုပစ်ချသွားပြီးတဲ့နောက်မှာ အချိန်မရွေးနေရာမရွေးပြန်လာချင်စိတ်ရှိရင် ပြန်လာနိုင်အောင်

လမ်းကြောင်းတွေကို ချပေးထားတဲ့သဘောပါ။ကျွန်တော်နဲ့ ပက်သက်တဲ့အရာမှန်သမျှ မကွယ်မဝှက်ပြော

ပြဖြစ်တယ်။



ကျွန်တော်ဇတ်ရည်လည်လာတဲ့သဘောပါ။ကျွန်တော်ဇတ်လမ်းရဲ့အဆုံးသတ်ကိုကြိုမြင်နေရတယ်။အဆုံး

သတ်ကတော့ သူငယ်ချင်း၂ယောက်လက်ဖဝါးရိုက်နေကြလေသတည်းတဲ့ ။အဟတ်ဟတ် အဲ့အချိန်မှာဆို

ရင် ကျွန်တော်ကတော့ မျက်ရည်မြစ်ကြီးထဲမှာ ပက်လက်ကြီးဖြစ်နေမလားးး ဒါမှမဟုတ် မှောက်ရက်ကြီးများ

ဖြစ်နေလေမလားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး



ဖြိုးဇာနည့်ည တော့ညပဲ မျက်ရည်ဝဲနေလို့ နာရီကိုသေချာမကြည့်ဖြစ်လိုက်ဖူး

6

အရူး

Posted by ဖြိုးဇာနည် on Sunday, May 20, 2012 in



နှစ်ယောက်အတူတူလျှောက်ခဲ့ဖူးပါတယ့်အပြာရောင်ညလေးတစ်ညမဟုတ်ခဲ့ပေမဲ့ ကြယ်ရောင်တွေ
ကျိုးတို့ကျဲတဲ နဲ့ညကိုရွက်ကြမ်းရေကျို ပြင်ဆင်ပေးထားတဲ့ လတစ်ခြမ်းပဲ့ တစ်စင်းမင်းမူနေတဲ့ ညတွေအ
လယ်မှာပေါ့မသဲကွဲတဲ့အာရုဏ်တွေကို သူ့အချစ်တွေနဲ့အလင်းပေးရင်း သဘာဝတရားရဲ့အနိုင်
ကျင့်ခြင်းကိုခံထားရတဲ့ မညီမညာဒီလမ်းကလေးပေါ်မှာ တို့နှစ်ယောက်ရဲ့အချစ်တွေကိုတံဆိပ်ကပ်ခဲ့ဖူး
တယ်။

နှစ်ယောက်အတူတူသွားခဲ့ဖူးပါတယ့်ဘဝအမောတွေပြေပျောက်လောက်စေမဲ့အပန်းဖြေ စရာကမ်းခြေ
တစ်ခုမဟုတ်ခဲ့ပေမဲ့ မညီမညာကွေ့ပတ်စီးဆင်းလာတဲ့ ဒုဒ္ဓဝတီ မြစ်ကမ်းနှဖူးလေးတစ်ခုမှာလေပြည်ညှင်း
တွေမဟုတ် တဲ့ လေစိမ်းကြမ်းကြမ်းတွေကြားက ရေစီးနဲ့အတူမြောပါလာတတ်တဲ့သစ်ရွက်ကလေး
တွေကို နှစ်ယောက်သားအပြိုင် ရေတွက်ခဲ့ ကြဖူးတယ်လေ။ဘယ်သူ့အချစ်ကပိုများလဲလို့ ရူးကြောင်
ကြောင်အတွေးတွေနဲ့ပေါ့

နှစ်ယောက်အတူလျှောက်ခဲ့ဖူးပါတယ့်ချစ်သူစုံတွဲပေါင်းများစွာအတွက် အထင်ကရဖြစ်စေတဲ့ ခရေပင်
လမ်း ကလေးထဲမှာမဟုတ်ခဲ့ပေမဲ့ သစ္စာတွေနဲ့ နှစ်အဆက်ဆက် ဂုဏ်တတ်လာခဲ့တဲ့ ပိတောက်လမ်းက
လေးထဲမှာပေါ့ခရေလမ်းလိုတော့ ရနံမွှေးပြန့် မှုမျိုးမရှိခဲ့ပါဘူး ။ဒါမေမဲ့ သစ္စာတရားကိုတန်ဖိုးထား
တတ်သော ပိတောက်ပင်အို ကလေးရဲ့ အရိပ်စစ်ကလေးအောက်မှာတော့ ချစ်သူနှစ်ဦးဟာ သစ္စာမပျက်
ကြေး ဆိုပြီး သစ္စာ ပြုခဲ့ကြဖူးတယ်လေ့

နှစ်ယောက်အတူတူသွားခဲ့ဖူးပါတယ့်ချစ်သူစုံတွဲတွေအတွက်နောင်ဘဝ အထိပေါင်းဖက်ရပါစေသား
ဆိုပြီး ဆုတောင်းနေကြတဲ့ ရွှေတီဂုံ ဘုရားကြီးမှာမဟုတ်ပေမဲ့ တို့နှစ်ယောက်တန်ဖိုးထားပြီးကပ်လှူထား
တဲ့ ဒီအာရုဏ် ဆွမ်းလေးကိုဘုန်းပေးနေတဲ့ ကိုယ်တော် ကလေးရဲ့ တရားရိပ်အောက်မှာပဲ တို့နှစ်ယောက်
ရဲ့အချစ်တွေကို ဘဝအဆက်ဆက်တည်မြဲနေစေဖို့ ဆုတောင်းခဲ့ကြတယ်လေ့ပီတိတွေ အပြည့်နဲ့
မျက်ရည်တောင်ဝဲမိကြသေးတယ့်

နှစ်ယောက်အတူလျှောက်ခဲ့ဖူးပါတယ့်နေဝင်ရီတရောမှာ အသံတွေအရောင်တွေစုံလင်နေတဲ့ အဓိပ္ပတ္တိ
လမ်းမကြီးပေါ်မှာမဟုတ်ပေမဲ့ ဘဝကချပေးလာတဲ့အချိန်ဇယားပေါ်မှာ အကွက်ကျကျရုန်းကန်နေကြ
တဲ့ သာမည ရပ်ကွက် လေးတစ်ခုထဲမှာပေါ့ပန်းပေါင်းစုံဖူးပွင့်နေတဲ့ ပန်းခြံတစ်ခုလို မွှေးရနံပေါင်းစုံ
မခံစားရပေမဲ့ သားငယ်ကိုတရှိုက်မက်မက် မွှေးကြူနေတဲ့ ညစ်ထေးထေး သားအမိနှစ်ယောက်ကိုကြည့်
ပြီ်းအပြုံးအသစ်တစ်ချို့နဲ့ တို့နှစ်ယောက် ကြည်နူး မိကြသေးတယ်လေ့

နှစ်ယောက်အတူတူသွားခဲ့ဖူးပါတယ့်လူတစ်ကာအထင်အမြင်ကြီးတဲ့ သမ္မတ လိုရုပ်ရှင်ရုံမျိုးမဟုတ်ပေ
မဲ့ အလှူတစ်ခုရဲ့ ဇတ်ပွဲတစ်ခုမှာမှာနှစ်ယောက်သားဖျာခင်းပြီး အလင်းပေါက် ကြည့်ခဲ့ဖူးတယ်လေ့အ
ကြမ်းအရမ်း အနူးအညံ တွေကိုခံစားရင်း ကိုယ်တိုင်တိုင်ခိုက်နေရတဲ့ ဘဝတိုက်ပွဲကြမ်းကြီးကို တဒင်္ဂ မေ့
ပျောက်နေခဲ့ကြဖူးတယ့်ချစ်သူရယ့်အော့်အခုတော့

 

နှစ်ယောက်အတူလျှောက်ခဲ့ဖူးပါတယ့်နှစ်ယောက်အတူတူသွားခဲ့ဖူးပါတယ့်တွေလိုမျိုးနင်နဲ့ ပါငါ နှစ်
ယောက်အတူတူသေသွားခဲ့လိုက်မယ်ဆိုရင်
ဘယ်လောက်ကောင်းမလဲဟာ့အခုတော့ငါတစ်ယေက်
ထဲလောက ကြီးကို ငိုသံတွေနဲ့နှုတ်ဆက်ရင်း လျှောက်သွား နေခဲ့မိပြီဟာ့နင်မရှိတော့တဲ့လောကကြီး
မှာ နှစ်ယောက်အတူတူ လျှောက်သွားခဲ့ကြဖူးတဲ့နေရာလေးတွေဟာ လည်းငါ့ အတွက်ကဗျာမဆန်တော့
ဘူးလေ့နင့်ကိုသတိရတိုင်းငါဒီနေရာကလေးတွေကိုမလာရဲတော့ဘူးဟာ့လွမ်းလို့သေသွားနိုင်
တယ့်အခုတော့နင်မရှိတော့တဲ့ လောကကြီးထဲမှာငါမသေ သေးပေမဲ့ ငါဟာရူးနေပြီ့ဟုတ်တယ်
ငါရူးနေပြီ့ငါနင့်ကိုသိပ်ချစ်တယ့်ငါအရူးဘဝကိုခံယူပါရစေတော့ဟာ့


ခံစားချက်စစ်စစ်လေးများဆက်လက်မွေးဖွားနိုင်စေဖို့အတွက်ကြိုးစားပါအုံးမည့်

ဖြိုးဇာနည့်ည့၁၀း၅၅တိတိ

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.