3

ပျော်ရွှင်ခြင်းရဲ့အထက်

Posted by ဖြိုးဇာနည် on Friday, August 31, 2012 in

ပျော်ရွှင်ခြင်းရဲ့အထက်မှာ ဘာမှမရှိတော့ဘူးဆိုတာကို ကျွန်တော်ရှာဖွေတွေ့ရှိခဲ့တယ် သူသင်ပေးခဲ့တယ်လေ

နောက်ပြီးအချစ်စစ်ဆိုတာဘယ်လိုမျိုးဆိုတာကိုလဲသူ့ကြောင့်သိခွင့်ရခဲ့တယ်။အချို့သောမိန်းကလေးတွေနဲ့တွေ့

ချိန်မှာဖြစ်တတ်ခဲ့ဖူးတဲ့ ရင်ခုန်သံတွေမြန်နေတာ စကားလုံးတွေဆွံအနေတာ ရင်ခွင်တစ်ခုလုံးဗလောင်ဆူနေတာ

တွေကို အချစ်စစ်လို့ထင်ခဲ့သမျှသူနဲ့တွေ့ချိန်မှာ အယူအဆတွေမှားခဲ့မှန်းကျွန်တော်သိခဲ့ရတယ်။တကယ်တော့

ချစ်စစ်ဆိုတာ သံစဉ်မပါ ပါဘူး အရမ်းကြီးတိတ်ဆိတ်နေတာမျိုးလဲမဟုတ်သလို အရမ်းကြီးလဲနူးညံမနေပါဘူး

တလှပ်လှပ်နဲ့ ရင်ထဲမှာ ကာရံမညီတဲ့ကဗျာတစ်ပုဒ်ကို ကာရံညှိနေရသလိုပါပဲ ဝုန်းဒိုင်းကြဲနေတဲ့ ရင်ဘတ်ထဲကို

အပ်ဖျားလေးနဲ့ တဆတ်ဆတ်ထိုးဆွနေခဲ့သလို ကျဉ်တင်တင်ခံစားမူကိုဖြစ်ပေါ်လာပြီး ကြည်လင်တဲ့ ရင်ထဲကို

လှိုက်ဖိုယစ်မူးစေတဲ့ ပျော်ရွှင်မူတွေကိုအလုံးအရင်းနဲ့ဝင်ရောက်လာချိန်ပေါ့။   ဘယ်ဖက်ရင်အုံနေရာလေးမှာ

ရှိန်းတိန်းတိန်းအရသာလေးနဲ့အတူ တငွေ့ငွေ့ပူနွေးလာစေတယ်။ဟုတ်တယ် ဒါဆိုရင် သူ့ကိုတကယ်ချစ်နေ

လို့ပဲပေါ့။ ဒါကြောင့်ကိုယ်ချစ်မိနေပြီလို့ထင်ထားတဲ့ သူနဲ့တွေ့ချိန်မှာ ညိမ့်ညိမ့်လေးနဲ့ ရင်ခုန်သံတွေ ပြေးလွှား

နေမယ်  တလှိုက်လှိုက်နဲ့ ရင်ဖိုစေပြီး စိတ်ထဲမှာ ပျော်ရွှင်မူဆိုတဲ့အရာတွေဟာ စီးဆင်းလာပြီလို့ဆိုရင်တော့

ကိုယ်ဟာသူ့ကိုအချစ်စစ်နဲ့ ချစ်နေမိပြီလေ။ ဒါကြောင့်ကျွန်တော်ရဲရဲကြီးအာမ ခံလိုက်တာပါ့

ပျော်ရွှင်ခြင်းရဲ့အထက်မှာ ဘာမှမရှိဘူးလို့




2

ကြယ်ကြွေခေါ်သွားတဲ့ ညနေများ

Posted by ဖြိုးဇာနည် on Wednesday, August 29, 2012 in

နေဝင်ချိန်တွေဆိုရင် သောက်နေကျပုလင်းလေးကိုမျက်စောင်းထိုးတတ်တဲ့ လောကကြီးထဲကလူတွေကို

အားကျတယ်။သူတို့မှာသစ္စာရှိတယ်လို့အမြဲပြောတဲ့အဖော်မွန်ရှိနေတယ်လေ။


ယောင်ချာချာဆိုတဲ့စကားကို အဓိပ္ပာယ်နဲ့တကွ သေချာသိရှိလိုက်ရတာမကြာသေးပါဘူး။သိပ်ကို လေးနက်

တဲ့စကားလုံးပါပဲ။တနေကုန် အများနည်းတူလှုပ်ရှားသွားလာနေခဲ့ပြီးတဲ့နောက် ညနေပိုင်းကိုဝင်ရောက်လာ

ပြီဆိုတာနဲ့ ကျွန်တော်ဟာ အများနည်းတူမနေရတော့ပါဘူး ဘယ်နေရာကိုသွားပြီးဘာလုပ်ရမလဲ ဘယ်သူ့ကို

အဖော်ပြုရမလဲ ဘာတွေနဲ့စိတ်ဖြေရမလဲ ဘယ်လိုမျိုးစိတ်ထွက်ပေါက်ရှာရမလဲမသိခဲ့ပါဘူး။ဒါကြောင့်လောက

ကြီးထဲမှာ သူ့ဟာနဲ့သူနေသားကျနေတဲ့ လူတွေကိုအားကျမိပါရဲ့ ရုံးဆင်းချိန်မှာ ထမင်းချိုင့်ကူကိုင်ပေးသူတွေ

ထီးမိုးပေးသူတွေကိုအားကျသလို အိမ်အပြန်လမ်းမှာ ချစ်သူအတွက် ချစ်သားသမီးတွေအတွက် စားစရာလေး

တွေဝင်ဝယ် ခွင့်ရနေကြတဲ့လူအများစုကိုလဲအားကျတယ် အမျိုးမျိုးပါပဲ သူ့နေရာနဲ့သူ အံဝင်ဂွင်ကျရှိနေကြပြီး

သားလူတွေအားလုံးကိုအားကျမိပါရဲ့ နာမည်ကတော့နားထောင်လို့မကောင်းပေမဲ့ အရက်သမားဆိုတဲ့လူတွေ

တောင်ညနေတိုင်ရင် သူတို့အတွက်လောကကြီးထဲမှာအံဝင်ဂွင်ကျ လုပ်စရာလေးတစ်ခုတော့ရှိနေပြီးသားပဲ

လေ။ဒါကြောင့်နေဝင်ချိန်တွေဆိုရင် သောက်နေကျပုလင်းလေးကိုမျက်စောင်းထိုးတတ်တဲ့ လောကကြီးထဲက

လူတွေကိုအားကျတယ်။သူတို့မှာသစ္စာရှိတယ်လို့အမြဲပြောတဲ့အဖော်မွန်ရှိနေတယ်လေ။


ကျွန်တော်လား အချိန်တွေပိုနေတယ်လို့တော့မမှတ်လိုက်ပါနဲ့ အချိန်တွေမလောက်ပါဘူး ဟောဒီရင်ဘတ်

သေးသေးလေးထဲမှာ သူ့အတွက်ခံစားရတာနဲ့တင် အချိန်တွေကိုတောင်အတိုးနဲ့ ချေးငှားလို့ရရင် ချေးငှားလိုက်

ချင်နေမိသူပါ။ရင်ထဲမှာတအုံနွေးနွေးနဲ့ တငွေ့ငွေ့လွမ်းဆွေးနေရတာကို ကျွန်တော်ကြိုက်ပါတယ် သူပေးခဲ့တဲ့

ဒဏ်ရာပဲလေ တန်ဖိုးထားရမှာပေါ့။ဒါပေမဲ့ ဒဏ်ရာဆိုတာမျိုးရှိလာပြီဆိုမှတော့ ဆေးလိုအပ်ကြတာပါပဲလေ။

ကျွန်တော်အဲ့ဒဏ်ရာအတွက်ဆေးလိုအပ်နေသူပါ။အဲ့ဒီဆေးကိုကျွန်တော်ရှာဖွေနေမိတယ်။ယောင်ချာချာနဲ့

လွမ်းဆွေးနေရတဲ့ ညနေချိန်တွေမှာ ကျွန်တော်ဆေးတစ်ခုခုနဲ့ကုသချင်မိတယ် လောကကြီးထဲမှာ လှုပ်ရှား

သွားလာနေကြတဲ့ ပုထုဇဉ် လူသားတွေနည်းတူပေါ့။


ဆုံးရှုံးမူဆိုတာဟာ ပိုင်ဆိုင်ခြင်းကစခဲ့တာတဲ့ သိပ်မှန်တဲ့စကားပဲ အခုဆိုရင် ကျွန်တော့်ညနေတွေပျောက်ဆုံး

ခဲ့ပြီလေ။အရင်ကပိုင်ဆိုင်ဖူးခဲ့တဲ့ ညနေတွေကို ပျောက်ဆုံးစွှန့်လွှတ်ရချိန်မှာ ကျွန်တော်ဟာ ဆုံးရှုံးမူတစ်ခုကို

ပိုင်ဆိုင်လိုက်ရပြီပေါ့။ဒီလိုပါပဲ ရင်ဘတ်ကြီးနဲ့မဆန့်အောင်ချစ်ခဲ့ဖူးတဲ့ ကျွန်တော်ဟာ ရင်ဘတ်ကြီးနဲ့မဆန့်

အောင် ဝေဒနာဆိုတဲ့ဆုံးရှုံးမူတွေကိုပြန်လည်ပိုင်ဆိုင်လိုက်ရတယ်လေ။အခုတော့ ကျွန်တော်အဲ့ဒီ ဆုံးရှုံးမူ

ဆိုတဲ့အရာတွေကို မပိုင်ဆိုင်ချင်တော့ပါဘူး။တွေဝေနေတတ်တဲ့ညနေတွေကို ထပ်ပြီးအဆုံးရှုံးခံပစ်လိုက်

ချင်နေပါပြီ။ ဒါကြောင့်ကျွန်တော့်ပိုင်ဆိုင်မူတွေကို ထုချေပစ်ဖို့ ကျွန်တော့်ညနေတွေကို ကျွန်တော်ပြန်လည်

ရှာဖွေနေမိတယ်။ဘယ်မှာလဲ ကျွန်တော့်ညနေတွေ ဘယ်မှာလဲ ကျွန်တော့်ရဲ့ အရင်ဆုံးရှုံးသွားခဲ့ဖူးတဲ့

ကြည်နူးစရာရင်ဘတ်တစ်ခု ဘယ်မှာလဲတချိန်က ချစ်သူ????????????????????????????


ကြယ်ကြွေချိန်မှာ ဆုတောင်းရင်ပြည့်တတ်တယ်တဲ့ ဒါပေမဲ့အဲ့ဒီလိုအချိန်မှာ ဆုမတောင်းဖြစ်ခဲ့ဘူ့း

ကိုယ်ချင်းစာလို့ပါ ကိုယ်လိုချင်တာရဖို့အတွက် ကြယ်တစ်ပွင့်ကြွေကျပေးလိုက်ရတယ်လေ။သူကြွေကျ

သွားချိန်မှာအခွင့်ကောင်းယူပြီး တောင်းလိုက်တဲ့ဆုကရော ပြည့်လာနိုင်ပါ့မလား။မသေချာတဲ့အလုပ်ကို

တဖက်သားနစ်နာတာကို နင်းပြီးမှ လုပ်ရတာမျိုးကို မနှစ်မြို့ချင်ဘူ့းဥပမာ ပေါ့

ဒါဆို ဓူဝံကြယ်ကြီးကြွေကျသွားခဲ့မယ်ဆိုရင်ကော အဲ့ဒီကြယ်ကြီးကြွေကျသွားချိန်မှာ လူတွေပျော်ပျော်

ကြီးဆုတောင်းနေကြလိမ့်မယ်လို့ထင်သလား????? အမြဲတမ်းရှိနေတဲ့ အရာတစ်ခုဆုံးရှုံးသွားမှာကိုတော့

လူတိုင်းမနှစ်မြို့ချင်ကြပါဘူး။ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ဓူဝံကြယ်ကြီး ကြွေကျသွားတာကြာပါပြီ။

ဒါကြောင့် ကျွန်တော်လမ်းပျောက်ခဲ့ပြီ့


ဟုတ်တယ် လမ်းပျောက်ခဲ့ပြီ့

ကြယ်ကြွေခေါ်သွားတဲ့ ညနေများ


သူငယ်ချင်းတစ်ယောက်အိုင်ဒီယာလာပေးလို့ပါ ဒီလိုအကြောင်းလေးရေးပေးပါလားတဲ့
လမ်းပျောက်နေတဲ့ လူတစ်ယောက်အကြောင်းပေါ့တဲ့ ။ကျွန်တော်လဲ ဖျစ်ညှစ်ပြီးရေးကြည့်မိတယ်။
ဒီစာအရဆိုရင် တစ်ပုဒ်လုံးဖတ်ပြီးတာတောင် လမ်းပျောက်နေတဲ့ ပုံကသိပ်မသိသာသလိုဖြစ်နေတယ်လို့
ထင်မိတယ်။ သိပ်အားမရဘူး ဒါပေမဲ့ post လဲမတင်တာကြာနေတော့ အမြတ်ပဲပေါ့

ကြိုးစားလျှက့်ဖြိုးဇာနည့်ည့၁၁နာရီ ၂၅တိတိ




2

ကျွန်တော့် ဘဝင်

Posted by ဖြိုးဇာနည် on Thursday, August 23, 2012 in

အနောက်တောင်မုတ်သုံလေတွေတိုက်လာရင်သူ့ကိုကျွန်တော်ချစ်တယ့်

မုတ်သုန်လေဆိုတာဘယ်လိုဟာကိုခေါ်လဲကျွန်တော်မသိပါ ကျွန်တော်မသိချင်ပါ ဒါပေမဲ့ ထိုလေတွေတိုက်

ရင်သူ့ကိုကျွန်တော်ချစ်တယ်ဆိုတာ ရင်ထဲမှာအလိုလို ထွက်ပေါ်လာတယ် ရင်ဘတ်တစုံနွေးထွေးသွားသလို

ရှိန်းတိန်းတိန်းလေးဖြစ်သွားတတ်တယ် ဒါကြောင့်ဆောင်းတွင်းမနက်တိုင်းမှာကျွန်တော်နှင်းတွေ လေတွေကြား

လမ်းလျှောက်ထွက်တတ်ခဲ့တယ်  အနောက်တောင်မုတ်သုန်လေဆိုတဲ့ဝေါဟာရလေးကို  ကျွန်တော်နားလည်

ထားတာကတော့ အနောက်တောင်မုတ်သုန်လေတွေလာရင် သူ့ကိုကျွန်တော်ပိုချစ်လာတယ်လို့


ဧဝရတ်တောင် ဆိုတာဟာ အတော်မြင့်တယ်လို့ကြားဖူးပေမဲ့ ကျွန်တော်မှမမြင်ဖူးပဲလေ ဧဝရတ်တောင်ဆိုလို့

မြင့်မိုရ်တောင်ဆိုတာကရော ဖြူလားမဲလား ကျွန်တော်မသိပါ ဒါပေမဲ့ကျွန်တော်သိတာတစ်ခုကို ကျွန်တော်ပြော

ပြချင်တယ်။သူ့အချစ်တွေက ထိုတောင်တွေထက်အမြင့်ဆီကို ပို့လွှတ်ပေးနိုင်တဲ့ စွမ်းအားတွေရှိနေတယ်ဆိုတာ

ကိုပေါ့။ သူရဲ့ နှုတ်ဖျားကနေ မောင့်ကိုချစ်လိုက်တာ ဆိုတဲ့လေသံဖွဖွလေးတစ်ခွန်းက ကျွန်တော့်ကိုဘဝင်လေ

ဟတ်စေရုံတင်မကပဲ ထိုမြင့်လှပါချေရဲ့ဆိုတဲ့ အထင်ကရ တောင်တန်းကြီးတွေရဲ့ အထက်ပေပေါင်းများစွာထိ

အောင် ကျွန်တော့်ကို ဘဝင်တွေနဲ့အတူ မြင့်တတ်သွားတတ်တယ်လေ။


ကျွန်တော်ရေကူးတတ်သလားတဲ့ ??ရှက်ပြုံးရင်းဖြေခဲ့ဖူးပါတယ် ဟင့်အင်းလို့

ဆိုတော့ကာ ကျွန်တော်ရေကြောက်ပါတယ် ဒါပေမဲ့ ကဗျာဆန်ဆန်သူ့ကိုကြွားဖူးပါတယ်။သူ့အတွက်ဆိုရင်

ပင်လယ်ပြင်ကြီးခြားနေပါစေ လက်ပစ်ကူးလို့အရောက်လာပါ့မယ်ဆိုပြီးတော့လေ။ ဘာပဲဖြစ်ဖြစ်ကျွန်တော်သူ့

ကိုအဲ့လိုကြွားလိုက်တိုင်း သတ္တိပြလိုက်တိုင်းသူပြုံးတတ်ပါတယ်။အဲ့ဒီအချိန်မှာပြုံးလိုက်တဲ့ သူ့အပြုံးလေးကို

ကျွန်တော် အရမ်းမြတ်နိုးရပါတယ်။သူ့ရဲ့အဲ့ဒီအပြုံးတစ်ပွင့်ကြောင့်ပဲ ကျွန်တော်ဟာ ပင်လယ်မပြောနဲ့သမုဒ္ဒရာ

ပြင်ကြီးတစ်ခုလုံးကိုတောင်ဖြတ်ကူးရဲတဲ့စွမ်းအားတွေ ဘယ်ကမှန်းမသိဝင်လာတတ်ခဲ့တယ်။ဒါကြောင့် ပင်လယ်

ဆိုတဲ့ စကားလုံးတွေကြားရင် ကျွန်တော်သူ့ကို ပိုပြီးပိုပြီး ရင်ခုန်လာမိပါတော့တယ်။ပင်လယ်ပြင်ထက်ကလှိုင်း

တွေဘယ်လိုကြမ်းတမ်းပါတယ်ပြောပြော ကျွန်တော့်ရင်ခုန်သံတွေလောက် မကြမ်းတမ်းဖူးဆိုတာကိုလဲ သဘော

ပေါက်နားလည်တတ်ခဲ့ပြီလေ့


ဒီနေ့ကျွန်တော်တို့ china မှာ Valentine Day တဲ့ ဒီစာလေးနဲ့ ချစ်သူကိုရင်ဖွင့်ပြနိုင်လိုက်တယ့်
ချစ်သူသိပါစေ့

ကြိုးစားလျှက့်ဖြိုးဇာနည်

ည့၁၁နာရီ ၃၀တိတိ

0

မင်း မင်း မင်းးးးးး

Posted by ဖြိုးဇာနည် on Monday, August 20, 2012 in

သက်ရောက်မူတိုင်းမှာတန်ပြန်သက်ရောက်မူရှိတယ်တဲ့ ဟဟဟ မှားတယ် အကြီးကြီးမှားတယ် ငါ

ကြိုးစားပြီးပေးဆပ်ခဲ့သမျှ အလကားပဲ။ငါ့အတွက်ကဘာကျန်လို့လဲ နင့်အတွက်ကြောင့် အကြိမ်ကြိမ်

ချုပ်ရိုးကြောင်းတွေထပ်နေတဲ့ငါ့ရင်ဘတ်ကိုပဲအပြစ်တင်ရမလား ချုပ်ရိုးဖြည်ချိန်တောင်မရှိခဲ့ဘူး အခုနေ

ငါသေသွားမယ်ဆိုရင်ကော နင်ပျော်နေမှာလား နင့်အကြံအောင်သွားပြီလား တဖြည်းဖြည်းချင်း ငါ့လည်

ပင်း ကိုငါကိုယ်တိုင် ကြိုးကွင်းစွပ်ချင်စိတ်ပေါက်လာတဲ့အထိနင်ငါ့ကို လက်စားချေခဲ့တယ်နော်။နင်တို့

နိုင်ပါတယ်။အခုဆိုရင် နင့်အောင်မြင်မူဆုလဘ်အတွက် iphone 5 လဲထွက်တော့မယ်နော်။နင်ပျော်နေ

မလား။ဘာပဲပြောပြောငါမပျော်နိုင်သေးပေမဲ့ ခုနကနင့်လုပ်ရပ်ကြောင့် ငါအငိုတိတ်ခဲ့တယ်။လွန်ခဲ့တဲ့

၂၇ မိနစ်ကနင်ငါ့mailထဲကိုဝင်ကြည့်သွားတယ်နော်။ဘာလဲ သဲလွန်စကျန်မှာဆိုးလို့ သေချာအောင်ပြန်

လာ အစဖျောက်တာလား ငါမသိချင်ဘူး ဒါပေမဲ့ ငါနင့်ကို မမေ့နိုင်သေးဘူး။ မေ့ဖို့ကြိုးစားနေပါတယ်

ဒီနေ့ည ငါသောက်လာခဲ့တယ်။နောက်နေ့က စပြီးငါ မသောက်တော့ဘူး ဒီတနေ့ထဲပါ။  ငါ  စာတွေပြန်

ရေးမယ် သီချင်းတွေရေးမယ် ငါလိုင်းပေါ်တတ်ချင်မှလဲတတ်တော့မယ် နောက်နေ့ကစပြီးတော့ပေါ့။

ဘာလို့လဲဆိုတော့ ငါကြောက်နေလို့ပဲ နင့်လို မိန်းမမျိုးတွေလိုင်းပေါ်မှာ အများကြီးရှိနေနိုင်သေးတယ်။

မဟုတ်ဖူး အဲ့လိုမနေဘူး ငါဟာငါ အရင်လိုပုံစံလေးပဲနေတာကောင်းပါတယ်။စိတ်ချမ်းသာခြင်းဆိုတာ

ကို ငါအရှာမတတ်ခဲ့ဘူး ငါလမ်းမှားလိုက်ခဲ့တယ်။အခုအချိန်မှာငါပိုင်တာဆိုလို့နင့်ရဲ့ **** လေးတွေပဲ

ရှိတော့တယ်။နင်ပြန်လိုချင်နေမလား ငါမပေးနိုင်ဘူး။ဟုတ်တယ် တစ်သက်လုံးပြန်မပေးဘူး ငါဆီမှာအ

များကြီးကျန်နေခဲ့တယ်။


အမှတ်တရအဖြစ်ပေါ့ ငါတစ်သက်လုံးသိမ်းထားမှာပါ။


နင်ပျော်တယ်မလား ငါ့ကိုလည်မြိုနင်းရတာ အတော်အရသာရှိလား????????


ဟဟဟ အတော်ရယ်ရတယ် ဟာသတစ်ပုဒ်တင်မိပြန်ပြီ အတော်ကောင်းတဲ့စာသားလေးတွေပဲ :P :P :P

3

ကိုယ့်ရဲ့ကောင်းကင်

Posted by ဖြိုးဇာနည် on Wednesday, August 08, 2012 in



ငယ်ငယ်တုန်းက  ကိုယ်ရဲ့ကောင်းကင်ဆိုတာ  နေ့အခါမှာဆိုရင် ရွှေ့လျှားနေတဲ့တိမ်တွေဖြစ်ပြီး

ညအခါမှာဆိုရင်တော့ အလင်းနွေးနွေးလေးပို့လွှတ်ပေးတတ်တဲ့လမင်း တစ်စင်းလို့သာမြင်တတ်

ခဲ့တယ်။လိုအပ်ရင် ကောင်းကင်ကိုမော့ကြည့်ပြီး ထမင်းဆီဆမ်းကိုရွှေလင်ဗန်းနဲ့တောင် တောင်း

ခဲ့လိုက်သေးတယ်။တကယ်ရမရသေချာမသိခဲ့ပေမဲ့ တောင်းရတာကို ပျော်နေခဲ့တယ်။


ကလေးဆိုတဲ့အရွယ်ကိုရလာတော့  ကိုယ့်ရဲ့ကောင်းကင်ဆိုတာ  နေ့အခါမှာဆိုရင် ကြောက်စိတ်တွေ

ကို မြေကြီးထဲတွန်းပို့ထားပေးပြီး လွတ်လပ်စွာဆော့ကစားရတဲ့အချိန်တွေကို ပေးစွမ်းထားတဲ့ ကာလ

တစ်ခုလို့သတ်မှတ်ပြီး ညအခါမှာဆိုရင်တော့ ကိုယ့်ကို အပေါ့သွားဖို့ရာအတွက်တောင်အဖော်ရှာပြီးမှ

ထွက်ရဲတဲ့ သတ္တိမျိုးကိုဖြစ်ပေါ်လာစေအောင် ပြုလုပ်ပေးတဲ့ ကာလတစ်ခုလို့မြင်တတ်ခဲ့တယ်။


အရွယ်နဲနဲရလာတော့  ကိုယ့်ရဲ့ကောင်းကင်ဆိုတာ  နေ့အခါမှာဆိုရင် ပူပြင်းတတ်တဲ့ ခရမ်းလွန်ရောင်

ချည်တွေပို့လွှတ်တတ်တဲ့နေရာအဖြစ်သတ်မှတ်ပြီး  ညအခါမှာဆိုရင်တော့  ဂစ်တာတစ်လက်နဲ့သံစဉ်

တွေ မွှေနှောက်ရာအချိန်ကာလတစ်ခုလို့ သတ်မှတ်ခဲ့မိပြန်တယ်။


တစ်ဆစ်ချိုးပြီးပြင်းလာချိန်မှာတော့ ကိုယ့်ရဲ့ကောင်းကင်ဆိုတာ နေ့အခါမှာဆိုရင် ချစ်စရာသူ့မျက်

နှာလေးကို အလွမ်းပြေအခါခါကြည့်ရူနိုင်အောင် ပုံဖော်ပေးထားတဲ့ ပန်းချီကားတစ်ချပ်လို့ မြင်ယောင်

ခဲ့ပြီး ညအခါမှာဆိုရင်တော့  ချစ်သူ့ရဲ့ တစ်နေ့တာအပြုံး ချိုချိုလေးတွေကို  ကောင်းကင်ပေါ်မှာသိမ်း

ဆည်းထားသမျှ ကျွန်တော့်ဆီပြန်လည် ချွေချပေးပြီး ကျွန်တော့်အိမ်မက်တွေကို အလှဆင်ပေးနေတဲ့

သံတမန်တစ်ဦးလို့လဲ သတ်မှတ်ခဲ့ရပြန်တယ်လေ။


ဘဝဆိုတာကိုနားလည်တတ်တဲ့အရွယ်ရောက်တော့ ကိုယ့်ရဲ့ကောင်းကင်ဆိုတာ နေ့အခါမှာဆိုရင်

အိမ်သူကို စိတ်မချလို့ ရုံးကနေအိမ်ကိုပဲပြန်ချင်နေတဲ့ ကာလတစ်ခုအဖြစ်သတ်မှတ်ပြီး ညဆိုရင်တော့

ချစ်ရသူ ပခုံးလေးကိုမှီပြီး တိမ်မဖုံးတဖုံး လတစ်စင်းကို ငေးကြည့်ရင်း သူရွတ်ပြတဲ့ကဗျာလှလှကလေး

တွေကို ခံစားစံစားရာအချိန်ကာလတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ရပြန်ပါတယ်။


လူဖြစ်လာပြီလို့သတ်မှတ်ရတဲ့အရွယ်ကိုရောက်တော့ ကိုယ့်ရဲ့ကောင်းကင်ဆိုတာ နေ့အခါမှာဆိုရင်

စကားမပီကလာ ပီကလာနဲ့ ဂျီကျတတ်တဲ့ကလေးတစ်ယောက်ရဲ့ စကားတွေကို အပြုံးနဲ့နားဆင် နိုင်

အောင်ပေးစွမ်းတဲ့အချိန်တခုအဖြစ်သတ်မှတ်လာပြီး ညအခါမှာဆိုရင်တော့ အနမ်းဖွဖွလေးနဲ့ မရိုးနိုင်

တဲ့ပုံပြင်ရှည်တွေကို တဖွဖွ ပြောပြရင်း ချစ်စရာကလေးငယ်နဲ့အတူ အပန်းဖြေအိပ်စက်အနားယူတဲ့

အချိန်တွေလို့ သဘောထားဖြစ်ခဲ့တယ်။


လောကကြီးအကြောင်းကိုကောင်းကောင်းသိလာတဲ့အရွယ်ကိုရောက်တော့ ကိုယ့်ရဲ့ကောင်းကင်ဆို

တာဟာ နေ့အခါမှာဆိုရင် ချစ်လှစွာသော မြေးလေးတွေ အိမ်ကိုများလာလည်ကြမလားလို့ မျော်နေရ

တဲ့အချိန်တစ်ခုအဖြစ်ခံယူရင်း ညအခါမှာဆိုရင်လဲ  မျှော်လင့်ချက်တွေကို ချိုးနှိမ်ရင်း  ဖေဖေတို့ နေ

ကောင်းကြရဲ့လားဆိုတဲ့ ဖုန်းသံလေးကိုမျှော်နေမိကြရတဲ့ အချိန်ကာလတစ်ခုပဲပေါ့။


သင်္ခါရသဘောတရားကိုကောင်းစွာနားလည်ရင်း နောင်တတွေကိုထိတွေ့မိစေတဲ့ အရွယ်ကိုရောက်

တော့ ကိုယ့်ရဲ့ကောင်းကင်ဆိုတာ နေ့အခါမှာဆိုရင် လျှစ်လျှူရှုထားမိတဲ့ ကာလရှည်တစ်လျှောက်

လုံးအတွက်နောင်တတွေ နဲ့အတူသတိယ လွမ်းဆွတ်မိတဲ့အချိန်တွေဖြစ်လာစေခဲ့ပြီး ညအခါမှာဆိုရင်

တော့  အပြုံးလှလှလေးတွေနဲ့ ပြုံးပြနေတဲ့ မိဘနှစ်ပါးကို ဦးခိုက် ကန်တော့နိုင်စေဖို့ ဖြန့်ကျက် ပုံဖော်

ပေးထားတဲ့ ကောင်းကင်ကြီးတစ်ခု ကိုယ့်အပေါ်ရောက်လာစေတဲ့





ကြိုးစားလျှက့် ဖြိုးဇာနည်
ည့၁၂ နာရီတိတိ


1

အချစ်အကြောင်း တစေ့တစောင်းအတွေးများ ( ၂ )

Posted by ဖြိုးဇာနည် on Monday, August 06, 2012 in

ဒီတစ်ခါမှာတော့ ခင်မင်မူကိုအစပျိုးနည်းလေးကို လေ့လာမိသလောက် ပြန်လည်တင်ပြချင်ပါတယ်။

တကယ့်လက်တွေ့ အသုံးချဖူးသောနည်းလမ်းများဖြစ်ပါတယ်။သူငယ်ချင်းများထံမှ ကိုးကားထားခြင်း

ပါ သူတို့လုပ်ဆောင်ချိန်မှာ ကိုယ်တိုင် ကူညီပေးဖူးခဲ့သော နည်းလမ်းလေးတချို့ဖြစ်ပါတယ်။ပေါ့ပျက်

ပျက်ဆန်ချင်ဆန်နေပါလိမ့်မယ် သို့သော် တကယ်ကိုအကျိုးသက်ရောက်မူရှိသောကြောင့်ယခုလက်ရှိ

မှာပင် အောက်ပါအချက်များကြောင့် သူငယ်ချင်းတစ်ယောက်အိမ်ထောင်ကျသွားပါပြီ :P :P :P



သူတစ်ယောက်ထဲအပြင်ထွက်တတ်တာများသလား သူငယ်ချင်းတွေနဲ့အုပ်စုဖွဲ့ထွက်တာပိုများသလား

သတိထားရမှာပါ တကယ်လို့သူတစ်ယောက်ထဲအပြင်ထွက်ချိန်မှာ ကိုယ်သူနဲ့ရင်းနှီးမူမရှိသေးရင် သူ့

နောက်ကမလိုက်ပဲ လွတ်လပ်စွာပေးသွားခိုင်းလိုက်ပါ ရင်းနှီးမူမရခင် သူတစ်ယောက်ထဲရှိနေချိန်မှာဝင်

ရောဖို့ကြိုးစားတာဟာ နှောက်ယှက်တာနဲ့တူပါတယ်။သူမရဲ့ သူငယ်ချင်းတွေနဲ့အတူ အပြင်ထွက်ချိန်မှာ

ရင်းနှီးမူတစ်စုံတစ်ခုရအောင်ကြိုးစားတာဟာ ပိုပြီးလွယ်ကူစေပါတယ်။မုသားမပါလင်္ကာမချောဆိုတဲ့

စကားကိုလက်ကိုင်ထားပါ သူမသူငယ်ချင်းတွေထဲက ပိုပြီးဖော်ရွေမယ်လို့ထင်ရသူကို ပထဆုံး ခင်မင်

မူရယူသင့်ပါတယ်။ဒီလိုရင်းနှီးမူရယူချိန်မှာ သူမတို့ဆိုင်ထိုင်နေတုန်းပိုက်ဆံရှင်းပေးတာမျိုးမလုပ်မိအောင်

အတတ်နိုင်ဆုံးရှောင်ပါ။အထူးသဖြင့် ပထမဆုံးသူတို့အုပ်စုနဲ့ခင်မင်မူစတင်ချိန်မှာ သူမတို့ထိုင်နေသော

ဆိုင်မှာ စားပွဲအနီးနားမှာမထိုင်မိအောင်ရှောင်ကျဉ်ပါ။ ထိုဆိုင်ထဲကိုမဝင်ခိုင်းတာမဟုတ်ပါ ဝင်ပါ ဒါပေမဲ့

ပါဆယ်သာဝင်ဝယ်ပြီး ပြန်လာတာမျိုးဟာအကောင်းဆုံးပါ။


ရင်းနှီးမူရယူဖို့ရာအတွက် နည်းလမ်းအမျိုးမျိုးရှိပါတယ်။သူမတို့ထိုင်ချိန်မှာ အကူအညီတောင်းပါ သူမတို့

အိမ်နားလေးကဆိုင်တဆိုင်ဆိုင်သို့မဟုတ် အိမ်တစ်အိမ်အိမ်အကြောင်းကို မေးပါ ဘယ်လိုသွားရသလဲ

ဆိုတာမျိုးပါ။သူမအိမ်နားမှာဖြစ်တဲ့အတွက် သူမဟာ အနည်းဆုံးတော့ တစ်ခွန်းစနှစ်ခွန်းစ လမ်းညွှန်ပေး

ပါလိမ့်မယ်။အကြောင်းအရာခိုင်မာဖို့လိုပါတယ် လူကြုံတစ်ဦးဦးက စကားအမှာပါးလိုက်တဲ့ အကြောင်း

ကို တည်ပြီး ထိုအိမ်ကိုမေးရင်ပိုသင့်တော်ပါတယ်။ပစ္စည်းအမှာပါးရင် သူတို့ယူသွားပေးမယ်ဆိုတာမျိုး

ဖြစ်တတ်ပါတယ်။စကားအမှာပါးလိုက်တာမျိုးဖြစ်တဲ့အတွက် လူကိုယ်တိုင်သွားရမှာမို့ သေချာမေးလို့ရ

နိုင်ပါတယ် အခွင့်အရေးကတော့ စကားပြောချိန်ပိုမိုကြာရှည်စွာရနိုင်ပါတယ် အဆင်ပြေရင် သူတို့နဲ့အတူ

သူတို့အိမ်လမ်းထိပ်အထိပါအတူသွားခွင့်ရနိုင်ပါတယ်။အကျိုးဆက်ကတော့ သူတို့ကို ကျေးဇူးတင်ခွင့်

မျိုးရလိုက်နိုင်တာပါ ဒါမှနောင်တခါ မတော်တဆဆုံတွေ့မူမျိုးဖြစ်ခဲ့မယ်ဆိုရင် ကူညီဖူးတဲ့ကျေးဇူးကြောင့်

မုန့်လိုက်ကျွေးပါရစေဆိုတာမျိုးနဲ့ ထပ်မံပက်သက်နိုင်ပါတယ်။


ဒီနည်းလမ်းကို မလုပ်ရဲပါက  နောက်နည်းလမ်းလေးတစ်ခုနဲ့  အကြံပေးချင်ပါတယ်။ငြင်းခုန်ပါ :) အဖော်

တစ်ယောက်အကူအညီလိုပါတယ် သူမတို့အုပ်စုရှိနေရာ အနီးနားမှာ သူမတို့ကြားအောင် ငြင်းခုန်ပါ တစ်

ယောက်က ဟုတ်ပါတယ် ဆိုရင် နောက်တစ်ယောက်က မဟုတ်ပါဘူးဆို့ အဲ့လိုမျိုးလေးပါ သူတို့သတိ

ထားမိဖို့အရေးကြီးပါတယ်။ပထမတစ်ခါ သူတို့အုပ်စုရှိရာနေရာမှာ ငြင်းပါ ဒုတိယတစ်ခါ တခြားနေရာတစ်

ခုခုမှာ ကိုသူမတို့ရောက်ရှိနေချိန်မှာ သူမတို့အနားသွားပြီး သူမတို့သတိထားမိအောင် ထပ်မံငြင်းခုန်ကြပါ။

ဟုတ်တယ်ကွာ   မဟုတ်ဖူးပါဆိုကွာာာာ အဲ့စကားကိုအကြိမ်ကြိမ်ပြောကြရမှာဖြစ်ပါတယ်။နောက်မှ သူတို့

သတိထားမိတာသေချာပြီဆိုရင်တော့ သူတို့အုပ်စုအနား မဝံမရဲပုံစံဖြင့်ကပ်သွားရင်း အကူအညီတောင်းပါ။

( အကူအညီတောင်းခြင်းသည် ခင်မင်မူကိုရယူရန် အကောင်းဆုံးလက်နက်ဖြစ်ပါသည်။ ) အစ်မ တို့ကို အ

ကူညီတစ်ခုလောက်တောင်းလို့ရမလားခင်ဗျာ-- ထိုစကားနှင့်အစချီပါ မြန်မာပြည်သူများဖြစ်ပါသည် မရိုင်းပါ

ကူညီမည့်အကြောင်းသေချာပေါက်ပြောပါမည် ထိုတော့မှ ကိုယ်စိတ်ဝင်စားသူ သူမကိုတည့်တည့်မေးပါ

သူမနာမည် ကိုမေးပါ့မေးရာမှာ အစ်မနာမည်က --- ဟုတ်တယ်မလားဟင် ဆိုတာမျိုးပါ အဲ့လိုမေးရမှာ

ဖြစ်ပါတယ် သူအတွက်အဖြေက ဟုတ်ပါတယ် မဟုတ်ဖူး အဲ့လိုလေးပဲ အဖြေထွက်စေတာမျိုးဖြစ်ပါတယ်။

သူမနာမည်အမှန်ကိုသာ ပြောပြီး ဟုတ်တယ်မလားဟင် ဆိုတာမျိုးမေးပါ။အဲ့ချိန်မှာ သူမကဟုတ်ပါတယ်

ဆိုတဲ့အဖြေကိုဖြေမှာပါ။ဒီတော့မှ ကိုယ့်ဘေးက မဟုတ်ပါဘူးဆိုပြီး ကူငြင်းပေးရှာသော သူငယ်ချင်းကို

သူမတို့ရှေ့မှာ တွေ့လားငါမှန်တယ် ဆိုတဲ့အကြည့်မျိုးနဲ့ကြည့်ပြီ အားရပါးရပျော်ပြပေးပါ။ နောက်မှာတော့

သူမကို ကျေးဇူးစကားပြောပါ တစ်လက်စထဲမိတ်ဆက်ပါ။နောက်တော့ နောက်တော့

ကိုယ့်နှုတ်က ပြောလိုက်တဲ့စကားလုံးတွေအပေါ်မူတည်ပြီး သူမတို့အုပ်စုနဲ့ ကောင်းကောင်းချင်သွားတဲ့

အဆင့်ထိကို တစ်ထိုင်ထဲရောက်သွားနိုင်ပါတယ်။ (အဓိကအချက်ကတော့ သူတို့နဲ့မိတ်ဆက်နေချိန်မှာ

မိမိတို့သူငယ်ချင်းနှစ်ယောက်ဟာ သူမတို့ပြောလိုက်တဲ့စကားလုံးတိုင်းအပေါ်အခြေအနေကြည့်ပြီး ငြင်း

ခုန်ကြဖို့လိုအပ်ပါတယ် ) ဒါမှ ပျော်တတ်တယ်နော် ခင်ဖို့ကောင်းတယ်ဆိုတာမျိုးသူမတို့တွေးမိသွားစေ

မှာဖြစ်ပါတယ်။


ညနေစောင်းမှာ ဒီနေရာလေးကို ရောက်ဖြစ်ခဲ့တယ် သူငယ်ချင်းအိမ်မှာ ကွန်ပျူတာသွားပြင်ပေးရင်း အပြန်

မှာဝင်ဖြစ်လိုက်တာပါ။စိတ်ထဲမှာ ကြည်နေတာကတကြောင်း ကွန်ပျူတာလေးကိုလဲ လွယ်လာမိတာက

တကြောင်းဆိုတော့ မြန်မာတုန်းကပျော်ခဲ့ဖူးတာလေးကိုပြန်တွေးမိပြီးဒီစာလေးကို ရေးဖြစ်လိုက်ပါတယ်။

ကလေးအတွေးသာသာလေးပါ ကလေးကွက်လို့ပြောလဲရပါတယ်။ဟာသအနေနဲ့ဖတ်ရင် ပိုသင့်တော်ကြ

မယ်လို့ထင်ပါတယ်။စာရေးပြီးတော့ ငါးစာကျွေးဖြစ်လိုက်သေးတယ် တော်တော်လေးပျော်ခဲ့တယ်။


ကြိုးစားလျှက်
ဖြိုးဇာနည့်ညနေ့၆နာရီ၃၀မိနစ်တိတိ


Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.