4
မလုပ်သင့်သော ဖြစ်သင့်ခြင်း
Posted by ဖြိုးဇာနည်
on
Monday, July 30, 2012
in
ကျွန်တော်ဇာနည်ရဲ့အတွေး
နားထဲကိုလေတွေအတောင့်လိုက်ဝင်သွားတယ်
ဒါဆိုသူရောက်နေပြီလေ့သူအကျင့်အတိုင်း ကျွန်တော့်နား
ကိုတိတ်တိတ်လေးကပ်လာပြီး
နားထဲကိုလေးငွေ့ငွေ့လေးတွေမှုတ်သွင်းပြီးကျီစယ်တတ်သူ့
အပြင်မှာတင်မဟုတ်ပါဘူး
နံပတ်မမြင်ရတဲ့ နံရံကပ်အလှသုံးကြိုးဖုန်းလေးကိုသူတမင်ဆက်ပြီး ကျွန်တော်ကိုင်
လိုက်မှနားထဲကိုလေကလေးတွေ
ဖူးခနဲ့မှုတ်ထုတ်ပြီးတော့လဲ ပြောတတ်သူကောင်မလေးပေါ့
အဲ့နေ့က မိုးရွာတယ်
၂ယောက်လုံးထီးမပါကြဘူး မယူကြတာပါ မိုးရွာမှန်းသိရက်နဲ့ အခုသွားရအောင်တဲ့ သူ
အရင်စကမ်းလှမ်းလာတယ်
ကျွန်တော်ကလဲ ဟုတ်တဲ့ တခွန်းထဲပါပဲ။
လူကြီးတွေသဘောမတူကြဘူး
ခိုးတွေ့ရတာလဲပျော်စရာတမျိုးပါပဲ။ဒါပေမဲ့ ဒီနေ့ကျွန်တော်တို့ ၂ယောက်ရင်
ထဲမှာ တုန်ရီနေကြတာချင်းကတော့အတူတူပါပဲ။တိုင်ပင်ထားတဲ့ကိစ္စတစ်ခုကို
အကောင်အထည်ဖော်ကြရ
တော့မဲ့အချိန်ဟာလဲ
အရမ်းနီးလာပြီကိုးးးးးးးး
သူ့အိမ်ရှေ့ရောက်တာနဲ့ကျွန်တော်ဟွန်းသံပေးလိုက်တယ်
သူ့လက်ဖဝါးသေးသေးလေး၂ဖက်ကိုခေါင်းပေါ်ကာ
ရင်းသူပြေးလာတယ်။ကျွန်တော်တံခါးအဆင်သင့်ဖွင့်ပေးထားလိုက်တယ်
ပြီးတော့ သူကြိုက်တဲ့သီချင်းလေး
တစ်ပုဒ်ကို
ခပ်ငြိမ့်ငြိမ့်လေးဖွင့်ပေးလိုက်ပြီးကျွန်တော်မောင်းထွက်ခဲ့တယ် အဲ့အချိန်မှာ သူ့စကားလေးတခွန်းးးးး
အသံထွက်အောင်ရယ်လိုက်ရင်းနဲ့
တော်တယ်တဲ့
သူဘယ်သွားချင်လဲကျွန်တော်မသိပါဘူး
ဒါပေမဲ့ကျွန်တော်တို့သွားသင့်တဲ့နေရာကိုသူသိနေတယ် သူအဲ့ဒီ့နေရာ
ကိုမောင်းခိုင်းတယ်။ကျွန်တော်တို့
တစ်ဘဝစာနီးဖို့အတွက်လို့တွေးမိတာလိုက်တိုင်းကျွန်တော်ပျော်ရပါတယ်။
ဒါကြောင့်တန်းတန်းမတ်မတ်မောင်းလိုက်တယ်။သီချင်းတစ်ပုဒ်ပြီးသွားချိန်မှာ
ကျွန်တော်အသံနဲနဲထပ်ချဲ့လိုက်
တယ်။ဒီတော့သူ့လက်ညှိုးလေးထောင်ပြီးကျွန်တော့်နှုတ်ခမ်းနားလာကပ်တယ်။ ကျွန်တော်ပြုံးလိုက်တယ်
ပြီးတော့
သီချင်းကိုပိတ်ပေးလိုက်တယ်။သူ့ရယ်သံတစ်ချက်ကြားလိုက်ရတယ် နောက်ပြီးကျွန်တော့်နားထဲကို
သူ့အသက်ရူသံတချို့လာရိုက်ခတ်လိုက်ပြီး
လေသံတိုးတိုးလေး တစ်ခုနားထဲတိုးဝင်လာတယ် ရှင့်ကိုချစ်တယ်
တဲ့
ကျွန်တော်ပြုံးနေမလား
J
ပြုံးနေတာမှ အသံကိုမထွက်နိုင်လောင်အောင်ကိုပြုံးနေမိတာပါ သူနဲ့ကျွန်တော်
ချစ်သူဖြစ်ခဲ့တာကြာပေမဲ့
ကျွန်တော်မပြောခိုင်းပဲသူအဲ့လိုသိပ်ပြောလေ့မရှိပါဘူး တစ်ခါတစ်ခါသူစိတ်ကူးပေါက်
လို့ အဲ့လိုလေးပြောလာရင်
ကျွန်တော်သိပ်ကိုပျော်ရပါတယ်။အပျော်တွေနဲ့အတူ အချိန်တစ်ခုကို ကျွန်တော်တို့
ကျေနပ်စွာကုန်ဆုံးပစ်လိုက်ကြတယ်။ပြီးတော့
မိုးရွာထဲလမ်းလျှောက်ဖြစ်ကြတယ် လမ်းလျှောက်နေရင်းသူ
ငိုတယ် ပြီးတော့သူကျွန်တော့်ကိုပြုံးပြတယ်
နောက်ပြီးသူ ကျွန်တော့်လက်ကိုတွဲဆုပ်လိုက်ပြီး အသံထွက်
အောင်ကို
ရယ်မောလိုက်သေးတယ် ဟုတ်ပါတယ်သူပျော်မယ်ဆိုရင်လဲပျော်နိုင်ပါတယ် ကျွန်တော်တို့အောင်
မြင်သွားခဲ့ပြီလေ့
ညနေစောင်းတော့
သူနှုတ်ခမ်းလေးမှာအရောင်တွေလွှင့်သွားခဲ့တယ်။ကျွန်တော်တို့နှုတ်ဆက် အနမ်းတွေမ
ပေးဖြစ်ကြတော့ပဲအိမ်ပြန်ချိန်ကိုရင်ဆိုင်နိုင်ခဲ့တယ်။သူ့အိမ်အထိလိုက်ပို့ပေးရင်း
မိုးရေတွေစိုပြီးချမ်းနေတဲ့
သူ့ကို အပြုံးနွေးနွေးလေးတစ်ပွင့်နဲ့ကျွန်တော်နှုတ်ဆက်ခဲ့တယ်။တစ်ယောက်ထဲအပြန်လမ်းမှာပြုံးနေရင်း
သူထိုင်သွားတဲ့
ထိုင်ခုံကူရှင်လေးမှာစိုနေတဲ့မိုးရေတွေကို လက်ကလေးနဲ့ပွတ်သပ်မိလိုက်သေးတယ်။
ညရောက်တော့သူဖုန်းဆက်လာတယ်
ဖျားပြန်ပြီတဲ့။သူနေမကောင်းတာကြာပါပြီ ဒါပေမဲ့ သူမိုးကိုချစ်တယ်
ဆိုတာသိတဲ့အတွက်
ကျွန်တော်အလိုလိုက်မိသွားတယ်။အခုတော့သူဖျားပြန်ပြီလေ။ဒါဟာသူ့ကြောင့်လား
ကျွန်တော့်ကြောင့်လားမသိပေမဲ့
ကျွန်တော်တို့၂ယောက်လုံးတစ်ယောက်ကိုတစ်ယောက်အလိုလိုက်မိကြတာ
ကြောင့်ဆိုတာတော့အမှန်ပါပဲ။ကျွန်တော်မတောင်းတဲ့အရာတစ်ခုကိုသူပေးခဲ့တယ်
သူမတောင်းတဲ့အရာတစ်
ခုကိုလဲကျွန်တော်ပေးခဲ့တယ်။ဒါဟာ
အပြစ်တစ်ခုကိုဖန်ဆင်းလိုက်တာများဖြစ်သွားမလား။ဘယ်လိုအပြစ်ပဲ
လို့ယူဆယူဆ
ဒါဟာကျွန်တော်တို့၂ယောက်နီးစပ်ဖို့ပဲမဟုတ်ပါလား။
ဒီစာမေးပွဲသာအောင်ခဲ့မယ်ဆိုရင်
နောက်၂လ ၃လ အတွင်းသူနဲ့ ကျွန်တော်တို့သေချာပေါက် လက်ထပ်ကြ
ရပါတော့မယ်။
ဘယ်သူတွေဘယ်လိုပဲသဘောမတူခဲ့မတူခဲ့ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့ ၂ယောက်
ဘယ်လိုမှမဝေးနိုင်တော့ပါဘူး။
ဖြူစင်တဲ့အချစ် တွေကို အရောင်ဆိုးပြီး ရင်းနှီးလိုက်ကြတဲ့ ချစ်သူ၂ယောက်
ပါပဲ။ဒီရင်းနှီးမူကြောင့်
သူပြို့အန်လိမ့်မယ် နောက်ပြီးသူအဆူခံရလိမ့်မယ် ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက်
ရဲ့ ဘဝ၂ခုကတော့
ရာသက်ပန်ပေါင်းကြရတော့မှာပါ့
အဆုံးသတ်ရလဒ်ကတော့ <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3
ဘာရယ်မဟုတ်ပါဘူး တွေးကြည့်တယ်
လက်တွေ့ဘဝထဲမှာဖြစ်ပျက်နေတတ်တာတွေကိုဝင်ခံစားကြည့်တယ်။လွဲ
ချော်နေမလား အတွေးက ရိုင်းနေမလား
ကိုယ့်ကိုကိုယ်လဲ ဝေခွဲမရဘူးဖြစ်နေတယ် ဒီ post လေးကိုလဲတင်
ရင်ကောင်းမလား မတင်ပဲထားရင်ကောင်းမလား
အကြိမ်ကြိမ်ဝေခွဲမရလဲဖြစ်ရပါတယ် ကိုယ့်စာတပုဒ်ကြောင့်
စာဖတ်သူတွေ အထင်မှားသွားမှာလဲစိုးရိမ်မိတယ်
နောက်ဆုံးတော့ ကျွန်တော်ဇာနည်ရဲ့ ထုံးစံအတိုင်းပါပဲ
ဖြစ်ချင်ရာဖြစ်ကွာ
ကိုယ့်စိတ်ထဲသန့်ရင်ပြီးတာပဲဆိုပြီးတင်ပစ်လိုက်တယ်။တခါတလေ ရိုင်းသွားမယ်ဆိုရင်
ဒီနေရာလေးကနေပဲ စာဖတ်သူတို့ကို
တောင်းပန်လိုက်ရပါတယ်။ကလေးသူငယ်တွေ ဖတ်မိရင်လဲအတွေး
သက်သက် Post လေးတစ်ပုဒ်မို့နားလည်ပေးစေချင်ပါတယ်။
ကြိုးစားလျှက့်
ဖြိုးဇာနည့်ည့၁၁ နာရီ ၅၅ တိတိ