အမြဲတမ်းအလျှော့ပေးတော့ ကမ်းတတ်ချင်လာတယ်
တစ်ခါတစ်လေတော့လဲအနိုင်လိုချင်မိတယ်။
********************************
ဖုန်းစပီကာကနေ လူကြီးမင်းဆိုတာမကြားရတော့အတော်ပျော်သွားတယ်
ဒေး
ဘာလဲ
ဒေးကလဲကွာ ရှင် မောင်ပြောလေ ဆိုသိပ်ကောင်းမှာပဲ
ထူးရင်ပြီးတာပဲမဟုတ်လား ဒါဆိုမထူးပဲနဲ့နေလိုက်ရမှာလား
ကျွတ်ဒေးကွာ
မောင်မရစ်နဲ့ကွာ အခုလိုဆက်ရစ်နေမယ်ဆိုရင်ဖုန်းချလိုက်ရမှာလား
ဘယ်သူကရစ်နေတာလဲ ဒေးရာ မောင့်ကိုတစ်ခါတစ်လေစိတ်ချမ်းသာအောင်ထားပေးပါလား
မနက်ကလဲ ဖုန်းကိုဘလက်လစ် ထဲထည့်ထားတယ် အခုမှဖွင့်တယ် မောင်တစ်နေကုန်ခေါ်နေတာ
ဘာလို့အဲ့လိုလုပ်ရတာလဲ။
အဆင်မပြေလို့ပေါ့ မေမေတို့နဲ့အတူတူရှိနေရင် အဲ့လိုလုပ်မယ်လို့ပြောထားတာပဲ
ပြီးတော့ဘယ်သူက
ဖုန်းဆက်ခွင့်ပေးထားလို့လဲ။
မောင်လဲမဆက်ပဲနေနိုင်သလောက်နေကြည့်ပါတယ် ဒါပေမဲ့ဒေးကမောင့်ကိုပစ်ထားတာကိုးလို့
မောင်တ
ကယ်အရမ်းလွမ်းလာလို့ဆက်လိုက်တာပါ။
အဲ့တာပြောတာပေါ့အဆင်ပြေရင်ဘယ်သူက ပစ်ထားလို့လဲ မောင်လဲသိနေတာပဲဟာကို
ဒေး မောင်ဒေးနဲ့အခုမှစကားအကောင်းပြောရတာ အခုလိုအချိန်ခဏလေးမှာမောင်ပျော်ချင်တယ်
မောင့်ကိုစိတ်ချမ်းသာအောင်ထားပေးပါနော်။
အဲ့တာမောင့်အပေါ်မှာပဲမူတည်တယ်မောင်
မောင်တကယ်လွမ်းနေတာဒေးရယ် မောင့်ကိုအနမ်းလေးတစ်ပွင့်လောက်ပေးပါနော်
တော်ပါ
ဟော် မေမေပြန်လာပြီမောင် ဒေးဖုန်းချလိုက်တော့မယ် ထပ်မခေါ်နဲ့နော်
မနက်ဖြန်အဆင်ပြေရင်
ဒေး ဖုန်းဆက်လိုက်မယ်။တာ့တာ
တူ………တူ…………တူ………တူ…………………………
ဒေါသထွက်ရမလား သူ့ဖုန်းနံပတ်ကိုပဲ blacklist ထဲပြန်ထည့်ပစ်လိုက်ရမလား
တကယ်စိတ်တိုမိတာတော့
အမှန်ပဲ ချစ်သူသက်တမ်းတလျှောက်မှာ အစပိုင်းတုန်းကတော့ ကိုယ့်ကိုအားတိုင်းဖုန်းဆက်နေလွန်းလို့
တစ်ခါတစ်လေ ဖုန်းတောင်ပိတ်ထားဖြစ်တယ်။
အခုတော့
ဘာပဲဖြစ်ဖြစ်ပါအခုလိုစကားခဏလေးလောက်ပြောလိုက်ရတာကိုပဲကျွန်တော်စိတ်ထဲအေးသွားမိတာတော့
အမှန်ပါပဲ။သူလုံးဝပျောက်နေတာထက်စာရင်ပေါ့ အခုအချိန်ခဏလေးအတွက်
မကျေနပ်ပေမဲ့ ကျွန်တော့်
ပြုံးလိုက်မိတယ်
နောက်ပြီး ဘယ်လောက်မှမကျန်တော့တဲ့ ချစ်သူသက်တမ်းအကြောင်းကိုတွေးမိပြီး သက်ပျင်းချမိတယ်။
ဖြစ်နိုင်ရင်လေ တခြားသော မှတ်ပုံတင်ထားတဲ့ကိစ္စတွေလိုမျိုး ချစ်သူသက်တမ်းတိုးလို့ရရင်သိပ်ကောင်းမှာပဲ။
ဖြိုးဇာနည့်ညနေ၆နာရီ ၄၅တိတိ
အဟောင်းလေးပါ ရေးထားတာကြာပြီ ဒီနေ့ညီလေး နွေလနဲ့စကားခဏပြောဖြစ်တော့
စာတင်ချင်စိတ်ပြန်ပေါက်လာတယ် ကျေးဇူးပါညီလေး နွေလရေ့