0
နာမည်တပ်မရတဲ့ည
Posted by ဖြိုးဇာနည်
on
Wednesday, May 08, 2013
in
ကျွန်တော့်အကြောင်း
ပြောင်းပြန်တွေကြီးစိုးတဲ့ည
ပြန်ပြောင်းဖို့လဲခက်တယ်
အရောင်မပါတဲ့ညကို တွေ့ဖူးပြီ့
အမှောင်ဆိုတာကိုငါမကြောက်ပါဘူး
အရောင်မပါမှာကိုပဲတွေးပူမိတာ
လွယ်မယ်ထင်တဲ့ငါ့အပြုံးတွေ ငါရှာဖူးပြီ့
ဒေါင်လိုက်လဲကျဖူးတယ်
ပြားလိုက်လဲအခါခါပြိုရင်း
ဒီတစ်ခါတော့ငါမထနိုင်အောင်ပြိုလဲဖူးပြီ့
သေချာတယ်
ဒီ့ထက်ပိုတယ်
နင်လဲငါ့ကိုသတ်ဖူးသွားပြီ့
အိပ်လို့မရဘူး ရင်ထဲမှာကြပ်နေတယ် အခုထိလဲမွန်းနေတုန်းပဲ
ရေတိမ်နစ်တာထက်ဆိုးတယ် လေတိမ်နစ်နေတာ လေထုတွေကြားမှာပေါ့
ဖြေစရာဆိုလို့ပြေးကြည့်တော့ သိပ်သစ္စာရှိတဲ့ဒီဘလော့လေးပဲပြန်တွေ့တယ်
ကြာတော့လူတွေမေးကုန်ကြတယ် ဇာနည်ကခံစားချက်ရှိမှဘလော့မှာစာရေးတာလားတဲ့
မေးလဲမေးမေးပဲ တကယ်လဲဟုတ်နေသလိုပဲ ဒီတော့မိုးလင်းလုလုဒီညအတွက်အဖြေက
အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Post a Comment