Showing posts with label ကြော်ငြာလေးတွေ. Show all posts
Showing posts with label ကြော်ငြာလေးတွေ. Show all posts
0

ဝါသနာတူများသို့

Posted by ဖြိုးဇာနည် on Friday, June 28, 2013 in
အခြေအနေတစ်ခုကြောင့်   ကျွန်တော်စာရှည်ရှည်လေးတွေမရေးဖြစ်သေးဘူ့း့

အရမ်းတိုတဲ့စာလေးတွေကိုလဲ    blog    ပေါ်ကိုမတင်ချင်တာလဲပါ ပါတယ်။  ကျွန်တော့်

blog လေးမှာအနည်းဆုံးတော့ဖတ်လို့ကောင်းမယ့်စာလေးတွေပဲတင်ချင်ပါတယ်။စာအရှည်တွေ

မရေးဖြစ်ပေမယ့် တစ်ကြောင်းစ နှစ်ကြောင်းစစာအတိုလေးတွေတော့တော်တော်လေးရေးဖြစ်

နေပါတယ်။နောက်ဆုံးကျွန်တော်အကြံရသွားတယ် facebook မှာကျွန်တော် page တစ်ခုထောင်

ထားပါတယ်။အဲ့မှာစာတိုလေးတွေနေ့တိုင်းလိုလိုရေးဖြစ်တယ် :)။ page နာမည်ကတော့

"အိမ်မက်ထဲက ကျွန်တော့်လက်ရေး"" လို့ပေးထားပါတယ် အခုမှစထောင်ဖြစ်တာပါ။ဝါသနာပါရင်တော့

အလည်လာဖို့ဖိတ်ခေါ်ပါတယ်။ကျွန်တော် blog မှာပျောက်နေပေမယ့် page လေးမှာတော့ရှိနေ

မှာပါ။ပေါ့ပေါ့ပါးပါး page လေးပါပဲ www.facebook.com/ကနေလာနိုင်ပါတယ်။

                                                                                                                                ခင်တဲ့ ဖြိုးဇာနည်

1

လက်ဆောင်ယူမယ် :)

Posted by ဖြိုးဇာနည် on Wednesday, December 19, 2012 in
The Christmas Eve is coming soon and everybody must be exciting for it.

Swam Myat Paing Production Co., Ltd. is also exicting and expecting for the winner of the first "Like 1000 Wall Post" that they are ready to grant a Christmas Gift to whoever the winner so why don't you relax and sit back. It is just simply to click Like on daily liquid soap page and share all of your friends in order to receive the Christmas Gift from SMP.

 


ဒီနေရာလေးကနေ အတူတကွသွားရောက်လည်ပတ်လေ့လာလိုက်ကြပါနော်

လက်ဆောင်လေးတွေကို like အနည်းငယ်ရှိစဉ်ကတည်းကစတင်ပြီး သတ်မှတ်ထားတဲ့ like ကို

ရောက်တိုင်းရောက်တိုင်း ပထမဆုံး wall  post လုပ်သူတိုင်းကိုပေးအပ်ခဲ့တာဖြစ်ပါတယ်။နယ်မှာ

ရှိတဲ့ကံထူးသူတွေကိုလဲကားဂိတ်ကနေအိမ်တိုင်ရာရောက်ပို့ဆောင်ပေးသလို အခြားသောနိုင်ငံ

များမှနေပြီး ကံထူးသူများအတွက်လဲ အမိမြန်မာမှာရှိတဲ့ ဆွေမျိုးသားချင်းတွေဆီကိုပို့ဆောင်ပေး

ပါတယ်။


အခုဆိုရင် Like 1000 ပြည့်အတွက်ပေးမဲ့လက်ဆောင်တွေလဲများစွာတိုးလို့လာပါပြီ။

ဒါကြောင့်သူငယ်ချင်းတို့လဲ နောက်မကျသေးဘူးနော် သွားပြီး ကံစမ်းကြရင်း ဒီ Daily Liquid Soap

 page လေးကို like & share ပေးခြင်းဖြင့် ကူညီလိုက်ကြရအောင်နော်။

https://www.facebook.com/dailyliquidsoap

1

မြန်မာနိုင်ငံသား

Posted by ဖြိုးဇာနည် on Thursday, May 31, 2012 in

 ကမ္ဘာမှာမြန်မာဟေ့လို့ ဟိုးယခင်ကထဲက ကြွေးကြော်ခဲ့ကြမြဲပါ။ အခုအခါမှာဆိုရင်  မြန်မာဆိုတာကို

ယခင်ကထက်ပိုမိုပြီး ကမ္ဘာက အလေးထား သတိပြုမိနေကြပါပြီ။တစ်ဒေါင့်တစ်နေရာကနေ ထိုးဖောက်

တယ် အဖက်ဖက်ကနေ ကမ္ဘာက လေးစားဦးညွှတ်ကြရအောင်ထိုးဖောက်နေကြတဲ့ အထဲမှာ အခုဆိုရင်

စွမ်းရည်ပြိုင်ပွဲဝင်နေကြတဲ့ ကမ္ဘာအရပ်ရပ်က လူသားတွေနဲ့အတူ မြန်မာကလဲပါဝင်ယှဉ်ပြိုင်နေကြပါပြီ။

သို့သော်ငြား မြန်မာမှ သွားရောက်ယှဉ်ပြိုင်တဲ့ လူဦးရေကတော့ ၃ဦးသာ ရှိနေပါသေးတယ်။ဘယ်လိုပဲ

ဖြစ်နေပါစေ ဒီလိုစွမ်းရည် ယှဉ်ပြိုင်ကြရာမှာ ၃ဦးသာပြိုင်သော်လည်း ၃ဦးလုံးဆုတံဆိပ်တွေကို ပိုင်ဆိုင်

ခဲ့ကြမယ်ဆိုရင် ကမ္ဘာ့အလည်မှာ မြန်မာဟာ ခေါင်းမော့ရင်ကော့နေနိုင် အုံးမှာပဲမဟုတ်ပါလားဗျာ့

ဒီတော့ နိုင်ငံတကာက လူအများစုနဲု့ပြိုင်နေကြပေမဲ့ မြန်မာက ၃ဦးကို အနိုင်ရစေချင်ပါတယ်။ဒီလိုအနိုင်

ရရှိစေနိုင်ဖို့လဲ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ဝိုင်းဝန်းကူညီပံပိုးပေးဖို့ အခွင့်အရေးတွေရှိနေကြပါ

တယ်။ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ကိုယ်စားသွားရောက်ယှဉ်ပြိုင်နေကြတဲ့ လူ ၃ဦးကို ကျွန်တော်တို့ မဲ

ပေးနိုင်ကြပါတယ်။ကျွန်တော်တို့ ပေးလိုက်တဲ့ မဲလေးတစ်ခုဟာ သူတို့တွေအတွက် အားဆေး တစ်ခွက်

ဖြစ်စေပါတယ်။ ဒီတော့ အားလုံးပဲ မြန်မာ့ဂုဏ်ရည်တတ်စေဖို့ မဲပေး ပေးကြပါလို့ တိုက်တွန်းလိုက်ပါရစေ

ခင်ဗျာ့ တစ်မိနစ်ခြားတစ်ခါ မဲပေးနိုင်ပါတယ်။ ဒါကြောင့် မအားတဲ့ကြားထဲကနေ ပဲဖြစ်ဖြစ် အချိန်လေး

များ ပေးနိုင်ခဲ့မယ်ဆိုရင်မဲပေး ပေးကြစေလိုပါတယ်။မြန်မာ့ ဂုဏ်တတ်စေဖို့    တတ်ညီလက်ညီမဲပေးပြီး

ကူညီပေးကြပါစို့လားခင်ဗျာ့


ဒီနေရာ လေးကနေတဆင့် သွားရောက်မဲပေးနိုင်ပါတယ့်


မြန်မာနိုင်ငံအလံလေးရဲ့ ဘေးက Vote ကလေးကိုနှိပ်ပေးရင် အဆင်ပြေပါပြီ။

အချိန်ရရင်ရသလို vote ကို တစ်မိနစ်ခြားတစ်ခါလောက်နှိပ်ပေးကြပါလို့


ကျေးဇူးတင်လျှက့် 


ဖြိုးဇာနည့်ည့၁ နာရီ ၃၀ နာရီတိတိ
  

0

Gtalk မှမိုဘိုင်းသို့ SMS Message ပို့နိုင်တော့မည်

Posted by ဖြိုးဇာနည် on Monday, April 20, 2009 in
Gtalk မှ မိုဘိုင်းဖုန်းများသို့သော်လည်းကောင်း မိုဘိုင်းဖုန်းများမှ Gtalk သို့သော်လည်းကောင်း၊ Text Message များ
အပြန်အလှန်ပေးပို့နိုင်သောဝန်ဆောင်မှုကို အသုံးပြုနိုင်တော့မယ်လို့သိရှိရပါတယ်။ မိုဘိုင်းဖုန်းကိုင်ဆောင်သူတွေအတွက်
မိမိတို့လက်အတွင်းက မိုဘိုင်းဖုန်းမှတစ်ဆင့် sms ကိုအသုံးပြုပြီး Gtalk သို့ Message ပေးပို့ခြင်း/ပြန်လည်၍ရယူနိုင်ခြင်း
တို့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ဝန်ဆောင်မှုအသုံးပြုလိုသူများအတွက် ကိုယ်ပိုင် account များဖွင့်ထားပြီးမှသာ အသုံးပြုနိုင်
မှာဖြစ်ပါတယ်။ မကြာမီအချိန်အတွင်းမှာ ပြည်သူများအသုံးပြုနိုင်ဖို့အတွက် account များဖွင့်ပေးသွားမှာဖြစ်ပြီး ယခုအချိန်
စမ်းသပ်ကာလမှာသာရှိသေးကြောင်း သိရှိရပါတယ်။ အသုံးပြုသူတွေအနေနဲ့ကတော့ Gtalk ဘက်မှသော်လည်းကောင်း
မိုဘိုင်းဖုန်းကိုင်ဆောင်သူဘက်မှသော်လည်းကောင်း တစ်ဘက်ဘက်မှ account ဖွင့်ရန်လိုအပ်ပြီး အသင်းဝင်ဈေးနှုန်းများ
ကို eTrade Myanmar မှယခင် web to sms တို့ကဲ့သို့ပင် ကျပ်တစ်သောင်းနှင့် တစ်သောင်းခွဲဟူ၍ eTm Member Code
များဝယ်ပြီး အသင်းဝင်နိုင်မှာဖြစ်ပြီး ပို့သည့် message များပေါ်တွင်မူတည်၍ ကုန်ကျစရိတ်ငွေကို တွက်ချက်ဖြတ်တောက်သွား
မှာဖြစ်ပါတယ်။ message တစ်ခုပို့ရင် 50 ကျပ်သတ်မှတ်ထားကြောင်းသိရပါတယ်။

“Gtalk“ ကနေမိုဘိုင်းဖုန်း၊ မိုဘိုင်းဖုန်းကနေ Gtalk ကိုပို့မယ်ဆိုရင် ရိုးရှင်းပါတယ်။ Gtalk သုံးသူတွေက gtalk@etmsms.com
ကို မိမိရဲ့ Gtalk account ထဲမှာ ထည့်သွင်းထားပြီး အဲ့ဒီအကောင့်ထဲကို sms+space+ ဖုန်းနံပါတ် +space+ မိမိရိုက်လိုသောအ
ကြောင်းအရာ (ဥပမာ-sms 51xxxxx Hello World!)- တွေကိုရိုက်သွင်းပြီးပို့လိုက်ရင် တစ်ဘက်က မိမိပို့လိုသော ဖုန်းနံပါတ်ကို
sms လိုင်းမှရောက်သွားမှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းမှ Gtalk သို့ဆိုလျှင်လည်း မိမိဖုန်းရဲ့ message box အတွင်းမှာ စာရိုက်တဲ့
အခါ +G ပြီးရင် မိမိပို့လိုတဲ့ gmail လိပ်စာကိုရိုက်ထည့်ပြီး space ခြား (ဥပမာ+gyourid Hello World!)+ ပို့လိုသောအကြောင်း
အရာတွေကိုရိုက်ထည့်ပြီး eTm ရဲ့ သက်ဆိုင်ရာဖုန်းသို့ပို့လိုက်ပါက မကြာခင်တစ်ဘက် Gtalk သို့ရောက်သွားမှာဖြစ်ပါတယ်”

“ကိုယ့်ရဲ့ဖုန်းထဲကို နိုင်ငံရပ်ခြားမှ Gtalk ကနေ တဆင့်ပြောချင်တယ်ဆိုရင်လည်း အဆင်ပြေစေနိုင်မှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်း
ကနေ message အထွက်ကို ပိုက်ဆံကျခံစရာမလိုဘဲ Gtalk မှဖုန်းသို့အ၀င်ကိုပဲ ကုန်ကျစရိတ်ကို ဖြတ်တောက်သွားမှာ ဖြစ်ပါ
တယ်။ မိုဘိုင်းဖုန်းဘက်က member ဖြစ်ပြီး gtalk ဘက်က member မဟုတ်သူများအတွက် eTm ရဲ့သက်ဆိုင်ရာဖုန်းကို
+add gmail account ဆိုပြီး မိမိရဲ့ဖုန်းကနေပြီး sms message လှမ်းပို့ရမှာဖြစ်ပါတယ်။ ဒါမှသာ မသိသောအခြားဖုန်းများက
message များပို့သွားပါက မိမိရဲ့ငွေကြေး balance တွေ အလဟသတ်မဖြစ်နိုင်မှာဖြစ်ပါတယ်။ အကယ်၍ gtalk ဘက်ကကော
မိုဘိုင်းဖုန်းဘက်ကပါ member ဆိုရင်တော့ လုပ်စရာမလိုပါဘူး

မိုဘိုင်းဖုန်းမှ sms ၊မိုဘိုင်းဖုန်းမှ email အဲဒီလိုဝန်ဆောင်မှုတွေပဲရှိခဲ့တာကနေအခုဆိုရင် မိုဘိုင်းဖုန်းက Gtalk ကိုပို့နိုင်တဲ့စနစ်
တစ်ခုကို eTrade Myanmar ကထုတ်လုပ်ပေးတော့မယ်လို့ကျွန်တော်သိလိုက်တာနဲ့တော်တော်လေးဝမ်းသာသွားပါတယ်။
ကျွန်တော်တို့လို နိုင်ငံခြားမိုဘိုင်းဖုန်းကိုင်ဆောင်နေသူတွေအတွက်ကတော့ gtalk တင်မကပဲ အင်တာနက်ပါ လိုသလိုအသုံးပြု
နိုင်တဲ့အတွက်ဘာမှသိပ်ပြီးမထူးဆန်းပေမဲ့ မြန်မာနိုင်ငံမှာရှိနေတဲ့သယ်ရင်းတွေအတွက်ဝမ်းသာစေရမှာတော့အမှန်ပါပဲခင်ဗျာ့
ဘာလို့လဲဆိုတော့ လုပ်ငန်းခွင်မှာ ပဲဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာမှာပဲဖြစ်ဖြစ်အဆင်ပြေ စေနိုင်မှာဖြစ်လို့ပါ။တဆက်ထဲပဲကျွန်တော်
ပြောလိုက်ပါရစေ သယ်ရင်းတို့ ဖုန်းနဲ့အင်တာနက်အသုံးပြုနေကြပြီး Gtalkတတ်လိုသူများအတွက်(သိပြီးသူများနားလည်ပေးကြပါ)
အသုံးပြုနည်း softwareသွင်းနည်းမသိသေးတဲ့သယ်ရင်းများအတွက် softwareနဲ့အသုံးပြုတဲ့နည်းလမ်းကလေးလိုချင်ပါက ကျွန်တော့်Cboxမှာအော်သွားရင်ပဲဖြစ်ဖြစ် phyozarni13@gmail.comကိုADDပြီးတော့ပဲဖြစ်ဖြစ်မေးမြန်းနိုင်ကြပါတယ်ခင်ဗျာ့

ပျော်ရွှင်နိုင်ကြပါစေ့ဖြိုးဇာနည့်ည့၁၂း၅၂တိတိ

1

မျောက်ဖြစ်ချင်တယ်

Posted by ဖြိုးဇာနည် on Thursday, March 26, 2009 in
မျောက်ဖြစ်ချင်တယ်ဆိုတဲ့သီချင်းလေးပါ။ကျွန်တော်DJတာဝန်ယူနေတဲ့အချိန်ပိုင်းအတွင်းမှာ
တော်တော်များများလေးတောင်းဆိုမှုခံရတဲ့သီချင်းလေးမို့ပါ။မြန်မာပြည်မှသူငယ်ချင်းများအနေ
နဲ့ကတော့ဒီအချိန်ဆိုရင် အခွေတွေကိုယ်စီဝယ်ပြီးလောက်ကြပြီဆိုပေမဲ့ အဝေးရောက်နေတဲ့
မြန်မာများအနေနဲ့ကတော့VCDအခွေထွက်တာတောင်သိချင်မှသိကြအုံးမှာပါ။ဒါကြောင့်ကျွန်
တော်ဒီpostလေးကိုအဝေးရောက်နေတဲ့ သူငယ်ချင်းများအတွက်ရည်ရွယ်ပါတယ်။

ချစ်ရပါသောသယ်ရင်းများ မျောက်ဖြစ်ချင်တယ် ဆိုရင်တော့(အနှောက်အသွားမလွတ်ဖူ့းဟီးဟီး)
ဒီနေရာက ကြိုဆိုပါတယ့်



ပျော်ရွှင်ကြပါစေ့ဖြိုးဇာနည်

0

Internet ကMovieတွေကိုDownloadဆွဲမယ်-(၂)

Posted by ဖြိုးဇာနည် on Tuesday, February 03, 2009 in
ကျွန်တော်အရင်တစ်ခေါက်တုန်းက Internet က Movie တွေကိုဘယ်လို Download ရမလဲဆိုတာရေးခဲ့ဖူးပါတယ်။
ဒီတစ်ခါတော့အလွယ်ဆုံးနဲ့ အကောင်းဆုံးနည်းလမ်းကိုအသုံးပြုပြီးတော့Movie တွေကိုDownload ရစေနိုင်မယ့်နောက်
နည်းလမ်းတစ်ခုကိုလမ်းညွှန်လိုက်ပါတယ်။ကျွန်တော်ဒီSoftwareလေးကိုတော်တော်သဘောကျမိပါတယ်။Movieတွေ
များစွာထဲကမှကိုယ်ကြိုက်တဲ့Movieကိုရွေးချယ်ပြီးဒေါင်းလို့ရသလိုဒေါင်းတဲ့Speedကလည်းတော်တော်လေးမြန်တာတွေ့ရ
ပါတယ်။ထစ်ခြင်းပြုခြင်းမရှိပါပဲMovieတွေကိုဒေါင်းရင်းနဲ့တစ်ခါထဲကြည့်ရှုနိုင်ပါတယ်။နောက်ပြီးယခုလက်ရှိအသစ်ထွက်
တဲ့ကားမှန်သမျှလည်းUpdateဖြစ်နေမှာပါပဲ။ဒီSoftwareလေးထဲမှာရုပ်ရှင်ကားပေါင်း(ယခုလက်ရှိ)နှစ်ထောင်ကျော်သုံး
ထောင်လောက်ရှိနေပါတယ်။Koreaကားchinaကားကြိုက်သူများအတွက်လည်းKoreaကားChinaအခန်းဆက်ကားတွေ
များစွာရှိနေပါတယ်။ဒီSoftwareလေးရဲ့အဓိကအချက်ကတော့Internetရှိမှအလုပ်လုပ်တာပါပဲ။
ဒီSoftwareလေးကိုတော့ဒီနေရာမှာရယူပါ။

1

စိတ်သန့်သွားပြီ

Posted by ဖြိုးဇာနည် on Friday, January 30, 2009 in
ကျွန်တော့်မှာဘာရည်ရွယ်ချက်မှမရှိပါဘူး။ဘလော့လေးပေါ်မှာကိုယ်သိထားတဲ့သတင်းလေးတွေကိုသူငယ်ချင်းတွေသိအောင်ပြန်လည်မျှဝေပေးချင်တဲ့ဆန္ဒလေးတစ်ခုထဲပါပဲ။လူတစ်ဖက်သားရဲ့အားနည်းချက်ကိုအတင်းပြောတာလဲမဟုတ်ရပါဘူး။ကျွန်တော်ဒီသတင်းလေးကိုဓါတ်ပုံရှိနေတာကြာပါပြီ။ဘလော့ပေါ်တင်ရမလိုမတင်ရမလိုနဲ့မတင်ဖြစ်ခဲ့ဘူးပါတယ်။အခုတော့အိမ်လာလည်တဲ့သူငယ်ချင်းကိုပြကြည့်တော့တင်လိုက်ပါတဲ့ကျွန်တော်မဟုတ်တာပြောတာမှမဟုတ်ပဲတဲ့။ကျွန်တော်သိထားတာတွေကအမှန်တွေဖြစ်တဲ့အပြင်လူသိရှင်ကြားသတင်းစာမှာတောင်ပါပြီးတဲ့ကိစ္စမို့လို့ကျွန်တော့်အတွက်ဘာပယောဂမှမရှိနိုင်ပါဘူးဆိုလို့ပါ။ဒါကြောင့်ကျွန်တော်စိတ်သန့်သန့်နဲ့ပဲဒီစာလေးကိုတင်ပြလိုက်ရပါတယ်။



ဤနေရာတွင် ဖြိုးကြီး၏မမေ့နိုင်သီချင်းအားDownloadနိုင်ပါသည်။


ကျွန်တော်ဇာနည်သည်သူတစ်ပါအားထိခိုက်နစ်နာစေလိုသောစိတ်မရှိပါ။....ကျေးဇူးတင်ပါသည်။


0

သူငယ်ချင်းတို့အဆင်ပြေစေဖို့

Posted by ဖြိုးဇာနည် on Tuesday, January 27, 2009 in
ချစ်ခင်ရပါသောသူငယ်ချင်းအပေါင်းတို့အတွက်အဝေး(စင်္ကာပူ-ရုရုား)မှာရောက်နေတဲ့သူငယ်ချင်း-ဆွေမျိုး-မိသားစု-များကိုဆက်သွယ်နိုင်စေဖို့အလိုဌာ ကျွန်တော်ဒီ website လေးကိုမျှဝေပေးလိုက်ရပါတယ်။ပျော်ရွှင်နိင်ကြပါစေ။
SMS
စင်္ကာပူမှာရှိတဲ့ မိမိရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ ဖုန်းဆီကို SMS ပို့ချင်ရင်တော့ ဒီ Website လေးက တစ်ဆင့် ပို့နိုင်ပါတယ်။ Register လုပ်စရာမလိုသလို အသုံးပြုရတာလည်း လွယ်ကူပါတယ်။ နောက်ပြီး တစ်ဖက်က Reply ကိုလည်းပြန်လက်ခံလို့ရပါသေးတယ်။
လိပ်စာကတော့ ဒီနေရာ မှာပါ။
ဒါကတော့ ရုရှား(မော်စကို)နိုင်ငံကို SMS ပို့လို့ရတဲ့ Website ပါ။ ဒါလည်း Register လုပ်စရာမလိုပါဘူး။
ဒီနေရာ လေးမှာပို့နိုင်ပါတယ်။
နည်းပညာတွေတိုးတတ်မှူတွေကိုသူငယ်ချင်းများအတွက်အစဉ်ကြိုးစားနေသော....ဖြိုးဇာနည်

0

မေဒီ...blog

Posted by ဖြိုးဇာနည် on Monday, January 26, 2009 in
BLOGGER
ဒီနေ့ကျွန်တော်မိတ်ဆွေတစ်ယောက်ကောက်ရလိုက်ပါတယ်။မိတ်ဆက်ပေးတာကတော့blogလေးပဲဆိုပါတော့။
သူလည်းbloggerတစ်ယောက်ပါပဲ။သိပ်မကြာသေးခင်ကမှblogလောကထဲကိုဝင်လာတဲ့2009 ရဲ့new blogger
တစ်ယောက်ပါပဲ။သူ့ထင်မြင်ချက်တွေသူသိထားတာလေးတွေကိုမျှဝေပေးနေသူလေးပါ။ Blog Titleနာမည်ကတော့
မေဒီ ပါ။မေဒီ ဘလောက်လေးကို ဒီနေရာ မှာသွားရောက်လေ့လာနိုင်ပါတယ်။

0

နားထောင်ကြည့်ပါ

Posted by ဖြိုးဇာနည် on Monday, January 26, 2009 in
အခုတလောနားထောင်ရင်းနားထောင်ရင်းနဲ့ကြိုက်မိသွားတဲ့သီချင်းလေးပါ...အခွေလား?..End Date လေးပါ။ ထွက်ခဲ့တာတော့ကြာပါပြီ။သယ်ရင်းတို့နားထောင်မယ်ဆိုရင်တော့connectionလေးတော့ကောင်းမှရမယ်နော်။
မဟုတ်ရင်တော့ ထစ် ထစ် ထစ် နေလို့။

သံစဉ်လေးလည်းကောင်းတယ်။။စာသားရဲ့ဆိုလိုရင်းကလဲကြွေတယ်ဗျာ။
မိုက်တယ်မို့လား? မကြိုက်ရင်၃ခေါက်လောက်နားထောင်ကြည့်ပါ။

0

အာကာသသို့အလည်တစ်ခေါက်

Posted by ဖြိုးဇာနည် on Monday, January 26, 2009 in
spacesounds.com

အာကာသထဲက အသံတွေ၊ ဂြိုလ်တွေသွားလာလည်ပတ်နေတဲ့ အသံတွေ၊ အာကာယဉ်တွေရဲ့ အသံတွေကို နားထောင်ချင်တယ်ဆိုရင်တော့ ဒီဆိုဒ် လေးကိုသာ သွားလိုက်ပါ။ အမေရိကန်အာကာသအေဂျင်စီ (NASA)က ထူးခြားတဲ့အသံတွေကို နားထောင်ဖို့အတွက် ဖန်တီးပေးထားတဲ့ ၀က်ဆိုဒ်လေးပါ။ ၀က်ဆိုဒ်ထဲကိုဝင်လိုက်တာနဲ့ အာကာသယဉ် တစ်စီးထွက်ခါနီး စက်သံတွေ ရေဒီယိုဆက်သွယ်မှု အသံတွေကို ကြားရမှာဖြစ်ပါတယ်။ spacesounds.com ထဲမှာ သိပံရုပ်ရှင်တွေထဲမှာ တွေ့ရတဲ့ တွက်နက်ကြီး Bloackhole ရဲ့အသံ၊ စနေဂြိုလ်ရဲ့ခါးပတ်ကွင်း Rings of Saturn ရဲ့အသံ၊ အာကာသထဲကို ပထမဆုံးရောက်ရှိခဲ့တဲ့ ရုရှားအာကာသယဉ် sputnik ရဲ့အသံ၊ နေမင်းရဲ့ နှလုံးခုံသံစတဲ့ အာကာသအစွန်အဖျားက ထူးဆန်းတဲ့ အသံတွေကိုလည်း နားထောင်လို့ရပါတယ်။ ဂြိုလ်တွေရဲ့ဖွဲ့စည်းတည်ဆောက်မှုတွေ၊ အကာသယဉ်တွေရဲ့ သမိုင်းကြောင်းတွေကို စုံလင်စွာဖော်ပြပေးထားပါတယ်။ တော်တော်လည်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ related links တွေဖြစ်တဲ့ whalesounds.com မှာ ဝေလငါးတွေရဲ့ စကားပြောသံ၊ လေချွန်သံ၊ dinosounds.com မှာ နှစ်သန်းပေါင်းများစွာက ကမ္ဘာပေါ်မှာ ရှိခဲ့ဖူးတဲ့ ဒိုင်နိုဆောအမျိုးမျိုးတို့ရဲ့ ဟိန်းဟောက်သံ၊ အသက်ရှုသံ တွေ၊ နောက်ထပ် link တစ်ခုဖြစ်တဲ့ stormsounds.com မှာတော့ တော်နေဒိုး၊ ဟာရီကိန်း၊ လေဆင်းနှာမောင်း တွေစတဲ့ မုန်တိုင်းစုံရဲ့ အသံတွေကို တစ်စုတစည်းထဲ နားထောင်လို့ရအောင် ဖန်တီးပေးထားပါတယ်။ သယ်ရင်း တို့ ကြိုက်နှစ်သက် ကြမယ်ထင်ပါတယ်။

2

လုပ်တာမဟုတ်၊မဟုတ်တာလုပ်

Posted by ဖြိုးဇာနည် on Friday, January 23, 2009 in
အနဂ္ဂ+ဘာဘူ - ရဲ့-လုပ်တာမဟုတ်၊မဟုတ်တာလုပ် ဆိုတဲ့ခွေအသစ်ထွက်နေပြီနော်..(SideA/B)ပါတယ်။လုပ်တာမဟုတ်၊
မဟုတ်တာလုပ်က side-AရောBရောနှစ်ခုလုံးမှာထည့်ထားတယ်။သီချင်းစုစုပေါင်း23ပုဒ်ပါတယ်။လုပ်တာမဟုတ်မဟုတ်တာလုပ်
နှစ်ခါဆိုတော့24ပုဒ်ဆိုပါတော့။ကောင်းပါတယ်။အရင်ပြိုင်ဘက်လိုပဲပေါက်အုံးမယ့်ခွေလေးတစ်ခွေပါ။


Side A
၀၁ လုပ်တာမဟုတ် ၊ မဟုတ်တာလုပ်
၀၂ ရပ်ကွက်ကတော့ငေးပြီ
၀၃ အထင်လွဲပြဇာတ် f feat : ThanThar Win
၀၄ စိတ်မဆိုးနဲ့ 
၀၅ ဘာလုပ်ကြမှာလဲ feat : Ei Si Kwe
၀၆ ဘယ်ကလဲ..ဘယ်သူနဲ့ လဲ feat : Zarni, 4Thee
၀၇ ပုံစံကမချိုးအပြေ feat : J-Me
၀၈ ဘုရင့်ဂီတ
၀၉ ချစ်ပါတယ်ဆို
၁၀ ငါနဲ့ ပဲနေ
၁၁ ဘ၀ဇာတ်ခုံ Hk feat : anegga
၁၂ မိန်းစပွန်ဆာ (main sponsor)


Side B
၀၁ မင်းနဲ့ ပြတ်ရင်
၀၂ တွေ့ မယ်..သတိထား
၀၃ ပြဿနာမရှိ
၀၄ ချစ်လို့ ပါ
၀၅ ဗိုက်လှုပ်ပြီးက
၀၆ နောက်တစ်ခေါက်..မကျေပွဲ
၀၇ မေးရဦးမယ်
၀၈ ရူးချင်ယောင်ဆောင်
၀၉ ဆေးပေးမီးယူ
၁၀ သဘောမတူ
၁၁ လုပ်တာမဟုတ် ၊ မဟုတ်တာလုပ်
၁၂ လူသိမှာ
နားထောင်ကြည့်ပါခံစားချက်တွေ-အတွေ့အကြုံတွေကိုတင်ပြရင်းနဲ့သူတို့ရဲ့ideaလေးတွေကိုချပြထားတာပါ။VCDကတော့မလာ
သေးပါဘူး။အခုလောလောဆယ်TAPE & CDပဲလာသေးတယ်။ဝယ်ပြီးနားဆင်ကြပါလို့(ကြော်ငြာဝင်ခြင်း)ဟဲဟဲ။အကယ်၍
မဝယ်ပဲနားထောင်ချင်တယ်၊သီချင်းကိုအပိုင်လိုချင်တယ်ဆိုရင်လည်းကျွန်တော့်ဆီကနေတောင်းဆိုနိုင်ပါတယ်။CBOXကနေတ
ဆင့်ပေါ့။Email ထဲကိုပို့ပေးလိုက်ပါ့မယ်။ဟောအခုပြောရင်းနဲ့သတိရသွားတယ်ကျွန်တော့်သယ်ရင်းကြီးကိုငြိမ်းချမ်းကိုဆိုရင်
ကျွန်တော်သီချင်းအကြွေးတွေအခုထိမဆပ်ရသေးတာတစ်လကျော်ပြီဟီးဟီး။ဒါပေမဲ့ကိုငြိမ်းချမ်းကတော့သဘောကောင်းရှာပါ
တယ်ဗျစ်တောက်ဗျစ်တောက်နဲ့စောင့်ပေးနေတာအခုထိပဲဆိုပါတော့.......အမေနဲ့ရွာကိုလွမ်းချင်တဲ့ကိုငြိမ်းချမ်းကိုလဲလာမယ်ကြာမယ်လို့ပြောရမလိုကိုဖြစ်နေပြီ-ဟီးဟီး

0

အကယ်ဒမီပေးပွဲ

Posted by ဖြိုးဇာနည် on Thursday, January 08, 2009 in
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအကယ်ဒမီချီးမြှင့်ပွဲကိုဖေဖော်ဝါရီလအတွင်းနေပြည်တော်၌ပြုလုပ်ရန်စီစဉ်
............................................................................................................

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ)ချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလအတွင်း နေပြည်တော်၌ပြုလုပ်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။
အဆိုပါ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ)ပွဲသို့ မြန်မာ့ရုပ်ရှင်အနုပညာရှင်များ၊ အတတ်ပညာရှင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်စီစဉ်ထားပြီး ပြည်ထောင်စုနေ့တိုင်းရင်းသားကိုယ်စားလှယ်များကိုလည်း ပြသနိုင်ရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။ အကယ်ဒမီစင်မြင့်တည်ဆောက်ရန်နှင့် မီးအလှဆင်ရေးတင်ဒါများခေါ်ယူခဲ့ရာ ခြောက်ဦးတင်သွင်းခဲ့ပြီး ယင်းတို့အနက် ရွေးချယ်ပြီးဖြစ်ကာ ဇန်နဝါရီဒုတိယပတ်တွင် ကြေညာသွားနိုင်မည်ဟု သိရသည်။
၂၀၀၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ)အတွက် မြန်မာရုပ်ရှင်ဇာတ်ကားသစ် ၁၀ ကားရုံတင်ပြသခဲ့ပြီး ယင်းဇာတ်ကားများမှာ ဒါရိုက်တာထွန်းအောင်ဇော်ရိုက်ကူးသည့် 'ငါ့ဓားငါ့သွေးငါ့ဧရာဝတီ' ဇာတ်ကား၊ ဒါရိုက်တာမောင်မျိုးမင်းရိုက်ကူးသည့် 'ကက်ကင်း' ဇာတ်ကား၊ ဒါရိုက်တာဓာတ်ပုံအဏ်ထော်ဏီရိုက်ကူးသည့် 'အမေနှင့်သမီးများ'ဇာတ်ကား၊ ဒါရိုက်တာမီးပွားရိုက်ကူးသည့် 'ကျွန်တော့်ချစ်သူပြောသောသူ့ချစ်သူအကြောင်း' ဇာတ်ကား၊ ဒါရိုက်တာမြို့တော်မောင်ယဉ် အောင်ရိုက်ကူးသည့် 'ကိုးဆယ်ဆသာလိမ့်မယ်' ဇာတ်ကား၊ ဒါရိုက်တာမောင်ဝဏ္ဏရိုက်ကူးသည့် 'ရင်နင့် အောင်မွှေး' ဇာတ်ကား၊ ဒါရိုက်တာသိန်းဟန်(ဖီးနစ်)ရိုက်ကူးသည့် 'ဝင်္ကပါအခြစ်နှင့်သူ၏ချစ်ကိုကိုချစ်'ဇာတ်ကား၊ ဒါရိုက်တာညွန့်မြန်မာညီညီအောင်ရိုက်ကူးသည့် 'မိုးပေါ်ခုန်တက်ကလိုက်ချင်ပါတယ်' ဇာတ်ကား၊ ဒါရိုက်တာကိုအောင်မင်းသိမ်းရိုက်ကူးသည့် 'ဓမ္မာသောကအင်းဝရာဇာ' ဇာတ်ကားတို့ ဖြစ်သည်ဟုသိရသည်။
၂၀၀၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအကယ်ဒမီပွဲအတွက် စင်မြင့်တည်ဆောက်ခြင်းနှင့် မီးအလှဆင်လုပ်ငန်းများကို ၂၀၀၉ ခုနှစ် ဇန်နဝါရီလအတွင်းပြုလုပ်သွားရန် စီစဉ်ထားပြီး အဆိုပါအခမ်းအနားသို့ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များ တက်ရောက်ရာတွင်လည်း ယခင်နှစ်များကဲ့သို့ပင် တစ်စုတစည်းတည်းသွားနိုင်ရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ စီစဉ်သွားမည်ဟု သိရသည်။

0

မြန်မာစာအုပ်များ

Posted by ဖြိုးဇာနည် on Wednesday, January 07, 2009 in
Myanmar Ebooks (Free Download)

ဝိညာဉ်သစ်ရဲ့ နေရာလေး
Myanmar EBooks (mmblogs.net)
Myanmar Network News (Free EBooks for All Myanmar) My Post
Shwesagar(ရွှေစကား) EBooks (Myanmar Novels)
Free Myanmar Ebooks Sharing (myanmarebooks.net.tc)
Serene Ebook Corner - မျှဝေလိုသောစာအုပ်များ (Parramie)
Myanmar Books - ရှာဖွေလို့ ရသမျှစာအုပ်များ (Phaung Phaung)
Weenyinthit Book Shelf (weenyinthit)
မှတ်ထားတဲ့ website တွေကတော့အများကြီးပါပဲ၊ ဒီနေ့  တစ်ခုခြင်း ပြန်ကြည့်လိုက်မှ တချို့ ဆိုဒ်တွေ လုံးဝ မရှိတော့တာ တွေ့ လိုက်ရတယ်။နာမည်ကြီး ချယ်ရီသစ္စာ ဆိုရင်အခု ဘာမှမရှိတော့ပါဘူး..
ဘာပဲဖြစ်ဖြထစ်ပေါ့တစ်ချိန်ချိန်မှာပြန်ရှီလာနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့အခုထိlinkလေးကိုသိမ်းထားဆဲပါပဲ။

0

သီချင်းလေးတွေတောင်းဆိုမယ်

Posted by ဖြိုးဇာနည် on Monday, November 24, 2008 in
ပြောပြချင်နေတာကြာလှပြီကိုယ့်ဘက်ကမပြည့်စုံသေးလို့ငြိမ်နေရတာ။ကဲ...သူငယ်ချင်းတို့ရေ...ကြောငြာပေးတာဆိုတာထက်သူငယ်ချင်းတို့ကို
မျှဝေခံစားစေချင်တဲ့စေတနာနဲ့ဆိုတာပိုမှန်ပါလိမ့်မယ်။ဥပမာ=စိုင်းစိုင်း(သီချင်း)ခွေအဖြစ်နဲ့မဖြန့်ချီဖြစ်လိုက်တဲ့သီချင်းလေးတွေ.....ဒါမှမဟုတ်အ
ခုကြော်ငြာနေပြီးမိမိတို့နယ်မြေသို့မရောက်ရှိသေးသောသီချင်းအသစ်များကိုလိုချင်ပါကအောက်ပါအချက်များဖြင့်ရေးသား၍တောင်းဆိုနိုင်ပါတယ်။
(၁)အဆိုတော်နာမည်
(၂)သီချင်းနာမည်(သို့)မှတ်မိသောစာသားအနည်းငယ်
(၃)ခွေနာမည်ကိုသိရှိပါက(ရေးသားပေးပါရန်)
(၄)မိမိGmailလိပ်စာ(သို့)Emailလိပ်စာ
ps..(mp3 format)အဖြစ်နဲ့တောင်းဆိုသူထံသို့Gmailမှပြန်လည်ပေးပို့ပေးပါမည်။ (Cboxတွင်တောင်းဆိုထားနိုင်ပါသည်)
(တောင်းဆိုထားသောသီချင်းများရရှိပါကရရှိကြောင်းအကြောင်းပြန်ပေးပါရန်)
လေးစားစွာဖြင့်...ဖြိုးဇာနည်...နေ့လည်..၁၂း၂၀တိတိ

0

ကုလသမဂ္ဂမှထုတ်လုပ်သောဂိမ်းကို လူသန်းပေါင်းများစွာနှစ်ခြိုက်နေ

Posted by ဖြိုးဇာနည် on Saturday, November 22, 2008 in
ကမ္ဘာကြီးအတွင်းမှ ပြဿနာများကို လူငယ်များအမှန်အတိုင်းမြင်တွေ့နိုင်ရန် ထုတ်လုပ်ထားခြင်းဖြစ်

ကုလသမဂ္ဂကထုတ်လုပ်လိုက်သော ကမ္ဘာ့ပထမဆုံးလူသားချင်းစာနာထောက်ထားမှု ဗီဒီယိုဂိမ်းကို ကမ္ဘာအနှံ့အပြားမှ လူသန်းပေါင်းများစွာကနှစ်သက်လျက်ရှိသည်။ အဆိုပါဗီဒီယိုဂိမ်းသည် အခက်အခဲနှင့်ကြုံနေရသောနေရာများသို့ လေကြောင်းမှ စားနပ်ရိက္ခာပို့ပေးခြင်း၊ အငတ်ဘေးနှင့်ကြုံနေရသော သောင်းကျန်းသူများလက် အောက်မှဒေသများသို့ အရေးပေါ်အစားအသောက်များပို့ပေးခြင်း စသည်တို့ကို ထည့်သွင်းရေးဆွဲထားခြင်းဖြစ်သည်။ ယင်းဂိမ်းကို အင်္ဂလိပ်၊ ဂျပန်၊ အီတလီ၊ ပိုလန်နှင့် ပြင်သစ်ဘာသာတို့ဖြင့် ကစားနိုင်ပြီဖြစ်ကာ လာမည့်ရက်သတ္တပတ်တွင် ဟန်ဂေရီနှင့် တရုတ်ဘာသာတို့ဖြင့် ကစားနိုင်တော့မည်ဖြစ်သည်။ ကမ္ဘာကြီးအတွင်းမှ စားနပ်ရိက္ခာပြတ်လပ်မှုပြဿနာများနှင့် လူသားချင်းစာနာထောက်ထားသောအဖွဲ့အစည်းများ ကြုံတွေ့နေရသော အခက်အခဲများကို လူငယ်များနားလည်စေရန် တီထွင်ပေးထားသည့် အဆိုပါ ဗီဒီယိုဂိမ်းကို http://www.food-force.com/ တွင် download ပြုလုပ်နိုင်သည်ဟုသိရသည်။ အင်္ဂလိပ်၊ ဂျပန်၊ အီတလီ၊ ပိုလန်ဘာသာစကားတို့ဖြင့် ပြုလုပ်ပေးထားသောဂိမ်းကို လွန်ခဲ့သည့် ၁၈ လကတည်းကကစားနိုင်ခဲ့ပြီး download ပြုလုပ်သူ ၄.၅ သန်းထိ ရှိပြီဖြစ်သည်။ foodforce ဟု အမည်ပေးထားသော အဆိုပါဂိမ်းသည် အသက် ၈ နှစ်မှ ၁၃ နှစ် အရွယ်ကလေးများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည်။ '' food-force ဟာ ဒီကနေ့ ကမ္ဘာကြီးမှာရင်ဆိုင်နေရတဲ့ ဖွံ့ဖြိုး ဆဲနိုင်ငံတွေက စားနပ်ရိက္ခာပြတ်လပ်တဲ့ပြဿနာတွေကို သိရှိနားလည်ပြီး ကူညီတတ်လာအောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်'' ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ ဆက်သွယ်ရေးဒါရိုက်တာ နီးလ်ဂါလတ်ဂျာကဆိုသည်။ ကမ္ဘာတစ်ဝန်းမှ ကလေးငယ်များ၊ ဆရာများ၊ မိဘများ၊ ဂိမ်းကျွမ်း ကျင်သူများမှာ မျှော်မှန်းထားသည်ထက်ပိုမိုနှစ်ခြိုက်ခဲ့ကြောင်း ၄င်းက ထပ်လောင်းပြောကြားခဲ့သည်။ ဂိမ်းကစားသူများသည် ကျေးလက်ဒေသများသို့ ရဟတ်ယာဉ်များဖြင့် စားနပ်ရိက္ခာများပေးပို့ရာတွင် ကြုံတွေ့ရလေ့ရှိသည့် အခက်အခဲများ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းရခြင်းများကို အမှန်အတိုင်း တွေ့မြင်ခံစားရမည်ဖြစ်သည်။
ဖြိုးဇာနည်...ည၆း၀၀တိတိ

0

ကြော်ငြာပါရစေ

Posted by ဖြိုးဇာနည် on Thursday, November 13, 2008 in
အဟမ်း... ကြော်ငြာရတာ ၀ါသနာပါလွန်းလို့ ကြော်ငြာပါရစေး) ကြော်ငြာလေးတွေ မတင်ခဲ့ဘူးပေမဲ့ လူများဆိုက်တွေကို လိုက်လိုက်ကြော်ငြာပေးရတာလဲ ကြော်ငြာတစ်မျိုးပါပဲ..ဟား..ဟား.. သိပြီးသားတွေဖြစ်မှာပါ။ ဗမာကား၊ အင်္ဂလိပ်ကား၊ ကိုးရီးယားကား အစုံအစုံတင်ထားတဲ့ ဆိုက်လေးတစ်ခု ကြော်ငြာချင်လို့ပါ။ အားလပ်သူများ၊ ကော်နက်ရှင် ကောင်းသူများအတွက် အပန်းဖြေရာ နေရာလေးတစ်ခုပေါ့။ (Freemyanmarvcd)ဆိုတဲ့ နာမည်အတိုင်း အားလုံး ဖရီးပါပဲ။ အဲ ရီဂျစ်စတာလေး လုပ်ဖို့တော့ လိုပါလိမ့်မယ်။ ဂျွန်စော၊ အွန်စော၊ ဖွန်ထော၊ မွန်ကော အသဲစွဲသူတွေအတွက် မြန်မာစာတမ်းထိုး ကိုးရီးယားကားတွေလဲ ရှိပါသေးသတဲ့။ အားလပ်ရက်တွေမှာ အပြင်မသွားဖြစ်ကြသူများ ကိုယ်ကြိုက်ရာ ရုပ်ရှင်ကားလေးကြည့်ပြီး အပန်းဖြေနိုင်ကြပါစေ...http://www.freemyanmarvcd.com/index1.php

0

တောင်ကြီးတန်ဆောင်တိုင် LIVE လွှင့်မည်

Posted by ဖြိုးဇာနည် on Wednesday, November 05, 2008 in
မြန်မာနိုင်ငံ၏အထင်ကရပွဲတော်များထဲတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်လည်းအပါအ၀င်ဖြစ်ပါသည်...တောင်ကြီးမြို့၏သာယာအေးချမ်းလှသောအခါသမယတွင်လူအများပါဝင်ဆင်နွှဲနေကြသည့်အချိန်တွင်မိမိကိုယ်တိုင်ပါဝင်ဆင်နွှဲခွင့်မရပဲအဝေးရောက်နေသောတန်ဆောင်တိုင်ချစ်သူတို့အားတန်ဆောင်တိုင်၏ပျော်ရျွင်မှူကိုအများနည်းတူတစ်ထပ်တည်းခံစားနိုင်ရန်အတွက်ဤသတင်းလေးအားထပ်ဆင့်ဖြန့်ဝေလိုက်ပါသည်........ဖြိုးဇာနည်
glitter-graphics.com
..............................................................................................................
တောင်ကြီးတန်ဆောင်တိုင် LIVE လွှင့်မည်
> အိုးစည်သံနဲ့အတူ ချယ်ရီတွေ ယိမ်းကမယ့် ဒီပွဲတော်လေး တစ်နှစ်တစ်ခါဆိုသလို
> အချိန်မှန်မှန်နဲ့ ရောက်လာခဲ့ပြန်ပါပြီ။ ကမ္ဘာအနှံ့ ရှမ်းအိုးစည်သံတွေ
> လွှင့်ပျံ့ခဲ့တဲ့ မနှစ်က ဒီလိုအချိန် ဒီလိုရာသီကို အားလုံး အမှတ်ရနေကြအုန်းမယ်
> ထင်ပါတယ်။ အဝေးရောက် တောင်ပေါ်သားတွေ အိုးစည်သံကို တမ်းတနေသလား? ချယ်ရီရနံ့ကို
> လွမ်းမောနေပြီလား? ကောင်းကင်ပေါ် ဝဲပျံတက်သွားတဲ့ မီးပုံးပျံတွေကို မျက်စိတစ်စုံ
> လိုက်ငေးမကြည့်ခဲ့ရတာ ကြာမြင့်ခဲ့ပြီလား? ပွဲဈေးတန်းက ငါးထမင်းချဉ်၊ ဟင်းထုပ်၊
> ကောက်ညှင်းကျည်ထောက်.... စတဲ့ ဒေသစာတွေကို မစားရချင်နေ ကြည့်ရရင် တော်ပြီလို့
> တောင့်တနေမလား? တောင်ကြီး တန်ဆောင်တိုင်ပွဲကို တစ်ခါမှ မရောက်ဖူးဘူး၊
> ဒီနှစ်လည်း မသွားဖြစ်ပြန်ဘူးလို့ ညည်းတွားနေသလား?
>
> မပူပါနဲ့... လူကိုယ်တိုင် ရောက်သွားသလို ခံစားရအောင် "တောင်ကြီးချယ်ရီမြေ"
> အဖွဲ့သားတွေက Studio35နဲ့ ပူးပေါင်းပြီး ဒီနှစ်တန်ဆောင်တိုင် မီးပုံးပျံပွဲကို
> အဝေးရောက် လွမ်းမောနေကြသူတွေအတွက် မနှစ်ကလိုပဲ အွန်လိုင်းကနေ LIVE
> တိုက်ရိုက်ပြသနိုင်အောင် စီစဉ်နေကြပါပြီ။ အခမဲ့ အပင်ပန်းခံပြီး ပြသပေးတဲ့
> တောင်ကြီးချယ်ရီမြေ ဝိုင်းတော်သားတွေရဲ့ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်
> ပြုနိုင်အောင် ကိုယ့်ဖက်က အဆင်သင့်ကြည့်ဖို့ လုပ်ထားပေးကြပါလို့ သတင်းကောင်းပါး
> လိုက်ပါတယ်။
>
> တောင်ကြီးချယ်ရီမြေ ဘလော့မှာတော့ ဒီလိုလေး ကြော်ငြာထားပါတယ်။
>
> ၂ဝဝ၈ ခုနှစ် - တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို Studio 35 နှင့်
> တောင်ကြီးချယ်ရီမြေ ဘလော့တို့ ပူးပေါင်း၍ web casting ဖြင့်
> တိုက်ရိုက်ပြသပေးပါမည်။
>
> Live Url
> http://www.taunggyicherryland.com/live
>
>
> တိုက်ရိုက်ကြည့်ရှု့ရန်လိုအပ်ချက်များ
> browser: Mozilla 3.0
> Plugin: Windows Media 11 plugin for Mozilla
> Media: Windows Media Player 11 (0r) WVC1 codec
>
> တိုက်ရိုက်ထုတ်လွှင့်မည် နေ့ရက် အချိန်
> နေ့ရက် - နိုဝင်ဘာ ၅ မှ ၁၃ ရက်နေ့အထိ
> အချိန် - ည ၆ နာရီမှ စတင်ပါမည် ( မြန်မာစံတော်ချိန်)
glitter-graphics.com

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.