Showing posts with label ကျွန်တော်ဇာနည်ရဲ့အတွေး. Show all posts
Showing posts with label ကျွန်တော်ဇာနည်ရဲ့အတွေး. Show all posts
1
Posted by ဖြိုးဇာနည် on Monday, January 13, 2014 in
"လူတစ်ယောက်လောကထဲမှာမွေးဖွားလာဖို့ကိုးလအချိန်ယူရတယ်

အချစ်တစ်ခုမွေးဖွားလာဖို့ကျတော့ကိုးစက္ကန့်နဲ့လဲပြည့်စုံနိင်တယ်"

"လူတစ်ယောက်ကိုသတ်ဖို့အမုန်းတွေရန်ညှိုးတွေလိုအပ်တယ်

အချစ်ကိုသတ်ပစ်ဖို့ကျတော့ဘဝတစ်ခုလုံးစတေးဖို့လိုအပ်တယ်"

"အချစ်ကြောင့်အသက်စွှန့်ပြီးနာမည်ကြီးတဲ့သူရဲကောင်းဆိုတာဘယ်သမိုင်းစာအုပ်ထဲမှာမှမရှိဖူးဘူးဆိုသော်လည်း

အချစ်သူရဲကောင်းအကြောင်းသီကုံးခဲ့တဲ့ပုံပြင်စာအုပ်ပေါင်းများစွာကတော့အရောင်းရဆုံးစာရင်းဝင်ခဲ့တယ်"

"ထိုစာအုပ်တွေကျွန်တော့်ဆီမှာရှိတယ်

သို့သော်...စာအုပ်ထဲကသူရဲခေါင်းနေရာမှာကျွန်တော့်နာမည်မပါဘူး"


ဖြိုးဇာနည်

0

လူပို

Posted by ဖြိုးဇာနည် on Wednesday, December 19, 2012 in


6

မှားတော့မှားတယ်

Posted by ဖြိုးဇာနည် on Sunday, September 02, 2012 in

နှင်းတွေအရမ်းကို ထူးပိန်းပြီးကျနေတဲ့ ညချမ်းလေးမှာ ချစ်သူလက်ကိုတွဲပြီး လမ်းလျှောက်မိလိုက်တယ်ဆိုရင်ပဲ

အေးစက်နေတဲ့အထိအတွေ့က လက်ဖဝါးချင်းအထိမှာချက်ချင်းဆိုသလို ကူးစက်လာခဲ့တယ်။နောက်ပြီး အဲ့ဒီ

အေးစက်စက်အထိအတွေ့ကြောင့် ဘာကြောင့်မှန်းအဖြေရှာလို့မရပဲ ရင်ထဲမှာပူလောင်သွားခဲ့တယ်။စိတ်ပူတယ်

ဆိုတာ ရင်ဘတ်ကြီးတစ်ခုလုံးပါ အပူကူးစက်တတ်သလားပဲနော့်


ဟင့်အင်း ဒေးမကြိုက်ဖူးမောင့်


တိုပြတ်ပြတ် စကားတခွန်းနဲ့တင် နောက်ပြန်လှည့်ခဲ့ဖူးတယ်။ချစ်သူမကြိုက်တဲ့အရာတစ်ခုကို ကိုယ်ဇွတ်အတင်း

တိုးပြီးလုပ်ပစ်ဖို့ စိတ်ကူးမရှိပါ။အေးနေတဲ့ သူ့ရဲ့လက်ကလေးကို နွေးသွားစေချင်တဲ့စေတနာကို ချစ်သူနားလည်

နိုင်ပါစေလေ။အိတ်ထောင်မပါတဲ့ ဆွယ်တာင်္အကျီလေးဝတ်ထားတဲ့ချစ်သူရဲ့လက်ကလေးကို ကိုယ့်အိတ်ထောင်

ထဲဆွဲထည့်ဖို့ ကြိုးစားမိသွားတာဟာ စိတ်ပူလို့ဆိုတာချစ်သူသိမလား အခွင့်အရေးကိုရရင်ရသလိုယူတယ်ဆိုပြီး

တော့ ပဲငြိုငြင်သွားမလားပဲနော့်


တစ်ခုပဲ ကိုယ်တို့နှစ်ယောက်ဟာ ဆွယ်တာင်္အကျီကိုဆင်တူဝတ်ထားကြတယ်လေ့ကျန်တာဖြည့်

တွေးတတ်မှာပါ့ရုတ်ချည်းပူပင်တတ်တဲ့ စေတနာအမှားလေးတစ်ခုကြောင့်ချစ်သူ မျက်နှာကွက်သွား

တာမျိုးဖြစ်တတ်ပါတယ့်ဒါကြောင့်လားမသိဘူးနော် စေတနာကိုနည်းလမ်းမှန်အောင်အသုံး

မချတတ်တော့လဲ ကိုယ်ဟာ လူဆိုးတစ်ယောက်ဖြစ်သွားတတ်တယ်။ဝေဒနာထက်ဆိုးတဲ့ အထင်လွဲမူတစ်ခု

ပေါ့ မှာချင်ပါသေးတယ် သယ်ရင်းတို့ရေ စေတနာကို ဇကာနဲ့စစ်ပြီးမှ ပေးချင်သူကိုပေးကြ

ပါနော့်



ခင်တဲ့ဖြိုးဇာနည့်ညနေ့၎ နာရီ ၁၅ တိတိ

3

ပျော်ရွှင်ခြင်းရဲ့အထက်

Posted by ဖြိုးဇာနည် on Friday, August 31, 2012 in

ပျော်ရွှင်ခြင်းရဲ့အထက်မှာ ဘာမှမရှိတော့ဘူးဆိုတာကို ကျွန်တော်ရှာဖွေတွေ့ရှိခဲ့တယ် သူသင်ပေးခဲ့တယ်လေ

နောက်ပြီးအချစ်စစ်ဆိုတာဘယ်လိုမျိုးဆိုတာကိုလဲသူ့ကြောင့်သိခွင့်ရခဲ့တယ်။အချို့သောမိန်းကလေးတွေနဲ့တွေ့

ချိန်မှာဖြစ်တတ်ခဲ့ဖူးတဲ့ ရင်ခုန်သံတွေမြန်နေတာ စကားလုံးတွေဆွံအနေတာ ရင်ခွင်တစ်ခုလုံးဗလောင်ဆူနေတာ

တွေကို အချစ်စစ်လို့ထင်ခဲ့သမျှသူနဲ့တွေ့ချိန်မှာ အယူအဆတွေမှားခဲ့မှန်းကျွန်တော်သိခဲ့ရတယ်။တကယ်တော့

ချစ်စစ်ဆိုတာ သံစဉ်မပါ ပါဘူး အရမ်းကြီးတိတ်ဆိတ်နေတာမျိုးလဲမဟုတ်သလို အရမ်းကြီးလဲနူးညံမနေပါဘူး

တလှပ်လှပ်နဲ့ ရင်ထဲမှာ ကာရံမညီတဲ့ကဗျာတစ်ပုဒ်ကို ကာရံညှိနေရသလိုပါပဲ ဝုန်းဒိုင်းကြဲနေတဲ့ ရင်ဘတ်ထဲကို

အပ်ဖျားလေးနဲ့ တဆတ်ဆတ်ထိုးဆွနေခဲ့သလို ကျဉ်တင်တင်ခံစားမူကိုဖြစ်ပေါ်လာပြီး ကြည်လင်တဲ့ ရင်ထဲကို

လှိုက်ဖိုယစ်မူးစေတဲ့ ပျော်ရွှင်မူတွေကိုအလုံးအရင်းနဲ့ဝင်ရောက်လာချိန်ပေါ့။   ဘယ်ဖက်ရင်အုံနေရာလေးမှာ

ရှိန်းတိန်းတိန်းအရသာလေးနဲ့အတူ တငွေ့ငွေ့ပူနွေးလာစေတယ်။ဟုတ်တယ် ဒါဆိုရင် သူ့ကိုတကယ်ချစ်နေ

လို့ပဲပေါ့။ ဒါကြောင့်ကိုယ်ချစ်မိနေပြီလို့ထင်ထားတဲ့ သူနဲ့တွေ့ချိန်မှာ ညိမ့်ညိမ့်လေးနဲ့ ရင်ခုန်သံတွေ ပြေးလွှား

နေမယ်  တလှိုက်လှိုက်နဲ့ ရင်ဖိုစေပြီး စိတ်ထဲမှာ ပျော်ရွှင်မူဆိုတဲ့အရာတွေဟာ စီးဆင်းလာပြီလို့ဆိုရင်တော့

ကိုယ်ဟာသူ့ကိုအချစ်စစ်နဲ့ ချစ်နေမိပြီလေ။ ဒါကြောင့်ကျွန်တော်ရဲရဲကြီးအာမ ခံလိုက်တာပါ့

ပျော်ရွှင်ခြင်းရဲ့အထက်မှာ ဘာမှမရှိဘူးလို့




2

ကြယ်ကြွေခေါ်သွားတဲ့ ညနေများ

Posted by ဖြိုးဇာနည် on Wednesday, August 29, 2012 in

နေဝင်ချိန်တွေဆိုရင် သောက်နေကျပုလင်းလေးကိုမျက်စောင်းထိုးတတ်တဲ့ လောကကြီးထဲကလူတွေကို

အားကျတယ်။သူတို့မှာသစ္စာရှိတယ်လို့အမြဲပြောတဲ့အဖော်မွန်ရှိနေတယ်လေ။


ယောင်ချာချာဆိုတဲ့စကားကို အဓိပ္ပာယ်နဲ့တကွ သေချာသိရှိလိုက်ရတာမကြာသေးပါဘူး။သိပ်ကို လေးနက်

တဲ့စကားလုံးပါပဲ။တနေကုန် အများနည်းတူလှုပ်ရှားသွားလာနေခဲ့ပြီးတဲ့နောက် ညနေပိုင်းကိုဝင်ရောက်လာ

ပြီဆိုတာနဲ့ ကျွန်တော်ဟာ အများနည်းတူမနေရတော့ပါဘူး ဘယ်နေရာကိုသွားပြီးဘာလုပ်ရမလဲ ဘယ်သူ့ကို

အဖော်ပြုရမလဲ ဘာတွေနဲ့စိတ်ဖြေရမလဲ ဘယ်လိုမျိုးစိတ်ထွက်ပေါက်ရှာရမလဲမသိခဲ့ပါဘူး။ဒါကြောင့်လောက

ကြီးထဲမှာ သူ့ဟာနဲ့သူနေသားကျနေတဲ့ လူတွေကိုအားကျမိပါရဲ့ ရုံးဆင်းချိန်မှာ ထမင်းချိုင့်ကူကိုင်ပေးသူတွေ

ထီးမိုးပေးသူတွေကိုအားကျသလို အိမ်အပြန်လမ်းမှာ ချစ်သူအတွက် ချစ်သားသမီးတွေအတွက် စားစရာလေး

တွေဝင်ဝယ် ခွင့်ရနေကြတဲ့လူအများစုကိုလဲအားကျတယ် အမျိုးမျိုးပါပဲ သူ့နေရာနဲ့သူ အံဝင်ဂွင်ကျရှိနေကြပြီး

သားလူတွေအားလုံးကိုအားကျမိပါရဲ့ နာမည်ကတော့နားထောင်လို့မကောင်းပေမဲ့ အရက်သမားဆိုတဲ့လူတွေ

တောင်ညနေတိုင်ရင် သူတို့အတွက်လောကကြီးထဲမှာအံဝင်ဂွင်ကျ လုပ်စရာလေးတစ်ခုတော့ရှိနေပြီးသားပဲ

လေ။ဒါကြောင့်နေဝင်ချိန်တွေဆိုရင် သောက်နေကျပုလင်းလေးကိုမျက်စောင်းထိုးတတ်တဲ့ လောကကြီးထဲက

လူတွေကိုအားကျတယ်။သူတို့မှာသစ္စာရှိတယ်လို့အမြဲပြောတဲ့အဖော်မွန်ရှိနေတယ်လေ။


ကျွန်တော်လား အချိန်တွေပိုနေတယ်လို့တော့မမှတ်လိုက်ပါနဲ့ အချိန်တွေမလောက်ပါဘူး ဟောဒီရင်ဘတ်

သေးသေးလေးထဲမှာ သူ့အတွက်ခံစားရတာနဲ့တင် အချိန်တွေကိုတောင်အတိုးနဲ့ ချေးငှားလို့ရရင် ချေးငှားလိုက်

ချင်နေမိသူပါ။ရင်ထဲမှာတအုံနွေးနွေးနဲ့ တငွေ့ငွေ့လွမ်းဆွေးနေရတာကို ကျွန်တော်ကြိုက်ပါတယ် သူပေးခဲ့တဲ့

ဒဏ်ရာပဲလေ တန်ဖိုးထားရမှာပေါ့။ဒါပေမဲ့ ဒဏ်ရာဆိုတာမျိုးရှိလာပြီဆိုမှတော့ ဆေးလိုအပ်ကြတာပါပဲလေ။

ကျွန်တော်အဲ့ဒဏ်ရာအတွက်ဆေးလိုအပ်နေသူပါ။အဲ့ဒီဆေးကိုကျွန်တော်ရှာဖွေနေမိတယ်။ယောင်ချာချာနဲ့

လွမ်းဆွေးနေရတဲ့ ညနေချိန်တွေမှာ ကျွန်တော်ဆေးတစ်ခုခုနဲ့ကုသချင်မိတယ် လောကကြီးထဲမှာ လှုပ်ရှား

သွားလာနေကြတဲ့ ပုထုဇဉ် လူသားတွေနည်းတူပေါ့။


ဆုံးရှုံးမူဆိုတာဟာ ပိုင်ဆိုင်ခြင်းကစခဲ့တာတဲ့ သိပ်မှန်တဲ့စကားပဲ အခုဆိုရင် ကျွန်တော့်ညနေတွေပျောက်ဆုံး

ခဲ့ပြီလေ။အရင်ကပိုင်ဆိုင်ဖူးခဲ့တဲ့ ညနေတွေကို ပျောက်ဆုံးစွှန့်လွှတ်ရချိန်မှာ ကျွန်တော်ဟာ ဆုံးရှုံးမူတစ်ခုကို

ပိုင်ဆိုင်လိုက်ရပြီပေါ့။ဒီလိုပါပဲ ရင်ဘတ်ကြီးနဲ့မဆန့်အောင်ချစ်ခဲ့ဖူးတဲ့ ကျွန်တော်ဟာ ရင်ဘတ်ကြီးနဲ့မဆန့်

အောင် ဝေဒနာဆိုတဲ့ဆုံးရှုံးမူတွေကိုပြန်လည်ပိုင်ဆိုင်လိုက်ရတယ်လေ။အခုတော့ ကျွန်တော်အဲ့ဒီ ဆုံးရှုံးမူ

ဆိုတဲ့အရာတွေကို မပိုင်ဆိုင်ချင်တော့ပါဘူး။တွေဝေနေတတ်တဲ့ညနေတွေကို ထပ်ပြီးအဆုံးရှုံးခံပစ်လိုက်

ချင်နေပါပြီ။ ဒါကြောင့်ကျွန်တော့်ပိုင်ဆိုင်မူတွေကို ထုချေပစ်ဖို့ ကျွန်တော့်ညနေတွေကို ကျွန်တော်ပြန်လည်

ရှာဖွေနေမိတယ်။ဘယ်မှာလဲ ကျွန်တော့်ညနေတွေ ဘယ်မှာလဲ ကျွန်တော့်ရဲ့ အရင်ဆုံးရှုံးသွားခဲ့ဖူးတဲ့

ကြည်နူးစရာရင်ဘတ်တစ်ခု ဘယ်မှာလဲတချိန်က ချစ်သူ????????????????????????????


ကြယ်ကြွေချိန်မှာ ဆုတောင်းရင်ပြည့်တတ်တယ်တဲ့ ဒါပေမဲ့အဲ့ဒီလိုအချိန်မှာ ဆုမတောင်းဖြစ်ခဲ့ဘူ့း

ကိုယ်ချင်းစာလို့ပါ ကိုယ်လိုချင်တာရဖို့အတွက် ကြယ်တစ်ပွင့်ကြွေကျပေးလိုက်ရတယ်လေ။သူကြွေကျ

သွားချိန်မှာအခွင့်ကောင်းယူပြီး တောင်းလိုက်တဲ့ဆုကရော ပြည့်လာနိုင်ပါ့မလား။မသေချာတဲ့အလုပ်ကို

တဖက်သားနစ်နာတာကို နင်းပြီးမှ လုပ်ရတာမျိုးကို မနှစ်မြို့ချင်ဘူ့းဥပမာ ပေါ့

ဒါဆို ဓူဝံကြယ်ကြီးကြွေကျသွားခဲ့မယ်ဆိုရင်ကော အဲ့ဒီကြယ်ကြီးကြွေကျသွားချိန်မှာ လူတွေပျော်ပျော်

ကြီးဆုတောင်းနေကြလိမ့်မယ်လို့ထင်သလား????? အမြဲတမ်းရှိနေတဲ့ အရာတစ်ခုဆုံးရှုံးသွားမှာကိုတော့

လူတိုင်းမနှစ်မြို့ချင်ကြပါဘူး။ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ဓူဝံကြယ်ကြီး ကြွေကျသွားတာကြာပါပြီ။

ဒါကြောင့် ကျွန်တော်လမ်းပျောက်ခဲ့ပြီ့


ဟုတ်တယ် လမ်းပျောက်ခဲ့ပြီ့

ကြယ်ကြွေခေါ်သွားတဲ့ ညနေများ


သူငယ်ချင်းတစ်ယောက်အိုင်ဒီယာလာပေးလို့ပါ ဒီလိုအကြောင်းလေးရေးပေးပါလားတဲ့
လမ်းပျောက်နေတဲ့ လူတစ်ယောက်အကြောင်းပေါ့တဲ့ ။ကျွန်တော်လဲ ဖျစ်ညှစ်ပြီးရေးကြည့်မိတယ်။
ဒီစာအရဆိုရင် တစ်ပုဒ်လုံးဖတ်ပြီးတာတောင် လမ်းပျောက်နေတဲ့ ပုံကသိပ်မသိသာသလိုဖြစ်နေတယ်လို့
ထင်မိတယ်။ သိပ်အားမရဘူး ဒါပေမဲ့ post လဲမတင်တာကြာနေတော့ အမြတ်ပဲပေါ့

ကြိုးစားလျှက့်ဖြိုးဇာနည့်ည့၁၁နာရီ ၂၅တိတိ




1

အချစ်အကြောင်း တစေ့တစောင်းအတွေးများ ( ၂ )

Posted by ဖြိုးဇာနည် on Monday, August 06, 2012 in

ဒီတစ်ခါမှာတော့ ခင်မင်မူကိုအစပျိုးနည်းလေးကို လေ့လာမိသလောက် ပြန်လည်တင်ပြချင်ပါတယ်။

တကယ့်လက်တွေ့ အသုံးချဖူးသောနည်းလမ်းများဖြစ်ပါတယ်။သူငယ်ချင်းများထံမှ ကိုးကားထားခြင်း

ပါ သူတို့လုပ်ဆောင်ချိန်မှာ ကိုယ်တိုင် ကူညီပေးဖူးခဲ့သော နည်းလမ်းလေးတချို့ဖြစ်ပါတယ်။ပေါ့ပျက်

ပျက်ဆန်ချင်ဆန်နေပါလိမ့်မယ် သို့သော် တကယ်ကိုအကျိုးသက်ရောက်မူရှိသောကြောင့်ယခုလက်ရှိ

မှာပင် အောက်ပါအချက်များကြောင့် သူငယ်ချင်းတစ်ယောက်အိမ်ထောင်ကျသွားပါပြီ :P :P :P



သူတစ်ယောက်ထဲအပြင်ထွက်တတ်တာများသလား သူငယ်ချင်းတွေနဲ့အုပ်စုဖွဲ့ထွက်တာပိုများသလား

သတိထားရမှာပါ တကယ်လို့သူတစ်ယောက်ထဲအပြင်ထွက်ချိန်မှာ ကိုယ်သူနဲ့ရင်းနှီးမူမရှိသေးရင် သူ့

နောက်ကမလိုက်ပဲ လွတ်လပ်စွာပေးသွားခိုင်းလိုက်ပါ ရင်းနှီးမူမရခင် သူတစ်ယောက်ထဲရှိနေချိန်မှာဝင်

ရောဖို့ကြိုးစားတာဟာ နှောက်ယှက်တာနဲ့တူပါတယ်။သူမရဲ့ သူငယ်ချင်းတွေနဲ့အတူ အပြင်ထွက်ချိန်မှာ

ရင်းနှီးမူတစ်စုံတစ်ခုရအောင်ကြိုးစားတာဟာ ပိုပြီးလွယ်ကူစေပါတယ်။မုသားမပါလင်္ကာမချောဆိုတဲ့

စကားကိုလက်ကိုင်ထားပါ သူမသူငယ်ချင်းတွေထဲက ပိုပြီးဖော်ရွေမယ်လို့ထင်ရသူကို ပထဆုံး ခင်မင်

မူရယူသင့်ပါတယ်။ဒီလိုရင်းနှီးမူရယူချိန်မှာ သူမတို့ဆိုင်ထိုင်နေတုန်းပိုက်ဆံရှင်းပေးတာမျိုးမလုပ်မိအောင်

အတတ်နိုင်ဆုံးရှောင်ပါ။အထူးသဖြင့် ပထမဆုံးသူတို့အုပ်စုနဲ့ခင်မင်မူစတင်ချိန်မှာ သူမတို့ထိုင်နေသော

ဆိုင်မှာ စားပွဲအနီးနားမှာမထိုင်မိအောင်ရှောင်ကျဉ်ပါ။ ထိုဆိုင်ထဲကိုမဝင်ခိုင်းတာမဟုတ်ပါ ဝင်ပါ ဒါပေမဲ့

ပါဆယ်သာဝင်ဝယ်ပြီး ပြန်လာတာမျိုးဟာအကောင်းဆုံးပါ။


ရင်းနှီးမူရယူဖို့ရာအတွက် နည်းလမ်းအမျိုးမျိုးရှိပါတယ်။သူမတို့ထိုင်ချိန်မှာ အကူအညီတောင်းပါ သူမတို့

အိမ်နားလေးကဆိုင်တဆိုင်ဆိုင်သို့မဟုတ် အိမ်တစ်အိမ်အိမ်အကြောင်းကို မေးပါ ဘယ်လိုသွားရသလဲ

ဆိုတာမျိုးပါ။သူမအိမ်နားမှာဖြစ်တဲ့အတွက် သူမဟာ အနည်းဆုံးတော့ တစ်ခွန်းစနှစ်ခွန်းစ လမ်းညွှန်ပေး

ပါလိမ့်မယ်။အကြောင်းအရာခိုင်မာဖို့လိုပါတယ် လူကြုံတစ်ဦးဦးက စကားအမှာပါးလိုက်တဲ့ အကြောင်း

ကို တည်ပြီး ထိုအိမ်ကိုမေးရင်ပိုသင့်တော်ပါတယ်။ပစ္စည်းအမှာပါးရင် သူတို့ယူသွားပေးမယ်ဆိုတာမျိုး

ဖြစ်တတ်ပါတယ်။စကားအမှာပါးလိုက်တာမျိုးဖြစ်တဲ့အတွက် လူကိုယ်တိုင်သွားရမှာမို့ သေချာမေးလို့ရ

နိုင်ပါတယ် အခွင့်အရေးကတော့ စကားပြောချိန်ပိုမိုကြာရှည်စွာရနိုင်ပါတယ် အဆင်ပြေရင် သူတို့နဲ့အတူ

သူတို့အိမ်လမ်းထိပ်အထိပါအတူသွားခွင့်ရနိုင်ပါတယ်။အကျိုးဆက်ကတော့ သူတို့ကို ကျေးဇူးတင်ခွင့်

မျိုးရလိုက်နိုင်တာပါ ဒါမှနောင်တခါ မတော်တဆဆုံတွေ့မူမျိုးဖြစ်ခဲ့မယ်ဆိုရင် ကူညီဖူးတဲ့ကျေးဇူးကြောင့်

မုန့်လိုက်ကျွေးပါရစေဆိုတာမျိုးနဲ့ ထပ်မံပက်သက်နိုင်ပါတယ်။


ဒီနည်းလမ်းကို မလုပ်ရဲပါက  နောက်နည်းလမ်းလေးတစ်ခုနဲ့  အကြံပေးချင်ပါတယ်။ငြင်းခုန်ပါ :) အဖော်

တစ်ယောက်အကူအညီလိုပါတယ် သူမတို့အုပ်စုရှိနေရာ အနီးနားမှာ သူမတို့ကြားအောင် ငြင်းခုန်ပါ တစ်

ယောက်က ဟုတ်ပါတယ် ဆိုရင် နောက်တစ်ယောက်က မဟုတ်ပါဘူးဆို့ အဲ့လိုမျိုးလေးပါ သူတို့သတိ

ထားမိဖို့အရေးကြီးပါတယ်။ပထမတစ်ခါ သူတို့အုပ်စုရှိရာနေရာမှာ ငြင်းပါ ဒုတိယတစ်ခါ တခြားနေရာတစ်

ခုခုမှာ ကိုသူမတို့ရောက်ရှိနေချိန်မှာ သူမတို့အနားသွားပြီး သူမတို့သတိထားမိအောင် ထပ်မံငြင်းခုန်ကြပါ။

ဟုတ်တယ်ကွာ   မဟုတ်ဖူးပါဆိုကွာာာာ အဲ့စကားကိုအကြိမ်ကြိမ်ပြောကြရမှာဖြစ်ပါတယ်။နောက်မှ သူတို့

သတိထားမိတာသေချာပြီဆိုရင်တော့ သူတို့အုပ်စုအနား မဝံမရဲပုံစံဖြင့်ကပ်သွားရင်း အကူအညီတောင်းပါ။

( အကူအညီတောင်းခြင်းသည် ခင်မင်မူကိုရယူရန် အကောင်းဆုံးလက်နက်ဖြစ်ပါသည်။ ) အစ်မ တို့ကို အ

ကူညီတစ်ခုလောက်တောင်းလို့ရမလားခင်ဗျာ-- ထိုစကားနှင့်အစချီပါ မြန်မာပြည်သူများဖြစ်ပါသည် မရိုင်းပါ

ကူညီမည့်အကြောင်းသေချာပေါက်ပြောပါမည် ထိုတော့မှ ကိုယ်စိတ်ဝင်စားသူ သူမကိုတည့်တည့်မေးပါ

သူမနာမည် ကိုမေးပါ့မေးရာမှာ အစ်မနာမည်က --- ဟုတ်တယ်မလားဟင် ဆိုတာမျိုးပါ အဲ့လိုမေးရမှာ

ဖြစ်ပါတယ် သူအတွက်အဖြေက ဟုတ်ပါတယ် မဟုတ်ဖူး အဲ့လိုလေးပဲ အဖြေထွက်စေတာမျိုးဖြစ်ပါတယ်။

သူမနာမည်အမှန်ကိုသာ ပြောပြီး ဟုတ်တယ်မလားဟင် ဆိုတာမျိုးမေးပါ။အဲ့ချိန်မှာ သူမကဟုတ်ပါတယ်

ဆိုတဲ့အဖြေကိုဖြေမှာပါ။ဒီတော့မှ ကိုယ့်ဘေးက မဟုတ်ပါဘူးဆိုပြီး ကူငြင်းပေးရှာသော သူငယ်ချင်းကို

သူမတို့ရှေ့မှာ တွေ့လားငါမှန်တယ် ဆိုတဲ့အကြည့်မျိုးနဲ့ကြည့်ပြီ အားရပါးရပျော်ပြပေးပါ။ နောက်မှာတော့

သူမကို ကျေးဇူးစကားပြောပါ တစ်လက်စထဲမိတ်ဆက်ပါ။နောက်တော့ နောက်တော့

ကိုယ့်နှုတ်က ပြောလိုက်တဲ့စကားလုံးတွေအပေါ်မူတည်ပြီး သူမတို့အုပ်စုနဲ့ ကောင်းကောင်းချင်သွားတဲ့

အဆင့်ထိကို တစ်ထိုင်ထဲရောက်သွားနိုင်ပါတယ်။ (အဓိကအချက်ကတော့ သူတို့နဲ့မိတ်ဆက်နေချိန်မှာ

မိမိတို့သူငယ်ချင်းနှစ်ယောက်ဟာ သူမတို့ပြောလိုက်တဲ့စကားလုံးတိုင်းအပေါ်အခြေအနေကြည့်ပြီး ငြင်း

ခုန်ကြဖို့လိုအပ်ပါတယ် ) ဒါမှ ပျော်တတ်တယ်နော် ခင်ဖို့ကောင်းတယ်ဆိုတာမျိုးသူမတို့တွေးမိသွားစေ

မှာဖြစ်ပါတယ်။


ညနေစောင်းမှာ ဒီနေရာလေးကို ရောက်ဖြစ်ခဲ့တယ် သူငယ်ချင်းအိမ်မှာ ကွန်ပျူတာသွားပြင်ပေးရင်း အပြန်

မှာဝင်ဖြစ်လိုက်တာပါ။စိတ်ထဲမှာ ကြည်နေတာကတကြောင်း ကွန်ပျူတာလေးကိုလဲ လွယ်လာမိတာက

တကြောင်းဆိုတော့ မြန်မာတုန်းကပျော်ခဲ့ဖူးတာလေးကိုပြန်တွေးမိပြီးဒီစာလေးကို ရေးဖြစ်လိုက်ပါတယ်။

ကလေးအတွေးသာသာလေးပါ ကလေးကွက်လို့ပြောလဲရပါတယ်။ဟာသအနေနဲ့ဖတ်ရင် ပိုသင့်တော်ကြ

မယ်လို့ထင်ပါတယ်။စာရေးပြီးတော့ ငါးစာကျွေးဖြစ်လိုက်သေးတယ် တော်တော်လေးပျော်ခဲ့တယ်။


ကြိုးစားလျှက်
ဖြိုးဇာနည့်ညနေ့၆နာရီ၃၀မိနစ်တိတိ


4

အချစ်အကြောင်း တစေ့တစောင်းအတွေးများ

Posted by ဖြိုးဇာနည် on Friday, August 03, 2012 in

ချစ်နေတာလား ခံစားနေတာလား သံယောဇဉ်တွယ်နေတာလား သဘောကျနေတာလား နှစ်သက်နေ

တာလား မေးခွန်းတွေအများကြီးရှိတယ် ချစ်နေတယ်ဆိုရင်ကော သူပြန်ချစ်နိုင်ဖို့ ပြန်ချစ်နိုင်မဲ့ အခြေ

အနေကိုယ့်မှာရှိနေသလား သူပြန်ချစ်နိုင်ဖို့အလားအလာ (အလားအလာဆိုတာက) ကိုယ်သူ့ကိုကြည့်

နေမိတဲ့အချိန်မှာ မတော်တဆပဲဖြစ်ဖြစ်သူကိုယ့်ကိုပြန်ကြည့်မိသလား သူမျက်စောင်းထိုးသွားသလား

အဲ့လိုအခြေအနေကိုပြောဆိုတာဖြစ်ပါတယ်။တကယ်လို့ကိုယ်ချစ်နေတာ သူမသိရင်သူ့ကိုသိအောင်

လုပ်ဖို့လိုပါတယ်။သူ့ကိုချစ်ပါတယ်လို့သွားပြောဖို့အတွက်ဆိုလိုတာမဟုတ်သေးပါဘူး သူ့ကိုကိုယ်ဂရု

စိုက်ပြီးကြည့်နေတာကိုသူသိအောင်လုပ်ဖို့အတွက်ပဲ လိုတာပါ။ဥပမာ ကိုယ်သူ့ရှေ့ကနေဖြတ်လျှောက်

သွားချိန်မှာ သူကိုယ့်ကိုသတိထားမိအောင် သူမတော်တဆကြည့်မိတယ်ဆိုတဲ့အချိန်ကလေးမှာကိုယ့်
 
လက်ထဲမှာသော့ သို့မဟုတ်တစ်ခုခုကို ကိုင်ထားဖို့လိုပါတယ် (ဥပမာမကွဲစေ မပျက်စီးစေနိုင်တဲ့ )

ပစ္စည်းတစ်ခုခုကိုဆိုလိုပါတယ် သူကိုယ့်ကိုပြန်ကြည့်ချိန်မှာ ကိုင်လာတဲ့ပစ္စည်းတစ်ခုခုကို လွတ်ကျသွား

သလိုလိုနဲ့ လွှတ်ချပစ်ဖို့ကိုဆိုလိုပါတယ်။အဲ့လိုပဲနောင်တချိန်မှာလဲ သူကိုယ့်ကိုသတိထားမိချိန်မှာ ကိုယ်

ခလုတ်တိုက်မိသွားသလို ပြုလုပ်နိုင်ပါတယ်။ဒီလိုအပြုအမူက သူကိုယ့်ကို ဟာသအနေနဲ့ပဲဖြစ်စေ သတိ

ထားမိသွားစေပါတယ်။ဒီလိုသတိထားမိသွားတာကစလို့ သူဟာနောက်ဆိုရင် ကိုယ့်ကိုတွေ့တိုင်း ဘာများ

တလွဲလုပ်အုံးမလဲဆိုတဲ့စိတ်နဲ့လိုက်ကြည့်နေပါလိမ့်မယ်။



အချစ်တစ်ခုမှာ သတိပြုမိတာကစပါတယ်။သူကိုယ့်ကိုသတိမထားသရွှေ့ကိုယ့်ကိုသူချစ်လာဖို့ဆိုတာဟာ

လဲမဖြစ်နိုင်ပါဘူး။ကိုယ်ကလဲချစ်နေတယ် ပြီးတော့သူ့ကိုတောင်စေ့စေ့မကြည့်ရဲဘူး ဆိုတာမျိုးဆိုရင်တော့

အဲ့ဒီကောင်လေးဟာ ရှုံးဖို့အတွက် ၉၉%  မှာရှိပါတယ်။ဘယ်မိန်းကလေးကမှ ကိုယ့်ကိုချစ်ပါတယ်ဆိုတဲ့

အပြောအပြုအမူမလုပ်ပဲနဲ့ ကိုယ့်ကိုပြန်ချစ်ဖို့အတွက် စဉ်းစားမှာမဟုတ်ပါဘူး။ထိုမိန်းကလေးကကိုယ့်ကို

ချစ်နေသည့်တိုင်အောင်ကိုယ့်ဖက်ကဘာမှ အစမပျိုးပဲနဲ့ ဒီကောင်လေးနဲ့ကောင်မလေးဟာ ချစ်သူတွေ

ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။


နောက်တစ်ချက်ကတော့ သူဘာကြိုက်တယ်ဆိုတာစုံစမ်းဖို့မလိုပါဘူး။ကိုယ်လုပ်တာကိုသူကြိုက်ဖို့သာ

 အရေးကြီးပါတယ်။ဥပမာကိုယ် ဖုန်းဆက်မယ်ဆိုပါတော့ သူ့ဖက်က သူစိမ်းယောက်ကျားလေးနဲ့ဖုန်းပြော

တတ်သလားမပြောတတ်သလားဆိုတာပထမတစ်ခါဖုန်းဆက်ကထဲကရိတ်မိနိုင်ပါတယ်။ကိုယ်ပထမတစ်ခါ

ဖုန်းဆက်တဲ့အချိန်မှာ သူ့ဖက်ကကောင်းကောင်းမွန်မွန်ပြန်ပြောရင် ကိုယ့်ကြိုးစားမူအတွက် ဖုန်းကိုအားကိုး

လို့ရပါပြီ တကယ်လို့သာ ပထမဆုံးဖုန်းဆက်တဲ့အချိန်မှာ သူစကားကောင်းကောင်းပြန်မပြောခဲ့ဘူးဆိုရင်

တော့ နောက်တစ်ခါဖုန်းဆက်ဖို့အစီအစဉ်ကိုဖျက်လိုက်တာပိုကောင်းပါတယ်။ဖုန်းမဆက်လဲတခြားနည်းလမ်း

နဲ့ကြိုးစားလို့ရပါသေးတယ်။ဒါကြောင့် သူဘာကြိုက်လဲဆိုတာထက် ကိုယ်လုပ်တာကိုသူကြိုက်ဖို့အရေးကြီး

တယ်လို့ဆိုလိုတာဖြစ်ပါတယ်။သူဖုန်းဆက်တာမကြိုက်မှန်းသိသိနဲ့ထပ်ဆက်နေမယ်ဆိုရင်တော့သူနဲ့နီးစပ်

ဖို့အတွက်ပိုဝေးသွားစေပါလိမ့်မယ်။


နောက်ချက်ကတော့ သူဟာ သူငယ်ချင်းတွေကိုခင်တတ်လားဆိုတာပါပဲ။သူခင်တတ်တယ်ဆိုရင်တောင်

ကိုယ်ကိုတိုင် သူငယ်ချင်းအဖြစ်မိတ်ဖွဲ့ ဖို့အတွက်မလိုပါဘူးသူ့ကိုသူငယ်ချင်းမလုပ်မိဖို့အတွက် ရှောင်ကျဉ်ဖို့

ရာအတွက်ဆိုလိုတာဖြစ်ပါတယ်။သူငယ်ချင်းတွေကိုခင်တတ်တဲ့ ကောင်မလေးတစ်ယောက်ဟာသူငယ်ချင်း

ကိုရည်းစားလုပ်ဖို့အတွက်ဘယ်သောအခါမှ ခေါင်းထဲထည့်ပြီးအလေးထားစဉ်းစားမှာမဟုတ်လို့ပါပဲ။ဒါကြောင့်

ကိုယ်ချစ်နေတဲ့ ကောင်မလေးလေးဟာသူငယ်ချင်းတွေကိုလွယ်လွယ်ခင်တတ်သူဖြစ်ခဲ့မယ်ဆိုရင်သူနဲ့သူငယ်

ချင်းဖြစ်ဖို့မကြိုးစားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။


နောက်ပြီးကိုယ်ချစ်နေတဲ့ကောင်မလေးဟာကိုယ်ရဲ့ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ရဲ့သူငယ်ချင်းဖြစ်နေခဲ့မယ်

ဆိုရင်အဲ့ဒီသူငယ်ချင်းကတဆင့်မိတ်ဆက်ခိုင်းတာမျိုးမလုပ်မိပါစေနဲ့။ဒီလိုမိတ်ဆက်ပြီးခင်မင်လိုက်ရတာဟာ

ကိုယ့်အတွက် တစ်ပန်းရှုံးစေပါတယ်။သူတို့အမြင်မှာ ခင်မင်တဲ့နေ့ကစလို့(စခင်တာပဲရှိသေးတယ်)ချက်ချင်း

သဘောကျချစ်သွားတယ်လို့ထင်သွားစေနိုင်ပါတယ်။ဒီလိုထင်သွားချင်းအားဖြင့် သူဟာကိုယ့်ကိုမိန်းကလေး

ချောချော မြင်တိုင်းလိုက်ကြိုက်တတ်တဲ့သူလို့ထင်မြင်သွားတတ်ပါတယ်။ဒါကြောင့်ကိုယ့်သူငယ်ချင်းကနေ

တဆင့်မိတ်ဆက်ခိုင်းထာမျိုးမလုပ်ပဲ အဲ့ဒီသူငယ်ချင်းကနေတဆင့် သူဟာဘယ်လို့အကျင့်တွေရှိလဲ သူဟာ

ဘယ်လိုမျိုး တွေကြိုက်တတ်လဲဆိုတာကိုစုံစမ်းတာက နီးစပ်ဖို့အတွက်အခွင့်အရေးပိုများစေပါတယ်။


ဆက်ရန့်

 

ကျွန်တော်စာရေးရတာအချိန်သိပ်မပေးနိုင်ဘူးဖြစ်နေပါတယ် အခုpostလေးကလဲCboxကနေဆင့်ကိုနေမျိုး

မေးထားတာလေးကိုကျွန်တော်သိသလာက်တွေးမိသလောက်ရေးပေးတာဖြစ်ပါတယ်။ဒါကြောင့်ကိုနေမျိုး

မေးထားတာလေးကို ရေးမပေးဘူးဆိုတာလဲမဖြစ်စေချင်တာကြောင့်အချိန်ရတုန်းလေးတစ်ပိုင်းတစ်စရေးပြီး

တင်လိုက်ရတာဖြစ်ပါတယ်။နောက်အပိုင်းတွေကိုတော့မကြာခင်တတ်သလောက်တင်ပြပေးပါ့မယ်လို့ ပြော

ကြားရင်းးးးးးးးးးးးး ခင်တဲ့ ဖြိုးဇာနည် ည့၂နာရီ ၄၅ တိတိ

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.