ကျွန်တော်စာမရေးချင်တာမဟုတ်ပါဘူးစာရေးဖြစ်ပါတယ် မတင်ဖြစ်တာလဲမဟုတ်ပါဘူး တင်လို့မရတာပါ
တရုတ်ကွန်နက်ရှင်ရဲ့ မညှာမတာ ထိုးနှက်မူတွေကြောင့် blogspot ကိုလဲပိတ်ထားတယ်။ proxy ကို
ကျော်ဝင်တဲ့ Software တွေကိုလဲတစ်ခုမကျန်ဘန်းထားပါတယ် အဲ့လိုဖြစ်နေတာကြောင့်ပါ။အခုတောင်
ဘယ်လိုကဘယ်လို မျက်စိလည်သွားပြီး ဆော့ဝဲတစ်ခုကပွင့်သွားတယ်မသိဘူး blogspot ကိုဖွင့်လို့
ရနေတယ်။ဟိုနေ့ကလဲတစ်ခါ အခုလိုပွင့်လာပါသေးတယ်ဝမ်းသာအားရနဲ့posတင်မယ်ကြံကာရှိသေးတယ်
ပြန်ကျသွားပါရော :( အခုတော့ရေးထားပြီးသားလဲအဆင်သင့်ရှိတော့အချိန်မဆိုင်းပဲအမိအရတင်လိုက်
တယ် :P အေးရော :D ခဲရာခဲဆစ်တင်ရတာဆိုတော့ အရင်ကလိုအချစ်အကြောင်းတွေထက်စာရင်
တန်ဖိုးရှိတဲ့စာလေးတွေကိုပဲတင် ချင်တော့ပါတယ် ဒါကြောင့် ရေးသာရေးဖြစ်ပြီးမတင်ဖြစ်ပဲရှိနေတဲ့ post
ပေါင်းများစွာထဲကမှ အခုလို အရမ်း တန်ဖိုးရှိတဲ့ post လေးတစ်ခုကို ရွေးချယ်ပြီးသူငယ်ချင်းတွေအားလုံး
အတွက် ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။
စကားပြောနည်း
၁ ။ အလောတကြီးကိစ္စ =
ဖြည်းဖြည်းပြောပါ။
၂ ။ အရေးတကြီးကိစ္စ =
ရှင်းရှင်းလင်းလင်းပြောပါ။
၃ ။ အရေးမကြီးသည့်ကိစ္စ =
ဟာသနှော၍ပြောပါ။
၎ ။ မပိုင်နိုင်သောကိစ္စ =
ဆင်ဆင်ခြင်ခြင်ပြောပါ။
၅ ။ ပျော်ရွှင်ဖွယ်ကိစ္စ =
ကာလံဒေသံလိုက်၍ပြောပါ။
၆ ။ မပျော်ရွှင်ဖွယ်ကိစ္စ =
ပြောသင့်သူမှပြောပါ။
ရ ။ ဝမ်းနည်းဖွယ်ကိစ္စ =
လူတွေ့တိုင်းမပြောပါနှင့်။
၈ ။ သူတစ်ပါးကိစ္စ =
သတိထားပြီးပြောပါ။
၉ ။ မဖြစ်ပျက်သေးသည့်ကိစ္စ =
လက်လွတ်စပယ်မပြောပါနှင့်။
၁၀။ မလုပ်နိုင်သောကိစ္စ =
ကြွားဝါမပြောပါနဲ့။
၁၁။ သူတပါးထိခိုက်မည့်ကိစ္စ =
လုံးဝမပြောရ။
၁၂။ လင်မယားကိစ္စ =
တိုင်ပင်ဆွေးနွေးပြောပါ။
၁၃။ ကလေးများကိစ္စ =
လမ်းကြောင်းညွှန်၍ပြောပါ။
၁၄။ မိမိကိစ္စ =
သူများပြောတာနားထောင်ပါ။
၁၅။ သက်ကြီးဝါကြီးနှင့်ပြောလျှင် =
များများနားထောင်နည်းနည်းပြောပါ။
လုပ်ချင်တာကိုလုပ်ခွင့်မရခြင်းကလဲဒုက္ခမည်၏ဆိုတာကိုကောင်းစွာသဘောပေါက်နားလည်နေသော
ဖြိုးဇာနည့်ည့၁၁နာရီ ၁၉တိတိ