1

အုန်းစားကြည့်မယ်

Posted by ဖြိုးဇာနည် on Saturday, February 07, 2009 in
အောက်ပါ မေးခွန်းကို ဖြေကြည့်ပါ၊ သာမန်လူနဲ့ စိတ္တဇ လူသတ်သမားကို အဲလို မေးခွန်းနဲ့ ခွဲခြားနိုင်ပါတယ်။ အဲလို မေးခွန်းမျိုးဟာ ပုံမှန်လူဆို ရိုးရှင်းလှတဲ့ အဖြေလေးကို ဘယ်လိုမှ စဉ်းစားလို့ မရပါဘူး။ စိတ္တဇ လူသတ်သမား တစ်ဦးကတော့ အဲဒီ မေးခွန်းထဲက စိတ္တဇ လူသတ်သမားက ဘာလို့ သတ်သလဲ ဆိုတာကို နားလည်တော့ ချက်ခြင်း အဖြေပေးနိုင်ပါတယ်။

"မြို့တစ်မြို့မှာ အဖိုးကြီး တစ်ယောက်ရယ် သူ့သမီး နှစ်ယောက်ရယ် ရှိကြတယ်။ တစ်နေ့ကျတော့ အဖိုးကြီး ဆုံးသွားပါတယ်။ အဲလိုနဲ့ အသုဘ အခမ်းအနားနေ့ ရောက်လာပါတယ်။ အသုဘ အခမ်းအနားနေ့မှာ အဖိုးကြီး သမီး ညီအစ်မ နှစ်ယောက်ထဲက အငယ်ဟာ အင်မတန် ရုပ်ရည် ချောမော ခံ့ညားတဲ့ အမျိုးသား တစ်ယောက်ကို တွေ့ခဲ့ပါတယ်။ အသုဘဟာ ချောချောမောမောပဲ ပြီးသွားပါတယ်။ နောက် အမွေတွေ ဘာတွေ ခွဲကြ၊ အဲဒါလည်း ညီအမ နှစ်ယောက် ကျေကျေနပ်နပ်၊ အေးအေးဆေးဆေးပဲ။ ဒါပေမဲ့ အဲဒီ အသုဘ ပြီးသွားလို့ နှစ်ပတ်လောက် ကြာတဲ့အခါမှာ ညီမအငယ်က သူ့အမကို သတ်ပစ်လိုက်ပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ…"

၁။ အဖိုးကြီးရဲ့ အမွေကိစ္စနဲ့ ပတ်သက်လို့လည်း ဘာမှ ပြောစရာ မလိုပါဘူး။ ညီအစ်မ နှစ်ယောက်မှာ အမွေ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ကတောက်ကဆ ဖြစ်ခဲ့တာ မရှိပါဘူး။ ဒါ့အပြင် အဲဒီရက်ပိုင်းမှာ ညီအမ နှစ်ယောက် ဘာပြဿနာမှ မဖြစ်ခဲ့ကြပါဘူး။

၂။ အဲဒီ ရုပ်ရည် ချောမောခံ့ညားတဲ့ အမျိုးသား ဧည့်သည်ဆိုတာဟာ အဲဒီ ညီအစ်မ နှစ်ယောက်စလုံး တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ အဲဒီ အသုဘ ပြီးသွားတဲ့ နောက်မှာလည်း တစ်ခါမှ ပြန်မတွေ့ရတော့ပါဘူး။ အဲဒီတော့ အဲဒီ တစ်ယောက်ကို လုရင်း သတ်ကြတယ် ဆိုတာဟာလည်း မဖြစ်နိုင်တော့ပါဘူး။

၃။ အငယ်မလေးက အဲဒီ ဧည့်သည် ယောင်္ကျားကို စွဲလမ်းသွားပြီး ဂယောင်ချောက်ခြား အိပ်မက်တွေ မက်ရာက အဲဒီလူနဲ့ သူ့အမနဲ့ ကြိုက်နေကြပါတယ် လို့တွေးကာ စိတ်ဖောက်ပြီး သူ့အမကို ထသတ်တာလည်း မဟုတ်ပါဘူး။


အဖြေကို အရင် ဖြေကြည့်ကြပါ။ အောက်မှာ ပေးထားတဲ့ အဖြေနဲ့ ပြန်ကိုက်ကြည့်ပါ။ အဖြေကို ဖြေလိုက်တဲ့ လူရဲ့ နောက်မှာ ရပ်ကြည့်နေတဲ့လူတွေ သတိထားပါ။ သူဖြေတာ အောက်က အဖြေနဲ့ ကိုက်နေပြီ ဆိုလို့ကတော့ Run for your life ပဲဗျို့။ အဲဒါ စိတ္တဇလူသတ်သမားပဲ။

အဖြေကတော့ ဘာမှ ခက်ခက်ခဲခဲ မဟုတ်ပါဘူး။အဖြေကိုအရင်မကြည့်မိအောင်အဝါရောင်စာလုံးနဲ့ပြောင်းပေးထားပါတယ်။
တကယ်လို့အဖြေကိုဖတ်မယ်ဆိုရင်တော့အဖြေနေရာကိုသွားလို့Mouse နဲ့ Select All လုပ်ပြီးဖတ်ရှုနိုင်ပါတယ်။

အဖြေ="အဲဒီ အငယ်မလေးက အဲဒီ ယောင်္ကျားကို ထပ်တွေ့ချင်လို့ သူ့အမကို သတ်လိုက်တာပါ။ ဒီလူက အသုဘ အခမ်းအနားမှာ လာသွားခဲ့တယ်။ သူ့ကို ဆက်သွယ်ဖို့ လိပ်စာလည်း မသိတော့ နောက် အသုဘ တစ်ခုရှိရင် သူလာဦးမှာပဲ ဆိုပြီး လုပ်လိုက်တာပါ။"

ဖြိုးဇာနည့်ည့၁၂း၁၅တိတိ

0

G-Mail နဲ့ ပတ်သက်သမျှ သိကောင်းစရာ အဖြာဖြာ

Posted by ဖြိုးဇာနည် on Friday, February 06, 2009 in
G-Mail နဲ့ ပတ်သက်သမျှ သိကောင်းစရာ အဖြာဖြာ
အင်တာနက်မရှိတဲ့အချိန်တွေမှာ စမ်းသပ်အဆင့်Offline Gmail သုံးစွဲနိုင်တဲ့ ကမ္ဘာကျော်Googleရဲ့ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Gmail Service အသုံးပြုချင်သူတွေအတွက် Offline Gmailကို ဇန်နဝါရီလကုန်ပိုင်းတွင် Googleမှာ စတင်ဖြန့်ဝေလိုက်ပါပြီ။ Offline Gmail ဝန်ဆောင်မှုကို အသုံးပြုရင်တော့ ဝင်းဒိုးစ်စနစ်မှာပါဝင်တဲ့ Microsoft Outlookလိုပဲအင်တာနက်ချိတ်ဆက်မှုတွေမရှိတဲ့အချိန်တွေမှာလည်း
အီးမေးလ်ဖတ်တာတို့၊ အီးမေးလ်ရေးသားတားတို့ကို ကျွန်တော်တို့ရဲ့ကွန်ပျူတာမှာဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ အရင် Gmail Serviceတုန်းက Accountတစ်ခုထဲမှာရှိတဲ့ ဝင်စာ(Inbox mail)၊ ထွက်စာ(Sent mail)နဲ့ပူးတွဲပါဖိုင်တွေ(Attachment file) တွေကို Google Serverထဲမှာသာ သိမ်းဆည်းထားပြီး အင်တာနက်ချိတ်ဆက်မှု ရှိနေတဲ့အချိန်မှပဲ Gmail အသုံးပြုပြီးပြန်ကြည့်နိုင်ပါတယ်။အခု Offline Gmail ဝန်ဆောင်မှုကို Email Account တစ်ခုမှာ တပ်ဆင်အသုံးပြုနေပြီဆိုရင် Accountနဲ့ပတ်သက်တဲ့ E-mail, Attachment တွေကို Gmail Serverမှာတင်မကပဲ ကျွန်တော်တို့ကွန်ပျူတာရဲ့ E-mail Serverမှာလည်း တစ်ပြိုင်တည်း downloadလုပ်ပြီး သိမ်းဆည်းသွားနိုင်မှာဖြစ်ပါတယ်။ ဥပမာ Gmail သုံးစွဲသူတစ်ဦးဟာ အင်တာနက်ချိတ်ဆက်ပြီးသုံးစွဲနေရင်သူ့ရဲ့သုံးစွဲနေ တဲ့E-mail Accountထဲကို ဝင်လာတဲ့Inbox mail၊ တခြားသူဆီက ပို့လိုက်တဲ့Sent mailနဲ့Attachment fileတွေ အားလုံးကို ကွန်ပျူတာထဲမှာရှိတဲ့ Mail Serverမှာလည်း တစ်ပြိုင်တည်း သိမ်းဆည်းထားနိုင်ပါပြီ။ ဒါကြောင့် Gmail သုံးစွဲရင်း အကြောင်းတစ်စုံတရာကြောင့် အင်တာနက်မရတော့တဲ့ အချိန်တွေမှာလည်း ကျွန်တော်တို့ရဲ့ မေးလ်တွေကို ဖတ်ရင်း၊ အီးမေးလ်တွေကို ရေးသားပြီးအဆင်သင့် သိမ်းဆည်းထားနိုင်ပြီး အင်တာနက်ရတဲ့အခါ ချက်ချင်းပေးပို့နိုင်ခြင်းတွေ ကိုဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ Offline Gmail ဝန်ဆောင်မှုဟာ Google၏ရဲ့Opensource Software တစ်ခုဖြစ်တဲ့ Google Gearကို အသုံးပြုထားပြီး Google Server သုံးစွဲသူရဲ့ Gmailဆိုင်ရာ အချက်အလက်တွေကို ကွန်ပျူတာမှာအလိုအလျောက် download ပြုလုပ်ပေးတဲ့စနစ်ဖြစ်တဲ့ကြောင်းကျွန်တော်သိရပါတယ်။Offline Gmail Support ဝန်ဆောင်မှုကို ကျွန်တော်တို့ရဲ့ ကွန်ပျူတာမှာတပ်ဆင်အသုံးပြုချင်တယ်ဆိုရင် အောက်ကအဆင့်တွေအတိုင်း ဆောင်ရွက်သွားနိုင်ပါတယ်။

၁။ Gmailကို sign-in လုပ်ရပါမယ်။

၂။ ကျွန်တော်တို့ရဲ့ Gmail စာမျက်နှာကို ရောက်ရင် “Settings”ကို ရွေးချယ်ရပါမယ်။

၃။ “Setting” အောက်က “Lab”ဆိုတဲ့ tabကို ရွေးချယ်လိုက်ပါ။

၎။ “Lab”စာမျက်နှာမှာ ကဏ္ဍများစွာ ရှိတဲ့အထဲကမှ အပေါ်ဆုံးမှာရှိတဲ့ “Offline”ဆိုတဲ့ဘေးက “Enable”ကို ရွေးပေးရပါမယ်။

၅။ ပြီးရင်တော့“Lab”စာမျက်နှာ အောက်ဆုံးကိုသွားပြီး“Save Changes” ကိုလုပ်ပါ။

၆။ “Save Changes” လုပ်ပြီးရင်တော့ကျွန်တော်တို့ရဲ့Gmail စာမျက်နှာမှာရှိတဲ့“Settings”ဘေးမှာ“Offline 0.1”ဆိုတဲ့ Linkတစ်ခုကို တွေ့ရပါလိမ့်မယ်။

၇။ Offline Gmailကို အသုံးပြုပြီးသူ့ရဲ့ Linkကနေတဆင့် Google Gearကို လက်ခံအသုံးပြုဖို့ “Allow it to use Gears”ဘေးက check boxကို အမှန်ခြစ် ပြုလုပ်ရပါတယ်။ “Allow” buttonကို ကလစ်နှိပ်ပါ။

၈။ ပြီးရင်တော့ Offline Gmailကို ကွန်ပျူတာမှာ အလွယ်တကူ တွေ့မြင်အသုံးပြုနိုင်စေဖို့ Shortcut Icon ထားချင်တဲ့နေရာရွေးချယ်ရပါလိမ့်မယ်။ ဆက်ပြီး“OK” buttonကို ကလစ်နှိပ်လိုက်ရင်တော့ Google Serverမှာ သိမ်းဆည်းထားတဲ့ (၃)နှစ်အောက်သက်တမ်းရှိ ကျွန်တော်တို့ရဲ့ မေးလ်တွေနဲ့ Attachment fileတွေ အားလုံးကို ကွန်ပျူတာရဲ့ E-mail Serverမှာ Download လုပ်ပြီး သိမ်းဆည်းပေးသွားမှာ ဖြစ်ပါတယ်။ Googleရဲ့ Offline Gmailဟာ စမ်းသပ်နေဆဲ(Lab Version)အဆင့်မှာသာ ရှိသေးတဲ့အတွက် မကြာခင်မှာ အပြည့်အဝ အသုံးချနိုင်တဲ့ အဆင့်(Full Version)အဆင့်ကိုရောက်အောင်မွမ်းမံပြင်ဆင်သွားမယ်လို့် သိရပါတယ်။

ကြိုးစားနေဆဲပါ့ထပ်ပြီးကြိုးစားနေအုံးမှာပါ့ဖြိုးဇာနည့်ည့၁း၁၅တိတိ

0

ကိုယ်သုံးထားသမျှ Gmail Account တွေအားလုံးကို တစ်နေရာတည်းကနေ sign out လုပ်မယ်

Posted by ဖြိုးဇာနည် on Friday, February 06, 2009 in
ကိုယ်သုံးထားသမျှ Gmail Account တွေအားလုံးကို တစ်နေရာတည်းကနေ sign out လုပ်မယ်

Gmail တွေဖွင့်သုံးထားခဲ့ပြီး Sign Out လုပ်ဖို့ မေ့ခဲ့တဲ့သူတွေအတွက် အသုံးဝင်မယ့် Gmail ရဲ့  စွမ်းဆောင်ရည်တစ်ခုကို ပထမဦးဆုံး Post အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

တစ်ခါတရံ ကိုယ့်ရဲ့ စက်မှာမဟုတ်ဘဲ အင်တာနက်ကဖီးမှာသုံးရင်း ဒါမှမဟုတ် ခရီးသွားရင်း တခြားမြို့  တစ်မြို့ ရဲ့  ကဖီးကစက်တွေမှာ အင်တာနက်သုံးခဲ့ရင်း Sign Out လုပ်ရတာ အဆင်မပြေဖြစ်နေတုန်း အရေးတကြီးထွက်လာရရင် ကိုယ့်နိုင်ငံ၊ ကိုယ့်မြို့ ကနေ လှမ်းပြီး သုံးခဲ့သမျှ Gmail တွေကို Sign Out လုပ်နိုင်တာပေါ့။ အဲဒီလိုလုပ်ဖို့က -

၁။ Gmail ရဲ့  Page ကို အောက်ဆုံးရောက်အောင်သွားပါ။ အဲဒီမှာရေးထားတဲ့စာကြောင်းတွေထဲက တတိယမြောက်စာကြောင်းမှာ ကိုယ့်ရဲ့  Gmail ကို အခုလက်ရှိ အခြားနေရာတွေမှာ ဖွင့်ထား မထား အခုလို ကြည့်ရှု့ နိုင်မှာဖြစ်ပါတယ်။
တကယ်လို့ ဘယ်မှာမှ တစ်ပြိုင်တည်းဖွင့်မထားဘူးဆိုရင် Last account activity . . . . hours ago at this IP ( *** ) ဆိုပြီး ပေါ်ပါလိမ့်မယ်။
တကယ်လို့ တစ်ယောက်ယောက်က သုံးနေရင်ဖြစ်ဖြစ်၊ ကိုယ် Log Out လုပ်ဖို့ မေ့ခဲ့ရင်ဖြစ်ဖြစ် This account is open in . . . other location. Last account activity . . . hours ago. ဆိုပြီး ပြနေမှာပါ။

၂။ အဲဒီလိုဖြစ်နေတာတွေရဲ့  အခြေအနေတွေကို အသေးစိတ်ကြည့်ပြီး ဒီကနေလှမ်းပြီး Sign Out လုပ်ဖို့နဲ့ လိုအပ်ရင် Password ပြောင်းပစ်ဖို့အတွက် ခုနကစာကြောင်းတစ်ခုခုရဲ့ ဘေးမှာ ပေါ်နေတဲ့ အပြာရောင်စာသားနဲ့ ပြထားတဲ့ Details ကို နှိပ်လိုက်ပါ။

၃။ ဒါဆိုရင် Page အသစ်တစ်ခု တတ်လာပါလိမ့်မယ်။

၎။ အဲဒီ Page မှာ Activity on this account ဆိုပြီး ခုနကအခြေအနေတစ်ခုခုအပေါ်လိုက်ပြီး နောက်ဆုံးသတင်းနဲ့ လက်ရှိတစ်ပြိုင်တည်းသုံးနေတာတွေကို ဇယားနဲ့ ပြပေးထားပါလိမ့်မယ်။

၅။ ဖွင့်သုံးထားတယ်၊ သုံးနေတယ်၊ သုံးမနေဘူး စတာတွေကို ဖွင့်ထားရင် ဖွင့်ထားတဲ့အကြောင်းနဲ့ ဖွင့်မထားရင်လည်း ဖွင့်ထားပုံမရကြောင်းကို စာရေးဖော်ပြပေးပါလိမ့်မယ်။ တခြားတစ်နေရာမှာ ဖွင့်မထားဘူးဆိုရင် This account does not seem to be open in any other locations. However, there may be sessions that have not been sign out ဆိုပြီး Sign Out လုပ်ဖို့ Sign Out all other sessions ဆိုတဲ့ button ပါ ပါလာပါလိမ့်မယ်။
အဲဒီမှာ ကိုယ်သုံးထားတဲ့ နောက်ဆုံး activity တွေရဲ့  Acess Type, IP Address နဲ့ Date/Time ငါးခုကို ဇယားနဲ့ မြင်ရမှာပါ။ ပြီးရင် Sign Out button ကို နှိပ်လို့ရပါပြီ။

၆။ နှိပ်ပြီးရင်တော့ Successfully sign out all other sessions ဆိုပြီး ဖော်ပြပါလိမ့်မယ်။ တခြားမှာ ဖွင့်ထားမိရင် လိုလိုပိုပို Password ပြောင်းပစ်သင့်ကြောင်း ပြောပါလိမ့်မယ်။ လိုအပ်တယ်ထင်ရင်တော့ Password ကို ပြောင်းလိုက်ရုံပါပဲ။

ဒါဆိုရင်တော့ မေ့တတ်တဲ့ User တွေအားလုံး အဆင်ပြေပြေနဲ့ တစ်နေရာကနေလှမ်းပြီး ကိုယ့် Gmail ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ပြီဖြစ်ပါတယ်။ Privacy အပြည့်ရဖို့လည်း မျှော်လင့်နိုင်တာပေါ့။
ကြိုးစားပါအုံးမည့်ဖြိုးဇာနည်

0

computerနည်းပညာ

Posted by ဖြိုးဇာနည် on Friday, February 06, 2009 in
Kaspersky Key Black list To White list

ဒီကနေ့ Kaspersky Antivirus နဲ့ Kaspersky Internet Security အသုံးပြုနေသူအများစုဖြစ်နေကြတဲ့ ပြသနာကတော့ License key blacklist ဖြစ်ဖြစ်နေတဲ့ ပြသနာပါပဲ... စိတ်မပူကြပါနဲ့ .. အောက်က ကျွန်တော် ပေးထားတဲ့ လင့်မှာ 20.12.2010.KEY , Kaspersky Solution.exe နဲ့ Readme ဆိုတဲ့ text ဖိုင်တို့ ကို ဒေါင်းနိုင်အောင် တင်ပေးလိုက်ပါတယ်။ 20.12.2010.KEY ဖိုင်ကတော့ Dec 20 , 2010 အထိခံမည့် license key ဖိုင်ဖြစ်ပါတယ် .. Kaspersky Solution.exe ကတော့ မိတ်ဆွေတို့ရဲ့ Black နေတဲ့ license key ကို white ဖြစ်အောင်ပြုလုပ်ပေးမဲ့ ဖိုင်ဖြစ်ပါတယ် (Kaspersky Solution.exe ဖိုင်ကို Antivirus က virus detected ဖြစ်နေပါလိမ့်မယ် .. စိတ်မပူပါနဲ့ .. ယုံကြည်စွာနဲ အသုံးပြုကြည့်ပါ) ... Readme ဖိုင်ကတော့ ပြုလုပ်ပုံ အဆင့်ဆင့်ကို ရေးသားထားသောဖိုင်ဖြစ်ပါတယ် ၄င်းဖိုင်ကို ဖတ်ပြီးပြုလုပ်နိုင်ပါသည်... ဒါလေးကတော့ ကျွန်တော် ဂိုဂဲလ် မှာ လက်ကမြင်းရင်း ရလာတဲ့ ဟာလေးပါ .. အားလုံးအတွက်မျှဝေလိုက်ပါတယ် ...

ဒေါင်းလုဒ် လုပ်ရန် ဒီနေရာမှာ ရယူပါ

မှတ်ချက်းးးး Kaspersky Antivirus 7.0.0.x နှင့် Kaspersky Internet Security 7.0.0.x အတွက်သာ ဖြစ်ပါသည်။
ကြိုးစားပါအုံးမည့်ဖြိုးဇာနည်..ည့၁၂း၂၀တိတိ

0

ဘာမှန်းတော့မသိသေးပါဘူး

Posted by ဖြိုးဇာနည် on Thursday, February 05, 2009 in
ကျွန်တော့်blogမှာဒီနေ့ဆိုရင်စာရေးခဲ့သမျှတွေဟာpostတစ်ရာပြည့်သွားပါပြီ။ကျွန်တော်ကျေနပ်ပါတယ်။ကျွန်တော်ချစ်တဲ့
စာပေတွေကိုကျွန်တော်ဒီကမ္ဘာကြီးရဲ့တစ်ဒေါင့်တစ်နေရာကနေရေးသားနေနိုင်ခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်ဟာဘာမှန်းတော့
သေချာမသိသေးတဲ့သူတစ်ယောက်ပါ။သူများတွေကတော့ကိုယ့်ကိုကိုယ်ညွှန်းပြီးပြောကြပါတယ်။မြွေပွေးလိုကောင်တို့နဂါး
မျက်စောင်းအကြောင်းသုံးပါးမရွေးဘူးတို့ဆိုတာနဲ့တွေပေါ့။ကျွန်တော်ကတော့ဒီနေ့အထိဘာကောင်မှန်းမသိသေးပေမဲ့ကျွန်
တော်သေချာပေါက်သိတာတစ်ခုတော့ရှိပါတယ်။ကျွန်တော့်နာမည်....ဇာနည်.....ပါ။







Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.