0

INTERNET DOWNLOAD SPEED မြန်စေရန်

Posted by ဖြိုးဇာနည် on Wednesday, May 20, 2009 in
ဟုတ်ကဲ့အင်တာနက်ကို မိုဘိုင်းဖုံးတွေနဲ့ သုံးစွဲသူတွေကောကော်နက်ရှင်ကျနေတဲ့သူတွေအတွက်ဒီပို့ စ်လေးကို
ဟာသယ်ရင်းတို့အတွက်အဆင်ပြေမယ်လို့မျှော်လင့်မိပါတယ်။

registry ပြင်ပြီးအင်တာနက် Download Speed ကိုမြန်အောင်လုပ်တဲ့နည်းလေးပါ

ကဲလုပ်ရမှာက

Start>run>regedit ကို
Enter နိပ်ပါ ..
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Servic es\ Tcpip\Parameters ကို ဖွင့်ပါ ...

အောက်က ဟာကို ပေါင်းထည့်ပါ ။
“SackOpts”=dword:00000001
“TcpWindowSize”=dword:0005ae4c
“Tcp1323Opts”=dword:00000003
“DefaultTTL”=dword:00000040
“EnablePMTUBHDetect”=dword:00000000
“EnablePMTUDiscovery”=dword:00000001
“GlobalMaxTcpWindowSize”=dword:0005ae4c

ပြီးရင်ကွန်ပျူတာကို restart လုပ်ပြီးပြန်ဖွင့်ပြီး စမ်းကြည့်ပါအဆင်ပြေပါလိမ့်မယ့်


ဖြိုးဇာနည့်ည့၈း၄၅တိတိ

1

သားသမီးတွေရဲ့မိဘ

Posted by ဖြိုးဇာနည် on Monday, May 18, 2009 in
အသက်၈၀အရွယ် အဘိုးအိုနှင့် အသက်၄၅ နှစ်အရွယ် ပညာတတ် သားဖြစ်သူတို့ ဧည့်ခန်းတွင်းရှိ ဆိုဖာတွင်
ထိုင်နေကြစဉ် ရုတ်တရက် ပြတင်းတံခါးပေါက်သို့ ကျီးကန်းတစ်ကောင် လာရောက်နားလေသည်။ အဲဒီအခါမှာ
အဖေဖြစ်သူက အဲဒါဘာကောင်လဲ လို့မေးသော အခါမှာ သားဖြစ်သူက အဲဒါကျီးကန်းလေ ဟုဖြေဆိုလေသည်။

နောက်မိနစ် အနည်းငယ် အကြာမှာ အဖေဖြစ်သူ အဘိုးအိုမှ အဲဒါ ဘာအကောင်လဲဟု ဒုတိယအကြိမ် ထပ်မေး
လေသည်။ ဒီအခါမှာ သားဖြစ်သူမှ အဖေကလည်း အခုလေးတင်ပဲ ကျီးကန်းပါလို့ သားပြောပြီး ပြီလေဗျာ။

နောက်ခဏနေတော့ အဖေဖြစ်သူ အဘိုးအိုက တတိယ အကြိမ်အဖြစ် အဲဒါဘာ အကောင်လဲ ဟု ထပ်မေးလေ
သည်။ ဒီတွင်တော့ သားက ဒေါသသံဖြင့် အဖေဖြစ်သူကို အဲဒါကျီးကန်းလို့ ခေါ်တယ် လို့ အသံမာမာဖြင့် ပြော
လေသည်။


နောက်ခဏနေတော့ အဖေက သားအား အဲဒါ ဘာကောင်လို့ ခေါ်လဲဟု လေးကြိမ်မြောက် မေးမြန်းလေသည်။
အဲဒီမှာ သားဖြစ်သူက ဒေါသဖြင့် အဖေ၊ ဘာလို့ ဒီမေးခွန်းကိုပဲ ခဏခဏမေးနေတာလဲ။ အဖေ့ကို ကျွန်တော်
ဘယ်နှခါ ဖြေရမလဲ ကျီးကန်းလို့ ခေါ်တယ်။ အခုချိန်ထိ အဖေနားမလည်ဘူးလား။ မှတ်မထားဘူးလား စသည်
ဖြင့် ဆူပူကြိမ်းမောင်းလေသည်။


ခဏနေတော့ အဖေက အိပ်ခန်းထဲသို့ ၀င်သွားပြီး သားမွေးဖွားလာတဲ့ နေ့မှစပြီး မှတ်တမ်းအဖြစ် သိမ်းဆည်း
ထားတဲ့ ဟောင်းနွမ်းစုတ်ပြဲနေပြီ ဖြစ်တဲ့နေ့စဉ်ရေး ဒဏ္ဍရီ လေးကိုထုတ်လာလေသည်။ စာအုပ်ဟောင်းလေးမ
ှ စာမျက်နှာ တစ်ရွက်ကို ယခု အသက်၄၅ နှစ်အရွယ် သားဖြစ်သူကို ဖတ်ခိုင်းလေသည်။ သားဖြစ်သူ ဖတ်လိုက်
တဲ့ စာကတော့...................

ဒီနေ့ သုံးနှစ်အရွယ် ကျွန်တော့်သားငယ်လေး နဲ့ကျွန်တော် ဆိုဖာပေါ်မှာ ထိုင်နေတုန်း ကျီးကန်းတစ်ကောင် ပြတင်းမှာ
လာနားနေတယ်။ကျွန်တော်သားက အဖေလို့ခေါ် ပြပြီး အဲဒါဘာကောင်လဲ ဖေဖေလို့ ၂၃ ခါတိတိ မေးပါတယ်။ ကျွန်တော်
ကလည်း ၂၃ ခါလုံးကို ဖြေလိုက်တယ်။ သားစကား သံလေးနဲ့ ပီတိဖြစ် ၀မ်းသာကြည်နူး နေရတဲ့ ကျွန်တော်လေ သား
မေးတာကို မမောမပန်း ၂၃ ခါလုံးလုံး ဖြေကြားလိုက်တယ်။ပြီးတော့ စကားအလွန် တတ်လှတဲ့ သားလေးမေး သမျှ
ကို စိတ်ဆိုးခြင်း စိတ်မရှည်ခြင်း မဖြစ်ဘဲ အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ သားငယ်လေးကို ပိုက်ထွေးလိုက်ပါတယ်။

ကလေးတစ်ယောက်ရဲ့ ၂၃ခါလုံး အဲဒါ ဘာအကောင် လို့ခေါ်လဲ ဆိုတဲ့ မေးခွန်းကို မိဘဖြစ်သူမှ စိတ်တိုခြင်း ကင်း
ပြီးဖြေကြား ခဲ့ပေမယ့် အခုဒီနေ့တော့ အဖေဖြစ်သူက တူညီတဲ့ မေးခွန်းကိုပဲ ၄ကြိမ်လောက်လေး မေးတာကို သား
ဖြစ်သူက ဘာကြောင့်စိတ်ဆိုး စိတ်ကတိ ကအောက် ဖြစ်ရသနည်း။


အကယ်၍များ မိဘများ အသက်အရွယ် အိုမင်းလာချိန်မှာ သူတို့ကို မလိုလား မနှစ်မြို့ခြင်း မဖြစ်ဘဲ ၀န်ထုတ်တစ်ခုကို
စောင့်ရှောက်သကဲ့သို့ သူတို့ကို ပြန်လည် စောင့်ရှောက်သင့်ပါတယ်။ ဒါ့အပြင် စကားပြောတဲ့ အခါမှာလည်း ငြိုငြင်ခြင်း
ကင်းပြီး ချစ်ခင်ဖွယ် သာယာဖွယ် စကား၊ စိတ်ချမ်းသာ ဖွယ်စကား၊ ရိုသေကျိုးနွံခြင်း၊ နှိမ့်ချခြင်း၊ ကြင်နာခြင်း အပြည့်
နဲ့ ပြောဆိုသင့်ပါတယ်။ မိဘများဟာ သားသမီးတွေ ငယ်စဉ်ထဲက အခုချိန်ထိ ဂရုစိုက်မှုတွေ မပြတ်ကြ သေးပါဘူး။
သူတို့ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ သားသမီးတွေ အပေါ်မှာ မေတ္တာတွေ စီးဆင်းဆဲ စီးဆင်းလျှက်ပါ။


ကျွန်တော့်

ကိုယ့်ကိုကိုယ်လည်း တခါတခါ စိတ်မရှည်ပါဘူး ။ မိတ်ဆွေ သူငယ်ချင်းတွေ အပေါ်မှာလဲ စိတ်မရှည်ခဲ့ဘူး။ တခါတခါ
ကိုယ့်မိဘ အပေါ်တောင် အဲလို စိတ်မရှည်တော့ ပြန်လည်းပြောမိပါတယ်။ တခုခုဆိုရင်.... ဟာ.. မေကြီးကလည်း ၊
ဟာ... ဖေကြီးကလည်း ဆိုပြီးစိတ် မရှည်သလို ဖြစ်ခဲ့မိပါတယ်။ မိဘအပေါ် ရိုင်းဆိုင်းတာ မဟုတ်ပါဘူးနော်။ ဆိုးလို့ရ
လို့သာ ဗိုလ်ကျခဲ့တာပါ။

ကြီးလာတဲ့ အခါကြတော့ အသိတရားနဲ့ ပြည့်စုံလာ တဲ့အခါ အရာရာ ပြောင်းလဲသွား ခဲ့ပါတယ်။ ကိုယ့်ကိုကိုယ်လည်း
ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ငယ်ငယ်တုန်းက ဆိုးခဲ့တဲ့ ကလေးက ကြီးလာတဲ့အခါ သူမတူအောင် လိမ္မာသလိုပေါ့(ဟိဟိ...
ကိုယ်ကိုကိုယ် အဲလိုလေးလဲ ပြန်ပြောပေးဦးမှ...နော်.. :P ) ပြောချင်တာက ပြောင်းလဲသွား၊ ပြုပြင်ယူလို့ ရတာကိုပါနော်။

ကဲ..မိတ်ဆွေ!! သင်ရော..... သင့်မိဘ အပေါ်မှာ စိတ်တိုခြင်း၊ စိတ်မရှည်ခဲ့ခြင်း ဖြစ်ခဲ့ဖူးပါသလား? ဖြစ်ခဲ့ဖူးရင် နောက်မ
ကျ သေးပါဘူး မိတ်ဆွေ။ သင်သိတဲ့ အချိန်က စပြီးပြန်လည် ပြုပြင်လို့ အချိန်ရနေ ပါသေးတယ်။

ဒါကြောင့် အခုပဲ ငါသည် ယခုအချိန် မှစ၍ ငါ့မိဘများကို စိတ်ချမ်းသာ ပျော်ရွှင်စေရမည်၊ ငါ့မိဘများ ဘယ်လောက်ပဲ
အိုမင်းမစွမ်း ရှိနေပါစေ ငါ့မိဘကို တစ်ဖန်ပြန်လည် ပြုစုလုပ်ကျွေး စောင့်ရှောက်ကာ ကောင်းမွန် မြင့်မြတ်သောလမ်း
ကို ငါလျှောက်ခြင်းဖြင့် သားလိမ္မာ၊ သမီးလိမ္မာ ဘ၀ကို ဖြစ်စေမည်ဟု မိမိကိုယ်မိမိ ကျယ်ကျယ် လောင်လောင်နှင့်သာ
ကတိပေးလိုက်ပါ။ သင်... အချိန်မီ ပါသေးတယ်။

အားလုံးပဲ ဒီပုံပြင်လေး အတိုင်း အတုယူ နိုင်ကြပါစေ........လို့...........

ရေးပြီးသားလေးတွေပဲတင်ဖြစ်နေတယ့်ဘာပဲဖြစ်ဖြစ်blogနဲ့အဆက်အသွယ်မပြတ်တော့ဘူးပေါ့လေ
ဖြိုးဇာနည့်ည့၁း၃၀တိတိ

6

ပုပ်ပွနေတဲ့လက်စွပ်တစ်ကွင်း

Posted by ဖြိုးဇာနည် on Saturday, May 16, 2009 in
ကျွန်တော်အကြီးကြီးညစ်နေရပါတယ့်မြန်မာပြည်ကလိုပဲ blogspot တွေကိုကျွန်တော်တို့ တရုတ်
Connection ကပါပိတ်လိုက်တဲ့အတွက်ကျွန်တော့်မှာblogထဲကိုတောင်မဝင်နိုင်အောင်ဖြစ်ခဲ့ရပါတယ်
ဒီရက်ပိုင်းအတွင်းကျွန်တော်ဒီစိတ်နဲ့ပဲ လေနေခဲ့ပါတယ်.သွားပြီပေါ့ ကျွန်တော်blogရေးခြင်းကိုဒီလိုနဲ့ပဲ
တစ်ခန်းရပ်သွားခဲ့ရပြီဆိုပြီးတော့လဲအရမ်းဝမ်းနည်းရပါသေးတယ့်ဒီနေ့တော့ကျွန်တော့်စိတ်တွေပြန်
လည်လန်းဆန်းလာပါပြီ။ကျွန်တော့်blogလေးကိုဝင်လို့မရတော့ဘူးဆိုပြီးစိတ်လေနေတဲ့အချိန်မှာကျွန်
တော့်ကိုစိတ်ဓါတ်ကြံခိုင်မှုရှိအောင်အားပေးခဲ့တဲ့ညီမလေး ချစ်ပါးလုံး
ကိုလဲကျွန်တော်အရမ်းကျေးဇူးတင်
မိပါတယ်။နောက်ပြီကျွန်တော့်blogလေးထဲကိုကျော်ဝင်ဖို့အတွက်ကျွန်တော်နဲ့ထပ်တူထပ်မျှတစ်ညလုံး
မအိပ်ပဲsoftwareလေးကိုရှာပေးထားတာပါဆိုတဲ့ အကို တင်မိုးအောင့့်ကျွန်တော်ဝမ်းနည်းနေတဲ့
အချိန်မှာအနီးကပ်အားပေးခဲ့တဲ့ ကျွန်တော့်ရဲ့ချစ်လှစွာသောသူငယ်ချင်းများ Chatထဲကနေ အားပေးခဲ့တဲ့
DJတေးမဟော်နဲ့ အဖြူရောင်သံစဉ်မှ DJသူငယ်ချင်းများအားလုံးကို ကျွန်တော်အကြီးကြီးကျေးဇူးတင်
ကြောင်းကို ချစ်ခင်လေးစားစွာဖြင့်ကျွန်တော်ဒီနေရာလေးကနေပဲပြောလိုက်ပါရစေခင်ဗျာ့

တစ်ဆက်ထဲမှာပဲကျွန်တော့်ကို အကို reenoemann တပ်ဂ် ထားတဲ့ တပ်ဂ်postလေးကိုလဲကျွန်တော်အ
မြန်ဆုံးရေးနိုင်အောင်ကြိုးပါ့မယ်လို့ပြောလိုက်ပါရစေခင်ဗျာ့အခုတော့ကျွန်တော့်မှာReadyရေးပြီးသား
ရှိနေတဲ့ဒီpostလေးကိုပဲကျွန်တော်အရင်တင်လိုက်ပါတယ့်အိမ်အလည်မရောက်နိုင်ခဲ့တဲ့ကျွန်တော့်
ကိုယ်ကျွန်တော်လဲစိတ်မကောင်းဖြစ်ရပါတယ့်အခုတော့ကျော်ဝင်တဲ့နည်းလမ်းလေးနဲ့ပဲကျွန်တော်
Blogလောကထဲကိုအသစ်တစ်ဖန်ပြန်လည်ခြေချလာခဲ့ပါပြီ။အဆင်မပြေမှုတွေကြောင့်postအတင်ကျဲ
သွားမယ်လို့လဲကျွန်တော်ထင်မိပါတယ်။နောက်ပြီးကျွန်တော်ဒီblogလောကထဲမှာအရင်လိုကောင်းမွန်
စွာနဲ့ပြန်လည်ရပ်တည်နိုင်စေဖို့အတွက်အများကြီးကြိုးစားသွားမှာပါ။

ကျွန်တော်ညီမလေး ချစ်ပါးလုံး ကိုတောင်ပြောမိပါသေးတယ်စိတ်ဓါတ်ကျနေတဲ့အချိန်မှာဒီblogလောက
ထဲကနေကျွန်တော်အပြီးအပိုင်ထွက်သွားတော့မယ်ဆိုပြီးတော့ပေါ့ဒါပေမဲ့လုံးဝမဖြစ်နိုင်ဘူးဆိုတာကို
တော့ကျွန်တော်သိလိုက်ရပါပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီလောကထဲမှာပျော်မွှေ့နေပါပြီ့ကျွန်
တော့်အိမ်လေးကိုလဲကျွန်တော်အရမ်းချစ်တယ်အရမ်းမြတ်နိုးတယ့်ပြီးတော့ကျွန်တော့်ရဲ့ခံစားချက်တွေ
Fellingတွေအများကြီးပါဝင်နေတဲ့ဒီblogလေးကိုကျွန်တော်သံယောဇဉ်မပြတ်နိုင်သေးပါဘူးဒါကြောင့်
ကျွန်တော်ယိုင်နဲ့နေတဲ့အခြေအနေနဲ့ပဲblogလောကထဲမှာပြန်လည်ရပ်တည်နေအုံးမှာပါ့ကျွန်တော်
အဓိကပြောချင်တာကတော့ ကျွန်တော်ချစ်တဲ့သူငယ်ချင်းတွေရဲ့ အိမ်လေးတွေဆီကိုအရင်လိုအလည်
လာရောက်ဖို့အတွက်ခက်ခဲနေတဲ့အခြေအနေကြောင့် ကြိုးစားပြီးရောက်အောင်လာခဲ့ပါ့မယ်ဆိုတာပါပဲ
အဓိကအဆိုးဝါးဆုံးကတော့ ဒီရက်ပိုင်ကွန်နက်ရှင်စုတ်နေတာကြောင့်လဲအများကြီးပါနေပါတယ့်သူ
ငယ်ချင်းများအားလုံးပဲကျွန်တော့်ကိုနားလည်ပေးနိုင်ကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်မိပါတယ်ခင်ဗျာ
့


ပုပ်ပွနေတဲ့လက်စွပ်တစ်ကွင်း

ငြိမ်နေတဲ့ ကန်ရေပြင်လှုပ်ခပ်သွားအောင် သူမ အညိုးတကြီးနဲ့ ပြစ်ခတ်ခဲ့တာ ခဲတစ်လုံး မဟုတ်ပါဘူး..
ကျွန်တော့် အနာဂတ်အတွက် ဟိုးတစ်ချိန်လောက်ကတည်းက ကျွန်တော့်လက်မှာ ဝတ်ထားတဲ့ သူ
ပေးခဲ့တဲ့ အမှတ်တရ လက်စွပ်လေးပါ... အခုတော့ သူကိုယ်တိုင် လွင့်ပစ်လိုက်ပြီ... တန်ဖိုးမကြီးပါဘူး..
ဒါပေမယ့် ဘ၀တစ်ခု ချိုးနှိမ်ထားပါတယ်.. အခုတော့ ကန်ရေပြင်အောက်မှာပေါ့... သူ့ကတော့ နာကြည်း
ချက်တွေတစ်ချို့ကြောင့် အပြုံးမပျက်ပါဘူး. ဒါဟာ လက်ဝှေ့ ပွဲ တစ်ပွဲဆိုရင် ဒီတစ်ကွက်ဟာ ကျွန်တော့်
ကို အလဲထိုးတဲ့တိုက်ကွက်ပါပဲ...

အခုတော့...

ကျွန်တော့် လက်မှာ ဟာတာတာရယ်ပါ.. အနှစ်နှစ်အလလလက်စွပ်ကလေးနေရာယူခဲ့တဲ့နေရာကတော့
ဖြူဖျော့ပြီးကျန်နေတယ်... ဒါအမှတ်တရလား.. ဘယ်အချိန် ပျောက်ကွယ်သွားမလဲ...

အခုတော့...

ကျွန်တော့် ဘ၀မှာ အရာရာ ပျောက်ကွယ်သွားသလိုပါပဲ...နေရာလွတ်တွေလေ.. ကျွန်တော့် နဘေးသူရှိ
နေသေးတယ်... ခုံတန်းရှည်တစ်ခုဟာ ကမ္ဘာတစ်ခုခြားအောင်ကွာဝေးလိမ့်မယ်လို့ကျွန်တော် ဘယ်တုန်း
ကမှ မထင်ဖူးဘူး... သူကရော... အခုထိ မတုန်လှုပ်သေးပါဘူး.. ကျွန်တော် ရူးလိုက်ချင်တယ် သူပစ်
လိုက်တဲ့ လက်စွပ် .. ကျွန်တော် ပြန်ဆယ်ရအောင် ရေတောင် မကူးတတ်... ကန်ရေပြင်အောက် မှာ
ကျွန်တော်ဟာ လက်စွပ်နဲ့အတူ မြုပ်သွားတော့မယ့် ဘ၀ကို ရွေးချယ်လိုက်ချင်တယ်...

“နင် ရက်စက်လိုက်တာဟာ” ကျွန်တော်ပြောလိုက်တဲ့ ရင်ထဲက စကားပါ... သူကြားပါတယ်.. မတုန့်
ပြန်ဘူး... ခဏခဏ စိတ်ကောက်တတ်တဲ့ သူ့ကို ကျွန်တော် ဒီတစ်ခါတော့ မချော့နိုင်တော့ဘူး...

“နင် စိတ်ဆိုးလဲ ငါတို့ အမှတ်တရကို မဖျတ်ဆီးသင့်ပါဘူး” သူကို ကျွန်တော်ကြည့်လိုက်သည်..
သွေးအေးတဲ့သူမက တည်ကြည်နေတဲ့ မျက်လုံတစ်ခုနဲ့ စူးစူးရှားရှားကြည့်နေတယ်... ဒီမျက်လုံး ..
ကျွန်တော့် တစ်သက်လုံး ကြောက်ခဲ့ရတယ် မဟုတ်ပါလား...

“နင် ငါ့ကို ဘာကြောင့် အဲ့လောက်စိတ်ဆိုးနေတာလဲ”

“နင့်ဆုံးဖြတ်ချက်ကြောင့်” တိုတိုပြတ်ပြတ် ပထမဆုံး သူစပြောတဲ့ စကားသံတစ်ခု ဒါပေမယ့် ကျွန်
တော့်အတွက် အဓိပ္ပါယ်အများကြီးသက်ရောက်စေပါတယ်။



“ဒါ ငါ့ဘ၀လေဟာ”

“နင် နောက်မှ သွားလဲရသားနဲ့”

“ဒါပေမယ့် ငါ full scolar ရအောင် မနည်းကြိုးစားခဲ့တာ နင်သိသားပဲ အခုမသွားရင် ငါမရတော့ဘူး
ပေါ့”


“နင် အခုမသွားရလဲ ငါနင့်ကို ထားပေးမှာပေါ့ ငါ့အတွက် နင်ဘာမှမလိုဘူး”

ဟုတ်ပါတယ် သူက တော့ ကျွန်တော်ကို ကျောင်းထားပေးနိုင်ပါတယ်.. လိုချင်တာ ပေးနိုင်ပါတယ်..
တောင့်တသမျှဖြည့်ဆည်းပေးနိုင်ပါတယ်.. သူ ငွေကို ဘယ်လိုသုံးရမလဲသိတယ်..လူကို ဘယ်လို
ကျောင်းရမလဲ သိတယ်.. ဒါပေမယ့် ကျွန်တော့်အကြောင်း... ဟုတ်တယ် ကျွန်တော့်အကြောင်း
သူအခုထိမသိသေးဘူး... ကျွန်တော် ရင်နာမိတယ်...

ကျွန်တော်ဟာ သူ့ကို လမ်းပြမယ့် လူတစ်ယောက်ပါ... သူ့ကို သူ့စိတ်ကြိုက် ထားနိုင်ဖို့ ကြိုးစားနေတဲ့
သူတစ်ယောက်ပါ... ကျွန်တော့် ဘ၀ အဖော်ကို ကျွန်တော် ခေါ်ထားတဲ့ မိုးတွေကြားမှာပဲပျော်စေချင်
တယ်...ကျွန်တော့် အရိပ်ခိုစေချင်တာပေါ့... သူ့အရိပ်ကိုတော့ ကျွန်တော် မမှီချင်ဘူး.. အခုတော့ သူ့စ
ကားမှာ. ကျွန်တော်ဟာ သူညွန်ရာသွားရမယ့် နွားသာသာ ဘ၀ပဲကျန်တော့တယ်... ကျွန်တော့်ကို သူအ
ထင်သေးတယ်.. ကျွန်တော် ရင်နာပေမယ့် သူ့ကို အပြစ်မတင်ရက်ဘူး.. ဘ၀ဆိုတာဘာလဲ သူကောင်း
ကောင်း မကြည့်ဖူးခဲ့ဘူး.. ကျွန်တော်ကတော့ ကောင်းကောင်းကခဲ့ဖူးတယ်...

“ငါ့အားငါကိုးပြီး ကျောင်းတတ်ချင်တာပေါ့ဟာ”

“မလိုဘူး... နင်ကျောင်းမတတ်နဲ့တော့ ငါတို့နှစ်ယောက် လက်ထပ်ပြီးရင် ငါ့အဖေ စီးပွားရေးနင်လုပ်
ရမှာပဲ ဘာဘွဲ့မှထပ်မလိုဘူး”


သူစကားတွေ.. ဒီစကားတွေ.. ကျွန်တော့်ကို နားမလည်သေးဘူးဆိုတာ သေချာတယ် ... ကျွန်တော်ဟာ
သူ့အဖေ စိုက်ခဲ့တဲ့လယ်ကို စောင့်ရမယ့် အလုပ်မလုပ်ချင်ဘူး... ကျွန်တော့် လယ် ကျွန်တော် စိုက်မယ့်
ကောင် သူများဆောက်ပြီးသားအိမ်ကို မွန်းမံပြီးနေချင်တဲ့ ကောင်မဟုတ်ဘူး.. ကိုယ့် အိမ် ကိုယ်ဆောက်
မယ့် ကောင်...

“ငါ့အတွက်လိုတယ်... ငါ့ဘ၀အတွက်လိုတယ်” ကျွန်တော် ခေါင်းမာပြရစေ...

“ဒါဆို နင်သွားပေါ့ နင့်ဘ၀မှာ ငါမလိုတော့ဘူး ဒါကြောင့် လက်စွပ်တွေ ကတိတွေ အမှတ်တရတွေ
မလိုတော့ဘူး နင်သွားချင်ရာသွားတော့”

“နင်တကယ်ပဲ ပြတ်နိုင်ပြီလား .. ၃နှစ်ဆာတိုတာ နဲနဲလေးပါဟာ .. ငါ့ကိုယ် ငါ... ”

“ငါမကြားချင်ဘူး... နင် သွားမယ်ဆို ငါ့ဆီမလာနဲ့ ငါဆီလာရင် နင်မသွားနဲ့ဒါပဲ”

“ငါ့မှာ တခြားနည်းလမ်းရွေးစရာ မရှိတော့ဘူးလား”
ကျွန်တော်လေသံတွေ ပျော့ကျနေလိုက်တာ...
full scolar ရတယ်ဆိုလို့ ပျော်ခဲ့တဲ့ နေ့က မာန်တွေတောင် ဘယ်ပျောက်သွားလဲ မသိဘူး... သူနားမ
လည်ဘူး... ဒါကျွန်တော့် အောင်မြင်မှုတစ်ခု.. သူမခံစားတတ်ဘူး...

“အေး.. ဒါဆို ငါပြစ်လိုက်တဲ့လက်စွပ် နင် ပြန်ယူလာခဲ့ရင် နင်လုပ်ချင်တာ ငါလုပ်ခွင့်ပြုမယ်”

စကားအဆုံးမှာ လှည့်ထွက်သွားတဲ့ သူမ ကျောပြင်ကို ကျွန်တော် ငေးရင်းကျန်ခဲ့တယ်... သူ ကျွန်တော်
ရေမကူးတတ်တာတော့ သိနေတယ်... သူ့အချစ်ကိုလဲ ရ ကျွန်တော့် ဆန္ဒလဲ ပြည့်အောင် ကျွန်တော် ဒီ
လက်စွပ်ကို ဘယ်လိုရှာရမလဲ... ကန်ရေပြင်.. နက်တယ်... ကျွန်တော့်ဘ၀ကတော့ သူမရှိတော့ဘူး
ဆိုတာ သေချာသွားပါပြီ... ရည်မှန်းထားတဲ့ဘ၀ ကြွေမွပြိုပျက်သွားတယ်... ကျွန်တော် တွေဝေနေပါ
တယ်...ကျွန်တော့်မှာ ရွေးစရာလမ်းသိပ်မရှိတော့ဘူး..

*********

လက်စွပ်လေးကို လည်မှာဆွဲဖို့ ဆွဲကြိုးမှာသီလိုက်တယ်... သူသိရင်ရော... သူကတော့ ရေထဲကျသွား
ပြီလို့ ထင်မှာပေါ့... တကယ်ပဲဝေးကြရင် အမှတ်တရတစ်ခုတော့ ကျွန်မပိုင်ချင်တယ်... အခုတော့ သူ့
လက်စွပ်တစ်ခု ကျွန်မ လည်မှာနေရာယူလို့ပေါ့... အခုအချိန်အထိ သူ့ကို ကျွန်မ စိတ်ဆိုးနေမိတယ်..
အရေးမပါတော့မယ့် အရာတွေကို ဆုတ်ကိုင်ချင်နေတယ်... ကျွန်မအနားက အဝေးသွားချင်တယ်...
ကျွန်မ လွတ်ပေးလိုက်တယ်... မဖမ်းရက်တော့ဘူး အတောင်ပံရှိတဲ့ငှက်... ကျွန်မ လှောင်ချိုင့်လှလှတွေ
နဲ့ မဖြားယောင်းချင်တော့ဘူး.. ကျွန်မကျေနပ်ပါတယ်... သူ့ကိုယ်တိုင် ပေးထားတဲ့လက်စွပ်ကလေး အခု
အချိန်အထိ ကျွန်မ လက်သူကြွယ်မှာ နေရာယူနေသေးတယ်... ကျွန်မလည်မှာတော့ သူ့လက်က လက်
စွပ်လေးပေါ့... အခုတော့ ဝေးတော့မယ်... ဘာတွေနဲ့ ကျွန်မနှစ်သိမ့်ရမလဲ... သူမုန်းသွားမလား ..
မတွေးတော့ဘူး..ဝေးမယ့်အတူတူ.. သူ့အတွေးထဲကျွန်မကြောင့်ဘာမှ နှောင့်နှေးမနေစေချင်တော့ဘူး...

“ဘေးဖယ် ဘေးဖယ်”

အရေးကြီးနေတဲ့ လူတစ်သိုက်ကြောင့် ကျွန်မ အတွေးတွေ ပျောက်ကွယ်သွားတယ်... လူတစ်သိုက်
သယ်ထုတ်သွားတဲ့ ဖြူဖျော့နေတဲ့ လူတစ်ယောက်... ကျွန်မ ဘ၀တစ်ခုလုံး ပြိုလဲ ကျသွားပါပြီ...


Blogလောကထဲမှာရပ်တည်နေနိုင်ဖို့အတွက်အများကြီးအားတင်းထားပါတယ့်
ဖြိုးဇာနည့်ည့၁း၂၅တိတိ

8

သမီးရည်းစားခံစားမှုဖီလင်

Posted by ဖြိုးဇာနည် on Wednesday, May 13, 2009 in
ကိုယ်လေမင်းဆီကိုဖုန်းဆက်ရင်ရင်တွေအရမ်းခုန်တာပဲ(အဘိုးကြီးနဲ့ တိုးမှာစိုးလို့)


ကိုယ်လေမင်းနာမည်လေးကိုခေါ်ခါနီးရင် ရင်တွေအရမ်းခုန်တာပဲ(နာမည်မှားခေါ်မိမှာစိုးလို့)


ကိုယ်လေမင်းလက်လေးကိုကိုင်ထားရမှ လုံခြုံတယ်လို့ ခံစားရတယ်(လက်အားနေရင်အိပ်ကပ်တွေလျှောက်နှိုက်တော့မယ်...
အိပ်ထဲမှာရုပ်ရှင်လက်မှတ်အဟောင်းတွေရှိတယ်)



ကိုယ်လေမင်းနှုတ်ခမ်းတွေ လှုပ်လှုပ်ရွရွ ဖြစ်လာရင်ရင်တွေအရမ်းခုန်တာပဲ(တွေ့သမျှမုန့်သည် လျှောက်ခေါ်တော့မယ်)


ကိုယ်လေမင်းဆံပင်လေးတွေ သပ်နေတာမြင်ရင်ရင်တွေအရမ်းခုန်တယ်(အကြောင်းမရှိုအကြောင်းရှာပြီး beauty spa သွားတော့မယ်)


မင်းများနေမကောင်းရင် ကိုယ်ယောက်ယက်ခတ်နေပြီ(မြန်မြန်ပြန်ကောင်းမှာစိုးလို့)


မင်းကိုယ့်ဆီတရက်လောက်ဖုန်းမဆက်ရင်ရင်ထဲမှာဆို့နေတာပဲ(၀မ်းသာလုံး.......၀မ်းသာလုံး)


ကိုယ်လေအမြဲတမ်း မင်းအကြောင်းပဲ တွေးနေတာ(ဘယ်လိုလှိမ့်ရင် ကောင်းမလဲလို့)


ကိုယ်လေမင်းနဲ့လျှောက်လည်ရရင်တွေအရမ်းခုန်တာပဲ(တိုးမှာစီုးလို့......တိုးမှာစီုးလို့)


မင်းနဲ့လက်ထပ်ရမှာကိုရင်ခုန်နေတယ်(ဈေးဝယ်ရ......ချက်ပြုတ်ရ...လျှော်ဖွှတ်ရ တော့မယ်)

ဟဲ...ဟဲ...ဟဲ.....အနာခံမှ အသာစံရမှာလေ။

သယ်ရင်းတို့တွေအတွက်လိုက်နာရအောင်ရှယ်ယာလုပ်ပေးတာဗျို့

ဖြိုးဇာနည့်ည့၁၂း၀၅တိတိ

5

ဆုတောင်းနေပါတယ်

Posted by ဖြိုးဇာနည် on Tuesday, May 12, 2009 in
ဘာမှမသိတော့ဘူ့းကွန်ပဲမြန်မြန်ကောင်းပါစေ့



ဘာမှန်းမသိတဲ့အချိန်ကာလတစ်ခုမှာ ဘာမှန်းမသိတဲ့ပြဿနာတစ်ခုက ဘာမှန်းမသိတဲ့နေရာကနေ
ဘာမှန်းမသိတဲ့လူတစ်ယောက်ဆီ ဘာမှန်းမသိပဲဝင်လာခဲ့တယ့်

ဘာတွေဖြစ်မှန်းမသိလောက်အောင် ဘာတွေဘယ်လိုဖန်လာတယ်မသိပါဘူးကွာ ဘာတွေလို့ခေါင်းစဉ်
တပ်လို့မရသလို ဘာတွေလဲဟလို့တောင်အော်ယူမိတဲ့အထိပါပဲ ဘာတွေလဲကွာ့

ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ဘာမှကြိုတင်ပြင်ဆင်မှုမရှိခဲ့တဲ့ငါ့ကို ဘာမှလုပ်ပိုင်ခွင့်မရလိုက်ခင်မှာပဲ
ဘာမှအကောင်းမကျန်အောင်ဖျက်စီးပစ်လိုက်တဲ့နင့်ကို ဘာမှလဲငါစောဒကမတတ်ချင်တော့ပါဘူး

ဘာလို့ငါ့ဆီကိုမှရောက်လာရတာလဲကွာ ဘာလို့ခွင့်မတောင်းပဲဝင်လာရတာလဲ ဘာလို့ညှာတာမှုမရှိရ
တာလဲ ဘာလို့ငါ့ဆီကိုမရက်ရက်စက်စက်နှဲ့ ဘာလို့ဘာလို့လဲကွာ

ဘာပဲဖြစ်ဖြစ်ငါဟာခံနိုင်ရည်ရှိခဲ့တဲ့ကောင်ပါကွာ ဘာပဲဖြစ်ဖြစ်ငါမမှုခဲ့ပါဘူး ဘာပဲဖြစ်ဖြစ်တုံးတိုက်တိုက်
ကျားကိုက်ကိုက်အေးဆေးနေခဲ့တဲ့ငါဟာ ဘာပဲဖြစ်ဖြစ်ထဲမှာကွန်နက်ရှင်မကောင်းတာပါလာတာကို
တော့ကြောက်နေမိတယ် ဘာပဲဖြစ်ဖြစ်ငါအအကြိမ်ကြိမ်ဆုတောင်းနေမိတယ် ဘာပဲဖြစ်ဖြစ်ကွန်နက်ရှင်
တော့အမြန်ဆုံးပြန်ကောင်းလာပါစေလို့ပေါ့

အရမ်းဒေါကန်တယ် အရမ်းဝမ်းနည်းတယ် အရမ်းစိတ်ညစ်တယ် အရမ်းပေါက်ကွဲလာတဲ့အခါမှာတော့
အခုလို cyber café ကိုပြေးလာလိုက်မိတော့တယ်။ဘလော့ဂါတစ်ယောက်ရဲ့ ဘလော့ကိုပစ်ထားခဲ့ရတဲ့
နေ့တွေဟာဘယ်လောက်များပူလောင်လှပါလိမ့် ဆိုတဲ့အရသာကိုကျွန်တော်သိလိုက်ရပြီ့

အခုတော့ ဘလော့ နဲ့လဲဝေးပြီ DJနဲ့လဲဝေးပြီ သယ်ရင်းတွေနဲ့လဲဝေးနေရတယ့်ကျွန်တော့်ကိုဝိုင်းပြီး
ဆုတောင်းပေးကြပါအုံးဗျာ့ကျွန်တော်ကတော့အကြိမ်ကြိမ်ဆုတောင်းနေမိပါရဲ့ ကွန်နက်ရှင်ကြီးရေ့
မြန်မြန်နေကောင်းပါတော့ဗျို့လုပ်ကြပါအုံးဗျာ့ဆုတောင်းပေးကြပါနော့်နော်




စာကြွင်းးးးးးးကျွန်တော်တို့မြို့မှာ sevsr ပြင်နေတဲ့အတွက် connection ကရက်အနည်းငယ်တော့ဒီလိုနဲ့ပဲ
နှစ်ပါးသွားနေကြရပါတယ်။ ပြောရင်းဆိုရင်းနဲ့ပဲအခုကျွန်တော်cyber café ကပြန်လာပြီးအိမ်ရောက်
တော့ကွန်နက်ရှင် ကနဲနဲgood နေပြီးဗျ။ဟဲဟဲ ဒီစာကြွင်းလေးကို ကျွန်တော်အိမ်မှာ connectionစမ်းရင်း
နဲ့ရေးလိုက်တာပါ။ဒီလိုမှန်းသိရင် cyber ကိုမသွားပါဘူး ဟီးးးပိုက်ပိုက် နဲနဲပြုတ်သွားတယ်တစ်ယောက်
ထဲသွားရမှာပျင်းတာနဲ့ သယ်ရင်းသုံးယောက်ကိုအချောဆွဲသွားတာ သူတို့အတွက်ပါရှင်းလိုက်ရတယ့်
တော်တော်အားမနာတတ်တဲ့ကောင်ဒွေ့အချိုရည်နဲ့မုန့်နဲ့ ပါရောပြီးအဝတီးကြသေးတယ့်ဟွန်းးးး


ဖြိုးဇာနည့်နေ့လည့်၁၂း၃၀တိတိ

7

စိတ်ဆိုးတယ့်အရမ်းပဲ

Posted by ဖြိုးဇာနည် on Sunday, May 10, 2009 in
ဒီ post လေးဟာ့ကျွန်တော့်အတွက်တော့အမှတ်တရ post လေးပါ့အိမ်ထောင်သည်ဘဝ post
လေးတွေကိုကျွန်တော်တစ်ခါမှမရေးဖူးပါဘူ့းဝင်လည်းမခံစားတတ်ခဲ့ပါဘူ့းဒီတစ်ခါတော့ကျွန်တော်
မတောက်တစ်ခေါက်ဝင်ခံစားကြည့်ပြီး ရေးဖွဲ့ထားတာ ဖြစ်သလို ပိုပြီးအမှတ်တရဖြစ်သွားစေတာကတော့
ကျွန်တော်ဒီ post လေးရေးနေတဲ့အချိန်မှာ ချစ်တဲ့ ဖေဖေ နဲ့ အတိုက်အခံလုပ်ပြီးရေးနေရတယ်လေ့
အကြောင်းအရင်း ကတော့ ကျွန်တော်ဒီ post လေးရေးနေတဲ့အချိန်မှာ ဖေဖေ့ အဆူကိုခံရပြီး ဖေဖေ့ကို
စိတ်ကောက်ကောက် နဲ့ ရေးဖြစ်ခဲ့တာပေါ့ဖေဖေ နဲ့ စိတ်ကောက်ရတဲ့အကြောင်းရင်းကိုတော့ထည့်
ပြီးပြောမပြတော့ပါဘူ့း့ပြောပြရင်ရယ်နေကြမှာဆိုးလို့တော်ပြီ စိတ်ဆိုးလာပြန်ပြီ မပြောတော့ဘူ့း
ဗိုက်လဲဆာတယ့်ထမင်းသွားစားတော့မယ့်စိတ်လဲမပါတော့လို့ခပ်တိုတိုပဲဟွန့်း




ညနေစောင်းအချိန်မှာနေဝင်သွားတာကိုကြည့်နေတဲ့လူတစ်ယောက် သူမှာအချိန်တွေပိုနေတာမဟုတ်ပါ
ဘူး။သူအချိန်တွေကို ဖြုန်းနေတာလဲမဟုတ်ပါဘူ့းသူ့မှာရည်ရွယ်ချက်တစ်ခုနဲ့သူလာစောင့်နေတာပါ့
ဘာလဲဆိုတော့ သူ ဒေး ကိုချစ်တယ်။ဒါလောက်ပါပဲ။ဒေး
ဆိုတာကျွန်တော့်ရဲ့ ချစ်လှစွာသောဇနီး အသစ်စက်
စက်ကလေး ပဲလေ့ဒီနေ့မင်္ဂလာသက် ၆လမြောက်နေ့လေ့လပတ်လည်နေ့ပေါ့ ။ဒီနေ့မှာ ကျွန်တော်
မိဘတွေ နဲ့ ဒေး ရဲ့ မိဘတွေ ကိုပါဖိတ်ထားတယ်လေ့သားနဲ့သမီးတို့ရဲ့ မင်္ဂလာပွဲ မှာမျက်နှာစုံညီဲနဲ့ တူ
တကွ စားကြသောက်ကြမယ်ပေါ့ကျွန်တော်တို့နှစ်ယောက်မမောနိုင်မပန်းနိုင်နဲ့တစ်မနက်လုံးပြင်ဆင်
ထားကြတယ်လေ့စားစရာသောက်စရာအသီးစုံ အချိုပွဲ ပြီးရင်ဖေဖေ မေမေ တို့ကိုကန်တော့ဖို့အတွက်
ပစ္စည်းတွေကအစ အစစ အရာရာဒေါင့်စေ့နေအောင်ကျွန်တော်တို့ပြင်ဆင်ထားကြတယ့်

ပြီးတော့ဒေး ရဲ့ ဖြူဖွေးနူးညံ ပြီးအကြောစိမ်းလေးတွေလျှက်သန်း နေတဲ့ ဘယ်ပါးပြင်လေးကို ကျွန်တော့်
ရဲ့ အမြတ်နိုးဆုံးအနမ်းတစ်ပွင့် ခြွေချပစ်လိုက်တယ့်ဒေး ရဲ့ ကိုနော်ဆိုတဲ့အသံတိတ်မျက်စောင်းလှလှ
လေးအောက်မှာ ကျွန်တော့်ရင်ထဲမှာ ရင်ခုန်သံကာတာကျိုးပေါက်သွားခဲ့တယ်။တိတ်တိတ်လေးမပြော
ပြပဲနေကြည့်သေးတယ့့််မရပါဘူ့းဒါကြောင့်ကျွန်တော်ဒေးကို ဖွင့်ပြောဖြစ်သွားတယ့်ဒေးရယ့်ငါမင်း
ကိုအရမ်းချစ်မိသွားပြီကွာ့အချိန်တွေဟာဘယ်လိုလုပ်ပြီးကုန်သွားတယ်မသိပါဘူးကျွန်တော့်မိဘတွ
ရောက် လာသည့်တိုင်အောင် ဒေးရဲ့မိဘတွေရောက်မလာခဲ့သေးဘူးပေါ့အချိန်ကညနေ၅နာရီတိတိ
ရှိနေပြီလေ့

စောင့်နေကြည့်သေးတယ့်မရောက်လာကြဘူးလေ့အချိန်တွေသာတဖြည်းဖြည်းကုန်ဆုံးသွားတယ်
ဒေး ကတော့စိတ်ပူနေပြီပေါ့ရောက်လာသင့်ပြီလေ့ကျွန်တော့်မိဘတွေလဲစိတ်ပူနေကြပြီလေ့သိ
တယ်မလာ့းချစ်ယောက်ခမတွေပဲလေ့ဒီလိုနဲ့အဓိပ္ပာယ်တွေရှိပေမဲ့ အဓိပ္ပယ်တွေလိုနေသေးတဲ့ ညစာ
စားပွဲလေးမှာ စိုးရိမ်စိတ်တွေပူပန်နေပြီပေါ့ အသံတွေတိတ်ဆိပ်နေတဲ့ညစာစားပွဲလေးမှာဒေးကစပြီး
အသံထွက်လာခဲ့ပါတယ့်ကိုဒေးစိတ်ပူလာပြီမေမေတို့ဆီကိုဒေးလိုက်သွားကြည့်ချင်တယ်တဲ့မေမေတို့
ကလဲခွင့်ပြုတယ့်ကျွန်တော်လဲခွင့်ပြုပါတယ့်ဒီလိုနဲ့ပဲကျွန်တော်ဟာမေမေတို့ကြွရောက်ချီးမြှင့်တဲ့
ညစာ စားပွဲလေးမှာဒေး ကိုလိုက်မပို့နိုင်ပဲကျန်နေခဲ့ရင့်းဒေးကတော့ကားကိုတလကြမ်းမောင်းပြီး
ထွက်ခွာသွားလေရဲ့ကျွန်တော်ကတော့ အိမ်ထောင်သစ်ဘဝတစ်ခုရဲ့အတွေ့အကြုံတွေကိုစကား
ဖောင်ဖွဲ့ရင်း မေမေတို့နဲ့အတူအချိန်တွေဖြုန်းနေခဲ့ပါတယ့်ဒေးပြန်အလာကိုမမျှော်နေရင်းနဲ့ပေါ့ဒီလို
နဲ့ပဲအချိန်တွေဟာတဖြည်းဖြည်းနောက်ဆုတ်သွားပါတယ်ဒေး တို့မိသားစုကတော့ပေါ်မလာခဲ့သေးပါ
ဘူ့း

နာရီဝက့်လေးဆယ်ငါးမိနစ့်တစ်နာရီ့အချိန်တွေကိုရင်မောလာပြီ့မေမေတို့ကိုလဲအားနားလာပြီ
လေ့မေမေတို့ကိုတော့ ညမိုးချုပ်မှပြန်ရင်အဆင်မပြေမှာဆိုးပြီးကျွန်တော်တို့မိသားစုလေးပဲညစာစားပွဲ
လေးကို စတင် လိုက်ရအောင်
ဆိုပြန်တော့လဲ မေမေတို့ရဲ့သဘောတူညီမူကိုမရခဲ့ပါဘူ့းစောင့်ကြတာပေါ့
သားရယ့်တဲ့။ဒီလိုနဲ့ပဲ လာတော့မယ်လာတော့မယ်နဲ့ တိတ်ဆိတ်နေတဲ့ ကျွန်တော်တို့မိသားစုလေးမှာ
မျှော်နေတာချင်းတော့ဖွင့်မပြောပြကြပဲတတူညီနေကြမယ်ထင်ပါတယ်။အချိန်တွေလင့်လာလေလေ
ကျွန်တော့်ရင်ထဲမှာ အပူဒီဂရီ တွေမြင့်တတ်လာလေလေပါပဲ့

အတွေးတွေရှုပ်ထွေးလာတယ့်ကားကိုတလကြမ်းမောင်းထွက်သွားတဲ့ ဒေ့း့လမ်းမှာများ တစ်ခုခု
ဖြစ့်ဟားးးးးးးးးးးရင်ပူလိုက်တာ့ဒေးမေမေတို့ပဲဖြစ်နေလို့များလားနေများမကောင်းကြလို့လာ့းကား
များပျက်နေလို့လာ့းဒေး မေမေ တို့အလုပ်တွေများရှုပ်နေလို့လာ့းအတွေးတွေ့လားပေါင်းများစွာနဲ့
ကျွန်တော်ဂဏာမငြိမ်တွေဖြစ်လာတယ်။မေမေတို့ရှေ့မှာတောင်ဟန်မတောင်နိုင်တော့ပဲကျွန်တော်အပြင်
ထွက်ခဲ့မိတယ်။ကျွန်တော်ဆုတောင်းနေပါတယ့်ဒေး တစ်ယောက်ကားပျက်နေတာပဲဖြစ်ပါစေ့
ကျွန်တော်ဒေးကိုသိပ်ချစ်တယ့်ကျွန်တော့်အလိုသာဆိုရင်ကျွန်တော်လိုက်သွားပြီးတာကြာနေပြီပေါ့
အခုတော့ ကျွန်တော့်ရဲ့ မိဘတွေတတ်ရောက်ချီးမြှင့်တဲ့ဒီပွဲလေးမှာ ကျွန်တော်မေမေ တို့ကိုထားခဲ့ပြီး
ထွက်သွားရလောက်အောင်လဲကျွန်တော် မလုပ်ရက်ဖူ့းကျွန်တော် မေမေ တို့ကိုလဲအရမ်းချစ်တယ့်

ပြီးတော့ ဒေး ကိုလဲချစ်တယ့်မိန်းမတစ်ယောက်အတွက် မိဘတွေကိုဥပက္ခာပြုပြီးမိန်းမနောက်ကို
လိုက်သွား တဲ့သားတစ်ယောက် အဖြစ်လဲကျွန်တော်အဖြစ်မခံနိုင်ဘူးးးးဘာမှမဟုတ်ဖူးဆိုပေမဲ့ မေမေတို့
စိတ်ထဲမှာတော့ မကောင်းဖြစ်သွားမှာပဲလေ့ဒီတော့ ကျွန်တော် မေမေ တို့ကိုအရမ်းချစ်ပါတယ်။ဒေးရယ်
ငါမင်းကိုအရမ်းမြတ်နိုးပါတယ်။ဒါပေမဲ့မေမေတို့ထက်တော့မင်းကိုငါဦးစားမပေးနိုင်တာကိုတော့နားလည်
ပေးပါကွာ့ရင်ထဲမှာဗလောင်ခတ်နေပါပြီ့မေမေတို့ကိုကျွန်တော် တရားခွေတစ်ခွေဖွင့်ပေးထား
လိုက်တယ်ပြီးတော့ ကျွန်တော် တစ်ယောက်ထဲအိမ့်ရှေ့ကိုထွက်လာမိတယ်လေ့နေတောင်ဝင်တော့မှာ
ပါလာ့းဒေး ရယ်ဘာများဖြစ်နေတာပါလိမ့်ကွာ့ကိုစိတ်ပူလို့သေတော့မယ့်အမြန်ပြန်လာပါ
တော့ဒေးရယ့်

ညနေစောင်းအချိန်မှာနေဝင်သွားတာကိုကြည့်နေတဲ့လူတစ်ယောက် သူမှာအချိန်တွေပိုနေတာမဟုတ်ပါ
ဘူး။သူအချိန်တွေကို ဖြုန်းနေတာလဲမဟုတ်ပါဘူ့းသူ့မှာရည်ရွယ်ချက်တစ်ခုနဲ့သူလာစောင့်နေတာပါ့
ဘာလဲဆိုတော့ သူ ဒေး ကိုချစ်တယ်။


အမေ များနေ့မှာ ဖေဖေ နဲ့စိတ်ကောက်ဖြစ်ခဲ့တယ့်အမှတ်တရပါပဲ့ကံကောင်းတာတစ်ခုကအမေများနေ့မှာ
မေမေ နဲ့စိတ်ကောက်တယ်ဆိုပြီးမဖြစ်သွားတာကိုပေါ့ဘာပဲဖြစ်ဖြစ် ဖေဖေ့ ကိုအရမ်းစိတ်ဆိုးတယ့်ဟွန့်း


စိတ်ကောက်နေတဲ့ဖြိုးဇာနည့်ည့၁၁း၁၀တိတိ

6

အဝေးရောက်နေတဲ့ သား

Posted by ဖြိုးဇာနည် on Thursday, May 07, 2009 in
မှိန်တိန်တိန်မီးရောင်အောက်မှာ အသက်ကိုအလုအယက်ရူသွင်းရင်း မှိန်တိန်တိန်နဲ့အရောင်မဲ့နေတဲ့
ဘဝအတွက် ပြေရပြေရာပြေကြောင်း အတွေးညစ်ညစ်တချို့ကိုလျှော်ဖွတ် ကြည့်လိုက်တယ့်အလို့
ဒုက္ခ ပါပဲ လိုက်လေဝေးလေပါပဲလာ့းအတွေးတွေဟာ ဖြေလေ ဆိုးလေ ဆိုသလိုပဲ တိတ်တိတ်လေး
ထိုင်နေရပေမဲ့ ပေါက်ကွဲ လာမိတယ့်အော့်ငိုပစ်လိုက်ချင်တယ့်မေမေတို့ကိုအရမ်းလွမ်းတယ့်
အရမ်းသတိရတယ့်ဖြစ်နိုင်ရင် မေမေတို့ကိုထိုင်ကန်တော့ လိုက်ချင်တယ့်အဝေးရောက်နေတဲ့
သားတစ်ယောက်အနေနဲ့အတွေးထဲကနေပဲ ကန်တော့နေခဲ့ရတာဟာ ကြာနေခဲ့ပါပြီ။တစ်နေ့နေ့ပေါ့ ဆို
ပြီးအဲဒီတစ်နေ့နေ့ကိုမျှော်လင့်နေခဲ့ရတာဟာလဲ အရူးလိုပါပဲ့အိမ်ပြန်နိုင်တဲ့တစ်နေ့နေ့ကဘယ်တော့
များမှလဲဟင့်

မသွားပါနဲ့သားရယ့်ဆိုတဲ့စကားကိုငြင်းဆန်ပြီးကိုယ့်လမ်းကိုယ်ဖောက် ခဲ့တာမဟုတ်ရပါဘူး ဒုက္ခ
ကိုပေးအပ်ပြီးမှ ရှိစုမဲ့စုနဲ့ ထွက်ခွာလာခဲ့တဲ့ သားမိုက်တစ်ယောက်ပါ။အတွေးထဲမှာကတော့ ချမ်းသာရင်
မိဘတွေကိုတင့်တောင့်တင့်တယ် ထားနိုင်မှာပဲ ဆိုတာတစ်ခုထဲပဲပေါ့ ။အခုတော့သိပါပြီမေမေရယ့်
အရိပ်အောက်မှာ မနေပဲ ထီးတစ်ချောင်းကိုအားကိုးပြီ အပူဒဏ်ကိုကာကွယ်မယ်ဆိုပြီး ပြေးထွက်ခဲ့တဲ့
သားအခုတော့ ကန္တရထဲမှာ ရေငတ်နေသလို မေမေအရိပ်ကိုတောင့်တနေမိခဲ့ပြီလေ့အသွားရှိရင်အ
ပြန်ရှိတယ်ဆိုပဲ့မှားတယ့်လုံးဝမှားတယ့်အဲဒီအိမ်ပြန်ချိန်ကဘယ်တော့လဲ?????အခုတော့အပြန်
လမ်းကိုတော့တွေ့နေပါရဲ့ ဘယ်မှာလဲ ငါ့လွတ်လပ်ခွင့်တွေ ငါ့အချိန်တွေ ငါ့ခံစားချက်တွေကိုနောက်ကွယ်
မှာစတေးခံနေရပြီ့အထင်ကြီးခဲ့တဲ့ဒီနေရာဟာ ငါ့အတွက်အဖိုးမဖြတ်နိုင်တဲ့အချိန်တွေ ပျော်ရွှင်မှုတွေ
ကို အောက်ဆုံးနှိမ်ချပြီး တတ်နင်းထားခဲ့မှန်းငါအခုသိလိုက်ရပါပြီ့

တစ်နေ့နေ့ပေါ့ငါဖြစ်လာမှာပါ
ဒါပေမဲ့ငါသိတာတရား
ငါရှိတာ့သီလ
ငါတတ်တာ့ဗ္ဒဒ္ဓေ
ငါနေတာ့လောကီ
ရိုးသားမှုတွေနဲ့ငါ့အတွက်တော့
အဝေးကြီးမှာပါ့ဒါပေမဲ့
ဖြစ်လာမှာပါ့တစ်နေ့နေ့ပေါ့


တဲ့မနေ့ကစပ်လိုက်တဲ့ကဗျာလေးတစ်ပုဒ်ပေါ့ဟုတ်ပါတယ့်ရိုးသားမှုတွေကိုတန်ဖိုးထားတတ်တဲ့
ငါ့အတွက် ရည်မှန်းချက်ပန်းတိုင်ဆိုတာကို ရိုးသားမှုနဲ့မတတ်လှမ်းနိုင်ခဲ့သေးဘူးကွာ့အချိန်နဲ့အမျှကြိုး
စားနေဆဲပါ့ဒီပုံစံအတိုင်းမျိုသိပ်မှုတွေနဲ့နှစ်ပါးသွားနေခဲ့တဲ့ငါဟာအခုဆိုရင်ငါဟာအသားမကျသေးဘူး
ဆိုရင်ဟာသများဖြစ်နေမလားဟင့်လစဉ်တိုင်းမှာ မုသာဝါဒကြွယ်ကြွယ် နဲ့အဆင်ပြေပါတယ်ဆိုတဲ့ဖုန်း
ကလေးဆက်ရုံ ပိုက်ဆံလေးအနည်းငယ်ပို့ရုံနဲ့ ဟန်ဆောင်ကျေနပ်နေခဲ့ရသမျှ ဟာအခုတော့ မေမေလို့
တောင့်တမိလိုက်တိုင်းမျက်ရည်တွေလျှံတတ်လာတာ နဲ့မတန်ပါလားကွာ့သိပ်သိပ်ချစ်ပါတယ့်
မေမေနဲ့ဖေဖေကိုအရမ်းချစ်ပါတယ့်ပြန်လာမဲ့နေ့ရက်တွေကိုလက်ချိုးရေတွက်နေတဲ့မေမေတို့အတွက်
အခုအချိန်မှာသားအဝေးကနေပဲ ကန်တော့လိုက်ပါရစေ့တစ်နေ့နေ့ပါ ဒီစိတ်ကုန်စရာကောင်းတဲ့နယ်
မြေကြီးကို သားအပြီးအပိုင် စွှန့်လွှတ်နိုင်ပြီဆိုတဲ့ တစ်နေ့သားမေမေတို့အရိပ်အောက်ကိုပြန်လည်ခို
ဝင်လာမှာပါ့အခုတော့ပြောလျှော့နေပြီဖြစ်တဲ့ မျှော်လင့်ချက်တွေကို ဒီစာလေးကိုချရေးရင်းနဲ့ပဲအား
တင်း ထားလိုက်ပါတယ့်တစ်နေ့နေ့မှာ ဖေဖေ မေမေလို့အားရပါးအော်ခေါ်ပြီးအိမ်ပေါက်ဝကို သားအ
ရောက်လာခဲ့မှာပါ။အခုတော့အခုတော့တိတ်တိတ်လေး ဆန္ဒတွေကိုခဝါ ချထားရင်းနဲ့ပဲ ချောင်
ကြားမှာ မျက်ရည်ဝဲ နေပါရစေ့ဖေဖေ နဲ့ မေမေ ကို အရမ်းချစ်တဲ့
အဝေးရောက့့်တဲ့သားးးး

တတ်နိုင်သလောက်ခံစားပြီးရေးဖွဲ့ထားတာပါ့ကျွန်တော်ကတော့မိဘအရိပ်အောက်မှာပါပဲ့ဒါပေမဲ့
မိဘကိုချစ်ပေမဲံ့ အဲဒီအချစ်ကိုဥပေက္ခာပြုရင်း အဝေးမှာ ရောက်ရှိနေကြတဲ့ သားများအတွက် ရည်ရွယ်ပြီး
ဒီpostကလေးကိုရေးဖြစ်သွားတာပါ့တိုက်ဆိုင်မှုများရှိခဲ့လျှင်သော်၎င်းမှာယွင်းမူများပါခဲ့လျှင်သော်၎င်း
ကျွန်တော်အနူးအညွှတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ့


အများကြီးကြိုးစားဖို့လိုနေသေးတဲ့ဖြိုးဇာနည့်ည့၃း၀၅ တိတိ

3

Gtalkကနေမြန်မာပြည်ကိုSMSပို့ရအောင်

Posted by ဖြိုးဇာနည် on Tuesday, May 05, 2009 in
ကျွန်တော်တို့ Gtalk ကနေမြန်မာပြည်ဖုန်းကို SMS ပို့ကြည့်ရအောင်နော့်၁၀မိနစ်လောက်တော့ကြာ
တယ်ဗျ့စောင့်တော့စောင့်ရတယ့်ဒါပေမဲ့လွယ်ပါတယ်ဘာမှခက်ခက်ခဲခဲသိပ်မလုပ်ရပါဘူး။အဲ့
မေ့တော့မလို့ ခက်တာတစ်ခုတော့ရှိတယ်ဗျ့အဲတာက invited လုပ်တဲ့အချိန်မှာပေါ့ ကျွန်တော်လုပ်
တုန်းကတော့ ဆယ်ခါလောက် Add မှရတယ်ထင်တာပဲ့ခက်တဲ့အပိုင်းလေးကတော့အဲတာပါပဲဆိုပါ
တော့။ကျန်တာကတော့ အေးဆေးပါးပါးလေးပါဗျာ။ကဲကဲစတင်လမ်းညွှန်ပါတော့မယ်ခင်ဗျာဒန်တန့်တန့်
့

သယ်ရင်းတို့အနေနဲ့အရင်ဆုံးလုပ်ရမှာကတော့ မိမိ Gtalk account မှာဒီ Mail လေးကို add လုပ်ဖို့ပါပဲ။
တစ်ခုတော့သတိပေးချင်ပါတယ့်အဲတာကတော့သတိဆိုတာပိုသည်မရှိပေါ့ဒါလေးကို Add တဲ့အခါမှာ
ကိုယ်အမြဲသုံးနေတဲ့ account မှာမဟုတ်ပဲ တခြားအရံ account တစ်ခုမှာ Add စေချင်ပါတယ်။ဆရာ
လုပ်တာတော့မဟုတ်ပါဘူး ဒီလိုမျိုး project အသစ်တွေဟာ password မခိုင်ရင် စိတ်မချရတာကြောင့်
ကြိုတင်ကာကွယ်စေချင်တဲ့သဘောပါ။ကဲကဲ သေချာဖတ်တော့နော့်READY GO

အရင်ဆုံးဒါလေးကို Gtalk မှာ Add လိုက်ပါ။ gtalk@etmsms.com လို့ invited လိုက်ရုံပါပဲ။စိတ်ရှည်
ရှည် Add လိုက်ရင်တော့ online အနေနဲ့တတ်လာပါလိမ့်မယ်။အဲလို online ဖြစ်လာပီဆိုရင်တော့ ဒီလို
လေးလုပ်ပြီးပို့ရုံပါပဲခင်ဗျာ့gtalk message box ထဲမှာ sms 09+++++++ hello nay kg lar အဲ
လိုမျိုးရိုက်ရပါတယ်။sms နဲ့ ဖုန်းနံပတ်အကြားမှာ Spacebar ခံရပါတယ်။ ဖုန်းနံပတ်နဲ့ hello အကြားမှာ
spacebar ခံရပါတယ်။ဒါလောက်ပါပဲ့အဆင်ပြေတယ်ဟုတ့်ဘာမှထွေထွေထူးထူးလုပ်စရာမပါ ပါ
ဘူး။အထူးသဖြင့် country code တွေဘာတွေဘာမှကိုမလိုတာကတော့ စိတ်ချမ်းသာရတာပေါ့လေ့
အထူးသဖြင့်အဝေးတစ်နိုင်ငံမှာရောက်နေကြတဲ့ကျွန်တော်တို့လို သူတွေအတွက်ကတော့ တော်တော်
လေးကို အသုံးဝင်နိုင်တဲ့ application လေးတစ်ခုပါပဲခင်ဗျာ့ဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့ နောက်
ကျတယ်ပဲပြောပြောဒီနည်းလေးကိုအခုမှပဲသိတာပါ။သိသိချင်းပဲ စမ်းသပ်ပြီး ပြန်လည်မျှဝေပေးလိုက်
တာပါခင်ဗျာ့သိပြီးသားသယ်ရင်းတွေရှိခဲ့မယ်ဆိုရင်လဲ ကျွန်တော့်ကိုနားလည်ပေးကြပါခင်ဗျာ့ဆရာ
လုပ်တာမဟုတ်ရပါဘူးခင်ဗျာ့မသိသေးတဲ့သယ်ရင်းများအတွက်ရည်ရွယ်ပြီးရှယ်ယာလုပ်လိုက်ရခြင်း
ဖြစ်ပါတယ်ခင်ဗျာ့သယ်ရင်းများအားလုံးကိုယ်စိတ်နှလုံးကျန်းမာချမ်းသာကြပါစေလို့ ကျွန်တော်ဆု
တောင်းပေးလိုက်ပါတယ့်

ဖြိုးဇာနည့်ည့၁၂း၂၀တိတိ

8

အရာအားလုံးပြီးပြည့်စုံခဲ့သော့ရာဇဝင်

Posted by ဖြိုးဇာနည် on Sunday, May 03, 2009 in
အရာအားလုံးပြီးပြည့်စုံခဲ့သောဘဝတစ်ခု၏ရာဇဝင်

ကလောင်ကလောင်ခွက့်COKEဗူးခွံလေးတစ်ဗူ့းအရှိန်အဟုန်ပြင်းစွာဖြင့်မြေကြီးပေါ်သို့ဗရမ်းဗတာ
ပစ်ကျသွားသည်။အဲလိုပါပဲ ကျွန်တော့်နှလုံးသားလဲ ထိုနည်း၎င်းပစ်စက်လက်ခက် ဗရမ်းဗတာ ပြုတ်ကျ
ခဲ့ဖူးသည်။အရက်သောက်ပြီးလဲမဖြေသိမ့်ခဲ့သလို အသည်းကွဲပြီးလဲငိုမနေခဲ့ပါဘူး။အံကိုတင်းနေအောင်
ကြိတ်ခံရင်း မင်းနာမည်ကို ငါ့ဘဝထဲကဆွဲထုတ်ဖို့ ငါကြိုးစားခဲ့ဖူးတယ်လေ။ဟားဟားအချစ်က ဟာသပါ
ပဲကွာ အသက်ရှူနှုန်းတွေကို လေးကန်နေလောက်အောင်အထိခံစားရလိမ့်မယ်လို့ ငါလုံးဝမတွေးထားမိ
ဘူး။အခုတော့ ငါလေးလေးနက်နက်ထားခဲ့တဲ့ အချစ်တွေကငါ့ကို လေးနက်တဲ့ဒဏ်ရာတွေနဲ့ ကျေးဇူး
ဆပ် နေပါလာ့း

အဟတ်ဟတ့်ငါခံစားနေရတဲ့အချစ်တွေကိုငါဟာသတစ်ပုဒ် အဖြစ်ပြောင်းပြီးခံစားပစ်လိုက်တယ်။တ
ရားမျှတမှုမရှိတဲ့ဒီလောကကြီးမှာ ငါပေးသလောက်ပြန်မရခဲ့တာဟာလဲ တရားပါတယ်ကွာ။မဟုတ်ရင်ငါ
ဟာ လောကကြီးကိုအရွဲ့တိုက်သူတစ်ယောက်ဖြစ်သွားမှာပေါ့ဟတ်ဟတ့်မဟုတ်ဖူးလာ့းသေချင်
နေတဲ့သူတစ်ယောက်ကို မင်းဘာလို့သေချင်တာလဲလာမေးသလိုပေါ့သူသေချင်နေတဲ့သူ့ဘဝအကြောင်း
ကိုသူမသေခင်မှာစိတ်ရှည်ရှည်ရှင်းပြခဲ့ချင်အုံးမှာပါ။ငါလဲအတူတူပဲ ငါလွမ်းနေရတဲ့ ငါခံစားနေရတဲ့ဟာသ
တစ်ပုဒ်အကြောင်းတွေကို လူတစ်ယောက်ကို ဂဃဏနပြောပြခဲ့ဖူးတယ့်ဟားဟာ့းလူတွေကလဲဟာ
သပါပဲကွာ့ငါပြောပြတဲ့အကြောင်းတွေ ကိုပေါက်စီသုံးလုံး လ္ဘက်ရည်တစ်ခွက်နဲ့ လဲလှယ်ပြီးရင်းလိုက်
ရမှန်း ငါနောက်မှသိလိုက်ရတယ့်။

ပလုံပလုံနဲ့ငါ့ဘဝရဲ့တန်ဖိုးရှိတဲ့ အချိန်တော်တော်များများကိုမင်းကြောင့် နစ်မြုပ်ခံခဲ့ရဖူးတယ်။ငါ့ဘဝမှာ
ရေရေလည်လည် ပက်ပက်စက်စက်ဆုံးရှုံးသွားတဲ့ကျရှုံးမှုတစ်ခုကိုငါအပြည့်အဝခံစားလိုက်ရတယ်။ဟား
ဟား တတ်လဲတတ်နိုင်ပါလားကွာ မင်းမို့လို့ လုပ်ရက်တယ့်sample တွေနဲ့တန်းတူညီနေတဲ့ ငါ့ဘဝမှာ
လည်ထွက်နေအောင် ပျာယာခတ်မှုတွေနဲ့မင်းကို အစစအရာရာ အလိုလိုက် အလိုက်သိခဲ့တဲ့ ကောင်ပါ
ကွာ။အခုတော့ ဘာတဲ့ဟားဟားမင်းရဲ့ “ကို ကျွန်မ တို့နှစ်ယောက်××××××××××”ဆိုပြီး
မျက်ရည်လည်ချင်ယောင်ဆောင်လို့ မင်းပြောခဲ့တဲ့reason တွေကိုငါပြန် တွေးမိလိုက်တိုင်း ရယ်ရတာအူ
တတ်မတတ်ဖြစ်ရလွန်းလို့ ပြန်မပြောပြတော့ပါဘူးကွာ့။သွားပါ့သွားစမ်းပါ ဇာနည် တဲ့ နောက်လှည့်
ကြည့်တတ်တဲ့ထုံးစံ မရှိခဲ့ဖူးတဲ့ကောင်ပါကွာ့အေးးးးးးးတစ်ခုတော့မှာလိုက်မယ် နောက်တစ်ခါငါလို
ကောင်မျိုးကိုတွေ့ ချင်ပါတယ် ဆိုလို့ကတော့ နောက်ဘဝမှာ မှငါပြန်စဉ်းစားပေးမယ်နော့်ဒါအချိုသာ
ဆုံးမင်းအပေါ်မှာငါ့ရဲ့တုန့်ပြန်မှုပါ့သဘောပေါက်တယ်ဟုတ့်ရက်စက်မှုတွေကို ငယ်ငယ်လေးက
ထဲက သင်မပေးဖူးခဲ့တဲ့ မေမေ့ကိုတော့ငါဒီတစ်ခါအပြစ်တင် မိပါရဲ့ကွာ့သံယောဇဉ်တွေနဲ့ ကြီးပြင်း
လာခဲ့တဲ့ငါ့ဘဝ မှာ မင်းကိုရစ်ပတ်တွယ်နှောင်မိသွားတဲ့ကြိုးလေးတစ်ချောင်း ကိုတော့ငါနှမြောမိတာအ
မှန်ပဲ့

ရူးးးးးးးးးးးငါပြောပြမယ့်သေချာနားထောင် ဒီစကားဟာမင်းတစ်ယောက်ထဲအတွက်ရည်ရွယ်ထားတာ
ပါ။နောက်တစ်ခါငါ့ကိုကစားခဲ့သလိုမျိုးမင်းဘယ်သူ့ကိုမှထပ်မကစားမိပါစေနဲ့ကျန်တဲ့သူတွေဟာငါ့လို
မျိုးခေါင်းငုံအံကြိတ်ခံမဲ့သူဖြစ်လာနိုင်ဖို့အတွက်တော့မင်းအတွက်ဒုတိယအကြိမ်ကံကောင်းနိုင်မှာမဟုတ်
တော့ဘူး။ဒါဟာ ငါမင်းအပေါ်မှာထားတဲ့ နောက်ဆုံးသံယောဇဉ်လက်ကျန်ပဲ ရှေ့လျှောက်ဖြတ်သန်းရမဲ့
မင်းဘဝခရီးမှာ ပျော်ရွှင်မှုအပေါင်းနဲ့ ပြည့်စုံနိုင်ပါစေလို့ငါဆုတောင်းပေးလိုက်ပါတယ်ကွာ့
မင်းရဲ့အစွှန့်ပစ်ခံခြင်းကိုခံလိုက်ရတဲ့ တစ်ချိန်ကချစ်သူ့

ကလောင်ကလောင်ခွက့်COKEဗူးခွံလေးတစ်ဗူ့းအရှိန်အဟုန်ပြင်းစွာဖြင့်မြေကြီးပေါ်သို့ဗရမ်းဗတာ
ပစ်ကျသွားသည်။ ကျွန်တော်အတွေးတွေနဲ့ထိုင်နေမိတာဘယ်လောက်ကြာသွားတယ် မသိပါဘူး ကြမ်း
တမ်းလွန်းလှတဲ့ ပြုတ်ကျသံ တစ်သံကြားတော့မှ ကျွန်တော် သတိပြန်ဝင်လာခဲ့တယ်။ကျွန်တော့်ဘေးကို
တစ်လိမ့်ချင်းလိမ် လာနေတဲ့ COKE ဗူးလေးကိုကျွန်တော်ကောက်ယူလိုက်မိတယ့်အဲဒီအချိန်မှာပဲ
ကလေး ငယ်တစ်ယောက်က “အကို အကို သားကိုအဲဒီဗူးလေး ပေးပါနော့်သားသွားရောင်းမလို့ပါ”
“အော့်ညီလိုချင်လို့လားရော့ယူလေ့”ကလေးငယ်လေး လိုချင်တာရပြီးပျော်ရွှင်စွာပြေးထွက်သွားပါ
သည့်ကျွန်တော်ကသာ ထိုနေရာမှာရပ်နေရင်းက “အော့်မင်းလဲငါနဲ့ဘဝတူပါလားဗူးခွံလေး
ရယ့်”
နောက်ဆုံးတော့ ငါ့ကိုလိုလားတဲ့ ဒေး ဆိုတဲ့အမျိုးသမီးတစ်ယောက်ဆီမှာ ငါဟာမင်းလိုပဲဘဝ
ကိုခိုလှုံခွင့်ရလိုက်ပြီလေ့အရာအားလုံးပြီးပြည့်စုံခဲ့တဲ့ ဘဝတစ်ခုကိုငါအခုပိုင်ဆိုင်လိုက်ရပြီ ဒေး
ရယ့်ငါမင်းကိုအရမ်းကျေးဇူးတင်ပါတယ့်ပြုတ်ကျနေတဲ့ငါ့ဘဝကို ပြန်လည်ကောက်ယူပေးခဲ့တဲ့
မင်းရဲ့ မေတ္တာတွေအတွက်ပေါ့

ကြိုးစားပါအုံးမည့်ဖြိုးဇာနည့်ည့၉း၂၈တိတိ

6

အရူးဖြစ်ချင်တယ်

Posted by ဖြိုးဇာနည် on Friday, May 01, 2009 in


နှစ်ယောက်အတူတူလျှောက်ခဲ့ဖူးပါတယ့်အပြာရောင်ညလေးတစ်ညမဟုတ်ခဲ့ပေမဲ့ ကြယ်ရောင်တွေ
ကျိုးတို့ကျဲတဲ နဲ့ညကိုရွက်ကြမ်းရေကျို ပြင်ဆင်ပေးထားတဲ့ လတစ်ခြမ်းပဲ့ တစ်စင်းမင်းမူနေတဲ့ ညတွေအ
လယ်မှာပေါ့မသဲကွဲတဲ့အာရုဏ်တွေကို သူ့အချစ်တွေနဲ့အလင်းပေးရင်း သဘာဝတရားရဲ့အနိုင်
ကျင့်ခြင်းကိုခံထားရတဲ့ မညီမညာဒီလမ်းကလေးပေါ်မှာ တို့နှစ်ယောက်ရဲ့အချစ်တွေကိုတံဆိပ်ကပ်ခဲ့ဖူး
တယ်။

နှစ်ယောက်အတူတူသွားခဲ့ဖူးပါတယ့်ဘဝအမောတွေပြေပျောက်လောက်စေမဲ့အပန်းဖြေ စရာကမ်းခြေ
တစ်ခုမဟုတ်ခဲ့ပေမဲ့ မညီမညာကွေ့ပတ်စီးဆင်းလာတဲ့ ဒုဒ္ဓဝတီ မြစ်ကမ်းနှဖူးလေးတစ်ခုမှာလေပြည်ညှင်း
တွေမဟုတ် တဲ့ လေစိမ်းကြမ်းကြမ်းတွေကြားက ရေစီးနဲ့အတူမြောပါလာတတ်တဲ့သစ်ရွက်ကလေး
တွေကို နှစ်ယောက်သားအပြိုင် ရေတွက်ခဲ့ ကြဖူးတယ်လေ။ဘယ်သူ့အချစ်ကပိုများလဲလို့ ရူးကြောင်
ကြောင်အတွေးတွေနဲ့ပေါ့

နှစ်ယောက်အတူလျှောက်ခဲ့ဖူးပါတယ့်ချစ်သူစုံတွဲပေါင်းများစွာအတွက် အထင်ကရဖြစ်စေတဲ့ ခရေပင်
လမ်း ကလေးထဲမှာမဟုတ်ခဲ့ပေမဲ့ သစ္စာတွေနဲ့ နှစ်အဆက်ဆက် ဂုဏ်တတ်လာခဲ့တဲ့ ပိတောက်လမ်းက
လေးထဲမှာပေါ့ခရေလမ်းလိုတော့ ရနံမွှေးပြန့် မှုမျိုးမရှိခဲ့ပါဘူး ။ဒါမေမဲ့ သစ္စာတရားကိုတန်ဖိုးထား
တတ်သော ပိတောက်ပင်အို ကလေးရဲ့ အရိပ်စစ်ကလေးအောက်မှာတော့ ချစ်သူနှစ်ဦးဟာ သစ္စာမပျက်
ကြေး ဆိုပြီး သစ္စာ ပြုခဲ့ကြဖူးတယ်လေ့

နှစ်ယောက်အတူတူသွားခဲ့ဖူးပါတယ့်ချစ်သူစုံတွဲတွေအတွက်နောင်ဘဝ အထိပေါင်းဖက်ရပါစေသား
ဆိုပြီး ဆုတောင်းနေကြတဲ့ ရွှေတီဂုံ ဘုရားကြီးမှာမဟုတ်ပေမဲ့ တို့နှစ်ယောက်တန်ဖိုးထားပြီးကပ်လှူထား
တဲ့ ဒီအာရုဏ် ဆွမ်းလေးကိုဘုန်းပေးနေတဲ့ ကိုယ်တော် ကလေးရဲ့ တရားရိပ်အောက်မှာပဲ တို့နှစ်ယောက်
ရဲ့အချစ်တွေကို ဘဝအဆက်ဆက်တည်မြဲနေစေဖို့ ဆုတောင်းခဲ့ကြတယ်လေ့ပီတိတွေ အပြည့်နဲ့
မျက်ရည်တောင်ဝဲမိကြသေးတယ့်

နှစ်ယောက်အတူလျှောက်ခဲ့ဖူးပါတယ့်နေဝင်ရီတရောမှာ အသံတွေအရောင်တွေစုံလင်နေတဲ့ အဓိပ္ပတ္တိ
လမ်းမကြီးပေါ်မှာမဟုတ်ပေမဲ့ ဘဝကချပေးလာတဲ့အချိန်ဇယားပေါ်မှာ အကွက်ကျကျရုန်းကန်နေကြ
တဲ့ သာမည ရပ်ကွက် လေးတစ်ခုထဲမှာပေါ့ပန်းပေါင်းစုံဖူးပွင့်နေတဲ့ ပန်းခြံတစ်ခုလို မွှေးရနံပေါင်းစုံ
မခံစားရပေမဲ့ သားငယ်ကိုတရှိုက်မက်မက် မွှေးကြူနေတဲ့ ညစ်ထေးထေး သားအမိနှစ်ယောက်ကိုကြည့်
ပြီ်းအပြုံးအသစ်တစ်ချို့နဲ့ တို့နှစ်ယောက် ကြည်နူး မိကြသေးတယ်လေ့

နှစ်ယောက်အတူတူသွားခဲ့ဖူးပါတယ့်လူတစ်ကာအထင်အမြင်ကြီးတဲ့ သမ္မတ လိုရုပ်ရှင်ရုံမျိုးမဟုတ်ပေ
မဲ့ အလှူတစ်ခုရဲ့ ဇတ်ပွဲတစ်ခုမှာမှာနှစ်ယောက်သားဖျာခင်းပြီး အလင်းပေါက် ကြည့်ခဲ့ဖူးတယ်လေ့အ
ကြမ်းအရမ်း အနူးအညံ တွေကိုခံစားရင်း ကိုယ်တိုင်တိုင်ခိုက်နေရတဲ့ ဘဝတိုက်ပွဲကြမ်းကြီးကို တဒင်္ဂ မေ့
ပျောက်နေခဲ့ကြဖူးတယ့်ချစ်သူရယ့်အော့်အခုတော့

နှစ်ယောက်အတူလျှောက်ခဲ့ဖူးပါတယ့်နှစ်ယောက်အတူတူသွားခဲ့ဖူးပါတယ့်တွေလိုမျိုးနင်နဲ့ ပါငါ နှစ်
ယောက်အတူတူသေသွားခဲ့လိုက်မယ်ဆိုရင်
ဘယ်လောက်ကောင်းမလဲဟာ့အခုတော့ငါတစ်ယေက်
ထဲလောက ကြီးကို ငိုသံတွေနဲ့နှုတ်ဆက်ရင်း လျှောက်သွား နေခဲ့မိပြီဟာ့နင်မရှိတော့တဲ့လောကကြီး
မှာ နှစ်ယောက်အတူတူ လျှောက်သွားခဲ့ကြဖူးတဲ့နေရာလေးတွေဟာ လည်းငါ့ အတွက်ကဗျာမဆန်တော့
ဘူးလေ့နင့်ကိုသတိရတိုင်းငါဒီနေရာကလေးတွေကိုမလာရဲတော့ဘူးဟာ့လွမ်းလို့သေသွားနိုင်
တယ့်အခုတော့နင်မရှိတော့တဲ့ လောကကြီးထဲမှာငါမသေ သေးပေမဲ့ ငါဟာရူးနေပြီ့ဟုတ်တယ်
ငါရူးနေပြီ့ငါနင့်ကိုသိပ်ချစ်တယ့်ငါအရူးဘဝကိုခံယူပါရစေတော့ဟာ့

ခံစားချက်စစ်စစ်လေးများဆက်လက်မွေးဖွားနိုင်စေဖို့အတွက် ကြိုးစားပါအုံးမည့်ဖြိုးဇာနည့်ည့၁၀း၅၅တိတိ

10

ခေါင်းခါတတ်တဲ့ကောင်လေး

Posted by ဖြိုးဇာနည် on Wednesday, April 29, 2009 in
ခေါင်းကိုတွင်တွင်ခါရမ်းပြီး ငြင်းကြည့်တယ် မရပါဘူး မယူလို့မှမရတော့တဲ့အခြေအနေမှာရောက်နေပြီ
လေ့
စိတ်ထဲကတော့ယူချင်တာမှအသည်းကိုယားနေတာပဲ။မေမေ့မျက်နှာကလဲငါ့သားလေးနှစ်ခါမ
သင်ရဘူးဆိုပြီးပြုံးနေတာပဲ။ဟုတ်တယ်လေကျွန်တော်ကလဲအဲဒီတုန်းကမေမေ့စကားကိုနားထောင်ရ
မယ်ဆိုတာကလွဲပြီးဘာမှ မတွေးတတ်သေးဘူးလေ။သူများပေးတိုင်းမယူရဘူးဆိုတဲ့ စကားကိုမြေဝယ်
မကျပေါ့။မေမေကပြောမှ သားရယ့်အန်တီကသားကိုစားစေချင်လို့ပေးနေတာ ယူလိုက်လေဆိုမှ ကျွန်
တော်ပြုံးပြီး ကျွန်တော့်လက်သေးသေးလေးလက်နှစ်ဖက်နဲ့ကို ခံလိုက်ပါတယ်။လက်ထဲမှာသပျစ်သီး
တွေအပြည့်ရောက်လိုလာတယ်လေ့။

ခေါင်းကိုတွင်တွင်ခါရမ်းပြီး ငြင်းကြည့်တယ် မရပါဘူး မယူလို့မှမရတော့တဲ့အခြေအနေမှာရောက်နေပြီ
လေ့
စိတ်ထဲမှာတကယ်ကိုယူချင်စိတ်မရှိတာပါ။ကျောင်းကပေးတဲ့ပညာရည်တိုးတတ်မှု မှတ်တမ်း
စာရွက်ကလေးမှာ ကျွန်တော့်နေရာက အဆင့်နှစ်တဲ့။မေမေ့ကိုပေးထားတဲ့ဂတိကိုမတည်သလိုဖြစ်သလို
ဖြစ်သွားပြီလေ။သူများပေးတိုင်းမယူရဘူးဆိုတဲ့မေမေ့စကားကိုဒီနေမှာပါနားထောင်လို့ရရင်သိပ်ကောင်း
မှာပဲ။စိတ်ထဲမှာ ဝမ်းနည်းမှုတွေအပြည့်နဲ့ ဆရာမကမ်းပေးလာတဲ့ စာရွက်ကလေးကိုယူခဲ့ဖူးတယ့်။

ခေါင်းကိုတွင်တွင်ခါရမ်းပြီး ငြင်းကြည့်တယ် မရပါဘူး မယူလို့မှမရတော့တဲ့အခြေအနေမှာရောက်နေပြီ
လေ့
စိတ်ထဲကတော့ယူချင်တာမှအသည်းကိုယားနေတာပဲ။စက်ဘီးလေးတစ်စီးလေ့ဖေဖေ့ရဲ့တ
ပည့်တစ်ယောက်ကကျေးဇူးတင်လွန်းလို့ဆိုပြီးမုန့်တွေနဲ့အတူ ကျွန်တော့်အတွက် စက်ဘီး ကလေးတစ်
စီး လက်ဆောင်ဝယ်လာပေးခဲ့တုန်းကပေါ့။ဖေဖေတို့ကတော့မယူဘူးလို့ ငြင်းနေကြတယ်လေ့ကျွန်
တော်ကတော့ မယူဘူးငြင်းနေပေမဲ့ စက်ဘီးအဟောင်းလေးထက်အပုံကြီးလှနေတဲ့ ဒီစက်ဘီးအသစ်က
လေးကိုခိုးခိုးကြည့်နေမိတယ့်။နောက်ဆုံးတော့ကျွန်တော်ဟာရပ်ကွက်ထဲမှာစက်ဘီးအသစ်ကလေး
တစ်စီးနဲ့ပေါ့။

ခေါင်းကိုတွင်တွင်ခါရမ်းပြီး ငြင်းကြည့်တယ် မရပါဘူး မယူလို့မှမရတော့တဲ့အခြေအနေမှာရောက်နေပြီ
လေ့
စိတ်ထဲမှာတကယ်ကိုယူချင်စိတ်မရှိတာပါ။ကျွန်တော် ၁၀ တန်းအဆောင်နေရအောင်ဆိုပြီး
မန္တလေးမှာသွားတတ် ဖို့အတွက် အဆောင်ခကြိုတင်ငွေပေးချေတဲ့ ဘောက်ချာနဲ့ ကားလက်မှတ်ကလေး
တစ်စောင်ပေါ့ ။သူများပေးတိုင်းမယူရဘူးဆိုတဲ့မေမေ့စကားမှာ မေမေပေးတိုင်းလဲမယူရဘူးဆိုတာများပါ
ရင်သိပ်ကောင်းမှာပဲလို့တွေးမိပါသေးတယ်။ အရည်တွေလဲ့နေတဲ့မျက်ဝန်းတွေနဲ့ပဲကျွန်တော် မေမေကမ်း
ပေးလာတဲ့ စာရွက်ကလေးနှစ်ရွက်ကို ရိုရိုသေသေ လက်ခံ ခဲ့ရဖူးတယ့်။

ခေါင်းကိုတွင်တွင်ခါရမ်းပြီး ငြင်းကြည့်တယ် မရပါဘူး မယူလို့မှမရတော့တဲ့အခြေအနေမှာရောက်နေပြီ
လေ့
စိတ်ထဲကတော့ယူချင်တာမှအသည်းကိုယားနေတာပဲ။သယ်ရင်းကောင်မလေးတစ်ယောက်
နေ့စဉ်နေ့တိုင်း ပေးတဲ့ အသဲပုံ ချောကလက် ကလေးကို ကျွန်တော်အရေးမကြီးဘူးထင်ပြီး ၄ ရက်တိတိ
မေမေ့ကိုအသိမပေးပဲနဲ့ယူခဲ့ဖူးတယ်။အဲဒီအကြောင်းကိုမေမေသိသွားတော့ အသည်းပုံ ချောကလက်
၃ဗူး ဝယ်လာပြီးမနက်ဖြန်ကစပြီးသူပေးတာမယူ နဲ့တဲ့။ဒါတွေကိုကြိုက်သလောက်စားတဲ့။သူပေးတာကို
ဆက်ပြီးယူနေအုံးမယ်ဆိုရင် မေမေ့အဆိုးမဆိုနဲ့နော်တဲ့။အဲဒီလိုနဲ့ပဲ ကျွန်တော် သယ်ရင်းကောင်မလေး
ပေးလာတဲ့ အသဲပုံ ချောကလက်ကလေးတစ်ခုကို မေမေ မသိအောင် နောက်ဆုံးအကြိမ်အဖြစ်တိတ်
တိတ်လေး နဲ့တစ်ခါ ထပ်လက်ခံမိခဲ့သေးတယ့်။

ခေါင်းကိုတွင်တွင်ခါရမ်းပြီး ငြင်းကြည့်တယ် မရပါဘူး မယူလို့မှမရတော့တဲ့အခြေအနေမှာရောက်နေပြီ
လေ့
စိတ်ထဲမှာတကယ်ကိုယူချင်စိတ်မရှိတာပါ။ပါတီပွဲတစ်ခုမှာပေါ့ လုပ်ငန်းရှင်အချင်းချင်းတွေ့ဆုံ
ပွဲ မှာ ပါတနာတွေ ကမ်းပေးလာတဲ့ ဝိုင် တစ်ခွက်ကို ဖေဖေနဲ့မေမေ ခွင့်လွှတ်နိုင်ပါစေလို့ တောင်းပန်ရင်း
မြိုချခဲ့ရတယ်။အိမ်အပြန်လမ်းမှာတော့ လည်ထွက်နေတဲ့လောကကြီးကိုအံတုလို့ ပီကေ တစ်တောင့်ကို
တစ်ပြိုင်ထဲ ဝါးစားရင်း ယိုင်နဲ့နဲခြေထောက်တွေကို ဟန်ဆောင်ထိန်းရင်း ရစ်သစ်သစ်အတွေးတချို့နဲ့အိမ်
ပြန်ရောက်ခဲ့ဖူးတယ့်။

ခေါင်းကိုတွင်တွင်ခါရမ်းပြီး ငြင်းကြည့်တယ် မရပါဘူး မယူလို့မှမရတော့တဲ့အခြေအနေမှာရောက်နေပြီ
လေ့
စိတ်ထဲကတော့ယူချင်တာမှအသည်းကိုယားနေတာပဲ။ခေါင်းကိုတွင်တွင်ခါရမ်းပြီး ငြင်းကြည့်
တယ် မရပါဘူး မယူလို့မှမရတော့တဲ့အခြေအနေမှာရောက်နေပြီလေ့
စိတ်ထဲမှာတကယ်ကိုယူချင်
စိတ်မရှိတာပါ
့ဆိုတဲ့ အကျင့်တွေကိုသွေဖယ်ရင်း ကျွန်တော်ကိုယ့် feelနဲ့ ကိုယ်လိမ့်နေခဲ့ဖူးတယ်။အဲ
တာကတော့ သား ရေ ညစောစော အိပ်နော်ဆိုတဲ့ မေမေ တို့ရဲ့ အမှာစကားနောက်မှာအခန်းတံခါးကို
Lock ချပြီး သန်းခေါင်ကျော်အထိ ကွန်ပျုတာရှေ့မှာအချိန်ကုန်နေတတ်ခဲ့တယ်။စိတ်ထဲမှာတော့ မေမေ
တို့ကိုတောင်းပန်နေမိပါတယ်။ဖေဖေ နဲ့ မေမေ တို့ရဲံ့စကားကို သား နားမထောင်တာမဟုတ်ပါဘူ့းသား
ချစ်တဲ့ သယ်ရင်းတွေအတွက် သား ဝါသနာပါတဲ့ ဒီ Blog ရေးချင်တဲ့ အကျင့်ကလေးကိုမစွှန့်လွှတ်နိုင်
သေးတာကြောင့် သား ကိုခွင့်လွှတ်ပေး ကြပါလို့ တိတ်တိတ်ကလေးတောင်းပန်ရင်းနဲ့ အခုလက်ရှိရေး
နေတဲ့ ဒီ Post လေးကို တိုးတိုးလျှလျှ လေးတောင်းပန်သံတွေကြားကနေတင်ဖြစ် အောင်တင်လိုက်မိ
ပါသေးတယ့်။


လေးစားစွာဖြင့့်ဖြိုးဇာနည့်ည့၁၂း၅၉တိတိ

5

အနာဂဏ်ကိုကြိုဆိုခြင်း

Posted by ဖြိုးဇာနည် on Tuesday, April 28, 2009 in

၁၉၈၈ခုနှစ်ရဲ့တစ်ခုသောမနက်ခင်းမှာကောင်လေးတစ်ယောက်လောကကြီးကိုငိုသံတွေနဲ့နှုတ်ဆက်ပြီး
ဝင်ရောက်လာခဲ့တယ်။သူ့ရဲ့ငိုသံတွေကိုအသာယာဆုံးသီချင်းတစ်ပုဒ်လိုနားဆင်နေသောလူသားနှစ်ဦး
လည်းသူ့ဘေးမှာရှိနေခဲ့တယ်လေ။

၁၉၉၀ခုနှစ်ရဲ့မနက်ဖြန်တွေတိုင်းမှာသူဟာ ဖေဖေ၊မေမေဆိုပြီးတီတီတာတာခေါ်ရင်းကမ္ဘာမြေကြီးပေါ်
မှာယိမ်းထိုးယိမ်းထိုးလမ်းလျှောက်ရနိုင်စေဖို့အတွက်မိဘဆိုတဲ့ဝေါဟာရကိုကောင်းကောင်းနားမလည်
သေးပေမဲ့ဖေဖေ၊မေမေတို့ရဲ့ဆုပ်ကိုင်ပြီးထူမပေးထားမဲ့လက်တစ်စုံကိုအလိုလားဆုံးဖြစ်မိခဲ့တယ်။

၁၉၉၂ခုနှစ်မှာတော့ ဖေဖေ မေမေ တို့ရဲ့စိတ်မကောင်းမှုတွေကျွန်တော့်ရဲ့ဝမ်းနည်းငိုကြွေးမှုတွေကိုအရင်း
တည်လို့မူကြိုဆိုတဲ့ကျောင်းကလေးဆီကိုကျွန်တော်ရောက်ခဲ့ရတယ်။သယ်ရင်းတွေဆိုတာကိုကျွန်တော်
တွေ့မြင်ခဲ့ရတယ်လေ။

၁၉၉၄ခုနှစ်မှာတော့ ကျွန်တော်ဟာ ကကြီး ခခွေး တွေပေကျံ နေတဲ့ကလေးလေးတစ်ယောက်ပေါ့။အင်္ဂျာီ
အဖြူကိုအနီဖြစ်အောင်လုပ်တတ်တဲ့ပညာမှာတော့တဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ ငပေ ကလေးတစ်
ယောက်အနေနဲ့ပေါ့။

၁၉၉၆မှာတော့မြန်မာ့ခရီးသွားနှစ်ကိုကြိုဆိုပါ၏ ဆိုတဲ့စာကြောင်းလေးကိုနေရာတိုင်းမှာတွေ့ရပြီးအဲဒီ
စာလေးတွေကို တေဇ၊ရွှေသွေး တွေနဲ့အတူအပြိုင်ဖတ်နိုင်ခဲ့တဲ့ကောင်လေးတစ်ယောက်ပေါ့။

၁၉၉၈မှာစာအရမ်းတော်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ခဲ့သလိုအရမ်းကမြင်းတဲ့ ကလေးတစ်ယောက်
အဖြစ်နဲ့လည်းနာမည်ရခဲ့တယ်လေ။မျက်ခုံးမွှေးနှစ်ခုကြားမှာအမာရွတ်ကလေးတစ်ခုကိုပိုင်ဆိုင်နိုင်ခဲ့တယ်။
ကျောင်းကစားပွဲခုံနဲ့အမှတ်တရပေါ့။

၂၀၀၀မှာတော့အုန်းဆီတွေရွှဲနေအောင်လိမ်းလို့သနပ်ခါးအဖွေးသားနဲ့လက်သည်းခြေသည်းမှန်မှန်ညှပ်
တတ်တဲ့ကောင်ငယ်လေးတစ်ယောက်ဖြစ်လာခဲ့တယ်။

၂၀၀၂ခုနှစ်မှာတော့အင်္ဂျာီအဖြူကိုဖုန်တစ်စက်တောင်အပေမခံတတ်တဲ့ဂျစ်ကန်ကန်ကောင်လေးတစ်
ယောက်ကျောင်းထဲမှာဂေါ်လီလိုလိမ့်နေခဲ့တယ်လေ။လ္ဘက်ရည်ဆိုတဲ့အရာသာထက်လ္ဘက်ရည်ဆိုင်က
ထိုင်ခုံတွေကိုပိုခင်တွယ်တတ်ခဲ့တဲ့အချိန်တွေပေါ့ ။

၂၀၀၄ခုနှစ်မှာတော့တစ်နှစ်ဆိုတဲ့တန်ဖိုးကိုမသိတစ်သိနဲ့တွေဝေနေတတ်တုန်းမှာပဲမန္တလေးအဆောင်ကို
မျက်စိသူငယ်နားသူငယ်နဲ့ရောက်ခဲ့ရတယ်။ကိုယ့်ကိုကိုယ်အထက်တန်းကျောင်းသားဆိုပြီးဘဝင်မြင့်နေ
တတ်တဲ့ကောင်လေးတစ်ယောက်အနေနဲ့ပေါ့။

၂၀၀၆ခုနှစ်ရောက်မှပဲ၁၀တန်းရဲ့အောင်မြင်မှုကိုချိုချိုမြိန်မြိန်ခံစားခဲ့ရတယ်။မိဘတွေမျက်နှာပွင့်ခဲ့တဲ့အ
ချိန်တွေပေါ့ ။ဂုဏ်ထူးပါတယ်ဆိုတဲ့အရသာဟာသူများတွေထက်သာပါလားဆိုတာကိုတွေးတောမိခဲ့ပါ
တယ်။အဲဒီနောက်တော့တက္ကသိုလ်နယ်မြေထဲမှာနားကြပ်ကြီးတကားကားနဲ့ပတ်လိမ့်နေခဲ့တဲ့အချိန်တွေ
ပေါ့

၂၀၀၈မှာတော့အတွေးအခေါ်တွေရင့်ကျက်ပြီးလူတွေကြားထဲမှာရုန်းကန်နေတတ်ခဲ့ပြီလေ ။ကျောင်းပြီး
ဖို့ ၂နှစ်ကျန်နေသေးပေမဲ့လုပ်ငန်းခွင်ထဲမှာကို့ရို့ကားယားနဲ့သူလိုကိုယ်လိုပြေးလွှားခဲ့တဲ့အချိန်တွေပဲပေါ့။
ကိုယ့်စေတနာကိုယ့်ဆီပြန်လာဆိုသလိုပဲ အများပို့သတဲ့မေတ္တာတွေကြောင့်ကျွန်တော်ဟာလောကကြီး
ထဲမှာအပြုံးတွေနဲ့ရပ်တည်ခွင့်ရခဲ့တယ်လေ့

၂၀၀၉ခုနှစ်မှာတော့မိဘကိုကူညီရင်းနဲ့လိမ္မာတဲ့သားတစ်ယောက်ဖြစ်အောင်ကြိုးစားနေခဲ့ပါတယ်။အချိန်
တွေကိုအကျိုးရှိစွာအသုံးချရင်းပညာကိုလဲဆုံးခန်းတိုင်စေပြင်ပလောကမှာလည်းနောက်ကျမှုမရှိစေရဆို
တဲ့စီမံကိန်းနဲ့မိဘတွေနဲ့အတူနေ့ရက်တွေကိုကုန်လွန်နေတဲ့အချိန်လေးတွေပေါ့ ။ စာကျက်မယ် Blog ရေး
မယ် DJ လုပ်မယ် အဲလောက်ပါပဲ ။ကျန်တဲ့ကဏ္ဍတွေမှာတော့ကျွန်တော်စိတ်ဝင်စားမှုမရှိသေးပါဘူး။
နဲနဲပါးပါးတော့အပျော်အပါး ရှိတာပေါ့လေ။အချစ်နဲ့ပက်သက်လို့ကတော့ ကျွန်တော့်အချစ်ဆုံးသူကို
လက်ညှိုးထိုးပြပါ့မယ် ဖေဖေ နဲ့ မေမေ ကလွဲလို့ကျန်တာ မရှိသေးတဲ့အချိန်ပေါ့။လက်ရှိအခြေအနေကို
ပြောပြတာပါ။ နောက်တော့ နောက်ပေါ့နော် ဟားဟား အာမ မခံဘူး ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အခုလတ်တလောမှာတော့ ဒီပုံစံအတိုင်းလေးနဲ့ပဲမနက်ဖြန်အနည်းငယ်ကိုကျွန်တော်ကြိုဆိုနေဆဲပါပဲ။
ဘယ်အချိန်မှာဘာတွေပြောင်းလဲပစ်မယ်ဆိုပြီးတော့လဲ ကျွန်တော်ကြိုတင်မတွေးထားသေးပါဘူး။အခု
တွေးထားတာကတော့မနက်ဖြန်အနည်းငယ်လောက်ပဲတွေးထားတာမို့ ကျွန်တော်ဒီလောက်ပဲ ချရေး
လိုက်ရပါတယ်။အော့်ကျွန်တော်အနာဂဏ်ပျောက်နေတာတော့မဟုတ်ဖူးနော့်ကျွန်တော့်အနာ
ဂဏ်ကို ကျွန်တော်လက်ပိုက်ပြီးတော့ စောင့်ကြိုနေတာပါ။့



လူတွေထဲကလူတစ်ယောက်ပေမဲ့သူများတွေလိုမဟုတ်တဲ့ဖြိုးဇာနည့်ည့၁၁း၂၉တိတိ

3

ခဏတော့နားထောင်ပါ

Posted by ဖြိုးဇာနည် on Monday, April 27, 2009 in
ဘာရယ်တော့မဟုတ်ပါဘူ့းအပျင်းတော့ပြေလောက်မယ်ထင်ပါတယ်။အဲတာကြောင့်ကျွန်တော့်ရဲ့mailဆီကိုဒီနေ့ပဲ
ဝင်လာတဲ့mailလေးတစ်စောင်ကိုသယ်ရင်းတွေကိုပြန်လည်ခံစားရနိုင်စေဖို့အတွက်မျှဝေပေးလိုက်ရပါတယ်။ကျွန်
တော့်အတွက်အရေးပါတဲ့သူလေးတစ်ယောက်ကပို့ပေးလာတယ်လို့ကျွန်တော်ဒီလောက်ပဲလောလောဆယ်ပြော
ထားပါရစေ့အဲဒီသူလေးဟာဘာလို့ကျွန်တော့်အတွက်အရေးပါသလဲဆိုတဲံ့ အကြောင်းကိုတော့ကျွန်တော်နောက်
postတွေမှပဲပြောပြပါတော့မယ့်ဟားဟာ့းတစ်မျိုးတော့မတွေးနဲ့နော့်နောက်တော့ပြောပြမှာပေါ့ဟုတ်
တယ်ဟုတ့်


အနိုင် အချစ်ရေ အချစ်ရေ နောက်မခေါ်တော့ဘူး.......
ပိုးအိစံ မောင်ခေါ်ရာ လိုက်ခဲ့တော့မယ် ရွှေမြို့ မောင်ကြီးရေ .......

စိုးစန္ဒာထွန်း မောင့်အချစ်မြားစူး ရူးရပြီပေါ့လေ....
လေးဖြူ ရူးချင်ယောင်ဆောင်မနေနဲ့ ဟေ့ ရူးချင်ယောင်ဆောင်မနေနဲ့....

Lဆိုင်းဇီ လာချင်ရင် အနီးလေး....ကြိုမယ်ရှင့်.....
မျိုးကြီး မလာပါနဲ့ အချစ်ရယ်မလာခဲ့နဲ့

နန်းစုရတီစိုး ကျမနောက်ကို မလိုက်ခဲ့ပါနဲ့ မေမေဆူလိမ့်မယ်...
မိုးမင်း မင်းသဘော မင်းသဘော မင်းသဘောပဲ.....

Rဇာနည် ရေမြေခြားသွားရတော့ မင်းလေးကိုထားခဲ့ ရပြီပေါ့............
NO နောက်တစ်ယောက်နဲ့ ချစ်မှာပဲ.......
Cobra.. ငါလေမင်းနဲ့ဝေး အချိန်တိုလေးအတွင်းမှာ မင်းက နောက်တစ်ယောက်ထပ်ရသွားပြီ

အငဲ ဟောင်းသွားပြီလား ....ဟောင်းသွားပြီလား......
စိုးစန္ဒာထွန်း မနှောင်းသေးပါဘူး...မဟောင်းသေးပါဘူး အချစ်ရေ.....

Lဆိုင်းဇီ ဖုန်းဆက်လည်း မပြောချင်ဘူးလား.....
ဝိုင်ဝိုင်း တော်ပြီကွာ ဒီဖုန်းစုပ်ကြီးကို လွှင့်ပစ်လိုက်စမ်းပါ.....

ထွန်းအိန္ဒြာဗို ငါလေ မြင်နိုင်ရင် နင့်ကိုပြချင်တယ်......
ဗဒင် မြင်တယ် အိပ်မက်ထဲလည်းမြင်တယ်၊ စိတ်ကူးထဲလည်း မြင်တယ်...

ဗဒင် လမ်းကြားမှာ အလစ်သုတ်ပြီး ခိုးနမ်းတုန်းကပေါ့.....
တင့်တင့်ထွန်း နမ်းပါ နမ်းပါ နမ်းပါ..... ....

ဖြိုးကြီး ဝေးဝေးသွားလို့ မရအောင် အချစ်ရယ် ဖက်ထားချင်တယ်......
တင့်တင့်ထွန်း ကြိုက်တယ်....မင်းလုပ်သမျှ ကြိုက်တယ်.....

ထူးအိမ်သင် မေ့လိုက်တော့ အချစ်လေးရေ............
ဖြူဖြူကျော်သိန်း ငါတော့မေ့လို့မရနိုင်ဘူး အချစ်ဆုံးရေ..........

လွှမ်းမိုး စိတ်ညစ်လို့ အရက်ကိုသောက်တယ်........
မေဆွိ စိတ်ညစ်ရင် ဂစ်တာတီးပါလား ကိုကိုရယ်.........

စည်သူလွင် အချစ်ရေ ......ကိုယ့်ကြောင့်........
ခင်ဖုန်း မင်းကြောင့် မင်းကြောင့် ပါနော်.......
(ခင်ဖုန်းရေ သူ့ကြောင့်ပါတဲ့ ဝန်ခံနေတာခွင့်လွှတ်လိုက်ပါ )

သီရိဆွေ နင်နဲ့ငါနဲ့ ...ငါနဲ့နင်နဲ့....အိုး...အိုး......
ရွှေပြည်တန်သိန်းဇော် အိစက်ညက်ညောတဲ့ ဖဲမွေ့ယာပေါ်ဝယ်.........

စန္ဒရားလှထွတ် အိပ်မပျော်သော ညတစ်ည သံသရာဝယ်....
မေဆွိ ကြင်နာစွာ အိပ်ဆေးလေးများ ပေးပါ.........
(ဘာလို့ အိပ်မပျော်ကြတာလဲ ဘောပွဲတွေ ကြည့်ကြတယ် ထင်ပါရဲ့)

သုမောင် စစ်ကိုင်းတောင်ကို အရောက်သွားလို့ ...တရားရှာမလေ .......
မေဆွိ ကိုကိုရေ ..ကွယ်ရာမှာ အခြေမများနဲ့နော်......ကိုကိုနော် နော်နော့်.....
(အော် ........တရားလည်း ဖြောင့်ဖြောင့် မရှာရပါလား)

ဖိုးသောကြာ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကကွယ် ပြောချင်တာတွေလည်း ပြောကြပါစေကွယ်...
သျှားအိဘိုဘိုဟန် အဖေအမေတွေက ပြောတာလား...အကိုမောင်တွေက ပြောတာလား.........

ဇော်ဝင်းထွဋ် ခေါင်းတွေကိုက်လို့ ကိုယ်တွေပူတယ် ဆေးခန်းသွားလည်း မသက်သာဘူးဟေ့.......
မေခလာ ဇွတ်ချစ်မယ်ဟေ့...... ဇွတ်ချစ်တတ်တာ ငါပဲ........
(မမမေခလာရယ် ဟိုက နေမကောင်းပါဘူးဆိုနေမှ ဇွတ်)

ပန်းအိဖြူ စာဥတို့ သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ......
စိုင်းစိုင်း အိုးလေးလှုပ်ပါဟေ့ ...အိုးလေး လှုပ်ပါဟေ့....

ကဗျာဘွဲ့မှူး ကိုကိုယောင်္ကျားမဟုတ်ဘူး......................................
တွံတေးသိန်းတန် မိန်းမတွေ မာယာလောက်တော့ ပျင်းသေးတယ် ပျင်းသေးတယ်.......

ဟာဟ့သူလေးကိုယ်တိုင်ရေးထားတာလေ့တော်တော်မိုက်တယ်ဟ့ဟဲဟဲမြှောက်ပြောတာတော့ဟုတ်ပါဘူ့း
ဂယ်ကိုတော်တာပါ့ဟီးးးးးးးးးးးးးးး


ပျော်ရွှင်မှုအပေါင်းခညောင်းကြပါစေ့ဖြိုးဇာနည်

1

ငါလဲ ပန်းတစ်ပွင့်ပါကွာ့

Posted by ဖြိုးဇာနည် on Friday, April 24, 2009 in



သက္ကရာဇ် တစ်ချို့က တစ်ပွင့်ပြီးတစ်ပွင့်ကြွေချ.... ငါ့မလှမ်းမကမ်းမှာ ရှိနေတဲ့ ရက်စွဲလေးတစ်ခုက လှလှပပလေး ဘောင်
ခတ်ထားလေရဲ့... အမြင်တွေေ၀၀ါးနေဆဲ.... အသိတွေ မှောင်မိုက်နေဆဲ... အမှန်တရားအချို့အတွက် ငါ့နှုတ်ခမ်းတွေ ဆွံ့
အနေဆဲ....


ငါက ကားကားစွင့်စွင့် ပွင့်တတ်တဲ့ ပန်းကလေးလည်းမဟုတ်ခဲ့.... နေရောင်အကူနဲ့ ခေါင်းထောင်တတ်တဲ့ အငှားလင်းတတ်
တဲ့သူလည်း မဟုတ်ခဲ့ပါဘူးကွယ်.... ရိုးတံတွေ ရှည်ကောင်းရှည်ပါလိမ့်မယ်... ကျိုးမကျဖို့တော့ ငါ့နည်းနဲ့ငါ တောင့်ခံတတ်
ပါတယ်.... အလှတစ်ခုနဲ့ လူတွေကိုလည်း မဖျားယောင်းခဲ့ပါဘူး... ဘုရားစင်ပေါ်တင်ထားရလောက်အောင်တော့ ငါကမကြီး
မြတ်ဘူးပေါ့... ဒါပေမယ့် ငါလည်းပန်းကလေးတစ်ပွင့်ပါပဲ...

နေကြာဆိုတာ အပူကိုကြိုက်တတ်တဲ့ ပန်းကလေးပါတဲ့...

ခေါင်းတထောင်ထောင်နဲ့ လေတိုက်တိုင်းယိမ်းတတ်တဲ့ သူလိုငါလို ပန်းပါပဲ... ဘာမှတော့ပိုပြီး မထူးခြားဘူးပေါ့ကွယ်... အစွမ်း
ကုန်ပွင့်ဖို့ ပျိုးထောင်ပေးရင် အစွမ်းကုန်ပွင့်ပါတယ်... ဘာကြောင့်ပျိုးသလဲ... ဘာကြောင့်ပွင့်ခိုင်းသလဲတော့ ပြန်မမေးတတ်တဲ့
ပန်းကလေးပါ... သူသိတာက သူစွမ်းအားရှိသလောက် သူပွင့်ပေးမယ် အဆီတွေ အနှစ်တွေ ထုတ်ပေးမယ်... စားသုံးကြပါကွယ်....
လူသားတွေစိတ်ကျေနပ်မှု တစ်ခုအတွက်.. သူ့အသွေးအသားအသက်တွေ ပေးရလောက်အောင် ကြီးမြတ်ပေးတဲ့ပန်းကလေးပါပဲ...

နေကြာဆိုတာ အပူကိုကြိုက်တတ်တဲ့ ပန်းကလေးပါတဲ့...

အပိုင်းပိုင်းချိုးကြ ၊ ခပ်ကြမ်းကြမ်းတိုက်ကြ၊ အဆီအနှစ်တွေထုတ်ကြ၊ ငါဝတ်မှုန်တွေ စားသုံးကြ၊ ကျေနပ်နိုင်ကြပြီလား..
ပျော်ရွှင်နိုင်ကြပြီလား... လိုအင်ဆန္ဒတွေပြည့်ဝနိုင်ကြပြီလား... အောင်မြင်နိုင်ကြပြီလား... အပိုင်းပိုင်းလဲလျောင်းနေရတဲ့
ခေါင်းငိုက်စိုက်နဲ့... သူလိုကိုယ်လိုပန်းပွင့်ကလေးတွေ ငြိမ်းချမ်းသွားကြပြီလား... စားသုံးမှုတစ်ခုအတွက် ပူပေးခဲ့ရတဲ့အဖြစ်
တွေက ကင်းလွတ်ခွင့်ရကြပြီလား...

ခေါင်းထောင်နေတိုင်းလည်း ပျော်ရွှင်နေတယ်... ၀င့်ကြွားနေတယ်... အောင်မြင်နေတယ်လို့ မသတ်မှတ်ကြပါနဲ့ကွယ်...
နေကြာဆိုတာ အပူကြိုက်တာမှန်ပါတယ်... ဒါပေမယ့် မျက်ရည်တွေ နာကျင်မှုတွေ ခံစားမှုတွေ အားလုံးကိုပိုက်ထွေးပြီး
အပူကြားမှာ ဟန်လုပ် ခေါင်းထောင်နေတဲ့ ခပ်မိုက်မိုက် ပန်းကလေးတွေပါ....

သူလည်း တခြားပန်းကလေးတွေလို မြတ်မြတ်နိုးနိုး ပန်ဆင်ခွင့် လိုချင်သူပါ....

သူလည်း တခြားပန်းကလေးတွေလို အိမ်ဦးခန်းက ဘုရားစင်လေးတွေမှာ နေချင်သူပါ....

သူလည်း တခြားပန်းကလေးတွေလို ပန်းစည်းလှလှလေးတွေကြားမှာ စံမြန်းချင်သူလေးပဲပေါ့...

အားလုံးကတော့ တညီတညွှတ်တည်း သတ်မှတ်ကြတယ်.... နေကြာဆိုတာ အပူကိုမှ ကြိုက်တဲ့ပန်းကလေးပါတဲ့......

သက္ကရာဇ် တစ်ချို့က တစ်ပွင့်ပြီးတစ်ပွင့်ကြွေချ.... ငါ့မလှမ်းမကမ်းမှာ ရှိနေတဲ့ ရက်စွဲလေးတစ်ခုက လှလှပပလေး ဘောင်ခတ်
ထားလေရဲ့... အမြင်တွေေ၀၀ါးနေဆဲ.... အသိတွေ မှောင်မိုက်နေဆဲ... အမှန်တရားအချို့အတွက် ငါ့နှုတ်ခမ်းတွေ ဆွံ့အနေဆဲ....

ငါမင်းကိုချစ်မိတာဟာ့သူများတွေလို မင်းနှဖူးလေးကို နမ်းချင်လို့

ငါမင်းကိုချစ်မိတာဟာ့သူများတွေလို မင်းလက်ကလေးကိုဆုပ်ကိုင်ချင်လို့

ငါမင်းကိုချစ်မိတာဟာ့သူများတွေလို မင်းရဲ့ကြင်နာမှုတွေကိုလိုချင်လို့

ငါမင်းကိုချစ်မိတာဟာ့သူများတွေလို မင်းကိုမြတ်နိုးချင်လွန်းလို့ပါကွာ့

အခုတော့မင်းရဲ့ အသုံးချမှုတွေကိုသိသိကြီးနဲ့ အပြုံးတွေကိုပန်ဆင်ပြီး ပေးဆပ်သူသက်သက်အဖြစ်နဲ့မင်း အတွက်ရှင်သန်နေ
ခဲ့တယ်ဆိုတာဟာလဲ ငါဟာ့မင်းကိုချစ်လို့ပါပဲမဟုတ်ဖူးလားဟာ့ဒါပေမဲ့ သက်သေပြပုံချင်းတော့လွဲမှားနေခဲ့တယ်ကွာ့
တကယ်တော့ ငါလဲ နေကြာပန်းပေမဲ့မင်းအပေါ်မှာတော့ ပန်းလေးတစ်ပွင့်ဖြစ်ခွင့်ရခဲ့သူပါကွာ့


ဖြိုးဇာနည့်ည့၁၂း၈တိတိ

0

ဒါဟာ Restaurant များလား?????

Posted by ဖြိုးဇာနည် on Wednesday, April 22, 2009 in
အနောက်ကိုလှမ်းကြည့်လိုက်တော့ မှောင်မဲနေတာပဲ

အရှေ့ကိုကြည့်လိုက်ပြန်တော့လဲ ဘာမှမတွေ့ရဘူး

ငါကြားနေရသားနဲ့ သူတို့တွေကဘယ်မှာလဲ??????????????????????

အနံတွေရနေရက်နဲ့ ဘာတွေလဲ??????????????????????????

ငါ့မှာအသိတော့ရှိပါသေးတယ်

အဲဒီအသိတရားနဲ့ဝေးတော့မဲ့အခြေအနေမှာငါရောက်နေပြီ

မကြာခင်မှာငါလောကကြီးနဲ့contectရတော့မှာမဟုတ်ဖူး

အဲဒီအနောက်မှာဘာတွေလဲ???????????????????????

အရှေ့မှာရော ဘာရှိတာလဲ????????????????????????

ငါကြားနေတာဘာသံတွေလဲ??????????????????????

ငါရနေတာ ဘာနံတွေလဲ?????????????????????????

ပြောကြပါငါ့ကိုပြောကြပါ!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

ငါ့မျက်လုံးတွေကို ဖွင့်ပေးကြပါ

ငါငါ အလင်းမဲ့ဘဝကိုမရောက်သေးဘူး

ငါဟာအချစ်မဲ့ဘဝကိုပဲရောက်နေခဲ့သေးတာပါ

အဲဒီတော့ငါမေးနေတာတွေဖြေပေးကြပါ

ငါ့ကိုအဖြေပေးကြပါ့

ကလောင့်ကလောင့်ခလွမ်းးးးးးး

ငါကြားလိုက်တယ့်

သေချာတယ်ဒါဟာ ငါ့အရက်ပုလင်းကျကွဲသွားပြီ

ငါနောက်တစ်လုံးထယူနိုင်ဖို့အတွက်မျက်စိဖွင့်ရမယ့်

ငါထရမယ် ငါထရမယ် ငါထရမယ် ငါထရမယ် ငါထရမယ့်

FAIL CONTECT YOUR LIFE 0 o o o့Game over

0

Gtalk မှမိုဘိုင်းသို့ SMS Message ပို့နိုင်တော့မည်

Posted by ဖြိုးဇာနည် on Monday, April 20, 2009 in
Gtalk မှ မိုဘိုင်းဖုန်းများသို့သော်လည်းကောင်း မိုဘိုင်းဖုန်းများမှ Gtalk သို့သော်လည်းကောင်း၊ Text Message များ
အပြန်အလှန်ပေးပို့နိုင်သောဝန်ဆောင်မှုကို အသုံးပြုနိုင်တော့မယ်လို့သိရှိရပါတယ်။ မိုဘိုင်းဖုန်းကိုင်ဆောင်သူတွေအတွက်
မိမိတို့လက်အတွင်းက မိုဘိုင်းဖုန်းမှတစ်ဆင့် sms ကိုအသုံးပြုပြီး Gtalk သို့ Message ပေးပို့ခြင်း/ပြန်လည်၍ရယူနိုင်ခြင်း
တို့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ဝန်ဆောင်မှုအသုံးပြုလိုသူများအတွက် ကိုယ်ပိုင် account များဖွင့်ထားပြီးမှသာ အသုံးပြုနိုင်
မှာဖြစ်ပါတယ်။ မကြာမီအချိန်အတွင်းမှာ ပြည်သူများအသုံးပြုနိုင်ဖို့အတွက် account များဖွင့်ပေးသွားမှာဖြစ်ပြီး ယခုအချိန်
စမ်းသပ်ကာလမှာသာရှိသေးကြောင်း သိရှိရပါတယ်။ အသုံးပြုသူတွေအနေနဲ့ကတော့ Gtalk ဘက်မှသော်လည်းကောင်း
မိုဘိုင်းဖုန်းကိုင်ဆောင်သူဘက်မှသော်လည်းကောင်း တစ်ဘက်ဘက်မှ account ဖွင့်ရန်လိုအပ်ပြီး အသင်းဝင်ဈေးနှုန်းများ
ကို eTrade Myanmar မှယခင် web to sms တို့ကဲ့သို့ပင် ကျပ်တစ်သောင်းနှင့် တစ်သောင်းခွဲဟူ၍ eTm Member Code
များဝယ်ပြီး အသင်းဝင်နိုင်မှာဖြစ်ပြီး ပို့သည့် message များပေါ်တွင်မူတည်၍ ကုန်ကျစရိတ်ငွေကို တွက်ချက်ဖြတ်တောက်သွား
မှာဖြစ်ပါတယ်။ message တစ်ခုပို့ရင် 50 ကျပ်သတ်မှတ်ထားကြောင်းသိရပါတယ်။

“Gtalk“ ကနေမိုဘိုင်းဖုန်း၊ မိုဘိုင်းဖုန်းကနေ Gtalk ကိုပို့မယ်ဆိုရင် ရိုးရှင်းပါတယ်။ Gtalk သုံးသူတွေက gtalk@etmsms.com
ကို မိမိရဲ့ Gtalk account ထဲမှာ ထည့်သွင်းထားပြီး အဲ့ဒီအကောင့်ထဲကို sms+space+ ဖုန်းနံပါတ် +space+ မိမိရိုက်လိုသောအ
ကြောင်းအရာ (ဥပမာ-sms 51xxxxx Hello World!)- တွေကိုရိုက်သွင်းပြီးပို့လိုက်ရင် တစ်ဘက်က မိမိပို့လိုသော ဖုန်းနံပါတ်ကို
sms လိုင်းမှရောက်သွားမှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းမှ Gtalk သို့ဆိုလျှင်လည်း မိမိဖုန်းရဲ့ message box အတွင်းမှာ စာရိုက်တဲ့
အခါ +G ပြီးရင် မိမိပို့လိုတဲ့ gmail လိပ်စာကိုရိုက်ထည့်ပြီး space ခြား (ဥပမာ+gyourid Hello World!)+ ပို့လိုသောအကြောင်း
အရာတွေကိုရိုက်ထည့်ပြီး eTm ရဲ့ သက်ဆိုင်ရာဖုန်းသို့ပို့လိုက်ပါက မကြာခင်တစ်ဘက် Gtalk သို့ရောက်သွားမှာဖြစ်ပါတယ်”

“ကိုယ့်ရဲ့ဖုန်းထဲကို နိုင်ငံရပ်ခြားမှ Gtalk ကနေ တဆင့်ပြောချင်တယ်ဆိုရင်လည်း အဆင်ပြေစေနိုင်မှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်း
ကနေ message အထွက်ကို ပိုက်ဆံကျခံစရာမလိုဘဲ Gtalk မှဖုန်းသို့အ၀င်ကိုပဲ ကုန်ကျစရိတ်ကို ဖြတ်တောက်သွားမှာ ဖြစ်ပါ
တယ်။ မိုဘိုင်းဖုန်းဘက်က member ဖြစ်ပြီး gtalk ဘက်က member မဟုတ်သူများအတွက် eTm ရဲ့သက်ဆိုင်ရာဖုန်းကို
+add gmail account ဆိုပြီး မိမိရဲ့ဖုန်းကနေပြီး sms message လှမ်းပို့ရမှာဖြစ်ပါတယ်။ ဒါမှသာ မသိသောအခြားဖုန်းများက
message များပို့သွားပါက မိမိရဲ့ငွေကြေး balance တွေ အလဟသတ်မဖြစ်နိုင်မှာဖြစ်ပါတယ်။ အကယ်၍ gtalk ဘက်ကကော
မိုဘိုင်းဖုန်းဘက်ကပါ member ဆိုရင်တော့ လုပ်စရာမလိုပါဘူး

မိုဘိုင်းဖုန်းမှ sms ၊မိုဘိုင်းဖုန်းမှ email အဲဒီလိုဝန်ဆောင်မှုတွေပဲရှိခဲ့တာကနေအခုဆိုရင် မိုဘိုင်းဖုန်းက Gtalk ကိုပို့နိုင်တဲ့စနစ်
တစ်ခုကို eTrade Myanmar ကထုတ်လုပ်ပေးတော့မယ်လို့ကျွန်တော်သိလိုက်တာနဲ့တော်တော်လေးဝမ်းသာသွားပါတယ်။
ကျွန်တော်တို့လို နိုင်ငံခြားမိုဘိုင်းဖုန်းကိုင်ဆောင်နေသူတွေအတွက်ကတော့ gtalk တင်မကပဲ အင်တာနက်ပါ လိုသလိုအသုံးပြု
နိုင်တဲ့အတွက်ဘာမှသိပ်ပြီးမထူးဆန်းပေမဲ့ မြန်မာနိုင်ငံမှာရှိနေတဲ့သယ်ရင်းတွေအတွက်ဝမ်းသာစေရမှာတော့အမှန်ပါပဲခင်ဗျာ့
ဘာလို့လဲဆိုတော့ လုပ်ငန်းခွင်မှာ ပဲဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာမှာပဲဖြစ်ဖြစ်အဆင်ပြေ စေနိုင်မှာဖြစ်လို့ပါ။တဆက်ထဲပဲကျွန်တော်
ပြောလိုက်ပါရစေ သယ်ရင်းတို့ ဖုန်းနဲ့အင်တာနက်အသုံးပြုနေကြပြီး Gtalkတတ်လိုသူများအတွက်(သိပြီးသူများနားလည်ပေးကြပါ)
အသုံးပြုနည်း softwareသွင်းနည်းမသိသေးတဲ့သယ်ရင်းများအတွက် softwareနဲ့အသုံးပြုတဲ့နည်းလမ်းကလေးလိုချင်ပါက ကျွန်တော့်Cboxမှာအော်သွားရင်ပဲဖြစ်ဖြစ် phyozarni13@gmail.comကိုADDပြီးတော့ပဲဖြစ်ဖြစ်မေးမြန်းနိုင်ကြပါတယ်ခင်ဗျာ့

ပျော်ရွှင်နိုင်ကြပါစေ့ဖြိုးဇာနည့်ည့၁၂း၅၂တိတိ

2

အသွားဖြောင့်ပါရစေ ဒေး ရယ့်

Posted by ဖြိုးဇာနည် on Sunday, April 19, 2009 in ,
“နေညိုချိန်တိမ်တောက်တဲ့အခါရွာလမ်းနံဘေးမှာ”ဆိုတဲ့ သီချင်းစာသားထဲကလိုငါတို့ရွာရဲ့ ရွာလယ်လမ်း ကို ကတ္တရာခင်း
ပြီးတဲ့နောက် ရေစုပ်စက်နဲ့ရေတင်“စာဥ”တို့သူငယ်ချင်းမတွေ ရေခပ်မဆင်းပဲ chatting၀င် နေကြတဲ့ဂလိုဘယ်လိုက်ဇေးရှင်း
(globalization) ခေတ်ကြီးကိုရောက်လာပြီးတဲ့အချိန်မှာပေါ့ ၊ တိုးတက်လာတဲ့ ကမ္ဘာ့ ဘတ်စ်ကား(ဟာ…ဟုတ်ပါဘူး)ကမ္ဘာ့ ရွာ
ကြီးထဲမှာ ငါတို့ဆယ်အိမ်စုကနေ စီးပွားရေး ဈေးကစားလို့ မလေးရှားကိုအပြေးသွားပြီး စီးပွားရှာ၊ ကြီးပွားလာကြတဲ့ မလေးရှား
ပြန်တွေ ရဲ့ သူဌေးသားဟန်တွေကို နင့်အမေကြီးက စီးပွားရေးအတွက်ချော်ပြီးသားမက်တော်ချင်နေပြီတဲ့ ဒေး ရေ……
အခုအချိန်မှာမလေးရှားပြန်တွေရဲ့ခြေတစ်လှမ်းကကုဋေတစ်သန်းလို့ထင်ရလောက်အောင် ရင်းဂစ်သံတ ညံညံ ပေးနေလေတော့
နင့်အတွက်ငါအမှန်အကန်လေးရပြီပေါ့…..ဒေး ရယ်…၊အခုတော့ငါ့မှာ အာဆီယံဆိုတဲ့ အသင်းကြီးရဲ့မျက်နှာကိုမှမထောက်
(မသိရင်အတွင်းရေးမှုးချုပ် နဲ့ပဲအိမ်နီးနားချင်းနေဖူး သလိုလို)ကွာလာလမ်ပူရောက်ခဲ့တဲ့သူဟာငါ့အတွက်တော့မဟာရန်သူပါပဲ
ဒေး ရယ် ၊ ဒါ့ကြောင့်ဟိုးအရင်တိတ်တခိုး နဲ့ ကြိတ်ပိုးခဲ့ရတဲ့ အတိတ်ဆိုးတွေကို ထားခဲ့ပြီးအခုလို ၀ရုန်းသုန်းကား အမြန်လေး
နဲ့အသုံးအနှုန်းစကား အမှန်ရေးပြီး၊နင့်ဆီကိုအချေး(ချီး)အငှားမပါတဲ့ ရည်းစားစာကို အဆွေးတချို့နဲ့ရေးပို့လိုက်ရပါတယ်…။

ဒီမှာ ဒေး နင်တို့သားအမိအရမ်းလေးစားတဲ့မလေးရှားပြန်တွေစီးတဲ့ဆိုင်ကယ်အင်ဂျင်ဝမ်းတူးဖိုက်(125)ကအပြင်အဆင်တွေ
အရမ်း ထူးပြီးမိုက်နေလို့လား…။ ဟိုးအရင်ငါကြိတ်ပိုးနေခဲ့တုန်းက ခိုင်းချင်ရာခိုင်းမညည်းမညူ အပြေးအလွှားသွားပေးနေ
တုန်းကတော့ အကြမ်းပတမ်းခံတဲ့ ၀မ်းတန်း(110)အမှန်လေးလို့ပြောခဲ့တဲ့ ငါ့ဆိုင် ကယ်လေးကိုနင်ကမေ့သွားပြီလား ဒေး ရယ်၊
“မြင်နိုင်ရင်လေကိုယ့်ရင်ထဲ…တားဆီးကြည့်မနေနဲ့”လို့ လေးဖြူဆိုခဲ့တဲ့သီချင်းထဲကလိုကိုယ့်ရဲ့ “မျှော်လင့်ခြင်းလေးရေ”၊
“အချစ်ကိုမင်းနဲ့တွေ့မှသာတန်ဖိုးထား ချစ်တတ်တာ ယုံပါ”လို့ Rဇာနည်လိုပြောပြရင်း ရသ ရဲ့ “တစ်ခါတုန်းက”သီချင်းလို “ငါရေးတဲ့ဒီစာဟာ မင်းရယ်စရာကနေဖတ်နေ မှာလား..ဇာနည် ဆိုတဲ့ချာတိတ်....…ဒေး ရဲ့အသံကို ကြားယောင်နေမှာ… ..ခဏလောက်ဖြေပါ…ပြာနက်နက် အသားရောင်တွေကြား……..စီးပွားရှာပြီးပြန်လာတဲ့ ဘာကြောင့်ဒီကမလေးရှားပြန်တွေရဲ့
စကား နားယောင်နေမှာလဲ ” လို့ ဒေး ရေ…..။

ဒေး ရေ…ဒေးဗစ်ဘက်ခမ်းကဗစ်တိုးရီးယားကိုပြောသလို၊အောင်အောင်ဦးကခင်ငြိမ်းချမ်းကိုပြောသလို၊တွမ်ခရုစ် ကကေတီဟုမ်းစ်
ကိုပြောသလို ၊လူမင်း ကခင်စံပယ်ဦးကိုပြောသလိုနင့်ကိုငါပြောချင်တယ် ဒေး ရယ်ကချင်လို“နမ့်ဖောခိုင်ဆောရအိုင်”၊ ရှမ်းလို
တော့ “ပီနန်းဟောင်အားစူး”၊ကရင်လိုတော့“ယယ်အဲနယ်”တဲ့ ၊ကိုရီးယားလို “ဆာဒါးနယ်ယော”၊ရုရှားလို“ယာလူးဗလူး
ဆီဗျာ”တဲ့ ၊တရုတ်လိုတော့“၀ါ အိုက်ညီ”၊အင်္ဂလိပ်လိုက“အိုင်လပ်ဗ်ယူ”တဲ့ ၊ ဒေး ရေ …ငါဗမာလိုပဲပြောမယ်ဟာ။နင့်ကိုငါ
ချစ်တယ် ဒေး ရယ်……တကယ်ပါ ။

“ပိုးအိစံ” ကတော့“အချစ်ဆိုတာရယူခြင်းမှ မဟုတ်ပဲ မဏိစန္ဒာ” တဲ့၊“တာရာမင်းဝေ” ကတော့“အချစ်ဆိုတာ ဘုရား
သခင် မတွေ့ရှိခဲ့တဲ့ အရောင်”ဆိုပဲ ၊“ထွန်းအိန္ဒြာဗို”ကျတော့“အချစ်ဆိုသည်မှာ …အံ့သြမှု့များနဲ့ ဆန်းကြယ်သောအရာ”
လို့ပြောတယ် ၊အဲ…“အငဲ” က“အချစ်ဆိုတာဘုရားကပေးတဲ့ဆုလာဘ်အလား”တဲ့ ၊“စိုင်းစိုင်းခမ်းလှိုင်”ကတော့ ပြတ်တယ်
(စကား…စကား)၊“အချစ်ကိုဖွင့်ဆိုတဲ့..definition တွေအကုန်လုံးမှား”တဲ့၊“အချစ်ဆိုတာ တွက်လို့မရတဲ့ပုစ္ဆာ” ဆိုပဲ ။ ကျွတ်…ကျွတ်…သနားလိုက်တာကွယ် ၊ခမျာ မသိရှာဘူးကိုး…၊ ဒီမှာ ဒေး ရေ…..ငါပြောပြမယ်ကွ ယောင်္ကျားမရမချင်းမှတ်ထား“အချစ်
ဆိုတာမလေးရှားသွားမယ့် ဗီဇာ”လို့ ။ (ဟာ့ ဇာနည် မင်းတော်လှချည်လား ဟ )။

နယ်တကာမှာ ၀ယ်သာ (weather)မကောင်းလို့ ရှိမဲ့စုမဲ့လေးကိုရောင်း ၊တပြည်တစ်ရွာကို လှစ်ဟပြေးသွားတဲ့ ခေတ္တ မလေးရှား
ဆိုတဲ့ငနဲတွေကိုအလေးထားပြီး နင့်ရဲ့အချစ်ကို ဈေးကစားချင်နေပြီလား ဒေး ရယ်…။ဒီလိုနဲ့ပဲမလေးရှားပြန်တွေရဲ့ အပြေးတ
အားမြန်တဲ့ ဆိုင်ကယ်လီဗာသံအောက်မှာ(၀ူး….၀ူး) ငါ့ရဲ့ဂီတာသံတွေ မရှု့မလှပျောက်ဆုံးပြီးလူလုံးမလှဖြစ်ရတော့မလား ဒေး
ရယ်(အဟင့်..)၃မိနစ်ပဲစောင့် လို့ပြောတဲ့ “အိန္ဒြာကျော်ဇင်”စတိုင်နဲ့ ၃နှစ်တည်းစောင့်လို့ ပြောခဲ့တဲ့ နင့်စကားတွေက ၃နှစ်စာ ရင်းဂစ်လုပ်လို့အရင်းပြုတ်သွားပြီလား ဒေး ရယ် ……. ။ ( အဟတ်ဟတ် )

ဟိုး ငယ်ငယ်ကတည်းတ ထားခဲ့ဖူးတဲ့ ငါတို့ရဲ့ သံယောဇဉ်တွေကိုနင်ကမေ့ရက်နိုင် ပြီလား ဒေး ရယ်။ နင်မမှတ်မိတော့ဘူးလား?
တချိန်တုန်းကငါတို့ နှစ်ယောက်မျက်နှာခြင်းဆိုင်ပြီး“လုံး”ခဲ့တာတွေ ၊“မုန့်လုံးရေပေါ်” ကိုပြောတာပါ ။ ငါတို့နှစ်ယောက်
“ညိ”ခဲ့ကြတာတွေ ၊ဆီးပင်ပေါ်မှာ ဆီးသီးခူးရင်းနဲ့ လေ ။နောက်ပြီး နင်နဲ့ငါ အကြီးအကျယ်“မှား”ကြတုန်းကလဲ ( ဖိနပ်…ဖိနပ် ) ငါဗွေ မယူခဲ့ပါဘူး ဒေး ရယ် ။ နင့်ဘက်ကစည်းကျော် လာတာတောင်မှ ငါက မသိချင်ယောင်ဆောင်နေခဲ့တဲ့ကောင်ပါဟာ ။ထုပ်
စည်းထိုးတုန်းက ပြော တာပါ (အဟီး )။ ငါကနင့်ကို ဟိုး…ငယ်ငယ်လေး “ညအခါလသာသာ ၊ ကစားမလား နားမလား”
ကတည်း ကချစ်ခဲ့တာပါ ။ အခုနင် ကြီး လာတော့(အသက်…အသက် ) ငါက ပိုပြီးချစ်မိတာပေါ့ဟာ ။ ငယ်ကအကြွေး အနှစ်
တစ်ရာမဆပ်သာတဲ့ ( ဟာ မှားကုန်ပါပြီ) ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာတဲ့ ၊ အဲဒါသာကြည့်တော့ ဒေး ရေ နင်နဲ့ပတ်သက်
လာရင် ငါ့မှာ အမှားမှားအယွင်းယွင်း နဲ့ဟိုမေ့ဒီမေ့ ဖြစ်နေပြီကွ ။ အင်းပေါ့လေ အချစ်တွေကလဲ ကြီးလာမှပဲ ကိုး။

ဒေး ရယ်…ငါက နင့်ကို ဟောလိဝုဒ် မင်းသားတွေလို သူရဲကောင်းဆန်ဆန် ချစ်တယ်။ ဒါပေမယ့် ဟာ ငါလူဆိုးဂိုဏ်းတွေနဲ့
ဖိုက်တဲ့အခါ နင် ကိုးလိုးကန့်လန့်နဲ့လိုက်မလာနဲ့နော် ။ ကိုရီးယား မင်းသားတွေလို စိတ်ကူးယဉ်ဆန်ဆန်လဲ ချစ်တယ် ။နင့်မှာ
တော့ ရိုးတွင်းချဉ်ဆီ် နဲ့ ကင်ဆာ မရှိရဘူးနော် ။ ဘောလိဝုဒ်မင်းသားတွေလိုကခုန်ပြီးတော့လဲ ချစ်တာပဲ ၊ ဒါပေမယ့် ယောင်္ကျား
လေးတွေအများကြီးနဲ့ နင်တစ်ယောက်တည်း ဟိုပေါ်ဒီပေါ် မကရဘူးနော် ။ နောက်ပြီးတရုတ်မင်းသားတွေလိုလည်း ခုန်ပျံကျော်
လွှား ပြီးရင်တလှပ်လှပ် ဖြစ်အောင်လည်းချစ်သေးတာပဲ ၊ နင်ကတော့ ငါ့ထက် အတွင်းအားနဲ့ သိုင်းပညာအဆင့်မမြင့်ရဘူးပေါ့ဟာ ။

ဒီလိုပါပဲ ဒေးးရယ် ၊ ငါကနင့်ကို မြန်မာလိုလည်း ချစ်တယ် ၊ အင်္ဂလိပ်လိုလည်း လပ်ဗ် (love) တယ်၊ သင်္ချာလို “ပိုက်သာဂိုရပ်စ်
ရဲ့ သီအိုရီ” ၊“ဂေါက်စ် ”လော အရလည်း ချစ်တယ် ( ဘာမှလည်းမဆိုင်ဘူး ) ၊ ဇီဝဗေဒ အရ“ပွင့်တည်းဝတ်မှုန်ကူးခြင်း”ထက်“ပွင့်ခြားဝတ်မှုန်ကူးခြင်း”ကိုကြိုက်လို့လည်း နင့်ကိုငါချစ်တယ် (ကြောက် စရာကြီး)“ဟိုက်ဒရိုဂျင်အက်တမ်ခုနဲ့အောက်ဆီဂျင်
အက်တမ်၁ခုပေါင်း”ရင်ရေဖြစ်တယ်ဆိုတဲ့ ဓာတုဗေဒ ပုံသေနည်း အရလည်းချစ်တယ် ။ ရူပဗေဒ က“အိုင်စတိုင်းရဲ့ ရီလေတီဗ
တီသီအိုရီ”၊ “စွမ်းအင် တည်မြဲမှု့နိယာမ” အရလည်းချစ်တယ် ဒေး ရယ် ….(ရည်းစားစာရေးနေတာလား ကျူရှင် သင်နေတာ
လား ?)။ နောက်ပြီးနင့်ကိုငါကသမိုင်းကြောင်း အရလည်းချစ်တယ် (ငါ့အဖေကနင့်အမေကိုငယ်ငယ်က ရည်းစားစာ ပေးဖူးတယ်
ဆိုပဲ ၊ အမေတုန်းက မိုက်ပြီးပြီ၊သမီးအလှည့်ကျမှ တော့ ထပ် မမိုက်ချင်စမ်းပါနဲ့တော့ ဒေး ရယ်…)သွပ်..သွပ်…သွပ် ။

ပထ၀ီ သဘောအရလည်း ချစ်သေးတာပဲ၊ ဒီရပ်ကွက်ထဲမှာ ယောင်္ကျားမရသေးတဲ့ အပျိုဆိုလို့နင်ပဲ ကျန်တော့တာကိုး ၊ အဲဒါ
ကြောင့် နင့်အမေကြီးက ထောင်နေတာ(လက်မ….လက်မ)။စီးပွားရေး အရလည်းချစ်တယ်ဟာ(အဟီး ဒါကအရေကြီးတယ်ဟ)
လူမှု့ရေးအရလည်း ချစ်တာပါပဲ ဒေး ရယ် ။ နင့်အဖေနဲ့ ငါနဲ့ကဘောလုံးပွဲလောင်းဖော် လောင်းဖက် အရင်းကြီးတွေ ဟ (မျက်နှာပျက်မှာစိုး လို့ပါ ဟာ) ။ဒါပေမယ့် ယမင်းရယ်….နင့်အမေကြီးက အချစ်အကြာင်းကို မြန်မာလိုလည်းနားမလည်၊အင်္ဂလိပ်လို
လည်း မသိပဲထုတ်လိုက်တဲ့ နင့်အမေရဲ့သားမက်ရွေးနည်းပုံသေနည်းကို ၁၀ တန်းမှာ သင်္ချာအမှတ် ၄၀ ရ အောင်ဖြေနိုင်ခဲ့တဲ့ ငါ
မှန်အောင်မတွက်နိုင်ခဲ့ပါဘူး ။

ဒေး ရယ် မန်ယူ အသင်းရှုံးတာ (ဟုတ်ပါဘူး) ရောမအင်ပါယာကြီး ပျက်စီးတာနင့်ကြောင့်မဟုတ်သလို WTC ပြိုကျတာလည်း
ငါနဲ့ လုံးဝမသက်ဆိုင်ပါဘူးဟာ။နောက်ပြီး ထရိုင် (TRI) ပြဲသွားတာ (ဟာ..ဟုတ်သေးပါဘူး )ထရွိုင်(TROY)မြို့ကြီးပျက်စီးတာ
လည်းနင့်ကြောင့်မဟုတ်သလို အရှေ့အလယ်ပိုင်းပြဿနာကငါစခဲ့တာ မဟုတ်ပါဘူး ဒေး ရယ် ၊ အေး….ဒီလိုပါပဲဟာ ဆူနာမီ
ငလျှင်ဟာငါ့နှလုံးခုန်သံကြောင့် မဟုတ်သလို ။ ကမ္ဘာကြီးပူနွေးလာတာ ကလည်းနင်တို့အိမ်က လေပန်ကာ ပျက်နေလို့ မဟုတ်ပါ
ဘူး ဟာ…..။

အဲဒီတော့“ငါသိပ်ချစ်ရတဲ့ မိန်းမလှလေးရေ ”နင့်အမေဆိုတဲ့ မတော်ရသေးတဲ့ငါယောက္ခမကြီးကို ပြောလိုက် စမ်းပါကွာ၊ “ဟိုအသုံးမကျတဲ့ဝက်လိုကောင်”တွေကို“အခွင့်အရေးတွေ ပေးမနေပါနဲ့တော့”လို့ “အတင့်ရဲ လိုက်တာ”(အတင့်ကို ရဲ
လိုက်တာမဟုတ်ဘူးနော် ) “ဒီလိုကိစ္စမျိုးတကယ်ရှိသလား ဆိုတာကတော့ ဘုရားရှင်မှပဲ သိမှာ”၊ ဒီလိုဆိုရင်တော့ငါက “အားနာမနေတော့ဘူး”လို့ငါ့ရဲ့အချစ်ကို “မိုးနတ် မင်းကြီးသိပါတယ်”နင့်အမေကိုလည်း“မိုးနတ်မင်းကြီးကောင်းချီးပေး
ပါစေ လို့ ဆုတောင်းတယ်ပြော လိုက်ပါကွာ”…….။

ဒေး ရေ….အခုဆို ဘီလ်ဂိတ်က မိုက်ခရိုဆော့ဖ်ကုမ်ပဏီ ကြီးပိုင်သလို၊ထိုင်းဝန်ကြီးချုပ် ဟောင်း သက်ဆင် ရှီနာဝပ်ထ က
မန်စီးတီးကလပ်အသင်းပိုင်သလို ၊ မိုဟာမက် ယူနွတ်က ဘဏ်လုပ်ငန်း ပိုင်သလို ၊ငါကလည်းမကြာခင်(အဟီး)မလေးရှား
သွားခွင့် ဗီဇာ ပိုင်တော့မှာပါဟ ၊ (အဟီး ဟီးနှိုင်းရက်လိုက်တာ )။ သမီးတစ်ကောင်ကို မလေးရှား ပြန်တွေနဲ့ ဈေးကစားဖို့
ကြံနေတဲ့ နင့်အမေရယ် ၊ ၀မ်းတူးဖိုက် (125) လီဗာသံကြားရင်ရင်ခုန်သံမြန်မြန် သွားတယ်ဆိုတဲံ့ နင်ရယ် ၊ ၀ယ်စားရတဲ့ ဆန်
ကုန်ပြီးထမ်းခမပေးရတဲ့ မြေကြီးက လေးနေပြီလို့ပြောလာတဲ့ နင့်ယောက္ခမလောင်းကြီး(အဟီး)ငါ့အမေက ပြောလာတာတွေ
ရယ် ကြောင့်ငါ့မှာ ငါ့ရဲ့ တစ်ရာ့ကိုး ၊တစ်ရာ့တစ်ဆယ် (၁၀၉/၁၁၀)ဆိုတဲ့ ဘ၀ကိုရောင်းပြီး မလေးရှား ကိုဂျောင်းရတော့မယ်ကွဲ့
ဒေး ရဲ့ ၊နင်ဝမ်းသာလိုက်စမ်းပါကွာ( ဟရူး ဟရူးလို့အော်ပြီးတော့ပေါ့ )့အဟတ်ဟတ် ။

နင့်အမေရဲ့ သားမက်ရွေး ချယ်ရေးလောကထဲကို ဗီဇာ တစ်မျက်နှာ တစ်ရွာမှတ်လို့ခြေစုံ ပစ်ဝင်ခဲ့ပြီ ဒေး ရေ…။ငါ့ရဲ့ ဗီဇာ
ဟာ နင့်အမေအတွက်တော့ သိန်း ၅၀၀ထီ ၊ ဒါမှမဟုတ် မို့မို့မြင့်အောင် ၀တ်တဲ့ ပါတိတ် ဖြစ်နိုင်သလို ၊ငါ့ရဲ့ဗီဇာဟာ နင့်အတွက်
တော့ ၀မ်းတူးဖိုက် ၊ အာစတပ် ဒါမှမဟုတ်ထက်ထက်မိုးဦးကြော်ငြာ တဲ့ရွေဆိုင်က ဆွဲကြိုးလည်းဖြစ်နိုင်တာပဲ ၊အေးအဲဒီလိုပဲ
ငါ့ရဲ့ ဗီဇာဟာ နင့်အဖေ အတွက်တော့ပရီးမီးယားလိဂ် ၊ လာလီဂါ ၊စီးရီးအေ ဒါမှမဟုတ်ဘွန်ဒက်လီဂါ ၆ သင်းမောင်းလည်းဖြစ်
နိုင်တာပဲ ။အဲဒီတော့ ဒေး ရယ် ၊ဟိုး ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစပြီး နင်နဲ့ငါကြား မှာအတူလုံးခဲ့(မုန့်လုံးရေပေါ်)၊ ညိခဲ့ (ဆူးကိုင်းမှာ ) ၊ အကြီးအကျယ် မှားခဲ့(ဖိနပ် ) ကြတာတွေ ၊နင်တို့အိမ်အတွက်ငါကုန်ခဲ့ရတဲ့ ဆိုင်ကယ်ဆီဖိုးတွေရဲ့မျက်နှာကို မထောက်ရင် နေပါ ဒေး ရယ် ၊ငါ့ရဲ့ဒီမလေးရှားသွားမယ့်ဗီဇာလေးရဲ့ မျက်နှာကို ထောက်ပြီးတော့ နင့်အမေကြီးစိတ်ချမ်းသာ
အောင် ငါ့ကိုပြန်ချစ်လိုက်ပါ ဒေး ရယ်၊ပြည်တပါးကို သွားမယ့်ငါ့ကိုအသွားမဖြောင့်အောင် မလုပ်လိုက်ပါနဲ့ ဒေး ရယ် ၊ နင့်ရဲ့
အချစ် တစ်မတ် ( ဟာ… ဟုတ်ပါဘူး ) ၁၅၀၀ ကို ငါ့ရင်ဘတ်ထဲထည့်ပြီး မလေးရှားကိုအသွားဖြောင့်ပါရစေလား ဒေး ရယ် နော်….
နော် .လို့ ……။ ။

နင့်အချစ် ၁၅၀၀ ကို ရင်ဘတ်ထဲထည့်ပြီး မလေးရှားကို အသွားဖြောင့်ချင်တဲ့-
အဟတ် အဟတ့်အဟတ်ဟတ့်
ဇာနည်

ဂယ်ဟုတ်ဝူးနော့်ကျွန်တော် ဒီနိုင်ငံကနေတစ်ဖဝါးမှခွာဖို့အစီအစဉ်မရှိသေးပါဘူ့းဟီး

ဟာသလေးပါ့ပြုံးရုံလေးပြုံးပေးကြပါနော့်ဖြိုးဇာနည့်ည့၁၂း၃၁တိတိ

1

"အဆိပ်တတ် အိမ်မက်"

Posted by ဖြိုးဇာနည် on Saturday, April 18, 2009 in
တတိယမြောက် တစ်ကိုယ်တော် အခွေထွက်တော့မယ့် Rဇာနည်

တစ်ကိုယ်တော်ခွေ မကြာမီ ထွက်ရှိတော့မှာ ဖြစ်တဲ့ အဆိုတော် Rဇာနည်နဲ့ တွေ့ဆုံခိုက် မေးမြန်း ဖြစ်ခဲ့တယ်ဆိုတဲ့စာစောင်လေး
ကိုဒီနေ့ပဲဖတ်မိခဲ့ပါတယ်။ဒါကြောင့်သယ်ရင်းတို့ကိုရှယ်ယာပြန်ပြီးလုပ်ပေးလိုက်ပါတယ်။




Q:အစ်ကိုရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ် အသစ် အမည်လေး သိပါရစေ။


Ans:ကျွန်တော်ရဲ့ တစ်ကိုယ်တော် အခွေသစ် နာမည်က အဆိပ်တက် အိမ်မက် လို့ နာမည် ပေးထားပါတယ်။ ကျွန်တော်ရဲ့
တတိယ တစ်ကိုယ်တော် အခွေပါ။



Q:ဘယ်သူတွေ တီးပေးထားလဲ၊ တေးရေး တွေကရော ဘယ်သူတွေ ပါဦးမလဲ။


Ans:Iron Cross Band က တီးပေးထားပြီး PTL စတူဒီယိုမှာ အသံသွင်းထားပါတယ်။ တေးရေး ဆရာတွေ ကတော့ ကေအေတီ၊
အငဲ၊ R-ခိုင်၊ စောခူဆဲ၊ ဖိုးကာ၊ မောင်မောင်ဇော်လတ်၊ Dယံ- မင်းမော်ကွန်း၊ လင်းလင်း(Ns)၊ ကျွန်တော် ကိုယ်တိုင် ရေးထားတဲ့ သီချင်းတွေလဲပါတယ်။



Q:သီချင်းတွေက ဘာအမျိုးအစားတွေလဲ၊ ဘယ်တော့လောက် ထွက်မယ်လို့ မှန်းထားလဲ။


Ans:သီချင်း အားလုံးက ကော်ပီ အမျိုးအစားတွေ ချည်းပါပဲ။ ဖေဖော်ဝါရီလ လောက် ထွက်မယ်လို့ မှန်းထားပါတယ်။


Q:အခုဒီအခွေမှာ ပါတဲ့ တေးရေးတွေက အစ်ကို စိတ်ကြိုက် ရွေးချယ် ထားတာလား။


Ans:ဟုတ်ပါတယ်၊ ကျွန်တော် စိတ်ကြိုက်ပါပဲ။


Q:"အဆိပ်တက် အိပ်မက်" ဆိုတာ ဘယ်သူရေးတဲ့ သီချင်းလဲ။


Ans:အဲဒါက မင်းမော်ကွန်း ရေးထားတဲ့ သီချင်းလေးပါ။ ကျွန်တော် ကြိုက်လို့ စီးရီး title ပေးဖြစ်သွားတာပါ။


Q:အခု လောလောဆယ် ပြည်ပက ဘယ် Rcok သီချင်းတွေ နားထောင်ဖြစ်နေလဲ။


Ans:အင်း အခု လောလောဆယ်တော့ Nickelback, click five, Keane, Coldplay, ပြည်တွင်းမှာ ကျတော့ ကိုလေးဖြူ၊
မာရဇ္ဇ တို့ အခွေတွေ နားထောင် ဖြစ်ပါတယ်။



Q:အခု ကိုယ်ပိုင် Band တွေ ပေါ်လာတဲ့ အပေါ်မှာရော အစ်ကို ဘက်က ဘယ်လိုမြင်လဲ အစ်ကို အနေနဲ့ ကိုယ်ပိုင်
Band ဖွဲ့ချင်တဲ့ စိတ်ကူးရှိလား။


Ans:ကိုယ်ပိုင် Band တွေနဲ့ဆို လာကြတာ ကောင်းပါတယ်။ ကျွန်တော် ကတော့ ဒီအချိန်မှာ ကိုယ်ပိုင် Band ဖွဲ့ဖို့ စိတ်ကူး
တော့ မရှိတော့ပါဘူး။ ကျွန်တော် Band အားလုံးနဲ့ အဆင်ပြေပြေ ဆိုသွားချင်ပါတယ်။



လေးစားစွာဖြင့့်ဖြိုးဇာနည့်ည့၁၂း၁၅တိတိ

0

မိုင်းလားမြို့ရဲ့နှစ်ဆန်းတစ်ရက်

Posted by ဖြိုးဇာနည် on Friday, April 17, 2009 in
ဒီနေ့နှစ်ဆန်းတစ်ရက်နေ့ဆိုတော့ကျွန်တော်တို့မိသားစုတွေစုံစုံလင်လင်နဲ့ဘုရားတွေသွားကြအပန်းဖြေကြနဲ့
တော်တော်လေးပျော်ရွှင်ခဲ့ကြပါတယ်။အခုကျွန်တော်တို့နေတဲ့မိုင်းလားမြို့လေးမှာတော့ကျွန်တော်တို့ရဲ့မိသား
စုဆိုလို့ ဖေဖေရယ်၊မေမေရယ်၊ကျွန်တော့်မေမေရဲ့မောင်ကျွန်တော်ဦးလေးတို့လင်မယားနှစ်ယောက်ရယ်သူတို့
ရဲ့ သမီးလေးနှစ်ယောက်နဲ့သားလေးတစ်ယောက်ရယ်ဒါပဲရှိတာပါ။ဒီနေ့မနက်စောစောကထဲကကျွန်တော်တို့
လျှောက်ပတ်လိမ့်နေခဲ့ကြပါတယ်။သွားခဲ့တာတွေကတော့အစုံပါပဲ။အရမ်းပျော်ခဲ့ကြပါတယ်။ဒီအထဲကမှကျွန်
တော်တို့လည်ပတ်ရင်းနဲ့ဒီမိုင်းလားမြို့ရဲ့အထင်ကရဖြစ်မယ်လို့ထင်တဲ့နေရာလေးတွေအကြောင်းကိုကျွန်တော်
postအဖြစ်ရေးဖွဲ့တင်ပြလိုက်ရပါတယ့်



ဒါကတော့ကျွန်တော်တို့တတွေပထမဦးသွားဖြစ်ခဲ့တဲ့မိုင်းလားမြို့ရဲ့အကြီးဆုံးလို့ပြောလို့ရတဲ့စေတီတစ်ဆူပါပဲခင်ဗျာ့
မိသားစုကများတော့ငပိငချဉ်သိပ်ပြီးတော့ဒီလိုသွားကြရတယ်လေ့



ကျွန်တော်တို့မိသားစုတတွေမြန်မာတစ်နိုင်ငံလုံးမှာအထင်ကရရှိနေတဲ့ဘုရားအစုံကိုဒီစေတီလေးအတွင်းကနေပဲအားရပါးရ ဖူးမျှော်ခွင့်ရလိုက်ကြတယ်လေ့ပုံစံငယ်လေးတွေပါ။လူတွေများနေတာကတစ်ကြောင်းမှန်ကာထားတာကတစ်ကြောင်းဆို တော့ဓါတ်ပုံရိုက်ရတာအဆင်မပြေဘူးဖြစ်သွားတယ်။သည်းခံပြီးကြည့်ပေးကြပါလို့ပြောပါရစေခင်ဗျာ့





ဒါကတော့ကျွန်တော့်ဦးလေးရဲ့ကလေးတွေနဲ့လေ။ကျွန်တော်တို့မောင်နှမတွေအမှတ်တရပေါ့ဗျာ့




ဒါကတော့ဘုရားပေါ်ကနေလှမ်းမြင်ရတဲ့ကျွန်တော်တို့မိုင်းလားမြို့ကလေးရဲ့အလှအပမြင်ကွင်းလေးပေါ့တောင်ပတ်လည်ဝိုင်း
ရံထားတယ်လေ့




ဒီနေရာလေးကတော့မိုင်းလားမြို့လေးရဲ့အပန်းဖြေရန်အကောင်းဆုံးနေရာလေးတစ်ခုပေါ့။တရုတ်လိုအခေါ်အရဆိုရင်တော့黄金广场တဲ့
မြန်မာလိုပြန်ရရင်တော့ရွှေစတုဂံတဲ့။တောင်ကြားထဲမှာရေသွင်းပြီးအပန်းဖြေဖို့နေရာလေးအဖြစ်ဖန်တီးထားတဲ့နေရာကလေးတစ်ခုပေါ့။
ဒီကန်လေးကသဘာဝမဟုတ်ဖူးနော်။ဒီဓါတ်ပုံရိုင်တဲ့နေရာလေးကကန်ကိုအပေါ်စီးကနေမြင်ရတဲ့နေရာလေ။အဲဒီနေရာလေးမှာအစား
အသောက်တွေရောင်းတယ်လေ့ကျွန်တော်တို့တတွေဒီကနေပဲစားစရာနဲနဲပါးပါးဝယ်လာပြီးတောင်အောက်ကိုဆင်းခဲ့ပါတယ့်



ဒါကတော့တောင်အောက်ရောက်လာပြီလေ့အဲဒီအချိန်မှာပဲမိုးကရွာချလာလိုက်သေးတယ်။တလောကလုံးမှောင်မဲလို့ပေါ့


တောင်အောက်မှာတော့ကျွန်တော်တို့တတွေမိသားစုစီးခြေနင်းလှေကလေးတစ်စီးငှားပြီးရေလည်ခေါင်မှာသွားပျော်ကြတယ်လေ။
ဟဲဟဲစားစရာတွေနဲ့ပေါ့။မှီးရှည်ထောင်းရယ်၊တိုဟူးဖြူထောင်းရယ်၊ကြက်ခြေထောက်ထောင်းရယ်ပေါ့။ပြောရင်းန့တြောင်ပြန်စားချင်
လာပြီ့ဟီး။လှေစီးခ ကတစ်နာရီးကိုတရုတ်ငွေယွမ် ၅၀တဲ့ကျွန်တော်တို့တစ်နာရီခွဲလောက်ရေထဲမှာအချိန်ဖြုန်းခဲ့ကြတယ်။ဒီဖက်ကပုံ
ကတော့စားပြီးအစီရစ်နေကြတာလေ့ဟီ့း





ဒါကတော့လှေစီးပြီးအဲဒီကန်ဘေးမှာရှိတဲ့ဝက်ဝံမွေးတဲ့အိမ်လေးကိုသွားကြည့်ကြတာလေ့အခန်းထဲအထိမဝင်ရဘူးဆိုလို့အပြင်က
နေပဲလှမ်းပြီးရိုက်လိုက်တာပါ။ဝက်ဝံတွေနည်းတာမဟုတ်ဖူးနော်။သူတို့ကဝက်ဝံသည်းခြေတို့ဝက်ဝံဆီတို့ရောင်းတယ်လေ။ကျွန်တော်
ကတော့မဝယ်ပါဘူ့းဟဲဟဲ့ဈေးမေးကြည့်ပြီးလန့်သွားတယ့်အဟတ်ဟတ် ဒါကြောင့်မြန်မြန်ပြန်လစ်လာခဲ့တယ်။


အဲဒီကပြန်ပြီးတော့နေရာအနှံသွားခဲ့ပါသေးတယ်။ဓါတ်ပုံတွေလဲအများကြီးပါပဲ။ဒါပေမဲ့ဟီ့းအခုပျင်းနေတာနဲ့မတင်ချင်တော့ဘူး
အကုန်သာပြောပြရမယ်ဆိုရင်အမ်မလေးလက်တော့ညောင်းမှာအသေအချာပါပဲ့ဒါကြောင့်တော်ပြီ့ဟားဟာ့းသယ်ရင်းတို့ကို
လည်းအခါအခွင့်သင့်ရင်မိုင်းလားကိုလည်လည်လာစေချင်ပါတယ်။သယ်ရင်းတို့ရောက်လာလို့ကတော့နေရာအစုံကိုလိုက်ပို့ပေးမယ်။
နေစရိတ်စားစရိတ်လည်စရိတ်အားလုံးကိုတာဝန်ယူပါတယ်။လာဖြစ်အောင်သာလာခဲ့ကြပါနော့်သယ်ရင်းတို့ရောက်လာခဲ့ရင်သာ
ဖုန်းဆက်ပြီးကျွန်တော့်ကိုခေါ်လိုက်ပါနော့်ချက်ချင်းပဲဝမ်းသာအားရအပြေးလာခဲ့ပါ့မယ်။ကျွန်တော်ဖုန်းနံပတ်ကိုမှတ်ထားနော်China
ဖုန်းပါပဲ 15924646814 တဲ့ရောက်လာခဲ့ရင်သာဆက်သွယ်ဖို့မမေ့ပါနဲ့နော်။အော့်ပြောရအုံးမယ့်ကျွန်တော်တို့မြို့လေးကိုတော့
မနိုင်းနိုင်းစနေ လာသွားခဲ့သေးတယ်ဗျ။ဒါပေမဲ့ကျွန်တော်မရှိတဲ့အချိန်နဲ့တိုးနေတော့မတွေ့လိုက်ရပါဘူးဗျာ့မနိုင်းနိုင်းရဲ့မိုင်းလား
မြို့ကိုအလည်တစ်ခေါက်(၁)၊(၂) ဆိုတဲ့postလေးတွေဖတ်လိုက်ရလို့သာလည်လည်လာသွားကြောင်းသိလိုက်ရတာ့
ဘာပဲဖြစ်ဖြထစ်ဒီနေ့မှာတော့ကျွန်တော်အရမ်းပျော်ပါတယ်။သယ်ရင်းတို့အားလုံးကိုလဲနှစ်သစ်မှာစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်း
မာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ဒီနေရာလေးကနေပဲဆုတောင်းပေးလိုက်ပါတယ်။အားလုံးပဲပျော်ရွှင်မှုအပေါင်းနဲ့ခညောင်းကြပါ
စေခင်ဗျာ့


အားလုံးကိုလေးစားမိပါသော့ဖြိုးဇာနည့်ည့၁၂း၀၉တိတိ


Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.