1
ငါလဲ ပန်းတစ်ပွင့်ပါကွာ့
Posted by ဖြိုးဇာနည်
on
Friday, April 24, 2009
in
ဒီလိုပဲပေါ့
သက္ကရာဇ် တစ်ချို့က တစ်ပွင့်ပြီးတစ်ပွင့်ကြွေချ.... ငါ့မလှမ်းမကမ်းမှာ ရှိနေတဲ့ ရက်စွဲလေးတစ်ခုက လှလှပပလေး ဘောင်
ခတ်ထားလေရဲ့... အမြင်တွေေ၀၀ါးနေဆဲ.... အသိတွေ မှောင်မိုက်နေဆဲ... အမှန်တရားအချို့အတွက် ငါ့နှုတ်ခမ်းတွေ ဆွံ့
အနေဆဲ....
ငါက ကားကားစွင့်စွင့် ပွင့်တတ်တဲ့ ပန်းကလေးလည်းမဟုတ်ခဲ့.... နေရောင်အကူနဲ့ ခေါင်းထောင်တတ်တဲ့ အငှားလင်းတတ်
တဲ့သူလည်း မဟုတ်ခဲ့ပါဘူးကွယ်.... ရိုးတံတွေ ရှည်ကောင်းရှည်ပါလိမ့်မယ်... ကျိုးမကျဖို့တော့ ငါ့နည်းနဲ့ငါ တောင့်ခံတတ်
ပါတယ်.... အလှတစ်ခုနဲ့ လူတွေကိုလည်း မဖျားယောင်းခဲ့ပါဘူး... ဘုရားစင်ပေါ်တင်ထားရလောက်အောင်တော့ ငါကမကြီး
မြတ်ဘူးပေါ့... ဒါပေမယ့် ငါလည်းပန်းကလေးတစ်ပွင့်ပါပဲ...
နေကြာဆိုတာ အပူကိုကြိုက်တတ်တဲ့ ပန်းကလေးပါတဲ့...
ခေါင်းတထောင်ထောင်နဲ့ လေတိုက်တိုင်းယိမ်းတတ်တဲ့ သူလိုငါလို ပန်းပါပဲ... ဘာမှတော့ပိုပြီး မထူးခြားဘူးပေါ့ကွယ်... အစွမ်း
ကုန်ပွင့်ဖို့ ပျိုးထောင်ပေးရင် အစွမ်းကုန်ပွင့်ပါတယ်... ဘာကြောင့်ပျိုးသလဲ... ဘာကြောင့်ပွင့်ခိုင်းသလဲတော့ ပြန်မမေးတတ်တဲ့
ပန်းကလေးပါ... သူသိတာက သူစွမ်းအားရှိသလောက် သူပွင့်ပေးမယ် အဆီတွေ အနှစ်တွေ ထုတ်ပေးမယ်... စားသုံးကြပါကွယ်....
လူသားတွေစိတ်ကျေနပ်မှု တစ်ခုအတွက်.. သူ့အသွေးအသားအသက်တွေ ပေးရလောက်အောင် ကြီးမြတ်ပေးတဲ့ပန်းကလေးပါပဲ...
နေကြာဆိုတာ အပူကိုကြိုက်တတ်တဲ့ ပန်းကလေးပါတဲ့...
အပိုင်းပိုင်းချိုးကြ ၊ ခပ်ကြမ်းကြမ်းတိုက်ကြ၊ အဆီအနှစ်တွေထုတ်ကြ၊ ငါဝတ်မှုန်တွေ စားသုံးကြ၊ ကျေနပ်နိုင်ကြပြီလား..
ပျော်ရွှင်နိုင်ကြပြီလား... လိုအင်ဆန္ဒတွေပြည့်ဝနိုင်ကြပြီလား... အောင်မြင်နိုင်ကြပြီလား... အပိုင်းပိုင်းလဲလျောင်းနေရတဲ့
ခေါင်းငိုက်စိုက်နဲ့... သူလိုကိုယ်လိုပန်းပွင့်ကလေးတွေ ငြိမ်းချမ်းသွားကြပြီလား... စားသုံးမှုတစ်ခုအတွက် ပူပေးခဲ့ရတဲ့အဖြစ်
တွေက ကင်းလွတ်ခွင့်ရကြပြီလား...
ခေါင်းထောင်နေတိုင်းလည်း ပျော်ရွှင်နေတယ်... ၀င့်ကြွားနေတယ်... အောင်မြင်နေတယ်လို့ မသတ်မှတ်ကြပါနဲ့ကွယ်...
နေကြာဆိုတာ အပူကြိုက်တာမှန်ပါတယ်... ဒါပေမယ့် မျက်ရည်တွေ နာကျင်မှုတွေ ခံစားမှုတွေ အားလုံးကိုပိုက်ထွေးပြီး
အပူကြားမှာ ဟန်လုပ် ခေါင်းထောင်နေတဲ့ ခပ်မိုက်မိုက် ပန်းကလေးတွေပါ....
သူလည်း တခြားပန်းကလေးတွေလို မြတ်မြတ်နိုးနိုး ပန်ဆင်ခွင့် လိုချင်သူပါ....
သူလည်း တခြားပန်းကလေးတွေလို အိမ်ဦးခန်းက ဘုရားစင်လေးတွေမှာ နေချင်သူပါ....
သူလည်း တခြားပန်းကလေးတွေလို ပန်းစည်းလှလှလေးတွေကြားမှာ စံမြန်းချင်သူလေးပဲပေါ့...
အားလုံးကတော့ တညီတညွှတ်တည်း သတ်မှတ်ကြတယ်.... နေကြာဆိုတာ အပူကိုမှ ကြိုက်တဲ့ပန်းကလေးပါတဲ့......
သက္ကရာဇ် တစ်ချို့က တစ်ပွင့်ပြီးတစ်ပွင့်ကြွေချ.... ငါ့မလှမ်းမကမ်းမှာ ရှိနေတဲ့ ရက်စွဲလေးတစ်ခုက လှလှပပလေး ဘောင်ခတ်
ထားလေရဲ့... အမြင်တွေေ၀၀ါးနေဆဲ.... အသိတွေ မှောင်မိုက်နေဆဲ... အမှန်တရားအချို့အတွက် ငါ့နှုတ်ခမ်းတွေ ဆွံ့အနေဆဲ....
ငါမင်းကိုချစ်မိတာဟာ့သူများတွေလို မင်းနှဖူးလေးကို နမ်းချင်လို့
ငါမင်းကိုချစ်မိတာဟာ့သူများတွေလို မင်းလက်ကလေးကိုဆုပ်ကိုင်ချင်လို့
ငါမင်းကိုချစ်မိတာဟာ့သူများတွေလို မင်းရဲ့ကြင်နာမှုတွေကိုလိုချင်လို့
ငါမင်းကိုချစ်မိတာဟာ့သူများတွေလို မင်းကိုမြတ်နိုးချင်လွန်းလို့ပါကွာ့
အခုတော့မင်းရဲ့ အသုံးချမှုတွေကိုသိသိကြီးနဲ့ အပြုံးတွေကိုပန်ဆင်ပြီး ပေးဆပ်သူသက်သက်အဖြစ်နဲ့မင်း အတွက်ရှင်သန်နေ
ခဲ့တယ်ဆိုတာဟာလဲ ငါဟာ့မင်းကိုချစ်လို့ပါပဲမဟုတ်ဖူးလားဟာ့ဒါပေမဲ့ သက်သေပြပုံချင်းတော့လွဲမှားနေခဲ့တယ်ကွာ့
တကယ်တော့ ငါလဲ နေကြာပန်းပေမဲ့မင်းအပေါ်မှာတော့ ပန်းလေးတစ်ပွင့်ဖြစ်ခွင့်ရခဲ့သူပါကွာ့
ဖြိုးဇာနည့်ည့၁၂း၈တိတိ