2

အထီးကျန်

Posted by ဖြိုးဇာနည် on Friday, April 03, 2009 in


အရင်လို ပြန်ဖြစ်မယ်ဆိုရင် သူကို… အရာရာကို ကြောက်တတ်တဲ့ အမြဲသိမ်ငယ်နေတတ်တဲ့… တစ်ယောက်တည်း မနေ
ရဲတဲ့… အလိုလိုနေရင် အားငယ်စွာငိုနေတတ်တဲ့ ကျွန်တော် လက်ကိုဆွဲ ကျွန်တော်နောက်မှာကွယ်ပြီး လောကကြီးကိုရင်
မဆိုင်ရဲတဲ့ ကောင်မလေးတစ်ယောက်တော့ ပြန်မဖြစ်စေချင် … သူ့ရင်ထဲမှာ ကျွန်တော့်အတွက် နေရာတွေလုံလောက်စွာ
ပေးနိုင်တဲ့.. ကျွန်တော်နဲ့အတူ ဘ၀တစ်ခုကို တည်ဆောက်မယ် ဆိုတဲ့ ကလေးတစ်ယောက်လို ဖြူစင်တဲ့ ချစ်စရာအပြုံးပိုင်
ရှင်ကောင်မလေး တစ်ယောက်တော့ ပြန်ဖြစ်စေချင်တယ်…. အတိတ်ဆိုတာ ပြန်မရနိုင်တော့တဲ့ အရာ ပြင်မရနိုင်တော့တဲ့
အရာ သူနဲ့ကျွန်တော်သာ ပိုင်ဆိုင်တဲ့အရာ ကျွန်တော့်အတွက်ကတော့ သိပ်လှတဲ့အိမ်မက်ပေါ့… အဲ့ဒီအတိတ်ကို ပြန်မရရင်
တောင် အဲ့ဒီအတိတ်အိပ်မက်ကို ကျွန်တော် မနိုးတမ်းမက်နေချင်တယ်…. အဲဒီ အတိတ်မှာပဲ ကျွန်တော် တ၀ဲလည်လည်
နေခဲ့လိုက်ချင်တယ်… အခုတော့ သူဟာ… သူဘ၀ကို သူဦးဆောင်နိုင်နေပါပြီ… အရာရာကို ကျွန်တော်မပါပဲ ရင်ဆိုင်ရဲနေ
ပါပြီ… အိပ်မက်တွေကို သူရဲရဲကြီးမက်တတ်လာသလို အိပ်မက်တွေကို သူ.. လက်တွေ့ အကောင်အထည်ဖော်နိုင်နေပါပြီ…
ကျွန်တော့် လက်ကိုဆွဲ လောကကြီးကို ရင်မဆိုင်ရဲတဲသူတစ်ယောက်ကနေ.. ကျွန်တော် မပါပဲ လောကကြီးကိုရင်ဆိုင် ရဲ
နေပါပြီ… သူပြောတော့ ကျွန်တော့်ကြောင့်တဲ့လေ… ကျွန်တော့် သတ္တိတွေ သူဆီကူးစက်သွားတာတဲ့… ဒါဆို ကျွန်တော်
က ကျွန်တော့် အသဲကွဲမြိုတော်ကို တည်ဆောက်တဲ့ ဗိသုကာပညာရှင်ပေါ့.. ကျွန်တော့် အထီးကျန်ကမ္ဘာကို ဖန်တီးတဲ့… ဖန်ဆင်းရှင်ပေါ့… ကျွန်တော့် အနာဂတ်ကို ပြိုကျစေတဲ့ မကောင်းဆိုးဝါးပေါ့… အခုဆို သူ့ရင်ထဲမှာ ကျွန်တော့်အတွက် နေရာလုံလောက်စွာမရှိတော့ .. သူအိပ်မက်များက နေရာယူကုန်ပြီ .. သူ့ဘ၀မှာ ကျွန်တော်ဟာ မရှိမဖြစ်မဟုတ်တော့… မလိုအပ်တော့သော.. တစ်ချိန်ကလိုအပ်ချက်သာ ဖြစ်တော့သည်…။

တကယ်တော့ သူပြောသလို .. ကျွန်တော့် သတ္တိတွေ သူဆီကူးစက်သွားတာမဟုတ်ပါဘူး.. ပေးလိုက်တာပါ… သူမရှိ
နိုင်တော့တဲ့ ကျွန်တော့် ဘ၀ကို ကျွန်တော် ရင်မဆိုင်ရဲတော့ပါဘူး.. သူအချစ်တွေကို ပိုင်ဆိုင်ဖူးခဲ့တဲ့ နှလုံးသားကလဲ
သူ့အချစ်ကို တောင့်တနေသလို သူလက်ကိုဆွဲခဲ့တဲ့ ကျွန်တော့်လက်တွေက လဲ သူ့လက်ကလေးကို တောင့်တနေပါတယ်…
အခုတော့ ကျွန်တော့်မှာ သတ္တိတွေ မရှိတော့ပါဘူး.. သူ့ကိုဟိုးအဝေးကြီး မထွက်သွားပါနဲ့လို့ ပြောဖို့တောင် သတ္တိမရှိ
တော့ပါဘူး… သူအိပ်မက်တွေ လှပစေချင်တယ်.. သူဘ၀ကို သာယာစေချင်တယ်.. ဒါပေမယ့် သူရင်ထဲမှာ ကျွန်တော်
ကို ထာဝရ ရှိနေစေချင်တယ်… ကျွန်တော့်ရင်ထဲ သူအမြဲ ရှိနေသလိုပေါ့…. ဒါကြောင့် သူ့ကို မတားရက်ခဲ့သလို.. တားဖို့လဲသတ္တိမရှိပါဘူး.. အမှန်တော့ သူမုန်းသွားမှာကို ကြောက်နေမိတာပါ…. အခုတော့ ကျွန်တော် ကျန်ရစ်ပြီလေ…
သူလိုချင်တဲ့ ဘ၀ သူရဖို့ သူသွားတော့မှာပါ… ကျွန်တော်က တော့ လက်ပြရုံသက်သက် ကျန်ရစ်သူ အထီးကျန်လူ
သားပေါ့… သူမျက်ရည်တွေ ရစ်ဝိုင်းပြီး လက်ပြကျောခိုင်းသွားတော့…အပြုံးတုတွေ အထပ်ထပ် နဲ့ လက်ပြနှုတ်ဆက်
နေခဲ့တဲ့ ကျွန်တော် မျက်ရည်မိုးတွေ တားမရအောင် မုန်တိုင်းထန်ခဲ့ပါတယ်.. သူမမြင်ပါစေနဲ့…သူခရီးဖြောင့်ဖြူးပါစေ….
မသွားပါနဲ့လို့ ကျွန်တော် တတွတ်တွတ် ရွတ်နေမိတယ်… သူမကြားပါစေနဲ့..သူဘ၀လှပပါစေ…သူ.. မျှော်လင့်ချက်
အလင်းရောင်တွေနဲ့ လင်းလက်တဲ့ဘ၀တစ်ခုဆီကို လျှောက်လှမ်းနိုင်ပါစေ…
အမှောင်အတိကျနေတဲ့ မျော်လင့်ချက်မဲ့သွားတဲ့ ကျွန်တော့် ဘ၀ကို သူ… မေ့နိုင်ပါစေ…



ဖြိုးဇာနည့်ည့၁၁း၃၀တိတိ

2 Comments


ပေးလိုက်တယ်လား..
သူကောပျော်နေမယ်ထင်လား..
ကိုယ်ကပေးလိုက်တာ..တခြားတစ်ယောက်မှာရှိနေတာ..
ပျောက်သွားတာမှမဟုတ်တာနော်


ဘာပြောရမလဲ။
တနေ့ကျရင် ကျွန်တော်လဲ အဲလိုဖြစ်မှာမို့
ဘာပြောရမှန်းတောင်မသိဘူး။

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.