2

အသွားဖြောင့်ပါရစေ ဒေး ရယ့်

Posted by ဖြိုးဇာနည် on Sunday, April 19, 2009 in ,
“နေညိုချိန်တိမ်တောက်တဲ့အခါရွာလမ်းနံဘေးမှာ”ဆိုတဲ့ သီချင်းစာသားထဲကလိုငါတို့ရွာရဲ့ ရွာလယ်လမ်း ကို ကတ္တရာခင်း
ပြီးတဲ့နောက် ရေစုပ်စက်နဲ့ရေတင်“စာဥ”တို့သူငယ်ချင်းမတွေ ရေခပ်မဆင်းပဲ chatting၀င် နေကြတဲ့ဂလိုဘယ်လိုက်ဇေးရှင်း
(globalization) ခေတ်ကြီးကိုရောက်လာပြီးတဲ့အချိန်မှာပေါ့ ၊ တိုးတက်လာတဲ့ ကမ္ဘာ့ ဘတ်စ်ကား(ဟာ…ဟုတ်ပါဘူး)ကမ္ဘာ့ ရွာ
ကြီးထဲမှာ ငါတို့ဆယ်အိမ်စုကနေ စီးပွားရေး ဈေးကစားလို့ မလေးရှားကိုအပြေးသွားပြီး စီးပွားရှာ၊ ကြီးပွားလာကြတဲ့ မလေးရှား
ပြန်တွေ ရဲ့ သူဌေးသားဟန်တွေကို နင့်အမေကြီးက စီးပွားရေးအတွက်ချော်ပြီးသားမက်တော်ချင်နေပြီတဲ့ ဒေး ရေ……
အခုအချိန်မှာမလေးရှားပြန်တွေရဲ့ခြေတစ်လှမ်းကကုဋေတစ်သန်းလို့ထင်ရလောက်အောင် ရင်းဂစ်သံတ ညံညံ ပေးနေလေတော့
နင့်အတွက်ငါအမှန်အကန်လေးရပြီပေါ့…..ဒေး ရယ်…၊အခုတော့ငါ့မှာ အာဆီယံဆိုတဲ့ အသင်းကြီးရဲ့မျက်နှာကိုမှမထောက်
(မသိရင်အတွင်းရေးမှုးချုပ် နဲ့ပဲအိမ်နီးနားချင်းနေဖူး သလိုလို)ကွာလာလမ်ပူရောက်ခဲ့တဲ့သူဟာငါ့အတွက်တော့မဟာရန်သူပါပဲ
ဒေး ရယ် ၊ ဒါ့ကြောင့်ဟိုးအရင်တိတ်တခိုး နဲ့ ကြိတ်ပိုးခဲ့ရတဲ့ အတိတ်ဆိုးတွေကို ထားခဲ့ပြီးအခုလို ၀ရုန်းသုန်းကား အမြန်လေး
နဲ့အသုံးအနှုန်းစကား အမှန်ရေးပြီး၊နင့်ဆီကိုအချေး(ချီး)အငှားမပါတဲ့ ရည်းစားစာကို အဆွေးတချို့နဲ့ရေးပို့လိုက်ရပါတယ်…။

ဒီမှာ ဒေး နင်တို့သားအမိအရမ်းလေးစားတဲ့မလေးရှားပြန်တွေစီးတဲ့ဆိုင်ကယ်အင်ဂျင်ဝမ်းတူးဖိုက်(125)ကအပြင်အဆင်တွေ
အရမ်း ထူးပြီးမိုက်နေလို့လား…။ ဟိုးအရင်ငါကြိတ်ပိုးနေခဲ့တုန်းက ခိုင်းချင်ရာခိုင်းမညည်းမညူ အပြေးအလွှားသွားပေးနေ
တုန်းကတော့ အကြမ်းပတမ်းခံတဲ့ ၀မ်းတန်း(110)အမှန်လေးလို့ပြောခဲ့တဲ့ ငါ့ဆိုင် ကယ်လေးကိုနင်ကမေ့သွားပြီလား ဒေး ရယ်၊
“မြင်နိုင်ရင်လေကိုယ့်ရင်ထဲ…တားဆီးကြည့်မနေနဲ့”လို့ လေးဖြူဆိုခဲ့တဲ့သီချင်းထဲကလိုကိုယ့်ရဲ့ “မျှော်လင့်ခြင်းလေးရေ”၊
“အချစ်ကိုမင်းနဲ့တွေ့မှသာတန်ဖိုးထား ချစ်တတ်တာ ယုံပါ”လို့ Rဇာနည်လိုပြောပြရင်း ရသ ရဲ့ “တစ်ခါတုန်းက”သီချင်းလို “ငါရေးတဲ့ဒီစာဟာ မင်းရယ်စရာကနေဖတ်နေ မှာလား..ဇာနည် ဆိုတဲ့ချာတိတ်....…ဒေး ရဲ့အသံကို ကြားယောင်နေမှာ… ..ခဏလောက်ဖြေပါ…ပြာနက်နက် အသားရောင်တွေကြား……..စီးပွားရှာပြီးပြန်လာတဲ့ ဘာကြောင့်ဒီကမလေးရှားပြန်တွေရဲ့
စကား နားယောင်နေမှာလဲ ” လို့ ဒေး ရေ…..။

ဒေး ရေ…ဒေးဗစ်ဘက်ခမ်းကဗစ်တိုးရီးယားကိုပြောသလို၊အောင်အောင်ဦးကခင်ငြိမ်းချမ်းကိုပြောသလို၊တွမ်ခရုစ် ကကေတီဟုမ်းစ်
ကိုပြောသလို ၊လူမင်း ကခင်စံပယ်ဦးကိုပြောသလိုနင့်ကိုငါပြောချင်တယ် ဒေး ရယ်ကချင်လို“နမ့်ဖောခိုင်ဆောရအိုင်”၊ ရှမ်းလို
တော့ “ပီနန်းဟောင်အားစူး”၊ကရင်လိုတော့“ယယ်အဲနယ်”တဲ့ ၊ကိုရီးယားလို “ဆာဒါးနယ်ယော”၊ရုရှားလို“ယာလူးဗလူး
ဆီဗျာ”တဲ့ ၊တရုတ်လိုတော့“၀ါ အိုက်ညီ”၊အင်္ဂလိပ်လိုက“အိုင်လပ်ဗ်ယူ”တဲ့ ၊ ဒေး ရေ …ငါဗမာလိုပဲပြောမယ်ဟာ။နင့်ကိုငါ
ချစ်တယ် ဒေး ရယ်……တကယ်ပါ ။

“ပိုးအိစံ” ကတော့“အချစ်ဆိုတာရယူခြင်းမှ မဟုတ်ပဲ မဏိစန္ဒာ” တဲ့၊“တာရာမင်းဝေ” ကတော့“အချစ်ဆိုတာ ဘုရား
သခင် မတွေ့ရှိခဲ့တဲ့ အရောင်”ဆိုပဲ ၊“ထွန်းအိန္ဒြာဗို”ကျတော့“အချစ်ဆိုသည်မှာ …အံ့သြမှု့များနဲ့ ဆန်းကြယ်သောအရာ”
လို့ပြောတယ် ၊အဲ…“အငဲ” က“အချစ်ဆိုတာဘုရားကပေးတဲ့ဆုလာဘ်အလား”တဲ့ ၊“စိုင်းစိုင်းခမ်းလှိုင်”ကတော့ ပြတ်တယ်
(စကား…စကား)၊“အချစ်ကိုဖွင့်ဆိုတဲ့..definition တွေအကုန်လုံးမှား”တဲ့၊“အချစ်ဆိုတာ တွက်လို့မရတဲ့ပုစ္ဆာ” ဆိုပဲ ။ ကျွတ်…ကျွတ်…သနားလိုက်တာကွယ် ၊ခမျာ မသိရှာဘူးကိုး…၊ ဒီမှာ ဒေး ရေ…..ငါပြောပြမယ်ကွ ယောင်္ကျားမရမချင်းမှတ်ထား“အချစ်
ဆိုတာမလေးရှားသွားမယ့် ဗီဇာ”လို့ ။ (ဟာ့ ဇာနည် မင်းတော်လှချည်လား ဟ )။

နယ်တကာမှာ ၀ယ်သာ (weather)မကောင်းလို့ ရှိမဲ့စုမဲ့လေးကိုရောင်း ၊တပြည်တစ်ရွာကို လှစ်ဟပြေးသွားတဲ့ ခေတ္တ မလေးရှား
ဆိုတဲ့ငနဲတွေကိုအလေးထားပြီး နင့်ရဲ့အချစ်ကို ဈေးကစားချင်နေပြီလား ဒေး ရယ်…။ဒီလိုနဲ့ပဲမလေးရှားပြန်တွေရဲ့ အပြေးတ
အားမြန်တဲ့ ဆိုင်ကယ်လီဗာသံအောက်မှာ(၀ူး….၀ူး) ငါ့ရဲ့ဂီတာသံတွေ မရှု့မလှပျောက်ဆုံးပြီးလူလုံးမလှဖြစ်ရတော့မလား ဒေး
ရယ်(အဟင့်..)၃မိနစ်ပဲစောင့် လို့ပြောတဲ့ “အိန္ဒြာကျော်ဇင်”စတိုင်နဲ့ ၃နှစ်တည်းစောင့်လို့ ပြောခဲ့တဲ့ နင့်စကားတွေက ၃နှစ်စာ ရင်းဂစ်လုပ်လို့အရင်းပြုတ်သွားပြီလား ဒေး ရယ် ……. ။ ( အဟတ်ဟတ် )

ဟိုး ငယ်ငယ်ကတည်းတ ထားခဲ့ဖူးတဲ့ ငါတို့ရဲ့ သံယောဇဉ်တွေကိုနင်ကမေ့ရက်နိုင် ပြီလား ဒေး ရယ်။ နင်မမှတ်မိတော့ဘူးလား?
တချိန်တုန်းကငါတို့ နှစ်ယောက်မျက်နှာခြင်းဆိုင်ပြီး“လုံး”ခဲ့တာတွေ ၊“မုန့်လုံးရေပေါ်” ကိုပြောတာပါ ။ ငါတို့နှစ်ယောက်
“ညိ”ခဲ့ကြတာတွေ ၊ဆီးပင်ပေါ်မှာ ဆီးသီးခူးရင်းနဲ့ လေ ။နောက်ပြီး နင်နဲ့ငါ အကြီးအကျယ်“မှား”ကြတုန်းကလဲ ( ဖိနပ်…ဖိနပ် ) ငါဗွေ မယူခဲ့ပါဘူး ဒေး ရယ် ။ နင့်ဘက်ကစည်းကျော် လာတာတောင်မှ ငါက မသိချင်ယောင်ဆောင်နေခဲ့တဲ့ကောင်ပါဟာ ။ထုပ်
စည်းထိုးတုန်းက ပြော တာပါ (အဟီး )။ ငါကနင့်ကို ဟိုး…ငယ်ငယ်လေး “ညအခါလသာသာ ၊ ကစားမလား နားမလား”
ကတည်း ကချစ်ခဲ့တာပါ ။ အခုနင် ကြီး လာတော့(အသက်…အသက် ) ငါက ပိုပြီးချစ်မိတာပေါ့ဟာ ။ ငယ်ကအကြွေး အနှစ်
တစ်ရာမဆပ်သာတဲ့ ( ဟာ မှားကုန်ပါပြီ) ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာတဲ့ ၊ အဲဒါသာကြည့်တော့ ဒေး ရေ နင်နဲ့ပတ်သက်
လာရင် ငါ့မှာ အမှားမှားအယွင်းယွင်း နဲ့ဟိုမေ့ဒီမေ့ ဖြစ်နေပြီကွ ။ အင်းပေါ့လေ အချစ်တွေကလဲ ကြီးလာမှပဲ ကိုး။

ဒေး ရယ်…ငါက နင့်ကို ဟောလိဝုဒ် မင်းသားတွေလို သူရဲကောင်းဆန်ဆန် ချစ်တယ်။ ဒါပေမယ့် ဟာ ငါလူဆိုးဂိုဏ်းတွေနဲ့
ဖိုက်တဲ့အခါ နင် ကိုးလိုးကန့်လန့်နဲ့လိုက်မလာနဲ့နော် ။ ကိုရီးယား မင်းသားတွေလို စိတ်ကူးယဉ်ဆန်ဆန်လဲ ချစ်တယ် ။နင့်မှာ
တော့ ရိုးတွင်းချဉ်ဆီ် နဲ့ ကင်ဆာ မရှိရဘူးနော် ။ ဘောလိဝုဒ်မင်းသားတွေလိုကခုန်ပြီးတော့လဲ ချစ်တာပဲ ၊ ဒါပေမယ့် ယောင်္ကျား
လေးတွေအများကြီးနဲ့ နင်တစ်ယောက်တည်း ဟိုပေါ်ဒီပေါ် မကရဘူးနော် ။ နောက်ပြီးတရုတ်မင်းသားတွေလိုလည်း ခုန်ပျံကျော်
လွှား ပြီးရင်တလှပ်လှပ် ဖြစ်အောင်လည်းချစ်သေးတာပဲ ၊ နင်ကတော့ ငါ့ထက် အတွင်းအားနဲ့ သိုင်းပညာအဆင့်မမြင့်ရဘူးပေါ့ဟာ ။

ဒီလိုပါပဲ ဒေးးရယ် ၊ ငါကနင့်ကို မြန်မာလိုလည်း ချစ်တယ် ၊ အင်္ဂလိပ်လိုလည်း လပ်ဗ် (love) တယ်၊ သင်္ချာလို “ပိုက်သာဂိုရပ်စ်
ရဲ့ သီအိုရီ” ၊“ဂေါက်စ် ”လော အရလည်း ချစ်တယ် ( ဘာမှလည်းမဆိုင်ဘူး ) ၊ ဇီဝဗေဒ အရ“ပွင့်တည်းဝတ်မှုန်ကူးခြင်း”ထက်“ပွင့်ခြားဝတ်မှုန်ကူးခြင်း”ကိုကြိုက်လို့လည်း နင့်ကိုငါချစ်တယ် (ကြောက် စရာကြီး)“ဟိုက်ဒရိုဂျင်အက်တမ်ခုနဲ့အောက်ဆီဂျင်
အက်တမ်၁ခုပေါင်း”ရင်ရေဖြစ်တယ်ဆိုတဲ့ ဓာတုဗေဒ ပုံသေနည်း အရလည်းချစ်တယ် ။ ရူပဗေဒ က“အိုင်စတိုင်းရဲ့ ရီလေတီဗ
တီသီအိုရီ”၊ “စွမ်းအင် တည်မြဲမှု့နိယာမ” အရလည်းချစ်တယ် ဒေး ရယ် ….(ရည်းစားစာရေးနေတာလား ကျူရှင် သင်နေတာ
လား ?)။ နောက်ပြီးနင့်ကိုငါကသမိုင်းကြောင်း အရလည်းချစ်တယ် (ငါ့အဖေကနင့်အမေကိုငယ်ငယ်က ရည်းစားစာ ပေးဖူးတယ်
ဆိုပဲ ၊ အမေတုန်းက မိုက်ပြီးပြီ၊သမီးအလှည့်ကျမှ တော့ ထပ် မမိုက်ချင်စမ်းပါနဲ့တော့ ဒေး ရယ်…)သွပ်..သွပ်…သွပ် ။

ပထ၀ီ သဘောအရလည်း ချစ်သေးတာပဲ၊ ဒီရပ်ကွက်ထဲမှာ ယောင်္ကျားမရသေးတဲ့ အပျိုဆိုလို့နင်ပဲ ကျန်တော့တာကိုး ၊ အဲဒါ
ကြောင့် နင့်အမေကြီးက ထောင်နေတာ(လက်မ….လက်မ)။စီးပွားရေး အရလည်းချစ်တယ်ဟာ(အဟီး ဒါကအရေကြီးတယ်ဟ)
လူမှု့ရေးအရလည်း ချစ်တာပါပဲ ဒေး ရယ် ။ နင့်အဖေနဲ့ ငါနဲ့ကဘောလုံးပွဲလောင်းဖော် လောင်းဖက် အရင်းကြီးတွေ ဟ (မျက်နှာပျက်မှာစိုး လို့ပါ ဟာ) ။ဒါပေမယ့် ယမင်းရယ်….နင့်အမေကြီးက အချစ်အကြာင်းကို မြန်မာလိုလည်းနားမလည်၊အင်္ဂလိပ်လို
လည်း မသိပဲထုတ်လိုက်တဲ့ နင့်အမေရဲ့သားမက်ရွေးနည်းပုံသေနည်းကို ၁၀ တန်းမှာ သင်္ချာအမှတ် ၄၀ ရ အောင်ဖြေနိုင်ခဲ့တဲ့ ငါ
မှန်အောင်မတွက်နိုင်ခဲ့ပါဘူး ။

ဒေး ရယ် မန်ယူ အသင်းရှုံးတာ (ဟုတ်ပါဘူး) ရောမအင်ပါယာကြီး ပျက်စီးတာနင့်ကြောင့်မဟုတ်သလို WTC ပြိုကျတာလည်း
ငါနဲ့ လုံးဝမသက်ဆိုင်ပါဘူးဟာ။နောက်ပြီး ထရိုင် (TRI) ပြဲသွားတာ (ဟာ..ဟုတ်သေးပါဘူး )ထရွိုင်(TROY)မြို့ကြီးပျက်စီးတာ
လည်းနင့်ကြောင့်မဟုတ်သလို အရှေ့အလယ်ပိုင်းပြဿနာကငါစခဲ့တာ မဟုတ်ပါဘူး ဒေး ရယ် ၊ အေး….ဒီလိုပါပဲဟာ ဆူနာမီ
ငလျှင်ဟာငါ့နှလုံးခုန်သံကြောင့် မဟုတ်သလို ။ ကမ္ဘာကြီးပူနွေးလာတာ ကလည်းနင်တို့အိမ်က လေပန်ကာ ပျက်နေလို့ မဟုတ်ပါ
ဘူး ဟာ…..။

အဲဒီတော့“ငါသိပ်ချစ်ရတဲ့ မိန်းမလှလေးရေ ”နင့်အမေဆိုတဲ့ မတော်ရသေးတဲ့ငါယောက္ခမကြီးကို ပြောလိုက် စမ်းပါကွာ၊ “ဟိုအသုံးမကျတဲ့ဝက်လိုကောင်”တွေကို“အခွင့်အရေးတွေ ပေးမနေပါနဲ့တော့”လို့ “အတင့်ရဲ လိုက်တာ”(အတင့်ကို ရဲ
လိုက်တာမဟုတ်ဘူးနော် ) “ဒီလိုကိစ္စမျိုးတကယ်ရှိသလား ဆိုတာကတော့ ဘုရားရှင်မှပဲ သိမှာ”၊ ဒီလိုဆိုရင်တော့ငါက “အားနာမနေတော့ဘူး”လို့ငါ့ရဲ့အချစ်ကို “မိုးနတ် မင်းကြီးသိပါတယ်”နင့်အမေကိုလည်း“မိုးနတ်မင်းကြီးကောင်းချီးပေး
ပါစေ လို့ ဆုတောင်းတယ်ပြော လိုက်ပါကွာ”…….။

ဒေး ရေ….အခုဆို ဘီလ်ဂိတ်က မိုက်ခရိုဆော့ဖ်ကုမ်ပဏီ ကြီးပိုင်သလို၊ထိုင်းဝန်ကြီးချုပ် ဟောင်း သက်ဆင် ရှီနာဝပ်ထ က
မန်စီးတီးကလပ်အသင်းပိုင်သလို ၊ မိုဟာမက် ယူနွတ်က ဘဏ်လုပ်ငန်း ပိုင်သလို ၊ငါကလည်းမကြာခင်(အဟီး)မလေးရှား
သွားခွင့် ဗီဇာ ပိုင်တော့မှာပါဟ ၊ (အဟီး ဟီးနှိုင်းရက်လိုက်တာ )။ သမီးတစ်ကောင်ကို မလေးရှား ပြန်တွေနဲ့ ဈေးကစားဖို့
ကြံနေတဲ့ နင့်အမေရယ် ၊ ၀မ်းတူးဖိုက် (125) လီဗာသံကြားရင်ရင်ခုန်သံမြန်မြန် သွားတယ်ဆိုတဲံ့ နင်ရယ် ၊ ၀ယ်စားရတဲ့ ဆန်
ကုန်ပြီးထမ်းခမပေးရတဲ့ မြေကြီးက လေးနေပြီလို့ပြောလာတဲ့ နင့်ယောက္ခမလောင်းကြီး(အဟီး)ငါ့အမေက ပြောလာတာတွေ
ရယ် ကြောင့်ငါ့မှာ ငါ့ရဲ့ တစ်ရာ့ကိုး ၊တစ်ရာ့တစ်ဆယ် (၁၀၉/၁၁၀)ဆိုတဲ့ ဘ၀ကိုရောင်းပြီး မလေးရှား ကိုဂျောင်းရတော့မယ်ကွဲ့
ဒေး ရဲ့ ၊နင်ဝမ်းသာလိုက်စမ်းပါကွာ( ဟရူး ဟရူးလို့အော်ပြီးတော့ပေါ့ )့အဟတ်ဟတ် ။

နင့်အမေရဲ့ သားမက်ရွေး ချယ်ရေးလောကထဲကို ဗီဇာ တစ်မျက်နှာ တစ်ရွာမှတ်လို့ခြေစုံ ပစ်ဝင်ခဲ့ပြီ ဒေး ရေ…။ငါ့ရဲ့ ဗီဇာ
ဟာ နင့်အမေအတွက်တော့ သိန်း ၅၀၀ထီ ၊ ဒါမှမဟုတ် မို့မို့မြင့်အောင် ၀တ်တဲ့ ပါတိတ် ဖြစ်နိုင်သလို ၊ငါ့ရဲ့ဗီဇာဟာ နင့်အတွက်
တော့ ၀မ်းတူးဖိုက် ၊ အာစတပ် ဒါမှမဟုတ်ထက်ထက်မိုးဦးကြော်ငြာ တဲ့ရွေဆိုင်က ဆွဲကြိုးလည်းဖြစ်နိုင်တာပဲ ၊အေးအဲဒီလိုပဲ
ငါ့ရဲ့ ဗီဇာဟာ နင့်အဖေ အတွက်တော့ပရီးမီးယားလိဂ် ၊ လာလီဂါ ၊စီးရီးအေ ဒါမှမဟုတ်ဘွန်ဒက်လီဂါ ၆ သင်းမောင်းလည်းဖြစ်
နိုင်တာပဲ ။အဲဒီတော့ ဒေး ရယ် ၊ဟိုး ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစပြီး နင်နဲ့ငါကြား မှာအတူလုံးခဲ့(မုန့်လုံးရေပေါ်)၊ ညိခဲ့ (ဆူးကိုင်းမှာ ) ၊ အကြီးအကျယ် မှားခဲ့(ဖိနပ် ) ကြတာတွေ ၊နင်တို့အိမ်အတွက်ငါကုန်ခဲ့ရတဲ့ ဆိုင်ကယ်ဆီဖိုးတွေရဲ့မျက်နှာကို မထောက်ရင် နေပါ ဒေး ရယ် ၊ငါ့ရဲ့ဒီမလေးရှားသွားမယ့်ဗီဇာလေးရဲ့ မျက်နှာကို ထောက်ပြီးတော့ နင့်အမေကြီးစိတ်ချမ်းသာ
အောင် ငါ့ကိုပြန်ချစ်လိုက်ပါ ဒေး ရယ်၊ပြည်တပါးကို သွားမယ့်ငါ့ကိုအသွားမဖြောင့်အောင် မလုပ်လိုက်ပါနဲ့ ဒေး ရယ် ၊ နင့်ရဲ့
အချစ် တစ်မတ် ( ဟာ… ဟုတ်ပါဘူး ) ၁၅၀၀ ကို ငါ့ရင်ဘတ်ထဲထည့်ပြီး မလေးရှားကိုအသွားဖြောင့်ပါရစေလား ဒေး ရယ် နော်….
နော် .လို့ ……။ ။

နင့်အချစ် ၁၅၀၀ ကို ရင်ဘတ်ထဲထည့်ပြီး မလေးရှားကို အသွားဖြောင့်ချင်တဲ့-
အဟတ် အဟတ့်အဟတ်ဟတ့်
ဇာနည်

ဂယ်ဟုတ်ဝူးနော့်ကျွန်တော် ဒီနိုင်ငံကနေတစ်ဖဝါးမှခွာဖို့အစီအစဉ်မရှိသေးပါဘူ့းဟီး

ဟာသလေးပါ့ပြုံးရုံလေးပြုံးပေးကြပါနော့်ဖြိုးဇာနည့်ည့၁၂း၃၁တိတိ

1

"အဆိပ်တတ် အိမ်မက်"

Posted by ဖြိုးဇာနည် on Saturday, April 18, 2009 in
တတိယမြောက် တစ်ကိုယ်တော် အခွေထွက်တော့မယ့် Rဇာနည်

တစ်ကိုယ်တော်ခွေ မကြာမီ ထွက်ရှိတော့မှာ ဖြစ်တဲ့ အဆိုတော် Rဇာနည်နဲ့ တွေ့ဆုံခိုက် မေးမြန်း ဖြစ်ခဲ့တယ်ဆိုတဲ့စာစောင်လေး
ကိုဒီနေ့ပဲဖတ်မိခဲ့ပါတယ်။ဒါကြောင့်သယ်ရင်းတို့ကိုရှယ်ယာပြန်ပြီးလုပ်ပေးလိုက်ပါတယ်။




Q:အစ်ကိုရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ် အသစ် အမည်လေး သိပါရစေ။


Ans:ကျွန်တော်ရဲ့ တစ်ကိုယ်တော် အခွေသစ် နာမည်က အဆိပ်တက် အိမ်မက် လို့ နာမည် ပေးထားပါတယ်။ ကျွန်တော်ရဲ့
တတိယ တစ်ကိုယ်တော် အခွေပါ။



Q:ဘယ်သူတွေ တီးပေးထားလဲ၊ တေးရေး တွေကရော ဘယ်သူတွေ ပါဦးမလဲ။


Ans:Iron Cross Band က တီးပေးထားပြီး PTL စတူဒီယိုမှာ အသံသွင်းထားပါတယ်။ တေးရေး ဆရာတွေ ကတော့ ကေအေတီ၊
အငဲ၊ R-ခိုင်၊ စောခူဆဲ၊ ဖိုးကာ၊ မောင်မောင်ဇော်လတ်၊ Dယံ- မင်းမော်ကွန်း၊ လင်းလင်း(Ns)၊ ကျွန်တော် ကိုယ်တိုင် ရေးထားတဲ့ သီချင်းတွေလဲပါတယ်။



Q:သီချင်းတွေက ဘာအမျိုးအစားတွေလဲ၊ ဘယ်တော့လောက် ထွက်မယ်လို့ မှန်းထားလဲ။


Ans:သီချင်း အားလုံးက ကော်ပီ အမျိုးအစားတွေ ချည်းပါပဲ။ ဖေဖော်ဝါရီလ လောက် ထွက်မယ်လို့ မှန်းထားပါတယ်။


Q:အခုဒီအခွေမှာ ပါတဲ့ တေးရေးတွေက အစ်ကို စိတ်ကြိုက် ရွေးချယ် ထားတာလား။


Ans:ဟုတ်ပါတယ်၊ ကျွန်တော် စိတ်ကြိုက်ပါပဲ။


Q:"အဆိပ်တက် အိပ်မက်" ဆိုတာ ဘယ်သူရေးတဲ့ သီချင်းလဲ။


Ans:အဲဒါက မင်းမော်ကွန်း ရေးထားတဲ့ သီချင်းလေးပါ။ ကျွန်တော် ကြိုက်လို့ စီးရီး title ပေးဖြစ်သွားတာပါ။


Q:အခု လောလောဆယ် ပြည်ပက ဘယ် Rcok သီချင်းတွေ နားထောင်ဖြစ်နေလဲ။


Ans:အင်း အခု လောလောဆယ်တော့ Nickelback, click five, Keane, Coldplay, ပြည်တွင်းမှာ ကျတော့ ကိုလေးဖြူ၊
မာရဇ္ဇ တို့ အခွေတွေ နားထောင် ဖြစ်ပါတယ်။



Q:အခု ကိုယ်ပိုင် Band တွေ ပေါ်လာတဲ့ အပေါ်မှာရော အစ်ကို ဘက်က ဘယ်လိုမြင်လဲ အစ်ကို အနေနဲ့ ကိုယ်ပိုင်
Band ဖွဲ့ချင်တဲ့ စိတ်ကူးရှိလား။


Ans:ကိုယ်ပိုင် Band တွေနဲ့ဆို လာကြတာ ကောင်းပါတယ်။ ကျွန်တော် ကတော့ ဒီအချိန်မှာ ကိုယ်ပိုင် Band ဖွဲ့ဖို့ စိတ်ကူး
တော့ မရှိတော့ပါဘူး။ ကျွန်တော် Band အားလုံးနဲ့ အဆင်ပြေပြေ ဆိုသွားချင်ပါတယ်။



လေးစားစွာဖြင့့်ဖြိုးဇာနည့်ည့၁၂း၁၅တိတိ

0

မိုင်းလားမြို့ရဲ့နှစ်ဆန်းတစ်ရက်

Posted by ဖြိုးဇာနည် on Friday, April 17, 2009 in
ဒီနေ့နှစ်ဆန်းတစ်ရက်နေ့ဆိုတော့ကျွန်တော်တို့မိသားစုတွေစုံစုံလင်လင်နဲ့ဘုရားတွေသွားကြအပန်းဖြေကြနဲ့
တော်တော်လေးပျော်ရွှင်ခဲ့ကြပါတယ်။အခုကျွန်တော်တို့နေတဲ့မိုင်းလားမြို့လေးမှာတော့ကျွန်တော်တို့ရဲ့မိသား
စုဆိုလို့ ဖေဖေရယ်၊မေမေရယ်၊ကျွန်တော့်မေမေရဲ့မောင်ကျွန်တော်ဦးလေးတို့လင်မယားနှစ်ယောက်ရယ်သူတို့
ရဲ့ သမီးလေးနှစ်ယောက်နဲ့သားလေးတစ်ယောက်ရယ်ဒါပဲရှိတာပါ။ဒီနေ့မနက်စောစောကထဲကကျွန်တော်တို့
လျှောက်ပတ်လိမ့်နေခဲ့ကြပါတယ်။သွားခဲ့တာတွေကတော့အစုံပါပဲ။အရမ်းပျော်ခဲ့ကြပါတယ်။ဒီအထဲကမှကျွန်
တော်တို့လည်ပတ်ရင်းနဲ့ဒီမိုင်းလားမြို့ရဲ့အထင်ကရဖြစ်မယ်လို့ထင်တဲ့နေရာလေးတွေအကြောင်းကိုကျွန်တော်
postအဖြစ်ရေးဖွဲ့တင်ပြလိုက်ရပါတယ့်



ဒါကတော့ကျွန်တော်တို့တတွေပထမဦးသွားဖြစ်ခဲ့တဲ့မိုင်းလားမြို့ရဲ့အကြီးဆုံးလို့ပြောလို့ရတဲ့စေတီတစ်ဆူပါပဲခင်ဗျာ့
မိသားစုကများတော့ငပိငချဉ်သိပ်ပြီးတော့ဒီလိုသွားကြရတယ်လေ့



ကျွန်တော်တို့မိသားစုတတွေမြန်မာတစ်နိုင်ငံလုံးမှာအထင်ကရရှိနေတဲ့ဘုရားအစုံကိုဒီစေတီလေးအတွင်းကနေပဲအားရပါးရ ဖူးမျှော်ခွင့်ရလိုက်ကြတယ်လေ့ပုံစံငယ်လေးတွေပါ။လူတွေများနေတာကတစ်ကြောင်းမှန်ကာထားတာကတစ်ကြောင်းဆို တော့ဓါတ်ပုံရိုက်ရတာအဆင်မပြေဘူးဖြစ်သွားတယ်။သည်းခံပြီးကြည့်ပေးကြပါလို့ပြောပါရစေခင်ဗျာ့





ဒါကတော့ကျွန်တော့်ဦးလေးရဲ့ကလေးတွေနဲ့လေ။ကျွန်တော်တို့မောင်နှမတွေအမှတ်တရပေါ့ဗျာ့




ဒါကတော့ဘုရားပေါ်ကနေလှမ်းမြင်ရတဲ့ကျွန်တော်တို့မိုင်းလားမြို့ကလေးရဲ့အလှအပမြင်ကွင်းလေးပေါ့တောင်ပတ်လည်ဝိုင်း
ရံထားတယ်လေ့




ဒီနေရာလေးကတော့မိုင်းလားမြို့လေးရဲ့အပန်းဖြေရန်အကောင်းဆုံးနေရာလေးတစ်ခုပေါ့။တရုတ်လိုအခေါ်အရဆိုရင်တော့黄金广场တဲ့
မြန်မာလိုပြန်ရရင်တော့ရွှေစတုဂံတဲ့။တောင်ကြားထဲမှာရေသွင်းပြီးအပန်းဖြေဖို့နေရာလေးအဖြစ်ဖန်တီးထားတဲ့နေရာကလေးတစ်ခုပေါ့။
ဒီကန်လေးကသဘာဝမဟုတ်ဖူးနော်။ဒီဓါတ်ပုံရိုင်တဲ့နေရာလေးကကန်ကိုအပေါ်စီးကနေမြင်ရတဲ့နေရာလေ။အဲဒီနေရာလေးမှာအစား
အသောက်တွေရောင်းတယ်လေ့ကျွန်တော်တို့တတွေဒီကနေပဲစားစရာနဲနဲပါးပါးဝယ်လာပြီးတောင်အောက်ကိုဆင်းခဲ့ပါတယ့်



ဒါကတော့တောင်အောက်ရောက်လာပြီလေ့အဲဒီအချိန်မှာပဲမိုးကရွာချလာလိုက်သေးတယ်။တလောကလုံးမှောင်မဲလို့ပေါ့


တောင်အောက်မှာတော့ကျွန်တော်တို့တတွေမိသားစုစီးခြေနင်းလှေကလေးတစ်စီးငှားပြီးရေလည်ခေါင်မှာသွားပျော်ကြတယ်လေ။
ဟဲဟဲစားစရာတွေနဲ့ပေါ့။မှီးရှည်ထောင်းရယ်၊တိုဟူးဖြူထောင်းရယ်၊ကြက်ခြေထောက်ထောင်းရယ်ပေါ့။ပြောရင်းန့တြောင်ပြန်စားချင်
လာပြီ့ဟီး။လှေစီးခ ကတစ်နာရီးကိုတရုတ်ငွေယွမ် ၅၀တဲ့ကျွန်တော်တို့တစ်နာရီခွဲလောက်ရေထဲမှာအချိန်ဖြုန်းခဲ့ကြတယ်။ဒီဖက်ကပုံ
ကတော့စားပြီးအစီရစ်နေကြတာလေ့ဟီ့း





ဒါကတော့လှေစီးပြီးအဲဒီကန်ဘေးမှာရှိတဲ့ဝက်ဝံမွေးတဲ့အိမ်လေးကိုသွားကြည့်ကြတာလေ့အခန်းထဲအထိမဝင်ရဘူးဆိုလို့အပြင်က
နေပဲလှမ်းပြီးရိုက်လိုက်တာပါ။ဝက်ဝံတွေနည်းတာမဟုတ်ဖူးနော်။သူတို့ကဝက်ဝံသည်းခြေတို့ဝက်ဝံဆီတို့ရောင်းတယ်လေ။ကျွန်တော်
ကတော့မဝယ်ပါဘူ့းဟဲဟဲ့ဈေးမေးကြည့်ပြီးလန့်သွားတယ့်အဟတ်ဟတ် ဒါကြောင့်မြန်မြန်ပြန်လစ်လာခဲ့တယ်။


အဲဒီကပြန်ပြီးတော့နေရာအနှံသွားခဲ့ပါသေးတယ်။ဓါတ်ပုံတွေလဲအများကြီးပါပဲ။ဒါပေမဲ့ဟီ့းအခုပျင်းနေတာနဲ့မတင်ချင်တော့ဘူး
အကုန်သာပြောပြရမယ်ဆိုရင်အမ်မလေးလက်တော့ညောင်းမှာအသေအချာပါပဲ့ဒါကြောင့်တော်ပြီ့ဟားဟာ့းသယ်ရင်းတို့ကို
လည်းအခါအခွင့်သင့်ရင်မိုင်းလားကိုလည်လည်လာစေချင်ပါတယ်။သယ်ရင်းတို့ရောက်လာလို့ကတော့နေရာအစုံကိုလိုက်ပို့ပေးမယ်။
နေစရိတ်စားစရိတ်လည်စရိတ်အားလုံးကိုတာဝန်ယူပါတယ်။လာဖြစ်အောင်သာလာခဲ့ကြပါနော့်သယ်ရင်းတို့ရောက်လာခဲ့ရင်သာ
ဖုန်းဆက်ပြီးကျွန်တော့်ကိုခေါ်လိုက်ပါနော့်ချက်ချင်းပဲဝမ်းသာအားရအပြေးလာခဲ့ပါ့မယ်။ကျွန်တော်ဖုန်းနံပတ်ကိုမှတ်ထားနော်China
ဖုန်းပါပဲ 15924646814 တဲ့ရောက်လာခဲ့ရင်သာဆက်သွယ်ဖို့မမေ့ပါနဲ့နော်။အော့်ပြောရအုံးမယ့်ကျွန်တော်တို့မြို့လေးကိုတော့
မနိုင်းနိုင်းစနေ လာသွားခဲ့သေးတယ်ဗျ။ဒါပေမဲ့ကျွန်တော်မရှိတဲ့အချိန်နဲ့တိုးနေတော့မတွေ့လိုက်ရပါဘူးဗျာ့မနိုင်းနိုင်းရဲ့မိုင်းလား
မြို့ကိုအလည်တစ်ခေါက်(၁)၊(၂) ဆိုတဲ့postလေးတွေဖတ်လိုက်ရလို့သာလည်လည်လာသွားကြောင်းသိလိုက်ရတာ့
ဘာပဲဖြစ်ဖြထစ်ဒီနေ့မှာတော့ကျွန်တော်အရမ်းပျော်ပါတယ်။သယ်ရင်းတို့အားလုံးကိုလဲနှစ်သစ်မှာစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်း
မာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ဒီနေရာလေးကနေပဲဆုတောင်းပေးလိုက်ပါတယ်။အားလုံးပဲပျော်ရွှင်မှုအပေါင်းနဲ့ခညောင်းကြပါ
စေခင်ဗျာ့


အားလုံးကိုလေးစားမိပါသော့ဖြိုးဇာနည့်ည့၁၂း၀၉တိတိ


0

လှည့်ကြည့်မိသွားသောအပြုံးတစ်ပွင့်

Posted by ဖြိုးဇာနည် on Thursday, April 16, 2009 in
ကျွန်တော်ဒီနေ့ပဲပြန်ရောက်ပါတယ်။ကိုယ့်မြို့ကိုပြန်ရောက်မှပဲစိတ်ထဲမှာလုံခြုံမှုတွေရှိသွားတော့တယ်။အစကတော့
သင်္ကြန်ကိုမြို့လေးမြို့သွားမယ်ဆိုပြီးမောင်းတင်ထားခဲ့တာပါ။အခုတော့ကျိုင်းတုံတစ်မြို့ထဲနဲ့တင်ကြောပြတ်သွားခဲ့
ပါတယ့်အေးရော့။မိုင်းလားကိုတန်းနေအောင်ပြန်ခဲ့ရတယ်ဆိုပါတော့။ကျွန်တော်ပြန်ရောက်တာနဲ့အပီအပြင်ကဲ
ပစ်လိုက်တယ်။အခုဆိုတစ်နေကုန် က ထားလို့ခြေတွေလက်တွေလည်းလှုပ်တောင်မလှုပ်ချင်တော့ဘူး။ဒီအတိုင်းဆိုရင်
တော့ကျွန်တော်သိပ်မကဲရဲပါဘူး။ဒီနေ့တော့သယ်ရင်းတစ်ယောက်က SPY အတင်းလာတိုက်သွားတာနဲ့ တစ်လုံးနဲ့
တောင်မဝတော့ဘူးဟီးအရသာကိုသိသွားတော့ချိုတယ်ဟဆိုပြီးနှစ်လုံးဆင့်ကစ်လိုက်တာ့အားပါးပါးလန်းသလား
မမေးနဲ့ကဲတာမှအပျောက်ပဲ့ဟီ့းဆက်ပြောပြရင်သူများအမြင်ကတ်နေအုံးမယ်တော်ပီပြောတော့ဘူး။ကျွန်တော်
ဟာတကယ်တော့လားရှိုးသားတစ်ယောက်ပါ။ဒီမိုင်းလားကိုစီးပွားရေးအရခေတ္တခဏလာရောက်အခြေချနေခဲ့တာပါ။
သင်္ကြန်နဲ့ပက်သက်ရင်တော့ကျွန်တော်ဟာလားရှိုးမှာပဲနှစ်တိုင်းနီးပါးကဲဖြစ်ပါတယ်။ကိုယ့်မြို့ကိုယ်ဆိုတော့အရမ်းပျော်
တယ်လေ။ကျိုင်းတုံသင်္ကြန်ကိုတော့ကျွန်တော်ဒီတစ်နှစ်မှာမှပထမဦးဆုံးလည်ဖူးခြင်းပါ။သူများမြို့ကိုပုတ်ခက်ပြောဆို
တာလည်းမဟုတ်ပါဘူးတကယ်ကိုပြောတာပါကျိုင်းတုံသင်္ကြန်ဟာအင်မတန်မှကိုပျင်းရိဖို့ကောင်းပါတယ်။ဘာဆိုဘာမှ
ကိုမရှိတဲ့သင်္ကြန်ပါဗျာ့ကျွန်တော်တို့လားရှိုးသင်္ကြန်နဲ့တိုင်းတာရင်အပုံ၁၀၀မှာ၁ပုံတောင်မှပျော်စရာမရှိတဲ့ကျိုင်းတုံ
သင်္ကြန်ပါ။

မဏ္ဍပ်ကလက်၁၀ချောင်းမကုန်ပါဘူ့းလက်ချိုးရေရင်တောင်လက်ပိုနေပါသေးတယ်။တီးဝိုင်းမရှိပါဘူး။ဗဟိုမဏ္ဍပ်
တောင်မှဒီအတိုင်းရိုးရိုးလေးကာလာအိုကေဖွင့်ပြီးဆိုကြရပါတယ်။ညဆိုရင်၁၀နာရီအာဏာကုန်ပါပဲ။အကုန်ဘာမှ
ကိုမရှိတော့ပါဘူးဗျာ့လားရှိုးသင်္ကြန်ဆိုရင်မဏ္ဍပ်ရှေ့များရောက်ခဲ့ရင်ဆိုင်ကယ်ဘီးလုံးတစ်ချက်လိမ့်ဖို့ကို
တော်တော်လေးအချိန်ယူရပါတယ်။အခုတော့ဗျာ့လားရှိုးပြန်မကဲနိုင်တဲ့ကိုယ့်ကိုကိုယ်တော်တော်လေးဝမ်းနည်း
မိတယ့်ဒါကြောင့်ပြောတာပေါ့ ဒီမိုင်းလားကိုပြန်ရောက်မှပဲစိတ်ချမ်းသာတော့တယ်လို့။ကျိုင်းတုံမှာလည်ရတာ
ထက်အခုလက်ရှိကျွန်တော့်မြို့လေးကမှအပုံကြီးသာပြီးပျော်ဖို့ကောင်းသေးတယ်။

ဒါပေမဲ့ကျွန်တော်ကျိုင်းတုံမှာညဖက်လည်ရင်းနဲ့အဖြစ်အပျက်ကလေးတစ်ခုကိုတွေ့ခဲ့ရတယ်။အမြတ်ပဲပေါ့ဗျာ့
ကျွန်တော့်အတွက်စာမူလေးရတာပေါ့။ကျွန်တော်အခုအဓိကပြောချင်တာကအဲဒီအကြောင်းလေးပါ။ကျိုင်းတုံမှာပေါ့ဗျာ့
ကျွန်တော်တောင်ကြီးလမ်းအထွက်ကမဏ္ဍပ်တစ်ခုမှာသူများတွေသီချင်းဆိုတာကိုရပ်ကြည့်နေတုန်းပေါ့စတိတ်စင်ပေါ်
မှာဆိုနေတဲ့အမျိုးသမီးရဲ့အသံကတော်တော်လေးကောင်းပါတယ်။အောက်ကလည်းအားပေးကြတာပေါ့။အဲဒီအချိန်မှာ
တော့စင်အောက်မှာမူးနေတဲ့လူတွေကဲကြတဲ့အချိန်ပေါ့။တော်တော်များပါတယ်င်္အကျီဗလာတွေနဲ့ယောင်္ကျားလေးတွေ
၇ ယောက် ၈ ယောက်လောက်တော့ရှိမယ်ဗျ။ကွေးနေအောင်ကနေကြတာလေ့အဲ့သီချင်း၂ပုဒ်၃ပုဒ်လောက်လဲ
နားထောင်ပြီးရောကြည့်လိုက်တော့စင်အောက်မှာပုံပျက်ပန်းပျက်ကနေတဲ့သူတွေကို သူငယ်ချင်းကလာခေါ်သူကခေါ်
ဆွေမျိုးမိဘ တွေကလာခေါ်သူကခေါ် မိန်းမရှိသူတွေကတော့မိန်းမ ကလာခေါ်သွားကြနဲ့အကုန်းလုံးနီးပါးပြန်ကုန်ကြ
ပါတယ်။အဲဒီအချိန်မှာတော့စင်အောက်မှာကိုယ့်feelနဲ့ကိုယ်လိမ့်နေပြီးကွေးနေအောင်ကနေတဲ့သူတစ်ယောက်တည်းသာ
ကျန်နေခဲ့ပါတယ်။သူမှာလာခေါ်နေသူမရှိလို့လား???ရှိပါတယ်သူ့သားလေးကလက်ဆွဲပြီးခေါ်နေပါတယ်။မရပါဘူးအဖေ
ထက်သားကတစ်လကြီးလို့မှမရပဲ။ကလေးကအလွန်ဆုံးရှိမှ ၇ နှစ်လောက်ပေါ့။

ကလေးကိုကျွန်တော်ကြည့်နေတာတော့သူ့အဖေကိုခေါ်ဖို့အတွက်အကြိမ်ကြိမ်ကြိုးနေပါတယ်။ဒါပေမဲ့အချည်းနှီးပါပဲဗျာ့
စင်ပေါ်ကသီချင်းတစ်ပုဒ်ပြီးသွားတိုင်းလက်ခုပ်တီးတဲ့အသံတွေကိုကနေတဲ့တစ်ယောက်ကသူ့ကိုတီးတယ်လို့ထင်ပြီးသီချင်း
တစ်ပုဒ်ပြီးသွားတိုင်းကနေတဲ့အရှိန်ကပိုပိုမြင့်လာပါတယ်။ကလေးငယ်ကတော့သူ့အဖေကိုခေါ်မရတဲ့အဆုံးတော့အရှေ့
နားလေးမှာပဲငုတ်တုတ်လေးထိုင်းပြီးစောင့်နေရှာပါတယ်။ကျွန်တော်လည်းစိတ်ဝင်စားလာတယ်ဒီကလေးသူ့အဖေကိုရ
အောင်ဘယ်လိုများခေါ်မလဲလို့ပေါ့။ကျွန်တော့်ရဲ့ဘေးမှာသီချင်းဆိုတာကိုအားပေးနေတဲ့သူတွေကတော့အဲဒီ က နေတဲ့လူ
ကိုကဲ့ရဲ့နေကြပါတယ်။လူတိုင်းနီးပါးပေါ့ဟာသလုပ်တွေပြီးပြောနေသူတွေကတော့ပြောနေကြလေရဲ့။

ကျွန်တော်ကြည့်နေတုန်းမှာပဲအဲဒီကလေးဟာဘယ်လိုဆုံးဖြတ်ခက်ချလိုက်တယ်မသိဘူးသူ့အဖေကိုလက်ခုပ်တွေတီးပြီး
အားပေးလိုက် ၊ အရှေ့ကနေသူ့အဖေကတဲ့အတိုင်းလိုက်ကလိုက်နဲ့ စင်အောက်မှာသားအဖနှစ်ယောက်အတိုင်အဖောက်
တွေညီနေပါတယ်။ကြည့်နေရင်းမှာပဲကျွန်တော်အရမ်းဝမ်းနည်းသွားတယ်ပြီးတော့ကျွန်တော်အဲဒီကလေးကိုလည်းလေးစား
သွားမိတယ်။သူ့ဟာသူဘယ်လိုဆုံးဖြတ်ချက်နဲ့ပဲသူ့အဖေလိုလိုက် ကက ဖအေတူသားဆိုပြီးကဲ့ရဲ့နေတဲ့သူတွေကြားထဲမှာ
တော့ဒီကလေးဟာ အလကားလူတစ်ယောက်ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ဟုတ်ပါတယ်အပြင်ပန်းကြည့်ရင်တော့ဒီကလေး
ဟာတကယ်ကိုအပေါစားကလေးတစ်ယောက်ပေါ့။ကျွန်တော့်အမြင်မှာတော့ဒီကလေးဟာ သူ့အဖေအတွက်အားကိုရတဲ့သား
လေးတစ်ယောက်ပါ။အဖေကိုအရမ်းချစ်တဲ့သား၊အဖေကိုအရမ်းအထင်ကြီးအားကိုတဲ့သား ၊အဖေလုပ်တဲ့အလုပ်မှန်သမျှကို
တန်းဖိုးထားတတ်သောသား၊ မိဘကိုချစ်မြတ်နိုးတတ်သောသားတစ်ယောက်ပါပဲ။

ဘယ်သူတွေဘယ်လိုပဲတွေးတွေးဒီကလေးရဲ့လုပ်ရပ်အပေါ်ကျွန်တော်သဘောကျပါတယ်။သူ့အဖေ ဖာသာဘာပဲဖြစ်နေပါစေ
သူ့စိတ်ထဲမှာတော့ သူ့အဖေရဲ့လုပ်ရပ်ဟာမကောင်းမှန်းသိနေပေမဲ့ သူ့အဖေဖက်ကနေသူရပ်တည်ပေးနေတယ်လေ။တစ်လော
ကလုံးကိုဥပေက္ခာပြုပြီးသူ့အဖေအတွက်သူရှိနေပေးခဲ့တာပဲ။သူ့ကျောပေးထားတဲ့နောက်မှာလူပေါင်းမြောက်များစွာရှိနေပါတယ်
ဒါပေမဲ့သူမျက်နှာမူထားပြီးအားပေးနေတာကတော့သူ့အဖေကိုပဲလေ။ကျန်တာတွေဟာသူ့အတွက်မလိုအပ်ပါဘူ့း။ကျွန်တော်
ကြည့်ရင်းနဲ့စိတ်မကောင်းဖြစ်လာမိတယ်။ဒါကြောင့်ကျွန်တော်ဟာချက်ချင်းပဲအဲဒီမဏ္ဍပ်ရှေ့ကနေလှည့်ပြန်ခဲ့ပါတယ်။ပြန်ရင်း
နဲ့ပဲကျွန်တော်အဲဒီသားအဖနှစ်ယောက်ကိုလှည့်ကြည့်မိလိုက်သေးတယ်။အဲဒီမြင်ကွင်းကတော့ သူ့သားရဲ့လက်ခုပ်သံတွေအောက်
မှာသူ့အဖေဟာ ပြုံးပြုံးကြီးနဲ့အောင်ပွဲခံရင်း ကွေးနေအောင်ကနေဆဲပဲပေါ့

စိတ်မကောင်းခြင်းတွေအောက်မှာမသိမသာအပြုံးလေးတစ်ပွင့်ကိုကျွန်တော်ခြွေမိသွားပါတယ့်အဲဒီမြင်ကွင်းအောက်မှပေါ့




မိဘကိုချစ်သောသားသမီးတိုင်းကိုလေးစားတဲ့ဖြိုးဇာနည့်ည့၁၂း၂၀တိတိ

0

အိမ်လေးကိုစောင့်ရှောက်ပေးကြပါ့

Posted by ဖြိုးဇာနည် on Monday, April 13, 2009 in
သယ်ရင်းအပေါင်းတို့ရေ့ကျွန်တော်သင်္ကြန်တွင်းခရီးထွက်နေလို့ဗျို့

၁၈ရက်နေ့မှပြန်ရောက်ပါမယ့်

ကျွန်တော့်အိမ်လေးကိုစောင့်ရှောက်ထားပေးကြပါနော့်

အားလုံးကိုအရမ်းခင်တဲ့Mr-ဇာနည်

2

mail box ရှင်းလင်းရေ့းလမ်းညွှန်

Posted by ဖြိုးဇာနည် on Saturday, April 11, 2009 in
ကျွန်တော်တို့blogရေးနေကြတဲ့bloggerမောင်နှမများအနေနဲ့ကတော့ကိုယ်ရေးထားတဲ့စာလေးတွေကိုlabelလေးတွေ
တပ်ပြီးတော့ကဏ္ဍအလိုက်အုပ်စုခွဲထားတတ်ကြပါတယ်။အဲဒီလိုပါပဲ gamil မှာလဲ label လေးတွေတပ်ပြီးကဏ္ဍလေးတွေ
ခွဲခြားထားလို့ရပါတယ်။တစ်ချို့တွေက ပြောကြပါတယ်။ မေလ်းတွေ အရမ်းများတော့ ရောကုန်တယ်တဲ့။ဘယ်ဟာက
ဘယ်သူပို့တာမှန်း မသိတော့ဘူးတဲ့။ဟုတ်ပါတယ်အမြဲတမ်း mail စစ်ဖို့မအားလပ်တတ်ကြတဲ့သယ်ရင်းများအနေနဲ့က
တော့ဘယ်သူက forward လုပ်ပြီးပို့လိုက်မှန်းမသိတော့အောင်ရှုပ်ထွေးသွားတတ်ကြပါတယ်။အဲဒီအတွက်ကတော့မပူ
ကြပါနဲ့တော့သယ်ရင်းအပေါင်းတို့ရေ့ အဲဒီပြဿနာကိုဖြေရှင်းပေးမဲ့ Mr-ဇာနည် လာပါပြီခင်ဗျာ။ဖြေရှင်းဖို့ကတော့
Filter လေးနဲ့စစ်ထုတ်ပစ်လိုက်ရုံပါပဲ့ဒါလေးများလွယ်လွယ်လေ့းဟဲဟဲ့ကျွန်တော်လဲခုမှသိတာမကြာသေးဘူး
့ဟီး ။


အခု အဲဒီ ပြဿနာလေးကို Filter လေးစစ်ထုတ်ပြီး စမ်းကြည့်ရအောင်နော်။

ပထမအဆင့်

ပထမဆုံး အနေနဲ့ Label တခု အရင်တည်ဆောက်ကြရအောင်............

chat box ရဲ့  အောက်နားလေးမှာ Label အတွက် နေရာလေးရှိပါတယ်။
အဲဒီထဲကနေ Edit Labels ဆိုတာလေးကို နှိပ်ရမှာပါ။

Edit Labels ထဲရောက်သွားပီဆိုရင်တော့ ကိုယ်ပေးချင်တဲ့ နာမည်ရိုက်ထည့်ပါ့။(ဥပမာ-phyozarni13)
ပြီးရင်တော့ create ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ။

အဲဒီအဆင့်ပြီးရင်တော့ Label နေရာလေးမှာ ကိုယ်ပေးထားတဲ့ နာမည်လေးပေါ်လာပါလိ့မ်မယ်။(ဥပမာ-phyozarni13)

ဒုတိယအဆင့်

ဒုတိယ အဆင့်အနေနဲ့ Filter လုပ်ကြရအောင်.....

ကိုယ့် inbox ထဲမှာ ကိုယ်Filter လုပ်ချင်တဲ့ အီးမေးကို select လုပ်လိုက်ပါ
(ဥပမာ-phyozarni13ကပို့လာတဲ့အီးမေးတစောင်စောင်ဖြစ်ရင်ရပါပြီ)

ပြီးရင် more action ထဲမှာ Filter message like this ဆိုတာလေးကို ရွေးပေးပါ။

Filter Dialog box ကျလာပါလိမ့်မယ်။Has the Words: ဆိုတဲ့ နေရာလေးမှာ ကိုယ်စစ်ထုတ်ချင်တဲ့ အီးမေး လေး
ပါလာပါလိမ့်မယ်။ပြီးလျှင်တော့ Next Step ကို နှိပ်ပေးပါ။

နောက်ကျလာမယ့် Filter Create Page မှာတော့ skip the inbox ကို check mark လုပ်ပေးရပါမယ်။
(ကိုယ့် inbox ထဲကို အ၀င်မခံလိုတဲ့အတွက်ပါ)

နောက်တခုက Apply the Label ကို check mark ပေးပြီး နဘေးက choose label မှာ ကိုယ်သွားချင်တဲ့ label ကို
ရွေးပေးပါ။

ပြီးရင်တော့ Create Filter ဆိုတာလေးကို နှိပ်ပေးလိုက်ရင် ရပါပြီ။

(ရှိပြီးသား* ဥပမာ-phyozarni13 ပို့ထားတဲ့ Email*အရင်mailအဟောင်းတွေကိုပါ Label Applyထဲမှာပါသွားစေချင်
ရင်တော့ Also Apply Filter to.... ကိုပါ check mark လုပ်ပေးပါ)။

အပေါ်ကအဆင့်တွေ လုပ်ပြီးသွားရင်တော့.. Label တခုထဲကို ကိုယ့်စီဝင်လာတဲ့အီးမေးတွေကို Filter စစ်ထုတ်ပြီး
သားဖြစ်မှာပါ။

ကျွန်တော်တို့ ဥပမာ.. Label ကို phyozarni13 လို့နာမည်ပေးထားပြီး။ phyozarni13 က ပို့တဲ့အီးမေးတွေ အားလုံး
အဲဒီ Label ထဲကို အလိုအလျှောက်ရောက်ရှိသွားမှာပါ။

Attachment File တွေမှာ ကြည့်လို့ရပါတယ်ခင်ဗျား........။

ဒီအဆင့်တွေပြီးသွားရင်တော့ ဥပမာ-phyozarni13 ပို့ထားတဲ့ mail တွေဟာ inbox ထဲကိုမသွားတော့ပဲ labelထဲကို
ပဲတန်းဝင်သွားမှာဖြစ်ပါတယ့်ပြန်ကြည့်ချင်တယ်ဆိုရင်တော့ chat box ရဲ့  အောက်နားလေးက Label အတွက်
နေရာကလေးမှာ စောစောကနာမည်ပေးထားတဲ့ phyozarni13 လေးထဲမှာပြန်လည်ဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစ်ပါတယ့်


labelကအရေအတွက် အကန့်အသက်မရှိ အောင် အတိုင်းအထက်အလွန် ပေးထားလဲကိစ္စမရှိပါဘူး။ကြိုက်သလောက်
ပေးလို့ရနိုင်ပါတယ်။(ဟဲဟဲ့နောနော် ကွ)

ဒီလိုဆိုတော့လဲသယ်ရင်းတို့mail box ကလေးကရှင်းလင်းသွားပြီဟုတ့်ဟဲဟဲ့သယ်ရင်းတို့အဆင်ပြေတယ်ဆိုရင်ပဲ
ကျွန်တော် ဇာနည် ကတော့အရမ်းဝမ်းသာလှပါပြီ့


ပျော်ရွှင်နိုင်ကြပါစေ့ဖြိုးဇာနည့်ည့၁၂း၅၁ တိတိ

2

ချစ်သူ

Posted by ဖြိုးဇာနည် on Friday, April 10, 2009 in
အချစ်အကြောင်း

အချစ်ကို အဓိပ္ပာယ်ဖွင့်ရန် ဘာသာစကားလိုမည် မထင်ပါ ၊၊

ရာဇဝင် တွင်ခဲ့သည် ၊၊

ထို့ထက်ပို၍ . . .
အနာဂတ်ပေါင်းများစွာအထိ တွင်ကျန်ကျော်ကြားနေဦးမည်ဖြစ်သည် ၊၊

စာလုံးအမျိုးမျိုးပေါင်း၍ ချစ်ခဲ့ကြသည် ၊၊

အသံအမျိုးမျိုးထွက်၍ ချစ်ကြသည် ၊၊

ကျွန်တော့်အတွက်ကတော့ . . .
လေစိမ်းတို့ မှိတ်ငြိမ်းထားရာ အရပ်ကို အချစ်ဟုခေါ်ဆိုချင်သည် ၊၊

“ သူ့မျက်ဝန်း တွေကိုချစ်တယ်”

ဒီ အလင်္ကာလေးပဲ စီရီဖြန့်ကျက်၍ ဘာနဲ့မှ မနှိုင်းပဲချစ်သည် ၊၊


ချစ်သူ

ဖန်ဆင်းရှင် အမျိုးမျိုးတို့ ဖန်ဆင်းဖူးသော သက်ရှိတို့၏ ပိုင်ဆိုင်နိုင်မှုတစ်ခုဖြစ်သည် ၊၊

ချစ်သူသည် ချစ်မိသူတို့အတွက်တော့ အရာအားလုံးဖြစ်သည် ၊၊

ပြတင်းပေါက် အနီလေး ဖြစ်သည် ၊၊

ပန်းပွင့် အညိုလေး ဖြစ်သည် ၊၊

ကမ်းခြေ အစိမ်းလေး ဖြစ်သည် ၊၊

တောတန်း အပြာလေး ဖြစ်သည် ၊၊

ဘယ် ချစ်မိသူကမှ ချစ်သူ၏ ပုံရိပ်အား အဆိပ်သုတ်၍ရေးဆွဲမည် မထင်ပါ ၊၊

ချစ်သူ သည် ဖန်ဆင်းရှင် မသိသော ဖန်ဆင်းရှင် ဖြစ်သည် ၊၊

တစ်ချိန်က ဖန်ဆင်းခဲ့ကြဖူးသည် ၊၊

ယခု. . . ဖန်ဆင်းနေကြသည် ၊၊

နောင် ဖန်ဆင်းနေကြမည် ဖြစ်သည် ၊၊

“ ချစ်သူ (မျက်ဝန်းလေး) သာ လိုအပ်မည်ဆိုလျှင် သံလိုက်အိမ်မြောင်လေး
ထံမှ မြောက်အရပ်လေးအားခူး၍ ထွန်းလင်းပန်ဆင်ပေးချင်ပါသည် ”


အိမ်ပြန်ချိန်

ကမ္ဘာကြီး ၏ စိတ်ညစ်ညူးဖွယ်ရာ အစိတ်အပိုင်း တစ်ခုဖြစ်သည် ၊၊

ဖြစ်ချင်တိုင်းသာ ဖြစ်ခွင့်ရခဲ့သည် ရှိသော် လည်ပတ်နေသော ကမ္ဘာကြီးထံမှ ထို
အိမ်ပြန်ချိန် များအား ဖောက်ထုတ်ပစ်ချင်ပါသည် ၊၊

အိမ်ပြန်ချိန် များအားမုန်းသည် ၊၊

ဝေးကွာနေသည် ထင်လျှင် လေထုတစ်ဝန်းလုံးအား ဖျောက်ဖျက်၍ ကောင်းကင် နှင့်
မြေကြီး အား နီးစပ်ခွင့်ရစေချင် မိသည် ၊၊

“ ဖန်ဆင်းခဲ့သူရေ….

ချစ်သူတို့ ရဲ့ အိမ်ပြန်ချိန်တွေကို ဖဲ့ထုတ် ပစ်လိုက်ပါအုံး ” ၊၊ ၊၊


အလွမ်း

အချစ်ကို ဖန်ဆင်းကြသူတို့ ၏ ချို့ယွင်းချက် တစ်ခုဖြစ်သည် ၊၊

လွမ်း ဖူး ကြ သည် ၊၊

လွမ်း နေ ကြ သည် ၊၊

ဆွတ် ပျံ့ သိမ် မွေ့ စွာ လွမ်း သည် ၊၊

သီ ချင်း တွေ ခူး ရင်း လွမ်း သည် ၊၊

ကြယ် တွေ ကို မှိတ် ၍ လွမ်း သည် ၊၊

က ဗျာ တွေ ကို ခြွေ ၍ လွမ်း သည် ၊၊

“ မျက်ဝန်းလေး ရေ…

ဆက်ဝေးစရာ ကမ္ဘာကြီး ကုန်သွားပါဦးတော့ . . .

တစ်သက် နဲ့ တစ်ကိုယ် လွမ်းသွားပါ့မယ် ၊၊ ၊၊ ”

ဖြိုးဇာနည့်ည့၁၁း၅၈တိတိ

1

ထီးတစ်ချောင်းရဲ့ ဒိုင်ယာရီ (၂)

Posted by ဖြိုးဇာနည် on Wednesday, April 08, 2009 in


မှုန်ထိုင်းထိုင်းကောင်းကင်ကြီးအောက်မှာထီးတစ်လက်ကိုကိုင်ပြီးအဓိပ္ပာယ်အတိပြီးစွာနဲ့ရွာကျနေတဲ့
မိုးစက်တွေရဲ့အောက်မှာအရာရာကိုအဓိပ္ပာယ်မဲ့နေတဲ့ကောင်လေးတစ်ယောက်လမ်းလျှောက်လာနေခဲ့
တယ်။အဲဒီကောင်လေးနာမည်က ဇာနည် တဲ့။သူကမျက်ရည်တွေကိုမုန်းတယ်။မိုးစက်တွေနဲ့အတူမျက်
ရည်တွေကိုရောချမိမှာကိုစိုးရိမ်မိတယ်နဲ့တူပါတယ်သူဘယ်တော့မှဆောင်းလေ့မရှိတဲ့ထီးကိုထူးထူးခြား
ခြားဆောင်းလာခဲ့တယ်။အံ့ကိုကြိတ်ပြီးတင်းခံထားတဲ့မျက်ရည်တွေကြောင့်ထင်ပါတယ်မျက်နှာကြီးတစ်
ခုလုံးနီရဲနေလေရဲ့။သူဘာကြောင့်ဝမ်းနည်းနေလဲမသိပေမဲ့သူတော်တော်လေးခံစားနေရတာကိုတော့
အရမ်းသိသာနေပါတယ်။

ခြေလှမ်းတိုင်းခြေလှမ်းတိုင်းဟာမြန်ဆန်နေပေမဲ့သွက်လက်မှုမရှိတာကတော့သေချာပါတယ်။တချက်
တစ်ချက်ချလိုက်တဲ့သက်ပြင်းသံတွေကထီးပေါ်ရွာကျနေတဲ့မိုးသံတွေကိုဖုံးလွှမ်းသွားပါတယ်။သေချာ
ပါတယ်သူတော်တော်လေးခံစားနေရရှာမှာပဲလေ။သူ့အကြောင်းကိုတော့ကျွန်တော်အသိဆုံးပါပဲ။လော
ကကြီးကိုဘယ်တော့မှအရှုံးမပေးတတ်တဲ့ကောင်လေးပါ။ဒါပေမဲ့သူဟာဒီနေ့မှာတော့အရင်တုန်းက
တွေ့နေကျ ဇာနည် မှဟုတ်ရဲ့လားလို့တောင်သံသယဖြစ်ချင်စရာပါပဲ။ကြည့်လိုက်ရင်သူဟာ ဇာနည် ဆို
တာကိုလုံးဝသေချာသွားတဲ့သက်သေတစ်ခုကတော့ဒီလောက်ခံစားနေရတာတောင်မှခေါင်းမော့ပြီးလမ်း
လျှောက်နေဆဲပဲလေ့

ကျွန်တော်တိုက်ပေါ်ကနေကြည့်နေတာဟာ ဇာနည် ဆိုတဲ့ကောင်လေးဒီလမ်းလေးထဲကိုစပြီးဝင်လာ
တဲ့အချိန်ထဲကပေါ့။တစ်ချက်တစ်ချက်တောက်ခေါက်လိုက်တဲ့အသံဟာရွာနေတဲ့မိုးသံတွေကိုဖြတ်
ကျော်ပြီးကျွန်တော်ရပ်နေတဲ့တိုက်အပေါ်ထပ်ဝရံတာပေါ်အထိပျံလွှင့်လာပါတယ်။သူ့တစ်ကိုယ်လုံး
ဟာဒီထီးလေးရဲ့အောက်မှာမလုံခြုံဘူးထင်ပါရဲ့ဘောင်းဘီအောက်ပိုင်းတစ်ခြမ်းလုံးရွှဲစိုလို့ပေါ့။ကြည့်
ရင်းနဲ့ကျွန်တော်ပိုအံသြသွားတယ်။သူ့မှာဖိနပ်မပါပါလား???ဘာကြောင့်ပါလိမ့်????မိဘတွေရဲ့အလို
လိုက်မှုကြောင့်နေ့စဉ်နေ့တိုင်းဖိနပ်တွေအမျိုးမျိုးထည်လဲစီးနေတဲ့ကောင်လေးပါ။သူ့နောက်မှာတော့
သူ့ကိုသိပ်ချစ်ရှာတဲ့သူ့ချစ်သူလေး ဒေး ကတော့သူ့ဖိနပ်လေးကိုကိုင်ပြီး ဇာနည် ဇာနည် ဆိုပြီးတတွတ်
တွတ်ရွတ်လို့မိုးရေတွေထဲမှာမျက်ရည်အရွှဲသားနဲ့ပြေးလိုက်လာနေတာတွေ့လိုက်ရတယ်။

ကျွန်တော်တော်တော်လေးအံ့သြသွားမိတယ်။ဇာနည် ဒေး ကိုသိပ်ချစ်တာကျွန်တော်အသိဆုံးပဲလေ။
အရာရာတိုင်းကို ဒေး အတွက်ဖြည့်ဆည်းပေးခဲ့တဲ့ ဇာနည် ဟာအခုတော့မိုးရေတွေထဲမှာ ဒေး တစ်
ယောက်ဖိနပ်ကလေးကိုင်လို့တကြော်ကြော်ခေါ်ပြီးလိုက်လာနေတာတောင် ဥပေက္ခာပြုပြီးသွားနေခဲ့
တယ်ဆိုတော့တော်တော်လေးထူးဆန်းလေးခဲ့တယ်။ကျွန်တော်သိချင်စိတ်တွေအရမ်းပြင်းပျလာခဲ့တယ်။
ဇာနည် နဲ့ကျွန်တော်ဆိုတာကကျောင်းနေဘက်သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးလေသူ့အကြောင်း
တွေကိုကျွန်တော်အပ်ကျတာကစသိပါတယ်။ဒါပေမဲ့ဒီနေ့တော့ ဇာနည် ဘာကြောင့်ဒီလိုကြီးထူးဆန်း
နေရတာလဲဆိုတာကိုတော့ကျွန်တော်ကိုယ်တိုင်လည်းဘယ်လိုမှစဉ်းစားလို့ကိုမရတော့ဘူ့း


ဟုတ်တယ် ဇာနည် ဘာကြောင့်အခုလိုဖြစ်နေတာလဲဆိုတာအကြောင်းစုံသိရအောင်ကျွန်တော် သွား
မေးမှဖြစ်တော့မယ်။ဇာနည် လိုအပ်တာတွေကိုကျွန်တော်ကူညီပေးလို့ရနိုင်တာပဲလေ။ဇာနည့် ကိုကူညီ
ဖြောင်းဖျပေးမှဖြစ်တော့မယ်ဆိုတဲ့အတွေးတွေဝင်လာတာနဲ့ကျွန်တော်ဝရန်တာမှာရပ်နေတာကနေချက်
ချင်းပဲအိမ်အောက်ကိုပြေးဆင်းခဲ့မိတယ်။ကျွန်တော်သူ့ကိုအရမ်းခင်တာကိုးးးးးးးးးအိမ်အောက်ထပ်ကို
ရောက်တာထီးတစ်ချောင်းကိုကောက်ဆွဲပြီးတော်တော်အလှမ်းဝေးနေပြီဖြစ်တဲ့ ဇာနည် တို့နောက်ကို
လိုက်ဖို့ကျွန်တော်အိမ်ထဲကနေအပြေးလေးထွက်ခဲ့မိတယ်။ကျွန်တော့်အိမ်ဝင်းတံခါးကနေကျွန်တော်ပြေး
ထွက်လိုက်တယ်ဆိုတာနဲ့တစ်ပြိုင်နက်ပြင်းထန်တဲ့အသံတစ်သံကိုကြားရပြီးကျွန်တော်ထီးလေးဟာလေ
ထဲကိုမြောက်တတ်သွားတာကို ကျွန်တော်တွေ့လိုက်ရတယ့်ပြီးတော့ကျွန်တော်တစ်ကိုယ်လုံး
မြေကြီးပေါ်မှာပစ်စက်လက်ခက်ပြုတ်ကျသွားတယ်။ကျွန်တော့်ဘေးပတ်ပတ်လည်မှာတော့မိုးရေတွေဟာ
အနီရောင်ချက်ချင်းပဲပြောင်းလဲသွားခဲ့တယ်။ဒါပေမဲ့ကျွန်တော် ဇာနည့် ကိုအရမ်းခင်တာကိုးးးးးးးးးးးးးးး
ကျွန်တော်ရဲ့အနီရောင်တွေစီးဆင်းလွှမ်းမိုးသွားတဲ့မျက်ဝန်းအိမ်တွေနဲ့ပဲ ဇာနည့်ကိုကျွန်တော်လှမ်းကြည့်
လိုက်သေးတယ်။ကျွန်တော့်ရဲ့ဝေဝါးနေတဲ့မြင်ကွင်းထဲမှာ ဇာနည် တို့နှစ်ယောက်ဟာလမ်းတစ်ဖက်ကိုချိုး
ကွေ့သွားတာကိုတွေ့လိုက်ရတယ်။အဲဒီအချိန်မှာတော့ကျွန်တော်ဟာ အနီရောင်တွေနဲ့ဝိုင်းပက်ကာရံထားပြီး
သွေးတွေလား မိုးရေတွေလားသေချာအောင်ခွဲခြားလို့မရနိုင်တော့တဲ့ အိုင်ငယ်လေးထဲမှာ မျက်ရည်တွေနဲ့ပေါ့


ထီးတစ်ချောင်းရဲ့ ဒိုင်ယာရီ (၁) ကိုပြန်လည်အားပေးချင်တယ်ဆိုရင်တော့ ဒီနေရာ လေးကနေလာခဲ့ပါနော့်

ကြိုးစားပါအုံးမည့်ဖြိုးဇာနည့်ည့၁၁း၅၇တိတိ

0

၃၈ဖြာ-မင်္ဂလာတစ်ပါးစီ၏ မြန်မာပြန်အကျဉ်း

Posted by ဖြိုးဇာနည် on Tuesday, April 07, 2009 in
ဒီမင်္ဂလာစာလေးတွေဟာကျွန်တော့်mailထဲမှာရှိနေတာတော့ကြာပါပြီ။mailအဟောင်းတွေကိုမေ့လျှော့နေခဲ့မိတာပါ။
ဒီနေ့မှာတော့mailအဟောင်းတွေကိုလိုတာထားမလိုတာသွားဆိုပြီးရှင်းလင်းရေးလုပ်ရင်းနဲ့မှပြန်တွေ့မိလိုက်လို့ပါ။
သိပြီးသားသူငယ်ချင်းတွေရှိသလိုမသိသေးတဲ့သူငယ်ချင်းတွေလဲရှိမှာပဲဆိုပြီးတော့ဒီpostလေးကိုတင်ဖြစ်သွားတာပါ။

ပေါ့ပေါ့ပါးပါးဝန်ခံရရင်တော့ကျွန်တော်ကိုယ်တိုင်လည်းဒီmailလေးဖတ်ပြီးမှကောင်းကောင်းသိခွင့်ခဲ့ရတာပါ့


၃၈-ဖြာ မင်္ဂလာတစ်ပါးစီ၏ မြန်မာပြန်အကျဉ်း

၁။ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ (၃) ပါး

-လူမိုက်တို့ကိုမဆည်းကပ်ရခြင်း

-ပညာရှိလူလိမ္မာတို့ကိုမှိဝဲဆည်းကပ်ရခြင်း

-ပူဇော်ထိုက်သူတို့ကိုပူဇော်ရခြင်း

၂။ နေရေးထိုင်ရေး မင်္ဂလာ (၃) ပါး

-သင့်တင့်လျောက်ပတ်သောအရပ်၌နေရခြင်း

-ရှေးရှေးဘ၀၊ရှေးရှေးကာလက ပြုခဲ့ဖူးသောကောင်းမှုရှိခြင်း

-မိမိကိုယ်ကိုကောင်းစွာထိမ်းသိမ်းခြင်း

၃။သင်ကြားရေး မင်္ဂလာ (၄) ပါး

-အကြားအမြင်ဗဟုသုတရှိခြင်း

-စက်မှုလက်မှုအတက်ကိုတက်ခြင်း

-ကျင့်ဝတ်စည်းကမ်းများကိုသင်ယူလိုက်နာခြင်း

-ကောင်းသောစကားကိုပြောဆိုတက်ခြင်း

၎။ပြုစုရေး မင်္ဂလာ (၃)ပါး

-မိဘတို့ကိုပြုစုလုပ်ကျွေးခြင်း

-သားသမီး၊ဇနီးမယားတို့ကို ချီးမြှောက်ထောက်ပံခြင်း

-သူတပါးကိုမထိခိုက်သောအလုပ်ကိုပြုလုပ်ရခြင်း

၅။လိုက်နာကျင့်သုံးရေး မင်္ဂလာ (၄) ပါး

-လှူဒါန်းပေးကမ်းစွန့်ကြဲခြင်း

-တရားနှင့်အညီကျင့်ဆောင်ခြင်း

-ဆွေမျိုးတို့ကိုချီးမြှောက်ထောက်ပံ့ခြင်း

-အပြစ်ကင်သောအလုပ်၊အများအကျိုးပြုအလုပ်တို့ကိုလုပ်ဆောင်ခြင်း

၆။ရှောင်ကြဉ်ရေး မင်္ဂလာ (၄) ပါး

-မကောင်းမှုတို့ကိုကြိုတင်ဆုံးဖြတ်၍ရှောင်ကြဉ်ခြင်း

-ကျူးလွန်ခွင့်ကြုံပါလျက်မကျူးလွန်ပဲရှောင်ကြဉ်ခြင်း

-အရက်သေစာ၊မူးယစ်ဆေးဝါးသောက်စားသုံးစွဲခြင်းမှရှောင်ကြဉ်ခြင်း

-ကုသိုလ်တရားတို့၌မမေ့လျော့ခြင်း

၇။စိတ်ထားရေး မင်္ဂလာ (၅) ပါး

-ရိုသေထိုက်သူကိုရိုသေခြင်း

-မာန်မာနမရှိခြင်း

-နှစ်သိမ့်ရောင့်ရဲခြင်း

-သူပြုဖူးသောကျေးဇူးကိုသိခြင်း

-အခါအားလျော်စွာတရားနာယူခြင်း

၈။သည်းခံရေး မင်္ဂလာ (၄) ပါး

-သည်းခံခွင့်လွှတ်ခြင်း

-ဆုံးမစကားနားထောင်လွယ်သူဖြစ်ခြင်း

-ရဟန်းသံဃာတော်တို့ကိုဖုးမျှော်ရခြင်း

-အခါအားလျော်စွာတရားဆွေးနွေးရခြင်း

၉။ခြိုးခြံရေး မင်္ဂလာ (၄) ပါး

-အကုသိုလ်စိတ်များခေါင်းပါးအောင်ခြိုးခြံစွာကျင့်ရခြင်း

-မဂ်ဖိုရအောင်မြတ်သောအကျင့်ကိုကျင့်ခြင်း

-သစ္စာလေးပါးတိုကိုသိခြင်း

-နိဗ္ဗာန်ကိုမျက်မှောက်ပြုရခြင်း

၁၀။စိတ်ထားခိုင်ခံရေး မင်္ဂလာ (၄) ပါး

-လောကဓံနှင့်ကြုံသောအခါစိတ်ဓါတ်မတုန်လှုပ်ခြင်း

-စိုးရိမ်ကြောင့်ကြမှုမရှိခြင်း

-တပ်မက်မှုမရှိခြင်း

-ကိလေသာဘေးရန်မရှိခြင်း


ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်ခန်းစာမှ ပြဋ္ဌာန်းတဲ့စာလေးတွေလို့သိရပါတယ့်
ပျော်ရွှင်မှုအပေါင်းခညောင်းကြပါစေ့ဖြိုးဇာနည်

2

ဖတ်ကြည့်ရင်သိလိမ့်မယ်

Posted by ဖြိုးဇာနည် on Sunday, April 05, 2009 in
ဗုဒ္ဓဘာသာဝင်တစ်ဦးမဟုတ်ခဲ့ပါကမဖတ်လျှင်မဖတ်ပါနဲ့နော့်

ဓမ္မရဲ့ အရသာ သိသူတွေကတော့ မြန်မာစာမတတ်ဘဲနဲ့ ဗုဒ္ဓဘာသာဝင်တွေတောင် ဖြစ်ကုန်ကြပြီ မြန်မာရဟန်းတော်ကြီးတွေရဲ့ စာပေတွေကို အင်္ဂလိပ်ဘာသာပြန်တွေဖတ်ပြီး လူတကာဖတ်စေချင်လို့ ပြန်ညွှန်းနေကြပြီ။ ရဲ့ ဟောတရားကို ရဟန်းပညာရှိ လူပညာရှိတွေများစွာက မြန်မာဘာသာနဲ့ စာတွေပေတွေ တွင်တွင်ကျယ်ကျယ်ရေးခဲ့ကြတာတောင် မြန်မာပြည်ဖွား ညီနောင်အ
ချို့က ပိဋကတော်ကို---

- ဘုရားဟော မူရင်းဟုတ်ပါ့မလား၊
- ဗုဒ္ဓက ဘာကျမ်းဂန်တွေများ ထားခဲ့လို့လဲ၊
- လေးသင်္ချေကမ္ဘာတသိန်းကို ဘယ်သူသက်သေပြနိုင်လို့လဲ၊ အစရှိတဲ့ မေးခွန်းတွေနဲ့ အချိန်ကုန်ပြီး ဓမ္မအရသာ ဝေးနေကြတယ်။ ဘယ်သူမှ အတည်ပြုမပေးနိုင်တော့တဲ့ မေးခွန်းတွေ နဲ့ အချိန်မကုန်ကြစေဖို့ သတိပေးပါရစေ။

လေးသင်္ချေကမ္ဘာတစ်သိန်းဆိုတာကို မယုံကြည်နိုင်ရင် ပုံပြင်လို့ သဘောထားလိုက်ကြပါ။ အဲဒီဇာတက ဆိုတဲ့ ကျမ်းဂန်ကို
လေ့လာကြည့်ရင် အဓိကအားဖြင့် ချီးမြှောက်ထားတဲ့ ကျင့်စဉ်က ပါရမီ ၁၀-ပါး ကျင့်စဉ်တရားပါ။ ဘဝနေထိုင်ရေး မူဝါဒအ
နေနဲ့ အဓိကပေးသွားတာက စရိယာ ၃-ပါး အကျိုးမျှော်တရားပါ။

ပါရမီ ၁၀-ပါးဟာ တကယ့်ငြိမ်းချမ်းရေး လမ်းစဉ်မဟုတ်ဘူးလို့ ဘယ်သူငြင်းနိုင်သလဲ။ စရိယာ ၃-ပါးဟာ ပြည့်စုံတဲ့ အတွေး
အခေါ်မဟုတ်ဘူးလို့ ဘယ်သူငြင်းနိုင်လဲ။ အဲဒီထက် ပိုမိုငြိမ်းချမ်းတဲ့ လမ်းစဉ်တရားတွေ၊ ပြည့်စုံတဲ့ အတွေးအခေါ်အယူအ
ဆတွေ ပိဋကစာပေ ပြင်ပမှာ ရှိပါသလား။ ဘိုင်ဘယ်မှာ ရှိပါသလား၊ ကုရ်အာန်မှာ ရှိပါသလား။ နိဗ္ဗာန်ရောက်ကြောင်း အဘိ
ဓမ္မာကြီးတွေကို မပြောသေးဘူးနော် အလောင်းတော်ဘဝက ကျင့်စဉ်တရားနဲ့ အတွေးအခေါ်လေးပဲ ချပြထားတယ်။ အခြား
ကျမ်းမှာ အဲဒီလောက် အဆင့်မြင့်မြင့် ကျွန်တော်ကတော့ မတွေ့ဖူးဘူး။

ဗုဒ္ဓဘာသာဝင်အဖြစ် မခံယူရင်တောင် ဒီကျင့်စဉ်၊ ဒီအတွေးအခေါ်တွေဟာ လောကအကျိုးပြုတဲ့ တရားတွေဖြစ်တယ်ဆိုတာ သာမာန်အတွေးအခေါ်ရှိရင် လူတိုင်းသိတယ်။ ကျွန်တော်ကတော့ အဲဒီကျင့်စဉ်တွေအတွက် ပိဋကကို ဂုဏ်ယူတယ်။ ပိဋက
ကို ယှဉ်ရဲတဲ့ ကျမ်းရှိရင် ယူခဲ့ကြ။ အဲဒီကျမ်းကို လေးစားစွာ ဦးထိပ်ပန်ဆင်ထားလိုက်မယ်။ အဲဒီကျမ်းပြုသူကို တစ်သက်စာ ဆရာတင်လိုက်မယ်။ လေးသင်္ချေနဲ့ ကမ္ဘာတသိန်းဆိုပြီး ကိန်းဂဏန်းအတွက် သိပ်ပြီး ကဲ့ရဲ့ချင်သူတွေအတွက် အဲဒီဇာတက တွေကပေးတဲ့ ပါရမီ ၁၀-ပါး ကျင့်စဉ်တရားကို ချရေး ပြလိုက်တယ်။ ဘယ်စာပေဖတ်ဖတ် အနှစ်သာရကို ရှာတတ်ပါစေလို့လည်း ဆုတောင်းပေးလိုက်တယ်။

၁. ဒါန ပါရမီ= ပေးကမ်းစွန့်ကြဲလှူဒါန်းမှုကို ဖြည့်ကျင့်ခြင်း။

၂. သီလ ပါရမီ= သီလစောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း။

၃. နိက္ခမ ပါရမီ= ကာမဂုဏ်မှ ထွက်မြောက်မှုကို ဖြည့်ကျင့်ခြင်း။

၎. ပညာ ပါရမီ= ဉာဏ်ပညာတိုးပွါး ရင့်ကျက်မှုကို ဖြည့်ကျင့်ခြင်း။

၅. ဝီရိယ ပါရမီ= ဇွဲလုံ့လ စွမ်းပကားကြီးမားရန် ဖြည့်ကျင့်ခြင်း။

၆. ခန္တီ ပါရမီ= သည်းခံခွင့်လွှတ်မှုကို ဖြည့်ကျင့်ခြင်း။

၇. သစ္စာ ပါရမီ= အမှန်အတိုင်းပြော၍ ပြောသည်အတိုင်း ဖြည့်ကျင့်ခြင်း။

၈. အဓိဋ္ဌာန ပါရမီ= စိတ်ဆုံးဖြတ်သည့်အတိုင်း ခိုင်မြဲစွာလိုက်နာ ဖြည့်ကျင့်ခြင်း။

၉. မေတ္တာ ပါရမီ= သူတပါးအကျိုးစီးပွါး လိုလားမှုကို ဖြည့်ကျင့်ခြင်း။

၁၀. ဥပေက္ခာ ပါရမီ= ချစ်ခြင်း မုန်းခြင်းမရှိ ကောင်းဆိုးနှစ်တန် ခံနိုင်ရည်ရှိစေရန် ဖြည့်ကျင့်ခြင်း။


ငါသည်ဘုရားဖြစ်လေသည်၊ ငါသည် တမန်တော်ဖြစ်လေသည်၊ ငါသည် ပရော်ဖတ်ဖြစ်လေသည်၊ ဤကျမ်းသည်
ထာဝရ ဘုရားသခင်ပို့ချသော ကျမ်းဖြစ်သည်၊ ဤကျမ်းသည် ကောင်းကင်ကျကျမ်းဖြစ်သည်- ဆိုတဲ့ စကားလေး
တွေနဲ့ ကြည်နူးနေရင်တော့ လူပြောသူပြော ယုံကြည်နေတယ်ပြောရမယ်။ ဘုရားမကလို့ ဘယ်သူပို့ချတဲ့ ကျမ်းပဲဖြစ်
ပါစေ၊ ကောင်းကင်ကျမကလို့ ကောင်းကင်မှာ တည်နေတဲ့ ကျမ်းဖြစ်ချင် ဖြစ်ပါစေ အဲဒီကိစ္စအထူး မငြင်းချင်ဘူး။ ငြိမ်း
ချမ်းတဲ့ ကျင့်စဉ်တွေပါရင်၊ အဆင့်မြင့်တဲ့ အတွေးအခေါ်တွေပါရင် အဲဒီကျမ်းဂန်ဟာ ကောင်းတယ်၊ အဲဒါတွေမပါရင်
ညံ့တယ်- ဒီလိုပဲ ပြောသင့်တယ်။ အဲဒါကြောင့် မိတ်ဆွေအားလုံးကို ဗုဒ္ဓစာပေပြင်ပကနေ ဖော်ပြပါ ပါရမီ ၁၀-ပါးနဲ့
ယှဉ်နိုင်တဲ့ ကျင့်စဉ်တရားရှိရင် ထုတ်ဖော်ပြကြပါလို့ ပြောပါရစေ။

ဗုဒ္ဓဘာသာဝင်များအတွက်ဖတ်စေချင်မိတာလေးပါ့အခြားသောဘာသာဝင်များအားပုတ်ခတ်နေခြင်းမဟုတ်ပါ။
တစ်စုံတစ်ယောက်အားထိခိုက်မိသွားမည်ဆိုပါကအထူးပဲတောင်းပန်ပါကြောင့်းဖြိုးဇာနည့်ည့၁း၃၅တိတိ

3

ကူညီပါခင်ဗျာ (ရှေ့နေမလေးသို့သိစေရန်)

Posted by ဖြိုးဇာနည် on Saturday, April 04, 2009 in
ကူညီပါခင်ဗျာ (ရှေ့နေမလေးသို့သိစေရန်)


ကျွန်တော် သူ့ကိုချစ်မိနေလို့ သူငယ်ချင်း တစ်ယောက်နဲ့ တိုင်ပင်တယ်ဗျာ။ အဲဒါကို ဒီကောင်ကြီးက

“မလုပ်နဲ့ အဲဒါ ကြိုတင်ကြံစည်မှု” တဲ့၊

အဲဒါကြောင့် သူအပြင်ထွက်တဲ့အခါ စာလိုက်ပေးမယ် ပြောပြန်တော့ သကောင့်သားက

“မလုပ်နဲ့ အဲဒါ ၀တ္တရားနှောက်ယှက်မှု” တဲ့ဗျာ။

“အိုကွာ ဒါဆိုရင် သူမြင်သာအောင် သူ့အိမ်ရှေ့ ခေါက်တုံ့ ခေါက်ပြန် လုပ်မယ်ကွာ”၊

“ဟကောင်ရ အဲဒါ မသင်္ကာမှုနဲ့ ငြိမယ်ကွ မလုပ်နဲ့” တဲ့၊

“ဟာ ဒါဆိုရင်တော့ ဂစ်တာလေးတီးပြီးတော့ သူသိအောင် လုပ်ပါရစေကွာ”၊

“သြော် မင်းက ဆူပူသောင်းကျန်းမှုနဲ့ ငြိချင် နေပြီထင်တယ်” တဲ့၊
လုပ်ပြန်ပြီဗျာ၊ ကျွန်တော် ဘယ်လိုလုပ်ရတော့မလဲ။

“ကျွန်တော်ချစ်တာကို သူမသိနိုင်ရင် နေပါစေတော့၊ ချောင်ကွယ်တနေရာကနေပဲ ငေးတော့မယ်ကွာ၊ ကိုယ်ချစ်နေရရင် ပြီးတာပါပဲလေ”၊

“ဟာ မင်းကလဲကွာ မှောင်ရိပ်ခိုမှုတွေ ဘာတွေနဲ့ ငြိနေဦးမယ်နော်၊ ကြည့်လုပ် ကြည့်လုပ်”၊

“ဟ မင်းဟာက အမှုတွေ များလှချည်လား၊ တော်ပြီကွာ မချစ်တော့ဘူး”၊

“ဟေ့ ဟေ့ မလုပ်နဲ့ မလုပ်နဲ့ အဲဒါမှ ထိန်ချန်မှုနဲ့ တိုက်ရိုက် ငြိသွားမယ်” တဲ့။

ဘယ်လိုလုပ်ရတော့မလဲဗျာ၊ ကျွန်တော်လဲ မကြံတတ်တော့ဘူး၊ စဉ်းစားပေးကြပါဦး။


ဖြိုးဇာနည့်ည့၂း၀၅တိတိ

2

အထီးကျန်

Posted by ဖြိုးဇာနည် on Friday, April 03, 2009 in


အရင်လို ပြန်ဖြစ်မယ်ဆိုရင် သူကို… အရာရာကို ကြောက်တတ်တဲ့ အမြဲသိမ်ငယ်နေတတ်တဲ့… တစ်ယောက်တည်း မနေ
ရဲတဲ့… အလိုလိုနေရင် အားငယ်စွာငိုနေတတ်တဲ့ ကျွန်တော် လက်ကိုဆွဲ ကျွန်တော်နောက်မှာကွယ်ပြီး လောကကြီးကိုရင်
မဆိုင်ရဲတဲ့ ကောင်မလေးတစ်ယောက်တော့ ပြန်မဖြစ်စေချင် … သူ့ရင်ထဲမှာ ကျွန်တော့်အတွက် နေရာတွေလုံလောက်စွာ
ပေးနိုင်တဲ့.. ကျွန်တော်နဲ့အတူ ဘ၀တစ်ခုကို တည်ဆောက်မယ် ဆိုတဲ့ ကလေးတစ်ယောက်လို ဖြူစင်တဲ့ ချစ်စရာအပြုံးပိုင်
ရှင်ကောင်မလေး တစ်ယောက်တော့ ပြန်ဖြစ်စေချင်တယ်…. အတိတ်ဆိုတာ ပြန်မရနိုင်တော့တဲ့ အရာ ပြင်မရနိုင်တော့တဲ့
အရာ သူနဲ့ကျွန်တော်သာ ပိုင်ဆိုင်တဲ့အရာ ကျွန်တော့်အတွက်ကတော့ သိပ်လှတဲ့အိမ်မက်ပေါ့… အဲ့ဒီအတိတ်ကို ပြန်မရရင်
တောင် အဲ့ဒီအတိတ်အိပ်မက်ကို ကျွန်တော် မနိုးတမ်းမက်နေချင်တယ်…. အဲဒီ အတိတ်မှာပဲ ကျွန်တော် တ၀ဲလည်လည်
နေခဲ့လိုက်ချင်တယ်… အခုတော့ သူဟာ… သူဘ၀ကို သူဦးဆောင်နိုင်နေပါပြီ… အရာရာကို ကျွန်တော်မပါပဲ ရင်ဆိုင်ရဲနေ
ပါပြီ… အိပ်မက်တွေကို သူရဲရဲကြီးမက်တတ်လာသလို အိပ်မက်တွေကို သူ.. လက်တွေ့ အကောင်အထည်ဖော်နိုင်နေပါပြီ…
ကျွန်တော့် လက်ကိုဆွဲ လောကကြီးကို ရင်မဆိုင်ရဲတဲသူတစ်ယောက်ကနေ.. ကျွန်တော် မပါပဲ လောကကြီးကိုရင်ဆိုင် ရဲ
နေပါပြီ… သူပြောတော့ ကျွန်တော့်ကြောင့်တဲ့လေ… ကျွန်တော့် သတ္တိတွေ သူဆီကူးစက်သွားတာတဲ့… ဒါဆို ကျွန်တော်
က ကျွန်တော့် အသဲကွဲမြိုတော်ကို တည်ဆောက်တဲ့ ဗိသုကာပညာရှင်ပေါ့.. ကျွန်တော့် အထီးကျန်ကမ္ဘာကို ဖန်တီးတဲ့… ဖန်ဆင်းရှင်ပေါ့… ကျွန်တော့် အနာဂတ်ကို ပြိုကျစေတဲ့ မကောင်းဆိုးဝါးပေါ့… အခုဆို သူ့ရင်ထဲမှာ ကျွန်တော့်အတွက် နေရာလုံလောက်စွာမရှိတော့ .. သူအိပ်မက်များက နေရာယူကုန်ပြီ .. သူ့ဘ၀မှာ ကျွန်တော်ဟာ မရှိမဖြစ်မဟုတ်တော့… မလိုအပ်တော့သော.. တစ်ချိန်ကလိုအပ်ချက်သာ ဖြစ်တော့သည်…။

တကယ်တော့ သူပြောသလို .. ကျွန်တော့် သတ္တိတွေ သူဆီကူးစက်သွားတာမဟုတ်ပါဘူး.. ပေးလိုက်တာပါ… သူမရှိ
နိုင်တော့တဲ့ ကျွန်တော့် ဘ၀ကို ကျွန်တော် ရင်မဆိုင်ရဲတော့ပါဘူး.. သူအချစ်တွေကို ပိုင်ဆိုင်ဖူးခဲ့တဲ့ နှလုံးသားကလဲ
သူ့အချစ်ကို တောင့်တနေသလို သူလက်ကိုဆွဲခဲ့တဲ့ ကျွန်တော့်လက်တွေက လဲ သူ့လက်ကလေးကို တောင့်တနေပါတယ်…
အခုတော့ ကျွန်တော့်မှာ သတ္တိတွေ မရှိတော့ပါဘူး.. သူ့ကိုဟိုးအဝေးကြီး မထွက်သွားပါနဲ့လို့ ပြောဖို့တောင် သတ္တိမရှိ
တော့ပါဘူး… သူအိပ်မက်တွေ လှပစေချင်တယ်.. သူဘ၀ကို သာယာစေချင်တယ်.. ဒါပေမယ့် သူရင်ထဲမှာ ကျွန်တော်
ကို ထာဝရ ရှိနေစေချင်တယ်… ကျွန်တော့်ရင်ထဲ သူအမြဲ ရှိနေသလိုပေါ့…. ဒါကြောင့် သူ့ကို မတားရက်ခဲ့သလို.. တားဖို့လဲသတ္တိမရှိပါဘူး.. အမှန်တော့ သူမုန်းသွားမှာကို ကြောက်နေမိတာပါ…. အခုတော့ ကျွန်တော် ကျန်ရစ်ပြီလေ…
သူလိုချင်တဲ့ ဘ၀ သူရဖို့ သူသွားတော့မှာပါ… ကျွန်တော်က တော့ လက်ပြရုံသက်သက် ကျန်ရစ်သူ အထီးကျန်လူ
သားပေါ့… သူမျက်ရည်တွေ ရစ်ဝိုင်းပြီး လက်ပြကျောခိုင်းသွားတော့…အပြုံးတုတွေ အထပ်ထပ် နဲ့ လက်ပြနှုတ်ဆက်
နေခဲ့တဲ့ ကျွန်တော် မျက်ရည်မိုးတွေ တားမရအောင် မုန်တိုင်းထန်ခဲ့ပါတယ်.. သူမမြင်ပါစေနဲ့…သူခရီးဖြောင့်ဖြူးပါစေ….
မသွားပါနဲ့လို့ ကျွန်တော် တတွတ်တွတ် ရွတ်နေမိတယ်… သူမကြားပါစေနဲ့..သူဘ၀လှပပါစေ…သူ.. မျှော်လင့်ချက်
အလင်းရောင်တွေနဲ့ လင်းလက်တဲ့ဘ၀တစ်ခုဆီကို လျှောက်လှမ်းနိုင်ပါစေ…
အမှောင်အတိကျနေတဲ့ မျော်လင့်ချက်မဲ့သွားတဲ့ ကျွန်တော့် ဘ၀ကို သူ… မေ့နိုင်ပါစေ…



ဖြိုးဇာနည့်ည့၁၁း၃၀တိတိ

2

ပြုံးကြည့်ပါ

Posted by ဖြိုးဇာနည် on Thursday, April 02, 2009 in
သယ်ရင်းတို့အပြုံးလေးပွင့်သွားခဲ့မယ်ဆိုရင်ကျေနပ်ပါပြီ့









ရယ်မောခြင်းဖြင့်ဘဝအမောကိုဆေးကြောလိုက်ပါ့

ဖြိုးဇာနည့်ည့၁၁း၅၅တိတိ

1

အကြွေစေ့၏ အခြားဘက်

Posted by ဖြိုးဇာနည် on Wednesday, April 01, 2009 in
မနှစ်က နှစ်ဦးပိုင်းမှာ ကျွန်မ အိမ်ကို ရှင်းလင်း၊ သန့်ရှင်းရေးလုပ်ခဲ့စဉ်က ကျွန်မရဲ့ ရင်သွေး နှစ်ဦးကလည်း ကျွန်မက ကူညီ
ကာ အိမ်ကို ရှင်းလင်းပေးခဲ့ကြပါတယ်။

ကျွန်မရဲ့ သားဖြစ်သူက သေတ္တာများ၊ ကတ္တူပုံးများကို မွှေနှောက်ပြီးတဲ့အခါမှာ ကျွန်မဆီကို လက်ကိုင်ပုဝါတစ်ထည်နဲ့ ထုပ်ပိုး
ထားတဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ အညိုရောင် အကြွေစေ့လေးကို ကိုင်ဆောင်ပြီး လာမေးပါတယ်။

“မေမေ…သား ဒီ အကြွေစေ့လေးကို ယူလို့ရမလား…သား…ဒီ အကြွေစေ့နဲ့ ဆော့လို့ ရမလား”

ကျွန်မက တစ်ချက်ကြည့်လိုက်ပြီးနောက် ကျွန်မရဲ့ စိတ်တွေဟာ လက်ရှိ အချိန်ကနေ အတိတ်ကာလ တစ်ခုဆီ ချက်ချင်း ရောက်ရှိသွားပြီးနောက်

“သား ဆော့ချင်ရင် တခြား အကြွေတွေကို ယူဆော့လို့ရတယ်… ဒီ အကြွေစေ့ကိုတော့ ယူ မဆော့ပါနဲ့” လို့ ပြောလိုက်
ပါတယ်။

“ဒီ အကြွေစေ့က တခြား အကြွေစေ့တွေနဲ့ မတူဘဲ ထူးခြားတဲ့ အကြွေစေ့ပေါ့…ဒီအကြွေစေ့ကို မေမေ့ကိုပေးသွားတဲ့ အမျိုး
သမီးကြီးကို မေမေ နောက်ထပ် မြင်တွေ့နိုင်မှာ မဟုတ်တော့ဘူး”


ကျွန်မက သားကို ပြောရင်းနဲ့ အကြွေစေ့လေးကို သားဖြစ်သူရဲ့ လက်ထဲမှ ညင်သာစွာ ယူလိုက်ပါတယ်။

“ဒီ အကြွေစေ့က သူ့ ကာလတန်ဖိုးထက် ပိုပြီးတော့ တန်ဖိုးရှိတဲ့ အကြွေစေ့ပဲ”

ကျွန်မရဲ့ စကားကို ကြားတော့ သားဖြစ်သူက ကျွန်မကို နားမလည်နိုင်စွာပဲ အံအားသင့်တဲ့ အကြည့်နဲ့ ကြည့်ပါတယ်။ ကျွန်မ
က သား နားလည်အောင် ရှင်းပြရပါတော့တယ်။

၁၉၉၁ ခုနှစ်တုန်းက ကျွန်မက Niger ဆိုတဲ့ သဲမုန်တိုင်းထန်တတ်တဲ့၊ အလွန်ပူပြင်းတဲ့ အာဖရိက တိုင်းပြည်တစ်ခုမှာ ၅
လကြာမျှ ရောက်ရှိနေခဲ့ပါတယ်။ ရာသီဥတု ဆိုးရွားမှုကြောင့် ကောက်ပဲသီးနှံ မဖြစ်ထွန်းမှုကြောင့် တိုင်းပြည်ရဲ့ စီးပွားရေး
အခြေအနေက မကောင်းလှဘဲ တောင်းစားသူ ဦးရေများတဲ့ တိုင်းပြည်တစ်ခုပဲ ဖြစ်ပါတယ်။ လမ်းတွေပေါ်မှာ တောင်းတဲ့
သူတွေ များပြားလှတာကြောင့် ကျွန်မ အဲဒီနေရာမှာ အတော်လေးကို စိတ် မသက်မသာ ဖြစ်ခဲ့ပါတယ်။

“ကာဒို…ကာဒို”

ပြင်သစ်ဘာသာဖြင့် လက်ဆောင် …လက်ဆောင် ဟုအော်ကာ တောင်းနေကြတဲ့ အသံတွေ လမ်းတွေပေါ်မှာ ကြားနေ
ရပါတယ်။ (တစ်ချိန်က ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့တဲ့ အဲဒီ တိုင်းပြည်မှာ ပြင်သစ်ဘာသာစကားကို သုံးစွဲကြပါတယ်။)

ကျွန်မရဲ့ သူနာပြုအလုပ်တာဝန် ထမ်းဆောင်အပြီးမှာ ကျွန်မရဲ့  သူငယ်ချင်း တစ်ယောက်နဲ့ အတူ ကျန်းမာရေးဆေးခန်း
တစ်ခုကို အကူအညီ ပေးဖို့ အတွက် အနီးအနားက Burkina Faso ကို ရောက်ရှိ လာခဲ့ကြပါတယ်။ အဲဒီနေရာက ပိုပြီး
စိမ်းလန်းတယ်။ ကိုကာကိုလာကလည်း ပိုပြီး အရသာရှိတယ် လို့ ဒေသခံဝန်ထမ်းတွေရဲ့ ထောက်ခံစကားတွေ ကြားရပြီး
အဲဒီနေရာလေးကို ကျွန်မတို့ ရောက်ရှိလာကြခြင်းဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ ဦးတည်ရာဖြစ်တဲ့ Burkina ကို အငှားကားဖြင့် ရောက်ရှိလာကြတဲ့ အချိန်မှာ ညမှောင်နေပါပြီ။ ကျွန်မတို့ရဲ့
ခရီးဆောင် အ၀တ်သေတ္တာများ၊ အ၀တ်အိတ်များကို အငှားကားပေါ်မှ ချပါတယ်။ ကျွန်မမှာ ကျောပိုးအိတ် တစ်လုံး၊
လက်ပွေ့အိတ် တစ်လုံး၊ အ၀တ်သေတ္တာ အကြီး တစ်လုံး ပါ ပါတယ်။ ကျွန်မရဲ့ လက်ဆွဲအိတ်ကို ခြေထောက် နှစ်ချောင်း
ကြား ညှပ်ထားပြီးနောက် ကျွန်မရဲ့  အ၀တ် သေတ္တာ ကို လှမ်းယူ နေစဉ်မှာ အမှောင်ထဲမှ လူနှစ်ဦး မော်တော်ဆိုင်ကယ်နဲ့
ဖြေးညှင်းစွာ ကျွန်မရဲ့  အနားကိုကပ်လာပြီးနောက် ကျွန်မရဲ့  လက်ပွေ့အိတ်ကို ဆွဲယူ မောင်းပြေးသွားပါတယ်။ စက္ကန့် အနည်းငယ်အတွင်းမှာပဲ အဲဒီ မော်တော်ဆိုင်ကယ်က ညအမှောင်ထဲမှာ ပျောက်ကွယ်သွားပါတယ်။

အဲဒီ ကျွန်မရဲ့ လက်ပွေ့အိတ်ထဲမှာ ကျွန်မရဲ့ နိုင်ငံကူးလက်မှတ်၊ ပိုက်ဆံနဲ့ ခရီးသွား ချက်လက်မှတ်၊ ကင်မရာ၊ လေယာဉ်
လက်မှတ် နဲ့ တခြား ကျွန်မအတွက် အရေးပါတဲ့ စာရွက်စာတမ်းများ ၊ ပစ္စည်းများ ပါသွားပါတယ်။ ကျွန်မ အကြီးအကျယ်ကို ဒုက္ခရောက်တော့တာပါပဲ။ ကျွန်မတိုင်းပြည်ရဲ့ သံရုံးဖြစ်တဲ့ သြစတေးလျ သံရုံးကလည်း ကျွန်မရောက်နေတဲ့နေရာနဲ့ အနီး
ဆုံးဆိုလို့ အီသီယိုပီးယားမှာပဲ ရှိပါတယ်။

အဲဒီနောက်မှာတော့ ကျွန်မက ကျွန်မမှာ ကျန်ရှိနေတဲ့ ပစ္စည်းတွေကို သေချာစွာ စောင့်ကြပ်နေပြီး ဒေသခံလူတွေကိုလည်း
အမြဲ သံသယ မျက်လုံး ဖြင့်သာ ကြည့်နေပါတော့တယ်။ တာဝန်ရှိသူများက မေးမြန်းတာတွေကို လည်း ကျွန်မက စိတ်ရှုပ်
ခြင်းများ ၊ စိတ်မရှည်ခြင်းများ နဲ့သာ ပြန်ဖြေခဲ့ ပါတယ်။ ကျွန်မစိတ်မှာ ဖြစ်နေတာက အဲဒီနေရာကနေ အမြန်ဆုံး ထွက်သွား
ချင်တာပါပဲ။

အဲဒီ နေရာကိုလည်း ငရဲပြည်လို့ပဲ စိတ်ထဲမှာ ထင်နေတော့တယ်။ တစ်နေ့မှာတော့ Burkina ကလမ်းတွေပေါ်မှာ ကျွန်မ သွား
လာနေရင်းနဲ့ လမ်းပေါ်က တောင်းစားနေတဲ့ မိန်းမကြီးတစ်ဦးက သူ့လက်ဖ၀ါးကို ကျွန်မရဲ့ မျက်နှာရှေ့ ကိုဖြန့်ကာ

“ကာဒို…ကာဒို”

ဆိုပြီး ပိုက်ဆံတောင်းပါတယ်။

ကျွန်မက အဲဒီတိုင်းပြည်ရဲ့ လာဘ်ပေး လာဘ်ယူမှု၊ ဆင်းရဲမှု၊ ငတ်မွတ် ခေါင်းပါးမှု၊ သူခိုးပေါများမှု၊ ရာသီဥတုပူပြင်းမှု၊ ဖုန်ထူ
မှု၊ မပြည့်စုံ မလုံလောက်မှုနဲ့ မလိုအပ်ဘဲ အချိန်ဆွဲသော ရုံးလုပ်ငန်း တွေကို အတော်လေးကို စိတ်အချဉ်ပေါက်နေခဲ့တာနဲ့ စိတ်အတော်တိုသွားပြီး အဲဒီ အမျိုးသမီးကြီးကို ပြင်သစ်ဘာသာနဲ့ပဲ

“ကျွန်မဆီမှာ ဘာမှ မရှိတော့ဘူး…လွန်ခဲ့တဲ့ ၂ပတ်ကပဲ ကျွန်မ ဒီကိုရောက်ရောက်ချင်း သူခိုး ခိုးလို့ ကျွန်မပိုက်ဆံတွေ
လည်း ကုန်ပြီ… ကျွန်မ ဒီတိုင်းပြည်ကနေတောင် ထွက်လို့ မရတော့ဘူး… ကျွန်မမှာ ပိုက်ဆံမရှိတော့ဘူး …ရှင့်ကိုလည်း
ဘာမှ ပေးစရာ မရှိဘူး”


လို့ အော်ပြောလိုက်မိပါတယ်။ အဲဒီ အမျိုးသမီးကြီးက ကျွန်မ ပြောတာတွေကို သေချာကို ဂရုပြု နားထောင်ပါတယ်။ ပြီး
နောက် သူမရဲ့ အရေးအကြောင်းတွေထင်နေတဲ့ မျက်နှာနဲ့ သွားတွေမရှိတဲ့ အပြုံးနဲ့ ကျွန်မကို လှိုက်လှိုက်လှဲလှဲ ဖော်ဖော်
ရွေရွေ ပြုံးပြပါတယ်။ သူမရဲ့ ဂါဝန် အိတ်ကပ်ထဲကို လက်နှိုက်လိုက်ပြီးနောက်

“ဒါဆိုလည်း မင်းကို ငါက ကာဒို ပေးပါတယ်”
ဟုဆိုကာ ညိုညစ်နေသော အကြွေစေ့ တစ်စေ့ကို ကျွန်မရဲ့လက်ဖ၀ါးထဲကို ထည့်ပေးပါတယ်။

ကျွန်မ သူမကို တုန်လှုပ်ခြောက်ခြားစွာ ကြည့်လိုက်မိပါတယ်။ ဒီ အကြွေစေ့ ဟာ တကယ့်ကို သေးနုပ်လွန်းတဲ့ ငွေကြေး
ပမာဏပါ။ ဒါပေမဲ့ ဒီ အမျိုးသမီးကြီးအတွက်ကတော့ အစားအစာ တစ်နပ်စာ ဖြစ်နိုင်ပါတယ်။

အဲဒီ အခိုက်အတန့်မှာပဲ ကျွန်မကိုယ်ကျွန်မ ရှက်ရွံ့ခြင်းကို ခံစားလိုက်ရ ပါတယ်။ ကျွန်မ အရင်က လှုဒါန်းခဲ့တယ် ဆိုပေ
မယ့် ကျွန်မဟာ လူသားချင်း စာနာစိတ်နဲ့ လှုဒါန်းမှုတွေ လုပ်ခဲ့တာ မဟုတ်ဘူး။ တောင်းစားသူ အမျိုးသမီးကြီးက ကျွန်မ
လှုဒါန်းခဲ့တဲ့ ငွေပမဏနဲ့ ဘယ်လိုမှ မယှဉ်နိုင်လောက်တဲ့ အကြွေစေ့ကို ကျွန်မကို ပေးပေမယ့် ဒါဟာ သူ့ ဆင်းရဲငတ်မွတ်
မှုအတွင်းကနေ သူ့အတွက် တန်ဖိုး တစ်ခုခု ဖြစ်စေနိုင်တဲ့ ငွေကို ကျွန်မကို ပေးနိုင်၊ လှုဒါန်းနိုင်တဲ့ စိတ် သူ့မှာရှိတယ်။

အဲဒီ အချိန်မှာပဲ ကျွန်မ အရင်က ထင်မှတ်မထားတဲ့ Burkina Faso က လူတွေရဲ့ အလှတရားကို ကျွန်မ မြင်လိုက်ရတယ်။
အဲဒီ အခိုက်အတန့်လေး က ကျွန်မရဲ့ အမြင်တွေအားလုံးကို ပြောင်းလဲ သွားစေခဲ့တယ်။ အဲဒီ အကြွေစေ့လေးကို ကျွန်မ
အမြဲ သိမ်းထားမှာဖြစ်ပြီး သေးနုပ်လွန်းတဲ့ အရာလေးပင် ဖြစ်လင့်ကစား ကျွန်မရဲ့ ဘ၀ ခံယူချက်၊ အတွေးအခေါ်တွေကို ပြောင်းလဲပေးစေတဲ့ အရာလေးပဲ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် Reader’s Digest မှ Cathy Watson ၏ The Other Side of the Coin ကို ဘာသာပြန်ဆိုပါသည်။

ကြိုးစားပါအုံးမည့်ဖြိုးဇာနည့်ည့၁း၁၅တိတိ

2

အမေ့ကိုချစ်ပါတယ်အမေ

Posted by ဖြိုးဇာနည် on Tuesday, March 31, 2009 in
"သမီးရေ.......အိပ်ယာထတော့လေ။ ကျောင်းသွားရမယ်မလား။ "

အမေ့ရဲ့ အော်သံကြောင့် မျက်စိများ ပွင့်ခဲ့ရပါပြီ။ အမြဲတမ်း လုပ်နေကျအတိုင်း အိပ်ယာကနေ နိုးနိုးချင်း မှန်တွေ ကွဲအက်
နေတဲ့ နံရံကပ် နာရီကို လှမ်းကြည့်လိုက်ပါတယ်။ နာရီကို ကြည့်ပြီးတာနဲ့ ကျွန်မဟာ မျက်မှောင်ကြုတ်ရင်း အမေ့ကို ဘာလို့
ခုမှ နှိုးတာလဲ..နောက်ကျကုန်ပြီ...စိတ်တိုဘို့ ကောင်းလိုက်တာ ဆိုပြီး အော်ပြောလိုက်ပါတယ်။ ပြီးတော့ အခန်းတံခါးကို
ဒုန်းခနဲ မြည်အောင်ဆောင့် ပိတ်ပြီး ကျောင်းသွားဘို့ အလောတကြီးနဲ့ ပြင်ဆင်နေခဲ့ပါတယ်။ (မှတ်ချက်။ ကိုရီးယားမှ အ
ထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများမှာ ကျောင်းနောက်ကျလျှင် ပြင်းပြင်းထန်ထန် အပြစ်ပေးတတ်ပါသည်။)
အားလုံးပြင်ဆင်ပြီး ကျောင်းသွားဘို့ အိမ်ကထွက်မည်အလုပ်တွင် ကျွန်မနောက်ကနေ အမေ့အသံကို ကြားလိုက်ရပါတယ်။

"သမီး~~တောင်းပန်ပါတယ်ကွယ်...အမေ သိပ်နေမကောင်းလို့ပါ။ "

ဒီအသံကို ကြားတာနဲ့ ကျွန်မလဲ သိပ်စိတ်မရှည်တာနဲ့...

"ဒီတခါလည်း အအေးမိပြန်ပြီလား..အအေးကလည်း မိဘဲ မိနိုင်လွန်းတယ်။ "

ဒီတော့ အမေက ကျွန်မကို အားနာသောဟန်ဖြင့်

"နောက်ကျမှ နှိုးမိတဲ့အတွက် အမေ စိတ်မကောင်းပါဘူး......ဒီမှာ သမီးအတွက် ထမင်းဘူး ယူသွားဦးနော်။ "

ကျွန်မက ကျောင်းကလည်းနောက်ကျ စိတ်ကလည်းတိုနေတော့ အမေ လှမ်းပေးတဲ့ ထမင်းဘူးကို ကြမ်းပြင်ပေါ်ကို
ပစ်ချပြီး တော်ပြီ..မစားတော့ဘူး..ကျောင်းဘဲ သွားတော့မယ် ..ဆိုပြီး ကျွန်မ အိမ်မှ ထွက်လာခဲ့ပါတယ်။ အမေ့ကို
ဂရုမစိုက်ဘဲ ကျွန်မ ကျောင်းသွားမယ့် လမ်းကို ပြေးထွက်လာရင်း နောက်ကို တချက် ပြန်ကြည့်လိုက်တော့ အမေဟာ တိတ်တိတ်ဆိတ်ဆိတ်လေး ကျွန်မ ပစ်ချခဲ့တဲ့ ထမင်းဘူးကို ပြန်လည် ကောက်ယူနေတာကို တွေ့ရပါတယ်။ အမေ့
မျက်နှာက တကယ်ဘဲ ဖြူစွတ်နေတာကိုလည်း တွေ့လိုက်ပါတယ်။ ဒါပေမယ့် အမေက အမြဲတမ်း ဖျားနာနေကျမို့
ကျွန်မလည်း သိပ် စိတ်မပူဘဲ ကျောင်းသို့သာ ဦးတည်ပြီး သွားခဲ့ပါတော့တယ်။

ကျောင်းစတတ်တဲ့ အချိန်မှာ သတင်းတစ်ခုကို သိရပါတယ်။ ဒီအပတ် စနေနေ့ကို လေ့လာရေးခရီး ထွက်ရပါမယ်တဲ့။
ကျွန်မလည်း အရမ်းကို သွားချင်ခဲ့ပါတယ်။ သူငယ်ချင်းများနဲ့လည်း အတူတူ လျှောက်လည်ချင်သလို ဆင်းရဲခြင်းဆို
တာကိုလည်း တခဏလောက် မေ့ထားချင်ပါတယ်။ နောက်တခုက အမြဲတမ်း အိပ်ယာထဲ လဲနေတဲ့ အမေ့ကို လည်း
ခဏလောက် မေ့ထားပြီး သူငယ်ချင်းများနဲ့ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားချင်ပါတယ်။ ညနေ ကျောင်းဆင်းလို့ အိမ်
ကို ပြန်ရောက်တော့ အမေ့ကို ထုံးစံအတိုင်း အိပ်ယာထဲမှာ လှဲနေတာကို မြင်ရပါတယ်။ အမေ့ကို မြင်တာနဲ့ စိတ်ထဲမှာ
မကြေနပ်ချက်တွေ ပေါ်လာတော့တာပါဘဲ။ အမေကတော့ ကျောင်းကပြန်လာတဲ့ ကျွန်မကို ပြုံးပြုံးလေး လှမ်းကြည့်ပြီး
သမီးလေး....ပြန်လာပြီလား လို့မေးပါတယ်။ အမေက မေးတာကို ပြန်မဖြေဘဲ့

"အမေ...ဒီအပတ် စနေနေ့ ကျောင်းက သူငယ်ချင်းတွေနဲ့ လေ့လာရေးခရီးထွက်တာ သမီးလည်း လိုက်ချင်တယ်.... ပို့ပေးနော်။ "

"ဟင်..လေ့လာရေးခရီး...ဟုတ်လား သမီး...ဘယ်လောက်ကုန်မှာတဲ့လဲကွယ်။ "


အမေက ကုန်ကျစရိတ်ကို အရင်မေးတယ်။ ကျွန်မလည်း ကျွန်မတို့ မိသားစု အခြေအနေကြောင့် သွားရကောင်းမလား မသွားရကောင်းမလား ဝေခွဲမရ ဖြစ်နေပြီးမှ ၈ သောင်းပါ..အမေ လို့ ပြန်ဖြေခဲ့တယ်။ (မှတ်ချက်။ကိုရီးယားနိုင်ငံသည် ငွေကြေးဖောင်းပွသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။) ကျွန်မအဖြေကို ကြားတော့ ကျွန်မအမေက ၈...၈သောင်းကြီးများ
တောင် ဟု ပြန်၍မေးသည်။ ကျွန်မက အမေ့ကို အသံကျယ်ကြီးနှင့် ဘာလဲ...၈သောင်းတောင် မရှိဘူးလား ဟူ၍ ပြန်
မေးလိုက်ပါတယ်။ ကျွန်မ ဒီလို ဆင်းရဲတာမျိုးကို အရမ်းမုန်းပါတယ်။ လူတန်းစေ့ မနေနိုင်တဲ့ ကျွန်မဘ၀ကို စဉ်းစားမိ
တိုင်း စိတ်ပျက်အားငယ်မိပါတယ်။ အမေ့ကိုလည်း မုန်းတယ်။ ကျွန်မရဲ့ မိသားစုဝင်ဟာ အမေတစ်ယောက်တည်းသာ
ရှိတယ်ဆိုတဲ့ အမှန်တရားကိုလည်း မုန်းမိပါတယ်။ အမေက ခဏတာ သက်ပြင်းချပြီး စောင်အောက်ကနေ ဘဏ်စာ
အုပ်တစ်ခုကို ထုတ်ပေးပါတယ်။ ဒီမှာ အမေ တစ်ပြားနှစ်ပြား စုထားတဲ့ ငွေလေးတွေ....ဒီထဲကနေ ၈သောင်းထုတ်ပြီး
သွားချေ။ ကျွန်မမွေးကတည်းကစပြီး ပထမဆုံးအကြိမ် မြင်ဘူးတဲ့ ဘဏ်စာအုပ်ကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်ပါ
တယ်။ ပြီးတော့ အမေ့ကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းတောင် မပြောဘဲ မြို့ထဲမှာ ရှိတဲ့ ဘဏ်ကို အပြေး
လေး သွားခဲ့ပါတယ်။


ဘဏ်စာအုပ်ကို ဖြန့်ကြည့်လိုက်တော့ ၁၀သိန်းရှိနေတာကို တွေ့လိုက်ရပါတယ်။ ကျွန်မအတွက်ကတော့ အရမ်းကို
ပမာဏများတဲ့ ငွေပါဘဲ။ ဒီအချိန်အထိ ဒီငွေတွေကို ဘာလို့ မသုံးတာပါလိမ့်ဆိုတဲ့ အတွေးနဲ့ အမေ့ကို နည်းနည်း အမြင်ကတ်မိလိုက်ပါသေးတယ်။ ပြီးတော့ လေ့လာရေးခရီးအတွက် ၈သောင်းထုတ်လိုက်ပါတယ်။ ဘဏ်ထဲမှာ ၉သိန်း
၂သောင်းကျန်ပါသေးတယ်။ ၉သိန်း၂သောင်းတောင် ရှိတာ ထပ်ထုတ်လဲ ဘာမှ မဖြစ်ပါဘူးဆိုတဲ့ အတွေးဝင်လာခဲ့ပါ
တယ်။ ခုခေတ်က လူတိုင်း လက်ကိုင်ဖုန်းကိုင်နေတဲ့ ခေတ်ဖြစ်ပေမယ့် ကျွန်မမှာ လက်ကိုင်ဖုန်းမရှိတာကို သတိရမိ
တာနဲ့ လက်ကိုင်ဖုန်းကောင်းကောင်း တစ်ခု ၀ယ်ဘို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ ဘဏ်ထဲကနေ နောက်ထပ် ၄သိန်း
ထုတ်လိုက်ပါတယ်။ အနီးအနားမှာ ရှိတဲ့ လက်ကိုင်ဖုန်းအရောင်းဆိုင်ကို သွားပြီး နောက်ဆုံးပေါ် လက်ကိုင်ဖုန်းတစ်
ခု ၀ယ်လိုက်တယ်။ ပျော်လိုက်တာလေ..ကျွန်မဘ၀မှာ တခါမှ မရဘူးတဲ့ ပျော်ရွှင်မှုမျိုးကို ကျွန်မ ခံစားခဲ့ရပါတယ်။ ဒါနဲ့ ဖုန်းအသစ်ကလေးကို ကိုင်ပြီး မြို့ထဲကို လျှောက်လည်နေခဲ့မိတယ်။ အဲဒီမှာ အရောင်အသွေးတွေကလည်း စုံ၊ ဒီဇိုင်း
တွေကလည်း မိုက်တဲ့ အ၀တ်အစားလှလှလေးတွေကို မြင်တော့ ကျွန်မ ၀ယ်ချင်ပြန်ရော။ ဒါနဲ့ ဘဏ်ကို နောက်တစ်
ခါ ထပ်သွားပြီး ၂သိန်းထပ်ထုတ်လိုက်တယ်။ အင်္ကျီတွေအများကြီး ၀ယ်လိုက်တယ်။ တထည်ပြီး တထည် စမ်းဝတ်
လိုက် မှန်ကြည့်လိုက်နဲ့ အရမ်းကို ကျေနပ်နေခဲ့တယ်။ မှန်ကြည့်နေရင်းက သဘောမကျစရာတစ်ခု မျက်စိထဲကို ၀င်
လာတယ်။ အဲဒါကတော့ အမေ ညှပ်ပေးတဲ့ ဆံပင်ပုံစံကြီးပါဘဲ။ တောဆန်ပြီး ပုံတုန်းလိုက်တာ လွန်ရော။ ဒီဆံပင်ပုံစံ
ကို ပြောင်းဘို့ ဆုံးဖြတ်လိုက်တယ်။ နောက်တခေါက် ဘဏ်ကို သွားတယ်။ ၅သောင်းထပ်ပြီး ထုတ်လိုက်တယ်။ ဆံပင်
ပုံစံ လှလှလေး ညှပ်တယ်။ ကဲ...အားလုံး အိုကေပြီ။ စနေနေ့ လေ့လာရေး ခရီးထွက်ရန် လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်
ဘို့သာ လိုအပ်တော့တာမို့ ကျွန်မ ဘဏ်ထဲမှာ ကျန်တဲ့ ငွေတွေနဲ့ လိုအပ်တာတွေအားလုံးကို စွတ်ဝယ်ခဲ့ပါတယ်။
အားလုံးဝယ်ပြီးတော့ ၉သောင်းသာ ကျန်ပါတော့တယ်။ ကျွန်မလည်း သူများနည်းတူ ၀တ်နိုင်စားနိုင်ပြီမို့ အတိုင်း
ထက်အလွန် ၀မ်းသာနေခဲ့မိပါတယ်။ ကျွန်မကြိုက်တာတွေအားလုံး လုပ်ပြီးပြီဖြစ်၍ စိတ်ပျက်စရာကောင်းသော အိမ်
သို့ ခြေလှမ်းခဲ့ပါတယ်။


အိမ်ရောက်တော့ အမေအိပ်နေတာကို တွေ့လိုက်ရတယ်။ အဟွန်း..အဟွန်း ကျွန်မ တမင်တကာ အသံပြုလိုက်ပါတယ်။
ကျွန်မအသံကို ကြားတော့ အမေ နိုးလာတယ်။ ကျွန်မလည်း အမေ့ကို ဘဏ်စာအုပ်လေး ပြန်ပေးလိုက်တော့ အမေက
ဘဏ်ထဲ ငွေဘယ်လောက်ကျန်သည်ကိုပင် ကြည့်မနေဘဲ ဘဏ်စာအုပ်လေးကို စောင်အောက်ထဲ ထိုးထည့်ထားလိုက်
ပါတယ်။ ဒါနဲ့ဘဲ စောင့်မျှော်နေခဲ့တဲ့ စနေနေ့ကို ရောက်လာခဲ့ပါတယ်။ လှလှပပ သားသားနားနား ၀တ်စားသွားတဲ့ကျွန်မ
ကို သူငယ်ချင်းတွေက အားကျနေတာကို မြင်ပြီး ကျွန်မ ကျေနပ်နေမိပါတယ်။ ၂ညအိပ်၃ရက်ခရီးကို သူငယ်ချင်းများနဲ့အ
တူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်။ ဒီရက်ပိုင်းတွေမှာတော့ ဆင်းရဲခြင်းနဲ့ အမြဲတမ်းမမာနေသော အမေ့ကို ခဏတာ
မေ့ထားနိုင်ခဲ့ပါတယ်။ တကယ်ကို ပျော်စရာကောင်းခဲ့တဲ့ နေ့ရက်တွေပေါ့။


ခုတော့ ၂ညအိပ် ၃ရက်ခရီးဟာ ပြီးဆုံးခဲ့ပါပြီ။ ဒီလို ပျော်စရာကောင်းတဲ့ အချိန်တွေဟာ မြန်မြန်ဆန်ဆန်နဲ့ ပြီးဆုံးသွား
ခဲ့ပါပြီ။ ထပ်မံပြီး စိတ်ပျက်စိတ်ညစ်စရာကောင်းသော အိမ်ကို ပြန်ရအုံးမှာပါလားဆိုတဲ့ အတွေးနဲ့ ကျွန်မ ခြေလှမ်းတွေ လေးနေခဲ့ပါတယ်။ ခြေလှမ်းလေးလေးနဲ့ဘဲ အိမ်ကို ပြန်လာခဲ့ပါတယ်။ အိမ်ကို ပြန်ရောက်တာနဲ့ ကျွန်မက အမေ...သ
မီး ပြန်လာပြီ။ ဟု အော်ပြောလိုက်တယ်။ ဒါပေမယ့် အိမ်ကြီးဟာ ထူးဆန်းအံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်
နေခဲ့ပါတယ်။ ဒါနဲ့ ထပ်ပြီး အမေ..သမီး ပြန်လာပါပြီဆိုနေမှ ဟူ၍ ထပ်မံ အော်လိုက်တယ်။ ဒါလည်း ဘာအသံမှ မကြား
တာနဲ့ ကျွန်မ တော်တော် စိတ်တိုသွားတယ်။ စိတ်တိုတိုနဲ့ အိပ်ခန်းတံခါးကို ဒုန်းခနဲ မြည်အောင် စောင့် ဖွင့်လိုက်တော့
အမေက အိပ်ယာထဲမှာ လှဲနေတာကို တွေ့လိုက်ရပါတယ်။ အမြဲတမ်း ကျွန်မ ပြန်လာလျှင် ပြုံးပြီး ကြိုတတ်တဲ့ အမေက
ယခု ကျွန်မ ပြန်လာတာကို ဘာစကားမှ ပြန်မပြောခဲ့ပေ။ ကျွန်မ ပိုက်ဆံတွေအများကြီး သုံးခဲ့လို့ အမေ စိတ်ဆိုးနေတယ်
အထင်နှင့် အမေ့ကို လှုပ်နှိုးလိုက်တဲ့ အခါမှာတော့ အမေ့ တစ်ကိုယ်လုံး အေးစက်နေတာကို တွေ့လိုက်ရပါတယ်။ ကျွန်မ
ရဲ့ မျက်လုံးတွေထဲမှာ ခန်းခြောက်ခဲ့ပြီ ဖြစ်တဲ့ မျက်ရည်တွေဟာ ထူဆန်းစွာဘဲ ကျဆင်းလာခဲ့သလို ကျွန်မရဲ့ နှလုံးသား
တွေဟာလည်း ရပ်တန့်သွားမတတ် လန့်သွားခဲ့ပါတယ်။ ကျွန်မ ဒီလောက်မုန်းခဲ့တဲ့ အမေ အေးစက်နေတာကို တွေ့
လိုက်တော့ ကျွန်မ အရမ်းကို ၀မ်းနည်းခဲ့ရပါတယ်။ ယုံလည်း မယုံနိုင်ဘူး ဖြစ်နေခဲ့တယ်။ ဒါနဲ့ အမေ့ကို အတင်း လှုပ်
၍သာ နှိုးနေခဲ့မိပါတယ်။ ဒါပေမယ့် အမေဟာ ကျွန်မ ဘယ်လောက်ဘဲ နှိုးနှိုး နိုးထမလာခဲ့တော့ပါဘူး။ ဒါနဲ့ စောင်ထဲက
ဘဏ်စာအုပ်ကို ယူပြီး အမေ့ မျက်စိနားကို ကပ်ကာ အမေ...သမီး နောက်ကို ဒီလို မလုပ်တော့ပါဘူး ....ဒီလိုဘယ်တော့
မှ မလုပ်တော့ပါဘူး...မျက်စိလေး ဖွင့်ကြည့်ပါ အမေရယ်....ဆိုပြီး ကျွန်မ အော်ဟစ်ငိုနေခဲ့မိပါတယ်။ ဒီအချိန်မှာဘဲ ဘဏ်
စာအုပ်ထဲက တစုံတခု ထွက်ကျလာတာကို မြင်လိုက်ပါတယ်။ အဲဒါကတော့ အမေ့ရဲ့ နောက်ဆုံးစာပါဘဲ။ ကျွန်မ မရဲတရဲနဲ့
ဖြန့်ကြည့်မိပါတယ်။


သို့
အမေ့ရဲ့ အချစ်ဆုံး သမီးလေး ကြည့်ရန်

သမီးလေး...အမေ့ကို မုန်းတယ်မလားဟင်...
ဆင်းရဲတွင်းကိုလည်း သေလောက်အောင်မုန်းတယ်မလား သမီးလေး....
အမေတောင်းပန်ပါတယ် သမီးလေးရယ်...အမေ တောင်းပန်ပါတယ်...
ဒီအမေက ပညာကလည်း မတတ် ပိုက်ဆံကလည်း မရှိ...
ငါ့သမီးလေးကို ပေးဘို့ အမေ့ရဲ့ မေတ္တာကလွဲပြီး မရှိတဲ့ သူပါ သမီးလေး...
အမေ အခုလို သမီးလေးကို လူ့လောကမှာ တစ်ယောက်တည်း ထားခဲ့ရတာကို အမေ စိတ်မကောင်းပါဘူး သမီးလေးရယ်...
အမေက ရောဂါဖြစ်ပြီး သမီးလေးကို အခုလို ထားခဲ့ရတာပါ...
တကယ်တော့ ခွဲစိတ်ကုသရင် ပျောက်နိုင်တယ်တဲ့...ဒါပေမယ့် ခွဲစိတ်ကုသစရိတ်က နည်းတာမဟုတ်ဘူးလေ....
ဒါနဲ့ အမေ စဉ်းစားလိုက်တယ်... အမေသာ ခွဲစိတ်ကုသမှု မခံရင် ငါ့သမီးလေး ကြိုက်တာဝယ် ကြိုက်သလို သုံးနိုင်တယ်..ဒီတော့ အမေ ခွဲစိတ်ကုသမှုမခံဘို့ ဆုံးဖြတ်လိုက်တယ်။
ဒါပေမယ့် သမီးလေးရယ်..ရက်တွေကြာလာတာနဲ့အမျှ တဖြည်းဖြည်း ဆိုးလာတာကြောင့် ခုတော့ အမေ့ သမီးကို ထားခဲ့ရတော့မယ်။
ဒီလောက် အသုံးမကျတဲ့အမေ့ကို အမေလို့ သတ်မှတ်ပေးတဲ့ အတွက် ငါ့သမီးလေးကို ကျေးဇူးတင်ပါတယ်...
အမေက ဒီကမ္ဘာပေါ်မှာ ငါ့သမီးလေးကို အချစ်ဆုံးဆိုတာကို သိတယ်မလား သမီး....
အမေ့ရဲ့ စောင်ကို သေသေချာချာ ရှာကြည့် ဘဏ်စာအုပ်တစ်ခု ထွက်လာလိမ့်မယ်...အမေ အနှစ်နှစ်အလလ စုဆောင်းခဲ့တယ့် ငွေလေးတွေပါ။
သိန်း၂၀၀လောက်ရှိမယ်...
ငါ့သမီးလေးတော့ ဆင်းဆင်းရဲရဲမနေရတော့ဘူးပေါ့...

သမီးလေးကို အမြဲတမ်းချစ်နေမယ့် အမေ



ဒီစာကို ဖတ်ပြီးတဲ့ အခါမှာ ကျွန်မကိုယ် ကျွန်မ မုန်းတီး စက်ဆုတ်လာမိပါတယ်။ အမေ့ကို မုန်းခဲ့တာထက် အဆ၁ထောင်
၁သောင်းမက ကျွန်မကိုယ်ကျွန်မ မုန်းတီးမိပါတယ်။ သမီး သုံးခဲ့တဲ့ ငွေတွေက ခွဲစိတ်ခတွေ..ခွဲစိတ်ခတွေ အမေရယ် ဘာ
လို စောစောက မပြောခဲ့တာလဲ။ သမီးလို အမေ့ စေတနာကို နားမလည်တဲ့ လူကို ဒီလောက်တောင် ချစ်ရလား။ နောက်ဆို ကျောင်းသွားဘို့ နှိုးပေးတဲ့ အမေ့ အသံကို လည်း မကြားနိုင်တော့ဘူး။ အမေ ထုတ်ပေးတဲ့ ထမင်းဘူးလေးကိုလည်း မစား
နိုင်တော့ဘူး။ အိပ်ယာထဲမှာ လှဲနေတဲ့ အမေ့ကိုတောင် မမြင်နိုင်တော့ဘူးဆိုတဲ့ အသိတွေနဲ့ ကျွန်မ ရူးမတတ် ဝမ်းနည်းခံစား
နေရပါတယ်။ အမေရယ် နောင်ဘ၀ဆိုတာရှိခဲ့ရင် သမီး အမေနဲ့ ပြန်တွေ့ချင်ပါတယ်။ အမေ့ကို မပေးခဲ့ရတဲ့ သမီးရဲ့ မေတ္တာ
တွေကိုလည်း ပေးချင်ပါတယ်။ ဒီလို အတွေးတွေကို တွေးရင်း ကျွန်မ အတော်ကြာအောင် ငိုပြီးမှ အမေ့ကို တစ်ခါမှ မပြော
ဘူးတဲ့ စကားလေး တစ်ခွန်းကို ပြောဘို့ သတိရခဲ့ပါတယ်။ သတိရရချင်း ကျွန်မ အမေ့ကို ကြည့်ပြီး ပြောလိုက်ပါတယ်။

"အမေ.....သမီးလည်း အမေ့ကို အရမ်းချစ်ပါတယ်။ "

သားသမီးတိုင်းမိဘများကိုမှန်ကန်စွာချစ်တတ်ကြပါစေ့ဖြိုးဇာနည့်ည့၉း၀၅တိတိ

3

ကျွန်တော့်ဝါသနာလေးများ

Posted by ဖြိုးဇာနည် on Monday, March 30, 2009 in
တစ်နေ့တစ်နေ့ဘာရေးရရင်ကောင်းမလဲစဉ်းစားရတာအမောပါပဲ။ဒီလိုနဲ့မနေ့ကဆီပုံးမှာလာအော်သွားတဲ့ဘလော့ဂါ
သယ်ရင်းလေးမေဒီတက်ထားတာကိုတွေ့လိုက်ရတော့စဉ်းစားရတာသက်သာသွားတယ့်အဟတ်ဟတ့်တန်းရေး
ရုံပဲပေါ့စဉ်းစားရတာကိုသက်သာစေတဲ့အတွက်မေဒီ့ကိုတောင်ကျေးဇူးတင်မိတယ်။ဝါသနာလေးများ ခေါင်းစဉ်နဲ့
ပေါ့။ဟဲဟဲ့ဝါသနာဆိုမှပဲကိုယ်ဘာဝါသနာပါလဲဆိုတာတောင်တော်တော်လေးပြန်စဉ်းစားယူရတယ့်သိတယ်မို့လား
ဦးနှောက်ကခပ်ကြောင်ကြောင်ရယ်လေ့


ဒါလေးတွေပေါ့ကျွန်တော့်ဝါသနာတွေလေ့

(၁)
ကျွန်တော်ငယ်ငယ်ကနေစပြောရမယ့်ငယ်ငယ်တုန်းကဆိုရင်ကျောင်းတတ်ရမှာပျင်းတယ်ဗျ။ကျောင်းရောက်ရင်တော့
ပျော်ပါတယ်။မနက်စောစောဆိုရင်ကျူရှင်က၆နာရီလေ။အစောကြီးထရမှာကိုပျင်းတာ။စောစောထရတာကိုပျင်းတာနဲ့ပဲ
ကျောင်းတတ်ရမှာကိုပါပျင်းလာတယ်ဆိုပါတော့။ဝါသနာဆိုတာအကျင့်လို့လဲပြောကြည့်လို့ရတယ်ဗျလွယ်လွယ်ပြောရမယ်
ဆိုရင်ပေါ့။ဒါကြောင့်ကျွန်တော်ဟာငယ်ငယ်ကစောစောထရမှာကိုပျင်းတယ်။ကျောင်းရောက်ရင်တော့အားရင်ပုံတွေလျောက်
ဆွဲတတ်တယ်။ကျောင်းစာအုပ်မှန်သမျှစာအုပ်ရဲ့အနောက်ဆုံးစာမျက်နှာမှာဆိုရင်ပုံတွေအပြည့်ပဲဗျ့ဟီး။ဟုတ်တိပက်တိ
လည်းဆွဲတတ်တာမဟုတ်ပါဘူး။ဆွဲလိုက်ရင်စစ်တိုက်တဲ့ပုံတွေချည်းပဲ။စစ်သားပုံလေးတွေပေါ့ဟားဟား။မေမေတို့က
တော့ပြောတယ်စစ်ရူးတဲ့ငါ့သားကြီးလာရင်စစ်ဗိုလ်ဖြစ်မှာသေချာတယ်တဲ့။အဟတ်ဟတ့်သေချာတာတစ်ခုကတော့
အခုတော့ စစ်ဗိုလ်မပြောနဲ့ စစ်တပ်နဲ့အဝေးကြီးဟီး။လာလို့လဲဆိုတော့၁၀တန်းအောင်တဲ့အချိန်မှာဗိုလ်သင်တန်းတတ်ရင်
ပင်ပန်းတယ်အသကုန်မောင်းခံရတယ်ဆိုတာနဲ့ဝေါင်ဝေါင်ရှေးဝေးဝေးရှောင်ခဲ့တာဟီးးးးးး

(၂)
အသက်ကလေးနဲနဲရလာတော့ပုံဆွဲတာထက်ကဗျာရေးရတာကိုပိုနှစ်သက်လာတယ်။ကဗျာစရေးမိခြင်းအကြောင်းကိုတော့
ကျွန်တော့်ရဲ့အရင်postအဟောင်းဖြစ်တဲ့ ဖေဖေ့ဆီကကော်ပီတစ်ပုဒ်မှာပြောပြထားဖူးပါတယ်။ဒီလိုပါပဲကဗျာရူးဖြစ်လာပါတယ်
ဆိုပါတော့ကလေးသာသာတစ်ယောက်ရဲ့ကဗျာတွေဆိုတော့အချစ်အကြောင်းတွေတော့သိပ်မဟုတ်လှဘူးဗျ။အဲ့ကျွန်တော်
ငယ်ငယ်ကရေးတဲ့ကဗျာတွေတိုင်းမှာထူးခြားတာတစ်ခုကတော့ကဗျာလေးတွေတိုင်းမှာကဗျာရဲ့အဓိပ္ပယ်နဲ့သက်ဆိုင်တဲ့ပုံလေး
တွေတစ်ပုံတစ်ပုံဆီတော့ပါတတ်တယ်ဗျ။အဟတ်ဟတ့်အခုအချိန်မှာတော့စာအုပ်အဟောင်းတွေထဲမှာကျွန်တော်ငယ်ငယ်
တုန်းကရေးထားတဲ့ကဗျာတွေပြန်ရှာတွေ့ပြီးဖတ်ကြည့်မိရင်တော့ဟာသတစ်ပုဒ်ကိုဖတ်လိုက်မိသလိုပါပဲဟတ်ဟတ်ပက်ပက်
ကိုရယ်ရတယ်ဗျာ့

(၃)
အလယ်တန်းကျောင်းသားဘဝရောက်တဲ့အချိန်မှာတော့စာအုပ်တွေကိုစွဲစွဲမြဲမြဲဖတ်တတ်လာတယ်။ခိုးခိုးဖတ်ရတာပေါ့ဗျာ။
ကျောင်းဖွင့်နေရက်နဲ့စာမကျက်ပဲနဲ့ကာတွန်းစာအုပ်တွေဖတ်ရင်ဖေဖေမေမေတို့ကဆူတယ်ဗျ။ဒါပေမဲ့ဝါသနာဆိုတာတားမရ
ဘူးပေါ့ဗျာ့လစ်ရင်လစ်သလိုဖတ်ခဲ့တာပါပဲ။စာကြီးပေကြီးတွေပေါ့ဟတ်ဟတ် ရတနာတို့၊ဘိုဘိုတို့၊ရယ်ရွှင်မြူးတို့ပေါ့
လေ။အဲဒီတုန်းကတော့ဘိုဘိုဆိုအသည်းစွဲပေါ့ဗျာမလွတ်တမ်းဖတ်ခဲ့တာ။အသက်ကလေးနဲနဲရလာတော့အဆင့်နဲနဲတတ်လာ
တယ်။ဝိဇ္ဖာတို့၊အကြည်တော်တို့၊ဝေမှုးသွင်တို့လိုဟာမျိုးတွေပေါ့ဟဲဟဲ။ဝိဇ္ဖာကိုအသည်းစွဲပြန်ဖြစ်သွားတယ်ဗျမှတ်မှတ်ရရ
ဝိဇ္ဖာကာတွန်းစဖတ်ဖူးတာကပိုးဟပ်နဲ့ကောင်မလေးတစ်ယောက်အကြောင်းပေါ့ဗျာ။နာမည်ကတော့မေ့သွားပြီတော်တော်
ကြိုက်ခဲံ့တာဗျ။ရင်ခုန်တတ်စအရွယ်ဆိုတော့ဝိဇ္ဖာကာတွန်းထဲကကောင်မလေးတွေကိုရူးသွပ်ဖူးတယ်။အခုအထိတော့အကြည်
တော်ကိုအကြိုက်ဆုံးလို့ပြောလို့ရပါတယ်။လေးစားတာကတော့ဖေမြင့်ပေါ့ခဏခဏဖတ်ဖြစ်တယ်ဖေမြင့်စာအုပ်တွေမှန်သမျှ
တော်တော်များများကျွန်တော့်မှာရှိတယ်။တရားစာအုပ်ဆိုရင်တော့နို့နှစ်လုံးဖိုးကျေပါတယ်တစ်အုပ်ပဲအလွတ်နီးပါးရဖူးတယ်။
ကျန်တာတွေကတော့သမန်ကာရှန်ကာပါပဲပါးပါးလေးတော့ဟိုစပ်စပ်ဒီစပ်စပ်လိုက်ဖတ်ဖြစ်ခဲ့တယ်။

(၄)
ဆယ်တန်းအောင်ပြီးတဲ့နောက်မှာတော့သူငယ်ချင်းတွေနဲ့လ္ဘက်ရည်ဆိုင်ထိုင်ရတာကိုရူးသွပ်ဖူးတယ်။Music Crazyတစ်ယောက်
အနေနဲ့ပေါ့။အိမ်မှာဆိုအခွေအသစ်ထွက်ရင်ဝယ်ပြီးသားပဲ။ကြိုက်လို့ကတော့တစ်ပုဒ်ထဲကိုတစ်ထိုင်ထဲအခါနှစ်ဆယ်လောက်
အထိဖွင့်ဖူးတယ်။နောက်တော့အိမ်မှာနေရင်အဆူခံရတယ်ဆိုတာကိုပဲနားလည်လာတတ်ခဲ့တယ်။မိဘတွေကတော့ဒီအရွယ်က
ပျက်စီးလွယ်တယ်ဆိုပြီးထိမ်းကြတာပေါ့ဗျာ။ဒါကိုတစ်လွဲအဓိပ္ပယ်ကောက်ပြီးအပြင်မှာအချိန်ဖြုန်းတတ်လာတယ်။အချိန်ဖြုန်းဖို့
အကောင်းဆုံးနေရာကတော့လမ်းထိပ်ကလ္ဘက်ရည်ဆိုင်ပေါ့လေ။သူငယ်ချင်းတွေတရုန်းရုန်းနဲ့လ္ဘက်ရည်ဆိုင်ထိုင်ရတာကိုနှစ်
သက်လာတယ်။နောက်တော့လ္ဘက်ရည်ဆိုင်မှာ ချက်စ် ကစားရတဲ့ကိုဝါသနာထုံခဲ့တယ်။အားရင် ချက်စ် ထိုးနေတော့တာပါပဲ။
အိမ်မှာရောပေါ့ ချက်စ် ရူးလို့ပြောခံရတဲ့အထိပါပဲ။အဆိုးထဲကအကောင်းပေါ့ဗျာရပ်ကွက်ကလုပ်ပေးတဲ့ ချက်စ် ပြိုင်ပွဲမှာဒုတိယ
ရဖူးတယ်။ဟဲဟဲ ကြွားတာတော့ဟုတ်ပါဘူးဟီ့းပြောပြရုံလေးပါ။

(၅)
နောက်ပိုင်းမှာတော့ဂီတကိုတော်တော်လေးရူးသွပ်လာတယ်။အားရင်သူငယ်ချင်းတွေစုပြီးအပျော်တမ်းတည်ထောင်ထားတဲ့
studioမှာပဲအချိန်ပြည့်ရှိနေတတ်ခဲ့တယ်။ဖြစ်ဖြစ်မြောက်မြောက်တော့မဟုတ်ခဲ့ပါဘူး။သူငယ်ချင်းတချို့ကတော့ဖြစ်မြောက်သွား
ခဲ့ကြပါတယ်။ကျွန်တော်ကတော့မိဘတွေမကြိုက်တာလဲပါတာပေါ့။သင်္ကြန်တွေဘာတွေဆိုရင်တော့စင်ပေါ်တတ်ဖြစ်ပါတယ်။
အခွေကြမ်းလေးတွေကတော့တော်တော်လေးလုပ်ဖြစ်ခဲ့တယ်။ချမပြဖြစ်ခဲ့ပါဘူး။ဒီလိုနဲ့ပဲဒီဝါသနာကတစ်ခန်းရပ်သွားခဲ့တယ်
ဆိုပါတော့

(၆)
အခုအချိန်မှာတော့ကွန်ပျုတာကိုအရမ်းရူးသွပ်နေတယ်။အင်တာနက်မချိတ်ခင်ကတော့Gameအရူးပေါ့ဗျာ။ကွန်ပျူတာဂိမ်းနဲ့
p2ပေါ့ဗျာ။ပြောလို့ပြောတာမဟုတ်ဖူးဘောလုံးဂိမ်းကိုသာကျွန်တော်တို့မြို့မှာပြိုင်ပွဲလုပ်ပေးကြတာနပန်းကိုကျတော့မလုပ်ပေး
ကြဘူး။နပန်းသာပြိုင်ပွဲလုပ်ပေးမယ်ဆိုလို့ကတော့ကိုယ့်ကိုကိုယ်ရုံတယ်။လုံးဝပထမရမှာအသေအချာပဲ။ကျွန်တော်နဲ့အတူနပန်း
ဂိမ်းဆော့ဖူးတဲ့သူမှန်ကမျှကျွန်တော့်ကိုမနိုင်ကြဘူး။ချွင်းချက်အနေနဲ့ကတော့P2မှာပဲနော်ကွန်ပျူတာနပန်းမှာတော့သိပ်မကျွမ်း
ဘူး။ဒီလိုနဲ့ပဲအချိန်လေးနည်းနည်းရရင်အိမ်မကပ်ပဲCyber Cafeမှာပဲအချိန်ကုန်နေတတ်တဲ့ကျွန်တော့်အတွက်ဖေဖေနဲ့မေမေတို့
အင်တာနက်ချိတ်ပေးလိုက်တယ်။ပျော်လိုက်တာမှပြောမပြတတ်အောင်ပါပဲ။ဒီနောက်ပိုင်းမှာတော့အားရင်ကွန်ပျူတာရှေ့မှာပဲ
အချိန်ကုန်နေတတ်တယ်(မအားအားအောင်လဲလုပ်တတ်တယ်)ထမင်းမေ့ဟင်းမေ့ပေါ့။မကောင်းတဲ့အကျင့်တစ်ခုကတော့
ညဆိုရင်မအိပ်တာပါပဲ။မေမေတို့ရှေ့ကနေအိပ်တော့မယ်ဆိုပြီးထွက်လာတယ်ပြီးတော့အခန်းထဲရောက်တာနဲ့ကွန်ပျူတာရှေ့
မှာအသေအချာကိုအခန့်သားရောက်နေပြီ။တိတ်တိတ်လေးလဲကလိတတ်လာတယ်။Chatရင်းနဲ့ရယ်စရာတွေ့ရင်တောင်ခိုးရယ်
တတ်လာခဲ့တဲ့အထိပေါ့။အခုနောက်ဆုံးရူးသွပ်နေတာကတော့blogရေးရတာကိုပေါ့။blogအတွက်အချိန်တွေအများကြီးယူတတ်
လာတယ်။အားရင်blogမရေးရင်တောင်မှရေးပြီးသားတွေပြန်ဖတ်နေတတ်ခဲ့တာအကျင့်တစ်ခုပဲပေါ့။ဒါပေမဲ့အခုအချိန်အထိတော့
ကျွန်တော့်ကိုယ်ကျွန်တော်Bloggerတစ်ယောက်အဖြစ်မရုံရဲသေးဘူး။ကျွန်တော့်ကိုယ်ကျွန်တော်Bloggerတစ်ယောက်အဆင့်မ
ရောက်သေးဘူးလို့ထင်နေတုန်းပါပဲ။အခုနောက်ဆုံးမှာတော့ကျွန်တော်ဝါသနာပါတဲ့Musicနဲ့ပက်သက်ပြီးအဖြူရောင်သံစဉ်မှာDJ
ခွင့်ရခဲ့တယ်။DJလုပ်ရတာကိုလဲအရမ်းပျော်တယ်။ဘာပဲဖြစ်ဖြစ်အခုလက်ရှိကျွန်တော့်ရဲ့ Life Style ကိုကျွန်တော်သဘောကျတယ်။
အကျေနပ်ဆုံးအခြေအနေမှာကျွန်တော်ရောက်ရှိနေပါတယ်။

ဒါတွေကတော့ကျွန်တော့်ရဲ့ဝါသနာတွေလို့ပြောလို့ရသလိုကျွန်တော့်ရဲ့အကျင့်တွေလို့လဲပြောလို့ရပါတယ်။အခုလိုတင်ပြခွင့်ရလိုက်
တာကိုလဲကျွန်တော်ကျေနပ်မိတယ်။ပြီးတော့ ကျွန်တော့်ကို ဝါသနာလေးများ အကြောင်းရေးပေးပါဆိုပြီးတက်လာသယ်ရင်းတဲ့မေဒီဇာ
ကိုလည်းအရမ်းပဲကျေးဇူးတင်ပါတယ့်

လူတွေထဲကလူတစ်ယောက်လိုဝါသနာလေးများနဲ့အသက်ရှင်နေတဲ့
ဖြိုးဇာနည့်ည့က၁၂း၀၀တိတိ

2

အချစ်ဆုံးအတွက် နှင်းဆီ တစ်ခင်း

Posted by ဖြိုးဇာနည် on Sunday, March 29, 2009 in
အချစ်ဆုံးအတွက် နှင်းဆီ တစ်ခင်း

“မင်း ထိတွေ့ခံစားနိုင်တာ၊ နမ်းကြည့်နိုင်တာ၊ အရသာ ခံကြည့်နိုင်တာနဲ့
မြင်နိုင်တာတွေဟာ အစစ်အမှန် ဖြစ်ခဲ့မယ်ဆိုရင် အစစ်အမှန် ဆိုတာဟာ
မင်းဦးဏှောက်ကသိတဲ့ လျှပ်စစ် အချက်ပြတွေပဲကွ။”
Morpheus, The Matrix (1999)


အမှန်တော့ မည်သူမပြု မိမိမှုပင် ဖြစ်သည်။ အဲဒီ ဂေါက်တောက်တောက် အကောင်ကို ပြန်မချစ်လိုက်နဲ့ဟု သူမ၏ သူငယ်ချင်းများက အတန်တန် သတိပေးခဲ့သည်ပဲ။

စက်ပစ္စည်းများဖြင့် အမြဲ အလုပ်ရှုပ်နေသော၊ တစ်နေကုန် တကုပ်ကုပ် တွက်ချက်နေတတ်သော သူသည် ချစ်မှ ချစ်တတ်ပါလေစ။ သူမ ဒီမနက်လုံး မနက်စာကိုပင် လှည့်မကြည့်နိုင်အားဘဲ၊ ပြီးစီးလုနီး ပန်းချီကားကိုပင် လက်စ မသတ်နိုင်အားပဲ တံခါးဝ အနီးတွင် ငုတ်တုတ် ဖြစ်နေမည်ကို သူသိမှ သိပါလေစ။

အို … ဒီနေ့ ဘာနေ့လဲဆိုတာကိုတောင် သူသိပါလေစ။စိတ်တိုလာသဖြင့် ရုပ်သံစက်ကို ဖွင့်လိုက်သည်။ ကပ္ပလီ ကတုံးကြီးတစ်ယောက်
နှင့် အရပ်ရှည်ရှည် မင်းသား တစ်ယောက်ကို မြင်ရသည်။ ကပ္ပလီကြီးက ဒဿနတွေ ပြောနေသည်။ ဟောလီဝုဒ်မှာ ရိုက်ခဲ့သော သိပ္ပံ စိတ်ကူးယဉ် ဇာတ်ကား ဖြစ်မည်။ မကြည့်ချင်သဖြင့် သတင်းလိုင်းကို ပြောင်းလိုက်သည်။ စက္ကူဖြင့် နှင်းဆီပန်းရုပ်ကလေးတွေ ချိုးရောင်း
သော ဆိုင်တွင် ကောင်လေးတွေ သူတို့ကောင်မလေးတွေအတွက် ပန်းဝယ်ဖို့ တန်းစီနေကြသည်ကို ထုတ်လွှင့်လျှက်ရှိသည်။ အဆိုပါ စက္ကူရုပ်ဆိုင်သည် ယနေ့ ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းရုပ် တစ်မျိုးတည်းသာ ရောင်းချလျက်ရှိသည်ဟုကြေငြာနေ
သည်။

သူမနေထိုင်ရာ ကိုလိုနီ - ၅၇ တွင် စိုက်ပျိုးရေးအတွက် မြေနေရာအကန့်အသတ်ဖြင့်သာရှိသဖြင့် စားကုန်သီးနှံများကိုသာ ဦးစားပေး စိုက်ပျိုးရာပန်းအစစ်ကို မြင်ချင်လျှင် ပြတိုက်မှာ ဆေးစိမ်ထားတာကိုသာ သွားကြည့်ရသည်။ သို့ဖြစ်၍ ကောင်မလေးတွေကလဲ စက္ကူဖြင့် ခေါက်ထားသော နှင်းဆီပန်းများဖြင့်သာ ကျေနပ်ကြရလေသည်။ ငွေကြေး တတ်နိုင်သူများကတော့ နှင်းဆီပန်းရနံ့ကို ဈေးကြီးပေးဝယ်ကာ စက္ကူပန်းပွင့်ကလေးများတွင် ဖျန်း၍ သူတို့၏ ချစ်သူ မိန်းကလေးများကို ပေးကြသည်။

ဟိုးအရင် မြေကမ္ဘာ တွင် နေထိုင်ခဲ့ကြသော မိန်းကလေးများသည် ချစ်သူများနေ့တွင် နှင်းဆီပန်း လတ်လတ်ဆတ်ဆတ်များကို လက်ခံ ရရှိကြသည်။ ပန်းအစစ်၏ ရနံ့ကို တ၀ကြီး ရှုရှိုက်ခွင့်ရသည်။ ပန်းစည်းကို တစ်ဖက်ကကိုင်၊ ကျန်တစ်ဖက်ဖြင့်ချစ်သူ့လက်မောင်းကို ယီးလေးခိုပြီး အလွန်လှပသော ရေပန်းများဖြင့်တန်ဆာဆင်ထားသည့် ပန်းခြံများတွင် လမ်းလျှောက်ကြသည်ကို သူမ ရုပ်သံစက်တွင် ကြည့်ဖူးသည်။ အိမ်ပြန်ရောက်သောအခါ ပန်းများကို တာရှည်ခံအောင် အခြောက်ခံထားဖို့ သူမတို့တတွေ အလုပ်ရှုပ် ကြရပေ ဦးမည်။ မည်မျှ ကြည်နူးဖွယ် ကောင်းပါသနည်း။ ကိုလိုနီပေါ်ရှိ မိန်းကလေးများ၏ နစ်နာဆုံးရှုံးမှုအတွက် လူသားတို့ကို တော်လှန်စစ်ခင်း ခဲ့သော စက်များကိုပင် အပြစ်တင်ရမည်လား၊ မိုးကောင်းကင်ကို အရောင်ဆိုး ခဲ့သော ဘိုးဘွားများကိုပင် အပြစ်တင်ရမည်လား သူမ မသိနိုင်တော့။ သူမ သိသည်ကတော့ ပန်းမကြိုက်တဲ့ မိန်းကလေး ရှိလို့လားဟု သူမ ပြောစဉ်က ရယ်နေခဲ့သော၊ ပန်းအစစ်ကလေး တစ်ပွင့်ပဲ ဖြစ်ဖြစ် လိုချင်တာပေါ့ဟု ပူဆာစဉ်က တစ်ပွင့်မကဘူး… ပန်းအစစ် ရောင်စုံ တစ်ခင်းလုံး ရစေရမယ် ဟု ရွှတ်နောက်နောက် ကတိပေးခဲ့သော သူ ပေါ်မလာခြင်းပင် ဖြစ်သည်။

ဘယ်သွားသေနေလဲ မသိဘူး ဟု ရွေရွတ်ရင်း ရုပ်မြင်ဖုန်းကို သူမကောက်ကိုင်လိုက်သည်။ ပြီးတော့မှ မဟုတ်သေးပါဘူးဟု တွေးကာ ပြန်ချထားလိုက်သည်။ ဟိုတစ်နေ့က ဇိုင်ယွန်ကို ခဏဆင်းမည်ဟု ပြောသည်။ ပြန်မှရောက်သေးရဲ့လား မသိ။ အဲဒီကို သွားတာ သူမ မကြိုက်၊ အန္တရာယ်များသည်။ ပြောပြန်တော့လဲ နားမထောင်၊ အရေးကြီးလို့ဟုဆိုကာအတင်းသွားသည်။ခဏနေတော့ဖုန်းခလုတ်များ
ဆီကို လက်ကရောက်သွားပြန်သည်။ ခေါ်လိုက်တော့လဲ ကိုယ်တော်မြတ်က မကိုင်၊ပြန်မရောက်သေးတာလား၊ အိပ်ပျော်နေတာများလား။
တစ်ခါတလေ ဒီလိုပဲ ညနက်တဲ့အထိ အလုပ်လုပ်ပြီး မနက်ဆို မထတတ်။ အိပ်နေတာပဲ ဖြစ်ပါစေ။ နောက် ၃ ခါမြောက်ခေါ်သောအခါကျ
မှ အိပ်ယာထဲမှ ဖုန်းခလုတ်ကို လှမ်းဖွင့် လိုက်ပုံပေါ်သော ကိုယ်တော်ချောကို မျက်လုံးပိတ်လျက်သား မြင်ရသည်။ ညနက်သွားလို့ခဏ
လေး အိပ်ပါရစေ ဟုလဲ ကြားလိုက် ရသေးသည်။ စိတ်ပူနေတဲ့သူကိုမှ အားမနာ။ ဖုန်းခလုတ်ကို သူမ ချက်ချင်း ပိတ်ပစ် လိုက်လေသည်။

မနေ့ညက ဆွဲလက်စ ပန်းချီကားကိုပဲ လက်စသတ်တော့မယ်ဟု တွေးရင်း အလုပ်စားပွဲတွင် သူမထိုင်သည်။ သူမ ဆွဲနေသော ပန်းချီ နည်းစနစ်သည် ဟိုးအရင် အင်တာနက် ပေါ်လာကာစက ခေတ်စားခဲ့သော နည်းလမ်းဟောင်းဖြစ်သည်။ ၂၅၆ မျိုးသော သင်္ကေတများကို နေရာတကျချထားခြင်းဖြင့် မိမိဆွဲလိုသော ပုံပေါ်လာအောင် ဖန်တီးရသော နည်းစနစ် ဖြစ်သည်။ အပျင်းပြေပြီး အချိန်ကုန်လို့ ကုန်မှန်း
မသိသော ၀ါသနာ တစ်ရပ်လဲ ဖြစ်သည်။ သူမကတော့ သူမ တတ်ကျွမ်းသော အစီအစဉ် ဆွဲသားခြင်း (programming) နှင့် ပေါင်းစပ်
ကာ သရုပ်မှန်နှင့် ပိုမို နီးစပ်သော ပုံများကို ဆွဲသားလေ့ ရှိလေသည်။

ခေါက်ဆွဲပြုတ် တစ်ပန်းကန်ကို ဘေးမှာချကာ ရေးလိုက်၊ ဆွဲလိုက်၊ မကြိုက်လျှင် ပြင်လိုက်ဖြင့် တံခါးခေါက်သံ ကြားရသောအခါတွင်မှ ညနေစောင်းပြီဆိုတာကို သတိပြုမိလေသည်။

သူ ။ ။ “ကလေး … ငါပါ။”
သူမ ။ ။ “ဘယ်က ငါ တုန်း။”

တော်သေးတာပေါ့။ ပေါ်လာသေးလို့။ သူသည် သူမကို ကလေးဟု ခေါ်လေ့ရှိပြီး သူ့ကိုယ်သူတော့ ငါ ဟု သုံးစွဲတတ်သည်။ အဲဒါကို သူမကလဲ တစ်စက်ကလေးမျှ မကြိုက်။

သူ ။ ။ “တံခါးဖွင့်ပါဦး။”
သူမ ။ ။ “ဘာလုပ်ဖို့တုန်း။”
သူ ။ ။ “ဖွင့်ပြီးရင် သိမှာပေါ့။”

တွေ့လား။ အမြဲတမ်း အဲဒီလိုပဲ။ လျို့ဝှက်ဆန်းကြယ် လုပ်တတ်သည်။

စူပုပ်နေသော မျက်နှာဖြင့် တံခါးကို သူမ သွားဖွင့်သည်။ သူ၏ လက်ထဲတွင် ပန်းအစစ် မပြောနှင့်၊ စာရေးစက္ကူဖြင့် ပြီးစလွယ် ခေါက်ထားသော ပန်းပွင့် ကလေးပင် မပါ။ ဦးထုပ်လိုလို စက်ပစ္စည်းတစ်ခုကို သူ ကိုင်လျက်သား တံခါးဝတွင် ရပ်နေသည်။ အဆိုပါ ပစ္စည်းတွင် ဓာတ်ကြိုးများဖြင့် ရှုပ်ယှက်ခတ်နေလေသည်။

သူ ။ ။ “ရော့ … အဲဒါလေး ခဏ တပ်လိုက်။”

အမိန့်သံနှင့်အတူ ထို ဦးထုပ်ကို သူလှမ်းပေးနေပြန်သည်။ ဦးထုပ်၏နောက်စေ့နေရာတွင် အမြီးရှည်ရှည်ကြီး တစ်ခုလဲ ပါသည်။ ပမာပြောရလျှင် ရှေးခေတ် မန်ချူးတရုတ် အမတ်များဆောင်းသော အမြီးရှည်နှင့် ဦးထုပ်ပုံစံကို ဓာတ်ကြိုးများဖြင့် ပြုလုပ်ထားသည့် ကလေးကစားစရာ အပေါစားနှင့် တူနေသည်။

သူ ။ ။ “ယူလေ။”

သူတကယ်ပဲ ဒီနေ့ကို မေ့နေတာပဲ။ တစ်ညလုံးလဲ ဒီဦးထုပ်စုတ်နဲ့ အလုပ်ရှုပ်နေတာ ဖြစ်ရမည်။ အခုလဲ အဲဒါကို စမ်းသပ်ချင်၍ သူမထံသို့ ရောက်လာတာပဲ။ သူသည် သူ၏ ပစ္စည်းများကို သူမကို အမြဲ စမ်းသပ် အသုံးပြုခိုင်းတတ်သည်။ ဟိုတစ်နေ့ကလဲ အင်္ကျီလိုဟာတခုကို စမ်းဝတ် လိုက်ရာ ဓာတ်လိုက်ခံရသည်။ သူငယ်ချင်းတွေ စကား နားမထောင် မိတာ အခုမှ နည်းနည်း နောင်တ ရချင်သလို ဖြစ်လာသည်။ သူမ လှမ်းအယူကိုပင် မစောင့်တော့ပဲ သူကိုယ်တိုင် ထိုဦးထုပ်ကို သူမခေါင်းပေါ်သို့ ဆောင်းလိုက် လေသည်။

သူမ ။ ။ “ဟာ … ဖယ်။ မယူဘူး။”
သူ ။ ။ “လိမ္မာပါတယ်ကလေးရယ်။ တစ်ညလုံး မအိပ်ရသေးလို့ မနက်က ဖုန်းထမကိုင်တာပါ။”

ကြည့် … ဘာကို စိတ်ဆိုးနေမှန်းတောင် မသိ။ တုံးလိုက်တာ။

ငြင်းလို့လဲရမှာမဟုတ်တဲ့အတူတူ အသာဆောင်းထားလိုက်ရသည်။ ဦးထုပ်နောက်က အမြီးအရှည်ကြီးသည် သူမ၏ တင်ပါးနားအထိ ရောက်နေ သည်။ အမြီးရှည်ကြီး နေရာမလွဲစေရန်သူက ကြိုးများဖြင့် ချည်သေးသည်။ ဒီတစ်ခါ ဓာတ်လိုက်ရင် ရုန်းမရအောင် တုပ်ထားတာ ထင်ပါရဲ့။ သူမစိတ်ကို လျှော့ထားလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။

အသင့်ဖြစ်ပြီလားဟု ကြားလိုက်ရပြီး သူမအဖြေကိုပင် မစောင့်ဘဲ စက်အပေါ်ပိုင်းရှိ ခလုတ်တစ်ခုကို သူ ဖွင့်လိုက်လေသည်။
သိပ္ပံဝတ္ထုများထဲကလို လျှပ်စီးလဲမလက်၊ ၀ုန်းကနဲလဲ မမြည်ပါ။ သို့သော် သူမ၏ အိမ်ခန်းထဲတွင် မဟုတ်တော့တာတော့ သေချာသည်။ သူမ မျက်လုံးများကို ပိတ်ထားသော်လည်း သူမ မြင်နေရသည်။ လေအေးပေးစက်ကို ပိတ်ထားသော်လည်း လေပြေ လေညှင်းကလေးက သူမခန္ဓာကို ပွတ်သပ် ကျီစယ်နေသည်။ သူမ၏ နှာခေါင်းဝသို့မွှေးရနံ့ တစ်ခုကလဲ အသာအယာ တိုးဝင်လာသည်။ သူမမှတ်မိသည်၊ဒါ နှင်းဆီပန်းရနံ့။

သို့သော် ပြတိုက်မှာ နမူနာပြထားသော ရနံ့ထုတ်စက်မှ ရနံ့လို ပုံသေ စူးစူးကြီး ဖြစ်မနေ။ တိုက်ခတ်နေသော လေပြေလေညှင်း နှင့်အတူ တိုးလာလိုက်၊ လျော့သွားလိုက်။ မျက်စိရှေ့မှ မြင်ကွင်းသည်ကား မယုံနိုင်ဖွယ်ကောင်းလွန်းတော့သည်။ အနီ၊ အပြာ၊ အ၀ါ၊ အဖြူ၊ ပန်းရောင် - ရောင်စုံ၊ နှင်းဆီပန်းတွေ ရောင်စုံပါလား။ မျက်စိတဆုံး၊သူမပတ်ပတ်လည်မှာ အပြည့်အ၀ ပွင့်လန်းနေသော နှင်းဆီ
ပန်းခင်းကြီး။ မဆီမဆိုင် မနက်တုန်းက မြင်လိုက်ရသည့် ကပ္ပလီမင်းသားကြီး၏ ဒဿနတွေ သူမ အမှတ်ရလာသည်။ ဘာပဲပြောပြော သူ ကတိတည်ခဲ့ ပါသည်။

“မင်း ထိတွေ့ခံစားနိုင်တာ၊ နမ်းကြည့်နိုင်တာ၊ အရသာ ခံကြည့်နိုင်တာနဲ့
မြင်နိုင်တာတွေဟာ အစစ်အမှန် ဖြစ်ခဲ့မယ်ဆိုရင် အစစ်အမှန် ဆိုတာဟာ
မင်းဦးဏှောက်ကသိတဲ့ လျှပ်စစ် အချက်ပြတွေပဲကွ။”
Morpheus, The Matrix (1999)


Inspired from "The Matrix", "Gundam" series, "i-Robot" and ဂျူး ၏ "ချစ်သူရေးတဲ့ ကျွန်မရဲ့ ည တွေ"
တဲ့လေ

သူတို့တွေကဒီလိုရေးခဲ့ဖူးတယ်လေ့ဒီလိုဆိုတော့ကျွန်တော်ကလည်းဟောဒီလိုပဲပြန်ရေးချပစ်လိုက်တာပေါ့
အချစ်ဆုံးအတွက် နှင်းဆီ တစ်ခင်း တဲ့


ဖြိုးဇာနည့်ညနေ့၎း၅၀တိတိ

1

သံသရာကိုလှည့်ကြည့်ခြင်း

Posted by ဖြိုးဇာနည် on Saturday, March 28, 2009 in
သံသရာလည်နေတယ်ဆိုတဲ့သဘောတရားကတော့ဒီနေရာလေးမှာဟာသဖြစ်သွားသလိုပါပဲ။
တကယ်ပဲ ဒီလိုသံသရာလည်တတ်သလားဆိုတာတော့ ကျွန်တော်အသက်မကြီးဖူးသေးတော့
သေချာမသိဘူးဗျ့ဟီ့းလည်ချင်လည်မလည်ချင်နေဗျာကျွန်တော်ကတော့ဒီလို့
ရေးပစ်လိုက်တယ်


အသက် ၄ နှစ်အရွယ်တွင် အောင်မြင်မှုဆိုသည်မှာ ဘောင်းဘီထဲအီအီးမပါရေးပင်ဖြစ်သည်။

အသက် ၁၂ နှစ်အရွယ်တွင် အောင်မြင်မှုဆိုသည်မှာ သူငယ်ချင်းရရှိရေးပင်ဖြစ်သည်။

အသက် ၁၆ နှစ်အရွယ်တွင် အောင်မြင်မှုဆိုသည်မှာ ယာဉ်မောင်းလိုင်စင်ရရှိရေးပင်ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ်တွင် အောင်မြင်မှုဆိုသည်မှာ ငွေကြေးပိုင်ဆိုင်မှုဖြစ်သည်။

အသက် ၅၀ နှစ်အရွယ်တွင် အောင်မြင်မှုဆိုသည်မှာ ငွေကြေးပိုင်ဆိုင်မှုဖြစ်သည်။


အသက် ရ၀ နှစ်အရွယ်တွင် အောင်မြင်မှုဆိုသည်မှာ ယာဉ်မောင်းလိုင်စင်ရရှိရေးပင်ဖြစ်သည်။

အသက် ရ၅ နှစ်အရွယ်တွင် အောင်မြင်မှုဆိုသည်မှာ သူငယ်ချင်းရရှိရေးပင်ဖြစ်သည်။

အသက် ၈၀ နှစ်အရွယ်တွင် အောင်မြင်မှုဆိုသည်မှာ ဘောင်းဘီထဲအီအီးပါမချရေးပင်ဖြစ်သည်။


အဟတ်ဟတ့်ကိုယ့်ဟာကိုယ်သံသရာလည်ပေးကြည့်တာ့လည်သွားတယ်လို့တော့ထင်တာပါပဲ။
သံသရာဆိုတာတကယ်လည်မလည်သေချာသိရအောင်ဒီလိုစမ်းသပ်ကြည့်ပါလားနော့်
သံသရာလည်မလည်ဆိုတာကိုအထက်ပါစာသားလေးတွေထဲကအရောင်တူလေးတွေကိုတွဲပြီးဖတ်ကြည့်ပါနော်။


စာပေကိုလေးစားစွာဖြင့်ကြိုးစားနေသော့ဖြိုးဇာနည့်ည့၆း၂၀တိတိ

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.