အနာဂဏ်ကိုကြိုဆိုခြင်း
၁၉၈၈ခုနှစ်ရဲ့တစ်ခုသောမနက်ခင်းမှာကောင်လေးတစ်ယောက်လောကကြီးကိုငိုသံတွေနဲ့နှုတ်ဆက်ပြီး
ဝင်ရောက်လာခဲ့တယ်။သူ့ရဲ့ငိုသံတွေကိုအသာယာဆုံးသီချင်းတစ်ပုဒ်လိုနားဆင်နေသောလူသားနှစ်ဦး
လည်းသူ့ဘေးမှာရှိနေခဲ့တယ်လေ။
၁၉၉၀ခုနှစ်ရဲ့မနက်ဖြန်တွေတိုင်းမှာသူဟာ ဖေဖေ၊မေမေဆိုပြီးတီတီတာတာခေါ်ရင်းကမ္ဘာမြေကြီးပေါ်
မှာယိမ်းထိုးယိမ်းထိုးလမ်းလျှောက်ရနိုင်စေဖို့အတွက်မိဘဆိုတဲ့ဝေါဟာရကိုကောင်းကောင်းနားမလည်
သေးပေမဲ့ဖေဖေ၊မေမေတို့ရဲ့ဆုပ်ကိုင်ပြီးထူမပေးထားမဲ့လက်တစ်စုံကိုအလိုလားဆုံးဖြစ်မိခဲ့တယ်။
၁၉၉၂ခုနှစ်မှာတော့ ဖေဖေ မေမေ တို့ရဲ့စိတ်မကောင်းမှုတွေကျွန်တော့်ရဲ့ဝမ်းနည်းငိုကြွေးမှုတွေကိုအရင်း
တည်လို့မူကြိုဆိုတဲ့ကျောင်းကလေးဆီကိုကျွန်တော်ရောက်ခဲ့ရတယ်။သယ်ရင်းတွေဆိုတာကိုကျွန်တော်
တွေ့မြင်ခဲ့ရတယ်လေ။
၁၉၉၄ခုနှစ်မှာတော့ ကျွန်တော်ဟာ ကကြီး ခခွေး တွေပေကျံ နေတဲ့ကလေးလေးတစ်ယောက်ပေါ့။အင်္ဂျာီ
အဖြူကိုအနီဖြစ်အောင်လုပ်တတ်တဲ့ပညာမှာတော့တဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ ငပေ ကလေးတစ်
ယောက်အနေနဲ့ပေါ့။
၁၉၉၆မှာတော့မြန်မာ့ခရီးသွားနှစ်ကိုကြိုဆိုပါ၏ ဆိုတဲ့စာကြောင်းလေးကိုနေရာတိုင်းမှာတွေ့ရပြီးအဲဒီ
စာလေးတွေကို တေဇ၊ရွှေသွေး တွေနဲ့အတူအပြိုင်ဖတ်နိုင်ခဲ့တဲ့ကောင်လေးတစ်ယောက်ပေါ့။
၁၉၉၈မှာစာအရမ်းတော်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ခဲ့သလိုအရမ်းကမြင်းတဲ့ ကလေးတစ်ယောက်
အဖြစ်နဲ့လည်းနာမည်ရခဲ့တယ်လေ။မျက်ခုံးမွှေးနှစ်ခုကြားမှာအမာရွတ်ကလေးတစ်ခုကိုပိုင်ဆိုင်နိုင်ခဲ့တယ်။
ကျောင်းကစားပွဲခုံနဲ့အမှတ်တရပေါ့။
၂၀၀၀မှာတော့အုန်းဆီတွေရွှဲနေအောင်လိမ်းလို့သနပ်ခါးအဖွေးသားနဲ့လက်သည်းခြေသည်းမှန်မှန်ညှပ်
တတ်တဲ့ကောင်ငယ်လေးတစ်ယောက်ဖြစ်လာခဲ့တယ်။
၂၀၀၂ခုနှစ်မှာတော့အင်္ဂျာီအဖြူကိုဖုန်တစ်စက်တောင်အပေမခံတတ်တဲ့ဂျစ်ကန်ကန်ကောင်လေးတစ်
ယောက်ကျောင်းထဲမှာဂေါ်လီလိုလိမ့်နေခဲ့တယ်လေ။လ္ဘက်ရည်ဆိုတဲ့အရာသာထက်လ္ဘက်ရည်ဆိုင်က
ထိုင်ခုံတွေကိုပိုခင်တွယ်တတ်ခဲ့တဲ့အချိန်တွေပေါ့ ။
၂၀၀၄ခုနှစ်မှာတော့တစ်နှစ်ဆိုတဲ့တန်ဖိုးကိုမသိတစ်သိနဲ့တွေဝေနေတတ်တုန်းမှာပဲမန္တလေးအဆောင်ကို
မျက်စိသူငယ်နားသူငယ်နဲ့ရောက်ခဲ့ရတယ်။ကိုယ့်ကိုကိုယ်အထက်တန်းကျောင်းသားဆိုပြီးဘဝင်မြင့်နေ
တတ်တဲ့ကောင်လေးတစ်ယောက်အနေနဲ့ပေါ့။
၂၀၀၆ခုနှစ်ရောက်မှပဲ၁၀တန်းရဲ့အောင်မြင်မှုကိုချိုချိုမြိန်မြိန်ခံစားခဲ့ရတယ်။မိဘတွေမျက်နှာပွင့်ခဲ့တဲ့အ
ချိန်တွေပေါ့ ။ဂုဏ်ထူးပါတယ်ဆိုတဲ့အရသာဟာသူများတွေထက်သာပါလားဆိုတာကိုတွေးတောမိခဲ့ပါ
တယ်။အဲဒီနောက်တော့တက္ကသိုလ်နယ်မြေထဲမှာနားကြပ်ကြီးတကားကားနဲ့ပတ်လိမ့်နေခဲ့တဲ့အချိန်တွေ
ပေါ့
၂၀၀၈မှာတော့အတွေးအခေါ်တွေရင့်ကျက်ပြီးလူတွေကြားထဲမှာရုန်းကန်နေတတ်ခဲ့ပြီလေ ။ကျောင်းပြီး
ဖို့ ၂နှစ်ကျန်နေသေးပေမဲ့လုပ်ငန်းခွင်ထဲမှာကို့ရို့ကားယားနဲ့သူလိုကိုယ်လိုပြေးလွှားခဲ့တဲ့အချိန်တွေပဲပေါ့။
ကိုယ့်စေတနာကိုယ့်ဆီပြန်လာဆိုသလိုပဲ အများပို့သတဲ့မေတ္တာတွေကြောင့်ကျွန်တော်ဟာလောကကြီး
ထဲမှာအပြုံးတွေနဲ့ရပ်တည်ခွင့်ရခဲ့တယ်လေ့
၂၀၀၉ခုနှစ်မှာတော့မိဘကိုကူညီရင်းနဲ့လိမ္မာတဲ့သားတစ်ယောက်ဖြစ်အောင်ကြိုးစားနေခဲ့ပါတယ်။အချိန်
တွေကိုအကျိုးရှိစွာအသုံးချရင်းပညာကိုလဲဆုံးခန်းတိုင်စေပြင်ပလောကမှာလည်းနောက်ကျမှုမရှိစေရဆို
တဲ့စီမံကိန်းနဲ့မိဘတွေနဲ့အတူနေ့ရက်တွေကိုကုန်လွန်နေတဲ့အချိန်လေးတွေပေါ့ ။ စာကျက်မယ် Blog ရေး
မယ် DJ လုပ်မယ် အဲလောက်ပါပဲ ။ကျန်တဲ့ကဏ္ဍတွေမှာတော့ကျွန်တော်စိတ်ဝင်စားမှုမရှိသေးပါဘူး။
နဲနဲပါးပါးတော့အပျော်အပါး ရှိတာပေါ့လေ။အချစ်နဲ့ပက်သက်လို့ကတော့ ကျွန်တော့်အချစ်ဆုံးသူကို
လက်ညှိုးထိုးပြပါ့မယ် ဖေဖေ နဲ့ မေမေ ကလွဲလို့ကျန်တာ မရှိသေးတဲ့အချိန်ပေါ့။လက်ရှိအခြေအနေကို
ပြောပြတာပါ။ နောက်တော့ နောက်ပေါ့နော် ဟားဟား အာမ မခံဘူး ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အခုလတ်တလောမှာတော့ ဒီပုံစံအတိုင်းလေးနဲ့ပဲမနက်ဖြန်အနည်းငယ်ကိုကျွန်တော်ကြိုဆိုနေဆဲပါပဲ။
ဘယ်အချိန်မှာဘာတွေပြောင်းလဲပစ်မယ်ဆိုပြီးတော့လဲ ကျွန်တော်ကြိုတင်မတွေးထားသေးပါဘူး။အခု
တွေးထားတာကတော့မနက်ဖြန်အနည်းငယ်လောက်ပဲတွေးထားတာမို့ ကျွန်တော်ဒီလောက်ပဲ ချရေး
လိုက်ရပါတယ်။အော့်ကျွန်တော်အနာဂဏ်ပျောက်နေတာတော့မဟုတ်ဖူးနော့်ကျွန်တော့်အနာ
ဂဏ်ကို ကျွန်တော်လက်ပိုက်ပြီးတော့ စောင့်ကြိုနေတာပါ။့
လူတွေထဲကလူတစ်ယောက်ပေမဲ့သူများတွေလိုမဟုတ်တဲ့ဖြိုးဇာနည့်ည့၁၁း၂၉တိတိ