5

ဇာနည်ပြန်လာပီ

Posted by ဖြိုးဇာနည် on Wednesday, July 22, 2009 in
ခဲတံပျောက်သည့်နေ့

အပြင်မှာ မိုးတွေက တဖွဲဖွဲကျဆင်းနေသည်။ ကျောင်းသားများအားလုံးကား အတန်းရှေ့မှ ဟန်ပါပါသင်ကြားနေသော ရူပဗေဒဆရာ၏ အသံစူးစူးထံသို့သာ အာရုံစိုက်လျက်။ ထိုအခိုက်တွင် အရာအားလုံးဆိတ်သုန်းသွားသည်၊ ဆရာ၏မျက်လုံးသည်ကား အံ့သြစွာဖြင့် အတန်းအနောက်ဆုံးမှ ၀င်ပေါက်ဆီသို့…….. ကျောင်းသားများအားလုံးသည်လည်း မဆိုင်းမတွပင် တစ်နေရာတည်းသို့ လှည့်ကြည့်ကြကုန်၏။

မတ်တူးကားအဖြူတစ်စီးကား မောင်းထွက်သွားပြီ၊ မိန်းကလေးတစ်ယောက်သည်လည်း လက်ညိုးကလေးကိုထောင်လျက် တစ်လှမ်းခြင်းလျှောက်ဝင်လာ၏။ အရာအားလုံးသည်ကား ခေတ္တမျှ ရပ်ဆိုင်းကုန်၏။ ပြန်လည်အသက်ဝင်စေသည်ကား ဆရာ၏အသံတည်း……
(( လပ်နေတဲ့နေရာမှာ အဆင်ပြေသလိုထိုင်လိုက်ပါ ))

အားလုံးကတော့ ဆရာကိုမကြည့်တော့ပေ။ ထိုထို မိန်းကလေးဆီသို့သာ၊ အမှန်တကယ်ပင် ထိုကာလက မီနီဂျင်းစကတ်တိုဝတ်လျက်၊ စွပ်ကျယ်လက်ပြတ်ကို ဇာလွှာအင်္ကျီ ထပ်ထားသောမိန်းကလေး၏အလှတရားကား…….(( ခေတ်စကားဖြင့် အရမ်းလန်ထွက်နေတယ်))လို့ ပြောရုံပင်အားမရနိုင်ပါ။

သူမကား ကျွန်တော့် အရှေ့တန်းမှာဝင်ထိုင်လိုက်သည်၊
(( အား… ))

အလန့်တကြားထအော်မိသည်။

ကျွန်တော်၏ ခြေမကိုသူမ၏ဒေါတ်ဖိနပ်နှင့်တက်နင်းထားခြင်းဖြစ်သည်။

(( ဆောရီး)) ဆိုသည့်စကာကိုသာ အားမရစွာမြိုချခဲ့ရသည်.. စိတ်ထဲမှာတော့သိမ်မကြည်လှ။

အတန်းထဲက ယေက်ျားကလေးများစွာကတော့ ခိုးခိုးကြည့်လျက်။ သိမ်ချစ်စရာကောင်းသည်တဲ့…အဘယ်ကိုဆိုသည်နည်း။ ကိုယ့်ကိုကိုယ်တော့မေးမိသည် ဘာမှန်းတော့မသိ..ကျွန်တော်သိသည်ကား ဘယ်ရောက်နေမှန်းမသိသော ကျွန်တော်၏တစ်ခုတည်းသော ခဲတံလက်တစ်ဆစ်။ ဆရာကလည်းပုံလိုက်ဆွဲရန်ပြောနေပြီ..ဆွဲစရာခဲတံကားမရှိ။ ကျွန်တော်သည်ကားကျောင်းသွားလျင် ခဲတံတစ်ချောင်းနှင့် ဗလာစာအုပ်တစ်အုပ်ကိုသာယူသွားတက်သည်။ ခက်ချေပြီ။ ခဲတံက အပိုမရှိတော့။ ဟိုလှန်သည်လှန် စာအုပ်ကိုလှန်သည်..ဟိုငုံ့ သည်ငုံ့ ခုံအောက်သို့ငုံ့ကြည့်သည်..ဟိုရှာသည်ရှာ လုပ်သည်။ သူမက မျက်ထောင့်နီကြီးနှင့် လှည့်ကာ လှည့်ကာကြည့်သည်။ ကျွန်တော်သည်လည်း ရှက်ကိုးရှက်ကန်းဖြစ်နေပြီ သူမသည်လည်းအရှေ့မှ ဂနာမငြိမ်တော့။ သူမကား သင်္ကာမကင်းသည့်နှယ် ခိုးခိုးကြည့်နေသည်။ ကျွန်တော်သည်လည်း သဲသဲမဲမဲရှာနေဆဲ။ မိန်းမတစ်ယောက်၏ သင်္ကာမကင်းသောအကြည့်သည် ခွေးချေးပုံတက်နင်းမိသည်နှယ် နေရခက်ချေသည်။ ဆရာကလည်းလှမ်းပြီးကြည့်သည်။ ကျွန်တော် ဇောချွေးများပြန်နေပြီ ဆရာအထင်လွဲတော့မည်။ စာလိုက်ရေးသည်နှယ် ငြိမ်ငြိမ်ကလေးနေလိုက်သည်။ ရင်ထဲမှာတော့ ကလိကလိဖြစ်နေပြီ။

ဟော..တွေ့လေပြီ…ဒါမှတကယ့်ပြသနာ။ ကောက်မရ နှိုက်မရသည့်နေရာမှာ ဒင်းကရောက်နေပြီ။ အဆုံးခံလိုက်ရုံသာ ရှိခြေပြီ။ သို့မဟုတ်ပါက ပါးအစိတ်စိတ်ကွဲနိုင်သည်။ အတွင်းခံမပေါ်တပေါ် ရှိနေသော မိုးပြာရောင် ဂျင်စကတ်တိုနှင့် ခါးစပ်ဖွေးဖွေး အကြား နေရာလပ်သို့ ဒင်းက ဘယ်သို့ဘယ်ပုံနေရာယူထားသည်မသိတော့….။

ဘယ်လိုလုပ်ရပါ့။ ပုံလည်းလိုက်ဆွဲလို့မမှီတော့။ အငြိမ်မနေလျင် ဆရာကဆူတော့မည်။ ကျောင်းကလည်းလွှတ်တော့မည်။ ပြောလို့လည်းမရနိုင်။ တစ်နှစ်လုံးသုံး တစ်ချောင်းတည်းသောခဲတံ..နှမြောစွ။ ထိုတစ်နေ့က ကျွန်တော်မှတ်မှတ်ရရရှိခဲ့သည်။ မိန်းကလေးတစ်ယောက်၏ အကြည့်ခိုး။ ပြန်မရတော့ဟုယူဆလိုက်ရသည့် ခဲတံ။ မကူးလိုက်ရသော စာမေးပွဲမှာမေးလာမည့် ပုဒ်စာတစ်ပုဒ်။

ဖြိုးဇာနည့်ညနေ့၆း၀၅တိတိ

Links to this post
Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.