0

ကျွန်တော့်သူငယ်ချင်းများသို့

Posted by ဖြိုးဇာနည် on Saturday, November 29, 2008 in
ကျွန်တော့်ရဲ့blogသူငယ်ချင်းတို့ရေ....
ကျွန်တော်ဒီတစ်ရက်နှစ်ရက်အတွင်းစာရေးဖြစ်အုံးမှာမဟုတ်ဘူးဗျ။ကျွန်တော်ခရီးခဏသွားရမှာမို့လို့ပါ။အလုပ်ကိစ္စနဲ့ဆိုပါတော့။
စာတွေကိုတော့ကျွန်တော်ပြန်လာမှအတိုးချပြီးရေးပေးတော့မယ်နော်။သွားမဲ့နေရာလားယိုးဒယားနယ်စပ်ကတာချီလိတ်လေ။
ဓါတ်ပုံတွေအများကြီးရိုက်ခဲ့မယ်နော်။ယိုးဒယားထဲက(မယ်ဆိုင်မြို့)ကိုရောသွားမှာလေ။ဟဲဟဲအလုပ်ကိုဘန်းပြပြီးလည်ရတာ
တော်တော်feelလာတယ်လို့ပြောသံကြားဖူးလို့စမ်းကြည့်ခဲ့မယ်နော်။အပြန်ကျမှတွေ့အကြုံလေးတွေပြောပြတော့မယ်။မကြာပါဘူး
အလွန်ဆုံး၃ရက်ပါပဲ။အကယ်၍ဟိုမှာcyber cafeကိုတွေ့ခဲ့ရင်တော့ဒီကြားထဲမှာလည်းရေးဖြစ်အုံးမှာပါ။
လာရောက်လည်ပတ်သူများအားလုံးကိုကျေးဇူးအကြီးကြီးတင်ရှိပါကြောင်း.......ပြောကြားရင်းနဲ့
မနက်ခရီးသွားရအုံးမှာမို့လို့စောစောအိပ်တော့မယ်နော်...............
လေးစားစွာဖြင့်...ဖြိုးဇာနည်...ည..၁၀း၄၅တိတိ

0

ငရဲကိုလမ်းဖောက်ခြင်း

Posted by ဖြိုးဇာနည် on Thursday, November 27, 2008 in
ငရဲကိုလမ်းဖောက်ခြင်း



*အချစ်ကိုကြိုးစင်တင်
*အလွမ်းကိုစိမ်ခေါ်
*နောင်တကိုဖိတ်စာဝေပြီး
*မင်းဆီငါလာခဲ့ပြီ
*မင်းအလိုကျပါ
*မေတ္တာကိုစွန့်ခွာ
*သစ္စာကိုဥပက္ခာနဲ့
*မာနကိုကိုးကွယ်တဲ့မင်းအတွက်
*ငါ့နှလုံးသားကိုဿရဏဂုဏ်တင်ခဲ့ပြီးပြီ
*အယူခံမဝင်ပါဘူး
*ကျေးဇူးပြု၍
*ဖြည်းဖြည်းသတ်ပါ

ရည်ရွယ်သူသို့....
ဖြိုးဇာနည်..ည..၁၁း၁၀တိတိ

0

ဇာနည့်ကိုအဖြေပေးပါ

Posted by ဖြိုးဇာနည် on Thursday, November 27, 2008 in
ကဲသူငယ်ချင်းတို့ရေ...ဒီတစ်ခါတော့လူတွေရဲ့မျက်စိကိုလှည့်စားထားတဲ့ပုံလေးတွေကိုသဘောကျမိလို့ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ကျွန်တော့်ဆီဲမှာရှိနေတာတော့ကြာပါပြီဒါပေမဲ့သူငယ်ချင်းတို့အတွက်blogပေါ်တင်ပေးဖို့မေ့နေခဲ့တယ်sorryပါနော်...

ကဲကဲလေကြောရှည်လိုက်တာလို့အပြောမခံရခင်''မောင်ဇာနည်"တို့အလိုက်တသိDon't speakလုပ်လိုက်ပါပြီ.......



လူနှစ်ယောက်လားဘိုးဘိုးကြီးလား?

oooooooooooooooooooooooooooooooooooooooooooooooo


ဘယ်ဘက်တိုင်ကအဆုံးသတ်လဲ?

ooooooooooooooooooooooooooooooooooooooooooo


ရေတံခွန်လားလူတွေလား?
ooooooooooooooooooooooooooooooooooooooooooooooooooooooooo
ဖိုးဖိုးနဲ့ဖွားဖွားလားလူနှစ်ယောက်လား?
ooooooooooooooooooooooooooooooooooooooooooooo

မြင်းဘယ်နှစ်ကောင်လဲ?
ooooooooooooooooooooooooooooooooooooooooooooo

အိမ်တွေလားမျက်နှာတွေလား?
ooooooooooooooooooooooooooooooooooooooooo
ရွက်လှေဆယ့်တစ်စီးလား?မုဒ်ဦးကြီးတွေလား?
ooooooooooooooooooooooooooooooooooooooooooooooo
ဦးနှောက်စားသွားရင်တော့sorryနော်ကျွန်တော်ကတော့အဖြေမထွက်သေးတာတွေအများကြီးပဲ..
သူငယ်ချင်းတို့တကယ်လို့အဖြေရခဲ့ရင်ပြောပြပါအုံးနော်
လေးစားစွာဖြင့်..ဖြိုးဇာနည်..ည..၈း၃၅တိတိ

0

သင့်မှာ ဘယ်လို အကျင့်စရိုက်တွေ ရှိလဲ

Posted by ဖြိုးဇာနည် on Thursday, November 27, 2008 in
ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်းမှာ ဆောင်းပါးရှင် ၀င်းကိုကို တင်ပြတာ ဖြစ်ပါတယ်။

သူငယ်ချင်းတို့ရုံချင်ရုံမရုံချင်နေအပျော်ပေါ့စမ်းကြည့်လို့တော့ကောင်းမှာပါ။

ဖူးငုံ ဆယ်ကျော်သက် စာဖတ်ပရိတ်သတ်များ အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဗေဒင်ဟောပြောမှု ပုံစံများကို တင်ဆက်ပေးနေရာ၊ ဒီလမှာတော့ မွေးနေ့အလိုက် တိရစ္ဆာန် အကောင်များနဲ့ တင်စားပြီး အမူအကျင့် ဘယ်လိုရှိတယ် ဆိုတာ တင်ပြပေးလိုက်ပါတယ်။

ဇန်န၀ါရီ
၀၁ - ၀၉ ခွေး
၁၀ - ၂၄ ကြွက်
၂၅ - ၃၁ ခြင်္သေ့

ဖေဖော်ဝါရီ
၀၁ - ၀၅ ကြောင်
၀၆ - ၁၄ ချိုးငှက်
၁၅ - ၂၁ လိပ်
၂၂ - ၂၈ ကျားသစ်နက်

မတ်ခ်ျ
၀၁ - ၁၂ မျောက်
၁၃ - ၁၅ ခြင်္သေ့
၁၆ - ၂၃ ကြွက်
၂၄ - ၃၁ ကြောင်

ဧပြီ
၀၁ - ၀၃ ခွေး
၀၄ - ၁၄ ကျားသစ်နက်
၁၅ - ၂၆ ကြွက်
၂၇ - ၃၀ လိပ်

မေ
၀၁ - ၁၃ မျောက်
၁၄ - ၂၁ ချိုးငှက်
၂၂ - ၃၁ ခြင်္သေ့

ဇွန်
၀၁ - ၀၃ ကြွက်
၀၄ - ၁၄ လိပ်
၁၅ - ၂၀ ခွေး
၂၁ - ၂၄ မျောက်
၂၅ - ၃၀ ကြောင်

ဇူလိုင်
၀၁ - ၀၉ ကြွက်
၁၀ - ၁၅ ခွေး
၁၆ - ၂၆ ချိုးငှက်
၂၇ - ၃၁ ကြောင်

သြဂုတ်
၀၁ - ၁၅ မျောက်
၁၆ - ၂၅ ကြွက်
၂၆ - ၃၁ လိပ်

စက်တင်ဘာ
၀၁ - ၁၄ ချိုးငှက်
၁၅ - ၂၇ ကြောင်
၂၈ - ၃၀ ခွေး

အောက်တိုဘာ
၀၁ - ၁၅ မျောက်
၁၆ - ၂၇ လိပ်
၂၈ - ၃၁ ကျားသစ်နက်

နိုဝင်ဘာ
၀၁ - ၁၆ ခြင်္သေ့
၁၇ - ၃၀ ကြောင်

ဒီဇင်ဘာ
၀၁ - ၁၆ ခွေး
၁၇ - ၂၅ မျောက်
၂၆ - ၃၁ ချိုးငှက်


၁။ အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီး သဘောကောင်းသူ ဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝ သံသယ ဖြစ်စရာ မလိုပေ။ အလုပ်နှင့် ပတ်သက်ပြီး ရိုးသား ဖြောင့်မတ်ကာ အလုပ်ကို လေးစားသူ ဖြစ်ပြီး ပင်ကို စိတ်ရင်းအားဖြင့်လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့် ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် မိတ်တွေအပေါင်းအသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကို ရယူနိုင်စွမ်း ရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍လည်း လိုက်ဖက်သည့် အ၀တ်အစားများကို ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူ ဖြစ်သဖြင့် ခေတ်ပေါ် အ၀တ် အစား မ၀ယ်နိုင်သည့် အခါများတွင် စိတ်ဓါတ်ကျလေ့ ရှိသည်။ ဘ၀ကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်းအသင်းများ အလယ်တွင် ထင်ပေါ် ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်း အသင်းများနှင့်သာ ပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။

၂။ အကယ်၍ သင့်မွေးနေ့သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများအား နောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များ သင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီး လူစုံသည့် ပွဲလမ်း သဘင်များတွင်လည်း သင်ရှိနေစေရန် လိုလားကြသည်။ သို့သော် သင်သည် စိတ်ဆတ်သူ ဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက စကားလုံးကို ရွေးချယ်ပြောမှသာ ဖြစ်သည်။ စကား အမှားမခံ။ တစ်စုံတယောက်က စကားမှား ပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။

၃။ အကယ်၍ သင့်မွေးနေ့သည် ခြင်္သေ့ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့် ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလား နှစ်သက်သူ ဖြစ်သည်။ ရန်ကို ရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေ မျိုးကိုပါ လက်မခံတတ်သူ ဖြစ်သည်။ အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူ ဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည် နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင် ဗီဇ ရှိသူ ဖြစ်သည်။ လုပ်ငန်းခွင်တွင် အပေါင်း အသင်းများအား အလုပ် တွင်ကျယ်စေရန် နည်းပရိယာယ် ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်းသွင်းနိုင် သူလည်း ဖြစ်သည်။ သူတပါး၏ ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီ ဆိုလျှင် ကိုယ်က သူ ဂရုစိုက်တာထက် အဆပေါင်း များစွာ တုံ့ပြန်မှု ပေးသည်။ စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်း အသင်းများက မြှောက်ပင့် ခိုင်းစေတတ်သည်ကို အထူး သတိပြုပါ။

၎။ အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ် ကောင်းသူ ဖြစ်သည်။ တခါတရံတွင် လိုအပ်သည်ထက် ပိုပြီး ရှက်နေတတ်သည်။ ဖြတ်ထိုးဥာဏ် ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ် သက်သက် နေရသည်ကို ပိုပြီး လိုလားသည်။ အရာရာကို စေ့စေ့စပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကို လေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျား လိုက်တတ်သည်။ ပုံမှန်အနေအထားဖြင့် သင်သည် အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင် တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူ လည်းဖြစ်သည်။ ခေတ်မီ အ၀တ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ခေတ်မီသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့် ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့် စကားပြောဆိုရန် ၀န်လေးတတ်သည်။ အပေါင်းအသင်း ပေါင်းရာတွင် လူရွေး ပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။

၅။ အကယ်၍ သင်၏ မွေးရက်သည် လိပ်ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူ တစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်း ရှိသူ ဖြစ်သည်။ သင်၏ ကြင်နာမှုများကို သင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို မြတ်နိုးသူဖြစ်သည်။ တစုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန် ၀န်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက် ရင်ဆိုင်မှု မပြုလို။ ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။ လူတစ်ဦးတစ်ယောက် အကြောင်းကိုမှ နောက်ကွယ်မှာ အတင်းမပြောတတ်။ မည်သူ့ ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှု မရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး ဖြစ်သည်။

၆။ အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည် ပျော်ရွှင်စွာ နေထိုင်လေ့ ရှိပြီး ဘ၀မှာ ကံကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ ရှိပြီး ပတ်ဝန်းကျင်၏ ဂယက်ရိုက်မှုနှင့် ကင်းကွာနေတတ်သည်။ ရောက်လေရာတိုင်းမှာ ကိုယ့် ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင် ကိုယ်က ခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေး ကြုံတိုင်း နှစ်သိမ့် အားပေးတတ် သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလိုလား။ ဤသို့ ဆက်ဆံတတ်သူ များနှင့် ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စံနစ်တကျ လုပ်ကိုင် ဆောင်ရွက်တတ်သည်။ အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူ တစ်ဦး ဖြစ်သည်။

၇။ အကယ်၍ သင်သည် ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦး ဖြစ်သည်။ ပတ်ဝန်းကျင် ဖိအားတွေ မည်မျှပင် များပြားစေကာမူ အလွယ်တကူ ဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်းအသင်း များနှင့် အတင်းပြောရ သည်ကို ၀ါသနာ ပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင် ကြိုးစားတတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ ဖြစ်နိုင်စွမ်း မရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေ အချို့နဲ့ ဆက်ဆံရေး ပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများကို ကူညီတတ်သူ ဖြစ်သည်။

၈။ အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှု လွန်ကဲသူ ဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက်လိုသူ ဖြစ်သည်။ ရိုးသားသော နှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှုကို ခံယူလိုသူ လည်း ဖြစ်သည်။ မိမိ လုံခြုံမှုကို အထူး ဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီး ကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိ အစွန်း ရှိလာပြီ ဆိုလျှင် လူတိုင်းကို လိုက်ပြီး ဖြေရှင်းတတ်သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အ လုပ်ကိုမဆို စမလုပ်ခင် ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမ အာရုံ၏ နှိုးဆော်မှုကြောင့် အန္တရာယ် ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကို တန်ဖိုးထားတတ်သူ များလည်း ဖြစ်တတ်သည်။

သူငယ်ချင်း တွေအားလုံး ကံကောင်းခြင်းများစွာ နဲ့ကြုံ တွေနိုင်ကြ ပါစေ လို့ ကျွန်တော် ဆုတောင်းပေးလိုက် ပါတယ်။
လေးစားစွာဖြင့်...ဖြိုးဇာနည်

0

လူငယ်များ၏ ရည်းစား မရှိခြင်းကောင်းကျိုး (၁၁) ချက်

Posted by ဖြိုးဇာနည် on Tuesday, November 25, 2008 in
လူငယ်များ၏ ရည်းစား မရှိခြင်းကောင်းကျိုး (၁၁) ချက်

(၁) Online ဖိုးပိုက်ဆံ အကုန်အကျသက်သာခြင်း

(၂) အပို့အကြိုကိစ္စ ဖြစ်သော ဖယ်ရီ မရှိခြင်း

(၃) အချော့ရသက်သာခြင်း စိတ်ပင်ပန်းဆင်းရဲမှုမှ ကင်းဝေးစေခြင်း

(၄) မုန့်ဖိုးအား လောက်ငှစွာ သုံးစွဲလို့ရခြင်း

(၅) အချိန်မရွေးနေရာမရွေး လွတ်လပ်စွာနေထိုင်နိင်ခြင်း

(၆) အစားမှန် အအိပ်မှန် အထမှန်ခြင်း နှင့် ကျန်းမာရေးကောင်းနေခြင်း

(၇) အိမ်မှ ဖုန်းဘေ ငွေနှုန်းများ သက်သာလာခြင်း

(၈) ပါးစပ်အားနံစေသော ဆေးလိပ် ၊ ကွမ်းယာ ၊ သေရည် ၊ ဒညင်းသီးများအား
အချိန်မရွေး စားသုံးလို့ရခြင်း

(၉) ရည်းစာမရှိ၍ သူငယ်ချင်းအား ရင်မဖွင့်ရသဖြင့် သူငယ်ချင်းဖြစ်သူက
နားညီးသက်သာသောကြောင့် သင့်အား အလိုက်အသင့် ဆက်ဆံခြင်း

(၁၀) ရည်းစားမရှိပါက ဘီယာတိုက်တဲ့ ပိုက်ပိုက် သက်သာစေခြင်း
(ဘီယာတိုက်ပြီး ရင်ဖွင့်တဲ့သူရှိလို့ပါ)

(၁၁) ရည်းစား၏ နားပူနားစာ ၊ အမိန့်များ ကင်းဝေးခြင်း တို့ဖြစ်ပါသည်။

ဖြိုးဇာနည်...ည...၈း၁၅တိတိ

0

လူငယ်များ၏ ရည်းစား ရှိခြင်းကောင်းကျိုး (၁၁) ချက်

Posted by ဖြိုးဇာနည် on Tuesday, November 25, 2008 in

glitter-graphics.com
လူငယ်များ၏ ရည်းစား ရှိခြင်းကောင်းကျိုး (၁၁)ချက်

glitter-graphics.com


(၁) လူအများကြား၌ ကြွားကြွားဝါ၀ါ နေနိုင်ခြင်း

(၂) ကိုယ်မရှိရင် သူပေး သူမရှိရင် ကိုယ်ပေး စွာနေနိုင်ခြင်း

(၃) ငှက်ပျောတုန်းဖက်သေစရာ မလိုခြင်း

(၄) ဟုတ်ဟုတ် မဟုတ်ဟုတ် လူရှိန်နေခြင်း

(၅) ကိုကို ၊ မောင် ၊ ချစ် ၊ မ ၊ မေ လို့ ယုယစွာ
စကားလုံးများအကန့်အသက်မရှိ ပိုင်ဆိုင်စေခြင်း

(၆) Web site ပေါ်တွင်ကဗျာ များသစ်လွင်နေခြင်း နှင့် လန်းဆန်းတက်ကြွနေခြင်း

(၇) လက်သည်းခြေသည်း ရှည်ခြင်းမှကင်းဝေးစေခြင်း နှင့် တစ်ကိုယ်ရေ
သန့်ရှင်းမှု ရှိခြင်း

(၈) ရည်းစားမရှိသူအား နှိမ်၍ မင်းမှာရောရည်းစားရှိလို့လားလို့

မေးလို့ရခြင်း

(၉) ဆောင်းတွင်းဖြစ်သည့်တိုင်အောင် အနွေးထည် ၀ယ်ရသည့် ပိုက်ပိုက် သက်သာစေခြင်း

(၁၀) ပိုက်ဆံချေးလို့ရခြင်း နှင့်

(၁၁) နောက်ဆုံးရုံတင် ရုပ်ရှင်ကားများ အဆက်မပြက် ကြည့်ရခြင်း တို့ပဲ ဖြစ်ပါသည်။
ဒီစာလေးကတော့gmailမှာရောက်လာတဲ့စာလေးပါ။
ဖြိုးဇာနည်..ည..၈း၀၅တိတိ

0

သီချင်းလေးတွေတောင်းဆိုမယ်

Posted by ဖြိုးဇာနည် on Monday, November 24, 2008 in
ပြောပြချင်နေတာကြာလှပြီကိုယ့်ဘက်ကမပြည့်စုံသေးလို့ငြိမ်နေရတာ။ကဲ...သူငယ်ချင်းတို့ရေ...ကြောငြာပေးတာဆိုတာထက်သူငယ်ချင်းတို့ကို
မျှဝေခံစားစေချင်တဲ့စေတနာနဲ့ဆိုတာပိုမှန်ပါလိမ့်မယ်။ဥပမာ=စိုင်းစိုင်း(သီချင်း)ခွေအဖြစ်နဲ့မဖြန့်ချီဖြစ်လိုက်တဲ့သီချင်းလေးတွေ.....ဒါမှမဟုတ်အ
ခုကြော်ငြာနေပြီးမိမိတို့နယ်မြေသို့မရောက်ရှိသေးသောသီချင်းအသစ်များကိုလိုချင်ပါကအောက်ပါအချက်များဖြင့်ရေးသား၍တောင်းဆိုနိုင်ပါတယ်။
(၁)အဆိုတော်နာမည်
(၂)သီချင်းနာမည်(သို့)မှတ်မိသောစာသားအနည်းငယ်
(၃)ခွေနာမည်ကိုသိရှိပါက(ရေးသားပေးပါရန်)
(၄)မိမိGmailလိပ်စာ(သို့)Emailလိပ်စာ
ps..(mp3 format)အဖြစ်နဲ့တောင်းဆိုသူထံသို့Gmailမှပြန်လည်ပေးပို့ပေးပါမည်။ (Cboxတွင်တောင်းဆိုထားနိုင်ပါသည်)
(တောင်းဆိုထားသောသီချင်းများရရှိပါကရရှိကြောင်းအကြောင်းပြန်ပေးပါရန်)
လေးစားစွာဖြင့်...ဖြိုးဇာနည်...နေ့လည်..၁၂း၂၀တိတိ

0

မရူးသေးသူတစ်ယောက်

Posted by ဖြိုးဇာနည် on Sunday, November 23, 2008 in



မရူးသေးသူတစ်ယောက်

*--အသက်ရှူရှိုက်လိုက်တယ်....
*--အလို!အလွမ်းတွေပါလား....
*--မျက်လုံးအစုံကိုမှိတ်ပစ်လိုက်တယ်....
*--အလို!ချစ်ရသူပါလား...
*--သီချင်းတစ်ပုဒ်ဆိုညည်းလိုက်တယ်....
*--အလို!ရှိုက်သံတွေပါလား...
*--ခေါင်းကိုမေါ့ပစ်လိုက်တယ်....
*--အလို!မြေကြီးတွေပါလား....
*--အော်...ဘာပဲဖြစ်ဖြစ်ပေါ့လေ...
*--မင်းကိုငါ..အရူးအမူးကြီးတော့မဟုတ်ပါဘူး....
*--ငါ...မရူးသေးပါဘူး...ဒါပေမဲ့....
*--မူးနေရုံသက်သက်နဲ့......
*--မြေကြီးပေါ်မှာလဲနေတဲ့....
*--ငါ......................

ဖြိုးဇာနည်...ည..၁၁း၅၀တိတိ

0

မရီနဲ့နော်

Posted by ဖြိုးဇာနည် on Sunday, November 23, 2008 in
ဒီဟာသလေးကိုသဘောကျမိလို့ပြန်လည်ပြီးမျှဝေပေးလိုက်တာပါ။မတွေ့ဖြစ်တဲ့အပြင်မအားတဲ့ကြားထဲကဟာသလေးတွေကိုပို့ပေးတဲ့
မမနွယ်ရီထွန်းကိုလည်းအရမ်းကျေးဇူးတင်ပါတယ်။

glitter-graphics.com
လူတစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ

အခန်းယူပြီး သူ့အခန်းထဲကို ၀င်တော့ အခန်းထဲမှာ ကွန်ပြူတာတစ်လုံးတွေ့တာနဲ့
သူအတော်ဝမ်းသာသွားတယ်။

ဒီတော့ သူ့မိန်းမဆီကို လှမ်းပြီး သတင်းပို့မှပဲဆိုပြီး
အီးမေးလ်တစ်စောင်ပို့လိုက်တယ်။

ဒါပေမယ့် သူ အီးမေးလ်လိပ်စာ မှားရေးလိုက်တာကို သူကိုယ်တိုင်တောင်မသိလိုက်ဘူး။

အဲဒီအီးမေးကို ပို့လိုက်မိ ပြီလေ။

အဲဒီအချိန် ....

ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ မုဆိုးမတစ်ယောက်ဟာ သူ့ယောက်ျားရဲ့အသုဘ
ပို့ရာကနေ ပြန်ရောက်လာပြီး သူ့ကွန်ပြူတာမှာ အီးမေးလ်စစ်ဖို့
ပြင်ဆင်နေတယ်။ နိုင်ငံရပ်ခြားရောက်နေကြတဲ့ ဆွေမျိုးမိတ်ဆွေ
သူငယ်ချင်းတွေရဲ့ အားပေးစကားလေးတွေ ကြားရမလားလို့ အီးမေးလ်ကို
စစ်လိုက်တယ်။ ခဏအကြာမှာ အောင်မလေး လို့အော်တဲ့အသံကြားရလို့ သူ့သားက
အပြေးလေးဝင်လာတော့

အမေလုပ်တဲ့လူက ကြမ်းပြင်မှာ ပက်လက်လန်ပြီး မေ့နေပြီ။

ဒါနဲ့ ကွန်ပြူတာကို ကြည့်လိုက်တော့ မော်နီတာ စကရင်မှာ ပေါ်နေတာက


သို့ ... ချစ်ဇနီး
အကြောင်းအရာ ။ ။ ကိုယ်ရောက်ပါပြီ
နေ့စွဲ ။ ။ ၂၁ ရက် အောက်တိုဘာလ ၂၀၀၇
မင်း ကိုယ့်ဆီက သတင်းကြားရရင် အတော်အံ့သြသွားမယ်ဆိုတာ ကိုယ်သိနေတယ်။
သူတို့ဆီမှာလည်း ကွန်ပြူတာရှိတယ်ကွ။ ကိုယ်ချစ်တဲ့သူတွေဆီကို
အီးမေးလ်ပို့ဖို့ ခွင့်ပြုထားတယ်လေ။ အခုပဲရောက်တယ်။ နေစရာလည်း
အဆင်ပြေပါတယ်။ မင်း မနက်ဖြန်လာရင် အဆင်ပြေအောင်
ကိုယ်အားလုံးစီစဉ်ပြီးပါပြီ။ ကိုယ်ကိုယ်တိုင် မင်းကိုလာကြိုပါ့မယ်။
မနက်ဖြန် တွေ့ကြတာပေါ့။
မင်းကိုချစ်တဲ့
မောင်....
Please wait for me.

Thanks,
ဖြိုးဇာနည်

0

ရေမျောသီး (ဂျူး)

Posted by ဖြိုးဇာနည် on Saturday, November 22, 2008 in
ပိတ်ထားသောတံခါးတစ်ချပ်ကို ကြာမြင့်စွာ ငေးစိုက်ကြည့်တတ်သော အလေ့အကျင့်တစ်ခုကို မကြာသေးမီက ရခဲ့သည်။ အခန်းတံခါးကို ဖွင့်ထားလျှင် ဖြစ်နိုင်သော်လည်း ပိတ်ထားဖို့ကို ဆန္ဒပိုရှိသောကြောင့် အမြဲလိုလို ပိတ်ထားခဲ့၏။ အခန်းအပြင်ဘက်လှေကားဆီမှ ဖြတ်သန်းသွားသော ခြေတောက်များစွာကို မမြင်လို သောကြောင့်ဟု ကိုယ့်ကိုယ်ကို မခိုင်လုံစွာ အကြောင်းပြခဲ့ပါသည်။ ခွာမြင့်ဖိနပ်စီးထားသော ခြေတောက်များ၊ ခုံထူ ယိုးဒယားဖိနပ် စီးထားသော ခြေတောက်များ.. ဤအရာများသည် တစ်ဦးတစ်ယောက်အတွက် အနှောင့်အယှက် ဖြစ် မဖြစ် မသေချာသော်လည်း ကျွန်မကတော့ ရှုတ်ရှက်ခတ်နေသော ခြေတောက်များကို ကြည့်မိလျှင် မူးဝေလာတတ်သည်။ လှေကားထိပ်နှင့် ကပ်လျက်အခန်းမှာနေထိုင်မိသည့်အတွက် ခြေတောက်များစွာကို မြင်ရသောအခါ ကျွန်မကိုယ် ကျွန်မ အပြစ်တင်လိုက်မိသေးသည်။ သို့သော် ခြံဝင်းရှေ့ ဘယ်ဘက်လမ်းမသို့ မျက်နှာမူ နေသော အခြားအခန်းတစ်ခုခုကို မရွေးချယ်မိခဲ့သောကြောင့် ကိုယ့်ကိုယ်ကို မကြာခဏ ကျေးဇူး တင်ရပါသည်။ ပြတင်းပေါက် မှနေ၍ စက်ဘီးများ၊ မျက်နှာများ၊ လက်များ၊ ခြေတောက်များကို မြင်ရ သည်နှင့်စာလျှင် သစ်ရွက်ခြောက်များ သစ်ရွက်စိမ်းများ၊ ပန်းပွင့်များကို မြင်နေရသည်က ပို၍ ကျေနပ်စရာ ကောင်းသည်မဟုတ်လား။ ကျွန်မအခန်း၏ တစ်ခုတည်းသော ပြတင်းပေါက်သည် ခြံဝင်းအနောက်ဘက်သို့ မျက်နှာ မူ လျက်ရှိပြီး ပြတင်းပေါက်ကို ကျွန်မအကြိုက် ဇာခန်းဆီး ပါးပါးလှပ်လှပ်ကလေး တပ်ဆင်ထားသည်။ ကျွန်မ၏ ဇာခန်းဆီးလေးသည် အင်ဒရူးဝိုင်ယက်၏ဇာခန်းဆီးလောက် နူးညံ့သိမ်မွေ့ခြင်းမရှိသော်လည်း အရာရာတွင် အဆင်မပြေသော လူတစ်ယောက်အဖို့ ရင်ခုန်ယစ်မူးဖွယ်ရာ ဖြစ်လာခဲ့၏။ ဇာခန်းဆီး၏ ပန်းပွင့်ပန်းနွယ် ရိပ်ရိပ်ကလေးများကို ရေတွက်နေရင်း အရယ်အပြုံး နည်းပါးသော နှုတ်ခမ်း ပါးပါးလေးအစုံကို ပြန်လည်သတိရလာဖူးသည်။ နောက်ပြီး စံကားပွင့်ကလေးများ အမြင့်မှ ချာချာလည်ကာ ဝေ့၀ဲကျလာပုံကို ရိုက်ပြထားသော မြန်မာရုပ်ရှင်ကားတစ်ခုထဲမှ ချစ်စဖွယ်ပြကွက်ကလေးတစ်ခုကို ပြန်လည် မြင်ယောင်လာဖူးသည်။ ဇာခန်းဆီး လူးလွန့်ပွတ်တိုက်သံကို နားထောင်ရင်း ပုဇဉ်းရင်ကွဲကောင် သေးသေးကလေးများကို ဖမ်းပြီး ဖန်ဘူးထဲထည့်ခဲ့ဖူးသည့် ကလေးဘ၀တုန်းက အဖြစ်အပျက်တစ်ခုကို သတိရလာဖူးသည်။ မိုးစွေငှက်ကလေးတစ်ကောင် မယ်ဇလီပင်ခြေရင်းမှာ အော်မြည်နေသော အသံစူးစူးကလေးတစ်ခုကို ကြားယောင်လာဖူးသည်။ ဇာခန်းဆီးကလေး ရွေ့လျားသံအောက်တွင် လွန်ခဲ့သည့်နှစ်အနည်းငယ်က မွှေးဖူးသော ပန်းရနံ့တစ်ခု ပြန်လည်မွှေးပျံ့လာတတ်သေး၏။ လွန်ခဲ့သသော ဆယ်နှစ်ခန့်က အသံများလည်း ပါဝင်သည်။ မှတ်စုရေးမနေသော အချိန်များ၊ အိမ်သို့ စာရေးမနေသော အချိန်များ၊ စာအုပ်တစ်ခုခုကို ဖတ်မနေသော အချိန်များတွင် ခုတင်ပေါ်မှာ ထိုင်ရင်း ပြတင်းပေါက်ကိုဖွင့်ပြီး ခန်းဆီးလေး လှုပ်ရမ်းနေသည်ကို အကြာကြီးကြည့်နေခဲ့ရသည်။ အဖော်ဟူ၍မည်မည်ရရရေတွက်စရာမရှိသော ကျွန်မဘ၀တွင် ခန်းဆီးစဖြူဖြူလေးနှင့် ရေနံရည်ဝနေသော နက်ကျောကျောပြတင်းပေါက်လေးသည်သာ ကျွန်မချစ်သူများဖြစ်ခဲ့သည်။
ချစ်သူဟူသော ဝေါဟာရတစ်ခုသည် ကျွန်မအတွေးထဲသို့ ခပ်ငယ်ငယ်အရွယ်ကတည်းက မကြာခဏ ၀င်ရောက်လာတတ်သော်လည်း ပုံသဏ္ဍာန် မထင်ရှားသော အရိပ်အရောင်တစ်ခုခုကို အဝေးက ကြည့်နေရသလိုပါပဲ။ အချစ်၏ပုံစံကို သရုပ်ဖေါ်ကြည့်ဖို့ စိတ်ဝင်စားသော အရွယ်တုန်းကတော့ ဘယ်လို များပါလိမ့်ဟု အမျိုးမျိုးတွေးတော ယူခဲ့ဖူး၏။ သို့သော် ပေါကြောင်ကြောင် စိတ်လှုပ်ရှားမှု တစ်မျိုးဖြစ်နေမှာ ပါပဲလေဟု အဆုံးသတ်လိုက်ရသော အကြိမ်များစွာဖြစ်လာသောအခါ စဉ်းစားကြည့်ဖို့ စိတ်မ၀င်စားတော့ချေ။ သူတို့က ပြောခဲ့တာကတော့ တစ်ချိန်ချိန်မှာ ချစ်သူရလာမှာပါပဲတဲ့။ ဤစကားကို လက်ခံဖို့ သိပ်မလွယ်ကူသော်လည်း စိတ်ဝင်စားစရာကောင်းသော စကားတစ်ခွန်းဖြစ်သည်ကိုတော့ မငြင်းနိုင်ပါ။ ချစ်သူဆိုတာ... အင်း.. တစ်ယောက်တည်းသော တွယ်ရာမဲ့အမျိုးသမီးအတွက် လက်တွဲဖို့ လူတစ်ယောက်ယောက် ကို ခေါ်တာလား။ ရုပ်ရှင်လက်မှတ်တန်းစီဖို့ ခက်ခဲသောလူတစ်ယောက်အတွက် တန်းစီပေးမည့် လူတစ်ယောက်လည်းဖြစ်နိုင်သည်။ မိန်းကလေးတစ်ယောက်တည်း လမ်းလျှောက်သွားဖို့ မသင့်တော်သော ညချမ်းအချိန်များတွင် ဘေးက စောင့်ရှောက်သူအဖြစ် လိုက်ပါပေးမည့် လူတစ်ယောက်ကို ချစ်သူဟု ခေါ်လိမ့်မည်။ သွေးပျက်ဖွယ်ရာ စာမေးပွဲများကို ရင်ဆိုင်ရတိုင်း ‘‘ဒီလိုဖြေခဲ့တယ် မဟုတ်လား၊ အောင်ပါတယ်ကွာ၊ ဒီလောက်ဖြေနိုင်ရင် အောင်တာပဲ’’ ဟု နှစ်သိမ့်အားပေးမည့်သူတစ်ယောက်ကို ချစ်သူဟု ခေါ်လိမ့်မည်။ ‘‘ နေစမ်းပါဦးကွ.. မင်းက ဟိုခွေးသားကို ပြုံးပြစကားပြောရလောက်အောင် ဒီကောင်က...’’ ဟု မနာလိုဝန်တိုစွာ အော်ဟစ်ပစ်မည့်လူတစ်ယောက်ကို ချစ်သူဟု ခေါ်လိမ့်မည်။ အကူအညီပေးခြင်း၊ ၀န်တိုမှု ပေးခြင်းကို ချစ်သူဟု သတ်မှတ်ရတော့မှာလား။ အင်းလေ.. မိန်းကလေး၏ အေးစက်သော ပါးပြင်လေးများကို နွေးထွေးလာအောင်၊ ညှိုးနွမ်းသော နှုတ်ခမ်းလေးတို့ကို လန်းဆန်းတောက်ပလာအောင် အဲဒီ ချစ်သူဆိုတာက တတ်စွမ်းလိမ့်မည်။ သို့ပေမယ့် ဒီလောက်လိုအပ်ချက်လေးတွေကို ဖြည့်စွမ်းပေးတတ်ရုံမျှဖြင့် သူစိမ်းတစ်ယောကိကု ချစ်သူဟု သတ်မှတ်ဖို့တော့ အနည်းငယ်ငြင်းဆိုဖွယ်ရာရှိပါသေးသည်။ ချစ်သူ တစ်ယောက်ရရှိဖို့မှာ ထိုလူကို ကျွန်မချစ်ဖို့လည်း လိုမှာပဲမဟုတ်လား။ ချစ်ဖို့ဆိုတာကလည်း အရိုးဆုံး ပြောရလျှင်တော့ သူ့မျက်နှာကိုကြည့်မိရင် ရယ်ချင်မနေဖို့၊ နောက်ပြီး နှာခေါင်းရှုံ့မနေချင်ဖို့၊ နောက်ပြီး ခါးသက်သက် ခံစားမနေရဖို့ပဲပေါ့။ သူက ကျွန်မကို စိုက်ကြည့်လျှင် ကျွန်မ မနေတတ်မကြည့်ရဲဖြစ်ပြီး မျက်လွှာ ချပစ်ချင်လာရမည်။ သူ့မျက်လုံးများသည် ကျွန်မ ကြာမြင့်စွာ ရင်ဆိုင်မကြည့်ဝံ့လောက်အောင် ညှို့နိုင်စွမ်းရမည်။ သူကများ စကားပြောလျှင် ကျွန်မ နှလုံးခုန်မြန်စွာ အဓိပ္ပာယ်မဲ့ငေးမော မိလောက်အောင် စိတ်လှုပ်ရှားလာရမည်။ အို.. အဲဒီလို ကျွန်မ မိန်းမူးစွဲလမ်းရမယ့် ဆွဲဆောင်နိုင်သူတစ်ယောက်ယောက်ကို ဘယ်ကများ ရှာလို့ တွေ့နိုင်မှာလဲကွယ်..။ သူတို့က ပြောခဲ့တာကတော့ ကျွန်မ တစ်ချိန်ချိန်မှာ ချစ်သူရလာမှာပဲတဲ့။ တစ်ခါတစ်ခါတော့ ကျွန်မ ချစ်သူဟာ ဘယ်လိုပုံစံမျိုးရှိမှာပါလိမ့်ဟု စိတ်ကူးယဉ်တွေကြည့်ဖူးပါသည်။ ‘‘ရက် ဘတ်တလာ’’ လို အရာရာကို ထွင်းဖေါက်သိမြင်တတ်ပြီး သရော်သလိုလို ထပ်ထေ့ထေ့အပြုံးနှင့် အမြဲ အနိုင်ရနေတတ်သော ခပ်ရိုင်းရိုင်းလူတစ်ယောက်များလား။ ‘‘ကွိ’’ လို မျက်မှန်ဝိုင်းတတ်ထားပြီး လူမှုဆက်ဆံရေး အလွန် ညံ့ဖျင်းသော်လည်း ဟန်ဆောင်မှုကင်းမဲ့သော ဥာဏ်ထက်မြက်သည့် ခပ်ကြောင်ကြောင် လူတစ်ယောက်များလား။ လူတကာကို လေးစားစွာ ခေါင်းညွတ်နှုတ်ဆက်တတ်သော ကဗျာဆရာဟု အမည်ခံထားသည့် ယိုင်နဲ့နဲ့လူတစ်ယောက်များလား။ (ဒါပေမယ့် နေပူဒဏ်ကြောင့် ပျော့အိကွေးညွတ်နေသော ဖယောင်းတိုင်များကို မြင်မိလျှင်ပင် အားမလိုအားမရ စိတ်အနှောက်အယှက်ဖြစ်တတ်သော ကျွန်မအဖို့ သည်လို ပျော့ညံ့ညံ့ လူမျိုးကိုလည်း ဘယ်တော့မှ ချစ်သူအဖြစ် ခံယူလို့ရမှာ မဟုတ်ပါဘူးလေ)။ လေကောင်ဂျင်ဝိုင်းနှင့် ဖဲဝိုင်းတို့တွင် အမြဲကျင်လည်နေပြီး ဥာဏ်သိပ်ကောင်းသော အလုပ်သင်ဆရာဝန်တစ်ယောက်များလား.. တွေးတောရင်း စိတ်ကူးရင်းနှင့် နှဏ်ဆယ့်လေးနှစ်မြောက်မွေးနေ့ကို လွန်မြောက်လာသောအခါ ရယ်စရာ တော်တော် ကောင်းသွားပါသည်။ ကျွန်မကို လာရောက်ခ်ျးကပ်ခဲ့သော ယောက်ျားအချို့ကို ချစ်သူဖြစ်ဖို့ အနည်းငယ်မျှ စိတ်ကူးမ၀င်ခဲ့မိခြင်းကြောင့် ကျွန်မ နောင်တမရပါ။ တစ်ခါတစ်ခါတော့ (သိပ်ပျင်းလျှင်) ထိုလူများကို ပြန်လည် တွေးတောကြည့်မိသည်။ နာမည်အက္ခရာအစီအစဉ်အတိုင်း စဥိးစားဖို့ ၀ိုးတ၀ါးဖြစ်နေလျှင် နှစ်ကာလ အလိုက်စီစဉ်ပြီး ငယ်ငယ်တုန်းကအစ နည်းနည်းအသက်အရွယ်ရလာချိန်အထိ ပြန်တွေးတော့ မျက်နှာတစ်ချို့ကို မှတ်မိလာသည်။ မျက်မှန်တပ်ထားသော မျက်နှာနှစ်ခုလား၊ သုံးခုလား မသေချာပါ။ တစ်ယောက်က မျက်မှန်ကို တပ်ထားလိုက်၊ ချွတ်ထားလိုက်လုပ်တတ်သောကြောင့်ဖြစ်သည်။ သာမန်မျက်နှာ၊ သာမန်ထက် အနည်းငယ် ရုပ်ရည် ချို့တဲ့သောမျက်နှာ၊ ပြုံးနေသော မျက်နှာ၊ ပြုံးခြင်းရယ်ခြင်းကင်းမဲ့သောမျက်နှာ၊ အနည်းငယ်ထူအမ်းသော နှုတ်ခမ်းများ၊ ပါးလှစ်သော နှုတ်ခမ်းများ (လှပသော နှုတ်ခမ်းတစ်ခုကို ယခုထိ နှစ်သက်ဆဲဖြစ်သော်လည်း နှုတ်ခမ်းလှလှလေး ရှိနေရုံမျှဖြင့် ချစ်သူဖြစ်မလာနိုင်ဘူးလေ။) စိတ်သဘောချင်း တိုက်ဆိုင်မလားလို့ ဟူသောစကားဖြင့် လက်ထပ်ခွင့်တောင်းသူ၊ (ကြည့်စမ်းပါဦးကွယ်၊ စိတ်သဘောထားချင်း ဘယ့်နှယ်တူနိုင်မှာလဲ။ ကျွန်မက ဦးမညွတ်တတ်သူ၊ မိတ်ဆွေထက် ရန်လိုသူက ပေါများသူ၊ သူတို့က လေးစားသဖြင့် ဦးညွတ်တတ်သူများ၊ ရန်လိုသူထက် မိတ်ဆွေက ပေါများသူများ) သနားချစ်နဲ့ ချစ်တာဟု ဆိုလာသူက တစ်ယောက်နှစ်ယောက်။ နင်တစ်ယောက်တည်း ရုန်းကန်ရပ်တည် အသက်ရှင်ရတာ မပင်ပန်းဘူးလား၊ မငြီးငွေ့ဘူးလား၊ ဘေးက အတူရင်ဆိုင်ဖို့တဲ့။ သွားစမ်းပါ။ အချစ်မှာ အကူအညီဆိုတာ မရှိပါဘူး။ တစ်ယောက်က အထင်ကြီးတာက စခဲ့တာပါတဲ့။ ဘုရားရေ.. မိန်းမတစ်ယောက်ကို အထင်ကြီးကိုးကွယ်တတ်တဲ့လူတစ်ယောက်ကို အဲဒီမိန်းမက ဘာတွေများ ကောင်းချီးပေးလိုက်ရမလဲ။ တစ်စုံတစ်ယောက်ကို ချစ်သူလုပ်ဖို့ဆိုရာမှာ အဲဒီလူကို ကျွန်မကသာလျှင် အထင်ကြီး လေးစားဖို့ လိုအပ်မည်မဟုတ်လား။ ငယ်စဉ်တုန်းကတော့ လူတစ်ဦး တစ်ယောက်ချင်းရဲ့ ရောဂါဝေဒနာကို ကုသဖို့ထက် နိုင်ငံတစ်နီုင်ငံရဲ့ ရောဂါဝေဒနာကို ကုသဖို့က အရေးကြီးပါတယ်။’’ ဟူသော ဆရာဝန် တော်လှန်ရေးသမားလိုလူမျိုးကို အထင်ကြီးခဲ့ဖူးသည်။ ယခုလို အသက်အရွယ်ရလာသည့်အခါမှတော့ တစ်ယောက်ယောက်ကို အထင်ကြီးလေးစားဖို့ သိပ်ခက်ခဲသွားခဲ့ပြီ။ သေတမ်းစာရေးပြီး မှာကြားထားရစ်ခဲ့ဖို့ တစ်ယောက်ယောက်မျှ မကျန်ခဲ့ရင်တော့ သေရမှာ အနည်းငယ်ပျင်းခြောက်ခြောက်နိုင်မှာပဲ။ ဒါပေမယ့် သိပ်လိုအပ်လှတာ မဟုတ်ပါဘူးလေ။
ကျွန်မအနားမှာ စကားသင်ကာစ ချစ်စဖွယ် ကြက်တူရွေးလေးတစ်ကောင်တော့လိုအပ်မည်။ ကြက်တူရွေးကလေးကို ကျွန်မ၏ နာမည်ခေါ်တတ်အောင် သင်ပေးထားရမည်။ သူ့ကို အများကခေါ်သလို ရွှေခဲ ဟုမခေါ်ပဲ ‘‘အေလိန်း’’ ဟုခေါ်ရမည်။ (ကျွန်မသိပ်သဘောကျသော ပြင်သစ်ရုပ်ရှင်မင်းသားနာမည်ကို အေလိန်းဒီလွန်ဟု ကျွန်မ အသံထွက်ပါသည်။) အေလိန်းက ပေါင်မုန့်မှ ကြိုက်တတ်ပါ့မလား။ ကျွန်မ ခုတလောထမင်းမစားပဲ ပေါင်မုန့်နှင့် ကော်ဖီပဲ သောက်နေသည်။ သိပ်စပ်စုတတ်သော ဘော်ဒါဆောင်နေ အမျိုးသမီးတစ်ယောက်က အံ့သြတကြီး ‘‘ထမင်းမစားပဲ နေနိုင်တယ်နော်’’ ဟု ရေရွတ်တုန်းက ‘‘ ပိန်အောင်လို့၊ ကိုယ်အလေးချိန်လျော့အောင်လို့’’ ဟု ဖြေလိုက်ချင်သော်လည်း အလွန်အမင်းပိန်လျသော ကိုယ့်ကိုယ်ကို ပြန်အားနာသဖြင့် ထမင်းမစားချင်လို့ဟု ဖြေလိုက်ဖူးသည်။ အင်းလေ.. ထမင်းစရိတ်ထက် ကော်ဖီနှင့် ပေါင်မုန့်စရိတ်က ပိုမိုသက်သာသည်ဟု ဖြေလို့ မကောင်းဘူး မဟုတ်လား။ နေစမ်းပါဦးလေ။ အေလိန်းကို ဘာစကားတွေ သင်ပေးရမလဲ။ ‘‘ဘယ်သူလဲ’’ ဟူသော စကားနှင့် ‘‘သူခိုး’’ ဟူသောစကားနှစ်ခုဆိုလျှင် လုံလောက်ပြီလား။ ရယ်မောတတ်အောင် သင်ပေးလို့ရလျှင်လည်း အေလိန်း ရယ်မောသံကို နားထောင်ချင်သေးသည်။ လူတွေ ရယ်မောသံလို ခပ်အောက်အောက်အသံမျိုး အေလိန်းမှာ မရှိနိုင်။ အေလိန်းကိုပါထည့်တွက်လျှင် ကျွန်မအခန်းကျဉ်းကလေး တော်တော်ပြည့်စုံသွားလိမ့်မည်။ ခုတင် သေးသေးလေးတစ်ခုသည် ပြတင်းနှင့်ကပ်လျက် အခန်းတစ်ဖက်အစွန်းတွင် ရှိနေမည်။ တစ်နှစ်နေမှ တစ်ခါနှစ်ခါ ကိုင်ဖြစ်သော စိပ်ပုတီးကလေးက ခုတင်ခေါင်းရင်းတွင် ချိပ်လျက်သားရှိနေမည်။ အခန်းသည် ဘက်စွန်းမှာ စားပွဲခင်းမပါသော စားပွဲတစ်လုံး၊ သစ်သားကုလားထိုင်တစ်လုံး၊ စားပွဲပေါ်မှာတော့ ပြင်ပစာအုပ် တစ်အုပ် တလေနှင့် မှတ်စုစာအုပ်ကလွဲပြီး ဘာမျှမရှိ။ ဘာသာရပ်ဆိုင်ရာ စာအုပ်ထူများကို ခုတင်ခြေရင်းက ထင်းရှူး သေတ္တာထဲမှာပဲ ထားလေ့ရှိသည်။ ထင်းရှူးသေတ္တာပေါ်မှာ ရေနွေးဓါတ်ဘူး။ ကော်ဖီဖျော်သည့် မတ်ခွက်၊ နို့ဆီဗူး၊ ကော်ဖီမုန့်ဘူး။ အချိုသောက်ပန်းကန်တစ်စုံနှင့် ပေါင်မုန့် မုန့်ကြွတ်ထည့်သည့် နို့မုန့်ဘူးခွံနှစ်ခု၊ ရေနွေးဂေါက်တစ်ခု၊ သေတ္တာဘေးမှာ သောက်ရေ အိုးငယ်လေး တစ်လုံးရှိသည်။ သေတ္တာနှင့်ကပ်လျက် ခြေရင်းနံရံမှာ ပင့်ကူပိုးမျှင်ရစ်တွယ်နေပြီး ရွဲ့စောင်းနေသော ပန်းချီကား တစ်ချပ် ရှိသည်။ သူ့အောက်မှာ အရောင်ပြယ်လွင့်၍ ဖွာနေသော ၁၉၇၅ ခုနှစ်ထုတ် ပြက္ခဒိန် အဟောင်းတစ်ခုရှိသည်။ ကျွန်မအရင် သည်အခန်းမှာ နေသွားသူသည် ပန်းချီနှစ်သက်သူ ဖြစ်ချင်ဖြစ်မည်။ နံရံမှာ မြေဖြူနှင့် စာရေးဖို့ ၀ါသနာပါသူဖြစ်ချင်ဖြစ်မည်။ ရွဲ့စောင်းနေသော ပန်းချီကားကို ပြန်လည်တည့်မတ်ဖို့ အကြိမ်ကြိမ် စိတ်ကူးဖူးသော်လည်း အရပ်အင်မတန်နိမ့်သော ကျွန်မအဖို့ ကုလားထိုင်ကို ရွှေ့နေရမှာ သေချာ သောကြောင့် သည်အတိုင်းပဲ ထားခဲ့မိသည်။ တစ်ခါတစ်ခါတော့ ရွဲ့စောင်းနေသောအရာတစ်ခုကို ကြည့်ရတာကိုက ပျော်ရွှင်ဖို့ ကောင်း၏။ နံရံတွင် ‘‘ဘ၀ဆိုတာ ရုန်းကန်မှုပဲ’’ ဟု အဓိပ္ပာယ်ရှိသည့် စာကြောင်းတစ်ခုရှိသည်။ သူသည် ကျွန်မနည်းပါး အဆင်မပြေသူ၊ ရုန်းကန်ရသူ ဖြစ်နိုင်ပါသည်။ ‘‘တောင်ထိပ်ကိုမရောက်ခင် တောင်အောက်ကို မကြည့်နဲ့’’ ဟူသော မြန်မာစာကြောင်းတစ်ခုလည်းရှိသည်။ သူသည် တောင်ပေါ်မရောက်ခင် လမ်းတစ်ဝက်မှာ လိမ့်ကျဖူးသူ ဖြစ်ချင်ဖြစ်မည်။ နာမည်နှစ်ခုကိုလည်း နံရံမှာရေးထားသည်။ စိတ်ဝင်စားဖွယ် နာမည်များ မဟုတ်ပါ။ ရုပ်ရှင် မင်းသားနာမည်များလည်း ဖြစ်နိုင်မည်မထင်ပါ။ သူ့ချစ်သူတွေဖြစ်ချင်ဖြစ်နိုင၏။ အေလိန်းရောက်လာလျှင် သူ့လှောင်ချိုင့်ကို ဘယ်မှာ ချိပ်ရပါ့။ စာကြည့်စားပွဲအထက်မှာ ချိတ်ထားလျှင် ကျွန်မ မှတ်စုရေးနေချိန်၌ သူက ငုံ့ကြည့်ပြီး ရယ်မောနေမလား။ ပျင်းရိဖွယ်ရာမိုးပေါက်များ၏ အသံအောက်တွင် ကျဉ်းမြောင်းသော အခန်းကလေးထဲ၌ ဖန်မီးလုံး၏ ၀ါဖျော့ဖျော့အလင်းရောင်၊ ငိုက်မြည်းနေသော ကြက်တူရွေးတစ်ကောင်၊ တဖျတ်ဖျတ် လှုပ်ခတ်လျက်ရှိသော ဇာခန်းဆီးတစ်ခုနှင့် ခုတင်ပေါ်မှာ မလှုပ်မယှက်ထိုင်ငေးနေသော သေးသေး ညှက်ညှက် အမျိုးသမီးတစ်ယောက်..။ သော့ပေါက်မှ ချောင်းကြည့်နေသူတစ်ဦးသည် သည်မြင်ကွင်းမျိုးကို တစ်မိနစ်ထက်ပို၍ကြာအောင် ကြည့်ချင်ပါ့မလား။
ကျွန်မ အကြောင်းကို သူတစ်ပါးအားပြန်လည်ပြောပြလိုသူတစ်ယောက်သည် ‘‘အရပ်အလွန်နိမ့်သော’’ ‘‘စကား အလွန်ရှားပါးသော’’ ‘‘အားမနာတတ်သော’’ ဟူသည့် နာမ ၀ိသေသနများကို အသုံးပြုလိမ့်မည်ထင်သည်။ ထိုစကားများထက် ပြည့်စုံဖို့လိုအပ်သေး၏။ ဂစ်တာတွင် အောက်ဆုံးကသေးမျှင်သော၊ တင်းမာသော၊ စူးရှသော ‘‘တစ်’’ကြိုးသည် ကျွန်မ ဖြစ်၏။ ဖဲကြိုးတပ်ဆံပင်နှင့် ဘယ်တော့မှ ဦးမညွတ်သော ကော်ပတ်ရုပ်ကလေးသည် ကျွန်မ ဖြစ်၏။ ဖုံးကွယ်ထားသော အရာတစ်ခုကို အလွန်အမင်းဖွင့်ကြည့်လိုသော လူအမျိုးအစားထဲတွင် ကျွန်မ မပါဝင်ပါ။ ခိုများကို အစာကျွေးဖို့နှစ်သက်သည်။ သို့သော် ခိုညည်းသံကို အလွန်မုန်း၏။ တစ်ချိန်တုန်းက နှင့်းဆီပန်းများကို ချစ်တတ်ခဲ့သော်လည်း ယခုအချိန်တွင် ပေါများလွန်းသော နှင်းဆီင်္ပန်းတို့ကို မုန်းနေပြီဖြစ်၏။ ကျွန်မသည် ရှားပါးသောအရာကိုသာ ချစ်တတ်သူဖြစ်ပါသည်။ လွဲချိန်ညီညီလှုပ်ရမ်းနေသော နာရီချိန်သီးတစ်ခုကို ငေးမောရင်း လက်ဖက်ရည်သောက်ချင်သူဖြစ်၏။ ဘတ်စ်ကားစီးဖို့ထက် ခြေကျင်လမ်းလျှောက်ဖို့ စိတ်ဝင်စားသူ ဖြစ်၏။ သို့သော် လမ်းလျှောက်ဖို့ထက် အခန်းကျဉ်းကျဉ်းလေးထဲမှာ ထိုင်နေဖို့ ပို၍ ဆန္ဒရှိသည်။ (အမှန်စင်စစ် လမ်းလျှောက်သည့်အခါ ကျွန်မနောက်က အရိပ်တစ်ခု ဖြစ်ပေါ်မနေအောင် မည်သို့ကာကွယ်ရမည်နည်းဟု စဉ်းစားရင်း အခန်းထဲမှာ ထိုင်နေသည့် အကျင့်ကိုရခဲ့သည်။) ကျွန်မ အရိပ်များကို မုန်းတတ်၏။ ကျွန်မ မုန်းသော အရိပ်များသည် ကျွန်မနောက်မှ ရှည်လျားလျားပုံစံ၊ ပုဝိုင်းဝိုင်းပုံစံ၊ စွေစောင်းစောင်းပုံစံဖြင့် လိုက်ပါ လာတတ်သောကြောင့် ဖြစ်ပါသည်။ ကျွန်မသည် ဒူးယားစီးကရက်၏ မီးစွဲလောင်နေသောရနံ့ကို သဘောကျသည်။ မဆုံးဖြတ်ရဲသောကြောင့် ဆုံးရှုံးရခြင်းထက် အဆုံးအဖြတ်မှား၍ ဆုံးရှုံးရခြင်းကို လိုလားသည်ဆိုသော ဇာတ်လိုက် များကို သဘောကျသည်။ တစ်ခုခုကို လိမ်ညာဖို့ စိတ်မ၀င်စားသော်လည်း လျှို့ဝှက်ဖို့ စိတ်ဝင်စားတတ်သည်။ ရင်းနှီးမှုဒဏ်ကို မခံနိုင်သော ယောက်ျားသားများအတွက် ၀မ်းနည်းစကားဆိုဖို့ ၀န်လေးတတ်သူဖြစ်သည်။ ရံဖန်ရံခါတွင် လျစ်လျူရှုတတ်သူ၊ သည်းခံစိတ်ရှည်နိုင်စွမ်းသူ၊ သို့သော် ရံဖန်ရံခါတွင် လက်စား ချေတတ်သူဖြစ်သည်။ ကျွန်မကို နားလည်သည်ဟု ပြောသူသည် အကြီးအကျယ်လိမ်ညာနေခြင်းသာ ဖြစ်လိမ့်မည်။ ကျွန်မသည် တစ်စုံတစ်ယောက်အတွက် ပြဌာန်းစာအုပ် မဟုတ်။ ကျွန်မကို ဖတ်ရှုရန် ဘယ်သူ့မှာမှ အဘိဓါန်မရှိ။ ကျွန်မ၏ အကြီးမားဆုံးသော ချွတ်ယွင်းချက်တစ်ခုမှာ ပျော်ရွှင်နှစ်သိမ့်ဖွယ်ရာ ကာလများထက် နာကြည်းဖွယ်ရာ ကာလများကို ပိုမိုမှတ်မိတတ်ခြင်းဖြစ်သည်။ ရုပ်ရှင်ထဲက လေဆာရောင်ခြည်သေနတ်ကို မကြာခဏ သတိရနေတတ်သည်။ လက်ဖက်ရည်စားပွဲတစ်ခုတွင်လူတစ်ယောက်မျက်နှာကို ဂငယ်ပုံစံ ကွဲသွားအောင် လက်ဖက်ရည် ပန်းကန်ပြားဖြင့် ပေါက်ရိုက်ပစ်ခဲ့သော ပန်းချီဆရာတစ်ဦးကို ကျွန်မ ချီးကျူးပါ၏။ လူဆိုသည်မှာ ကိုယ့် လွတ်လပ်ခွင့်ကို ထိပါး၍ စော်ကားလာလျှင်တော့ လက်တုန့်ပြန်ဖို့ လိုအပ်သည်မဟုတ်ာလား။ ခက်နေသည်မှာ ကျွန်မက သွေးမြင်လျှင် မူးတတ်ခြင်းပင်ဖြစ်သည်။
မိုးသက်လေနှင့်အတူ လွင့်နေသော ပြတင်းခန်းဆီးအောင်မှ ဖြတ်လျက် မာလကာရွက်ခြောက်တစ်ခု ၀ဲလွင့်ကျလာချိန်၌ မာလကာရွက်ခြော်ကလို ခပ်လိမ်လိမ်မျက်နှာတစ်ခုကို ပြန်လည်မြင်ယောင်သွား၏။ အဲဒီ မာလကာရွက်နှင့်တူသောမျက်နှာသည် ကျွန်မအပေါ်မှာ မလိုမုန်းထားစိတ်ဖြင့် အတင်းပြောခဲ့သူ၏ မျက်နှာ ဖြစ်သည်။ သူမျက်မှန်တပ်ထားသည်။ မျက်မှန်တပ်ထားပြီး ဘာမှ မမြင်တတ်သူတစ်ယောက်နှင့် စကားပြိုင်ဆိုင်ပြောဖို့ ကျွန်မစိတ်မ၀င်စားပါ။ လူတစ်ယောက်ကို နောက်မှနေ၍ အလစ်ချောင်းရိုက်တတ်သော သတ္တ၀ါအမျိုးအစားကို လူဟုခေါ်ရမှာ နည်းနည်းစဉ်းစားဖို့ကောင်း၏။ အရည်အချင်းတစ်ခုကို လက်ခံဖို့ ယှဉ်ပြိုင်ကစားပွဲတစ်ခု လိုအပ်မည်ထင်လျှင် ယှဉ်ပြိုင်ဖို့ သဘောတူ့ပါသည်။ အားကစားစိတ်ဓါတ်ဆိုတာ ရှုံးနိမ့်သူများ၏ လက်သုံးစကားပါတဲ့လေ။ ရှုံးသူကို လက်ဖြတ်ကြေး၊ သို့မဟုတ် တစ်သက်လုံး ကျွန်ခံကြေး။ သို့မဟုတ် သတ်သေကြေး၊ ဘယ့်နှယ်လဲ။ လွင့်စင်လာသော မာလကာရွက်ခြောက်ကို လက်ထဲမှာ ဆုပ်ခြေပစ်လိုက်သောအခါ ကြေမွသွားလေသည်။ ထိုအခိုက် ပြတင်း ခန်းဆီးကြားမှ မိုးရေစက်ကို တွေ့ရသည်။ မိုးရွာပြန်ပြီလား။ မိုးရွာနေစဉ် အပြင်ထွက်လမ်းလျှောက်ရခြင်းသည် အင်မတန် စိတ်ဝင်စားဖွယ်ကောင်းသည်။ မိုးစက်မိုးပေါက်များ ကျွန်မထံပြေးဝင်လာပုံကို သဘောကျ၏။ လှိုင်းများ ပြေးလာသလို မိုးဖွဲကလေးများပြေးလာလျှင် အသံတစ်ခု တွဲပါလာတတ်သည်။ နေကောင်းရဲ့လား...တဲ့။ ကျွန်မ သိပ်နှစ်သက်သော နှုတ်ခမ်းပါးတစ်စုံမှ နှုတ်ဆက်လေ့ရှိသော အနည်းငယ်အော၍ တိမ်ချင်သော အသံတစ်ခု ဖြစ်သည်။ အဲဒီလူတစ်ယောက်သည် ကျွန်မထံ စာရေးလျှင်လည်း နေကောင်းရဲ့လားဟု အရင် ရေးတတ်သည်။ သူ့အသံကြားလျှင် လမ်းလျှောက်ရတာ ပို၍ ပျော်စရာကောင်းလာသည်။ အရိပ်ဖြစ်ပေါ်ခြင်းမှ ကင်းလွတ် သောကြောင့်လည်း မိုးရေထဲမှာ လမ်းလျှောက်ခြင်းကို ကျွန်မ နှစ်သက်ပါသည်။ သို့သော် ခုနေလမ်းလျှောက်လျှင် ကျွန်မ မတွေ့ချင်သူများကို လမ်းမှာဖြစ်ဖြစ်တွေ့သွားနိုင်သည်။ ညနေခြောက်နာရီကျော်လျှင် လက်ဖက်ရည် ဆိုင်ထိုင်တတ်သူများ ဖြစ်၏။ မမြင်တာကြာပြီနော်ဟု နှုတ်ဆက်မည့်သူများဖြစ်၏။ ဘယ့်နှယ်လဲ ဖြေနိုင်တယ် မဟုတ်လားဟု နှုတ်ဆက်မည့်သူများဖြစ်၏။ ကျွန်မဆံပင်ထက်မှ ပြုတ်ကျသွားသော စပယ်ကုံးလေးကို နမ်းပါရစေဟု ခွင့်တောင်းခဲ့ဖူးသည့် ခပ်ကြောင်ကြောင်လူတစ်ယောက်နှင့် တွေ့နိုင်သေးသည်။ အဲဒီလူကို ပြုံးပြဖို့ သိပ်ခက်ခဲတာပါပဲ။ သူ့ကိုမြင်လျှင် ကျွန်မမျက်နှာကိုက အလိုလို ရှုံ့တွသွားမည်ထင်သည်။ ကံဆိုးလျှင် ‘‘မိမိ အထက်အရာရှိနှင့် ပတ်သက်သမျှ အောက်ခြေသိမ်းဆောင်ကြဉ်းပေးခြင်းကို ဂါရ၀တရားဖြစ်သည်’’ ဟု ရောထွေးပြောခဲ့ဖူး သူတစ်ယောက်နှင့်ပင် ဆုံနိုင်သည်။ ကျွန်မတွေ့ဖူးသော ပါးစပ်များထဲမှာတော့ သူ့ပါးစပ်သည် အနံဆုံးဖြစ်၏။ သူ့ကိုတွေ့လျှင်တော့ ကျွန်မ ခပ်ဝေးဝေးမှ ခွာ၍ သွားပါသည်။ (အညစ်အကြေးများသည် အသားချင်းထိလျှင်၊ အကျီင်္စချင်းထိလျှင် အခြားတစ်ယောက်ထံ လျင်မြန်စွာ ကူးစက်တတ်ကြောင်း ကျွန်မသိ၏။ တစ်စုံ တစ်ယောက်နှင့် ထိမိတိုင်းထိမိတိုင်း ထိမိသည့်အရေပြားကို ဆပ်ပြာဖြင့် လေးငါးခါ ထပ်ဆေးကြော ပစ်တတ်သော စိတ်ရောဂါ သည်မလေးတစ်ဦးကို ကျွန်မ အများနည်းတူ မရယ်မောခဲ့တာသေချာပါသည်။) ဒါ့ထက် ကံဆိုးလျှင် ကျွန်တော်က ဆင်းရဲသားတွေ၊ တောင်သူတွေအကြောင်းရေးတဲ့ ဘ၀သရုပ်ဖော် ၀ထ္တုမျိုးမှ သဘောကျတာဟု ယောင်တိယောင်ကန်း ပြောတတ်သူတစ်ယောက်နှင့်ပင် တွေ့နိုင်သည်။ ဆင်းရဲတာ တစ်ခုတည်းဟာ ဘ၀မဟုတ်ပါဘူးဟု ကျွန်မက ဆွေးနွေးလျှင်လည်း နားလည်မည့်လူအမျိုးအစားမျိုးမဟုတ်ပါ။ အင်းလေ.. ဘယ်မှ မထွက်တော့ပါဘူး။ စာဖတ်ဖို့အကြွေးတွေ ကျန်သေးသည်။ ခုတင်ပေါ်မှ ကြမ်းပြင်ပေါ်ခြေချလိုက်စဉ်မှာပင် လှေကားမှ တက်လာသော ခပ်ဖွဖွခြေသံတစ်ခု ကြားလိုက်သည်။ ခွာမြင့် ဖိနပ်သံမဟုတ်၊ ယိုးဒယား ဖိနပ်သံမဟုတ်၊ ရာဘာခံ သားရေဖိနပ်သံမျိုးဖြစ်နိုင်သည်။ ယောက်ျား ဖိနပ်သံ ဖြစ်လိမ့်မည်။ ဘယ်လိုပါလိမ့်။ မီးပြင်သမားလာရအောင်ကလည်း မီးပြတ်မနေပါ။ မီတာဖတ်ဖို့ လူတစ်ယောက် ယောက်များလား။နွားနို့ပို့သည့် လူငယ်လေး၏ ဖိနပ်သံလည်း မဟုတ်ပါ။ ညနေခြောက်နာရီ စာပို့သမားလည်း မလာပါဘူးလေ။ ခြေသံသည် ပျဉ်ခင်းကြမ်းပေါ်နင်းလာရင်း ဟိုဘက်က အခန်းများရှိရာသို့ မသွားဘဲ ကျွန်မ အခန်းဘက်သို့ ကွေ့လာသည့်အခါ ကျွန်မ ရုတ်တရက် မတ်တပ်ရပ်လိုက်မိတော့၏။ ခြေသံသည် ရွံ့ရည်ထဲမှ ဖြတ်သန်း လာခဲ့ရသော ဖိနပ်၏အသံမျိုးဖြစ်၏။ စိုစွတ်သည့် ဖိနပ်သံဖြစ်သည်။ တံခါးဖွင့်ပေးလိုက်လျှင် ဘယ်လိုမျက်လုံးမျိုးကို တွေ့ရမလဲ။ ခြေသံသည် အခန်းရှေ့မှာ ရပ်သွား၏။ သို့သော် တံခါးခေါက်သံ ထွက်မလာပါ။ အပြင်ဘက်ကလည်း ငြိမ်သက်နေပြီး ကျွန်မအခန်းထဲမှာလည်း ငြိမ်သက်နေသည်။ သူ သော့ပေါက်မှ ချောင်းကြည့် နေသလား။ ခဏကြာတော့ ခြေသံကို ကြားရပြန်သည်။ ပြန်လှည့်ထွက်သွားသော ခြေသံဖြစ်လေသည်။ ကျွန်မသည် နေရာမှာ မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်။ တံခါးဖွင့်ပေးလိုက်ဖို့ ကောင်းသည်လားဟု စဉ်းစားမိသော်လည်း သူ့ခြေသံလှေကားဆီမရောက်မီပင် ကျွန်မ ခုတင်ပေါ်ပြန်ထိုင်လိုက်ပါသည်။
ကျွန်မ ငယ်ငယ်တုန်းက မိုးရေထဲတွင် စက္ကူလှေကလေးတစ်ခုလုပ်ပြီး ရေထဲချလွှတ်လိုက်စဉ် ရေမြောင်းထဲမှာ မျောပါနေသော အသီးခြောက်ကလေးတစ်ခုကို မြင်၍ အကြာကြီး ရပ်ကြည့်နေ လိုက်ဖူးသည်။ လှမ်းဆယ် ယူကြည့်ဖို့ စိတ်မ၀င်စားခဲ့ပါ။ အခုလည်း ကျွန်မ ရေထဲမှာ တလိမ့်လိမ့်မျောပါနေခြင်းမဟုတ်ဟု ဘယ်သူ ငြင်းနိုင်မလဲလေ။
ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက်ကျွန်တော်ကြိုက်လို့တင်ထားလိုက်တာပါ။ဖြိုးဇာနည်...

0

ကုလသမဂ္ဂမှထုတ်လုပ်သောဂိမ်းကို လူသန်းပေါင်းများစွာနှစ်ခြိုက်နေ

Posted by ဖြိုးဇာနည် on Saturday, November 22, 2008 in
ကမ္ဘာကြီးအတွင်းမှ ပြဿနာများကို လူငယ်များအမှန်အတိုင်းမြင်တွေ့နိုင်ရန် ထုတ်လုပ်ထားခြင်းဖြစ်

ကုလသမဂ္ဂကထုတ်လုပ်လိုက်သော ကမ္ဘာ့ပထမဆုံးလူသားချင်းစာနာထောက်ထားမှု ဗီဒီယိုဂိမ်းကို ကမ္ဘာအနှံ့အပြားမှ လူသန်းပေါင်းများစွာကနှစ်သက်လျက်ရှိသည်။ အဆိုပါဗီဒီယိုဂိမ်းသည် အခက်အခဲနှင့်ကြုံနေရသောနေရာများသို့ လေကြောင်းမှ စားနပ်ရိက္ခာပို့ပေးခြင်း၊ အငတ်ဘေးနှင့်ကြုံနေရသော သောင်းကျန်းသူများလက် အောက်မှဒေသများသို့ အရေးပေါ်အစားအသောက်များပို့ပေးခြင်း စသည်တို့ကို ထည့်သွင်းရေးဆွဲထားခြင်းဖြစ်သည်။ ယင်းဂိမ်းကို အင်္ဂလိပ်၊ ဂျပန်၊ အီတလီ၊ ပိုလန်နှင့် ပြင်သစ်ဘာသာတို့ဖြင့် ကစားနိုင်ပြီဖြစ်ကာ လာမည့်ရက်သတ္တပတ်တွင် ဟန်ဂေရီနှင့် တရုတ်ဘာသာတို့ဖြင့် ကစားနိုင်တော့မည်ဖြစ်သည်။ ကမ္ဘာကြီးအတွင်းမှ စားနပ်ရိက္ခာပြတ်လပ်မှုပြဿနာများနှင့် လူသားချင်းစာနာထောက်ထားသောအဖွဲ့အစည်းများ ကြုံတွေ့နေရသော အခက်အခဲများကို လူငယ်များနားလည်စေရန် တီထွင်ပေးထားသည့် အဆိုပါ ဗီဒီယိုဂိမ်းကို http://www.food-force.com/ တွင် download ပြုလုပ်နိုင်သည်ဟုသိရသည်။ အင်္ဂလိပ်၊ ဂျပန်၊ အီတလီ၊ ပိုလန်ဘာသာစကားတို့ဖြင့် ပြုလုပ်ပေးထားသောဂိမ်းကို လွန်ခဲ့သည့် ၁၈ လကတည်းကကစားနိုင်ခဲ့ပြီး download ပြုလုပ်သူ ၄.၅ သန်းထိ ရှိပြီဖြစ်သည်။ foodforce ဟု အမည်ပေးထားသော အဆိုပါဂိမ်းသည် အသက် ၈ နှစ်မှ ၁၃ နှစ် အရွယ်ကလေးများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည်။ '' food-force ဟာ ဒီကနေ့ ကမ္ဘာကြီးမှာရင်ဆိုင်နေရတဲ့ ဖွံ့ဖြိုး ဆဲနိုင်ငံတွေက စားနပ်ရိက္ခာပြတ်လပ်တဲ့ပြဿနာတွေကို သိရှိနားလည်ပြီး ကူညီတတ်လာအောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်'' ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ ဆက်သွယ်ရေးဒါရိုက်တာ နီးလ်ဂါလတ်ဂျာကဆိုသည်။ ကမ္ဘာတစ်ဝန်းမှ ကလေးငယ်များ၊ ဆရာများ၊ မိဘများ၊ ဂိမ်းကျွမ်း ကျင်သူများမှာ မျှော်မှန်းထားသည်ထက်ပိုမိုနှစ်ခြိုက်ခဲ့ကြောင်း ၄င်းက ထပ်လောင်းပြောကြားခဲ့သည်။ ဂိမ်းကစားသူများသည် ကျေးလက်ဒေသများသို့ ရဟတ်ယာဉ်များဖြင့် စားနပ်ရိက္ခာများပေးပို့ရာတွင် ကြုံတွေ့ရလေ့ရှိသည့် အခက်အခဲများ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းရခြင်းများကို အမှန်အတိုင်း တွေ့မြင်ခံစားရမည်ဖြစ်သည်။
ဖြိုးဇာနည်...ည၆း၀၀တိတိ

0

မှားချင်မှားပါစေ၊ ကိုယ့်ဦးနှောက်နဲ့ကိုယ်လုပ်

Posted by ဖြိုးဇာနည် on Saturday, November 22, 2008 in
နေ့ခင်းကြောင်တောင်ကြီး မီးအိမ်ဆွဲလာတဲ့ လူတစ်ယောက်ကို တွေ့တယ်။ ပထမတော့ ဒိုင်အိုဂျီးနီးစ်လို့ထင်လိုက်တာ။ နောက်မှ မဟုတ်မှန်းသိတယ်။ အဲဒီလူဟာ.. ကျွန်တော်နဲ့ အသက် သိပ်မကွာလှဘူး။ ကကြီး၊ ခကွေးတွေ ပေနေတုန်း ရှိသေးတယ်။ “ဘယ်လိုလဲ၊ ခင်ဗျားက ဒိုင်အိုဂျီးနီးစ်ကို အတော်သဘောကျလို့လား” ကျွန်တော်က အော်မေးတော့ သူက ခေါင်းယမ်းပြတယ်။ “ဟင့်အင်း၊ ကျုပ်က 'လက်ဆင်း'ကို သဘောကျတယ်” “အော်.. ဟုတ်ပြီ။ သူ့စကားတစ်ခွန်းက အတော် ကမ္ဘာကျော်ခဲ့တာပဲနော်” “ဟုတ်တယ် .. မှားချင်မှားပါစေ၊ ကိုယ့်ဦးနှောက်နဲ့ကိုယ်လုပ် ဆိုတဲ့ စကားလေ။ သိပ်မှန်တဲ့စကားပေါ့။ ကျွန်တော့်လက်သုံးစကားပဲ” ကျွန်တော်တို့နှစ်ယောက်လုံး ရယ်မောလိုက်ကြတယ်။ ကျွန်တော်နဲ့သူဟာ အသွင်တူမယ့်ပုံ ရှိတယ်လို့ ထင်စရာပဲ။ ကျွန်တော်က မှိတ်တုတ်မှိတ်တုတ် မေးလိုက်တယ်။ “ဒါနဲ့ နေပါဦး။ နေ့ခင်းကြောင်တောင်ကြီး မီးအိမ်ကြီးနဲ့ ခင်ဗျားက ဘာရှာနေတာတုန်း” “အေးဗျာ။ ၀မ်းနည်းစရာပဲ။ ဦးနှောက် ကျပျောက်သွားလို့ ရှာနေရတာ…”
တာရာမင်းဝေ ၏ ကျွန်တော်နှင့် အသံခုနစ်ထပ် မှ
.........................................................................
အင်္ဂလိပ်စာမတတ်လို.သေတဲ့သူ
" Look out = ဂရုစိုက်သည်၊ သတိပြုသည်။ "တနေ.တော့ အင်္ဂလိပ်စာသိပ်မတတ်တဲ့ လူတယောက်ဟာ ရထားနဲ. ခရီးသွားနေတုန်းမှာ ပြတင်းပေါက်ပေါ် လက်ကလေးတင်၊ ခေါင်းကို လက်ပေါ်မှေးတင်ပြီး လိုက်ပါလာခဲ့တယ်။ ဒီလိုနဲ. ရထားဟာ ကွေ.ကောက်သွားရာကနေ လိုဏ်ဂူတခုထဲသို. ၀င်ခါနီးမှာ ရထားပေါ်ပါလာတဲ့ အင်္ဂလိပ်လူမျိုး ခရီးသည်တယောက်က အဲဒီလူကို Look out လို.ပြောလိုက်ပါတယ်။ အဲဒီတော့ အင်္ဂလိပ်စာမတတ်တဲ့လူက Look ဆိုတာ ကြည်.တာ၊ out ဆိုတာ အပြင် လို. တွေးမိပြီး၊ ဒီလူ ငါ့ကို ရထားအပြင်ဘက်ကြည်.ခိုင်းတာပဲ ဆိုပြီး ရထားပြတင်းပေါက်ကနေ ခေါင်းထုတ်ကြည်.လိုက်တော့ အရှိန်နဲ.သွားနေတဲ့ ရထားကြောင့် ခေါင်းတအားပြူလိုက်တဲ့လူဟာ လိုဏ်ဂူနံရံနဲ.တိုက်ပြီး သေပါလေရော” တဲ.။P.S: ဆရာ ဦးခင်မောင်ဝင်း၏ အင်္ဂလိပ်စာအတိုအထွာ (၃) မှ ကောက်နှူတ်တင်ပြသည်။ ဖတ်ပြီး ပြုံးရုံလောက် ပြုံးရင်တောင် ကျေနပ်ပါတယ်။
..................................................................
ပြတိုက်ထဲကပြဇာတ်(မင်းလူ)
မိုက်ခရိုဆောဖ့် သူဌေးကြီး ဘီလ်ဂိတ်သည် ကွန်ပျူတာ ဆောဖ့်ဝဲတွေ တစ်ခုပြီး တစ်ခု တီထွင်ထုတ်လုပ်နေလေသည်။ အရင် ထုတ်လုပ်ခဲ့သော ဝင်းဒိုးစီးရီးတင်မက တော့ပဲ စီလင်းစီးရီး ပေါ်တီကိုစီးရီး တွိုင်းလက်စီးရီး တွေပါ ထပ်ထွင်နေသည်။ ကွန်ပျူတာမှာ တီဗွီတို့ ဒီဗွီဒီတို့ပါ တွဲပါလာသည်။ ဒါတွေကအသေးအဖွဲ ဟိုးအရင်ကတည်းက အဆင့်မြင့်စက်တွေမှာ ပါပြီးသား၊ ကွန်ပျုတာနှင့် တယ်လီဖုံးတွဲပေးထားသည်။ မော်နီတာပေါ်မှာ တခြားလူရဲ့ မျက်နှာကိုပါ မြင်ရသည်။ ဒါလည်း သိပ်အထူးအဆန်းတော့မဟုတ်။ ကီးဘုတ်မပါပဲ အသံနှင့်စေခိုင်းလို့ရသော ကွန်ပျူတာ ကမ္ဘာပေါ်ရှိ ရုပ်ရှင်ရုံအားလုံး နှင့်ဆက်သွယ်ထားပြီး ပြနေတဲ့ ကားတွေကို အိမ်ကနေကြည့်နိုင်သော ကွန်ပျူတာ စသည်ဖြင့် ထပ်ထွင်သည်။ ဒါတွေက ပြသနာမဟုတ်သေး။ သူထွင်ကိုယ်ထွင် ပြိုင်ထွင်နေကြတာ ဓမ္နတာပဲ။ ဒီနေရာမှာ ဘီလ်ဂိတ်က ကွန်ပျူတာနယ်ပယ်မှာသာ မက တခြားလုပ်ငန်းတွေမှာပါ နယ်ချဲ့လာသည်။ မိုက်ကရိုဆောဖ့်ကက်ဆက် မိုက်ကရိုဆောဖ့်ကင်မရာ မိုက်ကရိုဆောဖ့်ရေခဲသေတ္တာ မိုက်ကရိုဆောဖ့် အဲယားကွန်း စသည်ဖြင့်....။ ထို့နောက် တစ်စင်းလုံးကို ကွန်ပျူတာဖြင့် အလိုလျောက်မောင်းနှင်သော မိုက်ကရိုဆောဖ့် ဇိမ်ခံ မော်တော်ကားကို တီထွင်ထုတ်လုပ်လိုက်လေရာ ကမ္ဘာကျော်ကားကုမ္ပဏီကြီးများ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်ကုန်ကြသည်။ ဒါတွင်မကသေး အရသာမျိုးစုံကို ခံစားစေနိုင်သော ဆောဖ့်ဝဲ တစ်ခုကို ထပ်မံတီထွင်ပြန်၏။ ကွန်ပျူတာဖြင့် ဆက်ထားသော မောက်စ်အသေးစားအရွယ် ကိရိယာလေးကို ပါးစပ်ထဲ ငုံထားလိုက်ရုံပင် ဖြစ်၏။ ဆေးလိပ်သောက်ချင်သလား၊ ခလုပ်နှိပ်လိုက်ရုံဖြင့် လျှာပေါ်ကို ဆေးလိပ်၏ ခံစားမှုကို ရအောင် လှုံ့ဆော်ပေးလိမ့်မည်။ ထို့အတူ လက်ဖက်ရည်၊ ကော်ဖီ၊ ရေခဲမုန့်၊ သစ်သီး အရသာမျိုးစုံကို ခံစားစေရမည်။ ရှေ့ဆက်ပြီး သုတေသနလုပ်နေတာကတော့ ကွန်ပျူတာနှင့် လူသားတို့ လက်ထပ်နိုင်သည့် နည်းပညာဖြစ်၏။ ထိုကိစ္စကို လူပျိုကြီး အပျိုကြီးတွေက လွန်စွာ စိတ်ဝင်တစား စောင့်မျှော်နေကြသည်။ ဒီတိုင်းဆို သိပ်မလွယ်...
ဖြိုးဇာနည်...ညနေ၅း၅၀တိတိ

0

ဥာဏ်စမ်းပုစ္ဆာ (မင်းလူ)

Posted by ဖြိုးဇာနည် on Wednesday, November 19, 2008 in
ရှေးလူကြီးတွေများ တော်တော်ပညာပြချင်တတ်သည်။ နှောင်းလူတွေကို ဆုံးမချင်တာ၊ မှာခဲ့ချင်တာ ရှိတဲ့အခါ တိုက်ရိုက်တည့်တည့် ပြောလိုက်လျှင် ရလျက်သားနှင့် ပဟေဠိ စကားထားတွေနှင့် ဦးနှောက်စားအောင်လုပ်တတ်သည်။ သိုက်စာအတိတ်၊ တဘောင်တွေဆိုလျှင် ဘယ်အရပ်ကနေ မြောက်စူးစူးကို ခရီးတာ ဘယ်လောက်သွား၊ ဘာပင်တွေ့လိမ့်မယ်၊ အဲဒီကနေ အရှေ့တောင်ကို ခြေလှမ်းငါးဆယ်လှမ်း၊ ကျောက်ဂူတွေ့မယ်။ ဒီလိုမဟုတ်ဘဲ အဓိပ္ပါယ်ဖော်ရခက်အောင် ကွယ်ဝှက်ပြီး ရေးထားတော့ ရှာဖို့ခက်သွားတာပေါ့။ စကတည်းက မပေးချင်လည်း ဘာကြောင့် သိုက်ညွှန်းစာရေးနေရသေးလဲ။ ရှေ့ဘာဖြစ်မယ်ဆိုတာ ဟောကိုန်းထုတ်ချင်လည်း တည့်တည့်ပြောပါလား။ ဘာဖြစ်လို့ တဘောင်တွေ စနည်းတွေ လုပ်နေရတာလဲ။ အဂ္ဂိရတ်မှာလည်း ဒီလိုပဲ။ ဓာတုဗေဒပညာလို ပုံသေနည်းတွေ ညီမျှခြင်းတွေနဲ့ တိတိကျကျ မပြောကြ။ လင်္ကာတွေ စာချိုးတွေနဲ့ မျက်စိလည်အောင် လုပ်တတ်သည်။ ဆေးညွှန်းပေးတာတောင် စကားထားဝှက်သလို လုပ်ချင်သည်။ သွားကိုက်ပျောက်ဆေးနည်းတစ်ခုမှာ “ငါးပိလက်လေးသစ်” တဲ့။ ဘယ့်နှယ် ငါးပိလက်လေးသစ်ဆိုတော့ သွားမှာသိပ်ဖို့ နေနေသာသာ ပါးစပ်ထဲတောင် ထည့်ဖို့မလွယ်။ အမှန်က ပါဝင်သော ဆေးအမယ်များမှာ ပထမစာလုံးများဖြင့် အတိုကောက် မှတ်ထားခြင်းဖြစ်၏။ င=ငရုတ်ကောင်း၊ ပိ=ပိတ်ချင်း၊ လက်=လက်ချား၊ လေး=လေးညှင်း၊ သစ်=သစ်ကြမ်းပိုးခေါက်တို့ ဖြစ်သည်။ ဒီနေရာမှာ အဓိပ္ပါယ်ကောက်လွဲသွားနိုင်သည်။ “င” ကို ငရုတ်သီး၊ “လက်” ကို လက်ထုပ်ကြီး၊ “သစ်” ကို သစ်စိမ့်သီးဆိုပြီး မှားထည့်မိလျှင် ဘယ်လိုလုပ်မလဲ။ ကိုယ်မရှိတော့တဲ့အချိန်မှာ သားသမီးတွေ လိမ္မာအောင်၊ ဒုက္ခမရောက်အောင် မှာကြားဆုံးမရာမှာတောင် ဇဝေဇ၀ါဖြစ်အောင် လုပ်ခဲ့သေးသည်။ ပုံပြင်တစ်ခုတောင် ရှိသေးတယ်လေ။ သူဌေးကြီးသေတော့ သူ့သားကိုမှာခဲ့တာက… ခေါင်းတစ်ရာသားစားပါ။ အိမ်နောက်ဖေး ဈေးဆိုင်တည်ပါ။ ခေါင်းသုံးလုံးနဲ့ ပညာရှိကို ဆည်းကပ်ပါ။ ဒီတော့… သားလုပ်တဲ့သူက ကြက်၊ ဘဲ၊ သိုး၊ ဆိတ်၊ ၀က်၊ အမဲ စသည်ဖြင့် အကောင်တစ်ရာဝယ်ပြီး ခေါင်းဖြတ်စားသည်။ ငွေတွေ သောက်သောက်လဲကုန်သည်။ အိမ်နောက်ဖေး ဈေးဆိုင်ဖွင့်ရောင်းသည်။ ဘယ်သူမှလာမ၀ယ်သဖြင့် အကြီးအကျယ်ရှုံးသည်။ နောက်ဆုံး ခေါင်းသုံးလုံးနှင့် ပညာရှိကို လိုက်ရှာသည်။ အသက်အရွယ် အိုမင်းလွန်းသဖြင့် ခါးကိုင်းနေပြီး ဆောင့်ကြောင့်ထိုင်နေသောအခါ ဦးခေါင်းက ဒူးနှစ်လုံးကြားထဲ ရောက်နေသော အဘိုးအိုတစ်ယောက်ကို တွေ့ရ၏။ ရုတ်တရက်ကြည့်လိုက်လျှင် သူ့အဖေမှာခဲ့သည့် အချက်များ၏ ဆိုလိုရင်းကို သိရလေသည်။ “ခေါင်းတစ်ရာသားစားပါ” ဆိုတာက ဈေးသက်သာသော ငါးသေးငါးဖွဲကလေးတွေ စားခိုင်းခြင်းနှင့် “အိမ်နောက်ဖေး ဈေးဆိုင်တည်” ဆိုတာက ဟင်းသီးဟင်းရွက် စိုက်ခိုင်းခြင်း ဖြစ်လေ၏။ စောစောစီးစီးက မသိသဖြင့် သားဖြစ်သူမှာ အချိန်ကုန်၊ ငွေကုန်၊ လူပန်း ဦးနှောက်ခြောက် ဖြစ်ခဲ့ရလေသည်။ တကယ်တော့… ခုလို ရှေးလူကြီးတွေကို ဝေဖန်မိတာကလည်း သူ့အဖေကြောင့်သာဖြစ်၏။ သူ့အဖေသည် သူ့ခေတ်သူ့အခါကတော့ ခေတ်အမြင်ရှိသူဖြစ်၏။ အသက်ကြီးလာတော့လည်း ရှေးလူကြီးဖြစ်သွားခဲ့သည်။ သူ့အဖေဆုံးခါနီးတွင် သူ့ကို စာအိတ်တစ်အိတ် ပေးသွားသည်။ အထဲမှာ စာတစ်စောင်ပါသည်။ စာထဲမှာ လမ်းညွှန်မှာကြားချက်တွေ ရေးထားသည်။ ရှေးလူကြီး မပီသမှာ စိုးလို့လားမသိ။ ပဟေဠိဆန်ဆန် ရေးထားသည်။ ပထမလမ်းညွှန်ချက်က .. “နို့အလုံးတစ်ရာကိုစို့ပါ” တကယ်ပဲ နို့အလုံးတစ်ရာကို စို့ခိုင်းခြင်း မဟုတ်တာတော့ သေချာသည်။ ကိုယ့်သားကို ပါးအချက်တစ်ရာ အရိုက်ခံရအောင်တော့ ဘယ်အဖေမှ ချောက်တွန်းမှာမဟုတ်။ ဒါဖြင့် ဘာအဓိပ္ပါယ်လဲ၊ ဘာကို ဆိုလိုတာလဲ။ သွားစို့လို့ ပါးရိုက်မခံရနိုင်တာက နွားမတွေပဲ ရှိသည်။ ဒါတောင် ချဉ်းကပ်နည်း မမှန်လျှင် အကန်ခံရနိုင်သည်။ နွားမပေါင်းများစွာက နို့များကို စုပေါင်းပြီး ချက်ထားသော နို့ဆီများကို ပြောတာလား။ မဖြစ်နိုင်။ ဟိုအရင်ထဲက လက်ဖက်ရည်ကို တစ်နေ့သုံးခွက်လောက် သောက်ခဲ့တာပဲ။ လက်ဖက်ရည်သောက်တိုင်း နို့ဆီပါနေခဲ့တာပဲ။ စဉ်းစားလို့မရသဖြင့် ခေါင်းရှင်းသွားအောင် ရုပ်မြင်သံကြား ထိုင်ကြည့်နေလိုက်သည်။ အရေးထဲ ကြော်ငြာတွေကလည်း များလိုက်တာ။ ဒီထဲကမှ ကြော်ငြာတစ်ခုကို သတိပြုမိ၏။ မိုးဒီနှင့် စိုးမြတ်နန္ဒာတို့ ပါဝင်သရုပ်ဆောင်ကြသော ကြော်ငြာ။ ဒီတော့မှ ဥာဏ်အလင်းရသွားသည်။ သူသည် ပဲနို့ရည်ကို ဝယ်သောက်လေတော့သည်။ တစ်နေ့တစ်ပုလင်း မှန်မှန်သောက်သည်။ ပဲနို့ရည်ထဲမှာ ပရိုတင်းတွေ၊ လိုင်စင်းတွေ ပါနေသဖြင့် ကျန်းမာပြီး ဝဖြိုးလာလေတော့သည်။ ဒုတိယအချက်ကတော့ .. “အိမ်နောက်ဖေးမှာ ဘဏ်တိုက်ဆောက်ပါ” သူ့အိမ်နောက်ဘက်က ကွက်လပ်ကလေးမှာ ဘဏ်တိုက်နေနေသာသာ အပေါင်ဆိုင်ဆောက်ဖို့လောက်တောင် ကျယ်ဝန်းတာမဟုတ်။ ပြီးတော့ သူ့ဝင်ငွေကလည်း ဘဏ်မှာအပ်ပြီး စုဆောင်းထားရလောက်အောင် ပိုလျှံနေတာမဟုတ်။ ၀င်ငွေနဲ့ စားသောက်စရိတ်နဲ့ မျှတရုံလောက်ပဲ။ စုဆောင်းစရာဆိုလို့… အဲ… ဟုတ်ပြီ။ စားလိုက်တဲ့အစာတွေက ပျောက်ပျက်သွားတာမဟုတ်။ အသွင်ပြောင်းပြီး ပြန်ထွက်လာတာလေ။ ဒါတွေကို စုဆောင်းထားဖို့အတွက် အိမ်နောက်ဖေးကွက်လပ်မှာ အိမ်သာတစ်လုံးဆောက်လိုက်တယ်။ တတိယအချက်မှာ… “ငရဲပြည်နှင့်ဆက်သွယ်ပါ” ငရဲပြည်ဆိုတာ လူကိုယ်တိုင်သွားဖို့ကလွဲပြီး ဆက်သွယ်ရနိုင်သည့် တခြားနည်းလမ်းမရှိ။ တယ်လီဖုန်း ဆက်လို့ရတာလည်းမဟုတ်။ ဖက်စ်တွေ၊ အီးမေးလ်တွေ ပို့လို့ရတာလည်းမဟုတ်။ တစ်နည်းပဲရှိသည်။ မြေကြီးကိုဖောက်ပြိး အ၀ီစိရောက်အောင် တူးဖို့။ ဒီလိုလျှောက်တွေးကြည့်မှ အဖြေပေါ်လာသည်။ အဝီစိတွင်းတစ်တွင်း တူးလိုက်သည်။ သူတို့ရပ်ကွက်က ရေရှားသည်။ ထို့ကြောင့် အ၀ီစိတွင်းရေကို ရောင်းစားသောအခါ တွက်ခြေကိုက်ကြောင်း တွေ့ရ၏။ ကဲ…နောက်တစ်ခု။ “ခြေထောက် အရောင်းအ၀ယ်ပြုလုပ်ပါ” ဒါဟာ ၀က်ခြေထောက်စွပ်ပြုတ် ရောင်းခိုင်းတာတော့ မဖြစ်နိုင်။ ချိုင်းထောက်လုပ်ရောင်းလို့လည်း စီးပွားဖြစ်မှာမဟုတ်။ ထိုစဉ်မှာ သူငယ်ချင်းတစ်ယောက် ကားလေးနှင့် ရောက်လာသည်။ လက်ဖက်ရည်ဆိုင် ထိုင်ကြရင်း သူက ပြောသည်။ “ဟိုတစ်ခါလာတုန်းက ဒီကားမဟုတ်ပါဘူး” “ဟိုကားလေးက မြတ်လို့ ရောင်းလိုက်ပြီ။ ဒီကားကလဲ ဈေးချောင်လို့ ဆွဲထားတာ၊ ၀ယ်ရောင်းလုပ်တာ မဆိုးဘူးကွ၊ လုပ်တတ်ကိုင်တတ်ရင် ၀င်ငွေလည်းရတယ်။ ခြေထောက်လဲ ရတာပေါ့” “ဘာ.. ခြေထောက်၊ ဟုတ်လား” “အေးလေ.. ငါတို့လောကမှာတော့ ကားဝယ်စီးတာကို ခြေထောက်တပ်တယ်လို့ ခေါ်တယ်။ မင်းလည်း ခြေထောက်တပ်သင့်တယ်ကွ” “အင်း.. ဟုတ်တယ်၊ ငါသဘောပေါက်ပြီ” သူသည် အောက်ကားလေးတစ်စင်းကို စ၀ယ်၍ ပြုပြင်မွမ်းမံပြီး ပြန်ရောင်းရာ အမြတ်ငွေ နည်းနည်းပါးပါး ရသည်။ လုပ်တတ်ကိုင်တတ်သွားတော့ အောက်ဈေးနှင့်ရှာဝယ်ပြီး တက်ဈေးမှာပြန်ရောင်းရင်း စီးပွားရေးအခြေအနေ တိုးတက်မှုရှိလာသည်။ “ကျင်ငယ်ရည်ထုတ်လုပ်သည့်စက် တည်ပါ” အဖေကတော့ တော်တော်ပေါက်ပေါက်ရှာရှာ ခိုင်းတာပဲဟု သူတွေးသည်။ အဓိပ္ပာယ်တော့ ဖော်လို့မရ။ ကျင်ငယ်ရည်ဆိုတာ တစ်ခုခုကို တင်စားထားတာပဲဆိုတာတော့ ရိပ်မိသည်။ ဘာလဲဆိုတာ စဉ်းစားရခက်နေသည်။ ထို့ကြောင့် အာရုံအပြောင်းအလဲဖြစ်အောင် လမ်းထွက်လျှောက်သည်။ လမ်းမှာ ရပ်ကွက်ထဲက ၀ါရင့် ယမကာသမားကြီးတစ်ယောက်နှင့် တွေ့သည်။ “ဘယ်သွားမလို့လဲကွ” ဟု မေးသဖြင့် သူက.. “ပျင်းပျင်းရှိလို့ ထွက်လာတာပါ၊ ဘီယာစတေရှင် သွားထိုင်ရင် ကောင်းမလားလို့။ လိုက်ချင်လိုက်ခဲ့ပါလား၊ ကျွန်တော်တိုက်ပါ့မယ်” ပြောတော့ ယမကာသမားကြီးက .. “တော်ပါပြီကွာ၊ ငါက ဘီအီးကလွဲရင် ဘာမှမကြိုက်ဘူး၊ မင်းဘီယာက အများကြီးသောက်ပြီးမှ နည်းနည်းလေးမူးတာ၊ ဆီးခဏခဏသွားရတာပဲ အဖတ်တင်တယ်” သူ့ခေါင်းထဲမှာ လက်ခနဲ အကြံရသွားသည်။ ဘီယာသောက်လျှင် ဆီးရွှင်စေသည်။ ကျင်ငယ်ရည်ထုတ်လုပ်သည့်စက်ဆိုတာ ဒါပဲကိုး။ သူသည် စည်ဘီယာဆိုင် ဖွင့်လိုက်လေသည်။ နောက်ဆုံးအချက်ကတော့ “ဦးနှောက်မပါသော ပညာရှိကို ဆည်းကပ်ပါ” ဘယ်လိုလဲ။ ပညာရှိပါဆိုမှ ဦးနှောက်မပါလို့ ဖြစ်မလား။ သာမန်လူပြိန်းတွေတောင် ဦးနှောက်ကတော့ ပါကြတာပဲ။ လူမပြောနဲ့ တချို့တိရစ္ဆာန်တွေမှာတောင် ဦးနှောက်ရှိကြသည်။ လူရယ်လို့ ဖြစ်လာတာလည်း တိရစ္ဆာန်တွေထက်ပိုပြီး အဆင့်မြင့်တဲ့ ဦးနှောက်ကို ပိုင်ဆိုင်ရခဲ့လို့ပဲ မဟုတ်လား။ ဒီဦးနှောက်ကို အားကိုးပြီးတော့ပဲ ကမ္ဘာကြီးကို မောင်ပိုင်စီးနိုင်ခဲ့တာမဟုတ်လား။ ဘာပဲဖြစ်ဖြစ် ဆိုလိုရင်းအဓိပ္ပါယ်ကိုတော့ ရအောင်ရှာရမည်။ လူတို့သည် ဦးနှောက်ရှိသောကြောင့် တွေးတောကြသည်။ ဒီအခါမှာ ကောင်းတာရော မကောင်းတာပါ တွေးမိသည်။ တရားတာရော မတရားတာပါ ကြံစည်စိတ်ကူးမိကြမည်။ ထို့ကြောင့် ဦးနှောက်မရှိတာကမှ ခပ်ကောင်းကောင်းဟု ဆိုလိုချင်တာလား။ မဖြစ်နိုင်။ ဦးနှောက်မရှိလျှင် အဆိုးသာမက အကောင်းကိုပါ တွေးတောဆင်ခြင်နိုင်မှာ မဟုတ်တော့။ တီကောင်တွေ၊ ပိုးမွှားတွေလို အဆင့်နိမ့်သတ္တ၀ါများနှင့် ဘာထူးတော့မှာလဲ။ ပဟေဠိရဲ့အဖြေကိုရဖို့ ဦးနှောက်ကိုသုံးပြီး စဉ်းစားနေရတာပဲလေ။ ဒါဖြင့် ဦးနှောက်မပါတဲ့ ပညာရှိဆိုတာ ဘယ်လိုဟာလဲ။ ဦးနှောက်မပါဘူးဆိုလျှင် သက်ရှိ မဖြစ်နိုင်တော့။ သက်မဲ့ပဲ ဖြစ်ရမည်။ သက်မဲ့အရာဝတ္ထုတစ်ခုက ပညာရှိဖြစ်နိုင်သလား။ သက်မဲ့အရာဝတ္ထုတစ်ခုကို ဆရာတင်ပြီး ဆည်းကပ်သင့်သလား။ ပညာရှိဆိုလျှင် မေးသမျှ ဖြေနိုင်ရမည်။ အကြောင်းအရာမျိုးစုံကို ခြုံငုံသိရှိနားလည်ရမည်။ ဒါဆိုလျှင်… သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ကွန်ပျူတာတစ်လုံးဝယ်ဖို့ပင် ဖြစ်လေ၏။မင်းလူ
Ref: http://www.planet.com.mm/bookplanet/index.cfm?linkpage=read_story&id=123
Powered by ScribeFire.
ဖြိုးဇာနည်.....

0

မြန်မာသီချင်းကြီးများ

Posted by ဖြိုးဇာနည် on Wednesday, November 19, 2008 in
မြန်မာသီချင်းကြီးများ နားထောင်လိုသူများအတွက်
http://morris.myanmar-sar.org/index.php?d=Myanmar+Oldies
http://mission.itu.ch/MISSIONS/Myanmar/music/index.htm
http://www.burmeseclassic.com (ဒါကတော့တော်တော်များများသိကြပါတယ်)
ကျွန်တော့်အတွက်တော့ သီချင်းကြီးများက သိပ်တော့မစိမ်းခဲ့ပါဘူး။တစ်ခါတစ်ခါတော့အဘိုးဖွင့်တာကိုနားထောင်ဖူးပါတယ်...
ရှေးတုန်းကလူကြီးများ နားထောင်တဲ့သီချင်းကို ကျွန်တော်တို့ခံစားခြင်းဖြင့် ကျွန်တော့်တို့ အဖေ၊ အမေ၊ အဘိုး၊ အဘွားများရဲ့
လူငယ်ဘဝကို ချောင်းကြည့်နေရသလိုပါပဲ။
ဒီလင့်ခ်များကို နေးတစ်မြန်မာဖိုရမ်မှ ရရှိပါသည်။ တစ်ခြားမြန်မာသီချင်းကြီးများစွာလည်း နေးတစ်ဖိုရမ်တွင်ရှိပါသည်။
(စိတ်ပါဝင်စားသူမှားသွားရောက်လေ့လာနိုင်ပါသည်။)
ဖြိုးဇာနည်..ည....၉း၂၀တိတိ

1

ကျွန်တော့်အကြောင်း

Posted by ဖြိုးဇာနည် on Wednesday, November 19, 2008 in
၁။ စိတ်ညစ်စရာတွေများလာရင် တွေ့တဲ့သူငယ်ချင်းကိုခေါ်ပြီးဆိုင်ကယ် လျှောက်မောင်းတယ်။(အထူးသဖြင့် လူရှင်းတဲ့နေရာပေါ့)

၂။ အားနာတတ်တယ်။ ခံစားတတ်လွယ်တယ်။ အစွဲအလမ်းကြီးတယ်။ သနားတတ်တယ်။

၃။ စိတ်အရမ်းလောတတ်တယ်။(ပျာယာမခတ်တတ်ပါ)

၎။ သိချင်တာရှိလျှင် ချက်ချင်းမေးတတ်တယ်။ ကိုယ်ပြောချင်တာဆိုလျှင်လည်း မလျှို့မ၀ှက်ပြောပြတတ်တယ်။
(လျှို့ဝှက်တက်တဲ့မိတ်ဆွေများကို စိတ်ပျက်မိတယ်)

၅။ မိမိလုပ်ပြီးသားကိစ္စတွေအပေါ် ဘယ်တော့မှ နောင်တမရဘူး။(စဉ်းစားပြီးမှလုပ်တတ်လို့ပါ)

၆။ ခေါင်းအရမ်းမာတယ်။ ဥပက္ခာပြုတတ်တယ်။(ခင်မင်သူတွေကပြောကြတာပါ)

၇။ ကိုယ့်ကို တစ်ယောက်ယောက် က ရန်စသွားရင် မခံချင်ဘူး။ တစ်နည်းနည်းနဲ့ ကလဲစားပြန်ချေချင်တယ်။
(သည်းခံစိတ်မွေးနေပါတယ်)

၈။ မန်ယူ ဘောလုံးအသင်းရှုံးသွားရင် အဲ့ဒီည မှာ အိပ်မပျော်တတ်ဖူး။ (ရှုံးသွားတဲ့ ပိုက်ဆံတွေကို နှမြောလို့မဟုတ်ဘူးနော်)

၉။ မလိုချင်လို့ လွင့်ပစ်ခဲ့တဲ့ အရာအပေါ် ဘယ်တော့မှ လှည့်မကြည့်တတ်ဘူး။(အဟောင်းတွေတောင်သိမ်းထားတတ်တယ်)

၁၀။အတွေးသမားဆိုပါတော့..တစ်နေရာရာကိုအမြဲစိုက်ကြည့်နေတတ်တယ်။(သူငယ်ချင်းတွေပြန်ပြောပြတာပါ)

အတွင်းသိခင်မင်ချင်သူများဆက်သွယ်နိုင်ပါသည်(phyozarni13@gmail.com)

ဖြိုးဇာနည်...ည၉း၀၅တိတိ

0

ဝက်ခြံတွေမရှိစေချင်ရင်(တစ်ပင်တိုင်မြနန်းဆေးပင်)

Posted by ဖြိုးဇာနည် on Monday, November 17, 2008 in
ဝက်ခြံတဲ့ဟဲဟဲနာမည်ကတော့သူဌေးဖြစ်မဲ့နာမည်ပဲဒါပေမဲ့တကယ့်လက်တွေ့ကတော့မွဲရချေရဲ့ဗျာ။ကိုယ့်မျက်နှာမှာအဖုလေးတစ်ဖုပေါက်လာ
မှာတောင်ကြောက်ကြတဲ့ကိုကိုမမများအတွက်ပါ။ကြော်ငြာသမျှဆေးတွေဝယ်သုံးပြီးမုန့်ဖိုးပြုန်းတီးနေသူများအတွက်သတင်းကောင်းလေးပါး
လိုက်ပါရစေ။တကယ့်ကိုယ်တွေ့လေးပါ။ကျွန်တော်ကဝက်ခြံသိပ်မပေါက်တတ်ပါဘူး..အဲပေါက်လာပြီဟေ့ဆိုရင်လည်းတစ်ဖုတစ်ဖုကိုအမ်မလေး
တယူရလောက်အောင်ကိုပေါက်တော့တာ။ကျွန်တော်လည်းအရင်ကဟိုဆေးလေးလိမ်းလိုက်ဒီဆေးလေးလိမ်းလိုက်နဲ့ယောင်တောင်တောင်ပါပဲ။
တစ်နေ့ကျတော့ကျွန်တော်တို့မိသားစုလိုက်ဘုရားသွားဖူးကြတယ်။အဲ့အဲ့မိသားစုလိုက်ဆိုလို့အများကြီးမထင်လိုက်နဲ့အုံးကျွန်တော်တို့က
မိသားစုသုံးယောက်ပဲရှိတာဗျ။ဖေဖေနဲ့မေမေတို့ရဲ့သားသားလေးပေါ့ဂျာ။ဘယ်ရောက်သွားပါလိမ့်အော့်(ဖဿ)ဘုရားသွားရင်းနဲ့တောင်ပေါ်တတ်
ကြတာကနေပဲစပြောတော့မယ်။(ဖဿ)ဘုရားဆိုတာကကျေက်တုံးမှာကျန်ရှိနေတဲ့မြတ်စွာဘုရားရဲ့လက်တော်ရာလေးကိုတည်ထားတဲ့စေတီ
ငယ်လေးတစ်ဆူပါ။
(ဖဿ)ဘုရားဆိုတာကတောင်တလျှောက်လုံးဘုရားတွေနဲ့ပြည့်နေတဲ့ဘုရားပေါ့တောင်ထိပ်မရောက်မချင်းဘုရား (စေတီ)
တွေဖူးလို့ကိုမကုန်နိုင်ဘူဗျ။အဲပြောရင်းနဲ့လိုရင်းကိုမရောက်သေးဘူး။အဲဒီဘုရားတောင်ပေါ်ကအဆင်းတောင်အောက်ရောက်ခါနီးမှာကျွန်တော့်အဖေ
ကဒီအပင်လေးကိုတွေ့ပြီးငါ့သားရေသားရဲ့မျက်နှာကအဖုတွေအတွက်တော့မပူနဲ့တော့တဲ့။ဒါအကောင်းဆုံးဆေးပဲတဲ့။မှန်လိုက်လေဗျာ့အခုဆိုရင်
ဝက်ခြံမပြောနဲ့ဝက်ခြံရဲ့ဘိုးအေလာရင်တောင်ကျွန်တော်ကတော့မကြောက်ရေးချာမကြောက်ပဲဗျ။အခုအဲဒီအပင်လေးကိုကျွန်တော့်အိမ်မှာပွားထား
တာအများကြီးပဲဗျ။အော့်နာမည်လာ့းဟုတ်သားပဲ(တစ်ပင်တိုင်မြနန်း)တဲ့နာမည်နဲ့လိုက်တယ်ဗျသူကတစ်ပင်တိုင်မြနန်းဆိုသလိုပဲအပင်စထွက်က
ထဲကတစ်ပင်ထဲထွက်တာတခြားနေရာတွေနွယ်မယ်တတ်မယ်ပေါ့ဗျာဒါပေမဲ့သူကအညွှန့်မခွဲဘူးဗျတစ်ပင်ထဲပဲလေ့ခေတ်စကားအရဆိုရင်အထီး
ကျန် ပင်ပေါ့ဗျာ။ဒီအပင်လေးကိုတစ်နှစ်လောက်ဂရုတစိုက်ပျိုးမှဥလေးကလက်မသာသာလေးလောက်သာရတာဗျ။ရှားပါးတယ်ဆိုပါတော့ဗျာ။သူ့ရဲ့
အသုံးပြုနည်းကအမြစ်ကိုတူးရတာဗျ။တူးပြီးရင်အခြောက်လှမ်း(ခြောက်ဖို့သုံးရက်လောက်ကြာတယ်)ခြောက်ပြီဆိုရင်တော့ဘာမှရောစရာမလိုပဲ
ရယ်ဒီမိတ်သွေးလိမ်းရုံပဲဗျာဝက်ခြံလောက်ကတော့တစ်ရက်ပဲပြားချပ်သွားစေရမယ်ကိုယ်တွေ့နော်။ဝက်ခြံမှမဟုတ်ပါဘူးဘာအဖုမဆိုပျောက်ပါတယ်
အခုစာဖတ်နေသူတွေကဝေးနေကြလို့ဗျကျွန်တော့်အိမ်နီးချင်းတွေဆိုရင်တော့ကျွန်တော်မျှပေးပါတယ်။ဒါပေမဲ့စိတ်ဓါတ်မကျနဲ့ရပ်ကွက်ထဲတစ်လမ်း
ဝင်တစ်လမ်းထွက်လိုက်ရှာလို့ရအောင်ဓါတ်ပုံရိုက်ပြီးထည့်ပေးလိုက်တယ်။။။။။။။မယုံရင်စမ်းကြည့်မပျောက်ရင်ငွေပြန်အမ်းမယ့်အဲလေဟုတ်ပါဘူး
ဘွာတေးဘွာတေ့း



ဒါကတော့တစ်ပင်တိုင်မြနန်းအရွက်ပါ။အစိမ်းထဲမှာအဖြူကွက်ကလေးတွေပါတယ်ဗျ။အနောက်ဘက်ခြမ်းမှာကတော့အလယ်မှာ
နီညိုရောင်အကြောလေးပါပါတယ်။
နနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနန




ဒါကတော့နွယ်နေတဲ့အရွက်တွေနဲ့ပန်းအိုးထဲကနေအခုမှတူးရင်းနဲ့ဓါတ်ပုံရိုက်ထားတဲ့ပုံပါ်။။။။။။ဒါတစ်နှစ်သားဥလေးပါ။

နနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနန



ဒါကတော့ခုဏကတူးထားတာလေးကိုရေဆေးထားတဲ့ပုံနဲ့အရင်ကတူးထားတာလေးကိုအခြောက်လှမ်းထားတဲ့ပုံပါ။(ဘာအနံအသက်မှမရှိပါ)

နနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနန



ဒါကတော့အခုတူးထားတဲ့ပုံအခြောက်လှမ်းပြီးသားပုံနဲ့အရွက်ပုံလေးပါ။ဒီဘက်ကတော့တစ်လသားအရွယ်အပင်ငယ်လေးပါ။

နနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနန


ဒါကတော့အပင်ကိုရှာတဲ့အခါအဓိကအချက်ဖြစ်တဲ့မြေကြီးကနေတစ်ချောင်းထဲမတ်မတ်တတ်နေသောအပင်အရင်းပိုင်းရဲ့ပုံပါ။

စာဖတ်သူများအားလုံးအဖုအပိန့်ပေါက်ခြင်းမှကင်းဝေးကြပါစေသောဝ်

လေးစားစွာဖြင့်...................

ဖြိုးဇာနည...ည၆း၅၅တိတိ


0

ရှမ်းပြည်ကိုတစ်ခေါက်

Posted by ဖြိုးဇာနည် on Monday, November 17, 2008 in
ရှမ်းပြည်ကို
ရောက်လာကြရင်တော့ကောင်းတာပေါ့..အဲမရောက်လာနိုင်ခဲ့ကြရင်ဆိုပြီးတွေးမိသွားလို့စုမိ
ထားတဲ့ဓါတ်ပုံလေးတွေကိုမနည်းပြန်ရှာပြီး(စည်းကမ်းကအဲလိုကိုရှိတာ)တင်လိုက်တာပါ။
ရှမ်းပြည်နယ်ထဲမှာရှိတဲ့တိုင်းရင်းသားလူမျိုးစုပုံလေးတွေကိုလက်လှမ်းမှီသလောက်လေးပေါ့။
အစကတော့ရိုးရိုးလေးလိုပဲ(သာမန်လုပ်ရိုးလုပ်စဉ်အတိုင်း)သဘောထားပြီးလုပ်လိုက်တာပါ။
အဲ...ဒါပေမဲ့အခုတအားကိုလေးနက်သွားပြီဗျ။ဘာလို့လဲဆိုတော့သိမ်းထားတဲ့ဓါတ်ပုံကိုခေါင်း
မူးအောင်ကိုရှာရလို့ဗျို့။ဒီcomputerထဲမှာရှိမှန်းလည်းသိတယ်သေချာသိမ်းထားတာကို
လည်းသိတယ်ဒါပေမဲ့ရှာလို့မတွေ့ဘူး။ဘယ်ဖိုင်ထဲလဲဆိုတာမမှတ်မိတော့လို့ဗျ။
အဲ့မှာစတွေ့တာပေါ့ဗျ။
ကျွန်တော်ဇာနည်ဆိုတဲ့ကောင်လေးကလဲလွယ်လွယ်နဲ့ဘယ်လျှော့ပါ့မလဲဘယ်နှစ်လ
လောက်တောင်မရှင်းဘဲပစ်ထားတဲ့computerကိုလေးငါးနာရီပဲကြာတယ်ဗျို့ဖိုင်တွေအားလုံး
ဖွင့်ပြီးလိုတာထားမလိုတာသွားလုပ်ပြစ်လိုက်တာ....ဒီဓါတ်ပုံတွေဘယ်ပြေးလို့ရတော့မလဲ..
ဟဲဟဲ..။computerလဲသန့်သွားရောလူလည်းpeacock(ဒေါင်း)သွားရောဓါတ်ပုံတွေလည်းထွက်
လာရောအမ်မလေးဗျာဟိုဟာယားမှူအာမမခံဆိုသလိုပဲတစ်ချက်ခုတ်သုံးချက်လောက်ပြတ်
သွားတာကျွန်တော့်ရဲ့အရေးကြီးဖိုင်တွေတော့ပြန်တွေ့ပါရဲ့လူကတော့သေချင်စော်ကိုနံ
သွားတ
ာပဲ။ဒါကြောင့်ကျွန်တော့်သေချင်စော်လေးတွေနဲ့ရင်းပြီးတင်ထားရတဲ့ဒီပုံလေး
တွေကလေးနက်ပါတယ်လို့ပြောတာပေါ့။..............










အပေါ်ကဂုတ်ထိပ်တံတားပါတဲ့ဗျာလားရှိုး..မန္တလေးရထားလမ်းမှာပေါ့ဗျာ။(ထူးခြားချက်ကဂျပန်ခေတ်ကဆောက်ထားတာပါတဲ့)

အောက်ကတော့လူတိုင်းသိကြမှာပါအင်းလေးကန်ပေါ့..ဟဲဟဲ

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀




ဒါလေးတွေကတော့ ပအို့ တိုင်းရင်းသားတွေပေါ့နမ့်ပန်ငါးရက်တစ်ကြိမ်ဈေးလေးမှာရိုက်ထားတာပါ
အင်းလေးနယ်ထဲကပါ......

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀










ကဲဒါလေးကတော့ကျိုင်းတုံနယ်မြေထဲကပါ။အော်တစ်ခုပြောရအုံးမယ်ဒီလူမျိုးစုနာမည်

ကအခါလူမျိုးတဲ့သူ့အခါစကားကလဲတစ်မျိုးလေးပဲဗျ။ဒီ့အရင်ကျွန်တော်ကျိုင်းတုံမရောက

ဖူးခင်တုန်းကဆိုရင်အခါလူမျိုးဆိုတာကြားတောင်မကြားဖူးခဲ့ဘူးဗျ။ကြုံတုန်းလေးတခါထဲ

ကြွားလိုက်အုံးမယ်အခုဆိုရင်ကျွန်တော်လည်းအခါစကားမတောက်တခေါက်ပြောနိုင်နေပြီဗျဟိဟိ................

လေးစားစွာဖြင့်...ဝါသနာရှင်ဖြစ်ရန်ကြိုးစားနေသော

ဖြိုးဇာနည်....ည၉း၁၀တိတိ


0

မိုင်းလားမြို့ရဲ့ကြိုးတံတား

Posted by ဖြိုးဇာနည် on Sunday, November 16, 2008 in
မိုင်းလားတဲ့နာမည်လေးကတော့ဆန်းဆန်းလေးလို့မပြောနဲ့နာမည်တင်မကဘူးတော်
တော်လေးပျော်စရာကောင်းတဲ့မြို့လေးဗျ။အော်မိတ်ဆက်ပေးရအုံးမယ်ဒီမိုင်းလားမြို့
လေးကကျိုင်းတုံမြို့နဲ့၅၆မိုင်အကွာမှာတည်ရှိပြီးတရုတ်မြန်မာနယ်စပ်မြို့လေးဆိုပါ
တော့။ဒီမြို့လေးကသိပ်တော့မကျယ်လှပါဘူးဒါပေမဲ့ခေတ်မှီတယ်ဗျ......မိုးပျံတံတား
တွေဘာတွေနဲ့
ဟဲဟဲနောက်နေ့မှဓါတ်ပုံပါပြမယ်....မိုင်းလားကိုရောက်ဖို့ကျိုင်းတုံကနေ
ကားစီးရင်၂နာရီကျော်ကျော်ပဲကြာတယ်ဗျ....ကားမမူးတတ်ရင်ပျော်စရာတော့တော်
တော်ကောင်းတယ်ဗျသိတဲ့အတိုင်းပဲလေရှမ်း
တောင်တန်းဆိုတဲ့အတိုင်းတောင်တွေကိုကွေ့ပတ်တတ်နေရတာအဲကြုံရင်တော့လာ
လည်ကြပေါ့ဗျာကျွန်တော်ကဧည့်ဝတ်ကျေပါတယ်ဗျခင်လည်းခင်တတ်ပါတယ်ရှမ်း
ပြည်သားဆိုပေမဲ့ကျွန်တော်ကရှမ်းတော့မဟုတ်ဘူးဗျဗမာလူမျိုးပါ

ဒါမိုင်းလားမြို့ထဲကတစ်နေရာဆိုပါတော့လမ်းလေးခွလေကားတစ်အားရှုပ်လွန်းလို့
တော်တော်လေးစိတ်ရှည်ရှည်ထားပြီးမှဒီတစ်ပုံပဲရလိုက်တယ်။နောက်နေ့မှမိုးပျံတံတားကို
သွားရိုက်အုံးမယ်၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊ဟဲဟဲအေးဆေးပေါ့


အော်...........ကျွန်တော့်ကိုကျိုင်းတုံနယ်စပ်မှာနေလို့ကျိုင်းတုံသားလို့လည်းမထင်လိုက်နဲ့အုံးနော်
ကျွန်တော်ကရှမ်းမြောက်ပိုင်းကလားရှိုးသားဗျ။ကျွန်တော်ကလားရှိုးမြို့ကိုသိပ်သ
ဘောကျတာဗျ။ပြောနေရင်းနဲ့လားရှိုးအထိရောက်သွားတယ်...ဟဲဟဲ...အခုကျွန်တော်ပြောချင်တဲ့အဓိကအကြောင်းရင်းကမိုင်းလားမြို့လေးကနေတဆင့်
ကျွန်တော်တို့သူငယ်ချင်းတစ်စုသွားလည်ခဲ့တဲ့(ကျွန်တော်တို့သူငယ်ချင်းတစ်စုနာ
မည်ပေးထားတဲ့
)မိုင်းလားဦးပိန်တံတားအကြောင်းပေါ့။ရောက်သွားရတဲ့အကြောင်း
ကကျွန်တော့်သူငယ်ချင်းတွေကစနေနေ့ကျောင်းအားရက်မှာတစ်နေရာရာသွား
လည်ရအောင်ဆိုပြီးကျွန်တော့်ကိုမရမကဂျီတိုက်ပြီးခေါ်ကြတော့ဟဲဟဲဒီကဇာနည်
ကလည်းအိုင်တင်တောင်သိပ်မလုပ်လိုက်နိုင်ပါဘူးရှေ့ဆုံးကဘ
ဲ.....ဟဲဟဲ။သွားတာ
ကတော့ရေချောင်း(မိုင်းမချောင်း)မှာပျော်ပွဲစားသွားကြတာပါအော်ကျွန်တော်တို့အုပ်
စုမှာယောင်္ကျားလေးက၄ယောက်မိန်းကလေးက၃ယောက်စုစုပေါင်း၇ယောက်ဗျ။ရောက်ရောက်ချင်းပါပဲဗျာကျွန်တော်တို့ယောင်္ကျားလေးတွေကတစ်လမ်း
လုံး(၅မိုင်လောက်)အလေးခံသယ်လာတဲ့beerပုလင်းတွေကိုစဖြိုကြတော့တာပဲဗျို့။
ပါလာတဲ့မိန်းကလေးသူငယ်ချင်းတွေကလည်း
သဘောကောင်းကြပါတယ်ကျွန်တော်တို့beerသောက်ပြီးfeelယူနေတာ

ကိုဗြစ်တောက်ဗြစ်တောက်နဲ့စောင့်ပေးကြပါတယ်။မစောင့်လို့မှမရပဲလေ
သူတို့ကရေထဲဆင်းရမှာကြောက်ကြတယ်လေ။အယ်......တစ်ဖြည်းဖြည်းနဲ့ကျွန်
တော်တို့boyတွေgoodလာကြတော့ရေထဲကိုဒိုင်ပင်ပစ်ပြီးကမြင်း..အဲ..ကဲကြတော့တာပေါ့။တော်တော်ပျော်စရာကောင်းတယ်ဗျကျွန်တော်တို့အချိန်ဘယ်
လောက်တောင်playလိုက်မိတယ်တောင်မသိပါဘူးလူလည်းနတ်ဝင်သလိုလို
ကိုဖြစ်လာတယ်။အဲနေအုံးပြောဖို့တစ်ခုကျန်သွားတယ်ကျွန်တေိာတို့ရေ
ထဲမဆင်းခင်ကပေါ့ကျွန်တော့်သူငယ်ချင်းနှစ်ယောက်beerသောက်ပြီးမလှမ်းမ
ကမ်းမှာရှိတဲ့မကျည်းသီးပင်ကမကျည်းသီးသွားခူးမယ်ဆိုပြီး
ထွက်သွားကြတာ....အဲ့သိပ်မကြာပါဘူးနှစ်ယောက်သားမျက်နှာကြီးတွေနီရဲပြီး
တော့ပြန်လာကြတယ်.....ဟဲဟဲ...သူတို့နှစ်ယောက်မကျည်းသီးခူးဖို့မကျည်းပင်
နားကိုသွားတော့အဲ့ဒီမကျည်းပင်
ရဲ့ဘေးမှာကျွန်တော်တို့လိုပဲပျော်ပွဲစားထွက်လာတဲ့နောက်တစ်ဖွဲ့နဲ့တွေ့တယ်
တဲ့အဲ့ဒီတစ်ဖွဲ့ကယောင်္ကျားလေးတစ်ယောက်မှမပါဘူးတဲ့ဗျာမိန်ကလေးတွေ
ချည်းပဲ၆ယောက်ဟဲဟဲရေထားတာတော့ဟုတ်ပါဘူးသူ့ဟာသူမှတ်မိနေတာ။
ပြောနေတာတောင်ဘယ်နားရောက်သွားပြီလဲမသိဘူး...အော်သူတို့နှစ်
ယောက်လဲမကျည်းပင်နားရောက်သွားရောဟိုမိန်းကလေး
တစ်ဖွဲ့လုံးက၀ိုင်းရယ်ကြတယ်တဲ့ဗျာ...သူတို့နှစ်ယောက်ကရိုးရိုးသားသားမ
ကျည်းသီးခူးဖို့သွားတဲ့ဟာကိုဟိုမိန်း
ကလေးတွေကရှူရှူးလာပေါက်ကြတယ်ဆိုပြီးတော့တဲ့ဗျို့။...ကျွန်တော်တို့
သူငယ်ချင်းတွေရေplayပြီးတော့ဗိုက်ဖြည့်ကြတယ်ပြီးတော့ကျွန်တော်တို့boy
တွေတိုင်ပင်ကြတယfriတစ်ယောက်ကဒီရေချောင်းကိုမဝင်ပဲလာတဲ့လမ်းအတိုင်း
ဆက်သွားရင်ကျွန်တော်တို့မိုင်းလားမြို့ကိုပေးနေတဲ့ရေအားလျှပ်စစ်ကို
ရောက်တယ်တဲ့...အဲဒီရေအားလျှပ်စစ်မှာသူ့friရှိတယ်တဲ့ဟိုမှာမုန့်သွား
စားကြမယ်တဲ့ဒါပေမဲ့အခုပါလာတဲ့မိန်းကလေးတွေကိုမခေါ်ရင်ပိုကောင်း
မယ်ထင်တယ်တဲ့ဟားးးးးးးးသဘောတူတယ်တူတယ်နဲ့ကျွန်တော်တို့တစ်
တွေအတိုင်အဖောက်တော်တော်ညီမှန်းအခုမှသိတယ်။မိန်းကလေးတွေ
ကိုခဏစောင့်နော်ပြောပြီးကျွန်တော်တို့ဆိုင်ကယ်ကိုချက်းချင်းမောင်း
ပြေးခဲ့ကြတယ်....သိတယ်မဟုတ်လားဗြစ်တောက်ဗြစ်တောက်လေ....။
မကြာပါဘူးရေအားလျှပ်စစ်ကိုရောက်ဖို့လမ်းတစ်ဝက်လောက်အလို
မှာတံတားကိုတွေ့ကြတာပဲဗျို့...

အားပါးပျော်တယ်ဗျ.....ကျွန်တော်တို့
တစ်တွေတိုင်ပင်မထားပဲတံတားပေါ်အပြေးသွားပြီးခုန်ပေါက်ကြတော့
တာပဲဗျို့
...တံတားလားကြိုးတံတားလေအမ်မယ်အထင်မသေးနဲ့နော်
ကြိုးတံတားဆိုပေမဲ့ကြိုးကရိုးရိုးကြိုးမဟုတ်ဘူးဗျကရိန်းကြိုး....

ကြိုးထုကကျွန်တော့်လက်မတောင်ကြီးနေသေးတယ်ကျွန်တော်

တို့တစ်တွေဒီတံတားပေါ်မှာတင်နာရီဝက်လောက်ကြာသွားတယ်......

အဲ့ပြောရအုံးမယ်အဲ့ဒီတံတားကိုကျွန်တော်ဓါတ်ပုံရိုက်သေးတယ်ဗျ....
အဲ့ဒီအချိန်ကျမှကျွန်တော်ကိုယ့်ကိုကိုယ်တအားဒေါကန်မိတယ်ဘာ
လို့လဲဆိုတော့ကျွန်တော့်ဖုန်းကိုမနေ့ညကအားမသွင်းထားလိုက်မိလို့ပါ
ကျွန်တော်ကဓါတ်ပုံဆိုရင်ဖုန်းနဲ့ပဲရိုက်နေကျဗျအခုကုန်သွားတယ်ဆိုတာကရေချောင်း
မှာသီချင်းကလည်းမနားတမ်းဘဲပြီးတော့gameက ကစားလိုက်သေးတယ်....

ထားပါကျွန်တော့်အပြစ်ပါပဲဒါပေမဲ့နှစ်ပုံထဲဆိုတော့အားမရဘူးဗျပြီးတော့
အားကုန်တော့မယ်ဆိုကြီးကမန်းကတန်းရိုက်ရတော့ပုံကချာတူး.....



တကယ်ပြောတာဗျအပြင်မှာအခုပုံထဲကထက်၁၀ဆလောက်သာတယ်...
ဟဲဟဲတကယ်ပြောတာဗျ။အားရင်လာလည်နော်........လက်တွေ့ပြချင်လို့ဗျ။
........ကဲစာလည်းရှည်နေပြီ...အတိုချုန်းပဲပြောတော့မယ်....ကျွန်တော်
တို့ဒီတံတားကနေပြီးရေအားလျှပ်စစ်ကိုဆက်သွားကြတယ်ရေ
အားလျှပ်စစ်ကိုအားရပါးရလေ့လာပြီးသူငယ်ချင်းဧည့်ခံတာကိုအားရ
ပါးရအားပေးပြီးမှသတိယလိုက်တာကကျွန်တော်တို့ရေချောင်းမှာမိန်း
ကလေးတွေကိုထားခဲ့တယ်ဆိုတာကိုပေါ့...ဟဲဟဲ.......။အဲ့လိုကို
သူငယ်ချင်းအပေါ်မှာချစ်တတ်ကြတာ။သတိယယချင်းကျွန်တော်

တို့တစ်တွေဆိုင်ကယ်ကိုအမြန်ဆုံးနည်းနဲ့ပြိုင်မောင်းပြီးပြန်ခဲ့ကြ
တယ်။။။။ဒါပေမဲ့ပေါ့လေ.....................ရေချောင်းရောက်တော့
မိန်းကလေးသုံးယောက်ပြန်သွားကြပါရောလားဗျာ....နည်းနည်း
တော့စိတ်မကောင်းဖြစ်သွားတယ်..လာတုံးကဆိုင်ကယ်က၄စီး
လေအခုမိန်းကလေးသုံးယောက်မှဆိုင်ကယ်၁စီးထဲနဲ့လမ်းကြမ်း
ကြမ်းကြီးကိုပြန်သွားကြရရှာတယ်....ဒါလည်းကောင်းတာပဲဆို
ပြီးတော့ကျွန်တော်တို့၎ယောက်ဆိုင်ကယ်၃စီးနဲ့တစ်လမ်းလုံး
သီချင်းတွေအော်ဆိုပြီးပြန်ခဲ့ကြတယ်.........မိုင်းလားရောက်မှ
ပဲသူတို့လေးတွေကိုပြန်ချော့လိုက်တော့
မယ်ဆိုပြီးတော့လေ
.......................................
အခုကစာသာရေးပြီးဓါတ်ပုံများများမပါသွားတဲ့အတွက်ကိုယ့်ကို
ကိုယ်သိပ်အားမရဘူး...နေအုံး..မနက်ဖြန်မှအားရပါးရကိုလျှေက်
ရိုက်ပြီးတင်ပစ်လိုက်မယ်....ဟားဟားဘာရမလဲကွ..ဟားဟား

လေးစားစွာဖြင့်..ဖြိုးဇာနည်..ည၁၂း၂၈တိတိ


0

အော်................မိန်းမ

Posted by ဖြိုးဇာနည် on Friday, November 14, 2008 in
မနက်နိုးလာတော့ ခေါင်းက အရမ်းကိုက်နေသည်။ ညက သူငယ်ချင်းတွေနှင့် အလွန်အကျွံ သောက်ထားသည်ကိုသာ သူမှတ်မိပြီး အိမ်ကိုမည်သို့ မည်ပုံ ပြန်ရောက်လာခဲ့သည်ကို သူ မမှတ်မိတော့။ အိပ်ရာပေါ်က အားယူပြီး သူထလိုက်သည်။ ကုတင်ပေါ်မှ ဆင်းမည်အလုပ် ခေါင်းရင်း ခုံပေါ်တွင် စာရွက် တရွက်ကို ဖိထားသော ရေတခွက်နှင့် အကိုက်အခဲ ပျောက်ဆေး တချို့ကို တွေ့လိုက်သည်။ ဘေးဘီကို သူ ကြည့်လိုက်မိတော့ ကုတင်ဘေးတွင် မီးပူတိုက်ပြီးသား အသင့်ဝတ်ရန် အ၀တ်အစားများကို တွေ့လိုက်ပြန်သည်။ ဒီနေ့ က ခါတိုင်းနေ့တွေနှင့် မတူ.... သူ့အတွက် နည်းနည်းတော့ ထူးဆန်းနေမိသည်။ ဆေးကို သောက်လိုက်ပြီး ရေခွက်အောက်က စာရွက်ကို သူယူကြည့်လိုက်သည်။ စာရွက်ပေါ်တွင်. . .မောင်...ခင် ဈေးသွားလိုက်ပြီမောင့် အတွက် မနက်စာကို စားပွဲပေါ်မှာ အဆင်သင့် ပြင်ထားပေးခဲ့တယ်။နွေးနေတုန်း စားလိုက်ပါနော်...မောင့်ရဲ့ခင်တခုခုတော့ တခုခုပဲ.. ညက မူးမူးနှင့် သူဘာတွေပြောမိ လုပ်မိလိုက်ပါလိမ့်.. လူမှန်းမသိ မူးနေတော့ သူ ဘာကိုမှ စဉ်းစားလို့ မရခဲ့။ မေးခွန်းပေါင်းများစွာနှင့် စားပွဲပေါ်က အုပ်ဆောင်းကို မ ကြည့်လိုက်သည်။ မနက်စာက အငွေ့ တထောင်းထောင်းနှင့် တကယ့် စားချင်စဖွယ်... ဘေးတွင် မနက်ပိုင်း သတင်းစာကို တင်ထားသေးသည်။ မနက်စာကို စားရန် သူထိုင်လိုက်စဉ် အခန်းထဲမှ သား ထွက်လာသည်ကို သူမြင်လိုက်တော့...“သား...မနေ့ညက ဘာတွေ ဖြစ်သေးလဲ”“အင်း.....မနေ့ညက ညဥ့်နက်မှ ဖေဖေမှုးပြီး ပြန်လာတယ်လေ.. အိမ်ရောက် တော့ မေမေကို အော်ငေါက်တယ်... နောက်ပြီး တွေ့ရာပစ္စည်းတွေကို ရိုက်ခွဲတယ်...”သား၏ စကားကို သူကောင်းကောင်း သဘော မပေါက်နိုင်သေးဘဲ ထပ်မေးလိုက်မိသည်။“ဒါဆို ဖေဖေထလာတော့ တအိမ်လုံး သန့်ရှင်းနေတာပဲ။ ရိုက်ခွဲထားတဲ့ အရာ တွေလဲ မတွေ့ပါလား.. ဒါကို သား မေမေက စိတ်မဆိုးတဲ့ အပြင် ဖေဖေအတွက် အင်္ကျီတွေ မနက်စာတွေ အဆင်သင့် ပြင်ထားသေးတယ်”“အော် အဲဒါလား...မနေ့ညက ဖေဖေမှုးပြီး ပြန်လာတော့.. မေမေက စိတ်ဆိုး တာပေါ့။ ဖေဖေ အော်ငေါက်နေတဲ့ ကြားထဲ မေမေက ဖေဖေ့ကို အခန်းထဲ ဆွဲခေါ်ပြီး အ၀တ်လဲမလို့ ဖေဖေ့ အင်္ကျီကို ချွတ်တော့ ဖေဖေက မေမေ့ကိုတွန်းထုတ်ပြီး အော်လိုက်သေးတယ်”“ဖေဖေ ဘယ်လို အော်လိုက်သေးတာလဲ...သား”“ကလေးမ...သွား..ငါ့အနားမလာနဲ့ .. ဝေးဝေးသွား.. ငါ့မှာ အိမ်ထောင်ရှိတယ် တဲ့”သူ ကျေကျေနပ်နပ်ကြီး ပြုံးလိုက်မိသည်။ နောက် အငွေ့ တထောင်းထောင်း ထနေသော မနက်စာကို မြိုန်ရည်ယှက်ရည် သူစားလိုက်သည်။
......................................................................................................................
သူတို့ စကား
.(၁)
တခါက လူတုံးလူအ တယောက်သည် ဈေးထဲတွင် လှည့်လည် ကျက်စားနေသည်။ လူများက သူ့အား နည်းအမျိုးမျိုးဖြင့် စနောက်ကြသည်။ လူတွေ အမြဲစနောက်သော နည်းတခုမှာ လက်ဖ၀ါးပေါ်တွင် ၅ကျပ်တန်နှင့် ၁၀ကျပ်တန်ကိုတင်ပြီး သူ့အား ရွေးယူစေသောနည်းဖြစ်သည်။ သူသည် အမြဲတမ်း ၅ကျပ်တန်ကိုသာ ရွေးယူခဲ့သည်။ လူများက သူ့အား တုံးအသောသူ၊ စိတ်မနှံသောသူ၊ ၅ကျပ်နှင့်၁၀ကျပ် မည်သည်က ပိုတန်ဖိုးရှိသည်ကို မသိသောသူဟု ထင်ပြီး ၀ိုင်းလှောင်ကြသည်။ ဈေးထဲသို့ သူ ဖြတ်သွားတိုင်း လူများက ထိုနည်းကို အသုံးပြုပြီး အမြဲ စနောက်ခဲ့ကြသည်။တနေ့သော် အဘွားအိုတဦးက သိလိုစိတ်ဖြင့် မေးလိုက်မိသည်။“နင် တကယ်ပဲ ငါးကျပ်နဲ့ ဆယ်ကျပ်ကို မခွဲတတ်ဘူးလား”ထိုအခါ ထိုသူသည် ပြုံးလျှက် ..“တကယ်လို့ ကျွန်တော် တဆယ်တန်ကို ယူလိုက်ရင် နောက်တခါ သူတို့ ကျွန်တော့်ကို အဲလို စကြတော့မှာ မဟုတ်ဘူး”
လူပြိန်းတွေက ပိုက်ဆံပေးပြီး သင်ယူတယ်။ လူတော်တွေက အဲဒီလူပြိန်းရဲ့ ပိုက်ဆံနဲ့ ပြန်သင်ယူတယ်။ (ဘရာဇီး စကားပုံ)
.........................................................................................................................................
(၂)တခါက လူတဦးသည် သင်္ဘောဖြင့် အင်္ဂလန်သို့ ခရီးထွက်လေသည်။ လမ်းခရီး တနေရာရောက်သော် လေပြင်းမုန်တိုင်းနှင့် တိုးခဲ့သည်။လူအများက ကြောက်လန့်တကြား ပြေးလွှား နေကြသော်လည်း အဘွားအို တဦးမှာ တည်တည်ငြိမ်ငြိမ်နှင့် ဘုရားကိုသာ အာရုံပြုနေသည်ကို သူ တွေ့မိလေသည်။ မုန်တိုင်း ဆဲသောအခါ သူက အဘွားအိုအား မကြောက်ဘူးလား ဟု သွားရောက်မေးမြန်းခဲ့သည်။ အဘွားအိုက. . .“အဘွားမှာ သမီး နှစ်ယောက်ရှိတယ်။ သမီးကြီးက ဘုရားသခင်ရဲ့ အလိုတော်အတိုင်း နတ်ပြည်ရောက်နေပါတယ်။ သမီးငယ်က အင်္ဂလန်မှာပါ။ လေပြင်းမုန်တိုင်းကျတုန်းက အဘွား ဆုတောင်းမိပါတယ်။ တကယ်လို့ အဘွားကို နတ်ပြည်ပို့မယ်ဆိုရင် သမီးကြီးကို အဘွား သွားကြည့်လို့ရပြီ။ တကယ်လို့ အသက်ရှင် ရက်ရှိမယ်ဆိုရင် သမီးငယ်ကို သွားကြည့်လို့ရပြီ။ ဘယ်ကိုသွားသွား အတူတူပဲမို့ အဘွားမကြောက်ခဲ့ပါဘူး”
ဘ၀ ဆုံးရှုံးသွားမှာကို မစိုးရိမ်ပါနဲ့.....ဘ၀ မစရသေးတာကိုပဲ စိုးရိမ်ပါ။
...................................................................................................................
(၃)တခါက သေးငယ်သော ပန်းကလေးတပွင့်သည် သစ်ပင်ကြီး တပင်အောက်ရှိ အရိပ်၌ မှီခိုပြီး ပေါက်နေသည်။ သစ်ပင်ကြီးက သူ့အား မိုးဒဏ် လေဒဏ် ကာကွယ် ပေးထားသည်ဟု ဆိုပြီး ပန်းကလေးမှာ ပျော်ရွှင်နေခဲ့သည်။ တနေ့တွင် လူတစု ရောက်ရှိလာပြီး သစ်ပင်အား ခုတ်ယူသွားခဲ့သည်။ ပန်းကလေးမှာ ၀မ်းနည်းပြီး ငိုကြွေးလေသည်။ “ ဘယ်လိုလုပ်မလဲ င့ါကို အမြဲ အကာအကွယ်ပေးတဲ့ သစ်ပင်ကြီးမရှိတော့ဘူး။ လေတွေ မိုးတွေက ငါ့ကိုလဲပြိုအောင် တိုက်ကြတော့မယ်”သူ၏ငိုသံကိုကြားသော အနီးရှိ သစ်ပင်တပင်က.....“အဲဒီလို မတွေးနဲ့လေ။ သစ်ပင်ရဲ့ အရိပ်မရှိတော့ နေရောင်ခြည်က ခင်ဗျားကို စောင့်ရှောက်လိမ့်မယ်။ နှင်းစက်တွေက ခင်ဗျားကို ရေဓာတ်တွေပေးလိမ့်မယ်။ ခင်ဗျားရဲ့ သေးငယ်တဲ့ ခန္စာကိုယ်ဟာ သူတို့ရဲ့ အကူအညီနဲ့ သန်မာလာလိမ့်မယ်။ ခင်ဗျားရဲ့ ကိုယ်ပေါ်မှာ ပန်းတွေဝေပြီး နေရောင်ခြည်အောက်မှာ ခင်ဗျားဟာ ပိုလှနေလိမ့်မယ်။ လူတွေတွေ့ရင် ဒီပန်းကလေးဟာ လှလိုက်တာလို့ ချီးကျူးကြလိမ့်မယ်”
တိမ်ညိုတွေ မရှိခဲ့ရင်၊ မိုးသက်လေပြင်းတွေ မကျခဲ့ရင် လှပတဲ့ သက်တန့်ဆိုတာ ရှိလာမှာ မဟုတ်ဘူး။ (. . . .)(nine nine sanay)
ဖြိုးဇာနည်.......ည၇း၂၅တိတိ
.........................................................................................................................

0

နှုတ်ထွက်စာနှင့်ပြန်ကြားစာ

Posted by ဖြိုးဇာနည် on Friday, November 14, 2008 in
သို့ /အကြောင်းအရာ။..........။ ချစ်သူရာထူးမှ နုတ်ထွက်ခြင်း ကျွန်တော်မျိုး တာဝန်ထမ်းဆောင်သည့် တစ်နှစ်သာကာလအတွင်း သခင်အပါး အမြဲခစား လေ့လာသင်ယူခဲ့၏။ အမိန့်တော် နာခံခဲ့၏။ သခင့်အလို အမြဲဖြည့်ဆည်းခဲ့၏။ နေကောင်းကျန်းမာပါသလားဟု အမြဲ မေးမြန်းလျှောက်တင်ခဲ့ရ၏။တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း အချစ်ခံရသူအဖြစ် သခင်ခံစားစေရန် ကျွန်တော်မျိုးမှာ စောင့်စားခြင်း၊ ကြိုပို့ခြင်း၊ အဖော်လုပ်ခြင်း စသည် အလုပ်များကို လုပ်ခဲ့သည့်အပြင် သခင်ဝယ်သမျှ အသပြာလိုက်လံ ပေးဆပ်ခဲ့ရ၏။ သခင်စိတ်တော် မညိုးနွမ်းအောင် မကြာခဏ လက်ဆောင်ပဏ္ဍာ ဆက်သရ၏။ချစ်သူဟူသော တာဝန်ကို ထမ်းဆောင်စဉ် စိတ်နှလုံးကြီးမြတ်ရ၏။ နွေးနွေးထွေးထွေး ဆက်ဆံရ၏။ ဂရုတစိုက် ယုယရ၏။ တစ်ခြားအမျိုးသားများနှင့် သခင်စကားလက်ဆုံကျလျှင် (သို့) သူတို့ကိုတော်ကြောင်း၊ တတ်ကြောင်း သခင်ချီးကျူးလျှင် မနာလို ဝန်တိုစိတ်မရှိရ။တာဝန်ထမ်းဆောင်နေစဉ် အမှားလုပ်ခဲ့မိလျှင်သော် လည်းကောင်း၊ သခင်နှင့် အငြင်းပွားမိလျှင်သော် လည်းကောင်း ကျွန်တော်မျိုးအား အလုပ်ထုတ်ရန် သခင်အမိန့်ချ ဆုံးဖြတ်ခဲ့သော်လည်း နောင်နောက် ၄င်းအမှားမျိုး မလုပ်မိအောင် ကျွန်တော်မျိုး ဆင်ခြင်ပါ့မည်ဟု ဝန်ခံဂတိပေးပြီး ဤတာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့၏။တစ်နှစ်သာကာလအထိ ဤတာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်အောင် အခွင့်အရေးပေးခဲ့သော သခင်အား ကျေးဇူးတင်လှပါသည်။သို့သော် ဤတာဝန်သည် ကျွန်တော်မျိုးနှင့် မအပ်စပ်လှသောကြောင့် ကျွန်တော်မျိုးအား သူငယ်ချင်းအဆင့်သို့ လျှော့ချပေးပါရန် တောင်းဆိုလျှောက်တင်ပါသည်။သူငယ်ချင်းများနှင့် ရယ်ရယ်မောမော သခင်ပျော်ပါး၏။ မကြာခဏ သူတို့နှင့် သခင် တွေ့ဆုံစားသောက်၏။ ထိုသူငယ်ချင်းများကို ကျွန်တော်မျိုး အားကျပါသည်။ သူငယ်ချင်း တာဝန်မှာ သခင့်အပါး အမြဲခစားစရာ မလို။ ယခုဖုန်းဆက် ယခုအပါးတော် ရောက်စရာမလို။ ကြိုပို့စရာ မလို။ ငွေရှင်းစရာ မလို။ လက်ဆောင်ပဏ္ဍာ ဆက်သရန် မလို။ သခင် မျက်ကွယ်ပြုမှု ခံစရာမလို။ နေခြည်ပမာ ကြည်လင်သော သခင့်အပြုံးကို သူတို့ အမြဲ ဖူးမြင်ရ၏။ ချိုသာသော သခင့်စကားကို သူတို့နားဆင်ရ၏။သို့သော် ချစ်သူတာဝန်ကို ထမ်းဆောင်ထားရသော ကျွန်တော်မျိုး၏ တာဝန်မှာ တစ်နေ့တစ်ခြား ကြီးလေးလာသည့်အပြင် ကောင်းမွန်သော ဆက်ဆံမှုမျိုး မရရှိခဲ့၊ ထိုကဲ့သို့ ချစ်ခင်နှစ်လိုသော စကားများ မကြားခဲ့ရ၊ သူငယ်ချင်းထက်ပိုသော ဂရုစိုက်မှုမျိုး မခံစားခဲ့ရ၊ လက်ဆောင်ပဏ္ဍာ ပေးသနားခြင်းလည်း မရှိခဲ့၊........ ၊ ......ထို့ကြောင့် ချစ်သူရာထူးမှ နုတ်ထွက်ပြီး သူငယ်ချင်းအဆင့်သို့ လျှော့ချပေးပါရန် အနူးအညွှတ် တောင်းဆိုအပ်ပါသည်။
လေးစားစွာဖြင့်သခင့်အပေါ် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့သောဝန်ထမ်းတစ်ဦး
၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉ ၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉

သို့ /အကြောင်းအရာ။.........။ ရာထူးနုတ်ထွက်သူအား ပြန်ကြားစာ
ချစ်သူရာထူးမှ နုတ်ထွက်ပြီး သူငယ်ချင်းအဆင့်သို့ လျှော့ချပေးရန် လျှောက်တင်ထားသော အသင်၏ စာအား ဖတ်ရှုပြီးနောက် အထက်လူကြီး အုပ်ထိန်းသူမိဘများနှင့် အစည်းအဝေးပြုလုပ်ခဲ့သည်။ ရှင်းလင်းချက်မှာ အောက်ပါအတိုင်းဖြစ်သည်။အသင်လာရောက် တွေ့ဆုံမေးမြန်းစဉ်က ချစ်သူဟူသည့် တာဝန်ဖြစ်သည်။ သူငယ်ချင်း မဟုတ်ဟု အလုပ် စလျှောက်စဉ်က အသင်တောင်းဆိုခဲ့သည်။ အသင်အား စမ်းသပ်ကာလမှာပင် အသင်၏ တာဝန်ယူညံ့ဖျင်းမှုကြောင့် အလုပ်ထုတ်ခံရလုနီးနီး ဖြစ်ခဲ့သော်လည်း ကြိုးစားစွမ်းဆောင်ပြီး အမှုတော်ထမ်းပါမည်ဟု အသင်၏ ဝမ်းနည်းပက်လက်တောင်းဆို ဝန်ခံဂတိပေးမှုကြောင့် ဤရာထူးကို ခန့်အပ်ခဲ့သည်။ချစ်သူဟူသည်မှာ အချိန်ပြည့် အလုပ်ဖြစ်သည်။ အချိန်ပိုင်းအလုပ်ဖြစ်သည့် သူငယ်ချင်းနှင့်မတူပေ။ ထို့ကြောင့် အလုပ်တာဝန်မှာ သူငယ်ချင်းထက် ပိုများရခြင်းဖြစ်သည်။ ထို့အတူ လစာနှင့် ခံစားထိုက်သည့် အခွင့်အရေးမှာလည်း သူငယ်ချင်းထက် ပိုခဲ့သည်။ ဥပမာ- ပွေ့ဖက်ခြင်း၊ နမ်းရှုံ့ခြင်း၊ အထက်အကြီးအကဲ မိဘများနှင့် ညစာအတူစားခြင်း ... စသည့်စသည့် အခွင့်အရေးများအပြင် အဘိုး၊ အဖေ၊ လင်ယောက်ျားအဖြင့်သို့ ရာထူးတက်နိုင်သေးသည်။ ဤသည်မှာ သူငယ်ချင်းများ လုံးဝမရနိုင်သော အခွင့်အရေးဖြစ်သည်။နောက်ဆုံးပြောကြားလိုသည်မှာ ယခုလက်ရှိ သူငယ်ချင်းနေရာတွင် နေရာလွတ် မရှိသေးပေ။ ချစ်သူနေရာကိုလည်း လစ်ဟင်းထား၍မဖြစ်။ ထို့ကြောင့် ချစ်သူနေရာတွင် လူစားရှာမရသရွေ့ (သို့) တာဝန်ထမ်းဆောင်လိုသူ မရှိသရွေ့ အသင်အား အရံနေရာသို့ ပြောင်းရွေ့ထားမည်ဖြစ်သည်။ အရံဟူသည်မှာ သခင့်အပါး နေ့တိုင်းခစားစရာ မလိုသောကြောင့် တာဝန်နှင့်ဖိစီးနေသော အသင့်စိတ်အား ခေတ္တခဏ ဖြေဖျောက်နိုင်သည်။ချစ်သူ့တာဝန်အား လွဲပြောင်းသူပေါ်လာမှ အသင့်အား လိုအပ်သည့်နေရာ - ဥပမာ- သူငယ်ချင်းနေရာသို့ ပြောင်းရွေ့ပေးမည်။ သို့မဟုတ် အသင်သဘောနှင့် အသင် လုံးဝထွက်ခွာမည်ဆိုလည်း ရ၏။ ကိုယ့်သဘောနှင့်ကိုယ် ထွက်ခွာခြင်းသည် လျှော်ကြေးမရကြောင်း အသိပေးအပ်ပါသည်။ဤတစ်နှစ်သာ ကာလအတွင်း အသင်၏ကြိုးစားမှုအား ကျေးဇူးတင်ပါသည်။
အထက်မိဘ လူကြီးများကိုယ်စား
အဖွဲ့ဝင်တစ်ဦး
ဖြိုးဇာနည်
ဖတ်မိတာလေးပါ။ သဘောကျလို့ ဘာသာပြန် မျှဝေလိုက်ပါတယ်။ ပြုံးပျော် ရယ်မောနိုင်ပါစေ nine nine sanay

0

ဖေဖေ့အဖြေ

Posted by ဖြိုးဇာနည် on Friday, November 14, 2008 in

glitter-graphics.com
သူ လေးနှစ်သားအရွယ်တုန်းက မတော်တဆ ခဲမှန်လို့ မျက်လုံးတစ်လုံး တိမ်စွဲခဲ့ရတယ်။ ခဲမှန်စက သွေးတွေတရဟော ထွက်လို့ ဆေးရုံတက်ခဲ့ပေမယ့် ဆရာဝန်က အကောင်းပကတိ ဖြစ်အောင် ပြန်ကုလို့ မရနိုင်တော့ဘူးဆိုပြီး ဆေးတစ်ချို့ပဲပေးခဲ့တယ်။

ဒါကို အဖေက လက်မလျှော့ဘူး။ သူ့ကို ချီပိုးပြီး မြို့ပေါ်က အကောင်းဆုံး မျက်စိအထူးကုဆီ သွားပြခဲ့တယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ ကုလို့မရတော့ဘူးဆိုတဲ့ စကားက အဖေ့မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်ပြန်တယ်။ ဝမ်းနည်းမှုကို မခံရပ်နိုင်တဲ့အဆုံး အဖေ ငိုခဲ့တယ်။ ဘာကိုမှ သေချာနားမလည်သေးတဲ့ အရွယ်မို့ အဖေဘာကြောင့်ငိုမှန်း သူမသိခဲ့ဘူး။

သူ၆နှစ်အရွယ်ရောက်တော့ ညာမျက်လုံးက တစစဖြူလာခဲ့တယ်။ “အဖေ...ဘာဖြစ်လို့ ကျွန်တော့်မျက်လုံး တစ်လုံးက ဖြူနေရတာလဲ” လို့ မေးတဲ့အမေးကို အဖေပြန်မဖြေနိုင်ခဲ့ဘူး။ သားဘဝတစ်လျှောက်လုံး မျက်လုံးတစ်လုံးတည်းနဲ့ပဲ ပြီးဆုံးရတော့မယ်၊ ဘာပဲလုပ်လုပ် တစ်ခြားလူတွေထက် ပိုခက်ခဲမယ်ဆိုတာ အဖေသိခဲ့တယ်။

အဖေက လိပ်သည်းကျောက် တင်ပို့ရောင်းချတဲ့ စက်ရုံမှာ အလုပ်လုပ်ပါတယ်။ အဲဒီနှစ်က ကျောက်တွေကို ကားပေါ်တင်ရင်း မတော်တဆ ဝန်ချီစက်ကြိုး ပြတ်သွားခဲ့တယ်။ မြေပြင်ပေါ်ကို အရှိန်နဲ့ကျလာတဲ့ ကျောက်တွေကနေ ကျောက်ခဲအသေးအမွှားတစ်ချို့က သေနတ်ထိပ်က ကျည်ဆံလိုပဲ အဖေ့ဆီ ပြေးဝင်လာခဲ့တယ်။ အဖေ ကာကွယ်ချိန် မရလိုက်ဘူး။ ကျောက်ခဲတစ်ချို့ အဖေမျက်လုံးကို ထိသွားခဲ့တယ်။ ဒဏ်ရာသေးပေမယ့် ကုသဖို့ကို အဖေငြင်းဆန်ခဲ့ပြီး အလျှော်ပေးတဲ့ ကုသခကိုပဲ ယူမယ်လို့ အဖေတောင်းဆိုခဲ့တယ်။

ဘာကြောင့်လဲလို့ မေးတော့ အဲဒီကုသခနဲ့ သားကို မျက်လုံးတုတစ်ခု တပ်ဆင်ပေးချင်လို့လို့ အဖေက ဆိုပါတယ်။ အဖေရဲ့တောင်းဆိုချက်ကို စစချင်းမှာ တစ်ဖက်က လက်မခံနိုင်ခဲ့ပေမယ့် အဖေရဲ့ တောင့်ခံမှုကြောင့် နောက်ဆုံးမှာ ဝန်ခံချက်လက်မှတ် ရေးထိုးပြီး လိုက်လျှောခဲ့တယ်။ ကုလို့ရနိုင်ရက်နဲ့ မကုဘဲ ငြင်းခဲ့တဲ့အဖေကို လူတွေက ရူးသွားပြီလို့ ထင်ကြပေမယ့် အဖေဂရုမစိုက်ခဲ့ဘူး။

အနှစ် ၂ဝလွန်ပြီးတဲ့နောက် ကုမ္ပဏီ အသေးလေးတစ်ခု အဖေပိုင်ခဲ့တယ်။ လူတွေက အဖေ့ကို “မျက်တစ်လုံး”လို့ ခေါ်ခဲ့ကြတယ်။ သားက ခန့်ခန့်ချောချောနဲ့ အကြောင်းမသိရင် မျက်စိတစ်ဖက် ကန်းနေမှန်းတောင် မသိနိုင်ပါဘူး။

သားရဲ့မင်္ဂလာပွဲမှာ လူတွေက သတို့သမီးကို “မျက်လုံးတစ်လုံးပဲ ရှိတဲ့သူ့ကို ဘာဖြစ်လို့ ယူသလဲ” လို့ မေးတော့ သတို့သမီးက “မျက်လုံးတစ်လုံးပဲ ရှိပေမယ့် သာမန်လူတွေထက် သူပိုရက်ရောတယ်” လို့ ပြောခဲ့တယ်။

သားရဲ့ မင်္ဂလာပွဲမှာ အဖေက အပျော်လွန်ပြီး မူးနေပါပြီ။
ကွယ်နေတဲ့ မျက်လုံးကို ထိုးပြီး အဖေက “ကျွန်တော် ဘာဖြစ်လို့ ဒီမျက်လုံးကို မကုခဲ့တာလဲ သိလား? သားငယ်ငယ်က သူ့မျက်လုံးတစ်ဖက် ဘာကြောင့် ဖြူနေရတာလဲလို့ ကျွန်တော့်ကို မကြာခဏ မေးခဲ့တယ်။ ကျွန်တော် ပြန်ဖြေဖို့ အဖြေမရှိခဲ့ဘူး။ ဒီမျက်လုံးကြီး ကန်းသွားမှ သားကို ကျွန်တော်ပြန်ဖြေနိုင်ခဲ့တယ်။ ဖေဖေရဲ့ မျက်လုံးလည်း ဖြူနေပါတယ်သား.. ဒါမျိုးရိုးကြောင့်ပါလို့”
မင်္ဂလာခန်းမတစ်ခုလုံး အပ်ကျသံတောင် မကြားရအောင် တိတ်ဆိတ်သွားခဲ့တယ်။


ဖခင်ဆိုတာ တောင်တစ်လုံးနဲ့တူတယ်။ တည်ကြည်ခံ့ညား ကြီးမြင့်တယ်။ အခက်အခဲတွေကို ရှေ့ကနေ ကာကွယ်တားဆီးပေးတယ်။

ဖခင်ဆိုတာ မစီးဆင်းတဲ့ ရေတစ်အိုင်နဲ့တူတယ်။ ရင်ထဲက သူ့မေတ္တာကို မဖွင့်လှစ်ပြတတ်ဘူး။

ဖခင်ဆိုတာ လက်တစ်စုံပါ။ အဲဒီလက်တစ်စုံနဲ့ သားသမီးတွေကို ဖေးမပြီး နွေ၊ မိုး၊ ဆောင်းအတူ ဖြတ်ကျော်ခဲ့တယ်။

ဖခင်ဆိုတာ မျက်ရည်တစ်စက်။ အကြင်နာမေတ္တာတွေနဲ့ ထုပ်ပိုးထားတဲ့ မျက်ရည်တစ်စက်ဖြစ်တယ်။

လေးစားစွာဖြင့်..ဖြိုးဇာနည်..ည၆း၃၀တိတိ



0

ကြော်ငြာပါရစေ

Posted by ဖြိုးဇာနည် on Thursday, November 13, 2008 in
အဟမ်း... ကြော်ငြာရတာ ၀ါသနာပါလွန်းလို့ ကြော်ငြာပါရစေး) ကြော်ငြာလေးတွေ မတင်ခဲ့ဘူးပေမဲ့ လူများဆိုက်တွေကို လိုက်လိုက်ကြော်ငြာပေးရတာလဲ ကြော်ငြာတစ်မျိုးပါပဲ..ဟား..ဟား.. သိပြီးသားတွေဖြစ်မှာပါ။ ဗမာကား၊ အင်္ဂလိပ်ကား၊ ကိုးရီးယားကား အစုံအစုံတင်ထားတဲ့ ဆိုက်လေးတစ်ခု ကြော်ငြာချင်လို့ပါ။ အားလပ်သူများ၊ ကော်နက်ရှင် ကောင်းသူများအတွက် အပန်းဖြေရာ နေရာလေးတစ်ခုပေါ့။ (Freemyanmarvcd)ဆိုတဲ့ နာမည်အတိုင်း အားလုံး ဖရီးပါပဲ။ အဲ ရီဂျစ်စတာလေး လုပ်ဖို့တော့ လိုပါလိမ့်မယ်။ ဂျွန်စော၊ အွန်စော၊ ဖွန်ထော၊ မွန်ကော အသဲစွဲသူတွေအတွက် မြန်မာစာတမ်းထိုး ကိုးရီးယားကားတွေလဲ ရှိပါသေးသတဲ့။ အားလပ်ရက်တွေမှာ အပြင်မသွားဖြစ်ကြသူများ ကိုယ်ကြိုက်ရာ ရုပ်ရှင်ကားလေးကြည့်ပြီး အပန်းဖြေနိုင်ကြပါစေ...http://www.freemyanmarvcd.com/index1.php

0

ရှေ့နေရဲ့ တစ်ဦးတည်းသောသား

Posted by ဖြိုးဇာနည် on Thursday, November 13, 2008 in
ရှေ့နေရဲ့ တစ်ဦးတည်းသောသား

glitter-graphics.com
ကျွန်တော့်အဖေက လူတိုင်းလေးစားအားကျတဲ့ ရှေ့နေတစ်ဦးပေါ့။

အဖေက နာမည်ကြီးရှေ့နေတစ်ဦးဖြစ်သလို အပြည်ပြည်ဆိုင်ရာ ဥပဒေကိုလည်း တတ်ကျွမ်းသူဖြစ်တယ်။ အဖေ ရှေ့နေလိုက်ပေးရတဲ့သူတွေက ကုမ္ပဏီကြီးတွေဖြစ်တာကြောင့် အဖေ့ဝင်ငွေ တော်တော်ကောင်းခဲ့တယ်။ ဒါတင်မကဘူး... အဖေဟာ တစ်ပတ်တစ်ခါ လူငယ်ထိန်းသိမ်းရေး စခန်းမှာ စာသွားသင်တတ်သေးတယ်။ အောင်စာရင်းထွက်တိုင်း အောင်စာရင်းမှာ အထိန်းသိမ်းခံ လူငယ်တွေရဲ့ နာမည်မပါမှာကို အဖေ စိုးရိမ်တတ်ခဲ့တယ်။

ကျွန်တော်က အဖေရဲ့တစ်ဦးတည်းသောသား၊ လက်ပေါ်တင်ပြီး ဖူးဖူးမှုတ်ရလောက်အောင် ချစ်တဲ့ သားပေါ့။ အဖေက ကျွန်တော့်ကို ပျက်ဆီးလောက်တဲ့ထိ အလိုမလိုက်ပေမယ့် ကျွန်တော်လိုချင်တာ ဘာမဆို ပေးတယ်။ ကျွန်တော်တို့မှာ ခမ်းနားဝင့်ထည်တဲ့ အိမ်ကြီးတစ်လုံးရှိတယ်။ အဖေ့စာကြည့်ခန်းက အရောင်ရင့်ရင့် ပရိဘောဂတွေနဲ့ လုပ်ထားတယ်။ စာအုပ်စင်တွေ၊ နံရံတွေ၊ စာကြည့်စားပွဲကြီးတွေလည်း အရောင်ရင့်ရင့်ပဲ။ စာကြည့်စားပွဲပေါ်မှာ ရှေးဆန်တဲ့ မီးအိမ်တွေ တင်ထားတယ်။ အဖေက ညတိုင်း စာကြည့်ခန်းထဲမှာ အလုပ်လုပ်တယ်။ ကျွန်တော်ငယ်ငယ်က အဲဒီစာကြည့်ခန်းထဲ မကြာခဏ ဝင်ကစားတတ်တယ်။

တစ်ခါတလေ အဖေက သူလိုက်တဲ့အမှုတွေအကြောင်း ကျွန်တော်ကို ပြောပြတတ်တယ်။ သူ့ရဲ့ စဉ်းစားဆုံးဖြတ်မှုတိုင်းမှာ ဆင်ခြင်တုံတရားကို အမြဲထည့်ထားတတ်တယ်။ ကျွန်တော် ငယ်ငယ်လေးကတည်းက အဖေရဲ့တွေးခေါ်နည်းတစ်ချို့ကို သင်ယူနိုင်ခဲ့တယ်။ ဒါကြောင့် ရှင်းလင်းပြတ်သားတဲ့ ကျွန်တော်ရဲ့ တွေးခေါ်မှုတစ်ချို့ကြောင့် အတန်းထဲက ဆရာ၊ ဆရာမတွေ ကျွန်တော့်ကို သဘောကျခဲ့ကြတယ်။

အဖေရဲ့စာကြည့်ခန်းက စာအုပ်တွေနဲ့ ပြည့်နေတယ်။ စာအုပ်တစ်ဝက်က ဥပေဒေနဲ့ ပတ်သက်တဲ့စာဖြစ်ပြီး ကျန်တစ်ဝက်က ရသစာတွေဖြစ်တယ်။ စာတွေများများဖတ်ဖို့ ကျွန်တော့်ကို အဖေအမြဲပြောတယ်။ အဖေက မကြာခဏ ပြည်ပခရီးတွေ ထွက်ရတာကြောင့် ကျွန်တော်ကလေးဘဝတည်းက နိုင်ငံတကာရဲ့ နာမည်ကြီး ပြတိုက်တွေကို ရောက်ဖူးခဲ့တယ်။ ကျွန်တော့်ကို ဥာဏ်ပညာနဲ့ ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်အောင် အဖေပြုစု ပျိုးထောင်နေတယ်ဆိုတာကို ကျွန်တော်ခံစားမိခဲ့တယ်။ အရမ်းတုံးအတဲ့ ကလေးတစ်ယောက်ကတောင် အဖေရဲ့ဒီလို ဦးစားပေးသွန်သင်တဲ့ ပျိုးထောင်မှုအောက်မှာ ထက်မြက်လာနိုင်တယ်လို့ ကျွန်တော်ယုံကြည်တယ်။

ကျွန်တော်မှုလတန်းတုန်းက တစ်နေ့မှာ ကစားရင်း ကျွန်တော်ခြေချော်လဲကျပြီး ခေါင်းကွဲသွားခဲ့တယ်။ အတန်းပိုင်ဆရာက အဖေကိုဖုန်းဆက်လိုက်လို့ အဖေချက်ချင်း ရောက်လာခဲ့တယ်။ အဖေ့ရဲ့ ကားအနက်ကြီး ကစားကွင်းအထိ မောင်းဝင်လာခဲ့တယ်။ အဖေနဲ့ ဒါရိုင်ဘာဆင်းလာပြီး ကျွန်တော့်ကိုပွေ့ချီကြတယ်။ အနက်ရောင် ဝတ်စုံအပြည့်နဲ့ ဒါရိုင်ဘာကိုကြည့်ပြီး ကျွန်တော်ဝင့်ကြွားမိတယ်။ ဒီလို အဖေတစ်ဦး ရှိရတာကိုလည်း ဂုဏ်ယူမိတယ်။

ကျွန်တော်အခု တက္ကသိုလ်ကျောင်းသားကြီး ဖြစ်နေပြီ။ ဒါကြောင့် တစ်လမှတစ်ပတ်လောက်ပဲ အဖေနဲ့ ဆုံရတော့တယ်။ နွေရာသီ ကျောင်းပိတ်ရက်တစ်ခုမှာ ကျွန်တော့်ကို အဖေက ပင်လယ်ကမ်းစပ်မှာ အပန်းဖြေဖို့ ခေါ်ခဲ့တယ်။ အဲဒီပင်လယ်ကမ်းစပ်မှာ ကျွန်တော်တို့ အိမ်ကြီးတစ်လုံးရှိသေးတယ်။

တစ်ညနေ နေဝင်ရီတရောအချိန်မှာ အဖေနဲ့ကျွန်တော် ကမ်းစပ်အတိုင်း လမ်းလျှောက်ကြတယ်။ ကျောက်ဆောင်တစ်ခုမှာ အဖေခဏနားရင်း ကျွန်တော်ကို အခုတလော သေဒဏ်အပေးခံရတဲ့ တရားခံတစ်ယောက် အကြောင်းကို ပြောပြတယ်။ “သေဒဏ်” ပေးတာကို အဖေဆန့်ကျင်တယ်လို့ ဆိုပါတယ်။ အရင်က အရမ်းဆိုးခဲ့တဲ့ လူတစ်ယောက်ဟာ သေဒဏ်ဆိုတာနဲ့ အပ်ကိုတောင် မ မနိုင်လောက်အောင် အင်အား မဲ့သွားတတ်တယ်လို့ ဆိုတယ်။ သေဒဏ်ချခံရသူ တစ်ချို့က အကောင်းဘက်ကို ပြုပြင်သွားတာလဲရှိတယ်လို့ အဖေက ပြောပြတယ်။ ကျွန်တော်က လူသားတွေအတွက် တရားမျှတမှုအကြောင်းတွေ အဖေကိုမေးတော့ လောကမှာ တရားမျှတတာတွေ ရှိရမယ့်အပြင် ခွင့်လွတ်ခြင်းတွေ ပိုရှိသင့်တယ်လို့ အဖေကပြောတယ်။

“အဖေတို့ လုပ်နိုင်တဲ့ လုပ်ရပ်အပေါ် လူတွေခွင့်လွတ်နားလည်နိုင်ကြမယ်လို့ အဖေမျှော်လင့်တယ်”

လူတွေကို သေမိန့်ချဖူးလားလို့ တရားသူကြီး လုပ်ခဲ့ဖူးတဲ့အဖေကို ကျွန်တော်မေးလိုက်မိတယ်။ အဖေက “တစ်ခါ ချမှတ်ခဲ့ဖူးတယ်။ သေဒဏ်ပေးခံရသူက ပညာမဲ့တဲ့ တိုင်းရင်းသား လူငယ်တစ်ဦးဖြစ်တယ်။ မြို့ပေါ်တက် အလုပ်ရှာတဲ့သူ့ကို အလုပ်ရှင်က သူ့ရဲ့ နိုင်ငံသားကတ်ကို သိမ်းထားလိုက်တယ်။ ဒါဟာ မဖြစ်သင့်ဘူး၊ တရားမဝင်ဘူး။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ တစ်ခြားသူရဲ့ နိုင်ငံသားကတ်ကို သိမ်းခွင့်မရှိဘူး။ အလုပ်ရှင်က ကတ်သိမ်းပြီး အလုပ်တွေကို မတရားခိုင်းတယ်။ ဒါကို သူက မခံမရပ်နိုင်ပြီး အလုပ်ရှင်ကို ရိုက်သတ်လိုက်မိတယ်။ အဲဒီတုန်းက အဖေက တရားသူကြီး.. သူ့ကို သေဒဏ်ချမှတ်ခဲ့တယ်”

အဖေက ဆက်ပြီး “ သေမိန့်ချခံရတဲ့ သူက မသေခင်မှာ ဘာသာတရားတွေ အရမ်းလုပ်တယ်။ အဘက်ဘက်ကကြည့်ရင် အကောင်းဖက်ကို ပြောင်းလာတဲ့သူ့ကို အပြစ်ပေါ့လျော့အောင် အဖေ အထက်ကို အကြိမ်ကြိမ်တင်ပြပြီး တောင်းဆိုခဲ့တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး”

“သူ သေမိန့်ချခံရပြီးနောက် သူ့အမျိုးသမီး သားလေးတစ်ယောက်မွေးခဲ့တယ်။ သူ့ကို ထောင်ထဲမှာ အဖေသွားတွေ့တုန်းက မွေးကင်းစ ကလေးရဲ့ ဓာတ်ပုံကိုထုတ်ပြခဲ့တယ်။ အဖေမဲ့သား ဖြစ်လာမယ့် ကလေးကိုကြည့်ပြီး အဖေစိတ်မကောင်းခဲ့ဘူး။ အမှားကိုသိပြီး အမြင်မှန်လာတဲ့ လူတစ်ယောက်ကို သေမိန့်ချလိုက်တဲ့အတွက် အဖေအရမ်း နောင်တရခဲ့တယ်။ သူမသေခင် သူ့ဆီက စာတစ်စောင်ကို အဖေရခဲ့တယ်။ ဒီစာပဲ သား....”

အဖေက ပြောပြောဆိုဆို အဆင်သင့်ထည့်ထားပုံရတဲ့ ဝါကျင်ကျင် စာတစ်စောင် ကျွန်တော့်ကို ကမ်းပေးတယ်။ စာက ဒီလိုရေးထားပါတယ်။

တရားသူကြီးခင်ဗျား...
ကျွန်တော် အပြစ်ပေါ့အောင် အဘက်ဘက်က ကူညီကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မကြာခင် ကျွန်တော်သေရတော့မယ်။ ဒါပေမယ့် တရားသူကြီးရဲ့ ကျေးဇူးကိုတော့ အမြဲမှတ်ထားပါတယ်။ ကျွန်တော့်သားလေးကို ပြုစုစောင့်ရှောက်ပေးပါလို့ ကျွန်တော်တစ်ခု တောင်းဆိုခဲ့ချင်ပါတယ်။ ဆင်းရဲတဲ့ ပညာမဲ့ အသိုင်းအဝန်းကနေ သူ့ကို လွတ်မြောက်စေချင်ပါတယ်။ သူ့ကို ငယ်ငယ်လေးကတည်းက ကောင်းမွန်တဲ့ ဥာဏ်ပညာတွေကို ခံယူစေချင်ပါတယ်။ ကျွန်တော်တောင်းဆိုမှုကို ကူညီလက်ခံမယ်လို့ မျှော်လင့်ပါတယ်။ သူ့ကို ကျွန်တော်လို မမှားသင့်တဲ့ အမှားတွေကြောင့် ဘဝတစ်သက်ကို ပေးဆပ်ရတဲ့လူ မဖြစ်စေချင်ပါဘူး”

စာဖတ်ပြီး အဲဒီအဖေမဲ့သားကို ကျွန်တော် စိတ်ဝင်စားသွားတယ်။

“ဖေဖေ အဲဒီကလေးရော” လို့ အဖေကို ကျွန်တော်မေးလိုက်တော့တယ်။

“ဖေဖေ သူ့ကို မွေးစားလိုက်တယ် သား” အဖေပြန်ဖြေတဲ့ စကားကို ကျွန်တော်ကြားလိုက်မိစဉ်မှာ ကမ္ဘာကြီးဟာ အိုးထိန်းစက်လို ချာချာလည်သွားတယ်လို့ ကျွန်တော်ခံစားလိုက်မိတယ်။

ဒီအဖေဟာ ကျွန်တော့်အဖေအရင်းမဟုတ်ဘူး... ကျွန်တော့်အဖေရင်းကို သတ်တဲ့ လူသတ်သမား... အဖေကို သတ်ရင် သားက ကလဲ့စားချေရမယ်.. သတ်သူ သေကြေး...

ထိုင်ရာကနေ ကျွန်တော်ချက်ချင်း ခုန်ထလိုက်မိတယ်။ ကမ်းပါးဘေးမှာ ထိုင်နေတဲ့အဖေ့ကို သာသာလေး တွန်းလိုက်ရုံနဲ့ ချောက်ထဲကျသွားနိုင်တယ်။ ဒါပေမယ့် ကျွန်တော့်မွေးဖခင်တောင် သူ့ကို သေမိန့်ချခဲ့သူကို ခွင့်လွတ်နိုင်ခဲ့သေးတာပဲ။ ကျွန်တော့်ဘေးမှာ ထိုင်နေသူက လူကောင်းတစ်ဦးပါ။ သေမိန့်ချခဲ့တဲ့ အမိန့်အတွက် နောင်တရနေသူတစ်ဦးပါ။ ကျွန်တော်မွေးဖခင်က သေမိန့်ချခံရပြီးနောက် အမှားကို သိမြင်ခဲ့ပေမယ့် အပြစ်က မလွတ်ခဲ့ဘူး။ ဒါဟာ လောကကြီးရဲ့အမှားဖြစ်တယ်။ ဒီလိုအမှားကို နောက်ထပ်တစ်ဖန် ပြန်ကျူးလွန်ဖို့ ကျွန်တော်မှာ အင်အားမရှိခဲ့ဘူး။ အမှားတွေကို ကျွန်တော်ထပ်ပြုလုပ်နေတယ်လို့ မွေးဖခင်သိခဲ့ရင် ယူကြုံးမရဖြစ်မှာ သေချာတယ်။

ညအမှောင်က တဖြေးဖြေး ကြီးစိုးလာခဲ့တယ်။ အဖေ့ရှေ့မှာ ကျွန်တော်ထိုင်ချလိုက်တယ်။
“ဖေဖေ.. မှောင်လာပြီ။ သားတို့ ပြန်ကြရအောင်.. မေမေမျှော်နေရော့မယ်”

“ကျေးဇူးတင်ပါတယ် သား... အဖေ့ကို ဒီလောက်အလွယ်တကူ ခွင့်လွတ်လိမ့်မယ်လို့ အဖေ မထင်ခဲ့ဘူး” အဖေထရပ်လိုက်တယ်။ အဖေပါးပြင်က မျက်ရည်စက်ကို ကျွန်တော်တွေ့ဖြစ်အောင် တွေ့လိုက်တယ်။

ကျွန်တော်ရဲ့ အမြင်လည်း မျက်ရည်တွေကြောင့် မှုန်ဝါးနေတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ အသံတွေက ကြည်လင်နေတယ်။

“ဖေဖေ.. သားဟာ ဖေဖေရဲ့သားပါ။ ကျွန်တော့်ကို လူလားမြောက်အောင် ကျွေးမွေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

ပင်လယ်ကနေ တိုက်လာတဲ့ လေကြမ်းတစ်ချက်ကြောင့် အဖေယိုင်နဲ့နဲ့ဖြစ်သွားတယ်။ အဖေ့ကို ကျွန်တော် ပွေ့ဖက်လိုက်တယ်။ လက်ကျန်နေက ပင်လယ်ထဲ ငုပ်လျှိုးသွားခဲ့ပါပြီ။ သောင်ကမ်းစပ်မှာ အဖေနဲ့ကျွန်တော် နှစ်ယောက်တည်း.. အရှေ့က မှိန်ပြပြ မီးရောင်ဖက်ကို ခြေလှမ်းဦးတည်လိုက်ကြတယ်။

ကိုယ့်ကိုယ် သေမိန့်ချတဲ့ လူတစ်ယောက်ကို ခွင့်လွတ်နိုင်ခဲ့တဲ့ သေဆုံးသွားတဲ့ မွေးဖခင်ကို ကျွန်တော်ဂုဏ်ယူမိတယ်။ ကျွေးဖခင်ကိုလည်း ကျွန်တော် ဂုဏ်ယူမိတယ်။ သူ့ကို ကျွန်တော် ကလဲ့စားချေနိုင်တယ်ဆိုတာ သိပေမယ့် လောကကြီးကို အပြစ်လုပ်ခဲ့တဲ့ တရားခံတစ်ယောက်ရဲ့ သားကို လူလားမြောက်အောင် တာဝန်ယူစောင့်ရှောက်ခဲ့တယ်။

ကျွန်တော်ကရော...? အရပ်မြင့်မြင့်မားမား၊ ခန္ဓာကိုယ် တောင့်တောင့်တင်းတင်းနဲ့ ကျွန်တော်ကြီးပြင်းခဲ့ပါပြီ၊ ကျွန်တော်ရင့်ကျက်ခဲ့ ပါပြီ။ ရင့်ကျက်သူကမှ လူတွေကို ခွင့်လွတ်တတ်တယ်၊ ရင့်ကျက်တဲ့ လူတွေကမှ ခွင့်လွတ်ခြင်းရဲ့နောက်က ရလာတဲ့ ငြိမ်းချမ်းခြင်းကို ခံစားတတ်တယ်။

အဖေ... ကျွန်တော်ရဲ့ မွေးဖခင်ရေ.. ကျွန်တော် ကြီးပြင်းခဲ့ပါပြီ။ ကျွန်တော်လုပ်ခဲ့သမျှတွေအတွက် အဖေဝမ်းသာဂုဏ်ယူပါတော့။ ကောင်းကင် တစ်နေရာမှာ အဖေစိတ်ချလက်ချ အနားယူ အိပ်စက်ပါတော့ကွယ်...

ဖြိုးဇာနည်....ည၇း၁၀တိတိ

ထိုင်ဝမ်မှာ တကယ်ဖြစ်ပျက်ခဲ့ဖူးတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ရေးထားတဲ့ စာအုပ်တစ်အုပ်လို့ ဖတ်ရပါတယ်။ စာအုပ်တန်ဖိုးက ထိုင်ဝမ်ငွေ “၅ဝ” ကျပ်ပါ။ (ထိုင်ဝမ်မှာ ရိုးရိုးခေါက်ဆွဲတစ်ပွဲ ၃၅ကျပ်၊ ရိုးရိုး ထမင်းတစ်ပွဲ ၇၅ကျပ်)။ “၅ဝ” ကျပ်တန် စာအုပ်လေးနဲ့ အဖိုးမဖြတ်နိုင်တဲ့ ခွင့်လွတ်ခြင်းနဲ့ သင်္ခန်းစာတွေကို ရခဲ့ပါတယ်။
nine nine sanay

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.