0

happy new year

Posted by ဖြိုးဇာနည် on Wednesday, December 31, 2008 in

ဘာလိုလိုနဲ့အသက်တစ်နှစ်ပိုကြီးလာတာပဲအဖက်တင်သွားတယ်။၂၀၀၈ကနေ၂၀၀၉ကိုဖြတ်သန်းခဲ့ရတဲ့တစ်နှစ်တာလုံးထဲမှာ
ကောင်းကောင်းအဖက်တင်သွားတာဆိုလို့ဒီBlogလေးတစ်ခုရယ်တခြားပြောမပြချင်တဲ့(ပြောနေရင်မိုးချုပ်သွားမှာဆိုးလို့)အကြောင်း
အရာလေးတစ်ချို့ရယ်ပဲရှိပါတယ်။လက်ချိုးရေလို့တောင်ရပါတယ်။ကဲပါဘာပဲဖြစ်ဖြစ်ဒီနှစ်သစ်မှာကျွန်တော့်ဘဘော့လေးကိုလာရောက်
လည်ပတ်ကြတဲ့သူငယ်ချင်းအားလုံးမင်္ဂလာ အပေါင်းနဲ့ပြည့်စုံကြပါစေဗျာ
H ours of happy times with friends and family

A bundant time for relaxation

P rosperity

P lenty of love when you need it the most

Y outhful excitement at lifes simple pleasures

N ights of restful slumber

E verything you need

W ishing you love and light

Y ears and years of good health

E njoyment and mirth

A ngels to watch over you

R emembrances of a happy year!

ပျော်ရွှင်မှူအပေါင်းခညောင်းကြပါစေ.......ဖြိုးဇာနည်...နေ့လည်...၂း၁၀တိတိ

Links to this post
0

အပြောင်းအလဲ

Posted by ဖြိုးဇာနည် on Tuesday, December 30, 2008 in
အပြောင်းအလဲ
နှစ်ဦးတူယှဉ်၊ ဒီအပင်အောက်
ပန်းကြွေကောက်စဉ်၊ ရင်တထိတ်ထိတ်
ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်.

သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်း
မြချောင်းရေကြော၊ ပန်းကြွေမျှောမိ
ကြည့်ရင်းကြည်နူး၊ ချောင်းနဖူးမှာ
စိတ်ကူးနုသစ်ခဲ့ဖူးတယ်.

ခင်ကပစ်တော့
ဒီသစ်ပင်အောက်၊ ပန်းမကောက်ချင်
နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာ
လွမ်းစိတ်ရာထောင် ဝေဖူးတယ်.

ခင်မကြင်တော့
ညင်ညင်ရေစီး၊ တမ်းတညည်းဟန်
ခင့်ရယ်သံလား၊ ၀ိုးဝါးထင်မိ
ကြည့်လေရာရာ၊ ဝေဒနာနှင့်
ရေပြာအလှ ကင်းဖူးတယ်.

ဩော်… နှစ်တွေကြာလို့
တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင်
တို့ငယ်စဉ်က၊ နှောင်မျှင်တွယ်ရစ်
အချစ်အလွမ်း၊ ဖမ်းစားညှို့ငင်
ဒီသစ်ပင်ကား၊ ချောင်းရေစား၍
ကမ်းပါးပြိုနောက် ပါလေပြီ…

ဒီကပြန်လျှင်၊ ရင်မခုန်တတ်
မလွမ်းတတ်တော့၊ စိတ်ဓာတ်ရင့်ကျက်
ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရ
အနည်ကျပြီ…
ဘ၀ဆိုတာ… ဒါပဲ ခင်…

Links to this post
0

ငါ့ညတွေ

Posted by ဖြိုးဇာနည် on Monday, December 29, 2008 in
"ချစ်ရေ... ငါ ပြန်ဦးမယ်။"

"မေ... နင့်ကို ငါ အရမ်းအမြင်ကတ်တာပဲ။ ကြည့်လို့ကို မရဘူး။ စကားတောင် အေးဆေး မပြောရသေးဘူး။"

"အင်းပါ... မေပြန်ပြီနော်။ အရမ်းချစ်တယ်။"

ဒီညကိုတော့ ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမှ ဖြစ်မယ်။

မနက်မိုးလင်းလို့ အမှတ်တမဲ့လိုလိုနဲ့ ဖုန်းကို လှမ်းကြည့်မိတယ်။ ချော့မော့ တောင်းပန်တဲ့စာများ တွေ့လေမလားလို့ တမ်းတနေမိသား။ အလေးမထားတာ ကြာလာပြီဖြစ်တဲ့နောက် ဘာတွေကို ထပ်မျှော်လင့်နေဦးမှာလဲ။

ကျွန်တော် တစ်ယောက်ထဲ နေနိုင်အောင် ကြိုးစားရတော့မယ်လို့ နားလည်လာတဲ့ တနေ့...

တိတ်တိတ်လေး သူ့ကို စောင့်မျှော်ကြည့်နေရင်း အချိန်တွေ ကုန်ဆုံးသွားဖို့ လိုအပ်တယ်။ သူ မမြင်၊ မသိနိုင်တဲ့ တနေရာကဖြစ်ဖြစ် စောင့်ကြည့်ချင်သေးတဲ့ စိတ်ကိုတော့ တားမရဘူး။ ဒီလိုနဲ့ အချိန် တစ်ရက်တာက ရှည်လွန်းလှတယ်။ ခုလိုမျိုး ၂၄ နာရီတောင် မကြာလိုက်တဲ့ အသံတိတ် ဆန္ဒပြပွဲတွေနဲ့အတူ ကျွန်တော် ကျရှုံးခဲ့တဲ့ အရေအတွက်လည်း မနည်းတော့ပြီ။ "အလျှော့ မပေးလိုက်ပါနဲ့ဟာ" ကျွန်တော့်ကိုယ် ကျွန်တော် အားပေးရင်း...

ဒီ ၁၀ နာရီအတွင်း ၄၊ ၅ ကြိမ်မက သူ ဆက်သွယ်ဖို့ ကြိုးစားနေတာကို လျစ်လျူရှုနေရတာ ကျွန်တော့် အတွက် ပင်ပန်းလှတယ်။ စိတ်ဓာတ် ခိုင်မာ ရင့်သန်သူထဲ ကျွန်တော် မပါဝင်သေးဘူးလေ။ အခါခါ ကျရှုံးရလွန်းလို့ အနိုင်နိုင် ပြန်ထနေရတာရော ဘယ်သူ အသိအမှတ်ပြုမိလို့လဲ။

နာကျင်တဲ့စိတ်ကြီး ကျွန်တော် မလိုချင်ခဲ့ဘူး။ ဒါပေမဲ့ လွှတ်ချဖို့ မတတ်နိုင်လို့ ဆက်ဆုပ်ကိုင်နေခဲ့တာ ခုချိန်ထိ မတင်းမလျှော့ မြဲမြံစွာ ဖမ်းဆုပ်ထားတုန်း။ ပြေလျော့မယ့်နေ့ကိုများ တောင့်တနေသလား ကျွန်တော် ကိုယ်တိုင်လည်း ဝေခွဲမရဘူး။

"သူ မနေတတ်လို့ စိတ်ဆိုးနေရင်လည်း စိတ်ဆိုးနေတယ်ဆိုတာလေး တစုံတခုလောက်တော့ အကြောင်းပြန်ပေးပါ"လို့ တောင်းဆိုတဲ့အခါ ကျွန်တော် စိတ်တွေ အနည်းငယ်ယိုင်နဲ့သွားခဲ့တယ်။ ဒီလိုပါပဲ အခါများစွာလို အရှုံးတွေစဖို့ ပျားသကာစကားတခု၊ ဒါမှမဟုတ် ၀တ္တရားကျေ စကားတခွန်းလည်း ဖြစ်နိုင်သေးတယ်။

သူ ရှိနေသလား၊ ကျွန်တော် တိတ်တခိုး ကြည့်မယ်။ သူ ရှိနေရင် ကျေကျေနပ်နပ်ပြုံးပြီး သူ မလာသေးရင်တော့ အလိုမကျစွာ ဆက်စောင့်နေမယ်။ ဒီလိုနဲ့လည်း ကျွန်တော့် နေ့တွေ ပြီးပြည့်စုံနိုင်ပါတယ်။ ကျွန်တော့်အနား သူ ရှိနေဖို့မှ မလိုအပ်လှဘဲ။

"တညထဲမှာ လ နှစ်စင်း မထွက်ဘူးလို့ ဘယ်သူ ငြင်းနိုင်မလဲ??? ငါ့ညတွေမှာ လ အစင်းပေါင်း များစွာ သာနေလိမ့်မယ်... မေ။"
လေးစားရပါသောချစ်ရသူအတွက်..ဖြိုးဇာနည်..ည..၁၁း၃၀တိတိ

Links to this post
1

ကျွန်တော်ဘလော့ရေးနေသည်

Posted by ဖြိုးဇာနည် on Monday, December 29, 2008 in
ကျွန်တော်တို့ ဘလော့ရေးနေတာဟာ များသောအားဖြင့် ကိုယ်ကျိုးအတွက် မဟုတ် ပါဘူး။ ၀င်ငွေလည်း မရပါဘူး၊ အချိန်ကုန်၊ မျက်စိညောင်းပြီး လက်တွေ ဇတ်တွေကိုက်အောင် ရေးရ၊ စာတွေရှာရ နဲ့ အလုပ်များနေသူ ဖြစ်ပါတယ်။ သို့ပေမဲ့ တစ်ခါတစ်လေလည်း ကျွန်တော်ဟာ အားနေ စာရေးနေတဲ့ လူလို့ အပြောခံရတာလည်း ရှိပါတယ်။ ကျွန်တော် အားနေတဲ့ သူမဟုတ်ပါဘူး၊ အခုဆို ကျောင်းစာတဖက်၊ ပြန်လာတာနှင့် ကျောင်းစာဘေးချလို့ ကိုယ်တတ်နိုင်တဲ့ ဘက်က ပါဝင်နိုင်တာ ဘလော့လို့ ထင်လို့ ကျွန်တော် ပါဝင်နေတာပါ။ ကိုယ်ဘာလုပ်နေတယ်ဆိုတာ သိနေကြဖို့က အရေးကြီးပါတယ်။ ကျွန်တော်ဘာလုပ်နေတယ်ဆိုတာကျွန်တော်သိတယ်။ထွေထွေထူးထူးပြောမနေတော့ဘူးဗျာ။အဓိက
ကတော့ကျွန်တော်ဘလော့လေးကိုဝင်လာကြည့်ကြတယ်ဆိုတာကျွန်တော်သိရရင်ကျေနပ်နေတဲ့ကောင်ပါ။ဒါကြောင့်Cboxမှာလာသွားတဲ့
အကြောင်းလေးလက်တို့သွားရင်ကိုကျေးဇူးတင်မိပါတယ်။ကျွန်တော့်ဘလော့မှာမိတ်ဆက်ရင်းခင်မင်သွားခဲ့တဲ့သူငယ်ချင်းတွေရှိသလိုအပျက်
သဘောမျိုးနဲ့ခင်မင်မူကိုအခွင့်ကောင်းယူချင်သူတွေလည်းရှိခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်ပါအပြုသဘောနဲ့ပဲနေနေအပျက်သဘောနဲ့ပဲဖြစ်ဖြစ်ကျွန်တော့်
ဘလော့ကိုလာရောက်လည်ပတ်ခြင်းအတွက်အားလုံးကိုကျေးဇူးအကြီးကြီးတင်ပါတယ်ဗျာ............
ဖြိုးဇာနည်..ည..၉း၀၀ တိတိ

Links to this post
0

ကျွန်တော်ဇာနည်ဆယ်ငါးမိနစ်အရူးထခြင်း

Posted by ဖြိုးဇာနည် on Thursday, December 25, 2008 in
မဖြစ်နိုင်တာကိုမလုပ်ပါနဲ့လားကွာဆိုတာငါပြောပေးတာမင်းအတွက်လို့များမင်းထင်နေသလား....ဟာဟ...သူငယ်ချင်းရာ(ဟုတ်တယ်)
မင်းထင်တာမမှားပါဘူးမဖြစ်နိုင်တာကိုမှလုပ်ချင်တာမင်းအကျင့်လို့မင်းငါ့ကိုပြန်ပြောလိမ့်မယ်။That Rightငါလက်ခံပါတယ်။မဖြစ်နိုင်တာ
ကိုမှလုပ်ချင်တဲ့မင်းအတွက်ငါ့မှာအိုင်ဒီယာလေးတစ်ခုတော့ပေးစရာရှိတယ်။ငါမနေ့ညကအိပ်မပျော်ဘူးအဲလိုအိပ်မပျော်တဲ့အချိန်မှာဒီအကြံ
လေးကိုရလိုက်တာပဲ။ကမ္ဘာကြီးရဲ့အပေါ်ကနေ(တိမ်တွေကြားကနေ)ကြိုးတစ်ချောင်းတွဲလောင်းကျနေလိမ့်မယ်။အဲဒီကြိုးကိုဆွဲလိုက်ရင်
ကမ္ဘာကြီးကနေ့ကနေည--ညကနေနေ့ ချက်ချင်းပဲလိုသလိုအလင်းရောင်ပြောင်းပေးသွားလိမ့်မယ်။အလွယ်ပြောရရင်ကြိုးဆွဲမီးခလုတ်လိုပေါ့။
ကြိုးရဲ့တည်နေရာကတော့ကမ္ဘာကြီးရဲ့အလယ်ဗဟိုတည့်တည့်မှာရှိတဲ့မြို့မှာထားမယ်လေ။လုံခြုံရေးတွေအပြည့်နဲ့ပေါ့။အဲဒီကြိုးကိုအင်တာ
နက်ကနေတဆင့်နည်းပညာအကူအညီနဲ့လှမ်းဖွင့်နိုင်အောင်ဖန်တီထားလိုက်မယ်။ပြီးရင်ဘဏ်မှာနိုင်ငံတကာကနေငွေလှမ်းသွင်းပေးနိုင်တဲ့
accountတစ်ခုဇွင့်ထားမယ်။ကမ္ဘာကြီးကိုနေ့နဲ့ညနဲ့ပြောင်းချင်တဲ့လူတွေကဘဏ်စာရင်းထဲကိုငွေသွင်းပြီးတော့တစ်ကြိမ်သာအသုံးပြုနိုင်တဲ့
softwareကိုမင်းဆီကနေလှမ်းဝယ်ကြလိမ့်မယ်။ဒီsoftwareကိုမင်းသမ္မတကိုတောင်အလကားမပေးပစ်နဲ့။မင်းငါပြောတဲ့အတိုင်းသာလုပ်နိုင်ရင်
နေ့ချင်းညချင်းကမ္ဘာကျော်ဖြစ်သွားစေရမယ်။ကမ္ဘာ့အချမ်းသာဆုံးသူဌေးလည်းမကြာခင်ဖြစ်သွားလိမ့်မယ်။လူတိုင်းလူတိုင်းမှာနေ့ကိုည-ညကိုနေ့
မြန်မြန်ရောက်သွားစေချင်တဲ့စိတ်လေးတွေကတော့မကြာခဏဖြစ်ပေါ်တတ်ကြပါတယ်။ငါလည်းဖြစ်ဖူးတာပဲ။ဒီတော့မင်းလုပ်နိုင်ရင်ငွေတွေက
တော့ဝင်လာမစဲတသဲသဲပေါ့ကွာ။
ငါလုပ်ခိုင်းချုင်တာကလဲသဘာဝတရားကိုဆန့်ကျင်ခိုင်းတာမဟုတ်ပါဘူး။ဆန့်ကျင်လို့လည်းမရပါဘူး။ငါတို့ရဲ့ကမ္ဘာပေါ်မှာဖုံးအုပ်ထားတဲ့လေထု
တွေကိုအသုံးပြုပြီးကမ္ဘာလေထုကိုအလင်းနဲ့အမှောင်ကိုပြောင်းပေးနိုင်မဲ့ဓါတ်ကူတစ်ခုခု(သို့)၁၀၀၀ ခုခုအသုံးပြုပြီးတော့ပေါ့။ဒီလေထုတွေကပဲ
နေရောင်ခြည်ကနေကျလာတဲ့အလင်းတွေကိုဖုံးကွယ်ပေးထားလိမ့်မယ်။ဒါဆိုနေ့ကနေညဖြစ်သွားပြီပေါ့။ပြီးတော့အဲဒီ့လေထုကပဲအမှောင်မော်လီကျူ
တွေကိုအလင်းဖြစ်သွားအောင်ပြန်ပြောင်းပေးသွားစေနိုင်တာမျိုးပေါ့ပြန်ဖန်တီးလိုက်နိုင်မယ်ဆိုရင်ညကနေနေ့ကိုပြန်ပြောင်းနိုင်ပြီပေါ့။ငါတော့
မလုပ်နိုင်ပါဘူးကွာမင်းပဲလုပ်လိုက်တော့။အကယ်၍မင်းလုပ်နိုင်ခဲ့တယ်ဆိုရင်တော့စဉ်းစားသူနေရာမှာတော့ငါ့နာမည်(ဖြိုးဇာနည်ကိုကျေးဇူးပြု၍
ရေးပေး စေချင်ပါတယ်။ဒီငါ့ရဲ့အတွေးအခေါ်တွေကိုမင်းမလုပ်နိုင်ခဲ့ဘူးဆိုရင်တော့နောင်လာနောက်သားတွေလုပ်ဆောင်နိုင်အောင်ပြန်လည်ပြီးမျှဝေခဲ့
ပေးပါ။ငါသိနေတယ်ဒီတီထွင်မူဟာတစ်နေ့နေ့ကမ္ဘာပေါ်မှာဖြစ်ကိုဖြစ်လာစေရမယ်လို့။။။။။။။ဒါပေမဲ့ပေါ့--နောက်ထပ်နှစ်ပေါင်းဘယ်နှစ်ရာကြာမှ
ဖြစ်လာမလား....၂၁ရာစုအတွင်းမှာပဲဖြစ်လာမလားဆိုတာကိုတော့ငါလည်းမပြောနိုင်သေးဘူး။ပြောရင်းနဲ့ငါမောလာပြီကွာ...ကဲမင်းအနီးအနားမှာ
ရှိနေတဲ့သူငယ်ချင်းတွေကိုတော့ကျွန်တော်ဇာနည်ရဲ့အတွေးအခေါ်လေးကိုမပျောက်ပျက်သွားအောင်ဆက်လက်မျှဝေပေးစေချင်ပါတယ်။။။။။
ဖြစ်နိုင်ရင်ပေါ့-----------------------------------အတွေးတွေနဲ့ရူးနေသော--ကျွန်တော်ဖြိုးဇာနည်

Links to this post
0

မဝေးချင်ဘူး...စိတ်ထဲ

Posted by ဖြိုးဇာနည် on Tuesday, December 23, 2008 in
ဝေခင်
အခြေခံ ပညာရေး အထက်တန်း စာမေးပွဲတွင် အနည်းဆုံး ဂုဏ်ထူး သုံး၊ လေးခု မှန်းထားသော ဝေခင်သည် တကယ့် တကယ်ကျတော့ သာမန် အဆင့်မျှဖြင့် အောင်လာ၏။ ဆေးနှင့် စက်မှု တစ်ခုခု သွားမည်ဟု အားခဲထားသမျှ သဲရေကျဖြစ်ရချေပြီ။ ဝေခင့်ထက် ကံဆိုးသူက ဟိုကောင် အောင်ပြည့်စုံ။ အဖေ အလယ်တန်း ကျောင်းအုပ်၊ အမေ အထက်တန်းပြ ဆရာမ။ ပညာရေး မိသားစုက ပေါက်ဖွား ကြီးပြင်းလာသူ ဖြစ်ပါလျက် ပညာရေး အကြောင်း မလှရှာ။ သူ့ခမျာ (ခ) အဆင့်ပင်မချိတ်။
ချစ်ကောင်း
နဂိုကတော့ ချစ်ကောင်းမှာ ရည်ရွယ်ချက် မြင့်မြင့် မားမားကြီး မရှိခဲ့တာကိုတော့ ၀န်ခံရပေမည်။ ချစ်ကောင်းမှာ အဖေလည်း မရှိ၊ အမေ မုဆိုးမက အရပ် ၀မ်းဆွဲ။ ဦးလေး ဘုန်းကြီး တစ်ပါး၏ အထောက်အပံ့ဖြင့် ချို့ချို့ငဲ့ငဲ့ ကျောင်းနေရသူ၊ အထက်တန်း နေသည် ဆိုသော်လည်း ချစ်ကောင်း ဘ၀က တစ်ခါတစ်ခါ ဝေခင် လှောင်တတ်သလို ထမင်းသိုးစား၊ ဟင်းသိုးစား ဘုန်းကြီး ကျောင်းသား တစ်ပိုင်းတည်း။ စီးပွားရေး အခြေခံ အမြစ် မသန်သူမို့ ဇာတိမြို့ ရွာကျောင်း ဆရာကလေး ဖြစ်ရုံလောက် မှန်းခဲ့သည်။ ခုတော့ လေးဘာသာ ဂုဏ်ထူး ချိတ်ပြီး ဆေးတက္ကသိုလ် ၀င်ခွင့်ရခဲ့ပြီ။ မုဆိုးမသား နွမ်းပါးသူကို ကူညီ ထောက်ပံ့လိုသော စေတနာရှင်များလည်း ရွာမှာ ၀ိုင်းဝိုင်းလည် လျက်ရှိပြီ။ အထူးသဖြင့် ဝေခင့် မိဘများက ဆိုလျှင် လုံးဝ တာဝန် ယူပါရစေ ဟူ၍ပင် ဆရာတော်ထံ ခွင့်ပန်လျှောက်ထား ကြသေးသည်။ ရွာ့စရိတ်ဖြင့် ပညာသင်မည့် ဆေးတက္ကသိုလ် ကျောင်းသားလောင်း ချစ်ကောင်းကို ဝေခင်သည် ထေ့လို့၊ ငေါ့လို့ မဆုံးနိုင်ဖြစ်နေ၏။ "တကယ်ပါ ဝေခင်ရာ၊ ငါ့အစား နင် ဆေးတက္ကသိုလ် ၀င်ခွင့် ရစေချင်တာ၊ နင်ဆိုရင် အစစ အရာရာ ပြည့်စုံပြီးသားမို့ သိပ်အဆင် ပြေတာပေါ့။ နင့်အဖေ၊ နင့်အမေများလည်း အားတက်လိုက်မယ့် အမျိုး။ ငါကတော့ နင်သိတဲ့ အတိုင်း အခက် အခဲ ပေါင်းစုံနဲ့ပါ ဝေခင်ရယ်၊ အလုပ်တစ်ဖက်နဲ့ လုပ်သားတက်ပြီး ဘွဲ့ယူမယ်လို့ မှန်းထားတဲ့ကောင်ပါ"တက္ကသိုလ် သွားဖို့ အ၀တ်အစား၊ အသုံးအဆောင်များ ချုပ်လုပ် ပြင်ဆင်နေသော ဝေခင်က သစ်လွင် ပြိုးပြက်သော ရောင်စုံ အ၀တ်ပုံကြီးထဲမှ ကိုယ်တစ်ဝက်ခန့် မြုပ်ရင်း ချစ်ကောင်းကို ဧည့်ခံ စကားပြောလေသည်။"ကံကြမ္မာနေရာပေးတဲ့ အတိုင်းပေါ့လေ၊ ဘယ်တတ်နိုင်မလဲ။ သူကတော့ ဆရာဝန်ဖြစ်ဖို့ သေချာသွားပြီ။ ဝေခင် ၀မ်းသာပါတယ်၊ တကယ်ပါ။ ဝေခင်က ဆရာဝန်သာဖြစ်ချင်တာ၊ မဖြစ်နိုင်မှန်း သိပါတယ်။ သူ့လောက်မှ စာမတော်ဘဲ။ ဒါပေမယ့် ဆရာဝန်ဖြစ်ဖို့ စိတ်ကူးတော့ ယဉ်မိတယ် ချစ်ကောင်းရယ်။ ကိုယ်က ခြေတစ်ဖက် မသန်သူ မဟုတ်လား။ ဘ၀တူ လူနာတွေ ဒုက္ခိတတွေကို ကုစားချင်...""အဲသလိုချည်း မပြောစမ်းနဲ့ ဝေခင်"စကားပြတ်အောင် ကြားဝင်၍ ငေါက်ပစ် လိုက်ရသည်။ ချစ်ကောင်း ရင်ထဲမှာ နင့်ခနဲ ခံစားရလေသည်။ ဘာမှမဖြစ်သလို လွင်လွင်မြမြကလေး ရယ်ပစ်လိုက်ရင်း ဝေခင်က ထိုင်ရာမှ ထလိုက်သည်။ ကျောဘက်က ဗီရိုကို ဆွဲဖွင့်ပြီး ခရီးဆောင် သားရေအိတ်ကြီး တစ်လုံးကို ဆွဲထုတ် နေလေသည်။ ဝေခင်က အတော် လှတာပဲဟု နားလည် ခံစားရသည်။ မျက်လုံး အကြည့်ကို ရုတ်ခြည်း လွှဲဖယ် မိလေသည်။ ဖနောင့် ကြွထားသော ဝေခင့် ခြေဖ၀ါးမို့မို့လေးကို မျက်လုံးတစ်စွေ့ ကြည့်သည်။ ရင်ထဲမှာ ဝေဒနာ စိမ့်ဝင်လာ၏။ ကျော်ကြားသော ဝေခင့် အလှအပများက ချစ်ကောင်း၏ ရင်ကို မလှုပ်ရှား စေနိုင်စွမ်းသော်လည်း ခြေတစ်ဖက် ဆာနေသူကလေး အနေဖြင့် မူ ကြင်နာချင်လှသည်။ ချစ်ကောင်း၏ ကျေးဇူးရှင် မိခင်မှာလည်း ဝေခင်ကဲ့သို့ပင် ခြေတစ်ဖက် မသန်သူတည်း။ ဝေခင်သည် အခြားသော မိန်းကလေးများထက် အမေ့ကို နားလည်နိုင်မည် ထင်သည်။ စာနာ တတ်မည်ဟု မျှော်လင့်သည်။ ချစ်ကောင်း၏ အတွေးပင့်ကူမျှင်တို့ ဝေခင့်ခြေဖ၀ါးမို့မို့မှာ ရက်ရှယ် တွယ်ငြိနေချိန်တွင် ဝေခင့် စိတ်အလျဉ်က ချစ်ကောင်းနှင့် အဝေးဆုံး တစ်နေရာမှာ လွင့်ပါးနေဟန်ရှိသည်။ သားရေအိတ်ထဲ ထည့်ရန် အသင့် ရွေးချယ်စုပုံထားသော ၀တ်စုံသစ် တို့ကို လက်ညှိုးနှင့် ထောက်ရင်း အပြန်အပြန် အလှန်လှန် စစ်ဆေးနေလေသည်။ "ဟိုကောင် အောင်ပြည့်စုံ တစ်ယောက်ကော ဝေခင့်ဆီ လာသေးလား။ ငါ့အိမ် ရောက်မလာဘူးဟ။ ဒီကောင် အားငယ် နေတယ်နဲ့ တူတယ်။ တွေ့အောင် လိုက်ရှာပြီး အားပေးရဦးမယ်""အင်ဒိုနီးရှားတွေ ကတော့ အရောင်စုံပြီ။ မနက်က မြင့်မြင့်အေး လာပြတဲ့ ဆင်စွယ်ရောင်လေး ယူလိုက်ဦးမှပါပဲ။ ပါတိတ် ဆင်စွယ်ရောင်က ၀မ်းဆက်ဝတ်ရင် သိပ်လှ၊ ဟာ... ဆောရီး ချစ်ကောင်းရယ်၊ သူ ခုန ဘာပြောလိုက်တယ်"ချစ်ကောင်း၏ ပတ်ဝန်းကျင်တွင် လေထုပါးလျားလှ စွာ၏။ အသက်ရှူ၍မ၀ချင်။ ၂။ဆရာဝန်ကတော် လုပ်ချင်လှပြီ မောင်ရဲ့ဟု ဝေခင်က နွဲ့သည်။ ဝေခင် အထက်တန်းပြ ဆရာမ လုပ်နေသော ကျောင်းမှာ လုပ်ဖော် ကိုင်ဖက် ဆရာမတွေက "၀န်ကတော်" "မှူးကတော်" တွေချည်းမို့ သင်းတို့နှင့် တန်းတူ ပခုံးချင်းယှဉ်၍ လျှောက်ပြ စမ်းချင်လှပြီ ဆိုသော တတွတ်တွတ် ပူဆာသံတွေကို နားနှင့် မဆံ့အောင် ကြားနေရ၏။ အရွယ် ကြီးပြင်း လာသော်လည်း အသိ မရင့်ကျက်သေးပါ ကလားဟု ချစ်သူ အတွက် အားမလို အားမရဖြစ်သည်။ ဂုဏ်သိက္ခာအရ အထက်တန်းပြ ဆရာမကြီး ဒေါ်ဝေေ၀ခင်သည် ဒေါက်တာချစ်ကောင်း ရှေ့မှောက်မှာတော့ မြီးကောင်ပေါက်နှင့် မခြား။ တကယ့်ကို ကပိုကရို အပျိုဖြန်း ကလေးပါကလား။ အမှန်တော့ ဝေခင်က ပို၍ ရင့်ကျက် သင့်သည်။ ဝေခင် အထက်တန်းပြ ဆရာမ လုပ်သက် ၃ နှစ်ပင်ပြည့်လုပြီ။ ချစ်ကောင်းမှာက ခုထိ ပို့စတင်မကျသေးသော လမ်းလျှောက် ဆရာဝန်။ အောင်ပြည့်စုံ တစ်ယောက်ကမူ နိုင်ငံခြားသို့ ရောက်နေလေပြီ။ ဆယ်တန်း ဆက်မဖြေတော့ဘဲ ဆိပ်ကမ်း သင်္ဘောကျင်း တွင် နေ့စားဝင်လုပ်ရာက နိုင်ငံခြား သင်္ဘောသား ဖြစ်သွားသည်။ အောင်ပြည့်စုံနှင့် အဆက်အသွယ် ပြတ်နေခဲ့သည်မှာ ၄ နှစ်ပင် ကျော်ခဲ့ပေပြီ။ အခုဆိုလျှင် သည်ကောင် ဘယ်သောင် ဘယ်ကမ်း ဆိုက်နေပြီမသိ။ ဘယ်တိုင်းပြည်မှာ ရှိနေမည်မသိ။ သူ့မိဘများလည်း မရှိတော့ပြီဖြစ်ရာ ပင်လယ်ခရီးမှာ လွတ်လွတ် ကျွတ်ကျွတ် စိတ်ရှိတိုင်း လွှင့်နေပြီထင်၏။ ဝေခင့် မိဘများကတော့ သမီး အလုပ်ရှိရာ ရန်ကုန်သို့ ပြောင်းရွှေ့အခြေချကာ အထိုင်ကျလျက်ရှိပေပြီ။ ရွာက လုပ်ငုတ်လက်ရင်း လုပ်ငန်းအားလုံးကို ထုခွဲပြီးသကာလ ကျောက်ကုန်းမှာ ခြံဝယ်သည်။ ဘတ်စ်ကား သုံးစီးကို ပိုင်ဆိုင်သော ဝေခင့် မိဘများသည် ယခု ခေတ်စားနေသည့် သင်္ဘောသား ကားအသစ် တစ်စီး ထပ်မံဝယ်ရန် စုံစမ်းလျက် ရှိ၏။ "မောင့် ပို့စတင်က ဘယ်တော့ ကျမှာလဲ။ ဖေဖေက ပြောတယ် နည်းနည်းပါးပါး လိုက်ဖို့၊ ပြုဖို့ လိုရင်လည်း ပြောတဲ့။ နို့မို့ဆိုရင် နယ်တွေ ဘာတွေ ရောက်သွားဦးမယ်တဲ့။ ရန်ကုန်မှာ ပြန်ရမှ တစ်ဖက်က ဆေးခန်း ဖွင့်လို့ အဆင်ပြေမှာ။ ဖေဖေက ဆေးခန်းဖွင့်ဖို့ နေရာတွေ ဘာတွေတောင် ကြည့်နေပြီ သိလား၊ ပြီးတော့ ဝေခင်ကလည်း ဆရာဝန် ကတော် လုပ်ချင်လှပြီ မောင် ရဲ့"ချစ်ကောင်းက အပြုံးလျော့လျော့နှင့် ဝေခင့်ကို ငေးကြည့် နေမိလေသည်။ ဝေခင်၏ ပါးလျား တွဲအိသော ဘလောက်စ် အင်္ကျီ ရှားနုရောင်မှာ စံကားဝါရည် လဲ့နေသော ဝေခင့် အသားဝင်းဝင်းနှင့် အင်မတန် လိုက်ဖက်ညီနေသည်။ သို့သော် လည်ပင်း အဟိုက် ကျယ်လွန်းတာတော့ ကြည့်မကောင်းလှဘူး ထင်သည်။ ချစ်သူ၏ သိသာ ထင်ရှားလွန်းသော အပြင်အဆင် အခြယ်အသတွေကို မြင်ရတိုင်း ကြင်နာစဖွယ် အားနည်းချက်ကို အထူး သတိရကာ ကရုဏာပိုမိလေသည်။ အမြတ်နိုးဆုံး မိခင်နှင့် အချစ်ဆုံး ဝေခင်၏ ပုံရိပ်များသည် ချစ်ကောင်း၏ မြင်ကွင်းတွင် တစ်ထပ်တည်း ဖြစ်နေ၏။ ဝေခင့် ကိုမြင်လျှင် အမေ့ကို လွမ်းသည်။ အမေ့ကို တွေ့ပြန်တော့ ချစ်သူ ဝေခင်ကို သတိရပြန်လေသည်။ "အလုပ်အကိုင် အထိုင်ကျတော့မှပဲ ဝေခင့်ကို ထိုက်ထိုက် တန်တန် လက်ထပ် ယူနိုင်မှာမို့ပါ အချစ်ရယ်၊ ပို့စတင်မကျခင် အတွင်း..." ဝေခင်က ခိုးခိုးခစ်ခစ် သံစုံ ရယ်လေသည်။ ပို့စတင်မကျခင် အတွင်း ရွာက သမ၀ါယမ ဆေးခန်းမှာ ပြန်လုပ်ဖို့ စိတ်ကူးထားကြောင်း ဆက်ပြောခွင့်မရလိုက်။ "မင်္ဂလာစရိတ်အတွက် မောင် ဘာမှမပူနဲ့လို့ ပြောထားပြီးပြီပဲ မောင်ရယ်။ ဖေဖေတို့ အောက်ခြေသိမ်း တာဝန်ယူပါတယ် ဆိုထားမှ အရေး မဟုတ်တာကို အရေး မလုပ်ချင်စမ်းပါနဲ့၊ ခုတောင် ယောက္ခမကြီးတွေက ရွှေသမက်ကို အိမ်ပေါ် တက်စေချင် လှပြီရှင့်၊ သိရဲ့လား"မူနော့နော့ ဝေခင့် စကားသံတွေ နားမှ လျှံကျမတတ်ကြား နေရသည်။ မြှူချော့သယောင် အပြုံးလဲ့လဲ့က ချစ်ကောင်း တစ်ကိုယ်လုံးကို ရစ်ပတ် တုတ်နှောင်စ ပြုလေသည်။ အိမ်မှာ လူကြီးတွေ မရှိကြ။ ရိပ်သာမှာ ၀ါဆိုဦး အဓိဋ္ဌာန် ၀င်ကြမည်မို့ ဝေခင် တစ်ယောက်တည်း မနေ၀ံ့ဟု ဆိုကာ ချစ်ကောင်းကို ဖုန်းဆက် ခေါ်ထားခြင်း ဖြစ်သည်။ မိုးတစိမ့်စိမ့် ရွာနေသော ညတစ်ညမှာ လှပသော ချစ်သူ ထံပါးဝယ် ချစ်ကောင်းသည် သက်တော်စောင့် ကျောက်ရုပ်ကြီး ဖြစ်နေလေ၏။ မိုးသက်လေကလေး ခပ်ကြမ်းကြမ်း ဝှေ့လာသောအခါ ဝေခင်က အိမ်တံခါးများကို လိုက်ပြီး ပိတ်နေလေသည်။ "ချမ်းစိမ့်လာတာပဲနော် မောင်၊ ဝေခင့် ခြေထောက်တောင် ထုံသလို၊ ကျဉ်သလို ဖြစ်လာတယ်""ဟင်... ဟုတ်လား"ချစ်ကောင်းသည် ထိတ်ထိတ် ပျာပျာနှင့် ဝေခင့်ခြေဖမိုး ကို လှမ်းဆုပ်မိမည် ပြုသေး၏။ "သိပ်အရေးမကြီးပါဘူး မောင်ရဲ့။ ဒီလိုပဲ၊ မိုးအေးရင် ဝေခင့် ခြေထောက်က သွေးသိပ်မလျှောက်ဘူး ထင်ပါရဲ့။ ရပ်စ် ဘယ်ရီလေး ဘာလေး သောက်ပေးရတယ်""ဟုတ်လား ဒါဖြင့် သောက်ဖို့ ကောင်းတယ်။ ရှိရဲ့လား ရပ်စ်ဘယ်ရီ။"အသင့် ဆောင်ထားရတယ် မောင်။ မောင်ကော တစ်ခုခု သောက်ပါလားဟင် အချမ်းပြေ၊ စကော့ခ်ျဝီစကီ သောက်မလား၊ ဝေခင် စပ်ပေးမယ်လေ၊ ဘာနဲ့ စပ်ချင်သလဲ"နားလည်လှချည့်ဟု ဝေခင့်ကို တအံ့တသြကြည့်မိသည်။ ဘာကြောင့်များ ဝေခင့်ထံမှာ စကော့ခ်ျဝီစကီတွေ ဘာတွေ အဆင်သင့် ရှိနေတာပါလဲ။"မောင့်မှာ အစာအိမ် ရောဂါရှိတယ်လေ၊ ဝေခင် မေ့သွားပြီလား၊ အရက်နဲ့ တည့်ဘူးလေကွယ်"သို့ဖြင့် ဝေခင် တစ်ယောက်တည်း ရပ်စ်ဘယ်ရီ သောက်ဖြစ်လေသည်။ ခြေထောက်ကို အကြောင်းပြခဲ့သော်လည်း ဝေခင်သည် ခြေထောက် သွေးလျှောက် စေရုံသာမက နှလုံးသွေးများ ပွက်ပွက်ဆူလာအောင် အထိ သောက်လေ၏။ဝိုင်ပျော့ပျော့ကို တစိမ့်စိမ့် သောက်ရင်း ဝေခင်က စကားတွေ တတွတ်တွတ် ပိုပြောလာသည်။ ခြေတစ်ဖက် မသန်သော အားနည်းချက်ကို ထပ်ခါ ထပ်ခါ ထုတ်ဖော်ရင်း ငိုမလို၊ ရယ်မလိုဖြစ်သည်။ မူးယစ်ထွေပြားနေသော အားငယ်ရှာသူ ကလေးသည် ငိုရင်းပြောရင်းနှင့် ချစ်ကောင်း ရင်ခွင်ထဲသို့ ပြိုဆင်းစပြုလေ၏။ချစ်ကောင်းသည် ရေစီးသန်သော သဲချောင်းထဲတွင် လမ်းလျှောက် ရသလို ခံစားနေရသည်။ ခြေကုပ်မမြဲချင်။ရင်ခွင်ထဲက ချစ်သူ မျက်နှာကို ငုံ့မိုးကြည့်ရင်း အနီးကပ် မြင်ကွင်းသည်ေ၀၀ါးလာ၏။ ဝေခင့် မျက်နှာ နေရာမှာ နှမ၀မ်းကွဲ ခင်သီ မျက်နှာကို ရေးရေးမြင်ရသည်။အိမ်ထောင်မကျမီ စည်းကျော်ခဲ့သဖြင့် တစ်ဆွေလုံး တစ်မျိုးလုံး မျက်နှာငယ်ခဲ့ရဖူးသော ခင်သီဘ၀အကြောင်းတွေ။ခင်သီ့ချစ်သူ ပိုးထိ ကွယ်လွန်ချိန်၌ ခင်သီ့ ၀မ်းကြာတိုက်မှ သန္ဓေသားသည် သုံးလ မပြည့်တစ်ပြည့်။ချစ်ကောင်းသည် ရေနစ်အံ့ဆဲဆဲမှ ဘွားခနဲပေါ်လာသူလို အသက်ပြင်းစွာ ရှူနေမိသည်။လူ့ကုသိုလ်ကံ ဆိုသည်မှာ မရေရာ။နှမငယ် ခင်သီ၏ အဖြစ်ဆိုးမျိုး ချစ်သော ဝေခင် မကြုံတွေ့ စေချင်။၃။ဝေခင့်ထက် ရွာကို ပိုပြီး သံယောဇဉ် ကြီးနေတာကို၊ သွားပါဟု ဝေခင်က စိတ်ကောက်လေသည်။ဆယ်ပြည်ထောင်ချော့တောင် မပြုံးလေသည့် ချစ်သူထံပါးမှာ အပြေအလည် ဆွေးနွေးချိန် မရခဲ့။ခုတော့ ဒေါက်တာ ချစ်ကောင်းသည် ဇာတိကျေးရွာ သမ၀ါယမ ဆေးခန်းတွင် နှစ်တစ်ပတ်လည် ခဲ့ပေပြီ။ စိတ်ကောက် တတ်သော ချစ်သူထံမှ စာမလာ၊ သတင်းမကြားရသော်လည်း ချစ်ကောင်း မကြောင့်ကြမိ။ စိတ်ကူးယဉ် အငွေ့အသက် ကင်းစင်ပြီဖြစ်သော အရွယ်ပိုင်းတွေ ရောက်ကြပြီပဲဟု ချစ်ကောင်း ယူဆသည်။ လောက ၀န်းကျင်မှာ ချစ်ခြင်း၊ မုန်းခြင်း အလျှော့အတင်း ကိစ္စများသာမက အခြားအခြားသော အရေးတကြီး ကိစ္စများစွာ ရှိသေးသည်ကို မိမိတွေ့ကြုံနားလည် မိပြီ။ မိမိနည်းတူပင် ဝေခင်လည်း လောက အတွေ့အကြုံတွေ ဖြင့် ထုံမွှမ်းကာ ရင့်ကျက်လိမ္မာရှိရှာရော့မည်။ ရွာကိုရောက်မှ ပထမဆုံးအကြိမ် ရန်ကုန်တက်ဖို့ အခွင့် ကြုံသောနေ့တွင် ချစ်ကောင်းရင်မှာ မျှော်လင့်ချက်တွေ ပြည့်သိပ်လျက်ရှိသည်။ ဝေခင်နှင့် တွေ့ရမည်။ ဝေခင့်ကို ချော့ရမည်။ ပြီးတော့ ဝေခင့်ကို စည်းရုံးရမည်။ချစ်ကောင်းတို့ရွာမှာ မြို့နှင့် ၁၀ မိုင်ကျော်ကွာသော ရိုးမ တောင်ခြေတွင်ရှိကာ အစစအရာရာ လူနေမှုအဆင့် နိမ့်ပါး လှသည်။ တွဲဖက် အထကမှာလည်း ဆရာ မလုံလောက်၍ အခက်အခဲ ကြုံနေရသည်မှာ ကြာပြီ။ သည့်အတွက် ဝေခင့်ကို အားထားသည်။ ဝေခင်နှင့် လက်ထပ်ပြီး ဇနီးမောင်နှံ စိတ်တူ၊ ကိုယ်တူ ဇာတိမြေအကျိုး သယ်ပိုးကြမည်။ ချစ်ကောင်း၏ စိတ်ကူးထဲမှာ ကျက်သရေ ရှိလှသောအနာဂတ်ကို လင်းလင်း ပြက်ပြက်မြင်ရလေ၏။ ဖြစ်နိုင်လျှင်တော့ ရန်ကုန်ကို ခြေချမိသည်နှင့် ဝေခင့် မျက်နှာကို အရင်ဆုံး မြင်ရချင်သည်။ ရွှေဘုံသာလမ်းရှိ ဖောက်သည် ဆေးဆိုင်တွင် ကျေးရွာ ဆေးအတွက် လိုအပ်သော ဆေးဝါးများ ၀ယ်နေဆဲမှာပင် စိတ်က ဝေခင့်ဆီ ရောက်နှင့်သည်။ တာဝန်ဖိစီးခြင်းဖြင့် မွန်းကျပ်နေသော ချစ်ကောင်းအဖို့ ဆေးဆိုင်မှ အထွက်တွင် ဒီတစ်ခါလောက် စိတ်လက် ကြည်လင် ပေါ့ပါးစွာ ခံစားရတာမျိုး မရှိခဲ့ဖူးဘူး ထင်ရလေသည်။ ဝေခင်နှင့်တွေ့ရတော့မည်။ ညောင်မုတ်ဆိတ်ပင်ရိပ်မှာ ရပ်ရင်း တက္ကစီစောင့်ရသော ကာလများ ရှည်လျားလှချည့်ဟု စက္ကန့်နှင့် အမျှ ခံစားနေရသည်။ ယာဉ်ကြောအတိုင်း စီးမျောလာသော ဒတ်ဆန်း အနီတစ်စီးကိုမြင်သော် အဝေးကပင် လက်ပြတားမိသည်။ နီးလာ၍ အသေအချာကြည့်မှ ယာယီ နံပါတ်ပြားတပ် အမိုးပင် မတင်ရ သေးပါကလား။ ချစ်ကောင်း ရင်ထဲမှာ တစ်ဝက်ကျော်မျှ အားလျော့သွားလေသည်။ "ဟေ့ကောင်ကြီး ချစ်ကောင်း ဘယ်တုန်းက ရန်ကုန် ရောက်နေလဲ၊ ဘယ်လဲ ခု""အာ... ကြည့်စမ်း ခွေးကောင် အောင်ပြည့်စုံ"နှုတ်ခမ်းမွေး ရှိန်းရှိန်း၊ ပါးမြိုင်းမွေး စိမ်းစိမ်းနှင့် အသွင် အပြင်၊ အဆင်အယင်တွေ ထူးခြား ပြောင်းလဲနေသော အောင်ပြည့်စုံ၏ ငယ်ရုပ်ကို မနည်း ဖမ်းယူရသည်။ "လာ... တက်လေကွာ။ အတော်ပဲ မင်းနဲ့တွေ့တာ၊ ငါ့ ၀က်ဒင်ရီဆက်ပ်ရှင် သန်ဘက်ခါ ရှိတယ်၊ ကရ၀ိက်မှာ၊ မင်း လာရမယ်။ ငါ့ကွာ မင်း နယ်ရောက်နေတယ်လို့ ဝေခင်က ပြောလို့ ဖိတ်စာတောင် မပို့ဖြစ်ဘူး"တံခါး အသင့် ဖွင့်ပေးထားသော ကားတွင်းသို့ ရုတ်ခြည်း မ၀င်ဖြစ်။ အရာရာကို ချိန်ဆပြီးမှ လုပ်ချင်သော ချစ်ကောင်း၏ ၀သီအတိုင်း အခုလည်း ဝေခင့်အတွက် ငဲ့ကွက် စဉ်းစားနေမိသည်။ သည်ကောင် ဝေခင်နဲ့တော့ တွေ့တတ်သားပဲ။ ခု ဝေခင့်ဆီ သွားမယ် ဆိုတာ သည်ကောင့်ကို အသိပေးလို့ သင့်လျော်ပါ့မလားဟု ဝေခွဲမရ။ မိမိနှင့် ဝေခင်တို့ ဆက်ဆံရေးကို လက်မထပ်မီ ဘယ်သူ့မှ အသိမပေးလိုတာတော့ အမှန်ပင်။ ကံကြမ္မာ ဆိုသည်မှာ တွက်ဆ၍ရနိုင်ကောင်းသည်မဟုတ်။ မတွေးကောင်း၊ တွေးကောင်း နှမငယ် ခင်သီလိုအဖြစ်ဆိုးမျိုး ကြုံရမည်ဆိုလျင် မိမိအတွက် ချစ်သူ မနစ်နာစေချင်။ သို့သော် တစ်ဖက်က တွေးပြန်တော့ ကားကြုံဆိုသည်မှာ ရခဲပါဘိခြင်း။ ခဲခဲယဉ်းယဉ်း တစ်စီး တစ်လေကို စိတ်ရှည် လက်ရှည်စောင့်ဦးတော့ ကြာမည်။ ချစ်သူကို မြင်လို၊ ကြားလိုလှပြီဖြစ်သော ချစ်ကောင်းအဖို့ အချိန်တိုင်းသည် စက္ကန့်နှင့် အမျှ အဖိုးတန်လျက်ရှိ၏။ ရှဥ့်လည်းလျှောက်သာ ပျားလည်း စွဲသာသော နည်းဗျူဟာကို တတ်သလောက် မှတ်သလောက် သုံးစွဲမည်ပြင်သည်။ "မင်း ဝေခင်နဲ့တွေ့သေးတာကိုး။ အေးကွာ၊ ရောက်တုန်း ရောက်ခိုက် ဝေခင့်ဆီ ၀င်ဦးမှပဲ၊ အားတော့ နာတယ် သူငယ်ချင်းရာ သတို့သားလောင်းကြီး ကိစ္စ၀ိစ္စတွေ ရှုပ်နေတုန်းကို လမ်းကြုံရင် ကျောက်ကုန်းဘက် လှည့်ပို့ခဲ့စမ်းပါဦး"ပခုံးတစ်ဖက်တွန့်ကာ ရွှီခနဲ လေချွန်ရင်း ပြုံးဖြီးဖြီး လုပ်ပြနေသော အောင်ပြည့်စုံကိုကြည့်ပြီး ချစ်ကောင်း စိတ်မလုံ။ သည်ကောင် ရိပ်မိနေပြီလား။ "ကဲ... တက်ပါ ချစ်ကောင်းရာ၊ လမ်းကြုံသမှ သိပ်ကြုံပေါ့။ အခု ငါလည်း ဝေခင့်ဆီ သွားမှာ၊ ဟောဒါ သွားပို့ဖို့"ဘာလဲဟင်ဟု သိချင်ဇောဖြင့် အောင်ပြည့်စုံ နံဘေးက ကူရှင်ပေါ်တွင် ချထားသော စက္ကူဘူးကို လှမ်းကြည့်မိသည်။ အောင်ပြည့်စုံက စက္ကူဘူးကို ဖွင့်လေသည်။ "ဖိနပ်ကွာ၊ ဟောဒီ ခဲပွင့် အနီပေါ် ထိုးထားတဲ့ ရွှေကြည်မျှင်လေးတွေ တွေ့လား။ အဲဒါလေးတွေ ပြုတ်ထွက်ကုန်လို့ ဒီမှာ အသစ်ပြန်လာထိုးတာ၊ မနီလာချုပ် အင်မတန် ခိုင်တဲ့ ဖိနပ်ကွာ၊ ငါယူလာတုန်းက အကောင်း၊ ဝေခင့် လက်ထဲ ရောက်မှ ရက်ပိုင်းအတွင်း ဘယ်လိုက ဘယ်လို ထိမိခိုက်မိတယ် မဆိုနိုင်ဘူး"သြော်... ဝေခင့်နှယ် ရှာရှာဖွေဖွေ ယောက်ျားလေး သူငယ်ချင်းကိုမှ ဖိနပ် ပြင်ခိုင်းရက်ပလေဟု ကိုယ့် ရွှေမင်းသမီးကို ကိုယ်အောချ ချင်သည်။ ဝေခင့် ဖိနပ်ဆို၍ စိတ်ဝင် တစား ကောက်ကိုင်ကြည့်မိသည်။ "ဟ... ခုံက တစ်ဖက် နိမ့်မြင့်ပါလား၊ ဒါ... အရန်လိုက် ဟုတ်ရဲ့လား""ဟုတ်တယ်လေကွာ၊ မင်းကလည်း ဝေခင့် အတွက်ပါဆို မှ၊ ဒါ စပါယ်ရှယ် အော်ဒါမိတ်ဒ် မောင်"သြော်...သြော် ဟု ရုတ်ခြည်း နားလည်လိုက်ကာ အနီ အဖြူနှင့် ရွှေချည်နွယ်ခက်များ လိမ်ယှက်ဖောင်းကြွနေသော ဖိနပ်သိုင်းကြိုးများကို မထိရက် ထိရက် ကိုင်ကြည့်ရသည်။ "ဒီဖိနပ်နဲ့ဆို ဝေခင် လမ်းလျှောက်လို့ အဆင်ပြေတယ်လေ။ ခြေတစ်ဖက် နိမ့်နင်းနိမ့်နင်း မဖြစ်တော့ဘူး၊ တို့အချင်းချင်း အတွက်က အကြောင်း မဟုတ်ပေမယ့် ခြေတစ်ဖက် ဆာနေတဲ့ အဖြစ်က မင်္ဂလာပွဲ ထွက်မယ့် သတို့သမီး အနေနဲ့တော့ အောက်တာပေါ့ကွာ၊ ဒါကြောင့်..."သြော် ဟူသော အသံတိမ်တိမ်ကို ခွန်အားမဲ့စွာ အာမေဍိတ် ပြုမိလေ၏။ အရှိန်အဟုန်ပြင်းစွာ ထိခိုက် လွင့်စင်သွားသော စိတ်ဝိညာဉ်ကို တစ်စစီ ကောက်ယူ စုစည်းမိဖို့ တစ်မုဟုတ်ချင်း ကြိုးစားရ၏။ အောင်ပြည့်စုံရှေ့မှာ ဣနြေ္ဒမပျက်ချင်။ "ကဲ... ဒါဆို မင်းသွားတော့ သူငယ်ချင်း၊ မင်းကိစ္စက လမ်းမှာ ကြန့်ကြာလို့ မဖြစ်ဘူး၊ အစကတော့ ဝေခင့် အိမ်သွားရင်း လမ်းမှာ ၀င်စရာ တစ်နေရာ၊ နှစ်နေရာကို မင့်ပါ ချောဆွဲသွားမလို့၊ အဲဒီ ၀င်စရာ ကလေးတွေနဲ့ ငါက ကြာဦးမှာ"တုန်ချင်သော အသံကို အနိုင်နိုင်ထိန်း၍ ပြောရသည်။ ကိုယ်တစ်ပိုင်း ငုံ့ထားသည်ကို ပြန်မတ်လိုက်ပြီး တံခါးကို ခပ်သာသာ ပြန်ပိတ်ပေးလိုက်သည်။ မင့် ရီဆက်ပ်ရှင်ကို လာခဲ့ပါ့မယ်ကွာဟု အမှတ်မထင် ကတိပေးမိပြီးမှ ကတိတော့ ပျက်မှာပဲဟု နောင်တရပြန်လေသည်။ အမှားများသော ပုထုဇဉ်ပီပီ နောင်တ၀န်ကို တနင့် တပိုး ထမ်းပိုးရတော့မည်ထင်၏။ "၈ နာရီက ၁၁ နာရီအတွင်းနော် ဟေ့ကောင်၊ ရွှေဝါခန်းမမှာ၊ မင်း လာဖြစ်အောင် လာပါကွာ"အောင်ပွဲခံသူ၏ ကြွေးကြော်သံများသည် ဒတ်ဆန်းကား ပေါ်မှ လွင့်ကျကျန်ရစ်လေ၏။ အရေးနိမ့်သူ၏ အပါးမှာ အမင်္ဂလာ အတိတ်တို့ နိမိတ်ပြတတ်လေသလား။ ညောင်မုတ်ဆိတ်ပင် အောက်မှာ ထီးတည်း ရပ်နေခိုက် ခေါင်းပေါ်မှာ ကျီးတစ်အုပ် ပြိုဆင်းလေသည်။ ချောက်ချားစွာ မော့ကြည့်မိတော့ ဘယ်ကဘယ်လို ရောက်လာသည် မသိသော ဇီးကွက်ငယ်ကလေး တစ်ကောင်ကို ကျီးတို့ ၀ိုင်းဝန်း ထိုးဆိတ် ရန်မူနေကြခြင်းပါကလား။ ချစ်ကောင်းက ညောင်မုတ်ဆိတ်ပင် အောက်မှ ရှောင်ထွက် လိုက်ရင်း ကိုယ့်အဖြစ်ကလည်း သင်းကွဲဇီးကွက်ငယ် ကလေးလိုပါပဲဟု အားလျော့ အားငယ် တွေးမိသည်။ ကျီးတို့ အလယ်မှာ မျက်စိသူငယ် လမ်းမှား ရောက်ခဲ့မိပြီပင်။သို့သော် လောကမှာ ကျီးတို့ချည်း လွှမ်းမိုးသည်မဟုတ် ဟု အားတင်းဆဲ။ ချစ်ကောင်း၏ ဦးခေါင်း အမော့တွင် မြင်ကွင်းသည် ဆူညံ မာန်ထနေသော ကျီးမည်းတို့ အရိပ်ဖြင့် ပိန်းပိတ်လျက်ရှိလေ၏။

Links to this post
0

မွေးနေ့နဲ့ အတွေ့အကြုံ

Posted by ဖြိုးဇာနည် on Monday, December 22, 2008 in
"ဒေါက်တာ"ကျွန်တော်တို့ ငယ်ငယ်က အထင်တကြီး လေးစားခဲ့ရသော လူတန်းစားတစ်မျိုး။ သို့သော် ယခုအခါတွင်တော့ "ဒေါက်တာ"ပေါင်း မြောက်မြားစွာ ပေါ်ထွန်းလာပါသည်။ ဆေးလောကမှ "ဒေါက်တာ"လား၊ အခြားလောကမှ "ဒေါက် တာ"လားဟူ၍ပင် မခွဲခြားနိုင်တော့ပေ။ ဟိုလူ့ နာမည်ရှေ့လည်း "ဒေါက်တာ"၊ ဒီလူ့နာမည် ရှေ့လည်း "ဒေါက်တာ"၊ နို့နံ့ပင် မစင်သေးသော ငယ်ရွယ်သူတို့ရှေ့တွင်လည်း "ဒေါက်တာ"။ ယခု ကဲ့သို့ ပေါများလှသော "ဒေါက်တာ"ခေတ်တွင် ကျွန်တော်သည်လည်း "ဒေါက်တာ" တစ်ယောက် ဖြစ်လာခဲ့ပါသည်။ငယ်စဉ်က ကြိုးစား ခဲ့ရသလောက် ယခုတော့လည်း ဘာမှ မဟုတ်သလိုပါပဲလား။ လူ့ သဘာဝအရ ရှားပါးသော အရာများကို အမြတ်တနိုး တန်ဖိုးထား တတ်သော်လည်း ပေါများလှသည့်အရာတို့ကိုကား တန်ဖိုးမထားတတ်ကြ ပေ။ အလွယ်တကူ ရနိုင်၍ တန်ဖိုးမထားကြခြင်းမှာ အဆန်းတော့ မဟုတ်ပေ။ ထို့ကြောင့် ကျွန်တော် လည်း "ဒေါက်တာ"ဖြစ်လာသောအခါ စိတ်ဓာတ် အနည်းငယ်ကျစ ပြုလာပါသည်။ အခြား အခြားသော "ဒေါက်တာ"များ၏ ကောင်းသတင်းထက် မကောင်းသတင်းများက လူ့ပတ်ဝန်းကျင် အသိုက်အ၀န်းတွင် ပျံ့နှံ့လို့နေပါသည်။ "ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့ပဲ လိုပါသည်"ဟု မေမေက အားပေးပါသည်။ တက္ကသိုလ်ဝင်တန်း အောင်တော့ အမှတ် ကောင်း၍ ဆေးတက္ကသိုလ် တက်ရပါပြီ။ ယခင်နှစ်များက ဗိုလ်တထောင် ၅ သည် ရန်ကုန်မြို့ တွင်း ၆ မြို့နယ်တွင်ပါ၍ ဆေးတက္ကသိုလ် ၁ တွင် တက်ခွင့်ရပါသည်။ ကျွန်တော်တို့ ၂၀၀၀ ခုနှစ် ဆယ်တန်းအောင်သည့်အခါတွင်မတော့ ဗိုလ်တထောင်မြို့နယ်သည် အရှေ့ပိုင်းခရိုင်တွင်ပါ သည်ဟုဆိုကာ ဆေးတက္ကသိုလ် ၂ တွင်သာ တက်ရပါသည်။ အမေက ဘယ်ကျောင်းတက် တက် အတူတူပါပဲဆိုပြီး အားပေးပါသည်။ ဆေးကျောင်းတက်ခဲ့စဉ် သက်တမ်းတစ် လျှောက် အမေ မကြာခဏ ပြောဖူးသော စကား တစ်ခွန်းမှာ ရေများတဲ့နေရာမှာ ရွာတဲ့မိုးက အလကားပဲ ဟူ၍ ဖြစ်ပါသည်။ ရန်ကုန်ကဲ့သို့သော မြို့ကြီးများတွင် ဆရာဝန်များ ပေါများ လှသော်လည်း တောရွာများတွင်ကား ရှားပါး လှပေသည်။ ကျွန်တော်အသက် ၂၁ ပြည့်မွေးနေ့ အထိမ်း အမှတ်ကို ကျွန်တော်ကဲ့သို့ ကျင်းပဖူးသူ တစ် ယောက်မှမရှိသေးဟု ရဲရဲဝံ့ဝံ့ ပြောရဲပါသည်။ ဤကဲ့သို့ ကျင်းပဖြစ်ခဲ့ရသည်မှာလည်း စိတ်ကူး ကောင်းသော မေမေ့အစီအစဉ်ပင် ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ် သင်္ကြန်ကာလတွင် ဒေးစွန်ပါ တောင်ခြေရှိ တစ်ခုတည်းသော တောရကျောင်း လေး၌ ဇီဝိတဒါန ဆေးအလှူ ဒါနပြုရခြင်းပင်။ သူမတူ ထူးခြားလှသော မွေးနေ့အထိမ်းအမှတ် လေးပင်။ ဥပုသ်စောင့်ရင်း လူနာများကို နေ့စဉ် ကုသပေးပါသည်။ ညနေပိုင်းတွင်လည်း တရား စခန်းဖွင့်ထားသောကျောင်း၌ နာမကျန်းသည့် ရဟန်းတော်များကို ဆေးကုသပေးပါသည်။ဤနေရာတွင် ယခုကဲ့သို့ ဇီဝိတဒါန ဆေးပေးခန်း အသေးစားလေး ဖွင့်ပေးနိုင်သည်မှာ အလုပ်သင်ဆရာဝန်အပြီး Posting မကျခင် ကြားကာလတွင် ဇီဝိတဒါနသံဃာ့ဆေးရုံနှင့် မွတ်စလင်ကုသိုလ်ဆေးရုံတို့တွင် လုပ်အားပေး ဆရာဝန်အဖြစ် ၀င်ရောက်လုပ်ကိုင်ပေးသည့် အကျိုးကျေးဇူးများပင်။ သို့ရာတွင် မေမေ့ အားပေးမှုများကလည်း ပါဝင်နေသည်ပဲလေ။"ဆရာလေး မနေ့က ဘာဆေးထိုးပေး လိုက်တာလဲ"ဟု အမေကြီးတစ်ယောက်က မေးလာသည်။"ဘာဖြစ်လို့လဲ အမေ""သြော်... ခါးနာနေတာကို ဆေးထိုးပေး လိုက်တာ ဇက်ကြောတက်တာပါ ပျောက်သွားလို့လေ" တော်သေးတာပေါ့။ ဘာများပါလိမ့်လို့ စိတ်ပူလိုက်ရတာ။..............
အသည်းကြွပ်ရောဂါ (Cirrhosis of Liver) တဲ့။ ဆရာဝန်များက လက်လျှော့ခိုင်းလိုက်သော လူနာတစ်ဦး။ ကုလို့လည်း မထူးတော့ပါဘူး၊ တစ်သက်လုံး သောက်လာတဲ့ အရက်ကလည်း ဖြတ်ထားတာ ၁၇ ရက်ပဲ ရှိသေးတယ်၊ သေမယ့်သေ ခြံထဲမှာပဲ သေချင်တယ်ဆိုပြီး ဒေးစွန်ပါ တောင်ခြေမှာ လာနေသောလူနာ။ ယခု ကျွန်တော် ရောက်သွားတော့ ဆေးခန်းလာပြသည်။ ခက်ပြီ။ ကျွန်တော့်မှာ အသည်းရောဂါအတွက် ဆေးအပြည့် အစုံ မပါပါ။ General ကုဖို့ လောက်ပဲ ပါပါသည်။ Symptomatic Treatment ပဲ ပေးရတော့မှာပါ။ သို့သော် ကျွန်တော့်မှာ ကုမ္ပဏီက Sample ရထားသည့် အားဆေး အကောင်းစား ကဒ်လေး တွေတော့ ပါပါသည်။ အားဆေး ၂ တောင့် အပါအ၀င် ဆေး ၂ ရက်စာပဲ ပေးရသေးသည်။ ဒုတိယအကြိမ် ပြန်လာပြတော့ သင်္ကြန်တွင်း ဥပုသ်ပါစောင့်မည်ဟု လူနာက ဆိုသည်။ လွန်ခဲ့ သည့် ၂ ရက်က လူနာ မဟုတ်တော့သလိုပါပဲလား။ ဆရာလေးရဲ့ ဆေးက ကောင်းလိုက်တာတဲ့။ လူတွဲပြီးလာရသည့် လူနာက ဥပုသ်တောင် စောင့်နိုင်ပြီဆိုတော့ လူတွေ စိတ်ဝင်စားသွားကြသည်။ သမားဆို အိုမှဆိုပြီး လက်ခံထားကြသည့် ......လူတွေအတွက်အပြောင်းအလဲလေးတစ်ခုရသွားပြီဆိုတော့ကျွန်တော်ကျေနပ်ရပါသည်။အမှန်တကယ်တော့ ကျွန်တော်ကိုယ်တိုင်လည်း အံ့သြနေခဲ့သည်။ ဆေးမထိုးရဘဲ သောက်ဆေးလေး ပေးလိုက်ရုံနှင့် သည်လောက်ထိ ထူထူထောင်ထောင် ဖြစ်သွားတာ၊ ဘုရားတန်ခိုးပဲ ဖြစ်ရမည်ဟု ကျွန်တော် ထင်သည်။ ဒေးစွန်ပါမှာနေပြီး ဆေးကုရသည့်ရက်တွေမှာ ကျွန်တော်က မနက်စောစော ၄း၃၀ နာရီလောက် ဘုရားပေါ်တက်သည်။ ပြန်ဆင်းလာတော့ သီလယူပြီး ဥပုသ်စောင့်သည်။ သက်သတ်လွတ်စားသည်။ ညဘက် တရားနာသည်။ ထို့ကြောင့် ဆေးချင်းတူသော်လည်း သီလတန်ခိုးကြောင့် ပိုပြီးစွမ်းသည်ဟု ကျွန်တော် အပြည့်အ၀ ယုံကြည်မိသည်။ အရပ်စကားနှင့် ပြောရလျှင် ဆေးလိုက်သည်ပေါ့။ကျွန်တော်ကိုယ် ကျွန်တော်လည်း အရင်ကထက်ပိုပြီး ယုံကြည်မှု ရှိလာသည်။ ကိုယ် ကုလိုက်သည့် လူနာများ၏ တုံ့ပြန်မှုကို ကြည့်ပြီးတော့လည်း ပီတိဖြစ်ရသည်။ မေမေပါ ပီတိဖြစ်ရသည်လေ။ ဒါက ကျွန်တော် ၂၁ နှစ်တာ ဖြတ်သန်းခဲ့ရသည့် ကာလတစ်လျှောက်မှာ ရရှိသော အဖိုးမဖြတ် နိုင်သည့် လက်ဆောင်လေ။ 'Self-confidence' ပေါ့။ မေမေ ပေးချင်သည့် မွေးနေ့ လက်ဆောင်မွန်လေ။ ကျွန်တော်၏ ရှေ့ဆက်ရမည့် ဘ၀လမ်းကြောင်း အတွက်လည်း မရှိမဖြစ် အလိုအပ်ဆုံး အရာတစ်ခုပဲလေ။

Links to this post
0

အချိန်တွေဖြုန်းနေခြင်း

Posted by ဖြိုးဇာနည် on Sunday, December 21, 2008 in
ကျွန်တော်ဒီရက်ပိုင်းစာရေးနဲနဲကျဲသွားတယ်။ကိုယ့်ကိုကိုယ်ညာနေတာပါငါမအားဘူးငါမအားဘူးနဲ့ပေါ့။တကယ်တမ်းရေးမယ်
ဆိုရင်တော့ရေးနိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်ကစာတစ်ပုဒ်ရေးမယ်ဆိုရင်အချိန်နဲနဲ နဲ့မလုံလောက်ဘူးဗျ။Postတွေအတင်များတာ
ထက်စိတ်ဝင်စားစရာမကောင်းရင်တောင်အနည်းဆုံးဖတ်လို့ကောင်းတဲ့Postမျိုးကိုပဲတင်ချင်တာကြောင့်လည်းပါ ပါတယ်။အခုတော့
ကျွန်တော့်ဆီမှစာကြမ်းတွေတော့အများကြီးစုမိထားပါတယ်Postအဖြစ်မပြောင်းရသေးတာတစ်ခုပါပဲ။ကျွန်တော်တကယ်အချိန်ရခဲ့
ရင်တော့တစ်ပြိုင်နက်ထဲအကုန်တင်နိုင်အောင်ကြိုးစားပါ့မယ်။

Links to this post
0

ဧည့်သည်မလာရ

Posted by ဖြိုးဇာနည် on Thursday, December 18, 2008 in
~ဘုရားစူးရပါစေရဲ့
~မင်းကိုတကယ်ချစ်ခဲ့တာပါ
~ဒါပေမဲ့ငါမခေါ်ခဲ့ရပါဘူး
~အလည်လာသူမင်းမှာ
~ပြန်ခွင့်တောင်းစရာမှမလိုပဲလေ.....
~တောင်းဆုပြည့်ရပါစေရဲ့
~ဒီတစ်ခါနောင်ကျဉ်ခဲ့ပါပြီ
~ဒါပေမဲ့ငါမကျေနပ်ခဲ့ပါဘူး
~အဖော်ရှာသူမင်းမှာ
~ငါမပါနိုင်တော့ဘူးလေ........
~ဘုရားစူးရပါစေရဲ့
~ကျွန်တော်တကယ်ချစ်တတ်ပါတယ်
~ဒါပေမဲ့ပြောလိုက်ပါရစေ
~ကျွန်တော်ဒီကောင်ရင်ခွင်ထဲကို
~သတိ..ဧည့်သည်မလာရ.......

Links to this post
0

ကြေးမုံထဲမှ မိုးရေစက်များ

Posted by ဖြိုးဇာနည် on Tuesday, December 16, 2008 in
ကျွန်တော့် အသားအရေက နောက်ဆုံးပေါ် အိုးမည်းရောင်။ တရုတ်သိုင်းသမား မဟုတ်ပေမယ့် မျက်နှာမှာ အနာရွတ်ကြီးနဲ့။ ယာဉ်တိုက်မှုတစ်ခုကြောင့် ရခဲ့တဲ့ ဒဏ်ရာကြီးပေါ့။ အဲဒီယာဉ်တိုက်မှုကြောင့်ပဲ အဖေဆုံးသွားတယ်။ ကျွန်တော့် ညာမျက်လုံးတစ်ဖက်က သာမန်ထက် ပိုကျဉ်းနေတယ်။ နှာခေါင်းပေါက်တစ်ဖက်ကတော့ ကျယ်နေတယ်။ ဒီလောက်ဆို ကျွန်တော့်ကို ရုပ်ဆိုးတယ်လို့ ပြောကြတာ မလွန်ပါဘူးလေ။ကမ္ဘာကြီးနဲ့ နှိုင်းယှဉ် တွက်ချက်ရင်တော့ ကျွန်တော့်ထက် ရုပ်ဆိုးတဲ့သူတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ရပ်ကွက်ထဲမှာ၊ ကျောင်းထဲမှာ၊ အတန်းထဲမှာတော့ ကျွန်တော့်ထက် ရုပ်ဆိုးတဲ့သူ ဘယ်လိုမှရှာမရနိုင်ပါ။ အဲဒီအချက်ကို သိခဲ့တာ အဲဒီနေ့မှာပေါ့။ အဲဒီနေ့ဟာ ကျောင်းတော်ရဲ့အလှဆုံးတစ်နေ့ ဖြစ်တယ်။ ကျောင်းကထိန်နေ့ပါ။ ကျောင်းဝင်းထဲမှာ အလှူပဒေသာပင်တွေနဲ့ ထည်ဝါစည်ကားနေပါတယ်။ အတန်းတိုင်း၊ အတန်းတိုင်းမှာလည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်မုန့်တွေလုပ်စား၊ ကစားနည်းတွေ ကစားကြပါတယ်။ ကျွန်တော်တို့ အတန်းမှာလည်း အုန်းနို့ခေါက်ဆွဲ လုပ်စားကြပါ တယ်။ အဲဒီတုန်းက ကျွန်တော်က ခြောက်တန်းပေါ့။ အခန်း မျက်နှာကြက်မှာလည်း ရောင်စုံဖဲကြိုး ပူစီ ဖောင်းကလေးတွေနဲ့ ကဗျာဆန်ဆန် လှပနေတယ်။ကျွန်တော်ကတော့ ထုံးစံအတိုင်း လူတောတိုးဖို့ ရှက်နေပြီး အခန်းရဲ့ နောက်ဆုံးထောင့်က ခုံကလေးမှာ တစ်ယောက်တည်း ထိုင်နေမိတယ်။ အဲလိုနဲ့ မုန့်တွေ ဘာတွေ စားပြီးတော့ ဆရာမနဲ့ ကျောင်းသားတွေနဲ့ ပါဆယ်ဂိမ်းကစား ဖို့ တိုင်ပင်ကြပါတယ်။ ပါဆယ်ဂိမ်းဆိုတာ မဲလိပ်နှိုက်တဲ့ ကစားနည်းပါ။ နောက်ပြီး မဲလိပ်ထဲမှာ ပါတဲ့စာအတိုင်း လုပ်ပြရတာပေါ့။ ဥပမာ- မျောက်လို ကပြပါဆို ကပြရတယ်။ပျော်စရာကောင်းတဲ့ ကစားနည်းပါ။ တချို့ဆို မျက်ရည်ထွက်၊ အူတက်အောင် ရယ်ရတဲ့ သရုပ်ဆောင်မှုတွေ ပါတယ်။ အဲလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် မဲတွေနှိုက် ကစားကြရင်း ကျွန်တော့်မဲ နှိုက်ရမယ့်အလှည့် ရောက် လာခဲ့ပါတော့တယ်။ ကျွန်တော့်အလှည့်။ ကျွန်တော့် အလှည့်ကျမှ ထူးခြားပြီး တစ်ခန်းလုံး ငြိမ် သက်အေးစက်သွားသလို ခံစားလိုက်ရတယ်။ ကျွန်တော် မဲလိပ်ဖွင့်ပြလိုက်တော့..."ဟာ" "ဟာ" "ဟင်"အားလုံးနဲ့ ယှဉ်ပြီး ကျွန်တော်လည်း အံ့သြသွားပါတယ်။ မဲလိပ်ထဲက စာ က..."မေငြိမ်းနဲ့ တွဲပြီး သီချင်းတစ်ပုဒ် ဆိုပြပါ"တဲ့။အားလုံးက သဘော မတူကြတော့ဘူး။ မေငြိမ်းဆိုတာ အတန်းထဲမှာ အလှဆုံး၊ အချမ်းသာဆုံးလို့ နာမည်ကြီး နေတဲ့ ကောင်မလေးပေါ့။ ကျွန်တော် မေငြိမ်းကို တစ်ချက်ကြည့်လိုက်တော့ သူမလည်း အကြီးအကျယ် မျက်နှာပျက်နေတယ်လေ။ ကျွန်တော်နဲ့ တွဲပြီး သီချင်း ဆိုရမှာ သူ မပြောနဲ့၊ ဘယ်သူ မှ လက်ခံမှာ မဟုတ်ပါ။"အဓိပ္ပာယ် မရှိတာကွာ""သူ့ဟာသူ တစ်ယောက်တည်း ဆိုခိုင်းလိုက် ဆရာမ"ဒါ လူအုပ်ထဲက ထွက်လာတဲ့ အယဉ်ကျေးဆုံး အော်သံကလေးတွေပေါ့။ ရပါတယ်၊ ကျွန်တော် ခေါင်းငုံ့ လျက်ပါ။ ကံကြမ္မာက မျက် နှာသာပေးလို့ မဲလိပ်ကလေး က သဘောတူတဲ့ကိစ္စကို "အဓိပ္ပာယ်မရှိတာကွာ" ဆိုတဲ့ အသံက ထက်ပိုင်းကျိုးအောင် ရိုက်ချိုးပစ်လိုက်တယ်။ နောက်ဆုံး ဆရာမ ကပါ ၀င်ဖျောင်းဖျတော့တယ်။ ရပါတယ်။ ကျွန်တော် အားငယ်စိတ်ကို ဟန်ဆောင် အတတ်နိုင်ဆုံး ပြုံးပြီးဆိုနိုင်ခဲ့တယ်။ သီချင်းတော့ မဟုတ်ဘူး။ ကျွန်တော် ဘာသီချင်းမှ ကောင်းကောင်း မရတာနဲ့ ဆရာဇော်ဂျီရဲ့ မထင်မရှား ကဗျာတစ်ပုဒ်ကို ဆိုပြခဲ့ရတော့တယ်။ ကဗျာရဲ့ အမည်က "မျှော်လင့်ချက်" တဲ့။နောက်တစ်လွှားသို့ဝင်သွားလေပြီ၊ နေနီနီအားဇော်ဂျီမျှော်တ၊ ၀မ်းနည်းရလည်းအလှသစ်ဖန်၊ မနက်ဖြန်ဝယ်ရောင်လျှံရွှေခဲ၊ ညီလာပွဲနှင့်သူပဲပေါ်လာဦးမည်တကား။အဲဒီကဗျာကလေးကိုပဲ အခေါက်ခေါက် အကြိမ်ကြိမ် ရွတ်ရင်း စုတ်စုတ်ပြတ်ပြတ် မျှော်လင့်ချက်လေးကို ကိုင်ကာ အိမ်ပြန်ခဲ့ရတယ်။ ကျောင်းတော်ရဲ့ ပွဲတော်က အစောဆုံး ထွက်ခဲ့သူက ကျွန်တော်ဖြစ်မှာ သေချာပါတယ်။ လမ်းမပေါ်မှာ ကျိုးကျနေတဲ့ သစ်ကိုင်းခြောက် ကြီးကို ကျွန်တော် တွေ့လိုက်တယ်။ အဲဒီသစ်ကိုင်းခြောက်ကြီးကို ကောက်ကိုင်ပြီး အိမ်ပေါ်ကို တ၀ုန်းဝုန်း ပြေးတက် သွားခဲ့တယ်။ အခန်းထဲမှာ ချိတ်ထားတဲ့ မှန်ကြီးကို အားရအောင် ကြည့်ပြီး လက်ထဲ က သစ်ကိုင်းခြောက်ကြီးနဲ့ အားကုန် လွှဲရိုက်ပစ်လိုက်တယ်။"ခွမ်း""ခလွမ်း""ဟဲ့ သား"မှန်စတွေ ကြဲဖြာကွဲ ထွက်ကုန်တယ်။ "သားရယ်" လို့ အမေက ကြင်ကြင်နာနာ ခေါ်ပြီး ကျွန်တော့်ကို ထွေးဖက်ထားလိုက်တယ်။ ကျွန်တော်လည်း အမေ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး အားရပါးရ ငိုပစ် လိုက်တယ်။ ကျွန်တော့် အတွက်တော့ မှန်ကြည့်ခြင်းဟာ ကန္တာရထဲမှာ ထိုင်ပြီး မီးတောက်ကို စားနေရသလို ပူပြင်းလောင်မြိုက်တယ်။ အမေက ကျွန်တော့်နဖူးကို နမ်းပြီး တရှိုက်ရှိုက်ငိုတယ်။ ကျွန်တော် ဘာဖြစ်ခဲ့လဲ မသိပေမယ့် အမြဲ ကြိုတင်နား လည်တတ်တဲ့ အမေပေါ့။ အဲဒီနေ့ကို ကျွန်တော့်ရဲ့ ဒိုင် ယာရီစာအုပ် ပထမဆုံး စာမျက်နှာမှာ ခေါင်းစဉ်လှလှလေး တပ်ပြီး ကြေကြေ ကွဲကွဲ ရေးခဲ့တယ်။ အဲဒီ ခေါင်းစဉ်က "ကြေးမုံထဲက ကန္တာရ"တဲ့။ အဲဒီနေ့ကစပြီး ကျွန်တော့်အိမ်မှာ မှန်မထားတော့ဘူးလေ။ မုန်းတီးလွန်း လို့ပါ။အဲဒီအဖြစ်အပျက် နောက်ပိုင်း အတန်းထဲမှာ ကျွန်တော်ဟာ အများသူငါ တို့ရဲ့ လှောင်မောစရာ သတ္တ၀ါတစ်ကောင် ဖြစ်ခဲ့ရတယ်။ ဆရာမဆီ အိမ်စာပြရတဲ့နေ့တွေဆို ကျွန်တော် လူ အားလုံးရှင်းမှ စာသွားပြလေ့ ရှိတယ်။ ဒါတောင် ဆရာမက ကျွန်တော့်ကို ပြောပါသေး တယ်။ "လက်ရေးကျတော့ ဘယ်ဆိုးလို့လဲ"တဲ့။ဆရာမစကားကြောင့် တစ်ခန်းလုံး ကျွန်တော့်ကို ၀ိုင်းဟားပစ်လိုက်ကြတယ်။ ဒါတွေဟာ ကျွန်တော့်ဘ၀ရဲ့ အယဉ်ကျေးဆုံး ဒဏ်ရာလေး တွေပါ။ဒါပေမယ့် ကျွန်တော်ဟာ ဆယ်တန်းလည်း ရှောရှောရှူရှူ အောင်ခဲ့ပါတယ်။ အောင်စာရင်း ထွက်တဲ့နေ့က အကြောင်း ပြောရဦးမယ်။ ကျွန်တော်အောင်တော့ ဘယ်သူမှ မချီးကျူးတဲ့အပြင် "ဒီကောင်လည်း အောင်တာ ပဲလား"တဲ့။ သြော်... ကျွန်တော့်ဘ၀က သူတို့မျက်စိထဲမှာ အမြဲရှုံးနိမ့်နေတဲ့ ကောင်ပါလားလို့ သိခဲ့ရတယ်။ စာမေးပွဲအောင်တာတောင် အိမ်ပြန်လမ်းတွေကတော့ ရိုးရာမပျက် ခေါင်း ငိုက်စိုက်ရင်းနဲ့ပေါ့။ဒီလိုနဲ့ပဲ ကံ့ကော်တွေ အပြိုင်အဆိုင် မင်းမူကြတဲ့ တက္ကသိုလ်မြေကို ကျွန်တော် တစ်ယောက် ရောက်ခဲ့ရပြန်တယ်။ အများစုအတွက်တော့ သိပ်ကို ပျော်စရာကောင်းမယ့် နေ့သစ်တွေပေါ့။ ကျွန်တော့် အတွက်ကတော့ ငယ်ငယ်က ကျောင်းထက် အခုတက္ကသိုလ် ဆိုတဲ့ကျောင်းက ပိုပြီး ကြီးမားလွတ်လပ်တယ် ဆိုတဲ့ အသိတစ်ခုပဲ ရှိတယ်။တက္ကသိုလ်ရဲ့ ပျိုမေတို့က လှကြပါတယ်။ ခရေရိပ် ခုံတန်းလျားမှာ ခေါင်းစဉ်မရှိဘဲ ချစ်ခဲ့ကြတဲ့ သူသူငါငါ စုံတွဲတွေကလည်း တက္ကသိုလ် ဆိုတဲ့ ပန်းချီကားကို ပိုမိုခမ်း နားစေခဲ့တယ်။ အားလုံးလိုလို က ပိုင်ရှင်ရှိပြီးသားတွေပေါ့။ ကျွန်တော်ကတော့ ထုံးစံ အတိုင်း လွယ်အိတ်အထုံး ကလေးနဲ့ အကျည်းတန်စွာ အထီးကျန်ဆဲပေါ့။ အဲလို အတွေးတွေနဲ့ ရပ်နေတုန်း..."ဟာ ဆောရီးဗျာ""တော်စမ်းပါ။ ဇာတ်လမ်းလာမရှာပါနဲ့။ ရုပ်ကို က..."ကောင်မလေးက ကျွန်တော့်ကို အရင်ဝင်တိုက်တာပါ။ ဒါပေမယ့် ကျွန်တော့်ဘက်က အမှားမဖြစ်အောင် အရင်တောင်းပန်ခဲ့ပေမယ့် ရှောင်လွှဲမရတဲ့ မှားယွင်းမှုက အဆိပ်လူးတဲ့ စကားလုံးတွေ အဖြစ် ရင်ဘတ်ကို ထွင်း ဖောက်သွားတယ်။ ကျွန်တော့် ဘ၀ရဲ့ ထုံးစံအတိုင်း အိမ်ပြန် လမ်းတွေဟာ ခေါင်းငိုက်စိုက် ရင်းပေါ့။ အားငယ်ဆွေးမြည့် မှုတွေကို သေတ္တာထဲ ထည့်ပြီး ထမ်းလာသလားလို့တောင် ကောင်းကင်က ကြည့်ပြီး အမြင်မှားရင် မှား လိမ့်ဖွယ်ပေါ့။ပုံပြင်ထဲက နဂါးရိုင်း တစ်ကောင်လို ကံကြမ္မာက ကျွန်တော့်ရဲ့ ပျော်ရွှင်မှုတွေ ကို စားသုံးနေတယ်လို့ ခံစားရတယ်။ ကျွန်တော့်ရဲ့အစောင့် ထိန်းဆုံး စာရိတ္တလေးတောင် ၀ါးမျိုခံရတဲ့ တစ်နေ့ကိုလည်း ဘယ်မမေ့ပါ။ ကျွန်တော် ခြောက်တန်း ကျောင်းသား ဘ၀က အဖြစ်အပျက်ကလေး နဲ့ အလားတူပေါ့။အဲဒီနေ့ကလည်း ခါတိုင်းနေ့တွေလိုပါပဲ။ ကျောင်းဆင်းလို့ ကားဂိတ်ကို သွား၊ ကျောင်းကားစောင့်။ နည်း နည်း လူချောင်တဲ့ကား တက်စီးခဲ့တယ်။ ခရီးတစ် ၀က်လောက်ရောက်မှ..."ခါးပိုက်နှိုက်ရှင့်... ခါးပိုက်နှိုက်"အဲဒီအော်သံကြောင့် ကားထဲက လူတွေလည်း ထိတ်ထိတ်လန့်လန့် ဖြစ်ကုန်တာပေါ့။ ပိုက်ဆံအိတ် ပျောက်တဲ့ကောင်မလေးက ကားစီးလာရင်းနဲ့ ရုတ်တရက် သူ့အိတ်ကို ဆွဲယူသွားတာလို့ ပြောတယ်။ ကားဆရာ၊ စပယ်ယာနဲ့ ကျောင်းသား တချို့ တိုင်ပင်ပြီး ကားပေါ်က လူတွေဆီမှာ စစ်ဆေးပါ တော့တယ်။ တစ်ယောက်ပြီး တစ်ယောက် စစ်ဆေးရင်း ကျွန်တော့်အလှည့် ရောက်လာ ပါရော။ သူတို့ စစ်ဆေးလိုက် တော့ ကျွန်တော့်လွယ်အိတ် ထဲမှာ အံ့သြဖွယ်ရာ ကောင်မလေးရဲ့ ပိုက်ဆံအိတ်ကို ရှာ တွေ့သွားခဲ့တယ်။ ကျွန်တော် ယူတာ မဟုတ်ကြောင်း ရှင်းပြဖို့ ကြိုး စားပေမယ့်..."ခွပ်" "ဖုံး""အား""ချကွာ၊ မညှာနဲ့""...စား၊ ဘယ်တုန်းက လုပ်စားနေလည်း မသိဘူး"မညှာမတာ စကားလုံး တွေအပြင် မဆင်ခြင်တတ်တဲ့ အပြုအမူ၊ ဘယ်အချိန်ကတည်းက လက်ယားနေမှန်း မသိတဲ့ ကြောက်မက်ဖွယ် လူတွေရဲ့ ကန်ကျောက်မှုမှာ ကျွန်တော် မသေရုံတစ်မယ်သာ ရှိတော့တယ်။"ရုပ်နဲ့လည်း လိုက်ပါ ပေတယ် ထွီ" တဲ့။အဲဒီစကားသံနဲ့ တံတွေးစက်ဟာ ကျွန်တော့်အရှိုက်က သွေးထွက်သလို နာခဲ့တယ်။ ပါးပြင်ပေါ် နေခုနစ်စင်းခြံရံ တဲ့ မျက်ရည်ပူတွေ စီးမျော လာခဲ့ပေါ့။အချုပ်ထဲမှာ တစ်ည အိပ်ခဲ့ရတယ်။ နောက်တစ်နေ့ ကျမှ အမေ့ရဲ့ အာမခံနဲ့ ထွက်ခဲ့ရတယ်။ အမေက မျက်ရည်ရောနေတဲ့ အပြုံးနဲ့ ကြိုတယ်။ ဘယ်သူ့ကိုမှ မရှင်းပြရင်နေ၊ အမေ့ကိုတော့ ကျွန်တော် ရိုးသားကြောင်း ရှင်းပြချင်တယ်။"အမေ... သားလေ"အမေက ကျွန်တော့်ကို ရှင်းပြခွင့် မပေးပါ။"သား ဘာမှမပြောပါ နဲ့။ အမေ နားလည်ပါတယ် သားလေးရယ်"စကားဆုံးတော့ အမေ့ ကို ကျွန်တော် ပွေ့ဖက်ထား လိုက်တယ်။ခံနိုင်ရည် ရှိသွားပြီပဲ ဆိုမလား။ နောက်ပိုင်း ဘာပြဿနာဖြစ်ဖြစ် ကျွန်တော် လောကတံတားပေါ်မှာ ကုတ်ခြစ်ရပ်တည်ခဲ့တယ်။ ရတယ်။ အိမ်ပြန်ရင် ဘတ်စ်ကား လုံးဝ မစီးဘူး။ ခြေထောက်ရှိတယ်။ လမ်းလျှောက်မယ်။ ဆုံးဖြတ်ချက်တွေ ခိုင်မာစွာနဲ့ လမ်းကူးမီး ပွိုင့်တစ်ခုကို ကျွန်တော် ရောက်ခဲ့တယ်။ မီးနီနေချိန်မို့ ခဏရပ်ရတယ်။"ဟာ..." "ဟင်""ဟို...ဟို အဘွား ကြီး""ကျွီ... ဒုန်း"အဖြစ်အပျက်က မြန်ဆန်လွန်းတယ်။ လေးလံလွန်းတဲ့ မျက်ခွံကို ဖွင့်ကြည့်လိုက်တော့ ဆေးရုံကြီးတစ်ခုရဲ့ ခုတင်ပေါ်မှာပါလား။ေ၀၀ါး တဲ့ မျက်လုံးကို ပွတ်သပ် ကြည့်လိုက်တော့ ကျွန်တော့် ခုတင်ဘေးမှာ အမေ၊ ပြီး တော့ အဘွားအိုတစ်ယောက်၊ ပြီးတော့ ပိုက်ဆံအိတ်ပျောက်တဲ့ ကောင်မလေး။ ကျွန်တော့်ကို ကန်ကျောက်ခဲ့ဖူးတဲ့ ကားဆရာနဲ့ စပယ်ယာ။ ပြီးတော့ ယာဉ်ထိန်းရဲသားကြီးတချို့။"အစ်ကို့ကို ကျေးဇူး တင်ပါတယ်။ ကျွန်မအဘွား မှာ အစ်ကိုပေးတဲ့ အသက်ပဲ ရှိပါတော့တယ်"ဒါ ပိုက်ဆံအိတ်ပျောက် တဲ့ ကောင်မလေးရဲ့ ကျေးဇူး စကားသံပေါ့။ ဒါဆို ဒီအဘွားအိုက ကောင်မလေးရဲ့အဘွား အိုပေါ့။ အဘွားအိုက ကျွန်တော့်မျက်နှာကို လက်နဲ့ စမ်းရင်း..."အဘွားကတော့ မျက်စိမမြင်ရဘူး လူလေးရဲ့။ ဒါပေမယ့် အဘွားမမြင်ရလည်း သိပါတယ်။ ဒီလို သူများအကျိုးအတွက် ကိုယ် ကျိုးစွန့်တဲ့ လူလေးဟာ လူချောလေးတစ်ယောက်ပဲ ဖြစ် လိမ့်မယ်ကွယ်"အဘွားအိုရဲ့ စကားဆုံးတော့ ကျွန်တော့် မျက်ရည်တွေ ဝေ့၀ဲလာပါတယ်။ အမေက စီးကျလာတော့မယ့် ကျွန်တော့် မျက်ရည်ပူတွေကို လက်ကိုင်ပ၀ါလေးနဲ့ ကြိုတင် သုတ်ပေးရင်း ပြုံးနေတယ် လေ။တစ်ချိန်က မဆင်ခြင်ခဲ့တဲ့ ကားဆရာတွေ၊ စပယ်ယာတွေကလည်း ကျွန်တော့်ကို တရားမစွဲဖို့ တောင်းပန် နေကြတယ်။ သြော်... လူတွေ သူတို့အလှည့်ကို ရောက်လာတဲ့ အိပ်မက်ဆိုး ကိုတော့ မမက်ချင်ကြဘဲ။ ဒါပေမယ့် ဒီနေ့အတွက်တော့ ကျွန်တော် အားလုံးကို ခွင့် လွှတ်ပြီး ပျော်ရွှင်နေမိတယ်။ အဘွားအိုနဲ့ ကောင်မလေးကလည်း ကျေးဇူးစကားတွေ မဆုံးနိုင်အောင် ပြောရင်းပေါ့။ ဆေးရုံးကဆင်း အိမ်ပြန်ခဲ့ တော့..."ဟာ..."ကျွန်တော် အံ့သြသွားတယ်။ နှစ်ပေါင်းများစွာ ကျွန်တော်နဲ့ ဝေးကွာနေတဲ့ မှန်တစ်ချပ်။ နံရံအထက်မှာ ထည်ဝါစွာ တည်ရှိနေတယ်။ ကျွန်တော် မှန်ကို ကြည့်လိုက်တော့ ကျွန်တော့်ရုပ်... ကျွန်တော့်ရုပ် မပြောင်းလဲခဲ့ပါ။ ဒါပေမယ့် ကြည့်ရတာ ပျော်ရွှင်မိတယ်။ အမေ့ကို လှည့်ကြည့်လိုက်တော့ အမေ က မျက်ရည်ဝဲကာ ပြုံးရင်း ခေါင်းညိတ်ပြတယ်။ ကျွန်တော် ပြုံးလိုက်မိတယ်။ ဘယ်အချိန်ကြည့်ကြည့် ကန္တာရဆန်စွာ ပူလောင်နေတဲ့ ကြေးမုံ၊ ဒီနေ့ သာယာအေး မြနေသလိုပဲ။ ကြည့်ရင်း ကြည့်ရင်းနဲ့ ကြေးမုံထဲမှာ မိုးစက်တွေ သွန်းဖြိုးနေသလို မြင်မိတယ်။ ဒါပေမယ့် အပြင် လောကမှာ အဘယ်မိုးစက် တွေမှ မကျခဲ့ပါ။

Links to this post
0

အမေအိုများအတွက်

Posted by ဖြိုးဇာနည် on Wednesday, December 10, 2008 in
“ငါအိုသွားတဲ့အခါ”
ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။

မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်”ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊ လမ်းလျောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျောက်ကျင့်ပေးခဲ့ ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။

အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။

တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
မနိုင်းနိုင်းဘာသာပြန်သည်
လေးစားစွာဖြင့်.....ဖြိုးဇာနည်...ည...၅း၄၅တိတိ

Links to this post
0

ရုပ်လုံးကြွပါကေးများ

Posted by ဖြိုးဇာနည် on Tuesday, December 09, 2008 in
ဒီနေ့ပျင်းပျင်းရှိတာနဲ့ဘာလုပ်ရရင်ကောင်းမလဲပဲထိုင်တွေးနေရင်းနေ့လည်ရောက်သွားတယ်။နောနော်ရဲ့အကန့်
အသတ်မရှိ
ခွေကို ၅ ခါမြောက်နားထောင်ပြီးတဲ့ချိန်မှာတော့ဘာလုပ်ရမလဲဆိုတာကိုအတည်ပြုလို့ရသွားတယ်။
"ဟုတ်တယ်"ကျွန်တော့်ရဲ့ Memory Stickထဲမှာသိမ်းထားတဲ့အသက်ဝင်နေသလားလို့တောင်ထင်ရတဲ့ထူးဆန်းတဲ့
ပုံလေးတွေကိုBlogပေါ်မှာချပြလိုက်မယ်လေ။






warringwarringwarringwarringwarringwarringwarringwarringwarringwarring


လျှော့သောက်ပါလို့အတန်တန်တားရက်နဲ့သူငယ်ချင်းရယ်...အခုတော့ကဲ....လည်ထွက်နေပြီမဟုတ်လား?
နင်ငါ့ကိုတော့မှတ်မိပါသေးတယ်နော်.......



ကဲကဲမူးနေရင်လည်းပြန်အိပ်တော့ကွာငါလိုက်ပို့ပေးမယ်......
လေးစားစွာဖြင့်...ဖြိုးဇာနည်...ညနေ...၃း၁၀တိတိ

Links to this post
0

မှတ်မိတာလေးတွေပါ

Posted by ဖြိုးဇာနည် on Tuesday, December 09, 2008 in
ဖတ်မိထားတာလားဘယ်သူတွေပြောပြခဲ့တာလားတောင်မသိတော့ပါဘူး...ချရေးဖို့စဉ်းစားလိုက်တဲ့အချိန်မှာဒီလောက်ပဲမှတ်မိနေတာကိုတော့သိပ်မကြေနပ်ချင်ဘူး။
စကားပြောတတ်တယ်

လူတစ်ယောက်သည် ကြက်တူရွေးတစ်ကောင်ကိုင်ပြီး ဆိုင်တစ်ဆိုင်တွင်ထိုင်နေသည်။“ ခင်ဗျား... ကြက်တူရွေးစကားပြောတတ်လား”
“ဟုတ်ကဲ့ ပြောတတ်ပါတယ်”“ကျွန်တော့်ကို ဒီကြက်တူရွေးလေး ရောင်းပါ” ကြက်တူရွေးရောင်းပြီး နာရီဝက်ခန့်အကြာတွင်
“ဒီကြက်တူရွေးက စကားလည်းမပြောတတ်ဘဲနဲ့ ကျုပ်ကို လိမ်ရောင်းတယ်”“ကျွန်တော် လိမ်မရောင်းပါဘူး”“ခင်ဗျားပဲ ခင်ဗျားကြက်တူရွေးစကားပြောတတ်တယ်ဆို”“ဟုတ်တယ်လေ ပြောတတ်တယ်”“ဒီမှာ ဘာမှလည်း မပြောဘူး”“အဲဒါ ကျွန်တော့်ကြက်တူရွေးမှ မဟုတ်တာ ကျွန်တော့်သူငယ်ချင်း ကြက်တူရွေး”

phyophyophyophyophyophyophyophyophyo

သက်ငယ်စကား သက်ကြီးကြား

ဟိုတယ်တစ်ခုအတွင်းတွင် အခန်းမရသေး၍ စောင့်နေသည် အဘိုးအိုတစ်ဦးသည် ဘေးနားက လူတစ်ယောက်ရဲ့ ဆေးလိပ်နံ့ကို မခံနိုင်တဲ့အတွက်“လူလေး မင်းဆေးလိပ်တစ်လိပ်ကို ဘယ်လောက်ပေးရလဲ”“$ ၁၀”“မင်းတစ်နေ့ဘယ်နှလိပ်ကုန်လဲ”“ ၇လိပ်”“မင်းသောက်တာ ဘယ်နှနှစ်ရှိပြီလဲ”“၁၀နှစ်”“တစ်နေ့ကို $ ၇၀ စုမယ်ဆိုရင်၊ ၁၀နှစ်ကို မင်းဒီဟိုတယ်တောင် ၀ယ်လို့ရတယ်”“ဒါကျွန်တော့်ဟိုတယ်လေ၊ ဆေးလိပ်မသောက်တဲ့ အဘိုးကရော ဘာလို့မ၀ယ်နိုင်တာလဲ”

phyophyophyophyophyophyophyophyophyo

ကြွားချင်ဦးဟဲ့ …

တခါက အကြွားသန်တဲ့ ကြက်တူရွေးသုံးကောင်သည် သစ်ကိုင်းတစ်ကိုင်းတွင် နားနေစဉ်-ပထမကြက်တူရွေး -“ ငါ့မှာ နောက်ဆုံးပေါ် ဒီဂျစ်တယ်နာရီတစ်လုံးဝယ်ထားတယ်” လို့ စပြောလိုက်တယ်။ဒုတိယကြက်တူရွေး-“ငါ့ကတော့ မနေ့က နွားမနှစ်ကောင် ၀ယ်လိုက်တယ် နို့ထွက်အရမ်းသန်တာပဲ” လို့ ပြန်ပြောလိုက်တယ်။တတိယကြက်တူရွေးခင်ဗျာမှာ ဘာမှပြန်မပြောနိုင်ဘဲ ငိုင်နေတယ်။နောက်တစ်နေ့မှာတော့ပထမကြက်တူရွေး-“ငါ့နာရီလေး ဘယ်နားမှာကျပျောက်သွားလည်း မသိပါဘူးကွာ” ဆိုပြီး မျက်နှာရှုံ့မဲ့ပြီး ပြောတယ်။ဒုတိယကြက်တူရွေး-“ငါ့နွားနှစ်ကောင်လည်း ဘယ်သူခိုးသွားလည်း မသိဘူး၊ ရှာလို့မတွေ့တော့ဘူး” ဆိုပြီး ငိုကြီးချက်မှနဲ့ ပြောတယ်။တတိယကြက်တူရွေး-“အင်း… သုံးနာရီတောင်ထိုးပြီပဲ ငါနွားမနှစ်ကောင် နို့သွားညှစ်လိုက်ဦးမယ်”

phyophyophyophyophyophyophyophyophyo
ဒါကတော့တကယ့်အဖြစ်အပျက်ကလေးပါ....

အကြွေမရှိလို့

ညနေခင်း ဈေးသိမ်းချိန်၊ ဈေးအရှေ့ဘက် လမ်းကြားတစ်နေရာ ...၊

`လေထိုးနိုင်သည်၊ ကပ်ခွာဖြင့် ဘီးပေါက်ဖာသည်။ ´ အဲဒီစာသားကို သုံးထပ်သားအဟောင်းတစ်ချပ်ပေါ်မှာ မြေဖြူနဲ့ရေးပြီး သစ်ပင်မှာ ချိတ်ထားတဲ့ စက်ဘီးပြင်ဆိုင် တစ်ဆိုင်မှာပေါ့ ...။ ဆိုင်ပိုင်ရှင်လို့ ထင်ရတဲ့ ထင်ရတဲ့ ညင်းသိုးသိုး လူကြီးတစ်ယောက် အိပ်မောကျနေတယ် ...။

စက်ဘီးလေမရှိလို့ တွန်းလာတဲ့ အမျိုးသားတစ်ယောက် ... ။ အဲဒီဆိုင်ရှေ့အရောက်မှာ ကွမ်းကို ဗလုံးဗထွေးစားရင်း လေထိုးတံကိုယူပြီး သူ့စက်ဘီးကို လေထိုးတယ် ...။ အိပ်နေတဲ့ ပုဂ္ဂိုလ်ကြီးက မျက်လုံးကို မေးစင်းပြီးကြည့်နေတယ် ...။ လေထိုးလို့အပြီးမှာတော့

`ဘယ်လောက်လဲ ... ´

`ငါးဆယ် ... ´

`အနူတ်မရှိလို့ နောက်တစ်ခေါက်မှ ပေါင်းယူလိုက်တော့ဗျာ ... နော် ... ´

`မရဘူးဟေ့ ... ဒါမျိုးတွေရိုးနေပြီ ... ငါ@#$´

`ဒါဆိုလည်း ရော့ဗျာ .. တစ်ထောင်တန် ... ပိုတာ ပြန်အမ်း ...´

`ရတယ် ... ရော့ ကိုးရာ ... ´

`ဟာ ... ခင်ဗျား ... လေထိုးတာ ငါးဆယ် ကျတာကို ကိုးရာ့ငါးဆယ် အမ်းရမှာပေါ့ .. ခင်ဗျား ... လူပါးမ၀နဲ့နော် @$%^´

`ဟေ့ ..ဒီမှာ ... ငါးဆယ် အနူတ်ပေးရင်ပေး ... တစ်ထောင်တန်ပေးရင် အမ်းဖို့အနူတ်ကခက်လို့ .. လေထိုးခ တစ်ရာကျတယ် ...´

`ဘာဆိုင်လဲဗျ ... ငါးဆယ်ဟာ ငါးဆယ်ပဲပေါ့ ... ခင်ဗျာကြီး လူလည်မကျနဲ့နော် ... ကျုပ်ကို ဘာမှတ်နေလဲ ...´

`ဟေ့ကောင် ... ဒီလောက် အနူတ်ရှားတာ .. မအမ်းနိုင်ဘူးကွာ ... အနူတ်မပါရင် အစကတည်းက လေမထိုးနဲ့ပေါ့ကွ ... မေ@လေး´

`ခင်ဗျား ... မဆဲနဲ့နော် .. သတ္တိရှိရင် တစ်ယောက်ချင်းချမယ် ... ထွက်ခဲ့ ...´

`အောင်မာ .. မင်းက ဘာကောင်လဲ လာလေ ... !@#@#$%´

ခွပ် .... ဘုန်း ... အား .... ဒုတ် .... အွတ် .... အိုး .....
.....................................................................

ဟဟ...ရယ်ရတယ်နော်...
ဖြိုးဇာနည်...ည...၆း၃၅တိတိ

Links to this post
0

မောင့်ရဲ့ချစ်သူသစ္စာ

Posted by ဖြိုးဇာနည် on Sunday, December 07, 2008 in
မေရေ … မေ့အတွက် မောင် ပိုက်ဆံစုထားတာ တော်တော်ရနေပြီ ။ အားမငယ်နဲ့တော့နော် ။ မေ့မျက်လုံးတွေ မြင်ရတော့မယ်”။ မောင်က တစ်နေ့ ထိုသို့ ပြောလာသောအခါ မောင်၏ ချောမွတ်နေသော လက်ဖ၀ါးများကို အားကိုးတကြီး ကိုင်ဆုတ်ပြီး ၊ ငယ်ငယ်လေးတည်းက လောကကြီးအား မြင်ခွင့်မရခဲ့သော ကျွန်မမျက်ဝန်းများတွင် မျက်ရည်ဝဲသွားရသည် ။ ကျွန်မလို မျက်မမြင် ဒုက္ခိတ တစ်ယောက်အပေါ် အလွန်ကြင်နာ ချစ်ခင်ခါ ယုယတတ်သော မောင့်ကို ကျွန်မ၏ မိသားစုကပင် အံ့သြခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ကျွန်မကိုချစ်သည့် မောင့်အချစ်သည် ထိုမျှ ကြီးမားလိမ့်မည်ဟု မယုံကြည်ခဲ့ကြသော ကျွန်မ မိသားစုသည် အစပထမတွင်တော့ အပြင်းအထန် ကန့်ကွက်ခဲ့ကြသည် ။ သို့သော် မောင်က သူတို့ကို လက်တွေ့ သက်သေပြခဲ့လေသည် ။…………………………………“မေရေ … ဘာမှ မကြောက်နဲ့နော် ။ နာရီပိုင်းပြီးရင် မောင့်ကို မေ မြင်တွေ့ နိုင်တော့မယ် ။ မေကြိုက်တဲ့ မိုးစက်တွေကို မေ ကြည့်နိုင်တော့မယ် ။ မေ ကြိုက်တဲ့ သစ်ပင်တွေ လေမှာ ယိမ်းနေတာ မြင်ရတော့မယ် ။ အားတင်းထားနော် ။ အားလုံး အိုကေသွားမယ် ။ ဟုတ်ပြီလား ။ မောင် အမြဲ ရှိနေမယ် ။”ကျွန်မတို့ အားလုံး စောင့်စားခဲ့ရသောနေ့သို့ ရောက်လာခဲ့သည် ။ မျက်ကြည်လွှာ အစားထိုး၍ ကုသဖို့ သန်းပေါင်းများစွာသော ငွေကြေးပမာဏကို မောင်က စုဆောင်းလိုက်နိုင်လေပြီ ။ ခွဲခန်း၏ အပေါက်ဝအထိ မောင်က ကျွန်မ လက်ကို မလွှတ်ပဲ လိုက်ပါလာခဲ့သည် ။ “မေ့ကို မောင် ထာဝရ သိပ်ချစ်နေမယ်နော် ။ ဘာဖြစ်ဖြစ် မောင့်ကို ချစ်တဲ့အချစ်နဲ့ အားတွေကို မွေးပါ မောင့်ရဲ့မေ ”ဟု ကျွန်မ နားနား မောင်က ကပ်ပြောကာ ၊ ကျွန်မ၏ နဖူးလေးကို ငြင်သာစွာ နမ်းလိုက်၏ ။ ထိုအနမ်းကြောင့် ကျွန်မ တကိုယ်လုံး အားမာန်အပြည့်နှင့် နွေးထွေးသွားသယောင် ခံစားလိုက်ရသည် ။…………………………………“ပတ်တီးကို ဖြေတဲ့အခါ ချက်ချင်းကြီး မျက်စိကို မဖွင့်နဲ့ ။ ဖြည်းဖြည်းချင်း ဖွင့်ကြည့် ။”အော်ပရေးရှင်းအပြီး မောင်နှင့် တွေ့ရမည် မျှော်မှန်းခဲ့သော်လည်း ၊ တကယ်တော့ မောင်က မဖြစ်မနေ ခရီးတစ်ခုကို ထွက်သွားခဲ့သည် ဟု မေမေက ပြန်ပြောပြသည် ။ မောင်မရှိသော နေ့ရက်များတွင် အနားမှာ ဖေဖေ (သို့) မေမေ (သို့) ကိုကြီး အမြဲ ရှိနေခဲ့သော်လည်း အထီးကျန်ဆန်ခါ ဟာတာတာဖြစ်လွန်းလှ၏ ။ ပတ်တီးဖြည်မည့်နေ့တွင်တော့ မောင် ရောက်လာမည်ဟု အတိအကျ ယုံကြည်ထားခဲ့သည်။ မောင့် မျက်နှာကို မြင်ရတော့မည် ဆိုသော အတွေးနှင့် ကျွန်မ နှလုံးသား အထိန်း အကွပ်မဲ့နေခဲ့သည် ။ ရင်ခုန်သည်ဆိုတာ ဒါပဲဖြစ်မည် ။“ဟင်” ကျွန်မရှေ့တွင် ၀ိုးတ၀ါး အရိပ်တစ်ခုကို တွေ့ရသည် ။ သူ့ဘေးဘက်တွင် နောက်ထပ် အရိပ်သုံးခု ။ “သမီးလေး”အရိပ်နှစ်ခုက ကျွန်မနား နီးကပ်လာပြီး စိုးရိမ်တကြီးခေါ်လိုက်သည် ။ ဖေဖေ နှင့် မေမေ …. ။ကျွန်မ မျက်ဝန်းတို့ကို တချက်မှိတ်ခါ ပြန်ဖွင့်လိုက်သည် ။ ဤတကြိမ်တွင်တော့ အလင်းရောင်တချို့ မျက်စိထဲ ၀င်လာသည် ။ ၀ိုးတ၀ါးအရိပ်များ တဖြည်းဖြည်း ထင်ပေါ်လာသည် ။ ဖေဖေ … မေမေ … ဆရာဝန်ကြီး … ကိုကြီး ….ဟင် … ဒါဆို … ဒါဆို … မောင် … မောင် ရော ။“မောင် ရော ဟင်” မေမေ့လက်ကို အားကိုးတကြီး လှမ်းဆွဲပြီး မေးလိုက်မိသည် ။ မေမေငိုနေသည် ။ ၀မ်းသာလွန်းတာ ဖြစ်နိုင်သည် ။ “ဖေဖေ မေမေ သားကို ညီမလေးနဲ့ ခဏ တစ်ယောက်တည်း စကားပြောခွင့်ပေးပါ”။ကိုကြီး၏ ခွင့်တောင်းသံကို ကြားလိုက်ရသည် ။ ဘာတွေဖြစ်နေသနည်း ကျွန်မ မသိပါ ။ကိုကြီးမှတပါး အားလုံး အပြင်ထွက်သွားပြီးသောအခါ - -“ညီမလေး … တိမ်ယံက ညီမလေးအတွက် စာတစ်စောင် ထားသွားခဲ့တယ် ။ ကိုကြီး ဖတ်ပြမယ်နော် ။မေ …ဒီစာကို မေဖတ်ရချိန်မှာ မောင်က အဝေး တစ်နေရာမှာ ရောက်နေပြီ ။ တကယ်တော့ မေ … မောင်တို့ဘ၀မှာ မထင်မှတ်တဲ့ ကြမ္မာဆိုးဝင်ခဲ့တယ် ။ အစိုးရက မြန်မာနိုင်ငံမှာ ၄၅ ကျပ်တန် ၊ ၉၀ ကျပ်တန်တွေ တရားမ၀င်တော့ဖူးလို့ ကြေငြာတဲ့နေ့က မေ့အတွက် ဆုထားခဲ့တဲ့ ပိုက်ဆံတွေ အားလုံးနီးပါးဟာ တန်ဖိုးမဲ့သွားခဲ့တယ် ။ အနှစ် ၂၅ ထိ လောကကြီးကို မြင်ခွင့်မရခဲ့တဲ့ မေ့ကို မြင်ခွင့်ရအောင်လုပ်ပေးဖို့ လမ်းမရှိတော့သလို ဖြစ်သွားတယ် ။ မောင်လေ … သိပ် ငိုကြွေးခဲ့ရတဲ့ ရက်ပေါင်း မနည်းပါဘူး ။ နောက်ဆုံးမှာတော့ မောင့် နှလုံးသားနဲ့ ထပ်တူ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်မိတယ် ။ချစ်သောမေ … ဘာပဲဖြစ်ဖြစ် ခု မေ့ဆီမှာ ရှိတဲ့ မောင့်မျက်ဝန်းတွေကို အသုံးချပြီး ဘ၀ကို သတ္တိရှိရှိ အကျိုးရှိရှိ ရင်ဆိုင်ပါ ။ မောင်တို့လို မထင်မှတ်ပဲ ကြမ္မာဆိုးဝင်မွှေတာ ခံခဲ့ရသူတွေအတွက် အတတ်နိုင်ဆုံး ကူညီပေးလိုက်ပါ ။ နောက် မောင့်အချစ်ကို အမြဲခံစားပြီး ဘ၀မှာ ပျော်ပျော်နေပါ မေ ။မောင့်ကို လိုက်ရှာဖို့ မကြိုးစားပါနဲ့တော့ ။မေ့ရဲ့မောင်………………………..ပြီးဆုံးသွားသော စာနှင့်အတူ ဓါတ်ပုံလေးတစ်ပုံကို ကိုကြီးက လှမ်းပေးသည် ။ ကျွန်မ ပုခုံးကို တယုတယကိုင်ကာ ရပ်နေသော လူငယ်တယောက် … မောင် ။ဓါတ်ပုံလေးကို ကျစ်ကျစ်ပါအောင်ဆုတ်ပြီး ၊ ပါးပြင်ပေါ် အတားအဆီးမဲ့ စီးကျလာသော မျက်ရည်စက်တို့ကို လက်နှင့် သုတ်ပစ်လိုက်သည် ။ နောက်ထပ် ကျလုဆဲဆဲ မျက်ရည်တို့ကိုလည်း ပုတ်ထုတ်ပစ်လိုက်သည် ။ မောင့် မျက်ဝန်းများကို စောင့်ရှောက်ပြီး ၊ မောင် မှာခဲ့သလို လုပ်ဆောင်ရန် ကျွန်မမှာ တာဝန်ရှိသည် ။
ကြိုးစားပါအုံးမည်....ဖြိုးဇာနည်....နေ့လည်...၁၁း၂၅တိတိ

Links to this post
0

ကျင့်ဝတ်များ

Posted by ဖြိုးဇာနည် on Saturday, December 06, 2008 in
ကျင့်ဝတ်များ
သားသမီးကျင့်ဝတ် ငါးပါး-ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။

မိဘကျင့်ဝတ် ငါးပါး-မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ။

တပည့်ကျင့်ဝတ် ငါးပါး-ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။

လင့်ကျင့်ဝတ် ငါးပါး-မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင် လင့်ကျင့်ရာ။

မယားကျင့်ဝတ် ငါးပါး-အိမ်တွင်းမှုလုပ်၊ သိမ်းထုတ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။

မိတ်ဆွေကျင့်ဝတ် ငါးပါး-ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွယ်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

အရှင်ကျင့်ဝတ် ငါးပါး-၀စ္စာကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင် ကုစေ၊ ငှဝေ ရသာ၊ အခါကိုလွှတ်၊ အရှင့်ဝတ်၊ မချွတ်ငါးခုသာ။

လုပ်သားကျင့်ဝတ် ငါးပါး-အိပ်သော် နောက်ကျ၊ ထသော်ကား ရှေ့၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက်လုပ်သားကျင့်ဖို့ရာ။

ဒါယကာကျင့်ဝတ် ငါးပါး-မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊ ခင်မင်နှုတ်ချို၊ လိုလျှင် ဖိတ်ထား၊ တတ်အားလှူစေ၊ ၀တ်ငါးထွေ၊ ကျင့်လေ ဒါယကာ။

ရဟန်းကျင့်ဝတ် ခြောက်ပါး-မကောင်းမြစ်တား၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကျူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြ
ရဟန်းမှခြောက်ခု လွန်သေချာ။

သိင်္ဂါလောဝါဒသုတ်

Links to this post
0

သူငယ်ချင်း

Posted by ဖြိုးဇာနည် on Thursday, December 04, 2008 in
သူငယ်ချင်းတစ်ချို့ကို မထင်မှတ်တဲ့ နေရာမှာ မထင်မှတ် ဘဲ ကောက်တွေ့ခဲ့ ကြတယ်။ သူငယ်ချင်းရဲ့ သူငယ်ချင်း အချို့ဟာ မထင်မှတ်ဘဲ ကိုယ့်သူငယ်ချင်း တွေ ဖြစ်လာခဲ့ တယ်။ လူချင်းမမြင်ဖူးဘဲ ဖုန်းနဲ့ အင်တာနက်နဲ့ ဆက်သွယ်တဲ့ သူငယ်ချင်းတွေလည်း ရှိတယ်။ လူချင်း မြင်ဖူးပြီး အရမ်းကောင်းတဲ့ သူငယ်ချင်း တွေ ဖြစ်ခဲ့ကြတာလဲ ရှိတယ်။ အိမ်မှား ၀င်ပြီး ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေ ရှိသလို မတော်တဆ တိုက်မိပြီး ခင်ခဲ့ ကြတဲ့ သူငယ်ချင်းတွေလည်း ရှိတယ်။
ငယ်ငယ်တုန်းက၊ ကျောင်းတုန်းက အတူသွား၊ အတူစားခဲ့တဲ့ သူငယ်ချင်းတွေက ကျောင်းပြီးတော့ ရေကြည်ရာ မြက်နုရာကို ရှာကြရင်း တကွဲတပြားစီဖြစ်ပြီး အဆက်အသွယ်က နည်းသထက် နည်းလာခဲ့တယ်။
သူငယ်ချင်းတွေမှာ အသက် အပိုင်းအခြား မရှိဘူး။ ကိုယ့်နဲ့ ရွယ်တူလည်းရှိတယ်။ ကိုယ့်ထက်ကြီးတဲ့ ငယ်တဲ့ လူလည်း ရှိတယ်။ ကြီးတဲ့ သူငယ်ချင်းတွေကနေ ကိုယ့်မှာ မရှိသေးတဲ့ အတွေ့အကြုံကို ယူတယ်။ ငယ်တဲ့ သူငယ်ချင်းတွေဆီကနေ ကိုယ့်မှာရှိခဲ့ဖူးတဲ့ အပြစ်ကင်းတဲ့ ရိုးသားမှုတွေကို ပြန်ရှာတယ်။ သူငယ်ချင်းတွေမှာ အသက်အရွယ်၊ ဆင်းရဲချမ်းသာ မခွဲခြားဘူး။ သူငယ်ချင်းတွေဟာ နွေ၊ မိုး၊ ဆောင်း ပြောင်းနေတဲ့ ရာသီတွေနဲ့ တူတယ်။
တချို့က ပူပြင်းတဲ့ နွေနဲ့တူတယ်။ တချို့က နွေရဲ့ အပူဒဏ်ကို လျော့ပေးတဲ့ မိုးနဲ့တူတယ်။ တချို့က အေးမြတဲ့ ဆောင်းနဲ့တူတယ်။ မတူညီတဲ့ ရာသီရဲ့ အလှပတွေကို ခံစားရင်း ကိုယ့်ဘ၀ကို ဖြတ်သန်းခဲ့တယ်။ သူတို့နဲ့ ကိုယ်ဘယ်လို စသိ စခင်ခဲ့တယ်ဆိုတာ မမှတ်မိတော့ပေမယ့် ၀မ်းနည်းစရာ၊ ဝမ်းသာစရာတွေနဲ့ ကြုံတိုင်း သူတို့ကို ကိုယ်ရင်ဖွင့်ချင်ခဲ့တယ်။ ထူးဆန်းတာတွေကို မြင်တိုင်း သူတို့နဲ့ ကိုယ်မျှဝေချင်ခဲ့တယ်။
ကွန်ပြူတာရဲ့ ဟိုတစ်ဖက်မှာ ထိုင်ပြီး ကိုယ်မျှဝေတဲ့ အရာတွေကို သူတို့ကြည့်ပြီး ပျော်နေမလား.... မေးလ်ဘောက်စ် ပြည့်သွားတာ ကိုယ့်စာကြောင့်လို့ စိတ်ပျက်ပျက်နဲ့ ငြီးငြူနေမလား... ဘာတွေ လျောက်ရေးထားလဲ မသိဘူးဆိုပြီး မဲ့နေမလား....
သတိရကြောင်း၊ လွမ်းကြောင်းဆိုတဲ့ ခံစားချက်တွေကို ထုတ်ဖော် မပြောပြတတ်လို့ အေးစက်တဲ့ ကွန်ပြူတာ က တဆင့် ဒီကမ္ဘာရဲ့ ထောင့်တစ်နေရာကနေ သူငယ်ချင်းတွေ ကျန်းမာပျော်ရွှင်ဖို့ နွေးထွေးတဲ့ ကိုယ်မေတ္တာနဲ့ တောင်းဆု ပြုပါလိုက်တယ်။
ကျန်းမာပျော်ရွှင်ပါစေ သူငယ်ချင်းများ.............

gmailထဲကသူငယ်ချင်းတစ်ယောက် ဒါဒါပို့ပေးလာတာကိုသဘောကျမိလို့ပြန်ပြီးShareလုပ်လိုက်တာပါ။

ပြောရအုံးမယ်...ဒီသူငယ်ချင်းဆိုတဲ့စာလေးကိုမူရင်းရေးသားသူကမမနိုင်းနိုင်းစနေပါ။ကျွန်တော်ဒီပို့လေးကိုတင်ထားတာနှစ်ရက်ရှိပါပြီသူငယ်ချင်း
ဒါဒါပို့ပေးလာတာကိုကြိုက်လို့တင်လိုက်တာပါဒါဒါကတော့ပြောပါတယ်သူရေးတာမဟုတ်ဘူးတဲ့စာရေးသူနေရာမှာသူ့နာမည်ကိုမရေးပါနဲ့တဲ့။ဒါပေမဲ့
ကျွန်တော့်ဆီကိုရောက်လာတာကတော့သူပို့ပေးခဲ့တာလို့ပဲကျွန်တော်သတ်မှတ်ပြီးရေးဖြစ်အောင်ကိုရေးလိုက်ပါတယ်။အခုတော့ကျွန်တော်ပျင်းပျင်း
ရှိတာနဲ့ဟိုဝင်ဒီဝင်ကြည့်ရင်းကနေပြီးမမနိုင်းနိုင်းစနေရဲ့ siteမှာဒီစာလေးကိုတွေ့လိုက်ရလို့ပါ။(၅.၁၁.၂၀၀၈)
ဖြိုးဇာနည်...နေ့လည်၁၂းတိတိ

Links to this post
0

ယိုးဒယားကိုတစ်ခေါက်

Posted by ဖြိုးဇာနည် on Thursday, December 04, 2008 in
ကျွန်တော်ပြန်ရောက်နေတာမနေ့ကနေ့လည်ကထဲကပါ။ခရီးပန်းလာတာကတစ်ကြောင်းပျင်းနေတာကတစ်ကြောင်းပေါ့
အကြောင်းကြောင်းကြောင့်blogကိုမဝင်ဖြစ်ခဲ့ဘူး။တာချီလိတ်ကိုကျွန်တော်၂ ညအိပ် ၃ ရက်နေခဲ့တယ်။အတွေ့အကြုံတွေ
ကတော့အများကြီးပဲ။နောက်နေ့မှပဲကျွန်တော်အကုန်ပြန်ပြီးဖောက်သည်ချတော့မယ်။ကျွန်တော်သဘောအကျဆုံးကတော့
ယိုးဒယား(မယ်ဆိုင်)ထဲကိုဝင်လည်ခဲ့ရတာကိုပေါ့။တော်တော်ပျော်စရာကောင်းတယ်ဗျ။ကျွန်တော်နဲ့လုံးဝမကိုက်ညီတာတစ်ခု
ကတော့ဆိုင်ကယ်မောင်းတဲ့အချိန်မှာပဲဗျ။တအားကိုကို့လို့ကန့်လန့်နိုင်တာပဲ။ယိုးဒယားကလမ်းကိုဘယ်ကြောကမောင်းရတာ
တဲ့ဗျာ။ကျွန်တော်မနည်းကိုသတိထားပြီးမောင်းခဲ့ရတယ်။အချိန်ကလည်းသိပ်မရတော့မနှံခဲ့ပါဘူး။လည်ခဲ့ရတဲ့အထဲမှာတော့
TESCO LOTUS ဆိုတဲ့ကုန်တိုက်ကြီးကိုသဘောအကျဆုံးပဲ။လုံးဝcrazyဖြစ်တယ်ဗျာ။ကျွန်တော်အဲဒီကုန်တိုက်အထဲမှာပဲအချိန်
တွေတော်တော်ကုန်သွားခဲ့တာဗျ။နေ့လည်ကနေဝင်သွားလိုက်တာညနေမှောင်မှပဲပြန်ထွက်ဖြစ်တော့တယ်။မြို့ထဲကိုလည်ဖို့တောင်
အချိန်မရလိုက်တော့ဘူး။ဒါတောင်ကုန်တိုက်ကြီးရဲ့တစ်ဝက်တောင်အပြည့်မရောက်ခဲ့ရဘူး။အဲ့ဒီလောက်ကိုကြီးတဲ့ကုန်တိုက်ကြီးဗျို့။
ယိုးဒယားပြည်ဝင်ခွင့်ကတစ်နေ့စာပဲရတာလေကျွန်တော်ဝင်သွားတဲ့အချိန်ကနေ့လည်ရောက်နေပြီဆိုတော့အချိန်ကိုမနည်းလုခဲ့ရတာ။
ယိုးဒယားဘတ်ငွေကတော်တော်လေးသုံးလို့ပျော်တယ်ဗျ။တာချီလိတ်တစ်မြို့လုံးလဲအဲဒီဘတ်ငွေကိုပဲသုံးကြတယ်။ဓါတ်ပုံလေးတွေတော့
ရိုက်ခဲ့ပါတယ်။ဒါပေမဲ့ကုန်တိုက်ထဲမှာကျတော့ကျွန်တော်အားရပါးရရိုက်မယ်ဆိုပြီးCAMERAကိုလည်းထုတ်လိုက်ရောဝန်ထမ်းမမလေး
တစ်ယောက်ကဓါတ်ပုံမရိုက်ရပါဘူးတဲ့ဗျာ။ဒါတောင်blogမှာတင်ချင်လွန်းလို့နည်းနည်းမရ ရအောင်ရိုက်လာခဲ့သေးတယ်။cameraက
လည်းphoneနဲ့ရိုက်ရတာဆိုတော့သိပ်မကောင်းဘူးဗျ။ဒါပေမဲ့အကောင်းဆုံးလေးတွေကိုရွေးပြီးတင်ထားပါတယ်။အားပေးကြည့်ကြပါနော်။

ဒါလေးကတော့ယိုးဒယား(မယ်ဆိုင်)ထဲကိုဝင်ခွင့်လက်မှတ်ကလေးပေါ့။ဒါကတော့ယိုးဒယားကိုအဝင်မြန်မာဘက်ကမြင်ရတဲ့ဂိတ်ပါ
နနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနန

ဒါကတော့ယိုးဒယားနဲ့မြန်မာကိုပိုင်းခြားထားတဲ့ချောင်းကလေးနဲ့နယ်စပ်အဝင်ဂိတ်မုဒ်ဦးကြီးလေ
နနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနန

ဒီလိုစည်းကမ်းလေးတွေလဲရှိသေးတယ်
နနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနန

ဒါကတော့မယ်ဆိုင်ထဲကိုဝင်ဝင်ချင်းတွေ့ရတဲ့မြင်ကွင်းလေးပါ။ယိုးဒယားTaxiတဲ့လှတယ်နော်
နနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနန


ဒါကတော့ကုန်တိုက်ကြီးရဲ့အဝင်နဲ့အတွင်းထဲကမြင်ကွင်းလေးတွေလေ။ဘေးကစက်လေးတွေကသက်ဆိုင်ရာဘဏ်ခွဲတွေရဲ့ငွေထုတ်စက်တွေပေါ့
နနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနန

ဒါကတော့လမ်းဘယ်ကြောကနေမောင်းနေရတဲ့ယာဉ်တွေနဲ့ကြုံကြိုက်လို့ရိုက်လိုက်မိတဲ့ယိုးဒယားအလှူပါ။ နနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနနန

ဒါကတော့မပြန်ချင့်ပြန်ချင်နဲ့မိုးချုပ်ခါနီးပြန်ထွက်လာခဲ့ရတဲ့မြန်မာပြည်အဝင်စစ်ဆေးရေးဂိတ်လေးပါ။
byebyebyebyebyebyebyebyebyebyebyebyebyebyebyebye
cameraကအားမရှိတော့တာကြောင့်ချွေတာပြီးရိုက်နေရတော့ပုံကသိပ်မရလိုက်ဘူးပုံကြမ်းတွေတော့ရှိပါသေးတယ်။
နောက်နေ့မှအဆင်ပြေသလိုတင်သွားမယ်လို့စိတ်ကူးထားပါတယ်။ကျွန်တော်ရဲ့blogကိုလာလည်ကြတဲ့သူငယ်ချင်းတွေ
ကိုလည်းအရမ်းကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးတော့လည်းကြိုးစားသွားပါ့မယ်။
အကောင်းဆုံးဖြစ်ဖို့အမြဲတမ်းကြိုးစားနေသော...ဖြိုးဇာနည်..ည..၁၂း၅၅တိတိ

................................................................................................

ထူးဆန်းတာလေးတစ်ခုပြောရအုံးမယ်ကျွန်တော်ပြန်လာမဲ့ညကလကလေးပြုံးပြနေတဲ့ပုံကိုတွေ့လို့ဓါတ်ပုံရိုက်ယူထားလိုက်တယ်။

လရယ်၊ သောကြာဂြိုဟ် ဗီးနပ်(စ်)ရယ်၊ ကြာသပတေးဂြိုဟ် ဂျူပီတာရယ် ကမ္ဘာကနေကြည့်ရင် ပူးတဲ့နေ့လို့ ဆိုပါတယ်။ ဒီဂြိုဟ်သုံးလုံးရဲ့ အနီးကပ်ဆုံး အချိန်ကိုတော့ မြန်မာပြည်ကနေ တွေ့နိုင်မယ် မထင်ပါဘူး။ ဒါပေမယ့် နေဝင်ချိန် ညနေ ၆နာရီကနေ ၇နာရီ အချိန်လေးမှာတော့ ဒီသုံးလုံးကို တြိဂံပုံစံ မြင်တွေ့နိုင်ပါလိမ့်မယ်။ ဒီလို အဖြစ်အပျက်မျိုးကို နောင် ၄၄နှစ်ကျော် အကြာမှသာ နောက်တစ်ကြိမ် ထပ်ကြုံနိုင်မှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၂ရက်နေ့ လပြည့်ညမှာတော့ လဟာ ကမ္ဘာနဲ့ အနီးကပ်ဆုံး အကွာအဝေး ၂၂၁၅၅၄ မိုင် အထိ ရောက်ရှိလာပါမယ်။ ဒီလို အနီးဆုံး ရောက်ရှိတာမျိုး မြင်နိုင်ဖို့ဆိုတာ နောင် ၂၀၁၆ခုနှစ်အထိ ကြုံရဦးမှာ မဟုတ်ပါဘူးတဲ့။ ဒီထက် ပိုနီးတဲ့ အဖြစ်ကိုတော့ နောင်နှစ်ပေါင်း နှစ်ရာ့ငါးဆယ်ကျော်မှသာ ကြုံနိုင်တော့မှာမို့ ဒီနေ့လို့ နေ့မျိုးဟာ ရှားပါးတဲ့ အခွင့်အရေး တစ်ခုလို့ ဆိုနိုင်ပါတယ်။

နောင်နှစ်ပေါင်းများစွာ ကြာလို့ ဒါမျိုး အဖြစ်အပျက် နောက်တစ်ခါ ကြုံရချိန်ကြရင် ကျွန်တော်တို့ ဒီကမ္ဘာကြီးပေါ်မှာ ရှိချင်မှ ရှိကြတော့မှာလေ။ ဒါကြောင့် ထိုင်ခုံတစ်လုံးနဲ့ထိုင်ပြီး ဒါလေးကို စိတ်ရှည်လက်ရှည် မှတ်တမ်းတင်ခဲ့တယ်။
လေးစားစွာဖြင့်...ဖြိုးဇာနည်

Links to this post
Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.