4

လားရှိုးမြို့၏ချစ်သူပုံပြင်

Posted by ဖြိုးဇာနည် on Saturday, February 28, 2009 in
လားရှိုးမြို့၏ချစ်သူပုံပြင်

လာရှိုးအလွမ်းပြေလားရှိုးတက္ကသိုလ်အကြောင်းရေးပေမဲ့ကျွန်တော်ဟာအခုလားရှိုးကိုမပြန်ဖြစ်သေးတဲ့အတွက်ဓါတ်ပုံလေးကို
တော့"မနိုင်းနိုင်း"ကျေးဇူးနဲ့ပဲတင်ထားလိုက်နိုင်ပါတယ်။"မနိုင်းနိုင်း"ရိုက်လာတဲ့လားရှိုးနည်းပညာတက္ကသိုလ်ပုံကိုပဲအခုကျွန်တော်ရေး
နေတဲ့တက္ကသိုလ်အဖြစ်အစားထိုးပြီးတင်ထားပါတယ်။ပြီးတော့အလွမ်းပြေဓါတ်ပုံလေးတွေကိုခွင့်တောင်းစရာမလိုပဲယူသုံးနိုင်ပါသည်
ဆိုတဲ့"မနိုင်းနိုင်း"ကိုအထူးပဲကျေးဇူးတင်ပါတယ်။


လူတချို့အတွက် အချစ်သည် ပန်းခြံထဲရှိ ခုံတန်းလျားများပေါ်တွင်ဖြစ်သည်။ လူတချို့အတွက် အချစ်သည် လက်ဖက်ရည်ဆိုင်၏ ထောင့်စွန်းစားပွဲ၌ ဖြစ်သည်။ လူတချို့အတွက် အချစ်သည် လမ်းမတစ်နေရာတွင် ဖြစ်သည်။ လူတချို့အတွက် အချစ်သည် ခရေပင်ကြီးများ အောက်တွင်ဖြစ်သည်။ လူတချို့အတွက် အချစ်သည် မြို့မဈေးထဲတွင် ဖြစ်သည်။ လူတချို့အတွက် အချစ်သည်
အဝေးပြေး ကားတစ်စီးပေါ်တွင် ဖြစ်သည်။

ကျွန်တော့်အတွက်တော့ အချစ်သည် တက္ကသိုလ်တစ်ခုတွင် ဖြစ်သည်။ ထို့ထက်ပိုပြောရလျှင် လားရှိုးတက္ကသိုလ် ဥပဒေဆောင် ဒုတိယနှစ် အခန်း၌ ဖြစ်သည်။

ထို့ထက်ပို၍ပြောရလျှင် လားရှိုးတက္ကသိုလ် ဥပဒေဆောင် ဒုတိယနှစ်အခန်းရှိ “ဒေး” ဆိုသည့် ကောင်မလေးဖြစ်ပါသည်။

သစ်ရွက်အစိမ်းတွေမှာ လေထဲတွင် လှပစွာ လှုပ်ယိမ်း ကစားလျက်ရှိ၏။ “Mother Love” ကင်တင်းရှိ ပလတ်စတစ်ထိုင်ခုံ အဝါရောင်လေးတွေကို ကျွန်တော် သဘောကျစွာ ကြည့်မိသည်။ ဒီဆိုင်မှ အစားအသောက်တွေကို ဒေး က သဘောကျသည်ဟု ကျွန်တော့်ကို ပြောဖူး၏။ ကျွန်တော်နှင့် သူမကြားတွင် နူးညံ့ငြိမ်သက်သော အခြေအနေသည် ရိုးရိုးလေးနှင့် ရင်ခုန်စရာ ကောင်းခဲ့သည်။

ဆောင်းရာသီ၏ အဦးအဖျား နှင်းစက်တို့က ချစ်စရာကောင်းသော သူမနှင့် ကျွန်တာ့်ကို တွေ့ဆုံပေးခဲ့ဟန်တူသည်။ ပုံမှန်အဖြစ်အပျက်များ ကြားတွင် ကျွန်တော်တို့နှစ်ယောက်သည် ရင်းနှီးသည့် သူငယ်ချင်းတွေ ဖြစ်ခဲ့၏။ အချိန်ခပ်တိုတို အတွင်းမှာပင် ကျွန်တော်တို့က အံ့သြစရာကောင်းလောက်အောင် ချည်နှောင်မိခဲ့ကြသည်။

အခုတော့ ကျွန်တော်တစ်ယောက်ထဲ သူမနှင့် ပတ်သက်သော အမှတ်တရများကို လျှောက်ငေးကြည့်နေမိတော့သည်။

တစ်ခါတုန်းက တက္ကသိုလ် ရေကူးအသင်းတွင် သူကမ ရေကူးကဒ် လုပ်ခဲ့ဖူးသည်။ လမ်းဘေး မုန့်ဟင်းခါးတစ်ပွဲကို နှစ်သက်စွာ စားခဲ့ဖူးသည်။ ဈေးအနားရှိ စာအုပ်ဆိုင်များတွင် ကျွန်တော်တို့ လျှောက်သွားခဲ့ဖူးသည်။ ကျွန်တော့် ကဗျာတွေကို သူများနားလည်အောင် ရှင်းပြခိုင်း၍ ကျွန်တော် ရူးချင်ခဲ့ဖူးသည်။ (ကျွန်တော်က ကဗျာကို ရှင်းပြ၍မရဟု ယုံကြည်ထားသူ ဖြစ်၏။) သေးကွေးသောကမ္ဘာထဲ ထောင့်အစွန်းတစ်ခုတွင် ကျွန်တော်က သူမကို စာအုပ်တစ်အုပ်လို ထိုင်ဖတ်နေချင်ခဲ့ဖူးသည်။ တစ်ပတ်ကို သုံးရက်နှုန်းဖြင့် ညနက်သန်းခေါင်အထိ ကျွန်တော်တို့နှစ်ယောက် ဖုန်းထိုင်ပြောခဲ့ဖူးသည်။ သူမ၏ လက်သည်းခွံတွေကို ကျွန်တော် ကိုင်ကြည့်ခဲ့ဖူးသည်။ တက္ကသိုလ်စာကြည့်တိုက်ထဲတွင် ကျွန်တော် လိုက်နာရမည့် စည်းကမ်းများကို သူမ လက်ရေး မညီမညာတွေဖြင့် ရေးခဲ့ဖူးသည်။ ကျွန်တော်တို့သည် လုပ်ခဲ့ဖူးတာတွေ တော်တော်များများ ရှိခဲ့ပြီး၊ မလုပ်ခဲ့ဖူးတာတွေလည်း တော်တော်များခဲ့ပါသည်။

ဘာပဲဖြစ်ဖြစ် အားလုံးမှာ အသုံးမကျသော ၀လုံးများကဲ့သို့ ဖြူစင်မှု ရိုးသားမှု အပြည့် ရှိခဲ့လေသည်။ ကစားပွဲဆန်သော အနိုင်အရှုံး ကိစ္စများသည်။ ကျွန်တော်တို့နှစ်ယောက်ကြားတွင် ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။

ဘ၀၏ မသဲကွဲသော အမှန်တရားများအတွင်း တိတ်ဆိတ်စွာ နေတတ်ဖို့သာ လိုအပ်ပါသည်။ ဒေး သည် ပုံမှန်အနေအထားများကို ထိန်းသိမ်းထားချင်သူ၊ လှုပ်ခတ်နေသော ရေပြင်ညီများကို ငေးကြည့်နေတတ်သူ၊ ဖုန်းပြောရတာကို ၀ါသနာပါသူ၊ အချစ်ကို ရယ်စရာလုပ်ပစ်သော မာရေကျောရေ ကောင်မလေးတစ်ယောက်သာ ဖြစ်သည်။

နောင်တစ်ချိန်တွင် ကျွန်တော်တို့၏ ဇာတ်လမ်းကို တက္ကသိုလ် ပရ၀ုဏ်အတွင်းရှိ လူတွေ၊ ခွေးတွေ၊ ပုတ်သင်ညိုတွေ၊ ငှက်တွေ၊ ကင်းလိပ်ချောတွေ၊ နွားတွေ၊ ပုရွက်ဆိတ်တွေ.. အစရှိသော သက်ရှိများအားလုံးက မေ့သွားနိုင်ပါသည်။

ဒေး သည် ထိုအခြေအနေကို ကျေနပ်လိမ့်မည်ဟု ယူဆရပြီး ကျွန်တော်ကတော့ မကျေနပ်သဖြင့် အဖြစ်အပျက်တချို့အား ဒီဝတ္ထုဖြင့် မှတ်တမ်းထိုးလိုက်ပါသည်။

“ကလေး…”

တစ်ခုသော ညဦးပိုင်းတွင် ကျွန်တော်က ဒေး ကို ထိုသို့ ခေါ်လိုက်မိသည်။ အရာရာကို အံ့သြသင့်ဖို့ ကျွန်တော်က အသင့် ပြင်ဆင်ထားပြီးပြီ။

သူမက ကျွန်တော့် အခေါ်အဝေါ်ကို သဘောတူလိုက်၏။ ကျွန်တော် မအံ့သြနိုင်တော့ပေ။ ပျော်ရွှင်မှု၏ အထက်တွင် ဘာအံ့သြစရာမှ မရှိကြောင်း ကျွန်တော် သိလိုက်ရ၏။ ကျွန်တော်နှင့်သူမ ကြားရှိ ရိုးသားမှုသည် “အချစ်” ဆိုသည့် ရှုပ်ထွေးဆန်းကြယ်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်ခဲ့ပါသည်။

ဒေး တို့ အခန်းရှေ့က ကော်ရစ်ဒါပေါ်တွင် ကျွန်တော့်ခြေရာတွေ ရှုပ်ယှက်ခတ်နေခဲ့ဖူး၏။ ကျွန်တော့်ကို ဥပဒေ ဒုတိယနှစ်
ကျောင်းသားတစ်ယောက်ဟု ထင်ရလောက်အောင် ကျွန်တော်က သူမတို့အဆောင်ဖက်တွင် အနေများခဲ့သည်။

ရုတ်တရက် ကျွန်တော်သည် ဒေး ၏ သေးသေးကွေးကွေး လက်ဖ၀ါးလေးကို လွမ်းလာ၏။ လားရှိုးတက္ကသိုလ်ထဲက လယ်ကန်သင်းရိုးများကြားတွင် ကျွန်တော်တို့ နှစ်ယောက်ထဲ ငါးမျှားဖို့ ကြံစည်ခဲ့ဖူးသည်။

အရှိန်အ၀ါ ကြီးမားသော နာမည်ကျော် "ဆေးတက္ကသိုလ်"ကြီးများ အကြောင်းကို ကျွန်တော်က သူမကို ပြောပြတော့ ဒေး မျက်လုံးတို့မှာ အစိမ်းရောင်တစ်မျိုး ယှက်သန်းသွားတာ ကျွန်တော် သတိထားမိသည်။

ကျွန်တော်တို့ခေတ်၏ "ဆေးတက္ကသိုလ်"တွင် ချိတ်ထမီနှင့် ဘန်ကောက်ပုဆိုး မရှိ။ ဒေါင်းတံဆိပ်နှင့် သခင်စိတ် မရှိ။ ဘီတဲလ်နှင့် မွန်ရိုး မရှိ။ ဟိုးလပ်နှင့် အလန်ဂျင်းစဘတ်(စ်) မရှိ။ ဂန္ဒီနှင့် ဗိုလ်ချုပ်အောင်ဆန်း မရှိ။ ကျွန်တော်တို့ တက္ကသိုလ်သည် သိန်းဖေမြင့်နှင့် ငြိမ်းကျော်တို့၏ ၀တ္ထုတွေထဲကလို တက္ကသိုလ်မျိုးလည်း မဟုတ်။ ပြီးတော့ ဇ၀နနှင့် ခင်မျိုးချစ်တို့၏ ကောလိပ်ကျောင်းသား၊ ကောလိပ်ကျောင်းသူတွေလည်း မရှိကြချေ။ ကျွန်တော်တို့ တက္ကသိုလ် တွင် လေးဖြူနှင့် ဟစ်ပ်ဟော့ပ်ရှိသည်။ သင်ဇာဝင့်ကျော်နှင့် အိန္ဒြာကျော်ဇင်ရှိသည်။ မိုဘိုင်းဖုန်းနှင့် ပွဲစားလိုလို ကျောင်းသားလိုလို ကောင်တွေ ရှိသည်။ ဆံပင်အနီရောင်ဆိုးသော ယဉ်ကျေးမှုနှင့် ညံ့ဖျင်းသည့် အုပ်စုဖွဲ့နေထိုင်မှု ရှိသည်။ နောက်… ရာဇာနေ၀င်းနှင့် ဒေးဗစ်ဘက်ဟမ်းကို အားကျ အထင်ကြီးမှုကလည်း ဒုနှင့်ဒေး ရှိသေးသည်။

ထိုကဲ့သို့သော အခြေအနေများနှင့် ရှုပ်ထွေးသည့် အနေအထားအတွင်းမှာ ကျွန်တော်သည် ဒေး တို့တက္ကသိုလ်အတွင်း နူးညံ့သည့်အချစ်ကို ရှင်သန်အောင် မွေးမြူရန်မှာ အတော် ခက်ခဲလေသည်။

ကျွန်တော်သည်လည်းကောင်း၊ ဒေး သည်လည်းကောင်း တိတ်ဆိတ်စွာ မျက်လုံးချင်း၊ တယ်လီဖုန်းချင်း စကားပြောရတာကို အရသာရှိကြသည်။ ငြင်းခုံရန်ဖြစ်ရခြင်းများကို ခုံမင်ကြသည်။ သူမက သူမကို စိတ်ဝင်စားနေသည့် ကောင်လေးများအကြောင်းကို ကျွန်တော့်ကို တိုင်ပင်တတ်ပြီး ကျွန်တော်ကလည်း ကျွန်တော်နှင့် ဘာညာ ဘာညာ ကောင်မလေးတွေအကြောင်းကို သူမအား ပြောပြတတ်၏။ ထိုအချိန်များတွင် ကျွန်တော်က အမြဲ သ၀န်တိုတတ်သော်လည်း ဒေး ကတော့ အမြဲရယ်မောနေခဲ့သည်ချည်း ဖြစ်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် ကျွန်တော်နှင့် ဒေး ၏ ဆက်ဆံရေးသည် လှုပ်ရှားနေသော ငြိမ်သက်ခြင်းများသာ ဖြစ်ပါသည်။

လားရှိုးတက္ကသိုလ်သည် ဖြူနီပြာဝါ ကောင်မလေးများစွာတို့၏ ရင်ဘတ်ထဲက အဖြူရောင်နယ်မြေ ဖြစ်သည်။ ဂျပ်ဆင်နှင့် သစ်ပုတ်ပင်ကြီး မရှိသော်လည်း ရိုးစင်းသည့် အချစ်ဇာတ်လမ်းတွေကတော့ မေဂျာအနှံ့တွင် ရှိသည်။ နိုင်ငံတကာအမြင်ရှိပြီး မာကျောသည့် လူငယ် ကဗျာဆရာ တချို့လည်း ရှိသည်။

ကိုယ့်ပျော်ရွှင်မှုကို ဈေးကွက်တင်ရောင်းစားကြသော ငွေကြေးဝါဒီ လူအနည်းငယ် ရှိကြ၏။ ထိုလူတန်းစားမျိုးကို ကျွန်တော်တို့ တက္ကသိုလ်တွင် မြင်ရသောအခါ ကျွန်တော်က ရွံရှာမိပါသည်။

ဒေး ကတော့ ကျွန်တော့်ကို သိပ်အစွန်းမရောက်ဖို့ ပြောပြတတ်ပြီး ကျွန်တော်က သူမ၏ လူသိနည်းသော အလှတရားအကြောင်း စဉ်းစားနေခဲ့သည်။

“ကလေး… မနက်ဖြန်ကျရင် ဆံပင်တွေရှေ့မှာ ကျစ်ဆံမြီး သေးသေးလေး နှစ်ခု သုံးခုလောက် လုပ်ခဲ့နော်၊ ကိုယ်ကြည့်ချင်လို့”

“ဟင့်အင်း… မလုပ်ဘူး၊ လူကိုများ သူကြည့်ဖို့အရုပ် ကျနေတာပဲ”

ဒေးသည် ထိုသို့ ကျွန်တော့်ကို အမြဲ အတိုက်အခံ ပြောတတ်သော်လည်း တကယ်တမ်း မနက်ဖြန်သို့ ရောက်သောအခါ သူမခေါင်းတွင် ကျစ်ဆံမြီးလေးများကို မြင်တွေ့ရလေ့ ရှိပါသည်။

ထိုအခါ ကျွန်တော်က ပြုံးစေ့စေ့ လုပ်နေလျှင်…

“ဒါ လုပ်ချင်လို့ လုပ်လာတာမဟုတ်ဘူး။ အိမ်က အစ်မက လုပ်ပေးလိုက်လို့ ငြိမ်ခံလာရတာ…” ဟု သူမက မလုံခြုံစွာ ဖြေရှင်းတတ်၏။ မှုန်ဝေသော ဆောင်းရာသီ နောက်ခံပန်းချီကားအတွင်း ဒေး သည် ကျွန်တော့်အတွက် အဆုံးမရှိသည့် ကဗျာတစ်ပုဒ်ဖြစ်သည်။

ဒီလိုနှင့် သချာင်္ဆောင်ရှိ အကြောင်းအရာနှင့် ရှုခင်းများကို သူမကြောင့် ကျွန်တော်က အလွတ်ကျက်ထားမိခဲ့၏။ လိုအပ်လျှင် ကျွန်တော့်အချစ်တွေ သက်သေပြရန်ဖြစ်ပါသည်။ သို့သော်… အချစ်သည် သက်သေပြစရာ မလိုဘဲ ထူးဆန်းသည့် ခံစားမှုများ ဖြစ်သောကြောင့် ကျွန်တော့်ကြိုးစားမှုအားလုံး အချည်းနှီးဖြစ်ခဲ့ရသည်။

တက္ကသိုလ်ဆိုသည်မှာ ပညာရေးသက်သက်မဟုတ်။ တက္ကသိုလ်ဆိုတာ အမျိုးသားရေး၊ ယဉ်ကျေးမှု၊ ဘ၀တန်ဖိုးများကို တည်ဆောက်ရာ၊ နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာအထိ ဖြစ်ပါသည်။

ကျွန်တော်တို့ ခံယူထားသော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတစ်ယောက်၏ အဓိပ္ပါယ်များတွင် အချစ်ဆိုသည့် စကားလုံးမှာ အနည်းငယ် သေးသိမ်လေသည်။ ဒေး သည် သေးငယ်သော ခံစားမှုဟု ကျွန်တော်တို့အဖြစ်အပျက်ကို ခေါင်းစဉ်တပ်လျှင် သဘောတူလိမ့်မည်မထင်ပေ။

သူမက ရယ်စရာကောင်းသော အစိတ်အပိုင်းများအား ကျွန်တော့်ထံတွင် မှတ်ပုံတင်ထားခဲ့သည်။ ကျွန်တော်တို့ ကျောင်း၏ နေရာအနှံ့တွင်ရှိသော စွယ်တော်ပင်လေးများကို ဒေး သည် အကြောင်းမဲ့ မုန်းတီးသူလည်း ဖြစ်၏။

“ဒီကျောင်းထဲမှာ ကိုယ်တို့နှစ်ယောက် စဆုံတဲ့နေ့ကို ကလေး မှတ်မိလား”

သူမသည် ရှက်သလိုလိုနှင့် ခေါင်းရမ်း၏။ မသိဘူးဆိုသည့် သဘော…။ ဒါပေမယ့် သူမ ထိုနေ့ကို အသေအချာသိမှန်း ကျွန်တော် သိပါသည်။

“ဖေဖော်ဝါရီ ၁၄ ရက်နေ့လေ…”

“မှတ်မိရင်လည်း ပြီးတာပဲ၊ ဘာဖြစ်လို့ လာပြောနေသေးလဲ”

ပြောပြီး ဒေး က ဟန်မဆောင်နိုင်ဘဲ ရယ်နေ၏။ သူမ၏ ထိုရယ်မောသံသည် တစ်ခါ တစ်ကြိမ်ထဲနှင့် ကျွန်တော့်နှလုံးသားကို အငိုက်မိစေခဲ့သည်။ ကျွန်တော်တို့ နှစ်ယောက်၏ အနေအထားကို အပြစ်ပြောဖို့ စောင့်နေကြသူတွေကလည်း တိတိပပ ပြောစရာမရှိဘဲ ကြာတော့ လက်လျှော့သွားကြသည်။

ကျွန်တော်ကိုယ်တိုင်ပင် ဒေး မျက်လုံးများကို ဘာသာပြန်ရာ၌ မှားယွင်းနေဆဲ ဖြစ်၏။ ဒီလို အစစ အရာရာ သေးသေးကွေးကွေး ကောင်မလေးဆီက ကြီးကျယ်သော အကြောင်းအရာမှာ ဆင်ခြင်တုံတရား ဖြစ်နေသောအခါ ကျွန်တော်က လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်မိပါသည်။

ဒေး သည် ရှားပါးသော တစ်ကြိမ်တွင် ကျွန်တော့်ကို “ကို” ဟု မတော်တဆ ခေါ်မိပြီးတဲ့နောက် တခါတရံ သူမ၏ စိတ်ကြည်လင်သည့် အခါများတွင် ကျွန်တော့်ကို ကို ဟု ခေါ်တတ်လေသည်။ ကျယ်ဝန်းသော မနက်ဖြန်များ၌ ကျွန်တော်က သူမကို အဖြူရောင်အတိုင်းပဲ ဖြတ်သန်းနေထိုင်စေလိုပါသည်။

စိတ်ညစ်စရာ ကိစ္စတွေ ကြုံတွေ့တိုင်း ကျွန်တော်က သူမဆီမှာ စကားတွေအများကြီး သွားပြောနေမိသည်။ ဒီလိုနည်းဖြင့် ရင်ထဲက ရှုပ်ထွေးလေးလံမှုများမှာ ပေါ့ပါးလာတော့၏။

သူမဘေးတွင် တခြားယောက်ျားလေးတွေက တနေ့တခြား တိုးလာသည်။ ဒေး က အားလုံးကို ပြန်ပြောပြသော်လည်း ကျွန်တော့်ထင်မြင်ချက်ကို မတောင်းတော့ပေ။ ဒါသည် မလိုအပ်တော့၍လည်း ဖြစ်နိုင်သည်။ သူမဘာသာ စဉ်းစားဖြေရှင်းနိုင်၍လည်း ဖြစ်နိုင်သည်။ ကျွန်တော် ဘုပြောလွှတ်မည်ဟု စိုးရိမ်သောကြောင့်လည်း ဖြစ်နိုင်သည်။ အားလုံး ဖြစ်နိုင်သည်။ နောက်ဆုံးတစ်ခုမှာ ကျွန်တော့်ထင်မြင်ချက်ကို မကြားရဲတာလည်း ဖြစ်နိုင်လေသည်။

ဒေး နှင့် ပတ်သက်သော မည်သည့်အရာကိုမဆို ရူးသွပ်စွာ စွဲလမ်းခဲ့ပါသည်။ လားရှိုးတက္ကသိုလ်၏ ၀ိဇ္ဇာဖက်အခြမ်းတွင် ကျွန်တော်တို့နှစ်ယောက်သည် ကျော်ကြားလာခဲ့၏။ မနက်ဖြန်တို့မှာ ညီညာသော သုညကလေးများ ဖြစ်သည်။

“ကလေး… ကိုယ် မင်းကို…”

“ဆက်ပြောလေ…”

ကျွန်တော်သည် ချောက်ကမ်းပါးထိပ်မှ စွန့်စားခန်းဆန်ဆန် ကိစ္စများအား ကို့ရို့ကားယား နိဂုံးချုပ်တတ်အောင် ကြိုးစားခဲ့ပါသည်။

“ကိုယ် မင်းကို ကားဖြေးဖြေးမောင်းဖို့ သတိပေးချင်တယ်”

သူမသည် ကြောင်အနေပြီး ခဏကြာမှ အားရပါးရ ရယ်မောလိုက်၏။ ကျွန်တော်တို့နှစ်ယောက်၏ ဘာသာစကားမလိုသော ဟာသသည် သူမခေါင်းပေါ်မှ ကျစ်ဆံမြီးလေးတွေ ဖြစ်သွားသည်။ ကျွန်တော်တစ်ယောက်ထဲသာ သိသော နူးညံ့သိမ်မွေ့သည့် ရမ္မက်တွေ ဖြစ်သွားသည်။

အခုတော့လည်း ရင်ဘတ်ထဲက လမင်းကို ပြင်ဆင်နေမိခဲ့ပြီ။ အလွမ်းများက နှင်းစက်တွေလို တဖွဲဖွဲ ကြွေကျနေ၏။ ဝေးလံတိတ်ဆိတ်သည့် တစ်နေရာတွင် ရှားပါးသော အလင်းတစ်မျိုးကို သူမက ကျွန်တော့်အတွက် ထားရစ်ခဲ့သည်။

ကုန်လွန်ခဲ့ဖူးသော အချိန်ကာလများသည်လည်းကောင်း၊ နွေးထွေးချိုမြိန်သည့် အထိအတွေ့တချို့သည်လည်းကောင်း၊ ဘ၀၏ ဖတ်စာအုပ်များကလည်းကောင်း ကျွန်တော့်မှတ်ဥာဏ်ကို ဖျားယောင်းထားနိုင်ဆဲ ဖြစ်သည်။

ဒေး ဆိုသည့် သူမနာမည်၌ မူးဝေစေသော ရနံ့တစ်မျိုး ဆွတ်ဖြန်းထားသလားဟု ကျွန်တော် သံသယဖြစ်မိသည်။ လေထုသည် ဝေဝါးပြီး မှုန်တေတေ အရသာ ဖြစ်နေ၏။ သူမ နားလည်ရန်မလိုသော ကျွန်တော့်အချစ်များကို အခန်းတစ်ခန်းတွင် ချိတ်ပိတ် သိုလှောင်ထားလိုက်ပါသည်။ (အကြောင်းမှာ နောင် လူသားသမိုင်းတွင် သူမတစ်ယောက် ကြီးကျယ်သော ကျွန်တော့်အချစ်များနှင့် ယှဉ်လျှင် သိမ်ငယ်နေမည် စိုးသောကြောင့် ဖြစ်ပါ၏။)

အနောက်ဖက်တွင် နေ၀င်တော့မည်။ ဆည်းဆာသည် ပုဇွန်ဆီရောင်များ ယှက်သန်းနေ၏။ ငှက်တချို့မှာ အိပ်တန်းပြန်သွားကြသည်။ တကယ်ဆို နေ၀င်ချိန်ကို ကျွန်တော်တို့က မုန်းခဲ့ကြဖို့ ကောင်းသည်။

နေ၀င်ချိန်၏အလှ ပြီးလျှင် အမှောင်သည် ရောက်လာတော့မည်။ ကျွန်တော်က အမှောင်ကို မုန်းသူဖြစ်သည်။ သူမ မရှိဘဲ နောက်ထပ် ရက်စွဲများကို ကျွန်တော် ဘယ်သတ္တိတွေဖြင့် ရင်ဆိုင်ရမည်နည်း။ ကမ္ဘာဦးကျမ်းထဲတွင်တော့ ဘယ်လို ခေါ်မည်မသိ…။ ကျွန်တော်က သူမကို ချစ်သည်။ သမိုင်းစာမျက်နှာများတွင် ဘယ်လို ရှိခဲ့မည်မသိ…။ ကျွန်တော်က ခေတ်ပေါ်ခံစားမှုနှင့် ရဲရင့်သစ်လွင်သော အတွေးအခေါ်ကို ချစ်သည်။

တွေးရင်းနှင့် အားလုံးသည် ရှုပ်ထွေး ဆက်ယှက်လာ၏။

“တူ…တူ…”

“ဟယ်လို…ဘယ်သူပါလဲ”

“ကိုယ်ပါ…”

“ကိုယ်ချည်းပဲလး၊ ဒါဆို ခေါင်းမပါဘူးပေါ့”

“ကလေးနဲ့ပတ်သက်ရင် ကိုယ်က ခေါင်းမရှိဘူး၊ ဆိုလိုတာက ဥာဏ်မသုံးဘူးပေါ့ကွာ၊ နှလုံးသားပဲရှိတယ်”

“ခစ်ခစ်… ခစ်ခစ်…”

ထိုသို့သော ရယ်မောသံများသည် ကျွန်တော့်နားထဲတွင် အမြဲတမ်း အမှတ်တရ ဖြစ်နေပါသည်။ ကျွန်တော်က သံယောဇဉ်၏ ရစ်ပတ်နှောင်ဖွဲ့မှုကို မကြောက်ရွံ့ဘဲ ဒေး ကို ချစ်ခဲ့မိသည်။ ဖွဖွ…။ တကယ်လို့များ ကျွန်တော်သည် သူမ၏ ရစ်ပတ်ချည်နှောင်မှုကို တစ်နေ့တွင် ကြောက်လန့်လာပါလိမ့်မည်။ ထို့အတွက် ကျွန်တော်က ယခုပင် စကားကုန် ပြောခဲ့ပါမည်။

ထိုတစ်နေ့ကို ရောက်လာလျှင် ဒီဝတ္ထုကို လက်ဝယ်ရှိသူ မည်သူမဆို ကျွန်တော့်ထံတွင် အမေရိကန်ဒေါ်လာ တစ်သိန်းနှင့် လာရောက်လဲလှယ်နိုင်ပါသည်။ သို့သော် မိတ္တူပွားခွင့်မပေးပါ။ ပထမဆုံးအကြိမ် ယခုရေးထားသောမူရင်းအတိုင်း print ထုတ်ထားခြင်းဖြစ်ရပါမည်။ သင့်အနေဖြင့် အနာဂတ်တွင် ရင်းနှီးမြှုပ်နှံသည့်အနေဖြင့် ဒီဝတ္ထုပါသော စာကို printထုတ်၍သိမ်းထားဖို့ လိုအပ်သည်ဟု ကျွန်တော် ပြောချင်ပါသည်။

အနီးစပ်ဆုံး သဲလွန်စအဖြစ် ပြောရလျှင် ကျွန်တော်က ဒေး ၏ ချည်နှောင်မှုကို ကြောက်ရွံ့လာမည့်နေ့သည် ကျွန်တော် သေဆုံးသွားသောနေ့ ဖြစ်ပါသည်။

ချွင်းချက်အနေနဲ့ကျွန်တော်ဒီနှစ်ထဲမှာလားရှိုးကိုပြန်ဖြစ်အုံးမှာပါ။ကျွန်တော်လားရှိုးမှာရှိနေတဲ့အတောအတွင်းမှာလာလည်
နိုင်မယ်ဆိုရင်လာလည်ကြဖို့ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။
ဖြိုးဇာနည့်နေ့လည့်၁း၅၀တိတိ

Links to this post
0

ကီးကြောင်နေတဲ့ကျွန်တော့်အတွေး

Posted by ဖြိုးဇာနည် on Friday, February 27, 2009 in
ကီးကြောင်နေတဲ့ကျွန်တော့်တွေး


ကျွန်တော်ဟာအတွေးသမားတစ်ယောက်ဖြစ်မှန်းမသိဖြစ်သွားတယ်။အရင်ကဆိုအားနေရင်သူငယ်ချင်းတစ်ယောက်ယောက်ကို
အချောဆွဲပြီးလ္ဘက်ရည်ဆိုင်သွားထိုင်လေ့ရှိတယ်။အဲဒါဟာအရင်ကပါအခုတော့ကျွန်တော်နဲ့လ္ဘက်ရည်လိုက်သောက်ချင်တဲ့သူငယ်
ချင်းဆိုရင်တော်တော့်ကိုရှားသွားပါပြီ။အကြောင်းရင်းကတော့ကျွန်တော်ဟာလ္ဘည်ရည်ဆိုင်ရောက်တာနဲ့လ္ဘက်ရည်ခွက်ရှေ့မှာချပြီး
ခေါ်လာတဲ့သူငယ်ချင်းကိုလည်းစကားမပြောဖြစ်တော့ဘူး။တစ်ယောက်ထဲငြိမ်ပြီးကျွန်တော်တွေးငေးနေတော့တာတဲ့။ဒီကောင်
တွေပြောပြကြတာကတော့ကျွန်တော်ဟာလ္ဘက်ရည်ဆိုင်ရောက်ရင်တော်တော်နဲ့ပြန်တတ်တဲ့အကျင့်မရှိတော့ဘူးတဲ့။ကျွန်တော့်
ဖက်ကလည်းဒီလိုဗျအိမ်မှာနေရင်အဖိုးကဂျီလိုက်အဖွားကဆူလိုက်နဲ့ကောင်းကောင်းကိုဖီလင်ထည့်လို့မရဘူး။ဒါကြောင့်လ္ဘက်ရည်
ဆိုင်မှာလာပြီးသီချင်းလေးနဲ့လာလာငြိမ့်တတ်ရင်းကနေကြာလာတော့အိမ်မပြန်ပဲလမ်းမှာနေရတဲ့လွပ်လပ်မူကိုသိလာတယ်။ပိုပြီး
သိသာတာကအိမ်မှာဖိုးဖိုးဖွားဖွားတို့ရဲ့တရားသံတွေအောက်မှာသီချင်းဖွင့်ခွင့်မရတဲ့ဒုက္ခကနေကောင်းကောင်းကြီးလွတ်လာတာကို
ပါပဲ။ကျွန်တော်ကMusic Crazyတစ်ယောက်လေ။ရူးသွပ်တယ်ကြွေတယ်ဒါပေမဲ့ဒီလိုင်းပေါ်ကိုလျှောက်ဖို့အတွက်ကတော့ကျွန်တော်
မကြိုးစားဖြစ်ဖူး။သေချာတာတစ်ခုကတော့ကျွန်တော်ဟာတစ်နေ့နေ့မှာဒီလမ်းကြောင်းပေါ်ကိုရောက်လာမယ်ဆိုတာကိုပါပဲ။နိုးပါ
အခုတော့ဝေးလွန်းပါသေးတယ်။အခုကတော့လမ်းကြောင်းတွေအများကြီးထဲကမှကျွန်တော့်ရဲ့မပြီးပြတ်သေးတဲ့ပညာရေးလမ်း
ကြောင်းပေါ်မှာပဲကျွန်တော်ပြေးနေတုန်းပါပဲ။အဖေအမေတို့ရဲ့တစ်ဦးတည်းသောသားဆိုတဲ့ဂုဏ်ပုဒ်ရဲ့နောက်မှာကျွန်တော့်အတွက်
အခွင့်အရေးပေါင်းများစွာကပ်ပါလာခဲ့သလိုအခွင့်အရေးတချို့ကိုလည်းကျေကျေနပ်နပ်နဲ့အဆုံးရှုံးခံခဲ့ဖူးပါတယ်။ဖြစ်ချင်တာအချို့ကို
ပေါ့။ဒါကြောင့်ပဲကျွန်တော်ဟာအခုဆိုရင်စိတ်ကသာလုပ်ချင်ပြီးလူကလိုက်မလုပ်နိုင်သေးပါဘူး။အချိန်အတိုင်းအတာတစ်ခုလောက်
အထိစောင့်ပြီးရင်ကျွန်တော့်ကိုလွတ်လပ်ခွင့်ပေးမယ်လို့တော့ကျွန်တော့်မိဘတွေကပြောပါတယ်။ကျွန်တော်တွေးကြည့်မိတယ်။
လူတစ်ဟောက်မှာဦးနှောက်တစ်ခုဆီပိုင်ဆိုင်ကြတယ်။တချို့ကဒီဦးနှောက်ကိုအသုံးပြုပြီးသက်တောင့်သက်သာနဲ့ဝမ်းဝအောင်စွမ်း
ဆောင်နိုင်ပေမဲ့အချို့အချို့သောလူတွေဟာလည်းခန္ဒာကိုယ်ရဲ့အင်အားကိုရင်းနှီးပြီးဝမ်းတစ်လုံးပြည့်ဖို့ရန်အတွက်ရုန်းကန်နေကြရ
တယ်။ဒီလိုပဲအရှေ့ကိုလျှောက်ရင်းနဲ့အနောက်ကိုရောက်သွားကြတဲ့သူတွေလည်းအများကြီးပါပဲ။မွေးပြီးပြီးချင်းသေသွားတဲ့သူတွေရှိ
သလိုသက်တမ်းစေ့နေသွားကြရတဲ့သူတွေလည်းအများကြီးပါပဲ။ထမင်းစားပြီးအလုပ်လုပ်နေကြရတဲ့သူတွေရှိသလိုထမင်းရည်
သောက်ပြီးမိသားစုအတွက်ဘဝကိုရုန်းကန်နေရတဲ့သူတွေလည်းရှိပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့ဘဝဆိုတဲ့အရာကိုပေါ့
ပေါ့တန်တန်ဖြတ်သန်းနေနိုင်ကြတဲ့သူတွေကိုချီးကျုးတယ့်အံ့လည်းအံ့သြမိတယ်။ကျွန်တော်ဟာဘာလို့သူတို့လိုမနေနိုင်ရတာလဲ?
သူတို့တွေဟာအရာရာကိုပေါ့ပေါ့တန်တန်သဘောထားတယ်အတွေးအခေါ်သိပ်မလုပ်ကြဘူး။ကျွန်တော်ဖြတ်သန်းလာခဲ့တဲ့ဘဝသက်
တမ်းတစ်လျှောက်မှာကျွန်တော့်ရဲ့ဘဝဖြတ်သန်းမှုမှန်သမျှဟာကျွန်တော့်အတွက်လေးနက်နေတယ်လို့ကျွန်တော်ခံစားရတယ်။ကျွန်
်တော်ကိုယ်တိုင်လည်းသူတို့လိုနေကြည့်ဖို့ကြိုးစားတိုင်းမအောင်မြင်ခဲ့ဘူး။တစ်ခါတစ်လေမှာဘဝဆိုတာကြီးကိုသူတို့လိုသဘောထား
မျိုးနဲ့ဖြတ်သန်းနေရတာဟာတော်တော်လေးသက်တောင့်သက်သာရှိသွားနိုင်စေလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ကျွန်တော်ပြောနေ
တဲ့အဓိပ္ပယ်ကဘဝကိုပေါ့ပေါ့တန်တန်ဖြတ်သန်းကြပါလို့တိုက်တွန်းနေတာမဟုတ်ဖူးနော်။တစ်ခါတစ်လေစိတ်ထွက်ပေါက်မဲ့နေတဲ့အ
ချိန်မျိုးမှာအဲဒီနည်းလမ်းလေးဟာအကောင်းဆုံးဖြစ်နိုင်တယ်လို့ထင်မိလို့ပါ။ကျွန်တော်ကတော့မရတော့ပါဘူးနည်းလမ်းလေးတော့ရ
နေပါရဲ့ဒါပေမဲ့ကျွန်တော်ဟာငယ်စဉ်ကထည်းကလေးနက်မှုနဲ့နေသားကျလာတဲ့အတွက်အခုအချိန်မှာကျွန်တော်ဟာဘယါအရာကိုမ
ဆိုစဉ်းစားပြီးမှလုပ်ဆောင်တတ်လာတယ်။ဘာမှအရေးမပါတဲ့ကိစ္စလေးတွေကိုတောင်မှကျွန်တော်စဉ်းစားတတ်တဲ့အကျင့်ကြီးတစ်ခု
ဖြစ်နေပြီ။ကုန်ကုန်ပြောရရင်ကျွန်တော်ဟာလ္ဘက်ရည်ဆိုင်ထိုင်ရင်တောင်မှအတွေးတွေနဲ့ထိုင်နေတတ်တဲ့အကျင့်ပါဖြစ်နေခဲ့ပြီ။အခုဆို
ရင်ကျွန်တော်နဲ့လ္ဘက်ရည်အတူသောက်မဲ့သူငယ်ချင်းဆိုရင်တော်တော်လေးရှားပါးသွားပါပြီ။
ဒါကြောင့်ကျွန်တော့်ကိုယ်ကျွန်တော်သိနေပါတယ့်ကျွန်တော်ဟာအတွေးသမားတစ်ယောက်ဖြစ်မှန်းမသိဖြစ်သွားတယ်။

ဖြိုးဇာနည့်ကီးကြောင်နေတဲ့အတွေးမျာ့းညနေ့၎း၂၅တိတိ

Links to this post
1

တရားခံဘယ်သူလဲ

Posted by ဖြိုးဇာနည် on Friday, February 27, 2009 in
တရားခံဘယ်သူလဲ

တစ်နေ့က mail ထဲမှာ သူငယ်ချင်းတစ်ယောက်ပို့ပေးမှသိရတဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်ကလေးပါ။

လွန်ခဲ့တဲ့ (၁၀) နှစ်လောက်ကတဲ့ မြီု့လေးတစ်မြီု့မှာ သားအမိသုံးယောက်နေကြ သတဲ့။ အဖေကတော့မရှိတော့ဘူးတဲ့။ သားကလေးက (၈) နှစ်သားလေး။ သမီးလေးက (၆)လတဲ့။

ချို့တဲ့ကြတော့ တစ်နေ့စားဖို့ကိုတစ်နေ့လုပ်ရတယ်တဲ့။ အမေလုပ်သူက မနက် တစ်ခါ ဈေးသွားရောင်း၊ ပြန်လာရင်ဆန်လေးဆီလေးဝယ်လာပြီး မွန်းလွဲပိုင်းလောက်ဆိုရင်တစ်ခေါက်ပြန်ထွက်ရတယ်ဆိုပဲ။ ဈေးရောင်းတယ်ဆိုတာကလည်း အရပ်ထဲမှာလည်ပြီးရောင်းရတာကိုး။

အမေလုပ်သူဈေးသွားရောင်းချိန်မှာ သားကလေးက ထမင်း၊ဟင်းချက်ထားတယ်တဲ့။ ညီမလေးကိုလည်း ထိန်းရင်းပေါ့။ ခိုင်းတာကိုမလုပ်ထားရင်လည်း အသေတီးခံရတယ်တဲ့။

တစ်နေ့တော့ အမေလုပ်သူ ဈေးသွားရောင်းခါနီးမှာ သားလေးက "အမေ သားဒီနေ့ဘာ ဟင်းချက်ထားရမလဲလို့မေးနေကျအတိုင်းမေးလိုက်သတဲ့"

အဲဒီမှာအမေလုပ်သူက ရုတ်တရက် ကလေးကိုနောက်လိုက်သတဲ့။ "သားရယ် အမေတို့မှာချက်စရာဘာမှ မရှိတာကွယ်၊ အမေပြန်လာမှ ချက်ရမှာပေါ့၊ သားချက်ချင်ရင် ညီမလေးကိုချက်ထားလိုက်ပေါ့" လို့ ပြောလိုက်သတဲ့။ အဲဒီမှာ ကလေးကလည်း အဟုတ်ကြီးမှတ်ပြီးတော့ လုပ်ထားတာပေါ့။

ညနေ အမေလုပ်သူပြန်လာတော့ ညီမလေးကို ဆနွင်းနဲ့၊ မဆလာနဲ့ ကျကျနန နယ်ပြီးချက်ထားတဲ့သားလုပ်သူကိုတွေ့ရတော့တာပေါ့။ သားကလေးကလည်း မျက်ရည်ရွဲလည်း နှင့် တုန်တုန်ယင်ယင်ဖြစ်နေတာတဲ့။ အမေလုပ်တဲ့သူကို ဘာပြန်ပြောပြလည်းဆိုတော့ "မေမေရယ် မေမေချက်ခိုင်းလို့သာ ချက်ရတာ၊ ညီမလေးကလေ ငိုလိုက်တာ အရမ်းပဲ တဲ့၊ သားလည်း ညီမလေးနဲ့ ရောပြီးငိုလိုက်ရတာ" တဲ့။ အဲဒီအချိန်မှာသားကလေးက အရမ်းလန့်နေပြီတဲ့။ မအေလုပ်သူလည်း ဒီတော့မှ ယူကြုံးမရဖြစ်ပြီး အရူးမီးဝိုင်းဖြစ်နေတာပေါ့။

နောက်တော့ ကလေး ကို ပြုပြင်ရေးကျောင်းကိုပို့လိုက်ကြပါတယ်။ ဘာဘဲပြောပြောသူက လူသတ်သမားဖြစ်သွားပြီကိုး။ ကလေးက စိတ်ပိုင်းဆိုင်ရာမှာလည်း အများကြီး ချို့ယွင်းသွားတယ်တဲ့။ အဲဒီကနေပြီးတော့ သူ ဆယ်တန်းအောင်ပြီး၊ ခုတော့ Uni တောင်ရောက်နေပါပြီတဲ့။ ဒါပေမဲ့ သူ့မှာ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ အများကြီး ရုန်းကန်ရင်ဆိုင်နေရဆဲပါတဲ့။

ကျွန်တော်လေ ဒီအဖြစ်အပျက်ကို ကြားလိုက်ရတော့ ဘာစကားမှမပြောနိုင်ဖြစ်သွားပါတယ်။ အဲဒီကလေးကိုသနားတာရော၊ ဘာကိုဒေါသထွက်လို့ထွက်တာမှန်းတောင် ကိုယ့်ကိုကိုယ်မသိတဲ့ ဒေါသတစ်မျိုးလဲ ထွက်မိပါတယ်ဗျာ။ တကယ်ပါပဲ။
ဖြိုးဇာနည့်ည့၇း၀၅တိတိ

Links to this post
1

ကြယ်ကြွေစောင့်သူ

Posted by ဖြိုးဇာနည် on Wednesday, February 25, 2009 in
ဒေးဖတ်ဖို့ ကြယ်ကြွေစောင့်သူ


  1. ကြယ်တွေ စုံပါတယ် ... လမင်းလဲပြုံးနေတယ် ... တိမ်တွေလဲ အဝေးကိုဖယ်နေတယ်... သိပ်လှတဲ့ဒီလိုညမှာ ကျွန်တော်.. ကြယ်တွေကို ကျွန်တော် ရင်မောစွာ ရေတွက်နေမိတယ်.... ရေတွက်လိုက် ရောသွားလိုက် အစကပြန်ရေလိုက်နဲ့ ဒီလိုလှပတဲ့ညကို ကျွန်တော် ခံစားချက်မဲ့စွာ ကုန်ဆုံးစေနေတယ်...

  2. တကယ်တော့ ကျွန်တော် လိုချင်တာ လမင်းရဲ့အပြုံး မဟုတ်သလို ကြယ်တွေ အရေအတွက်လဲမဟုတ် ပါဘူး... ကျွန်တော် လိုချင်တာ ကြယ်ကြွေတာပဲ စိတ်ထဲကလဲ ကြယ်တွေ မြန်မြန်ကြွေပါတော့လို အားမလို အားမရ ဆုတောင်းနေမိတယ် ...



  3. ဟော ကြယ်ပွင့်လေးကြွေပါပြီ... ကျွန်တော် စိတ်ထဲကပဲ အသိရော တသိရော ကင်းမဲ့နေတဲ့ ဖြူဖျော့ဖျော့ ချစ်သူမျက်နှာလေးကို အာရုံပြုပြီး ဆုတောင်းလိုက်တယ် ... “ချစ်သူ နေအမြန်ကောင်းပါစေ .. ချစ်သူ အသက်ရှည်ပါစေ” လို့

  4. ဆရာဝန်တွေလက်လျော့ ထားတဲ့ ချစ်သူရဲ့အခြေအနေအတွက် ကျွန်တော် ဆုတောင်းရုံကလွဲပြီးဘာမှမလုပ်နိုင်ဘူးလေ... အမှန်တော့ ကျွန်တော် ချစ်သူနားမှာ တစက္ကန့်မခွာပဲ အဖော်ပြုနေချင်တာပါ.. ဒါပေမယ့် .. သူ့မိဘကခွင့်မပြုတော့ အခုလိုကွင်းပြင်ကျယ်ကြီးမှာ ကြယ်ကြွေစောင့်ရင်း ဆုတောင်းရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူး ....



  5. ကြယ်ကြွေရင် ဆုတောင်းသမျှပြည့်တယ်လို့ လူတွေပြောတာကို ကျွန်တော် မျက်စိမှိတ်ယုံလိုက်တယ်.... ဒီအချိန်မှာ ကျွန်တော်ချစ်သူ နေကောင်းဖို့ဆိုရင် ဘာမဆို ကျွန်တော် လုပ်မှာပါပဲ.... ချစ်သူ မကြိုက်တာကလွဲရင်ပေါ့... တကယ်ပါ... ချစ်သူနေကောင်းမယ်ဆိုရင် သူနဲ့အတူ မနေရဘူးဆိုရင်တောင် ကျေနပ်တယ်... သူ့မျက်နှာလေးမြင်ရုံနဲ့ကျွန်တော် ရှင်သန်နိုင်တယ်... သူ့မျက်နှာမမြင်ရဘူး ဆိုရင်တောင် သူ့ အသံလေးကြားရင်လဲ ကျွန်တော်ကျေနပ်ပါတယ်.... နောက်ဆုံး သူ့မျက်နှာလဲမမြင်ရ သူအသံလဲမကြားရဘူး ဆိုရင်တောင် သူ အသက်ရှင်နေတယ်ဆိုတဲ့ အသိကလေးနဲ့ ကျွန်တော် ရှင်သန်နေချင်တယ်.....



  6. အတွေးတွေ သူဆီရောက်သွားပေမယ့် ကျွန်တော် မျက်လုံးတွေ ကြယ်တွေကနေ မခွာနိုင်သေးဘူး.... ကျွန်တော်ဆုတောင်းရဦးမယ်... ဟော... နောက်ထပ်ကြယ်လေးတပွင့် ကြွေပြန်ပြီ... ကျွန်တော် ထပ်ခါထပ်ခါ ဆုတောင်းနေမိတယ်.... ညကလဲ ကြယ်တွေ ကြွေလိုက်တာ လို့တောင်ထင်မိတယ်... ဒါ.. ကျွန်တော်ဆုတောင်းဖို့ အခွင့်အရေးပေးနေတာလားပဲ... ကျွန်တော်ကို နမိတ် ပြတာပဲလား... မတွေးဝံ့တဲ့ အတွေးတွေ ခေါင်းထဲ ၀င်လာသလို... message တခုလဲ ဖုန်းထဲဝင်လာတယ်.... သြော် .... ကျွန်တော်ချစ်သူ... သူလဲ ကြယ်တွေလို ကြွေလွင့်သွားပြီတဲ့....



  7. ကျွန်တော် အရုပ်ကြိုးပြတ်သလို မြေပြင်ကိုဒူးထောက်ကျသွားတယ် ... ကျွန်တော် ငိုတယ်... မျက်ရည်တွေ ရစ်ဝိုင်းနေတဲ့ မျက်ဝန်းတစုံနဲ့ကောင်းကင်ကို မော့ကြည့်ရင်း.... တသက်မှာ တစ်ခါပဲတောင်းတဲ့ ဆုတောင်းတောင် မဖြည့်ပေးနိုင်တဲ့လောကကို ကျွန်တော်အပြစ်တင်လိုက်တယ်.... ကျွန်တော်မျက်ရည်တွေနဲ့မသဲကွဲပေမယ့် ... သေချာတာက နောက်ထပ်ကြယ်ကြွေတာပဲ....



  8. ကျွန်တော်အခုမှ သိလိုက်တယ်... ကြယ်တွေလဲ ကြွေတယ်... လူတွေလဲ သေတယ်... ဘာတခုမှမတည်မြဲတဲ့ဘ၀ထဲ ကျွန်တော့်ချစ်သူ အသက်ခန္တာ တည်မြဲဖို့ ... ကျွန်တော် ကြယ်ကြွေဖို့ ဆုတောင်းနေခဲ့တယ်.... ကြယ်ကြွေတော့ ပျော်တယ် ... ချစ်သူကြွေတော့ ငိုတယ်.... တရားမရှိတဲ့ ကျွန်တော့်အတွက် လောက ကြီးက တရား ကိုပြခဲ့တယ်... တောင်းပန်ပါတယ် ကြယ်လေးတွေရယ် ...



  9. ဒီတစ်ကြိမ်တော့ ကြယ်တွေ ကြွေကြွေ မကြွေကြွေ ကျွန်တော် ရင်ထဲကစိတ်ရင်းအမှန်နဲ့ မတည်မြဲတဲ့လောကသဘောတရားကို မဆန့်ကျင်တော့ပဲ ဆုတောင်းလိုက်တယ်...



  10. “ ဒီ ကြယ်တွေ ကျွန်တော် ချစ်သူလိုပဲ အကြွေမစောပါစေနဲ့ ” လို့ .....................



ဖြိုးဇာနည့်ည့၁၁း၂၀တိတိ

Links to this post
1

ယောက်ျားတွေ ဘာကြောင့်လိမ်ပြောကြ တာလဲ ??????

Posted by ဖြိုးဇာနည် on Monday, February 23, 2009 in
ယောက်ျားတွေ ဘာကြောင့်လိမ်ပြောကြ တာလဲ ??????

တနေ့ သောအခါ သစ်ခုတ်သမား တစ်ယောက် သည် မြစ်ကမ်းနဘေး ရှိ သစ်ပင်ကိုခုတ်ရင်း အရှိန်လွန်ကာ ပုဆိန် ရေထဲသို့ ပြုတ်ကျသွားလေသည်။ ပြန်ရှာမရတဲ့အဆုံး.. သစ်ခုတ်သမားလဲ ၀မ်းနည်းစွာ ငိုကြွေးလေ၏... ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..

မြစ်စောင့်နတ် - ဘာကြောင့် များငိုနေရတာလဲ အသင်လူသား
သစ်ခုတ်သမား - ကျွန်တော့် ပုဆိန် ရေထဲပြုတ်ကျသွားလို့ပါ.. ထိုပုဆိန်နဲ့ပဲ ကျွန်တော် သက်မွေးရတာပါ အရှင်.. အသစ်လဲမ၀ယ်နိုင်ပါဘူး...

ဟုအမှန်အတိုင်းဖြေလိုက်တော့ မြစ်စောင့်နတ်လဲ ကိုယ်ရောင်ဖျောက်ပြီး .. ခဏအကြာ ရွှေပုဆိန် နဲ့ ပြန်ရောက်လာပြီး
မြစ်စောင့်နတ် - ဒါသင့်ပုဆိန်လား
သစ်ခုတ်သမား - မဟုတ်ပါဘူး

ထိုအခါ မြစ်စောင့်နတ် လဲ ငွေပုဆိန်ကိုပြပြီး
မြစ်စောင့်နတ် - ဒါရောသင့်ပုဆိန်လား
သစ်ခုတ်သမား - မဟုတ်ပါဘူး

ထိုအခါ မြစ်စောင့်နတ်လဲ သံပုဆိန်ကို ပြပြီး
မြစ်စောင့်နတ် - ဒါရော သင့်ပုဆိန်လား
သစ်ခုတ်သမား - ဟုတ်ပါတယ် ..ကျွန်တော်မျိုး ပုဆိန်ပါ

ဟုဖြေလိုက်သော် မြစ်စောင့်နတ် လည်း ကျေနပ်ပြီး သစ်ခုတ်သမား ၏ ရိုးသားမှုကို အသိအမှတ်ပြုသော အားဖြင့် ပုဆိန်သုံးလက်စလုံးကို သစ်ခုတ်သမားအားပေးလိုက်လေသည်....

ကာလအတန်ကြာသော် ထိုသစ်ခုတ်သမား တို့ လင်မယားသည် မြစ်ကမ်းနဘေး တွင်လမ်းလျှေက်နေစဉ် သူ၏ဇနီးမှာ ခြေချော်ပြီး ရေထဲသို့ပြုတ်ကျသွားလေသည်... ပြန်ရှာမရတဲ့အဆုံး.. သစ်ခုတ်သမားလဲ ၀မ်းနည်းစွာ ငိုကြွေးလေ၏... ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..

မြစ်စောင့်နတ် - ဘာကြောင့် များငိုနေရတာလဲ အသင်လူသား
သစ်ခုတ်သမား - ကျွန်တော့်မိန်းမရေထဲပြုတ်ကျသွားလို့ပါ အရှင်
ဟုအမှန်အတိုင်းဖြေလိုက်တော့ မြစ်စောင့်နတ်လဲ ကိုယ်ရောင်ဖျောက်ပြီး .. ခဏအကြာ “သင်ဇာဝင့်ကျော်” နဲ့ ပြန်ရောက်လာပြီး


မြစ်စောင့်နတ် - ဒါသင့် မိန်းမလား ဟုမေးသော်
သစ်ခုတ်သမား - ဟုတ်ပါသည် အရှင်နတ်မင်းကြီး

ထိုအခါမြစ်စောင့်နတ်လဲ ဒေါသထွက်ပြီး .. “သင် လိမ်ပေသည် မမှန်စကားကိုဆိုလေသည်” ဟုပြောသော်

သစ်ခုတ်သမားက “ခွင့်လွတ်ပါ.. အရှင် နတ်မင်းကြီး ... ကျွန်တော်လိမ်ချင်လို့ လိမ်ရခြင်းမဟုတ်ပါ...အကယ်၍ “သင်ဇာဝင့်ကျော်” ကို ကျွန်တော့် မိန်းမ မဟုတ်ပါဘူး ဖြေလိုက်သော် .. နတ်မင်းကြီး လည်း “မိုဟေကို” ကိုပြပေလိမ့်မည်... အကယ်၍ “မိုဟေကို” ကို ကျွန်တော့် မိန်းမ မဟုတ်ပါဘူး ဖြေလိုက်သော် .. နတ်မင်းကြီး လည်း ကျွန်တော် မိန်းမ ကိုပြပေလိမ့်မည်... ထိုအခါ ကျွန်တော်မျိုးက အမှန်အတိုင်း ဟုတ်ပါသည် ဟုဖြေသော် အရှင် နတ်မင်းကြီး က ကျွန်တော့်ကို မိန်းမသုံးယောက်စလုံးပေးပေလိမ့်မည် ...။ အရှင် နတ်မင်းကြီး ကျွန်တော်မျိုးသည် အလွန်ဆင်းရဲ ပါသည် ထိုကြောင့် ဘယ်လိုမှ မိန်းမသုံယောက်ဝမ်းဝအောင် ရှာမကျွေးနိုင်ပါ .. ထိုကြောင့် “တင်ဇာဝင့်ကျော်” ကို ကျွန်တော့် မိန်းမ ပါဟု ဖြေလိုက်ရခြင်းဖြစ်ပါတယ် ”

ထိုအခါ မြစ်စောင့်နတ် လဲ လွန်စွာ ကျေနပ်ပြီး သစ်ခုတ်သမား ၏ ရိုးသားမှုကို ဂုဏ်ပြုသောအားဖြင့် မိန်းမသုံးယောက်လုံး ကိုပေးပြီး အသက်စာ စာမကုန်သော စည်းစိမ်တို့ကို ပါပေးလိုက်လေသည်.. ။ ။

ဤ ပုံပြင်လေး ၏ အဓိက ရည်ရွယ်ချက်ကတော့ ... ယောကျာ်းများ လိမ်ပြောသည်ဆိုရာတွင် လိမ်ချင်၍ မဟုတ်ပဲ.... အများ ကောင်းကျိုးအတွက် ရိုးသားစွာ လိမ်ခြင်း ဖြစ်ပါကြောင်း ..... “အဖြူရောင် မုသား” များသာဖြစ်ကြောင်းသိစေလို၍ ဖြစ်ပါသည် .....


မှတ်ချက် ။ ။ အထက်ပါဖော်ပြပါ ပုံပြင်သည် “ကျွန်တော်၏ ပင်ကို အတွေး လား ” ဟု မေးခဲ့သော်... “မဟုတ်ပါ” ဟုဖြေရပါလိမ့်မည်... ကျွန်တော့်ထံ ရောက်လာသော english လိုရေးထားသော ပုံပြင်အား မြန်မာလို သင့်လျော်သလို ပြန်ဆို ပြီး အချို့နေရာများတွင် ဖြည့်စွတ်ထားခြင်းဖြစ်ကြောင်း ရိုးသားစွာ မလိမ်မညာ ၀န်ခံအပ်ပါသည် ... အပေါ်ကလိုသင်ဇာဝင့်ကျော်ကိုရမည်ဆိုလျှင်တော့လိမ်ချင်လိမ်မိပါမယ့်ဟီးဟီး

ဖြိုးဇာနည့်ည့၁၁း၄၅တိတိ

Links to this post
0

တရားနာမယ်

Posted by ဖြိုးဇာနည် on Sunday, February 22, 2009 in
တရားပေါက်တာတော့ဟုတ်သေးဘူးနော့်ဟီ့းနဲနဲပါးပါးတော့လိုက်စားနေတုန်းပါပဲ။

http://majjhimagonyi.info/ (အရှင်ကောဝိဒ-မဇ္ဈိမဂုဏ်ရည်)

http://www.paauktawya.org/ (ဖားအောက်တောရဆရာတော်)

http://www.phyusayadaw.com/ (ဖြူးဆရာတော်)

http://www.theravada-3p.org/ (ဆရာဦးမြင့်လွင်-သန့်တည်ပွား)

http://www.mogokinsightny.org/ (မိုးကုတ်ဆရာတော်ဘုရားကြီး)

http://realenlightenment.org/ (အရှင်ဥတ္တမသာရ)

http://www.lknt.org/ (အရှင်လောကနာထ)

http://lknt115.blogspot.com/ (အရှင်လောကနာထ)

http://kathitwinemyanmar.blogspot.com/ (ကသစ်ဝိုင်ဝိပဿနာ ဓမ္မရိပ်သာ)

http://www.dhammaduta.co.cc/ (အရှင်ဆေကိန္ဒ-ဓမ္မဒူတ)
နီးစပ်ရာလေးတွေပါ မျှဝေပေးပါဦး
အလှူတကာအလှူတွင်တရားအလှူသည်အမြတ်ဆုံးဖြစ်၏
ဤဆိုက်လေးများဖြန့်ဝေပေးချင်းဖြင့် တရားအလှူပြုလုပ်ပေးနိုင်ပါတယ်။
သူငယိချင်းတို့........တရားလေးဘာလေး နာရင်းကူသိုလ်ယူနိုင်ကြပါစေ..........
ဟီးဟီး...........မရီပါနဲ့နော်............ငယ်ရွယ်တုန်း....ဦးနှောက်ဥာဏ်ထက်မြက်နေတုန်းမှာဘာသာတရားကို
လေ့လာတာအရမ်းကောင်းတယ်လို့ကျွန်တော်Gtalkကအကို-ကိုတင်မိုးအောင် ကပြောလို့ပါ..........

Links to this post
1

ဝိညာဉ်တစ်ကောင်ရဲ့လွမ်းချင်း

Posted by ဖြိုးဇာနည် on Saturday, February 21, 2009 in
ဝိညာဉ်တစ်ကောင်ရဲ့လွမ်းချင်း

ပျင်းလွန်းလို့ကွန်ပျူတာရှေ့ထိုင်လိုက်သည် ဘာလုပ်ရင်ကောင်းမလဲ ဟိုလုပ်ဒီလုပ်နှင့်ကြာ တော့လည်းပျင်းလာသည်။ ဝက်ဆိုက်တွေလဲ ကြည့်ရတာညောင်းလာသည်။ သူချက်ရွန်း ထဲဝင်လိုက်သည် အပျင်းပြေပေါ့။ သူ့နစ်နိမ်းကိုသူကြည့်ပြီးပြုံးသည် အထုတ်ရှုပ် တဲ့သူဘာ သာသူသဘောကျစွာတစ်ချက်ရယ်သည်။ ချက်ရွန်းထဲမှနစ်နိမ်းတော်တော်များများကို သူလိုက် ကြည့်သည်ချက်ချင်စိတ်မရှိ ပျင်းဖို့ကောင်းလိုက်တာ။ ဝါးကနဲတစ်ချက်သန်းဝေလိုက်သည် ခုမှ (၇) နာရီထိုးရုံရှိသေးသည် မအိပ်ချင်သေး အချိန်တွေကိုအိပ်စက်ချင်းနှင့်ကုန်လွန်ပစ်လိုက် ရမှာကိုသူနှမျှောသည်။ ဒီအတိုင်းတော့ဘယ်ရမလဲ နည်းနည်းတော့ရှုပ်လိုက်ဦးမည် အပျင်းပြေ ပေါ့။ သူနစ်နိမ်းတွေကိုလျှောက်ကြည့်ရင် နစ်တစ်ခုကိုသွားတွေ့သည် အရူမလေး တဲ့နစ်နိမ်း ကိုကြည့်ပြီးသူနည်းနည်းစိတ်ဝင်စားသွားသည်။ အပျင်းပြေပေါ့ကောင်မလေးရေ အထုတ်ရှုပ်နဲ့ အရုးမလေး အွန်လိုင်းတိုက်ပွဲတစ်ခုစတင်ကြရအောင်လား။

နစ်နိမ်းပေါ်သို့ကလစ်တစ်ချက်ခေါက်လိုက်သည်။

“ဟိုင်း´´

ထို့နောက်သူကပင်စတင်နှုတ်ဆက်လိုက် သည်။ တိုက်ပွဲခေါ်သံပေါ့ကောင်မလေးရေ…..

သိပ်မကြာလိုက် ကွန်ပျူတာဖန်သားပြင်ပေါ်သို့စာလုံးတစ်လုံခုန်ပေါက်တက်လာသည်။

“ဟိုင်း ဖရန့်´´

ထို့နောက်မှာတော့…

“မင်းကအရူးမလေးဆိုတော့စိတ်မနှံတာလား စိတ်ရောဂါအထူကုကိုသွားလေ´´

“ဒါပေါ့ရှင်လူတိုင်းက တစ်ယောက်တစ်မျိုးစီရူးနေကြတာပဲ သြော်ဒါနဲ့ရှင်ပုံကြည့်ရတာအဲ့ဒီ ပြန်လာပြီးပြီထင်တယ်´´

“ဟင့်အင်းငါက အဲ့ဒီကိုသွားစရာတောင်မလိုဘူးငါ့အတွက် ကော်ဖီကောင်းကောင်းတစ်ခွက် ရယ် စာအုပ်ကလေးတစ်အုပ်ရယ်ရှိရင်လုံလောက်ပြီ´´

“ဘာလဲရှင်က စာသမားပေသမားလား´´

“နိုး သမားဆိုတဲ့အဓိပ္ပါတယ်ကတော်တော် ကျယ်ပြန့်တယ်ကွ ငါ့ကိုယ်ငါစာသမားပေသမား လို့တော့မခ၀ံ့ယူပါဘူး ပြောချင်ရင်တစ်ခုတော့ပြောလို့ရတယ် စာဖတ်သမားလို့´´

“ဒါဆိုရှင်ကစာအုပ်တော်တော်များများဖတ်ဖူးတယ်ပေါ့ ´´

“ဆိုပါတော့´´

“ရှင်ကဗဟုသုတ ကြွယ်မှာပေါ့နော် စာတွေများများဖတ်တယ်ဆိုတော့´´

“အဟား ငါမှာအကျင့်တစ်ခုရှိတယ်ကွ´´

“ဘာအကျင့်လဲ´´

“ဒီနေ့ကိစ္စတွေကို နောက်နေ့သတိမရတတ်တဲ့အကျင့်´´

“ဒါဆိုရှင်ကလွယ်လွယ်နဲ့ မေ့တတ်တဲ့လူစားမျိုးပေါ့´´

“အင်း..ငါကပေါ့ပေါ့ပါးပါး နေတတ်တဲ့လူတစ်ယောက်ပါ´´

ထို့နောက်သူမနဲ့ကျွန်တော်စကားနည်းနည်းပါးပါးပြောပြီး ကွန်ပျူတာကိုပိတ်ကာအိပ်ပစ်လိုက် သည်။ထိုညကျမှထူးထူးဆန်းဆန်း ကျွန်တော်စိတ်ရောဂါအထူးကုသို့ရောက်သွားသည်ဟု အိပ်မက်မက်သည်………………….

(…………)

ဘ၀ကိုအလျားလိုက်ဖြတ်သန်းရသည်မှာပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသည် ပုံစံခွက်တွေချကာ နေရသောဘ၀ကိုမုန်းသည်။ ၀တ်ကောင်းစားလှတွေဝတ်ကားကြီးစီးပြီး ဟန်းဖုန်းကိုဟန်ပါပါ ပြောတတ်သော ညဘက်ကာရာအိုကေသွားတတ်သူကိုလူကြီးလူကောင်းဟုပြောကြသည်။ ကိုယ်လုပ်ချင်တာကိုလွတ်လပ်စွာလုပ်တတ် တဲ့သူကိုတော့လူကြီးစကားနားမထောင်ဘူး လူဆိုးလေးဟုသတ်မှတ်ကြသည်။ လူကြီးလူကောင်းဆိုတာဘာကိုခေါ်တာလဲ?

နံရံကိုကျောမှီထားရင်းမှသောက်လို့ကုန်သွားသောအအေးဘူးကို အမှိုက်တောင်းထဲလှမ်းပစ် ထည့်လိုက်သည်။ အအေးဘူးကအ မှိုက်တောင်းထဲ ဖုတ်ကနဲ ကျသွားသည် လူတွေပြောတဲ့စည်းကမ်းဆိုတာအမှိုက်တောင်းထဲ အမှိုက်လှမ်ပစ်ထည့်ရသလိုပါပဲ………

ကွန်ပျူတာဖန်းသားပြင်ကိုကြည့်ရင်းသူရင်ခုန်နေသည် နာရီကြည့်လိုက်တော့(၇)နာရီထိုး အမှန်အတိုင်းပြောရရင် ဘာကြောင့်ရယ်မသိသူမနှင့်စကားပြောချင်မိသည် ထူးဆန်းလွန်း သည်။ ချက်ရွန်းထဲမှ အရူးမလေး ဆိုသောနစ်ကိုတွေ့လိုက်သည်နှင့် သူဖြတ်ကနဲဝမ်းသာ သွားသည် ဘာကြောင့်များသူမကိုမှတ်မှတ်ရရရှိနေပါလိမ့်…

“ဟိုင်း ´´

“ဟိုင်း´´

“မင်းငါ့ကိုမှတ်မိလား ´´

“ကျွန်မ ကလွယ်လွယ်နဲ့မေ့တတ်သူမဟုတ်ပါဘူးရှင့်´´

သူမစကားကြောင့်သူပြုံးမိသည် သူကောင်မလေးကိုစချင်လာသည် ထိုကြောင့်..

“တစ်ခုလောက်ကူညီပါလားဗျာ´´

“ပြောကြည့်လေ´´

“မနေ့ကလမ်းသွားရင်းကျပျောက်သွားလို့ဗျာ ´´

“ဘာလဲ´´

“ကောင်မလေး ငါ့်ကပ်ထဲထည့်ထားတဲ့ကောင်မလေး အဲဒါဘယ်နားထွက်ကျ သွားမှန်းမသိဘူး´´

“ကျပျောက်သွားတာမဖြစ်နိုင်ဘူး ရှင့်ကိုကြောက်လို့ခုန်ထွက်သွားတာပဲဖြစ်မှာ´´

“ခုန်ထွက်ထွက်ကျပျောက်ပျောက် ငါတော့သူ့ကိုတွေ့ချင် တယ်ကူရှာပေးပါကွာ´´

“ရှင်မှားနေပြီရဲစခန်းသွား ဓါတ်ပုံပြလူပျောက်ကြော်ငြာတိုင်ရမှာ ´´

“ဟုတ်တယ် ငါလည်းသိတယ်ဒါပေမယ့်ခက်နေတာက သူ့ဓါတ်ပုံငါ့မှာမရှိဘူးပြီးတော့ သူ့ကိုငါကမြင်တောင်မမြင်ဘူးဖူး´´

ကောင်မလေးဆီကထွက်လာတာတဲ့စကားလုံးကနှစ်လုံးတည်း

“သေလိုက်…တဲ့´´

“စတာပါကွာငါမင်းကိုမေးစရာတစ်ခုရှိတယ်´´

“ဘာမေးမှာလဲ မေးလေ´´

“သြော် ကလေးမမှာ ချစ်သူလေးဘာလေးမျာရှိပြီလားလို့ပါ´´

“ဘာလုပ်ဖို့လည်းရှင်က အဲ့ဒါမေးပြီးတော့´´

“ဘာရယ်မဟုတ်ပါဘူး ဒီအတိုင်းသိချင်ရုံလေးသက်သက်ပါ ဒါပေမယ့်မင်းအဆင်မပြောလဲရပါ တယ်မပြောပါနဲ့ကိစ္စမရှိပါဘူး´´

“ဘာလဲရှင်ကစိတ်ဆိုးတာလား ´´

“အမ် ငါ့စကားထဲမှာစိတ်ဆိုးတယ်လို့ပါလို့လားကွ ´´

“ဟုတ်ပါပြီရှင် ဟုတ်ပါပြီ´´

“ဒါဆိုကျွန်မလဲမေးမယ် ရှင့်မှာရောချစ်သူတွေဘာတွေရှိပြီလား´´

“ဟင့်အင်းချစ်သူတော့မရှိဘူးရည်းစားတော့ ရှိတယ်´´

“ဟင်ရှင့်ဟာကဘယ်လိုကြီးလဲ´´

“ဟုတ်တယ်လေ ချစ်သူဆိုတဲ့ ဝေါဟာရနဲ့ ရည်စားဆိုတဲ့ဝေါဟာရချင်းတူမှမတူတာ လွယ် လွယ်ပြောရရင်ကွာ နှလုံးသားဆိုတာကန်ထရိုက်တိုက်ကြီးတစ်ခုဆိုပါတော့သူ့မှာအခန်းလွတ် တွေအများကြီးပဲ ရည်းစားဆိုတာကအဲ့ဒီအထဲမှာခေတ္တ ခဏလာရောက်နေထိုင်သူပေါ့ကွာ။ ချစ်သူဆိုတာက အဲ့ဒီအခန်းတွေကို သိမ်းကြုံးပိုင်ဆိုင်သွားသူကွ´´

“သြော် ရှင်ကအချစ်အကြောင်းတော်တော်သိတာပဲ´´

“ဟာ မင်းမှားနေပြီငါကအချစ်အကြောင်နကန်းတစ်လုံးတောင်မသိသေးသူတစ်ယောက်ပါ ကွာငါတင်မဟုတ်ပါဘူး အချစ်အကြောင်းကိုဂဃနနသိတဲ့သိတဲ့လူတော်တော်ရှားတယ်ကွ အချစ်ဆိုတာ အဖြေထုတ်ရခက်တဲ့ပုဒ်စာ တစ်ပုဒ်ပါ´´

“ဟုတ်ပါပြီထားပါတော့ကျွန်မအောက်တော့မယ် ကြာနေပြီ´´

“အိုကေ ဂွတ်နိုက်´´

“သြော်ရှင့်ကိုကျွန်မပြောရဦးမယ် ကျွန်မမှာရည်းစာမရှိဘူး´´

သူမသည်ထိုစကားကိုပြောပြီးအောက်သွားလေတော့သည် သူရင်ခုန်သံကိုဒိန်းကနဲပြန်ကြားရ သည်။ထိုညအိပ်မက်ထဲမှာကမ္ဘာအနှံရောက်ဖြစ်သည်။

(…….)

ဂစ်တာကြိုးကိုဒေါင်ဒေါင်ဒင်လုပ်နေမိသည် ဂစ်တာတီးဖို့လည်းစိတ်ကမပါ ခေါင်းထဲမှာအတွေး တစ်ခုကစိုးမိုးနေသည်။ သူမကိုနာမည်ရယ်ဘယ်မှာနေတာရယ်ကိုမေးသင့်သလားထိုအရာုကသူ့ခေါင်ထဲမှာစိုးမိုးနေ သည်။

သူမကိုသူ မသိ ဘယ်မှာနေတာလဲမသိ မသိခြင်းနဲ့ပဲသူရင် ခုန်နေသည်။ တကယ်လို့သိသွားရင်ရောဆက်ရင်ခုန်ဦးမှာလား တစ်ခါတစ်ခါဒီအတိုင်းမသိခြင်းနဲ့ပဲရင်ခုန် နေတာကောင်းသည်။ဘ၀ဆိုသည်မှာ လျှို့ဝှက်သောပုဒ်စာတစ်ပုဒ်ဖြစ်သည် ထိုပုဒ်စာကိုပင် အဖြေထုတ်ကြရင်းလူတွေသည်ဘ၀ကိုဆက်လက်ရှင်သန်သည်။ မျှော်လင့်ချက်ဆိုသည်မှာ နာတာရှည်ရောဂါနှင့်တူသည် လူသည်နာတာရှည်ရောဂါကြီးကိုနှစ်နှစ်ခြိုက်ခြိုက်ထွေးပိုက်ချင် ကြသူများဖြစ်သည်။

အချိန်တို့တရွေ့ရွေ့ကုန်ဆုံးသွားသည် သူမသည်ခုချိန်ထိဘယ်သူဘယ်ဝါဆိုတာသူ မသိပါသိအောင်လည်းသူမကြိုးစားခဲ့ပါ။ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာသူမ သည် သူ့ရင်ထဲသို့စူးစူးနစ်နစ်ဝင်ရောက်နေရာယူပြီးဖြစ်သည်။ အရူးမလေး နာမည် နှင့်လိုက်အောင်ပင် သူ့ကိုရူးသွပ်စေခဲ့သည်။ ခုဆိုလျှင်သူမနှင့်သိခဲ့သည်မှာ တစ်နှစ်ကျော် လာပြီဖြစ်သည် သူမနှင့်ကျွန်တော် တစ်ယောက်ကိုတစ်ယောက်တွေ့ရှိ မြင်ဘူးကြခြင်းမရှိကြ သေးပါ။ လိုလည်းမလိုအပ်ဟုထင်ခဲ့သောကြောင့်ဖြစ်သည် အချိန်ကြာမြင့်စွာစွဲစွဲ လန်းလန်း သတိရနေခြင်းကို အချစ်ဟုခေါ်လျှင် သူ့ရင်ထဲမှာ အရူမလေးကိုချစ်မိနေပြီဖြစ်သည်။ ငါ့ရင်ထဲမှာ နင့်ကိုခဂ္ဂါလို့နာမည်ပေးထားတယ်ကောင်မလေးရေ….ထက်မြက်တဲ့ဓါးသွားတစ်လက်ပေါ့

အချစ် သည် ခံစားမှုနှင့်သာသက်ဆိုင်သည်ဆိုလျှင် မမြင်ရပဲနှင့်သူ ခဂ္ဂါ ကိုချစ်မိနေသည်မှာ ဘာဆန်း သနည်း။ အောင့်ထားလို့မရနိုင် သောအရာတွေထဲမှာ အချစ်လည်းပါသည် သူအောင့်မထားနိုင်တော့ပါ ထို့ကြောင့်..

ကွန်ပျုတာဖန်သားပြင်ကိုကြည့်ပြီး သူရင်တွေအရမ်းခုန်နေသည် ငါ့ကိုဘာကြောင့်များ ဒီလောက်ရင်ခုန်စေခဲ့ရတာလဲကောင်မလေးရယ်..

“ဟိုင်း´´

စကားလုံးလေးတစ်လုံးကြောင့်ရင်ခုန်နှုန်းသည် ဒီလောက်မြန်သွားသင့်ပါသလား

“ဟိုင်းဒီနေ့ မင်းနောက်ကျတယ် ခဂ္ဂါ´´

“အင်းဟုတ်တယ် အဖေခိုင်းထားတဲ့ အလုပ်ကလေးမပြတ်သေးတာနဲ့ နည်းနည်းနောက်ကျသွားတာ´´

“သြော် အင်း မနေ့ညကငါအိပ်မပျော်ဘူး ခဂ္ဂါ´´

“ဘာလို့လည်း ကြမ်းပိုးကိုက်လို့လား ခစ် ခစ် ခစ်..´´

“ဟုတ်ဘူး ကြွက်ကိုက်သွားတာ ´´

“အမ် ဘယ်လို´´

“ဟုတ်တယ် ငါအိပ်နေတုန်းငါ့နှလုံးသားကိုကြွက်ကိုက်သွားတယ်´´

“အဲ့ဒါဆေးခန်းပြလေဟာ ငါ့လာပြောရလား ´´

“အင်း….ခဂ္ဂါငါနင့်ကိုကြွက်မလေးလို့ခေါ်မယ်´´

“သေလိုက် ´´

ငါခုတလော အဆင်မပြေဘူးဟယ်´´

“ဘာဖြစ်လို့လည်း ´´

“မနေ့က ငါဟိုကောင်နဲ့တွေ့တယ် အဲ့ဒီ့ကောင် ငါ့ကိုမညှာမတာလုပ်ရက်တယ် ဟာ´´

“အမ်..ဘယ်ကောင်လဲ ´´

“ဘယ်ကောင်ရမှာလဲ cupid လေ မြားနတ်မောင်ပေါ့ သူ့မြားကြီးနဲ့မညှာမတာငါ့ကိုလာပစ် တယ် ခုတော့နင်စဉ်းစားကြည့် ငါ့မှာမြားဆိပ်သင့် နေပြီ နင်ငါ့ကိုကူညီပါဟာ နော်´´

“နင်မှားနေပြီ ဆေးခန်းသွားရမှာ ဘာမှမပူပါနဲ့ဟာမကုနိုင်ရင်သေရုံပါပဲ ခစ် ခစ် ခစ်´´

“`ဟုတ်ဘူးဟ cupid ကပြောသွားတယ် အဲ့ဒီမြားဆိပ်ကိုကမ္ဘာပေါ်မှာနင်တစ်ယောက်တည်း ဖြေနိုင်တာတဲ့ ´´

“နင်ငါ့ကိုရည်းစားစကားပြောနေတာလား´´

“အင်းဟုတ်တယ် ငါနင့်ကိုချစ်တယ် ´´

“မဖြစ်နိုင်တာဟာ နင်ငါ့ကိုမြင်တောင်မမြင်ဘူးပဲနဲ့ ´´

“နိုး…..အချစ်မှာ ရုပ်ဝတ္ထုပစ္စည်းတွေ မပါဘူးလေ ခံစားချက်သက်သက်ပဲ အချစ်ဆိုတာ ရင်ခုန်သံနဲ့ပဲဆိုင်တယ်´´

ထို့နောက်အတန်ကြာသူရောသူမပါ တိတ်ဆိတ်သွားကြသည်……..

“ဟုတ်ပြီလေထားပါတော့ ဒါပေမယ့် မိန်ကလေးတစ်ယောက်အတွက်တော့ ဒါသေချာစဉ်းစားရမယ့် ကိစ္စလေ နင်ငါ့ကိုအွန်လိုင်းပေါ်မှာပြောတာထက် အပြင်မှာပြောရင်ပိုကောင်းမယ်ထင်တယ်´´

“အိုကေလေ ဒါဆိုငါတို့တွေ့ဖို့လိုအပ်လာပြီပေါ့´´

“အင်းပေါ့ဒီလိုပဲလုပ်ရတော့မှာပေါ့´´

“အင်းဒါဆိုဘယ်မှာတွေ့ကြမလဲ ´´

“…………………………………´´

“အိုကေ ဒါဆိုငါတို့အဲ့ဒီ့မှာတွေ့ကြတာပေါ့ ´´

“အင်းပေါ့ ငါအောက်တော့မယ် အထုပ်ရှုပ် အိပ်မက်လှလှ မက်ပါစေ´´

အိပ်မက်တွေကတော့ လှမှာကြိမ်းသေပါတယ် ကောင်မလေးရယ် အချစ်ဆိုတာ ရင်ခုန်သံခြင်း နှီးနှောကြတာပါ။

(………….)

စောစောစီးစီးနိုးလာသော သူ့ကိုမြင်တော့မေမေ ကတအံတသြ နဲ့ကြည့်သည် ပြီးတော့

ဒီနေ့တော့ကြားသားမိုးကြိုးပါလားဟေ့ ငါ့သားအစောကြီးနိုးတယ်ဟေ့ ဟုအော်ပြောသည်။

လေလေး တချွန်ချွန်နှင့် ရေကိုစိမ်ချိုးပစ်လိုက်သည် ပြီးတော့အ၀တ်အစားလဲ ကျောပိုးအိတ်ကိုလွယ် ကာကားဂိတ်သို့ထွက်ခဲ့သည်။ကားဂိတ်ရောက်ကားကသိပ်မစောင့်လိုက်ရအဆင်သင့်ပင်တွေ့ရသည် ဘတ်စ်ကားကတော့ ရိုးရာမပျက်လူတွေပြည့်ကျပ်ညပ်နေသည်။ နေရာလေးတစ်နေရာစာရဖို့တိုး ဝှေ့နေကြသောလူတွေကိုကြည့်ကာသူရယ်ချင်သည်။ သြော်ကိုယ့်အတ္တအတွက် တခြားလူကိုတောင် ဂရုမစိုက်နိုင်ကြတော့။ အင်းလေလူဘာဆိုမှ အတ္တတော့ ဘယ်ကင်းနိုင်ပါ့မလဲ။ သူဆင်းရမည့်မှတ်တိုင် ရောက်တော့ နာရီကိုတစ်ချက်ကြည့်သည် ၉ နာရီ ထိုးဖို့၁၀ မိနစ် ကားပေါ်ကဆင်းလိုက်သည်။ သူချိန်း သည့်ဆိုင်ရောက်ဖို့က နည်းနည်းတော့လျှောက်ရဦးမည် နောက် ၅ မိနစ်ပေါ့။ သူမနှင့်တွေ့ဖို့ကို ကော်ဖီဆိုင်တစ်ဆိုင်မှာချိန်းထားသည် ၉ နာရီထိုးတွေ့ကြမည်။

သူမချိန်းသည့်ဆိုင်ရောက်ဖို့ကားလမ်းတစ်ခုသာခြားတော့သည် ဒီကားလမ်းကူးပြီးတာနဲ့ မင်းနဲ့ငါ တွေ့ရတော့ မှာပါခဂ္ဂါ ရယ။ သူမနှင့်တွေ့လျှင်တော့ မြားဆိပ်သင့်နေတဲ့ငါ့နှလုံးသားကို အဆိပ်ဖြေ ပေးပါခဂ္ဂါရယ် ပေါ့ ဒါမှမဟုတ် မင်းကိုက်သွားတဲ့ငါ့နှလုံးသား အကောင်းအတိုင်းဖြစ်အောင်ပြန်လုပ်ပေး ပါပေါ့…..ကိုယ့်အတွေးနဲ့ကိုယ့်ပျော်မြူးနေမိသည်။ ငါလာပြီကြွက်မလေးရေ …

လမ်းကိုဖြတ်ကူလိုက်သည် ကားတွေကတဆိတ်ရှုပ်လွန်းလှသည်…

ဝုန်းကနဲအသံနှင့် အတူသူလွင့်ပျံထွက်သွားသည် စူးနင့်သောဝေဒနာတစ်ရပ်ကိုပြင်းပြင်းထန်ထန် ခံစားလိုက်ရသည် သူခေါင်းတစ်ခုလုံးမူးဝေနောက်ကျိလျှက် နားထဲကလေတွေတဟူးဟူးထွက်နေသည် ငါအရောက်လာခဲ့တယ်နော်ခဂ္ဂါ ဒါပေမယ့် နင့်ဆီတော့ ငါရောက်မလာနိုင်တော့ဘူး ခဂ္ဂါရယ်..ငါလေ နင့်ကို………အ ………ရမ်း……….ချစ်……..တယ်……

ထို့နောက် သူအသိတွေ မှောင်အတိကျသွားသည်………….

(……..)

“ကောင်လေးကငယ်ငယ်လေးရှိသေးတယ် သနားပါတယ် ဟယ် ”

“ပွဲချင်းပြီးပဲနော် ”

“အေးဟယ် ကားသမားတွေကလည်းအရမ်းမောင်းတာကို”

လူတွေရုတ်ရုတရုတ်ရုတ် နှင့်တစ်ယောက်တစ်ပေါက်ပြော နေကြသော စကားတွေကြောင့်လှမ်းကြည့်လိုက်တော့ လူတစ်ယောက်ကိုကားတိုက်သွားခြင်းဖြစ်သည်။ သူမရင်ထဲနမိတ်မကောင်းသလိုခံစားလိုက်ရသည်။ သူရောက်နေပြီလားမသိ ဆိုင်ထဲဝင်စောင့်နေတာကောင်းပါတယ် လေ။ သူမစဉ်းစားပြီးဆိုင်ထဲဝင်လာ ခဲ့သည်ကော်ဖီနှစ်ခွက်မှာလိုက်သည် တစ်ခွက်ကသူမအတွက်တစ်ခွက် ကအထုပ်ရှုပ်အတွက် တကယ် လို့သူကချစ်လားလို့မေးလာခဲ့ရင်ဘယ်လိုဖြေမလဲ ထိုအကြောင်းအရာကိုတွေးမိတော့သူမရင်ထဲ ရှက်ရွံသွားသည်ပါးပြင်ကပန်းနုရောင်သန်းသွားသည် နာရီကြည့်လိုက်တော့ ၉ နာရီ ၁၀ မိနစ် သူဘာလို့နောက်ကျနေတာပါလိမ့် ဟင်းလာတော့မှတွေ့မယ် အထုတ်ရှုပ် နင်ဟာလေ ဘာ ကိုမှအလေးအနက်မထားဘူးဆိုတာတကယ်ဖြစ်မယ်။

အချိန်တို့တရွေ့ရွေ့ကုန်ဆုံးသွားသည် ကော်ဖီဆိုင်ထဲမှာတော့ ကောင်မလေးတစ်ယောက်နှင့် ကော်ဖီနှစ်ခွက် ကော်ဖီနှစ်ခွက်လုံးကအရာမယွင်းသေး ကော်ဖီဆိုင်ကထွက်လာသော တေးသွားက လွမ်းမောဖွယ် ကောင်မလေးကအပြင်ကိုတွေတွေ ငေးငေးလေးကြည့်နေသည် အတန်ကြာတော့ မှသက်ပြင်းကို ဟူးကနဲမှုတ်ထုတ်လိုက်သည်။ “ နင်ဟာလွယ်လွယ်နဲ့မေ့တတ်သူတစ်ယောက်ဆို တာတကယ်ကိုး ” ဟုတိုးတိုးလေးရေရွတ်သည်။ ကော်ဖီနှစ်ခွက် အတွက်ပိုက်ဆံကိုရှင်းခဲ့ကာ ထွက်သွားသည် သေချာကြည့်မည်ဆိုလျှင် မျက်ရည်ကြည်များလဲံ့နေသောကောင်မလေး၏မျက်ဝန်းကို တွေ့နိုင်သည်။ ကောင်မလေး၏ရင်ထဲမှာဘာရှိခဲ့သနည်း……………

တစ်နေရာမှာတော့ တရွေ့ရွေ့ထွက်ခွာသွားသော ကောင်မလေး၏ကျောပြင်ကိုကြည့်ပြီး ငိုနေသော ၀ိညာဉ်တစ်ခု ရှိနေခဲ့သည်ဆိုတာသာ ကောင်မလေးသိသွားခဲ့လျှင်………

ဖြိုးဇာနည်

Links to this post
0

ချစ်သူပြောသောစကားတစ်ခွန်း

Posted by ဖြိုးဇာနည် on Thursday, February 19, 2009 in
ဂီတထဲကကျွန်တော်

ကျွန်တော်သည်တေးဂီတများကိုချစ်သည်....သံစဉ်လေးများကိုနှစ်သက်သည်..... နားသောတကိုအချိန်ပြည့်ခံစားလိုသည်...အသံချိုချိုလေးများကို အလွန်ပင်နှစ်ချိုက်သည်....ကျွန်တော်ဘယ်လောက်ထိအသံချိုချိုလေးများကိုနှစ်သက်သလဲဆိုရင်.... ကျွန်တော်ငယ်ငယ်ကပေါ့.........ကျွန်တော့်အမေဟာ ပွဲစား...အဖေက ပွဲရုံပိုင်ရှင်...ကျွန်တော့်ဘ၀ဟာလိုလေသေးမရှိပြည့်စုံ
ခဲ့ပါတယ်.... အမေနဲ့အဖေရဲ့တစ်ဦးတည်းသောသား ဖြစ်တဲ့ကျွန်တော့်ဘ၀ကိုတော်တော်ကြီးကျေနပ်မိပါရဲ့....အမေနဲ့အဖေ ဟာစီးပွားရေးနဲ့ မအားလို့..ကျွန်တော့်ကိုအထိန်းတော်တွေနဲ့ပဲထားခဲ့ရတာပေါ့....တစ်ခါက ....အထိန်းတော်တစ်ယောက်က ကျွန်တော့်ကိုချော့သိပ်ပါရော...သူ့အသံကြီးက ဆိုးလွန်းတယ်ဗျာ...ကျွန်တော် အိပ်လို့မရဘူး..အဲဒီတော့ ကျွန်တော်ငိုတော့
တာပေါ့....အဲဒီအဒေါ်ကြီးရဲ့အသံကိုမကြားချင်ဘူးလို့အမေ့ကိုပြောလိုက်တယ်....အမေကလည်း ကျွန်တော့်ကိုအလိုလိုက်တယ်
လေ.....နောက်ကလေးထိန်းတွေခေါ်ရင် အသံစစ်ပြီးမှခေါ်တော့တယ်.....*ကျွန်မသားက အသံချိုချိုအေးအေးလေးတွေမှကြိုက်
တာရှင့်...ဒီအိမ်မှာ ကလေးထိန်းအလုပ်လိုချင်ရင်ရှင်တို့မှာအသံကောင်းကောင်းရှိမှဖြစ်မယ်*......
ဒီလိုနဲ့ ကျွန်တော်အရွယ်ရောက်လာပါရော...အရွယ်ရောက်လာတဲ့အထိအဲဒီအသံတွေနဲ့ပက်သက်ပီးကျွန်တော်ခရေဇီဖြစ်နေ
တုန်းပဲလေ....ကျွန်တော်ဘာလုပ်လုပ် အမ်ပီသရီးကိုအမြဲနားထောင်ပီးလုပ်တတ်တယ်..... ယုတ်စွအဆုံးစာကျက်ရင်တောင်မှ သီချင်းနားထောင်ပီးပဲကျက်တယ်..... မနက်မိုးလင်းကနေညမိုးချုပ်အထိ သံစဉ်ချိုချိုလေးတွေနားထောင်တယ်....ကျွန်တော့်
ဘ၀ကို သံစဉ်တွေထဲမှာမြုပ်နှံထားတယ်....ကျွန်တော်ဘယ်လောက်ထိအသံချိုချိုလေးတွေကိုမြတ်နိုးသလဲဆိုရင်..ကျွန်တော့်
အိပ်ခန်းထဲက နံရံတွေထဲမှာ ဆောင်းဘောက်စ်သေးသေးလေးတွေကိုမြုပ်ထားတယ်....အခန်းထဲမှာ ဆောင်းဘောက်စ်အကြီး
ကြီးလဲရှိတယ်....ကီးဘုတ်၊ပီရမ်နို၊တယော ...အိုဗျာ..ဂီတနဲ့ပက်သက်တဲ့အရာတွေအကုန်ရှိတယ်..... အဲဒါတွေအားလုံးကျွန်တော်
တစ်ခုမှကောင်းကောင်းမတီးတတ်ဘူး.. ဒါပေမဲ့သူတို့ကို ထိလိုက်ရင်ထွက်လာတဲ့ အသံလေးတွေကိုကြိုက်တာ.....အဲဒီလောက်ထိ အသံတွေကိုရူးသွပ်တဲ့ကျွန်တော့်ဘ၀ထဲကို အချစ်ဆိုတဲ့အရာတစ်ခုဝင်လာပါရောလား...............
ကျွန်တော့်ရဲ့ပထမဦးဆုံးအချစ်ကို ရှာဖွေတွေ့ရှိခဲ့တာက လပြည့်ဝန်းပလာဇာမှာပါ....အဲဒီနေ့ကထုံးစံအတိုင် နားကျပ်လေးတပ်ရင်း
ဈေးထဲကိုရောက်လာပါလေရော....အရင်ဆုံးသွားဖြစ်တာက စီဒီတွေရောင်းတဲ့ဆိုင်ပေါ့အဲဒီမှာကျွန်တော့်ရဲ့ပထမဦးဆုံးရင်ခုန်သံကိုရှာတွေ့ခဲ့တာပေါ့.....ကျွန်တော့်ရဲ့ရင်ခုန်သံလေးက လှလွန်း
တယ်ဗျာ...ရက်ရက်စက်စက်ကိုလှတာ....အပြစ်ပြောစရာဘာမှကိုမရှိခဲ့ဘူး....သူ့ကိုတွေ့တဲ့အချိန်မှာ ကျွန်တော်ဟာစက်ရုပ်ကြီး
တစ်ရှပ်လိုပဲ .....အသက်ရူတာတွေရပ်တော့မလားအောက်မေ့ရပါရဲ့.....ဒီလိုနဲ့သူ့နောက်ကိုလိုက်ခဲ့တယ်ဆိုပါတော့....... ကျွန်တော်စိတ်ကူးထဲမှာ သူသာဒီလောက်လှနေရင်....သူ့အသံလေးဆိုဘယ်လိုနေမလဲ...ဘယ်လောက်ချိုမြိန်လိုက်မလဲလို့တွေးနေ
မိတယ်..... သူ့အသံလေးကို ကြားရမှကျွန်တော်ဖြစ်တော့မယ်.....အဲဒါနဲ့ ကျွန်တော် သူ့နောက်ကိုတောက်လျှောက်မသိမသာ
လိုက်ခဲ့တယ်ပေါ့......တစ်နေရာရောက်တော့သူက အလှကုန်ကောင်တာဘက်လျှောက်သွားတယ်.ကျွန်တော်လဲမသိမသာနဲ့
လိုက်ခဲ့တယ်ပေါ့.... အဲဒီမှာ *အစ်မ...ဒါက လော်ရယ်လ်ကထုတ်တဲ့ဟာလား* ဆိုတဲ့အသံကိုကြားလိုက်ရတယ်.ဆိုးရွားလိုက်တဲ့
အသံဗျာ... ကျွန်တော်လည်းဘယ်သူ့ အသံလည်းဆိုပီးပတ်ဝန်းကျင်ကိုလိုက်ကြည့်မိတယ်...ဘုရားရေ....သူမအသံပါလား..... သူမရဲ့လှပတဲ့ မျက်နှာနဲ့မလိုက်အောင် ဒီလိုအသံဆိုးဆိုး၇ရားရွားကြီးကိုပိုင်ဆိုင်ထားတာဟုတ်ရဲ့လား....ကျွန်တော်မယုံနိုင်
လောက်အောင်ပါပဲ..... အသံကတော်တော်ကြီးကိုဆိုးလွန်းတာဗျာ.....လည်ချောင်းထဲကရှတတနဲ့ထွက်လာတဲ့အသံမျိုး....လူသာမမြင်ရရင် အခြောက်ကြီးတစ်ယောက်အသံလို့ထင်မိမှာပဲ....အဲဒီအချိန်မှာပဲ ကျွန်တော့်ရဲ့ ရင်ခုန်သံကို ဖျောက်ဖျက်ပစ်
လိုက်ရတယ်ပေါ့.....သူ့ကိုသာရည်းစားတော်မိလို့ကတော့ ကျွန်တော့်မှာ ကြည့်ပဲကြည့်ပီး နားကိုတော့ပိတ်ထားရမဲ့ဘ၀ဖြစ်သွား
လိမ့်မယ်....*ကဲ...နေရစ်တော့ ကောင်မလေးရေ*........
ကျွန်တော့်ရဲ့ ဒုတိယရင်ခုန်သံအကြောင်းကိုဆက်ပြောပြဦးမယ်.....သူနဲ့စတွေ့ပုံက တစ်နေ့ ကျွန်တော်အိမ်မှာတစ်ယောက်တည်း
ရှိနေတုန်း...ဖုန်းလာတယ်လေ....ဖုန်းကိုင်လိုက်တော့.... *ဟယ်လို...အန်တီဝင်း၇ှိပါသလားရှင်*တဲ့....အသံလေးကချိုမြိန်လိုက်
တာဗျာ...ကျွန်တော့်တစ်သက် ဒီလောက်သာယာတဲ့အသံတစ်ခါမှမကြားဖူးဘူး....အဲဒါနဲ့ ကျွန်တော် ဖုန်းမှားနေတာကိုတောင်ဖုန်းမှား
နေတယ်လို့မပြောချင်တော့ပဲ....ဇာတ်လမ်းလေးတွေထွင်ခဲ့တယ်ဆိုပါတော့... သူ့ကိုကျွန်တော်နာမည်လေးပေးထားတယ်...*ဒေး* တဲ့....ဒါကလည်းသူ့အသံလေးကိုစွဲလမ်းမိတဲ့ကျွန်တော့်အကျင့်ကြောင့်ပါ....ဒီလိုနဲ့ ကျွန်တော်တို့ နေ့တိုင်းဖုန်းပြောဖြစ်ခဲ့တယ်.....
သူ့အသံလေးကိုကြားရတဲ့နေ့တွေဆို ကျွန်တော့အခန်းထဲက ဆောင်းဘောက်စ်ကြီးတွေအားလုံးကို အနားပေးထားတယ်....သူ့အသံလေးသာလျှင်ကျွန်တော့်ရဲ့ဘ၀ပါ....... သူ့အသံကိုတစ်နေ့မကြားရရင်မနေနိုင်တဲ့အထိပါဗျာ....တစ်နေ့ သူ့ကိုကျွန်တော်က အပြင်မှာတွေ့ဖို့ပြောတော့သူက * အကယ်လို့ ကျွန်မကရုပ်ဆိုးနေရင်ရော...ရှင်ကချစ်နိုင်ပါ့ဦးမလား*လို့ကျွန်တော့်ကိုမေးခဲ့တယ်...ကျွန်တော်ကလဲ မတုံ့မဆိုင်းပဲ.....သိပ်ချစ်နိုင်ဒါပေါ့.....လို့ ပြန်ပြောခဲ့တယ်လေ....ဟုတ်တယ်...*မင်းအသံလေးက ငါ့ကိုဒီလောက်တောင်လွှမ်းမိုးထားတာ...မင်းကိုငါမေ့နိုင်ပါ့မလားမယ်လိုဒီရယ်*....... အဲနေ့ညကကျွန်တော်ရင်တွေခုန်လွန်းလို့ အိပ်လို့တောင်မရခဲ့ဘူးဗျာ.....နောက်နေ့ ကျတော့ ကျွန်တော် ခါတိုင်းထက်ကိုယ့်ကိုကိုယ်အပြတ်သပြီးသူနဲ့ချိန်းထားတဲ့နေရာ
ကိုသွားခဲ့တယ်.... ချိန်းထားထက်အချိန်ထက်စောနေသေးလို့ သူ့ပုံစံကို စိတ်ကူးနဲ့ပုံဖော်နေခဲ့မိတယ်လေ...ကွက်တိပါပဲဒီဆိုင်
လေးကအလွန်မှနားဝင်ချိုလှတဲ့သံစဉ်လေးတွေကိုဖွင့်ပေးထားပါတယ်။ကျွန်တော်ထိုင်နေတဲ့နေရာ ကဆိုင်ပေါက်ဝနဲ့တည့်တည့်ပဲ
လေ..... 5 မိနစ်လောက်ကြာတော့ ကျွန်တော်ထိုင်နေတဲ့နေရာကအလင်းရောင်တွေပိတ်သွားတယ်...
အလွန်မှလှပတဲ့ကားတစ်စီးကအလင်းတွေကိုကွယ်လိုက်တာပါ။ပြီးတော့အလွန်မှလှပတဲ့အမျိုးသမီးတစ်ယောက်ကားပေါ်ကဆင်းလာပြီး
ဆိုင်ထဲကကျွန်တော့်နဲ့ကပ်လျှက်စားပွဲမှာဝင်ထိုင်ရင်းကျွန်တော့်ကိုအကဲခတ်ပါတော့တယ်။ကျွန်တော်လည်းကျွန်တော့်ကိုဒီလောက်အက
ဲခတ်နေမှတော့သူဟာဒေးပဲဖြစ်ရမယ်ဆိုပြီးသူ့ကိုသွားမိတ်ဆက်လိုက်ပါတယ်။ဟုတ်ပါတယ်ဒေးပါတဲ့။ကျွန်တော်ကံကောင်းပါတယ်
ကျွန်တော်ရဲ့ဒုတိယရင်ခုန်သံဟာကျွန်တော့်စိတ်ကူးထဲကလိုပါပဲအလွန်မှချစ်စရာကောင်းပြီးအလွန်မှသာယာတဲ့အသံလေးကိုပိုင်ဆိုင်နေလို့ပါပဲ။ကျွန်တော်တို့နှစ်ယောက်စကားတွေအများကြီးပြောဖြစ်ကြတယ်။ပြောနေရင်းနဲ့စားပွဲထိုးကောင်လေးအအေးလာချပေးတဲ့အချိန်မှာ
သူပြောလိုက်တဲ့စကားကြောင့်ကျွန်တော့်ရဲ့သူ့အပေါ်ခံစားချက်တွေစွဲလန်းမှုတွေဟာအားလုံးမှားယွင်းသွားပြီဆိုတာသိလိုက်ရပါတယ်။
သူပြောလိုက်တာက-ကောင်လေးသီချင်းဖွင့်ထားတာကိုကျေးဇူးပြုပြီးပိတ်ပေးလို့ရမလား-တဲ့။သူဟာသူဘာသဘောနဲ့ပဲဒီစကားကိုပြော
ခဲ့ပါသည်ဖြစ်စေကျွန်တော့်ဘက်ကတော့လုံးဝfeelဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်ဟာသူနဲ့ပြောနေတဲ့စကားစတွေကိုအမြန်ဆုံး
ဖြတ်ပြီးပြန်လာခဲ့ပါတယ့်။

စိတ်ထဲကတော့ဒါနောက်ဆုံးတွေ့ဆုံခြင်းပဲလို့နှုတ်ဆက်လိုက်မိတယ်.....အဲဒီနေ့အဲဒီအချိန်ကစပြီး ကျွန်တော်နောက်ထပ်ရင်ခုန်သံ
ံကိုထပ်မရှာတော့ဘူး.. အခန်းထဲက ကျွန်တော့်ရဲ့ မသုံးတာကြာပီဖြစ်တဲ့ဆောင်းဘောက်စ်တွေကိုပဲတစ်သက်လုံး ကျွန်တော့်ရဲ့အ
ဖော်မွန်တွေအဖြစ်ရွေးချယ်လိုက်ပါတော့မယ်.........


ဖြိုးဇာနည့်ည့၁၀း၃၅တိတိ

Links to this post
1

ဟေ့းဒီဂျေ

Posted by ဖြိုးဇာနည် on Thursday, February 19, 2009 in
ကျွန်တော် DJ

ကျွန်တော်မနေ့ကpostအသစ်မရေးဖြစ်တာကအဖြူရောင်သံစဉ်ရေဒီယိုမှာကျွန်တော်DJအဖြစ်စတင်ဝင်ရောက်တဲ့နေ့လေးမို့ပါ။
ကျွန်တော်ကDJဖြစ်ချင်နေတာကြာခဲ့ပြီဗျ။စိတ်ကူးထားတာတွေဟာမနေ့ကတကယ်ဖြစ်သွားခဲ့ပါတယ်။ဝါရင့်DJတွေရဲ့အကူအ
ညီပေးမှုတွေကိုတော်တော်လေးလေ့လာမှတ်သားပြီးမှ ည ၉း၃၀ လောက်မှာပထမဆုံးစတင်ပြီးDJလုပ်ကြည့်တာပါ။အဆင်ပြေ
ပါတယ်။သီချင်းတောင်းဆိုမှုတွေဖွင့်ပေးရတာကိုကျွန်တော်သဘောအကျဆုံးပဲဗျ။ဒါပေမဲ့လုပ်ခါစမှာကြောင်သေးတယ်ဗျ။သယ်ရင်း
DJတွေရဲ့ဝိုင်းဝန်းကူညီပေးမှုကြောင့်တော်တော်လေးအဆင်ပြေစွာလုပ်ဆောင်နိုင်ခဲ့ပါတယ်။ကိုယ်တိုင်တကယ်လုပ်ကြည့်တော့မှပဲ
အတွေ့အကြုံလေးတွေကြောင့်လက်ရှိDJတွေကိုကျွန်တော်ပိုလေးစားသွားမိတယ်။ပြောရအုံးမယ်အခုလက်ရှိDJကိုကိုမမများဟာ
USAတို့SGတို့ကများတယ်ဗျ။လက်ရှိDJတွေအကုန်လုံးနိုင်ငံခြားမှာနေကြတဲ့သူတွေပါပဲ။ကျွန်တော့်အတွက်တော့အားကျစရာတွေ
ချည်းပဲဗျ။ကျောင်းတတ်တဲ့သူတွေ အင်ဂျင်နီယာတွေ အလုပ် လုပ်နေကြတဲ့သူတွေ တကယ်ပါဗျာကျွန်တော်ကိုယ်တိုင်ကမဖြစ်
မြောက်ခဲ့တော့အားကျရုံမှတပါးပေါ့ဗျာ။ကြွားရအုံးမယ့်ဟဲဟဲ့မြန်မာနိုင်ငံကDJဆိုရင်တော့ကျွန်တော်တစ်ဦးတည်းပဲရှိတယ်ဗျ
့ဟဟ့ငါကွ။ကျွန်တော်အရမ်းကိုပျှော်ရွှင်မိတယ်။DJဖြစ်သွားတာကတော့အဓိကပေါ့။အဖြူရောင်သံစဉ်ရဲ့နွေးထွေးမှုကိုတော့
လာလည်ဖူးသူတွေသိကြမှာပါ။အကယ်၍လာမလည်ဖူးသေးဘူးဆိုရင်တော့ကျွန်တော်ဖိတ်ခေါ်လိုက်ပါရစေ။အချိန်မရွှေးဝန်ဆောင်မှု
ပေးနေတာကြောင့်၂၄နာရီလာရောက်လေ့လာနိုင်ပါတယ်။အဖြူရောင်သံစဉ်မှ-ကစားဝိုင်းများ,ဂိမ်းဥယျာဉ်, ဘလော့ဂ်ဥယျာဉ်, ရုပ်ပုံဥယျာဉ်, တေးဗွီဒီယိုဥယျာဉ်, ရေဒီယိုများ, အဖြူရောင်သံစဉ် စာကြည့်တိုက် နှင့် ဖိုင်ဥယျာဉ်ကဏ္ဍ , အဖြူရောင်သံစဉ် ဖိုရမ်ဆွေးနွေးချက်များ အစရှိတဲ့ဝန်ဆောင်မှုတွေနဲ့သူငယ်ချင်းတို့ကိုဝန်ဆောင်မှုပေးနေပါတယ်။ဒါ့အပြင်အခုဆိုရင်အဖြူရောင်သံစဉ်
ရဲ့ E-magazine ကိုပါထုတ်ဝေပေးနေပါပြီ။

သယ်ရင်းတို့လာလည်မယ်ဆိုရင် ဒီနေရာ လေးကနေဝင်ရောက်ဖို့ရန်ဖိတ်ခေါ်ပါတယ်။
အဖြူရောင်သံစဉ် ရဲ့ဆောင်ပုဒ်လေးကတော့ အကောင်းဆုံးမဟုတ်တောင်၊ကောင်းအောင်ကြိုးစားနေပါသည် တဲ့။

ကဲပါသယ်ရင်းတို့အချိန်မနှောင်းခင်စိတ်အပန်းပြေစေဖို့အတွက်အဖြူရောင်သံစဉ်(apytz)ကိုသွားရောက်လည်ပတ်ကြပါစို့နော်။

ပျှော်ရွှင်ကြပါစေ့ဖြိုးဇာနည့်ည့၈း၀၀တိတိ

Links to this post
0

မျဉ်းပြိုင်တို့ရဲ့ဆန္ဒ

Posted by ဖြိုးဇာနည် on Wednesday, February 18, 2009 in
မျဉ်းပြိုင်တို့ရဲ့ဆန္ဒ

ဟိုးတုန်းကတော့ ချစ်သူတွေဆိုတဲ့ ခေါင်းစဉ်အောက် ငါတို့နှစ်ယောက်ပျော်ရွှင် ခဲ့ကြဖူးပေမဲ့ အခုကြတော့ သူစိမ်းတွေဆိုတာထက် ရန်သူလို့သတ်မှတ်နေမိပြီ....။ သူကပြောသေးတယ်....ငါနင့်ကိုတစ်ကယ်ချစ်ခဲ့တာမဟုတ်ဘူးတဲ့ ။ ဟား..ဟား..ဟား..တစ်ကမ္ဘာလုံးကြားအောင် ငါအော်ရယ်ပစ်လိုက်ချင်သေးတယ် ချစ်ခဲ့ကြတဲ့ ခြောက်နှစ်တာသက်တမ်းတစ်လျှောက် ငါလောက်နင့်အကြောင်းသိ တဲ့သူ ဘယ်သူမှရှိမှာမဟုတ်တော့ နင်ညာနေလည်း အလကားပဲပေါ့ ။ ဂုဏ် ပကာသန
တွေ မက်မောလှတဲ့ အသိုင်းဝိုင်းကြားမှာ နင်က သမီးအလိမ္မာလေးအ ဖြစ်နဲ့ နှလုံးသားကိုစတေးရဲမှတော့ ငါငိုနေလည်း
အလကားပဲပေါ့ ။ သွားစမ်းပါ....တူနှစ်ကိုယ်တဲအိုပျက်မှာနေရနေရ ဆိုတာ ငါ့အတွက်ဟာသတွေပါ ချို့တဲ့လွန်းတဲ့ဘ၀ထဲဝင်မလာရဲဘူးဆိုတဲ့နင် လမ်းခွဲစမှာပဲအခြားတစ်ယောက်နဲ့ ထပ်တွဲလိုက်သေးတယ်နော်....။ နေရာဟောင်းမှာအခြား
တစ်ရောက် ထပ်ရောက် နေတာကိုမြင်ရတဲ့ ငါ့ရင်ထဲ နင်ဝင်ကြည့်လှည့်စမ်းပါ ။ ဒါပေမယ့် ငါ့အသည်းတွေ ကြေမွသွားပါ
စေ သစ္စာမဲ့တဲ့ချစ်သူတစ်ယောက်အတွက် ငါ ငိုနေမှာမဟုတ်ဘူး...။ ရွေထီးဆောင်းချိန်ကတော့ ဖြစ်ချင်လှချည်ရဲ့မိဖုရား ၊ အိမ်နိမ့်စံရောက်သွားတော့ အနားတောင်မကပ်တော့တာ မင်းတို့ရဲ့ formula ပဲလား ။ ငါ့မှတော့ ရည်းစားဦးမို့
အဦးဆုံးအချစ်တွေနဲ့ ရူးနေအောင်ချစ်လိုက်ရတာ..။အမှန်တွေသိတဲ့အချိန်ကျ ငါ့ဘ၀ကစုတ်ပြတ်နေလှပြီ..။ အဦးဆုံးက အမုန်းဆုံးဖြစ်ရမယ်လို့များ ငါဘယ်တုန်းကမှတွေးမထားမိခဲ့ဘူး...။ ဒါပေမဲ့ ကံကြမ္မာကိုအပြစ်ပုံလွဲ ဘ၀ပြိုလဲ တဲ့သူတွေ
ထဲတော့ ငါ အပါခံမှာမဟုတ်ဘူး...။ အသုံးမ၀င်တော့လို့ နင် ပစ်ထားခဲ့တဲ့ငါ နင့်ရှေ့ကိုဘယ်လိုပြန်ရောက်လာမယ်ဆိုတာ
နင် စောင့်ကြည့် နေလိုက်ပါ ..။ တစ်ကယ်တော့ ဒီလို ရန်ညှိုးတွေ မထားချင်ခဲ့ပေမယ့် ငါသိပ်ချစ် ခဲ့လွန်းလို့ဖြစ်ရတာ...။
အနိုင်တွေပိုင်းပြီး ထွက်သွားခဲ့တဲ့နင် ...ငါ့ရင်မှာဘာတွေ ဖြစ်နေလဲဆိုတာ နင်မှမသိတော့တာ..။ အပြုံးမရှိတဲ့ မျက်နှာ ၊ အပျော်မဲ့တဲ့နေ့ရက် စိတ် နဲ့ကိုယ်တွဲလျှက် မရှိတာ ငါပဲသိတာ...။

ဒါပေမဲ့ ငါ့မာနတွေအတွက် နင့်ရှေ့မှာငါ မျက်ရည်တစ်ချက်တောင် အဝေ့မခံဘူး..........

နင်ရဲ့ မိဘ ဆွေမျိုး အသိုင်းဝိုင်းတွေကြားမှာ ငါဘယ်တော့မှ ခေါင်းငုံ့အရှုံးပေးမှာမဟုတ်ဘူး.........

ဒါငါ့ဘက်ကစိမ်ခေါ်မူပဲ့ဖြိုးဇာနည်

Links to this post
2

ဖေဖေ့ဆီကကော်ပီတစ်ပုဒ်

Posted by ဖြိုးဇာနည် on Monday, February 16, 2009 in
ဖေဖေ့ဆီကကော်ပီတစ်ပုဒ်

ဒီကဗျာလေးဟာကျွန်တော့်အတွက်ကဗျာလေးတွေကိုရေးနိုင်စေဖို့ကဗျာသွေးဖြည့်သွင်းပေးလိုက်တဲ့ကဗျာလေးတစ်ပုဒ်
ဆိုရင်အကြွင်းမဲ့မှန်ပါလိမ့်မယ်။ဒီကဗျာလေးကိုကျွန်တော်စဖတ်ဖူးတာဟာလွန်ခဲ့တဲ့ဆယ့်တစ်-နှစ်ဆယ့်နှစ်-နှစ်လောက်က
ပါ။အဲဒီတုန်းကကျွန်တော်၃တန်း၎တန်းလောက်ပဲရှိပါအုံးမယ်။အဲဒီတုန်းကမှတ်မှတ်ရရတီဗီမှာဒဿဂီရိကားလာနေပါတယ်။
ကားပိုင်းကရှည်တော့ စနေ-တနင်္ဂနွေ နှစ်ရက်ခွဲပြရပါတယ်။မင်းသားတွေကဘယ်သူတွေပါလဲတော့သိပ်မမှတ်မိတော့ပါ
ဘူးသေချာမှတ်မိနေတာကတော့ ဦးညွှန့်ဝင်း ရယ် ဦးအံ့ကျော် ရယ်ပါတယ်ဆိုကိုပါပဲ။အဲဒီရုပ်ရှင်လေးကိုကြည့်ပြီးတဲ့နောက်
ပိုင်းတွေမှာကျွန်တော်ဟာလူဆိုးဖြစ်တဲ့ခေါင်းဆယ်လုံးပိုင်တယ်ဆိုတဲ့ဒဿဂီရိမင်းကြီးကိုတအားရူးသွပ်နေမိတော့တယ်။
ကျွန်တော်ကိုယ်တိုင်အိမ်မက်တွေထဲမှာဒဿဂီရိဖြစ်ဖြစ်သွားတတ်တဲ့အထိပါပဲ။အဲလိုရူးသွပ်နေတဲ့အချိန်မှာပဲကျွန်တော်ဟာ
ကလေးတို့သဘာဝကျွန်တော့်ဖေဖေရဲ့စာအုပ်တွေကိုယူပြီးပုံတွေဆွဲရင်းနဲ့ကျွန်တော့်"ဖေဖေ"ရဲ့ကဗျာစာအုပ်ထဲကဒီကဗျာလေး
ကိုသွားတွေ့ပါတော့တယ်။ကျွန်တော်ဟာခေါင်းစဉ်ကိုဖတ်မိလိုက်တာနဲ့တင်တန်းပြီးကြိုက်သွားခဲ့တယ်။ကလေးပဲရှိသေးတာ
ဆိုတော့အချစ်ကဗျာတွေဘာတွေနားမလည်ပါဘူး။ကိုယ်ကြိုက်နေတဲ့ဒဿဂီရိဆိုတဲ့နာမည်လေးပါတာနဲ့တင်တစ်ထိုင်ထဲအ
လွတ်ရအောင်ကျက်ပစ်လိုက်တယ်။ပြီးတော့ကျွန်တော့်"ဖေဖေ"ပြန်လာတာနဲ့ကိုယ်ကျက်ထားတဲ့ကဗျာလေးကိုရွတ်ပြရင်းကျေ
နပ်အောင်ပွဲခံနေခဲ့တာပေါ့။ကြာခဲ့ပါပြီဒါပေမဲ့ကျွန်တော်အံ့သြနေမိတာကကျွန်တော်ဒီကဗျာလေးကိုအခုထိမမေ့သေးတာကိုပါ
ပဲ။မမေ့သေးဆိုအခုမှမဟုတ်ပါဘူး။ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာဘယ်အချိန်မဆိုကဗျာလေးတွေရေးဖို့စဉ်းစားလိုက်တိုင်း
စိတ်ထဲမှာဒီကဗျာလေးကိုပဲပထမဆုံးရွတ်ရွတ်ဖြစ်ခဲ့ပါတယ်။ဒါကြောင့်ကျွန်တော့်ဘဝမှာပထမဆုံးရေးခဲ့တဲ့ကဗျာလေးဟာကျွန်
တော့်"ဖေဖေ"ဆီကနေကျွန်တော်copyကူးချလိုက်တဲ့ဒီကဗျာလေးပါပဲ။ဒီကဗျာလေးရဲ့လမ်းပြမူနောက်မှာမှကျွန်တော့်ရဲ့ကဗျာ
လေးတွေဆိုပြီးမွေးဖွားလာခဲ့တာပါ။ကျွန်တော်ကျေနပ်ပါတယ်။ကျွန်တော့်ဘဝရဲ့ပထမဦးဆုံးရေးခဲ့တဲ့ကဗျာဟာcpoyဖြစ်ပေမဲ့
ကျွန်တော့်"ဖေဖေ"ရဲ့ကဗျာဖြစ်နေလို့ပါပဲ။ဒါကြောင့်ဒီကဗျာလေးကိုရေးတာဟာကျွန်တော်မဟုတ်ပါဘူး။ဒီကဗျာလေးရဲ့မူလ
ရေးသားသူဟာကျွန်တော့်"ဖေဖေ"ပါပဲ။အခုဒီpostလေးကိုတင်ပြီးရင်ကျွန်တော် "ဖေဖေ့" ကိုခေါ်ပြီးပြလိုက်အုံးမယ်။"ဖေဖေ"အံ့
သြသွားမှာတော့သေချာပါတယ်။ဒီကဗျာလေးဟာမကြာဘူးဆိုရင်တောင်၁၂နှစ်၁၃နှစ်လောက်တော့အနည်းဆုံးရှိလောက်ပြီလေ။
အခုဆိုရင်"ဖေဖေ" လည်းကဗျာတွေမရေးတော့တာကြောင့်အဲဒီကဗျာလေးဟာကျွန်တော်နဲ့ကျွန်တော့်"ဖေဖေ"တို့ရဲ့ဦးနှောက်ထဲ
မှာကလွဲလို့ဘယ်စာအုပ်ပေါ်မှာမှရှိတော့မှာမဟုတ်လို့ပါပဲ။ကျွန်တော်ဒီကဗျာလေးကိုမှတ်မိနေသေးတယ်ဆိုတာလည်း"ဖေဖေ"ထင်
ထားမှာမဟုတ်တာတော့ကျိန်းသေပါပဲ။

"သီတာ ရာမ မင်းဒဿ"

  • တကယ်လို့သာ

  • မယ်သီတာကို

  • ရာမမင်းသား

  • စွန့်ခွာသွားရင်

  • စိတ်အားတွေငယ်

  • သောကနယ်မှ

  • တွယ်ရာမဲ့ကင်း

  • ဒဿမင်းကို

  • တမ်းတရင်

  • ကျေနပ်ချင့်



  • ကဗျာလေးကတော့ကျွန်တော်ငယ်ငယ်ကကျက်ခဲ့တုန်းကဘာအဓိပ္ပယ်မှကောင်းကောင်းနားမလည်ခဲ့ပါဘူး။အခုတော့ကျွန်တော်
    နားလည်လာတဲ့အရွယ်ရောက်လာတဲ့အချိန်မှာကဗျာလေးကသာတိုပေမဲ့အလွန်အဓိပ္ပယ်လေးနက်လှတဲ့ကဗျာတစ်ပုဒ်ဖြစ်နေတာ
    ကိုတွေ့လိုက်ရပါတယ်။သူငယ်ချင်းတို့အနေနဲ့လည်းလွန်ခဲ့တဲ့၁၃နှစ်လောက်ကကဗျာတစ်ပုဒ်ကိုဖတ်ရတယ်ဆိုတဲ့ခံစားချက်မျိုးနဲ့
    ဖတ်ကြည့်စေချင်ပါတယ်။


    ကြိုးစားပါအုံးမယ့် ဖေဖေရဲ့သာ့းဖြိုးဇာနည့်ည့၁၁း၀၃တိတိ

Links to this post
2

ထီးတစ်ချောင်းရဲ့ ဒိုင်ယာရီ...

Posted by ဖြိုးဇာနည် on Sunday, February 15, 2009 in
ထီးတစ်ချောင်းရဲ့ ဒိုင်ယာရီ...


ဒီနေ့လဲ နေမသာ ပြန်ဘူး ဒေး ရယ်… အခုလဲ မိုးတွေရွာနေတယ်… ငါလေ နင် ခဏခဏ ဆောင်ခိုင်း ထားတဲ့ ထီးလဲ မဆောင် မိပြန်ဘူး… နင့် ထီးလေးနား ငါကပ်ဆောင်းရမလား ဆိုတဲ့ အတွေးနဲ့ ငါ မိုးနေ့ပေါင်းများစွာ နင့် အဆောင်ရှေ့ လမ်းမပေါ်မှာ ခေါက်တုန့်ခေါက်ပြန် စောင့်နေခဲ့ဖူးတယ်…

၂၀၀၆ မေ ၁၅ ရက်

ဒေး ရယ်… ထီးတောင် မဆောင်းနိုင်တဲ့ ကောင်လေးရှေ့ကို နင် ကားလှလှကြီး တစ်စီးပေါ်ကနေ အပြုံးလှလှတွေနဲ့ ဆင်းလာတဲ့ နေ့က ငါ ရင်ကျိုးရတယ် … ဒါတွေ နင်မသိပါဘူး ဒေး ရယ်.. နင့်မျက်လုံးတွေ က နင့်အပြုံးတွေလိုပဲ ငါ့အတွက်မှ မဟုတ်တာ… ငါတောင့်တသမျှကို နင် ကားပိုင်ရှင်တစ်ယောက်ကို အတားအဆီးမဲ့ ပေးခဲ့တယ် မလား… ငါလေ… နင့်ထီးလေးနား ကပ်ဆောင်းနေကြ ကောင်လေးလေ… မိုးတွေကြားမှာ ငိုနေမိတယ်… နင်မသိပါဘူး… ဖော်ကောင် လုပ်မယ့် နင့်ထီးလှလှလေးအောက်က ငါပြေးထွက်ခဲ့တယ်… ဒါတွေ နင်မသိခဲ့ပါဘူး…

၂၀၀၆ သြဂုတ် ၁၁ ရက်

အဲ့ဒီနေ့က မိုးရွာတယ်.. ဒေး မျက်နှာ ပေါ်မှာပေါ့… ငါအခါခါ ချော့နေပေမယ့်.. နင်ငိုမြဲ ငိုပဲလေ.. သူ့အတွက်တဲ့… နင့် အပြုံးကို သူတို့ ခဏ ငှားသုံးတာပါ ဒေး ရယ်… သူ့တို့ ပျော်ဖို့ နင့်အပြုံးတွေကို သူတို့ ငှားသုံးနေတာပါ.. နားလည်စမ်းပါ ဒေး ရယ်… နင်ပျော်ဖို့ ငါဘ၀ အလကားပေး ထားတယ်ဆိုတာ… ငါ ချော့နေလဲ အလကားပဲ .. ငါနင့်အတွက် ဘာမှ မလုပ်ပေးနိုင်ဘူးလို့ နင်ပြောခဲ့တယ်နော်… ငါလေ နင်အနားသူပြန်ရောက်လာအောင် ဖြောင်းဖြရင်းနဲ့ သူနဲ့ ရန်ဖြစ်ခဲ့ဖူးတယ် … နင့်ကိုတော့ ပေးမသိခဲ့ဘူး… ငါ အလျှော့ပေးခဲ့ပါတယ် ဒေး ရယ်.. ဒဏ်ရာတွေကို ငါလှေကားပေါ်က ပြုတ်ကျတယ်လို့ ဆင်ခြေပေးတုန်းက နင်ရယ်သံလွင်လွင်လေးတောင် ငါအမှတ်ရသေးတယ်… ဒါပေမယ့် အခုတော့ နင်ငိုနေရပြီနော်… ငါ ဒဏ်ရာတွေအားလုံးထက် နာကျင်ပါတယ် ဒေး ရယ်….

၂၀၀၆ ဒီဇင်ဘာ ၃ ရက်

ဒီနေ့တော့ နင်အပြုံးတွေနဲ့နော်… ငါပျော်လို့ မဆုံးခင်.. နင့်စကားအဆုံး.. ငါမငိုမိအောင် ထိန်းထားခဲ့ရတယ်… နင် သူနဲ့ ချစ်သူတွေ ဖြစ်သွားပြီတဲ့… ဘယ်သူလဲ ငါမသိချင်ဘူး ဒေး ရယ်.. ငါ့ကို သူနဲ့ မိတ်မဆက်ပေးပါနဲ့… ငါချစ်ရတဲ့သူရဲ့ ချစ်သူဆိုတာ.. ငါ့အတွက် ရန်သူပဲ… ငါ လေ.. နင်ကို ပိုချစ်လေ.. သူ့ကို ပိုမုန်းလေပဲ… ငါသူ့ကို မုန်းတယ် ဒေး ရယ်… နင့်ကို ငါချစ်တယ်… သူ့ကို ချစ်တဲ့ နင့်ကို မမုန်းနိုင်တဲ့ ငါ့ကိုယ်ငါ မုန်းတယ်… တိုက်ဆိုင်စွာပဲ ဒေး ရယ်.. နင်ချစ်တဲ့ သူ့မှာ အရင်ကောင်တွေလိုပဲ ကားလှလှ ကြီး ရှိနေတယ်… ငါ မုန်းတယ် .. အဲ့ဒီကားတွေ ကို.. အဲ့ဒီငွေတွေကို ငါမုန်းတယ်….

၂၀၀၇ မတ်လ ၁ ရက်

နင် ငိုရပြန်ပြီ ဒေး … သူထားသွားပြန်ပြီမလား လို့နင့်ကိုငါ ခါးထောက်ရင်း လှောင်ရယ် လိုက်ချင်တယ်… တကယ်တမ်းကျတော့.. နင့်ဘေးနား ငါပဲ ကူငိုပေးခဲ့ရတယ်မလား… နင် ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုလေ.. ငါသူ့ကို မုန်းလေးပဲ ဒေး ရယ်… နင့်ဘေးနား ငါနေပါရစေလို့ ငါရိုးသားစွာ နင့်ဆီခွင့်တောင်းလိုက် တယ်.. ပွဲလန့်တုန်း ဖျာခင်းတာ မဟုတ်ရပါဘူး… နင် ခေါင်းကို သွင်သွင်ခါလိုက်တော့… ငါမျှော်လင့်သမျှတွေ ကျိုးကျေကျကုန်ပြီပေါ့ ဒေး ရယ်… ဒီကောင်ဟာ နင်နားမှာ ဖ၀ါးတောင် သီခွင့်မရှိတော့ပါဘူး… ငါအဝေးကို လွင့်စင်သွားပါပြီ ဒေး… နင်ပျော်ပါတော့… မဖြူစင်တဲ့ ခင်မင်မှုတွေနဲ့ ဖြူစင်ယောင်ဆောင်ခဲ့တဲ့ကောင်ဟာ.. နင့်အဝေးမှာပဲ နေသင့်ပါတယ်…

၂၀၀၇ သြဂုတ်လ ၆ ရက်

ငါ နင့်အဝေးမှာ ဘယ်လောက် နေနိုင်မှာလဲ ဒေး… နောက်ဆုံးတော့ ငါ နင့်အဆောင်ရှေ့ပဲ ပြန်ရောက်ခဲ့တာပဲမလား… ဒီနေလဲ ထီးမပါပြန်ဘူး ဒေး ရယ်… ဒါပေမယ့် အခါတိုင်းလိုပဲ မိုးရွာနေတယ်.. ငါလဲ အခါတိုင်းလိုပဲ နင့်ကိုစောင့်နေမိတယ်… ဒီနေ့တော့ နင်တစ်ယောက်တည်းပဲ.. နင့်ထီကလေးကတော့ နဲနဲတောင် ဟောင်းနေပြီ… နင် ဟာ ငါ့အတွက် အမြဲ သူငယ်ချင်းပါပဲ တဲ့.. ငါပျော်ရမယ့်စကားလား ၀မ်းနည်းရမယ့် စကားလား မဝေခွဲတတ်တော့ဘူး.. သေချာတာတော့ ငါနင့်အနားမှာ ထီးကလေး အတူဆောင်းရမယ့် ရက်ကိုတောင့်တနေတုန်းပဲလေ…

၂၀၀၆ စက်တင်ဘာ ၁ ရက်

ဒီနေ့တော့ ထီးတစ်ချောင်းနဲ့ နင့်အဆောင်ရှေ့ရောက်ခဲ့တယ် ဒေး ရယ်.. မိုးလင်းမိုးချုပ် ငါစောင့်နေခဲ့တယ်.. မိုးမရွာဘူး ဒေး… ရွာလဲ ငါမဆောင်းဘူး.. နင့်ထီးဟောင်းလေးမှာ အစားထိုးဖို့ ငါဝယ်ထားခဲ့တာ… သေချာတာ ဒီလတော့ ငါချွေတာရတော့မယ်ဟ… ၀မ်းဝအောင်တော့ ငါကျောင်းနိုင်အုံးမှာပါ.. နင်စွန့်ကျဲရင် နင့်ထီးဟောင်းတောင် ငါပိုင်ဆိုင်ခွင့်ရအုံးမှာ… တန်ပါတယ် ဒေး ရယ်… နင် ငါ့ထီကလေးဆောင်းမယ်.. ငါနင့်ထီဟောင်းလေးကို သိမ်းထားမယ်.. ဒါငါ့ဘ၀ပဲ .. ငါကျေနပ်တယ်…

၂၀၀၇ စက်တင်ဘာ ၂ ရက်

ရင်နာလိုက်တာ ဒေး.. ငါ့ထီးလေးကို နင်လက်မခံခဲ့ဘူး.. ငါ့ဆီက နင်ဘာမှ မလိုချင်ဘူးတဲ့.. မပြည့်စုံတဲ့ ဘ၀ကို နင်သနားတတ်တာပဲ သိတယ်.. ဘယ်လိုသနားရမလဲ မသိဘူး.. နင့်ထီဟောင်းကို ငါမတောင်းပဲ နင်ပေးခဲ့တယ်.. ငါငြင်းပါရစေ ဒေး… တစ်ခုပေးပြီး တစ်ခုယူချင်တာ.. တန်တယ်မတန်ဘူးဆိုတာ ငါ့ ဆုံးဖြတ်ချက်ပဲ…

၂၀၀၈ ဖေဖော်ဝါရီ ၁၄ ရက်

ချစ်သူများနေတဲ့ ဒေး.. နင်ကတော့ ငါ့အဝေးမှာပဲ .. နင်နယ်ပြန်သွားတာ… ၃ လတောင် ပြည့်တော့မယ်နော်.. ငါ တဖြည်းဖြည်းငွေစုရင်း .. နင့်အတွက် အသည်းပုံ ချောကလတ် ဘူးလေး ၀ယ်ထားတယ် ဒေး.. ငါဝယ်ဖူးသမျှ မုန့်ထဲမှာ ဈေးအကြီးဆုံးပဲထင်ပါရဲ့… ငါ ငွေကို တန်ဖိုးမထားဘူး ဒေး.. ငါနင့်ကို တန်ဖိုးထားတယ်.. ငါ တတ်နိုင်သမျှထဲမှာ နင်ဟာ ငါ့ဘ၀ရဲ့ အကောင်းဆုံးတွေကို ပိုင်ဆိုင်စေရမယ်….

၂၀၀၉ ဇန်နဝါရီလ၂၀ ရက်

ငါ ဒိုင်ယာရီ မရေးဖြစ်တာကြာပြီ ဒေး.. ငါအိမ်မကပ်တာလဲ ကြာပြီ… နင့်သတင်း နားစွင့်ရင်း ငါရူးနေခဲ့တာ ကြာပြီ… နင်မယူတဲ့ ထီးတစ်လက်… အခုထိ အသစ်စက်စက်ပဲ.. နင့်ကို မပေးရသေးတဲ့ ချောကလတ် အခုထိ လတ်လတ်ဆက်ဆတ်ပဲ… စာလဲ မလာဘူး.. အကြောင်းလဲမကြားဘူး.. ငါကြားတဲ့ သတင်းက ငါ့အတွက်လဲ မကောင်းဘူး.. နယ်မှာ နင်ရည်းစာတွေ ဘယ်လောက်တောင်ထားနေခဲ့လဲ… ငါသိတယ် မပြောတော့ဘူး.. အခုတော့ ငါမျှော်လင့်ချက်အားလုံး ဆုံးရပြီ… နင် စေ့စပ်တော့မယ်တဲ့…. ငါ ချစ်တဲ့ အကြောင်း လစဉ်ပို့ခဲ့တဲ့စာ.. နင်တစ်စောင်မှ မပြန်ခဲ့ဘူး… ငါရေးနေတုန်းပဲ ဒေး.. အခုတော့ ငါလွမ်းတဲ့အကြောင်းပို့မယ်… ထီးတစ်ချောင်းရယ်… ချောကလတ်တစ်ဘူးရယ်.. ဒါအခု နောက်ဆုံး ငါပိုင်ဆိုင်သမျှပဲ ….

၂၀၀၉ ဇန်နဝါရီလ ၂၂ ရက်

ဘယ်လို အကြောင်းပြချက်တွေနဲ့ ငါရှင်သန်ရမလဲ ဒေး… တကယ်ဆို မင်းထားခဲ့မှန်း သိရက်နဲ့ ငါဟာ ဒီနားက ဘာလို့ မခွာနိုင်ရတာလဲ …

၂၀၀၉ ဖေဖော်ဝါရီလ ၁၆ ရက်

ဒါနောက်ဆုံးရက်လို့ ငါသိတယ်.. မနက်ဖြန်ဆို နင်စေ့စပ်ရောပေါ့… နင် မရှိမှန်းသိရက်နဲ့ နင်နေခဲ့ဖူးတဲ့ အဆောင်ရှေ့ကို ငါရောက်နေပြန်ပြီ ဒေး… မိုးတွေကလဲ သဲကြီးမဲကြီးရွာတယ် .. လေတွေကလဲ တ၀ူးဝူး နဲ့ ငါကိုလှောင်ရယ်ပြုံးကြတယ်… ငါ မလျှော့ပါဘူး ဒေး ရယ်.. ငါလေ နင့်ကိုပေးဖို့ ထီးတစ်လက် ချောကလက် တစ်ဘူးနဲ့ နေ့တိုင်းရောက်ခဲ့တယ်.. မိုးတွေကတော့ ငါရောက်တိုင်းရွာတယ်ဟာ.. ငါ နင့်ကို သိစေချင်တယ် ဒေး ရယ်.. နင်မရှိလဲ ငါရှိနေတယ်.. နင် မချစ်လဲ ငါချစ်နေတယ်.. နောက် ငါ့မှာ နင့်လက်မခံတဲ့ ထီးတစ်ချောင်းရှိတယ် မပေးရသေးတဲ့ ချောကလတ်တစ်ဘူးရှိတယ်.. မိုးရေတွေ ကြားထဲမှာ သူတို့တွေ မစိုအောင် ငါ့ကိုယ်နဲ့မိုးပေးထားတယ်.. နင် ငါ့ဆီလာ တောင်းတဲ့ အချိန်ထိပေါ့….



ဖြိုးဇာနည့်ထီးအဟောင်းတစ်ချောင်းပိုင်ဆိုင်နိုင်ဖို့ကြိုးစားနေပါတယ်........
ဒီနေ့အထိတော့ကြိုးစားမူဟာသဲထဲရေသွန်မဖြစ်သေးဘူးလို့ကျွန်တော်ထင်တယ်။
ရေးမိသူ့ဇြိုးဇာနည့်နေ့လည့်၁၁း၄၅တိတိ

Links to this post
0

အလွမ်းဇာတ်သိမ်း

Posted by ဖြိုးဇာနည် on Saturday, February 14, 2009 in
“သိပ်ချစ်တယ် ချစ်သူရယ်“ ဒီစကားကိုဘယ်လောက်ကြာကြာပြောနိုင်မှာလည်း တစ်ကယ်ဆို ကို ဒီစကားကို မင်းအတွက် ထာဝရပြောချင်ပါတယ် ဒါပေမဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းကြောင့် ကိုယ်တို့နှစ်ယောက် ဝေးခဲ့ရတယ် မင်းကိုသိပ်ချစ်ခဲ့ပါရက်နဲ့ မင်းကို ရယူပိုင်ဆိုင်နိုင်ဖို့ ကိုယ့်မှာ ဘာအစွမ်းအစမှ မရှိခဲ့တဲ့အတွက်လဲ ကိုယ့်ကို ကိုယ် မုန်းမိတယ် မင်းကိုရယူပိုင်ဆိုင်နိုင်ဖို့ဆိုတာ အချိန်အတိုင်းအတာတစ်ခုတော့ ပေးရလိမ့်မယ် ဒါပေမဲ့ ကိုယ် ကြိုးစားနေတဲ့အချိန်မှာပဲ မင်းဟာ တစ်ခြားတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ခိုဝင်ပြီး ကိုယ့်ကိုထာဝရ အပြီးအပိုင် နှုတ်ဆက်သွားခဲ့တယ်.................

စိတ်ညစ်တယ် မင်းကိုမေ့ပစ်ဖို့ ငါ့မှာ ဘယ်လောက်ထိ အချိန်ယူရအုံးမှာလဲ သေချာတာကတော့ မင်းကို ခဏတစ်ဖြုတ်မေ့နိုင်ဖို့ဆိုတာ ကိုယ့်အတွက် အကောင်းဆုံးအဖော်ဟာဘီယာပဲ့မင်းကိုတစ်ခဏတာကိုယ့်နှလုံးသားထဲကထုတ်ပစ်ဖို့ဆေးစွမ်းကောင်းတစ်လက်ပေါ့ ရက်တွေတာကြာလာတယ် မင်းရဲ့ အရိပ်ဟာ ကိုယ့်ကို အိပ်မက်ထဲအထိ စိုးမိုးနေတုန်းပါလား “ချစ်သူ“ရယ် အချစ်ဦးမို့လည်း မမေ့ရက်နိုင်တာလားကွာ.............

နွေရာသီရောက်လာပြန်ပြီ ကိုယ့်ရဲ့ ဘ၀လည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲ သွားတဲ့နေ့တစ်နေ့ ရောက်ခဲ့ပြန်ပြီ မမျှော်လင့်သော နွေနေ့လေးတစ်နေ့ပေါ့ ကိုယ်တို့ လူငယ်တွေ မိတ်ဆုံစားပွဲလေးတစ်ခု လုပ်ခဲ့တယ် ဘာအတွက်လည်းဆိုတော့ ကိုယ်တို့လူငယ်တွေ အလှူ ပွဲအတွက် ဦးဆောင်ပြီးလုပ်ဖို့ ကွမ်းတောင်ကိုင် တဲ့ လူငယ်မောင်မယ်တွေ တွေ့ဆုံပွဲလေးတစ်ခု လုပ်ကြတုန်းက မမျှော်လင့်ပဲ “ငယ်“ ဆိုတဲ့ကွမ်းတောင်ကိုင်အဖွဲ့ခေါင်းဆောင် လုံမပျိုလေးတစ်ယောက် ကိုတွေ့ခဲ့တယ် အိပ်ပျော်နေတဲ့ ကိုယ့်နှလုံးသား ကို နှိုးထအောင် လုပ်ပေးခဲ့တဲ့ နေ့တစ်နေ့ လို့ ပြောလည်း မမှားပါဘူး သူ့ကို ကိုယ်မြင်လိုက်တဲ့ အခိုက်အတန့်လေးမှာ ကိုယ့်နှလုံးခုန်သံဟာရာနှုန်းပြည့် ခုတ်မောင်းနိုင်ခဲ့ပါတယ် ဒါကိုယ့်ရဲ့ ဒုတိယ မြောက်ရင်ခုန်သံဆိုလည်း မမှားပါဘူး “ငယ့်“ ကို ချစ်သည် ဘာအရာနဲ့မှ အစားထိုးလို့မရအာင်ကို မြတ်နိုးခဲ့ပါတယ် ဆိုတဲ့ ကိုယ့်ရဲ့ အတိတ်ဟောင်းတွေကို တစ်ခဏတာ မေ့ဖျောက်သွားအောင် ကူညီပေးတဲ့ ဆေးတစ်ခွက်ထက် ခု “ငယ့်“ ကို ပိုပြီး ကိုယ်ချစ်မိခဲ့သည် သူမ ဆန္ဒကိုဘာမဆို လိုက်လျှောပေးခဲ့သည် အမြဲတမ်း ဖြည့်ဆည်းပေးခဲ့သည် ကျွန်တော့်ကို အနိုင်ယူမှန်းသိသိကြီးနှင့်ပင် ချစ်ခဲ့မိသည် တစ်ခုခုအခန့်မသင့်လို့ စကားများတဲ့အခါမှာ “ငယ်“ က ကိုယ့်အတိတ်ကို ပြန်ပြီးပုံဖော်ပေးတတ်သည် ဒါပေမဲ့ ကျွန်တော် က အနစ်နာခံဆဲပါ လူ့ဘ၀ကလည်း ဆန်းကျယ်လှပါတယ် ကျွန်တော့်လို အလုပ်အကိုင်မသေချာ မရေရာတဲ့ လူတစ်ယောက်ကို “ငယ်“ ဆိုတဲ့ ဟိုးအမြင့်က ပန်းလေးတစ်ပွင့်က ဘယ်လိုလုပ်ပြီး စိတ်ကူးယဉ်မှာလဲ ဒါလည်း သိသိကြီးနဲ့ ကို ချစ်ခဲ့တာ ကိုယ့်အမှားလား ဗျာ...............

“ငယ်“ ကို ကိုယ်ချစ်တယ် အဲဒီစကားလုံးကို ပြောဖို့ အချိန်တွေ အများကြီးရင်းခဲ့ရတယ် ဆိုတာ “ငယ်“ တစ်ယောက်နားလည် ပေးဖို့ကောင်းပါတယ် ဒါပေမဲ့ ကိုယ့်ကို ရှိတယ်လို့တောင် ထင်မိမှ မဟုတ်ပါဘူး နောက်ဆုံးရလဒ်ကတော့ သူငယ်ချင်းလိုပဲ ခင်နိုင်တယ် ဆိုတဲ့ အဖြေပါပဲ..............

အနာဟောင်းပေါ်မှာ နောက်ထပ်အနာသစ်တစ်ခုထပ်တိုးလာတာပဲ အဖတ်တင်ပါသည် ကိုယ့်အချစ်ကတော့ ခုထိ အနှုတ် လက္ခဏာ ပြနေဆဲပါ ဒီလိုနဲ့ပဲ နွေရာသီကို ပူလောင်စွာနဲ့ ဖြတ်သန်းခဲ့ရတဲ့ အထီးကျန် နေ့လေးတွေကို ဘယ်သူများ မျှဝေခံစားပေးနိုင်မှာလဲ..........

ကိုယ်ရဲ့ အချစ်ကံက အဲဒီလောက်ထိ မဆိုးသေးဘူးဆိုတာ ဒီဆောင်းရာသီကျမှ သိလိုက်ရတယ် ကိုယ် “ မိုး” ကိုသိလာတာ ကြာပါပြီ ဒါပေမဲ့ သေသေချာချာ နှစ်ယောက်တည်း စကားမပြောဖူးဘူး ခုမှ “မိုး“ နဲ့ ကိုယ်စကားပြောဖူးတာ ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်ခဲ့မယ်ဆိုတာ အစ ကတည်းက ကြိုသိခဲ့ရင် ဒီခရီးကို ကိုယ်မလာပါဘူး ခုတော့ ဘ၀တစ်ခုလုံး ပြောင်းဆန်အောင် လုပ်ပစ်တာ ဒီ ခရီးလေးတစ်ခုပါ .......

မမျှော်လင့်ပဲ ကိုယ် ခရီးသွားဖို့ ကားအော်ဒါ တစ်ခုရလိုက်တယ် ဘုရားဖူးတစ်ခု ကိုသွားဖို့ ကိုယ့် ကားနဲ့ လိုက်ပို့ပေးရမှာ အဲဒါနဲ့ ဒီခရီးမှာ “ မိုး“ ဆိုတဲ့ ကိုယ့်နှလုံးသားတစ်ခုလုံးကို ကြေမွသွားအောင် တစ်စစီ လုပ်ပစ်မဲ့ ချစ်သူတစ်ယောက် ကို စပြီး ခင်မင် ရင်းနှီးခဲ့ပါတယ် “မိုး“ ကို ကိုယ် အလိုလိုနေရင်း သနားမိတယ် ဘာလို့လဲ ဆိုတော့ ကိုယ်တို့ နှစ်ယောက်လုံးဟာ ဘ၀တူတွေပါ ချစ်သူရဲ့ စွန့်လွှတ်ခြင်းကို ခါးသီးစွာခံခဲ့ရတဲ့ သူနှစ်ဦးပါ “မိုး အကို့ ကို သိပ်ချစ်တယ်“ ဒီစကားဟာ ကိုယ့်ရင်တစ်ခုလုံး တုန်လှုပ်သွားအောင် ပြင်းထန်တဲ့ စကားတစ်ခွန်းပါ “မိုး“ ကိုသနားရင်းနဲ့ ချစ်ခဲ့မိပါတယ် အရင်က ချစ်ခဲ့တဲ့အချစ် နဲ့မတူတာအမှန်ပါ ဒီတစ်ခါတော့ ကိုယ့်ကို ချစ်တဲ့လူနဲ့ ဆုံဆည်းနိုင်အောင် ကံကြမ္မာက ဖန်လိုက်လေသလားလို့တောင် တွေးမိတယ်........

“ကို မိုး အကို့ ကို မခွဲနိုင်ဘူး အဲဒါဘယ်လိုလုပ်ရမလဲ မိုး တို့အိမ်ကလည်း မိုးကိုစေ့စပ်ပေးတော့မှာ ကို့ ကို မိုး သိပ်ချစ်တယ် ကိုရယ်“ ... ဒီစကားဟာ ကိုယ့်ကို တစ်ခုခုဆုံးဖြတ်ဖို့အချိန်ရောက်ပြီ လို့တွန်းအားပေးလိုက်တာနဲ့အတူတူပဲ “ မိုးကိုယ့် ဘ၀ထဲကို ဝင်လာနိုင်ပါ့မလား“ “မိုး“ ကို ကိုယ့်ဘ၀ထဲ မခေါ်ရက် ပါဘူးကွာ ကိုယ်တို့ အချိန်တစ်ခု စောင့်ရအောင်နော်“ မရတော့ဘူး “ကို“ အိမ်က သဘောတူတဲ့ လူနဲ့ မိုး ယူရလိမ့်မယ် “ တစ်ခုခုတော့ “ကို“ စီစဉ်ကွာ “ကို“ မိုး ကို မချစ်ဘူးလား “ အချစ်အတွက် ကို တစ်ခုခုတော့ လုပ်ရလိမ့်မယ် “မိုး ကိုယ့်နောက်ကို လိုက်ရဲလား “ဘယ်လိုပြောလိုက်တာလဲ ကို့ ကို မိုးချစ်တာ ဘ၀လက်တွဲဖော် အဖြစ် ရည်ရွယ်ထားပြီး ချစ်ခဲ့တာပါ ဒီလိုစကားလေးတွေကြောင့် တွေဝေနေတဲ့ ကိုယ့်နှလုံးသားကို “မိုး “က လှုပ်နှိုးပေးလိုက်တယ် အဲဒါနဲ့ “မိုး“ ကိုခေါ်ပြီး ကိုယ် အဝေးကြီး တစ်နေရာကို ထွက်လာမိတယ် ပြီးတော့ ကိုယ်တို့ အချစ်တွေ ခိုင်မြဲအောင် ရုံးတက် လက်မှတ်ထိုးခဲ့တယ် ဒါဟာလည်း “မိုး“ ရဲ့ ဆန္ဒတစ်ခုပါပဲ ကိုယ့်ကို အိမ်က လူကြီးတွေ စိတ်ပူနေတယ်ဆိုတာ သိတယ် “မိုး“ ကို ခိုးပြေးလာတာ ၅ ရက် လောက်လဲရှိပြီ ပြန်ရောက်ရင် လူကြီးတွေကို နားဖောက်ပြီး လက်ထပ်ဖို့ ပြောမယ် “မိုး“ မိဘတွေ စိတ်ဆိုးပြေတဲ့ အထိ တောင်းပန်မယ် ဆိုတဲ့ စိတ်ကူးလေးနဲ့ ကိုယ် “မိုး“ ကို အိမ်ပြန်ပို့ခဲ့မိတယ် ဒါဟာ အကြီးမားဆုံး သော မှားယွင်းတဲ့ဆုံးဖြတ်ချက်ပဲ ဆိုတာ နောက်မှ ကိုယ် သိလိုက်ရတယ် “မိုး“ တို့ မိဘတွေက ကိုယ် တို့နှစ်ယောက်ကို မဆုံနိုင်အောင် ခွဲထားကြတယ် ...............

ကိုယ့် ကို လာကြည့်လှည့်ပါ “မိုး“ ရယ် “မိုး“ မရှိတဲ့ နောက် ကိုယ် ဘယ်လို နေရမလဲ ကိုယ်လည်း ထင် ပါတယ် မိုး လည်း ကိုယ့်ကို မမေ့နိုင်ဘူးဆိုတာ မိုးမိဘတွေက ဘယ်တော့များ ကိုယ်တို့နှစ်ယောက်ကို ပေါင်းဆုံခွင့် ပြုမှာလဲ အဲဒီနေ့တွေကို ကိုယ်မျှော်လင့် ရင်း ခုတော့ လွမ်းဆွေးရတဲ့ရက်တွေပဲ ပိုများလာပါတယ်....... နောက်ဆုံးထွက်သက်ထိ “မိုး“ ကို ကိုချစ်နေမှာပါ ကိုယ် မိုး ကိုသတိရတိုင်း ဘီယာနဲ့ပဲ အဖော်ပြုနေရတာ “မိုး“ ကို အရမ်းတွေ့ချင်တယ် ဘယ်လိုလုပ်မှ မိုး မိဘတွေက ကိုယ့် ကို ကြည်ဖြူလာမှာလဲ .......... အခုတော့ အချစ်တစ်ခုရဲ့ ဒဏ်ခတ်မှုကို ခံလိုက်ရပါပြီ ကျွန်တော်ရဲ့ တွေဝေတတ်တဲ့ စိတ်ကြောင့် ခုတော့ ကျွန်တော့် ကို ကောင်းကောင်းကြီး ဒုက္ခပေးလိုက်ပါပြီ အချစ် ကိုသတိရတိုင်း စိတ်ဖြေအောင် ဘီယာသောက်ခဲ့တယ် လုပ်သင့်တဲ့အလုပ်ကို မလုပ်ပဲ အကျိုးမရှိတဲ့ အလုပ်တစ်ခု ကို ကျူးလွန်မိတဲ့အတွက် ခုမှ ဒဏ်ခံလိုက်ရပြီ ကိုယ်. လို ဘီယာသမားတစ်ယောက်ကို ဘ၀တစ်ခုလုံးရင်းပြီးချစ်ခဲ့တဲ့ ချစ်သူတစ်ယောက် အတွက် ဘာမှ လုပ်ပေးနိုင်စွမ်းမရှိ တော့ပါလား ခုတော့ ဘီယာကျေးကျွန်တစ်ယောက်ဖြစ်နေတဲ့ ကိုယ့် ကို မိုး မိဘတွေလည်း ပိုပြီးတော့တောင် သဘောမတူနိုင်တော့ဘူး...............

“မိုး“ ကိုပြန်ခေါ်ဖို့ သတ္တိတွေ ကိုယ့်မှာ တစ်ကယ်မရှိတော့ ပါဘူး နေ့စဉ်ရက်စက် မျှော်လင့်မိပါတယ် “မိုး“ ကိုယ့် ဆီကို ပြန်လာမလားပေါ့ ဘာပဲဖြစ်ဖြစ် မနက်ဖြန်ဆို ၀ါကျွတ်တော့မယ် “မိုး“ ကို ကိုယ်မဖြစ် ဖြစ်တဲ့နည်းနဲ့ ပြန်ခေါ်မယ် ......မိုးကို ကိုယ်ရအောင် ပြန်ခေါ်မယ် အတွေးတွေက မိုးကို ဘယ်လိုပြန်ခေါ်မလဲ မိုးကရော အရင်တုန်းက လို ကိုယ့်နောက်ကို လိုက်ခဲ့ဖို့ သတ္တိရှိနိုင်အုံးမလာ ဒါမှမဟုတ် ကိုယ့်ကို မေ့သွားပြီလား စသည့် မေးခွန်းတွေနဲ့ မျက်လုံးတွေထဲမှာ မိုးရဲ့အရိပ်တွေပဲ စိုးမိုးနေတယ် ပတ်ဝန်းကျင်က လည်း တိတ်ဆိတ်လို့.............. ညသံခေါင်ရောက်နေပြီ နာရီစင်မှ 12 နာရီထိုးသံ ကြားနေရသည် သောက်လျက်စ အရက် ကို အပြီးသတ်လိုက်ပြီး မနက်ဖြန်အတွက် ကြိုတင်ရင်ခုန်မိသည် ခေါင်းထဲမှာလဲ ...မိုးနဲ့တွေ့ရတော့မယ်.........မိုး.........မိုး.......

..... “မိုး“ ကိုယ် ၀မ်းသာအားရထအော်မိတယ် ဟုတ်ပါတယ် “မိုး“ပါ မိုး မှ မိုး စစ်စစ် ကိုယ် မိုးအနားကို ရောက်နေပါလား............ “မိုး“ အနားကို ကပ်ပြီး တိုးတိုးလေး ခေါ်ကြည့် သည် မကြားပါလား “မိုး“ ဘာလို့ငိုနေလဲ “ကို“ မိုးအနားကို ရောက် နေပြီလေ မိုး ၀မ်းမသာဘူးလာ တိတ်ပါမိုးရယ်မငိုပါနဲ့ မိုးနဲ့ကို ဘယ် တော့ မှမခွဲတော့ ဘူးနော်...... မိုး မျက်ရည် တွေကို ကိုယ် လှမ်းပြီး သုပ်ပေးမိသည် ပြီးမိုးရဲ့ တုန်ရီနေတဲ့ ပုခုံးလေးကို လှမ်းဆွဲမိသည်

....လေဟာနယ် တစ်ခုထဲ ရောက်သွားသလိုပါပဲ ထိတ်လန့်သွားမိသည် “မိုး“ မျက်ရည်ကို ကိုယ် သုပ်ပေးလို့မရတော့ပါလား မိုးကို ကိုယ့် ရင်ခွင်ထဲ ဆွဲယူ၍ ပွေ့ဖက်မိသည် မရပါ....ကိုယ် အိပ်မက်မက်နေသလား ဟုတ်တယ် ကိုယ် အိပ်မက်မက်နေသည် ဘယ်တော့ မှမနှိုးတမ်း မက်တဲ့ အိပ်မက်ရှည်ကြီးတစ်ခုကို ကိုယ်မက်နေတယ် ....အဲဒီအိမ်မက်ထဲ မှာ မိုး နားမှာ နေခွင့်ရတဲ့အိပ်မက်တစ်ခုပေါ့... ဒါဆို ကိုယ်လွမ်းခဲ့ရတဲ့ နေရက်လေးတွေလည်း ပြီးဆုံးသွားပြီ ခုတော့ အလွမ်းအဆွေးမရှိတဲ့ အိပ်မက်ရှည် ကြီးတစ်ခုထဲကို ကိုယ်ရောက်နေပါပြီ... “မိုး“ တစ်ယောက် အငိုတိတ်အောင် ဘယ်လိုများ စွမ်းဆောင်ပေးရမလဲဆိုတာတော့ ကံကြမ္မာတစ်ခုပေါ်မှာပဲ မူတည်ပါ တော့တယ် အချိန်ကကုစားသွားမှာပါ........

ကိုယ်ကတော့ အိပ်မက်တစ်ခုထဲ လွှင့်မျော်နေဆဲပါ မနှိုးတမ်းအိပ်စက်ခြင်းနဲ့ အားလုံးကို ကျောခိုင်းထွက်ခွာခဲ့ပါပြီ ဒါပေမဲ့ ကျေနပ်ပါတယ် မိုးနားကို ခုအတားအဆီးမရှိ တွေ့ခွင့်ရလိုက်တဲ့အတွက်ကြောင့်ပါ-------------
ချစ်သူတိုင်းပေါင်းကြရစေ့
ဖေဖော်ဝါရီ၁၄မှာဘာရေးရမှန်းမသိတာနဲ့စိတ်ထဲရှိတာတွေကောက်ရေးပစ်လိုက်တယ်....
သူငယ်ချင်းတွေကိုကျွန်တော်တစ်ခုတော့တောင်းပန်ချင်ပါတယ်....တကယ်တော့ဘီယာဆိုတဲ့နေရာမှာအရက်လို့ရေးသင့်တာပါ။
ကျွန်တော်ကိုယ်တိုင်ကအရက်ဆိုတဲ့အရာကိုအရမ်းမုန်းမိတာကြောင့်ကျွန်တော်သောက်တတ်တဲ့ဘီယာကိုပဲအရက်အစားဘီယာ
လို့ပဲနာမ်စားအနေနဲ့သုံးနှုန်းထားမိပါတယ်။တကယ်တမ်းပြောကြစတမ်းဆိုရင်ဘီယာသမားတစ်ယောက်ဟာအသက်သေဆုံးသွား
တယ်လို့ပြောရင်ယုတ္တိသိပ်မရှိလှပါဘူး။အရက်သမားကသာအရက်ကြောင့်သေဆုံးတယ်လို့ဖြစ်သင့်တာပါ။ဘာပဲဖြစ်ဖြစ်ကျွန်တော့်
ရဲ့အရက်ကိုမုန်းတဲ့စိတ်ကြောင့်အခုလိုသူငယ်ချင်းတို့စာဖတ်တဲ့အချိန်မှာလိုအပ်နေတာလေးကိုနားလည်ပေးကြပါလို့ပြောလိုက်ပါရစေ့
ဖြိုးဇာနည့်ည့၁၁း၄၅တိတိ

Links to this post
0

Faster Adsl Speed

Posted by ဖြိုးဇာနည် on Saturday, February 14, 2009 in
Faster Adsl Speed

ဒီနေ့ ကျွန်တော်ပြောချင်တဲ့ အကြောင်း အရာလေး ကတော့ မိမိတို့ (အေဒီအက်အယ်) အင်တာနက် SPEED လေးကို Firefox ကနေ အလွန် လျှင်မြန်စွာ အသုံးပြု နိုင်အောင် အတွက် ဖြစ်ပါတယ်...
ပထမ ဦးဆုံး Firefox ကိုဖွင့် ထားရပါမယ်။ ပြီးရင် address barမှာ (about:config)လို့ ရိုက်ထည့်ရပါမယ်။ ပြီးရင်Filter မှာ network.httpလို့ ရိုက်ပါ။ ပြီးရင် network.http.pipelining.maxrequestsကို ရှာရပါမယ် ။ network.http.pipelining.maxrequests မှာ string က default..(4) ဖြစ်နေ ပါလိမ့်မယ်. ..256line ကို string က 200လောက်အထိထားလို့ သင့်တော်ပါတယ်. ...သူ့အပေါ်မှာ clickလေး နှိပ်ပြီး ပြင်နိုင်ပါတယ်။
ပြီးရင်network.http.pipeliningနဲ့ network.http.proxy.pipelining ကိုရှာပါ ...ဒီနှစ်ခုကို true ပေးရပါမယ် ။ပြီးရ၏ရင် modzilla က ip address ကိုcache-dsl.bagan.net.mm ပြောင်း ပေးရပါမယ် ။ port ကတော့  8080 ပါ။ပြီးရင် freedomသုံးတဲ့သူများ freedomကို ပိတ်ပြီး စမ်း အသုံးပြု နိုင်ပါပြီ။
(သတိ ပြုရမှာကတော့... အင်တာနက်ကဖေးမှာ အသုံးပြုသူတွေက ဒီလို အသုံးပြုတဲ့အခါမှာ မိမိရဲ့ စက် တစ်လုံး ထဲသာ မြန်ပြီး အခြားစက်များမှာ သုံးလို့ရမည်မဟုတ်သောကြောင့်ခဏသာအသုံးပြုကြရန်ပြောလိုပါတယ်ခင်ဗျား.. .)
ကြိုးစားပါအုံးမည့်ဖြိုးဇာနည်

Links to this post
2

အချစ်ဦး

Posted by ဖြိုးဇာနည် on Thursday, February 12, 2009 in
အချစ်ဦး

“လူဆိုတာအချစ်ဦးကိုမမေ့တတ်ကြဘူး”တဲ့။ ထိုစကားကို ကျွန်မ ကောင်လေးတစ်ယောက်ထံ မှစကြားဖူးသည်။ ထိုကောင်လေး ၁၆ နှစ်အရွယ်က ဖုန်းထဲမှနေ၍ ၂၅နှစ်အရွယ် ကျွန်မအား ရည်းစားစကားပြောသောအခါ ကျွန်မရယ်နေခဲ့သည်။ ၉ နှစ်ကွာသော ထိုကောင်လေးနှင့်ကျွန်မ ချစ်သူတွေ မဖြစ်ခဲ့ပါ။ ဒါပေမယ့် ဒီနေ့ထိ သူ့အကြောင်းနှင့် သူ၏များပြားလှသော ရည်းစားများအကြောင်းကို ကျွန်မထံ လာ၍ ရင်ဖွင့်တတ်သည်။ ထိုစကားကို ကျွန်မမေ့နေရာမှ Internetစသုံးတော့ Chattingတွင် အချစ်ဦးအကြောင်း မကြာခဏ မေးခံရသောအခါ ကျွန်မ စဉ်းစားဖို့ ဖြစ်လာတယ်။

အချစ်ဦးအကြောင်းကို စဉ်းစားဖို့ အချစ်ဦးဆိုတဲ့ အဓိပ္ပါယ်ကို အရင်သိမှ ဖြစ်မှာပေါ့။ အစ်ကိုတွေနှင့် ကြီးပြင်းရသော ကျွန်မ ယောက်ျားလေးတွေကို စိတ်ဝင်စားစရာအဖြစ် မမြင်ခဲ့။ အထက်တန်းရောက်တော့ ကျွန်မဘ၀မှာ ပထမဆုံးသော ရည်းစားစာ ရရှိတယ်။ အိမ်ရောက်တော့ သူ့စာကို လူကြီးတွေလစ်တုန်း ဖတ်တယ်။ ဖွဲ့နွဲ့ထားသော သူ့စာကိုကျွန်မနားမလည်။ ၂ခါပြန်ဖတ်တယ်။ နားမလည်။ နောက်ဆုံးကတ်ကြေးနှင့် တစ်စစီဖြတ်၍ အမှိုက်ပုံးထဲ ထည့်လိုက်တယ်။ ရှင်မှီးအင်္ကျီဝတ်ဆဲ ကျွန်မအား မိန်းကလေးအဖြစ် ပထမဆုံး အသိအမှတ်ပြုပေးသော ထိုသူသည် ကျွန်မ၏ အချစ်ဦးမဖြစ်ခဲ့။ သူ့နာမည်က "နိုင်"။

၁၀ တန်းအောင်ပြီးတဲ့ အခါကျတော့ တက္ကသိုလ်မတက်ခင် အားလပ်နေတယ်။ မနက်နေမြင့်မှ အိပ်ရာထ၍ မနက်၉နာရီ ခန့်ဆို အစ်ကိုတွေ အခန်းဖက်သို့ သီချင်းသွားနားထောင်လေ့ရှိတယ်။ ကျွန်မတို့ နေတာက ၀န်ထမ်းတွေနေတဲ့ တိုက်ခန်းတန်းလျားပေါ့။ ပြီးတော့ အပေါ်ဆုံးထပ် အစ်ကိုတွေနေတဲ့ အခန်းရဲ့ နောက်တည့်တည့်မှာ ဘုန်းကြီးကျောင်းရှိတယ်။ တစ်နေ့သောမနက်ခင်းမှာ ကျွန်မအကိုတွေရဲ့ ကုတင်ပေါ်ကနေပြူတင်းပေါက်ပေါ် မေးတင်ပြီး သီချင်းနားထောင်နေခိုက် လူတစ်ယောက် ရေဖလားလေးကိုကိုင်ပြီး လမ်းလျှောက်လာတယ်။

ပုဆိုးသာဝတ်ထားပြီး အင်္ကျီဗလာနှင့်။ တဘက်ကို လည်ပင်းမှာချရင်း လမ်းလျှောက်လာတယ်။ ဆူညံသောသီချင်းသံကြောင့် သူတစ်ချက်မော့ကြည့်တယ်။ ဝါဝင်းသောသူ့အသားက နေရောင်တွင် ဝင်းလက်နေတယ်။ ပုံစံက ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်လေးနှင့်။ သူ့ခေါင်းမှာ လှိုင်းတွန့်ဆံပင်လေးတွေ ရှိတယ်။ ကျွန်မကို မော့ကြည့်လိုက်သော မျက်ခုံးနက်နက် ထူထူလေးအောက်မှာ လိုက်ဖက်ညီတဲ့ မျက်လုံးနက်နက်လေးတွေရှိတယ်။ ချောလိုက်တာ။ သူ ဘုန်းကြီးကျောင်းပေါ်သို့ တက်သွားသည်။ ထိုနေ့မှစ၍ ကျွန်မ အလုပ်တစ်ခု ရသည်။သူ ရေချိုးသွားတာကို သီချင်းနားထောင်ရင်း စောင့်နေမိတယ်။ နေ့တိုင်းတော့ မတွေ့။ တခါတရံ သူ့ကို ကျွန်မအောက်ဆင်းသည့်အခါ တွေ့သည်။ ထိုအခါတိုင်း သူ့ကို ကျွန်မ ဘယ်တော့မှမကြည့်။ ရိပ်ကနဲသူ့ကိုတွေ့တာနဲ့ မြေကြီးကို ကြည့်လျှောက်သည်။

အသက် ၁၇နှစ်ခန့်သာရှိသေးသော ကလေးရုပ် မပျောက်သေးသော ကျွန်မအား အသက်၃၀ နီးပါးခန့်ရှိသော ထိုသူသည် ကလေးတစ်ယောက် ဆိုတာထက် ပို၍ စိတ်ဝင်စားပုံမပေါ်။ တခါတရံ ဝရံတာထွက်၍ အရုပ်များကို အင်္ကျီချုပ်ပေးနေရင်း ကျွန်မအလုပ်တွေ ရှုပ်နေတာကို မျက်စောင်းထိုးဖက်အခန်းတွင်နေသော သူ မြင်ကောင်းမြင်ပေလိမ့်မည်။ နောက်တော့ သူအိမ်ပြောင်းသွားသည်။ ကျွန်မတို့ မိသားစုလည်း အိမ်ပြောင်းလာခဲ့တယ်။ ဆန့်ကျင်ဖက်ကိုပထမဆုံးအနေနဲ့ စိတ်ဝင်စားခဲ့ပေမယ့် သူသည် ကျွန်မ၏ အချစ်ဦး မဖြစ်ခဲ့။ သူ့နာမည်က "ကျော်"။

ဒီလိုနဲ့ တက္ကသိုလ် ပထမနှစ်ကို ရောက်လာခဲ့တယ်။ မိန်းကလေးချည်း ၈ယောက်ပေါင်းသော သူမတို့အုပ်စုအား တော်ရုံလူ မကပ်ရဲ။ သူငယ်ချင်းများကလည်း တော်ရုံလူလက်မခံ။ ဒါပေမယ့် သူငယ်ချင်းများ ငြင်းစရာမရှိအောင် ပြည့်စုံသော သူတစ်ယောက် ကျွန်မအနားကို ရောက်လာတယ်။ အပြစ်ပြောစရာမရှိအောင် သူတစ်ကယ်ပဲပြည့်စုံတယ်။ ကျွန်မသူ့ကို ချစ်လား၊ မချစ်လားသိပ်မသိဘူး။ သူငယ်ချင်းများက လိုက်ဖက်ညီတယ်ဆိုပြီး တိုက်တွန်းကြတယ်။ မေမေ့ကိုအစစအရာရာ ပြောပြတတ်သော ကျွန်မ ဂုဏ်ယူစွာ ဖွင့်ပြောလိုက်တယ်။ ဒါပေမယ့် ထင်တာမှားသွားတယ်။ သမီးလေး တစ်ယောက်ထည်းရှိသော မေမေက သူ့ထံမှ ခွဲထွက်မှာ စိုးရိမ်စွာ မျက်ဝန်းမှာ မျက်ရည်စတွေနှင့် ပြင်းထန်စွာ ကန့်ကွက်သည်။ ကျွန်မ ပန်းပွင့်လေးတွေမပါပဲ ရိုးစင်းသော စာအိတ်လေးထဲတွင် သူ့အတွက် ပြန်စာလေးကိုထည့်ရင်း သူငယ်ချင်းမှတဆင့် ပေးခိုင်းလိုက်တယ်။ သူသည်လည်း ကျွန်မ၏ အချစ်ဦးမဖြစ်ခဲ့။ သူ့နာမည်က "စိုး"။

နောက်ပိုင်းတွေ့သော သူများလည်း သူ့ကဲ့သို့ပင် မေမေ၏ ငြင်းပယ်ခြင်းအောက်မှာ လွဲခဲ့ရတယ်။ မေမေ နှစ်သက်သဘောကျသော သူကျတော့ ကျွန်မက မနှစ်သက်။ ကျောင်းပြီးတော့ အလုပ်မလုပ်ဖြစ်သေး၍ အိမ်မှာပဲ နေဖြစ်တယ်။ အားရင် သူငယ်ချင်းတွေနဲ့ ဖုန်းပြောတယ်။ သူ့ကိုတော့ ဖုန်းတွေလိုင်းပူးရာမှ စသိခဲ့တာ။ ခဏခဏ ခေါ်နေသော သူ့ကို ပထမတော့ နောက်နေတာပဲထင်သည်။ နောက်တော့ သူသည် ဖုန်းနံပါတ် တစ်ခုကိုပေး၍ ဆက်ပေးရန် အကူအညီတောင်းတော့မှ ဖုန်းလိုင်းပူးနေမှန်း ကျွန်မသိတော့တယ်။ ကျွန်မဖုန်းနံပါတ်ကို သိသွားသောအခါ သူနဲ့ကျွန်မ ခင်မင်ခဲ့ကြတယ်။ သူ့အိမ်နှင့် ကျွန်မအိမ် အရမ်းမဝေးသော်လည်း သူနှင့်ကျွန်မ မတွေ့ဖြစ်။ သူကတွေ့ရန် တောင်းဆိုသော်လည်း ကျွန်မ ငြင်းပယ်ခဲ့သည်။

ဒီလိုနဲ့ ကျွန်မမွေးနေ့ နီးလာတယ်။ ကျွန်မသူ့ကို အိမ်သို့ဖိတ်ခေါ်တယ်။ သူက အပြင်မှလိုက်ကျွေးရန် တောင်းဆိုတယ်။ ကျွန်မလည်း လက်ခံလိုက်တယ်။ ကျွန်မမွေးနေ့ ညနေပိုင်းရောက်တော့ သူငယ်ချင်းကိုခေါ်၍ သူနှင့်ချိန်းဆိုသော နေရာသို့ ထွက်လာခဲ့တယ်။ ချိန်းသောအချိန်ထက် အနည်းငယ်နောက်ကျပြီးမှ ကျွန်မတို့ သွားကြတယ်။ ချိန်းဆိုထားသော နေရာသို့ ကျွန်မလှမ်းကြည့်လိုက်တော့ ကျွန်မရယ်ချင်သွားတယ်။ ကျွန်မစိတ်ကူးထဲမှ သူပြောပြသော သူ့ပုံစံနှင့် လွဲမှားစွာ ခပ်၀၀တစ်ယောက် ထိုင်နေတယ်။ မထူးတော့ပြီမို့ ကျွန်မသူ့ဆီကိုပဲ လှမ်းလာခဲ့တယ်။

ကျွန်မက အ၀တ်အစားကို သူ့ကိုကြိုပြောထားတဲ့အတိုင်း ၀တ်လာခဲ့တယ်လေ။ ထိုလူက ကျွန်မကိုမကြည့်။ အနားရောက်ခါနီးမှ ကျွန်မရှေ့ လူတစ်ယောက် ဗြုန်းဆိုလာရပ်တယ်။ ၅ပေကျော်လေးသာ ရှိသော ကျွန်မမှာ ၆ပေနီးပါးရှိသော သူ့ကိုမော့ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ ဖုန်းထဲတွင် ရင်းနှီးနေပြီးသော၊ ကျွန်မ ထင်မြင်ထားပြီးသော သူ၏ပုံစံ။ သူပြုံးပြတယ်။

ကျွန်မတို့ ၂ပါတ်မှာ တစ်ခါခန့် တွေ့ဖြစ်တယ်။ ညတိုင်းနီးပါး ဖုန်းပြောတယ်။ ဒါပေမယ့် ကျွန်မသူ့ဖုန်းနံပါတ်ရယ်၊ သူ့လက်ရေးနှင့်ရေးသော ကျွန်မလိပ်စာ စာအုပ်ထဲမှ သူ့လိပ်စာရယ်၊ သူ့မွေးသက္ကရာဇ်ရယ်ကလွဲလို့ ဘာမှမသိ။ မေးလည်းမမေးခဲ့။ သူက ရုပ်ရှင်အရမ်းကြိုက်တယ်။ ရုပ်ရှင်တူတူ ကြည့်ဖြစ်တယ်။ နိုင်ငံခြားကားများကို သူက ဘာသာပြန်ပေးတယ်။ ရုပ်ရှင်မကြည့်အားတဲ့ နေ့တွေဆို ကားလျှောက်မောင်းတယ်။ တခုခုစားပြီး အိမ်နားနီးနီးထိ ပြန်ပို့တယ်။ ကျွန်မအား ချစ်တယ်လို့လည်း တခါမှ မပြောခဲ့၍ ကျွန်မလည်းချစ်တယ်လို့ တခါမှ မပြောခဲ့။ ချစ်သူနှင့်တူသော အပြုအမူများလည်း တခါမှ မပြုမူခဲ့။ ထို့ကြောင့်လည်း သူ့ကို ယုံကြည်စွာနဲ့ ချိန်းဆိုတိုင်း တွေ့ဖြစ်ခဲ့တယ်။

တနေ့။ ထိုတနေ့ပေါ့။ သူ့ကိုနောက်ဆုံး တွေ့ရမယ့်ရက် ဖြစ်လိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့။ ထိုနေ့က ရုပ်ရှင်မကြည့်ဖြစ်။ Snackသွားစားကြသည်။ တချိန်လုံး အေးအေးချမ်းချမ်းပါပဲ။ အပြန်ကျတော့ ကျွန်မ ယောင်းမအိမ် သွားစရာရှိတယ်ဆို၍ ကျွန်မကိုလိုက်ပို့တယ်။ ကျွန်မကားပေါ်က ဆင်းခါနီးတော့ ကျွန်မလက်နှစ်ဖက်ကိုဆွဲရင်း ကျွန်မလက်ဖမိုးကိုနမ်းတယ်။ ပြီးတော့ သူ့ပါးပြင်လေးမှာ ကပ်ထားတယ်။ ကျွန်မလည်း ရုတ်တရတ်မို့ သူ့ကို ဘာပြောရမှန်းမသိ ဖြစ်သွားတယ်။ သူ့လက်ဖမိုးလေးကို ကျွန်မမျက်နှာနား ကပ်ပေးတယ်။ ဘယ်ညာ ညီညာစွာ လှပတဲ့ ကျွန်မနှစ်သက်တဲ့ သူ့လက်ဖမိုးလေးကို ညင်သာစွာ နမ်းလိုက်တယ်။ ကျွန်မရင်ထဲမှာ မပျော်ဘဲ တမျိုးခံစားနေရတယ်။

နောက်ပိုင်းတော့ သူနဲ့ကျွန်မ မတွေ့တာကြာပြီ။ ကျွန်မဖုန်းဆက်တော့လည်း သူနှင့်မတွေ့။ ကျွန်မထံလည်း သူဖုန်းမဆက်။ အရင်က သူဖုန်းဆက်တဲ့အခါတိုင်း ကျွန်မနှင့် တိုက်ရိုက်မတွေ့လျင် ဖုန်းချပစ်တတ်သည်။ တနေ့ ဖုန်းလာသံကြားပြီး ကျွန်မအစ်ကို၏ ပွစိပွစိပြောသံ ကြားသောအခါ ကျွန်မ … ကျွန်မအခန်းကို ပြေးတက်၍ သူ့ထံဖုန်းဆက်လိုက်တယ်။ သူ့အသံကြားရတော့ ကျွန်မပျော်သွားတယ်။ ဒီတစ်ပါတ်အားလား သူမေးတယ်။ သူ့အတွက် အမြဲအားနေသောကျွန်မ အင်းလို့ ပြောလိုက်တော့ သူကအချိန်ကိုပြောတယ်။ နေရာကတော့ ကျွန်မတို့ ချိန်းဆိုနေကျနေရာ။ ဒါပေမယ့် ပျော်နေတဲ့ အပျော်လေးက သူ့ရဲ့ နောက်ဆက်တွဲစကားကြောင့် ကြာရှည်မခံလိုက်။ သူပြောတဲ့စကားက “ဒီတခါတွေ့ရင်တော့ အရင်တုန်းကလို ပြန်မလွှတ်တော့ဘူး”တဲ့။ သူဖုန်းချသွားတယ်။ သူ့စကား အဓိပ္ပါယ်က ကြောက်စရာကောင်းသလိုပဲလို့ ကျွန်မထင်တယ်။

သူချိန်းဆိုတဲ့နေ့က ဖေဖော်ဝါရီ ၁၄ရက်။ ထိုရက်ကိုမရောက်ခင် သွားသင့်လား၊ မသွားသင့်လား ကျွန်မခေါင်းပူစွာ စဉ်းစားတယ်။ ကျွန်မတို့ ချစ်သူတွေ မဖြစ်သေး။ သူ့စကားက မကောင်းတဲ့ အဓိပ္ပါယ်ဆို ကျွန်မသွားရင် ကျွန်မအမှားပဲ ဖြစ်သွားလိမ့်မယ်။ ချစ်စကားပြောမှာမို့ ဆိုရင်တော့ မသွားရင် သူ့ကိုဆုံးရှုံးရမယ်။ သူနဲ့ချိန်းဆိုတဲ့ ရက်မတိုင်ခင်ညမှာ ကျွန်မ ဆုံးဖြတ်ချက်ချပြီး သူ့ကိုဖုန်းခေါ်လိုက်တယ်။ သူဖုန်းလာကိုင်တယ်။ ကျွန်မ ခရီးထွက်မှာမို့လို့ မလာဖြစ်တော့တဲ့အကြောင်း သူ့ကိုပြောလိုက်တယ်။ သူက ဘယ်လောက်ကြာမှာလဲတဲ့။ မသိသေးဘူးလို့ ကျွန်မပြောလိုက်တယ်။ သူ့ကိုဖုန်းဆက်ပါတဲ့။ သွားမယ့်နေရာက ဖုန်းမရှိဘူးလို့ ကျွန်မပြောလိုက်တယ်။ ဒါဆို ပြန်လာရင်ဆက်နော်တဲ့။ ကျွန်မ ဟုတ်လို့ပဲ ပြောခဲ့တယ်။ ကျွန်မတကယ်လည်း ခရီးထွက်လိုက်တယ်။ ဒါပေမယ့် ခရီးက ပြန်ရောက်တော့ ကျွန်မဖုန်းမဆက်တော့။

လက်တွေ့ဘဝဆိုတာ ၀တ္ထုလို ကိုယ်လိုရာဆွဲလို့ မရတော့ ကျွန်မသွားလို့ မဖြစ်သင့်တာဖြစ်ရင် ကျွန်မဘ၀ ဆုံးရှုံးလိမ့်မယ်။ မသွားဖြစ်တဲ့အတွက် သူ့ကိုဆုံးရှုံးရပေမယ့် ကျွန်မမှာ ကောင်းမွန်တဲ့ အမှတ်တရလေးတွေ ရှိနေတယ်။ ဖုန်းလာပြီး မပြောဘဲ ချချသွားလို့ အစ်ကိုရဲ့ မကျေနပ်သံတွေ ကြားနေရပေမယ့် ကျွန်မဖုန်းပြန်မဆက်တော့။ အိမ်ပြောင်းလာလို့ အိမ်လိပ်စာသစ်ကိုလည်း သူမသိ။ သူ့ကို သတိရတဲ့စိတ်ကိုလည်း သူ့စကားတခွန်းဖြင့် မေ့နိုင်အောင် ကြိုးစားခဲ့တယ်။

သတင်းစာဖတ်လျင် နာရေးတွေအကုန်ဖတ်တတ်တာ ကျွန်မအကျင့်။ တနေ့တော့ နာရေးတွင် အသက်၁၀၀ကျော် အဖိုးအိုတစ်ဦး နာမည်ပါလာတာတွေ့တော့ ထိုအဖိုး၏ များပြားလှသော မြေးများနှင့် ဆန်းကြယ်လှသော သူတို့နာမည်များကို စိတ်ဝင်စားစွာ ကျွန်မ ဖတ်ကြည့်မိတယ်။ ထိုအဖိုး၏ မြေးများထဲတွင် ရှားပါးဆန်းကြယ်သော သူ့နာမည်ပါလာတယ်။ အိမ်လိပ်စာလည်း မှန်နေ၍ သူမှတပါး မဖြစ်နိုင်။ အဲဒီ့အချိန်မှ သူ့ရဲ့အလုပ်အကိုင်ကို ကျွန်မသိတော့တယ်။ ကျွန်မရဲ့ အံ့ဩမှုက ဒီတင်မရပ်။ ထိုအဖိုးအို၏ နောက်ထပ် သားသမီးနှစ်ယောက်၏ မြေးများကို ဖတ်တော့မှ ကျွန်မလန့်သွားခဲ့တယ်။ ပထမနှစ်က ကျွန်မငြင်းခဲ့သောသူ “စိုး”။ ဒုတိယနှစ်မှစ၍ သူကျောင်းမတက်တော့ ကျွန်မစိတ်မကောင်းပေမယ့် မေ့သွားခဲ့တယ်။ နာမည်ဆန်းတာရော၊ ဘွဲ့ရောတူနေ၍ လူမမှားနိုင်။ ဒါဆို သူတို့နှစ်ယောက်သည် ညီအစ်ကို တ၀မ်းကွဲ။ ကျွန်မကို သူတို့လက်စားချေတာလား။ ကျွန်မ မတွေးချင်တော့။ သူတို့ကိုယ်တိုင်ပဲ သိလိမ့်မည်။ ကျွန်မအတွက်တော့ သူ့ကိုလုံးဝ မေ့လိုက်တာ ကောင်းမည်။ ဒီလိုနဲ့ သူသည်လည်း ကျွန်မအချစ်ဦး ဖြစ်မလာခဲ့။ သူ့နာမည်က “မိုး”။

နောက်ပိုင်းကျတော့ မိဘသဘောတူသူများ၊ ကျွန်မကိုယ်တိုင် နှစ်သက်နိုင်မည်ထင်သောသူများ၊ လာရောက်ကမ်းလှမ်းသောသူများနှင့် တွဲသွားတွဲလာ လုပ်ခဲ့တယ်။ ကျွန်မရင်ထဲမှာ သူတို့အား နှစ်သက်သဘောကျခြင်း မရှိခဲ့။ နွေးထွေးမှုလည်း မရှိခဲ့။ နောက်ပိုင်း ကျွန်မကို ကမ်းလှမ်းသော သူများနှင့် တွေ့ဆုံခြင်း မရှိတော့။ ဒါဆိုလျင် အချစ်ဦး၊ ကျွန်မရဲ့ အချစ်ဦးသည် ပျောက်ဆုံးနေပါတော့သည်။ လူတွေပြောကြတဲ့ အချစ်ဦးသည် ကျွန်မအတွက်တော့ လုံးဝမရှိသော (သို့မဟုတ်) ပျောက်ဆုံးနေသော သူတစ်ယောက် ဖြစ်ပါသည်။

Valentine’s Day။ ဖေဖော်ဝါရီ ၁၄ရက်။ ထိုနေ့သည် ကျွန်တော့်အတွက်တော့ မဟုတ်ခဲ့ပါ။ ဒါပေမယ့် လှပသော အမှတ်တရများတော့ ရှိနေမည်သာ။ ။့
ဖြိုးဇာနည်....ည၁း၀၀တိတိ

Links to this post
0

ဘဝနှင့် လူ၏သက္ကရာဇ်များ

Posted by ဖြိုးဇာနည် on Tuesday, February 10, 2009 in
ဘဝနှင့် လူ၏သက္ကရာဇ်များ

သက္ကရာဇ် (၁)
အဲဒီတုန်းက ကောင်လေးက ရှိမှ အိမ်က ဖိုးသား တို့အရွယ် ၈ တန်းလောက် ရှိဦးမပေါ့။
ဒါပေမယ့် ကျွန်တော့် ဆိုင် လာရင် မေးလိုက်သမျှ စာအုပ်တွေက တတ်ကျမ်းတွေကြီးပဲ။
"ပီမိုးနင်း စာအုပ်တွေရှိလား" လို့မေးတဲ့ အခါလဲ မေးရဲ့။
အဲဒီ့အချိန်တုန်းက ဖေမြင့် ရဲ့ တက်ကျမ်းတွေလဲ တစ်အုပ်ပြီးတစ်အုပ် စထွက်နေချိန်ပေါ့ဗျာ။
ကျွန်တော့်မှာ သူ့အတွက် အလျင်မီအောင် ရှာရှာ ထားရတယ်။
တခါတလေ သူ မေးတဲ့ စာအုပ်တွေ ကျွန်တော့်ဆိုင်မှာ မရှိရင် အနားက ဆိုင်တွေမှာ ရှာဖွေပေးရသေးတယ်။

သက္ကရာဇ် (၃)
အခုဆို ကျွန်တော်နဲ့ ကောင်လေးတို့ သိကျွမ်းတာ ၂နှစ်လောက်ရှိပါပြီ။
ဒါပေမယ့် ရင်းတော့ မရင်းနှီးသေးပါဘူး။
ကောင်လေးက သူ့ကိုယ်သူ လူကြီးတစ်ယောက်လို့ သတ်မှတ်ထားပုံရပြီး လူကြီးပုံ အပြည့် ဖမ်းထားတာကိုး။
"ဒီနှစ်တော့ ဆယ်တန်းဖြေရမှာမိုလို့ အိမ်က အပြင်စာတွေ မဖတ်ရဘူးလို့ မှာထားတယ်ဗျာ" ဆိုပြီး ဆိုင်မှာ စာအုပ်တစ်ဝက်ကျော်တဲ့ အထိ ထိုင်ထိုင်ဖတ်သွားတတ်တယ်။
ဖတ်တဲ့စာအုပ်တွေကတော့ အတွေးအခေါ်ပိုင်းဆိုင်ရာ စာအုပ်တွေ များပါတယ်။
ဥာဏ်ကြီးသူက အောင်နိုင်ခြင်းဆိုတဲ့ စာအုပ်လေးကို တော်တော် သဘောကျလို့ထင်ပါရဲ့။
"ကျွန်တော် ဖတ်လို့မပြီးသေးဘူး၊ ခဏသိမ်းထားပေးပါအုံး" လို့ မှာရှာတယ်။
"ဒီနှစ်တော့ မျက်မှန် စ တပ်ရပြီဗျာ" လို့ ဂုဏ်ယူတဲ့ ပုံစံနဲ့ ပြောလိုက်သေးတယ်။

သက္ကရာဇ် (၅)
ကောင်လေး ဆယ်တန်းစာမေးပွဲ အောင်သွားပြီဆိုလို့ ကျွန်တော် ၀မ်းသာပါတယ်။
"ပထမနှစ်တောင် စပြီး တက်နေရပြီ" လို့ ပြောတယ်။
"ကျောင်းသားကြီး ဖြစ်ပြီဆိုတော့ မင်း စာတွေ လွတ်လွတ်လပ်လပ် ဖတ်လို့ရပြီပေါ"့ လို့ ပြောတော့ သူက မျက်မှန် ဘောင်ကို ကျော်ပြီး ကျွန်တော်ကို လှမ်းကြည့်တယ်။
ပြီးတော့ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ပြုံးပြတယ်။
"ဒီမှာ မင်းအတွက် ငါ စု ထားပေးတဲ့ တတ်ကျမ်း တွေ ၊ ဖီလိုဆိုဖီ တွေ " လို့ ထုတ်ပြတော့
ဖြည်းဖြည်းချင်း ခေါင်းခါပြတယ်။
"နောက်တော့ ဖတ်တာပေါ့ဗျာ..။ အခုတော့ ကျွန်တော့်ကို မောင်စိန်ဝင်းတို့၊ နွမ်ဂျာသိုင်းတို့၊ ဘုန်းနိုင်တို့ ရှိရင် ပေးပါ ဦး.. " လို့ ပြောတယ်။
"အော် မင်းကွာ ၊ ဘယ်နှယ့်ပြောပါလိမ့်၊ ဒီပန်းဆိုးတန်းတစ်လျှောက်မှာ စာအုပ်သစ်သစ်၊ ဟောင်းဟောင်း လိုချင်တာ ရှိရင် ငါ့သာပြော" လို့ ပြောလိုက်မိတယ်။

သက္ကရာဇ် (၉)
"ကျွန်တော် အခု မော်ဒန် ကို တော်တော် စိတ်ဝင်စားလာတာဗျ" လို့ ကောင်လေးက သူ့ဆံပင်တွေကို လက်နှင့် ဖွရင်း ပြောတယ်။
အဲဒါနဲ့ ကျွန်တော်လဲ "ဟေ့ကောင် မင်း ဒီနှစ်နောက်ဆုံးနှစ်မဟုတ်လား။ သေချာလဲ လုပ်ဦး။ မင်း စာဘယ်အချိန် ကျက်လဲ တော့ မသိဘူး ၊ အပြင်စာတွေတော့ တောက်လျှောက် ဖတ်နေတာပဲ" လို့ ပြောလိုက်မိတယ်။
ပါးစပ်ကာသာ ပြောတာပါဗျာ။ လက်ကတော့ ဇော်ဇော်အောင်ရဲ့ စာအုပ်တစ်အုပ် ကမ်းပေးလိုက်မိတယ်။
ခင်လာတာ ကြာပြီဆိုတော့ ညီအစ်ကိုတွေလို ဖြစ်နေပြီ။ ပြီးတော့ စာပေနှစ်သက်တဲ့ သူချင်းမှာ အသက်ဘယ်လောက်ကွာကွာ ရင်းရင်းနှီးနှီး ပေါင်းလို့ရတယ် ဗျ။

သက္ကရာဇ် (၁၁)
ကောင်လေးက သူ ဒီနေ့ ပထမ ဆုံး လခထုတ်လို့ဆိုပြီး ကျွန်တော့်ကို လေထန်ကုန်း ခေါ်လာတယ်။
ကျွန်တော်လည်း ဆိုင်ကို မိန်းမ နဲ့ ထားခဲ့ပြီး ကျွန်တော်တို့ နှစ်ယောက် စကားပြောလိုက်ကြတာ ညနေကို စောင်းရောဗျာ။
"အလုပ်ထဲမှာ ဗျာ၊ လူတွေက တစ်ယောက်နဲ့ တစ်ယောက် အပေါ်ယံဟန်ဆောင်နေကြတာပဲ ... ဘ၀ ဆိုတာကြီးကဗျာ ၊ တော်တော် ပူလောင်တာပဲ" လို့ ပြောရင်းကနေ သောက်လက်စ လက်ကြားထဲက တငွေ့ငွေ့လောင်ကျွမ်း နေတဲ့ ဆေးလိပ်ကို မျက်စိရှေ့ထားပြီး မမြင်ဘူးသလို စိုက်ကြည့်နေတယ်။
ပြီးတော့ သူကပဲ ဆက်ပြောတယ်။
"ဒါနဲ့ .. ခင်ဗျားဆီမှာရှိတဲ့ အရှင်ဆန္ဒာဓိက တို့ ၊ ဆရာတော် ဦးဇောတိက တို့ စာအုပ်တွေ ကျွန်တော် ဖတ်ကြည့်ချင်တယ်ဗျ။"

သက္ကရာဇ် (၁၄)
ကျွန်တော့် ဆိုင်ရှေ့မှာ မားမားကြီး လာရပ်လို့ မော့ ကြည့်လိုက်မိတော့ မမြင်ရတာ တစ်နှစ်ကျော်သွားပြီဖြစ်တဲ့ ကောင်လေးကို တွေ့ရတယ်။
အင်း .. တကယ်တော့ သူလဲ ကောင်လေး မဟုတ်တော့ပါဘူး။
"အလုပ်က နယ်လွှတ်တာနဲ့ နယ်ဘက်ရောက်နေတာဗျာ၊ စိတ်ညစ်နေတာနဲ့ ခင်ဗျားကိုတောင် အကြောင်းမကြားမဖြစ်ဘူးလို့ " .. ပြောတယ်။
"မင်းမှာ အလုပ်ကိစ္စမရှိရင် အေးဆေး ပေါ့ကွာ" .. လို့ ကျွန်တော် သူ့ကို ပြောရင်း ကျွန်တော့်ကို စာအုပ်အဖုံးချုပ်ဖို့ အပ်ထားတဲ့ ကျောင်းဖတ်စာအုပ်တွေကို စာအုပ်ချုပ်တဲ့ ကိရိယာတန်ဆာပလာတွေ သုံးပြီး ချုပ်နေလိုက်မိတယ်။
ကောင်လေးကလဲ ကျွန်တော့်စာအုပ်တွေကို ဖွပြီး "ဖတ်ချင်တာလေးတွေ ရှာလိုက်အုံးမယ်ဗျာ" လို့ ပြောတယ်။
ကျွန်တော် စာအုပ်သုံးအုပ်လောက် အဖုံးချုပ်ပြီး သူ့ကို ကြည့်လိုက်မိတော့ သူဖတ်ချင်တာလေးတွေ ဆိုတဲ့ ၊ သူ့ရွေးထားတဲ့ ၊ သူ့  ဘေးနားမှာ ပုံထားတဲ့ စာအုပ်တွေကိုကြည့်လိုက်တော့ ကျွန်တော် မျက်လုံးပြူးသွားတယ်။ ကျွန်တော့်စိတ်ကြိုက် စာအုပ်တွေပါပဲလား။
သော်တာဆွေ၊ အကြည်တော် ... နောက်ပြီး သမိန်ပေါသွပ်၊ ငွေကြည် ၊ တွတ်ပီ့

ဘာညာဘာညာ.....သာရကာ...ဖတ်ကြည့်ပါ....ဖြိုးဇာနည်...ည...၁၂း၅၀တိတိ

Links to this post
0

ငိုနေသူများအတွက်သတင်းကောင်း

Posted by ဖြိုးဇာနည် on Monday, February 09, 2009 in
ဟာသ နှင့် မျက်ရည်

ကျွန်တော်တို့ ရယ်ကြတယ်။ ငိုကြတယ်။ ရယ်လို့ငိုလို့မရတဲ့ မျက်နှာများနဲ့လည်း လက်ဆွဲနှုတ်ဆက်ကြသေးတယ်။

ဟာသက လူကို ပျော်ရွှင်စေပါတယ်။ အပြုံးကိုလူတိုင်းက အလိုရှိတယ်။ မျက်ရည်ကျတာကိုတော့ ကျွန်တော်တို့ငြင်းပယ်ကြပါတယ်။ သို့သော်ဟာသရော၊ မျက်ရည်ကိုပါ ပူးတွဲလက်ခံကြရပါတယ်။

ဟာသနဲ့မျက်ရည်ကို တွဲဖက်လိုက်တဲ့အခါ ဘယ်လိုခံစားရမလဲ။

စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ကျွန်တော်ကတော့ ဟာသ နဲ့မျက်ရည်၊ အဲဒီ နှစ်ခုပေါင်းလိုက်လျှင် "လောကဓံ" လူသားတစ်ယောက်ကို ရလောက်တယ်လို့ တွေးပါတယ်။

ဟာသ+မျက်ရည်=လောကဓံလူသား

ကျွန်တော်တို့အတွက် ဟာသက အသက်ရှည်ဆေးတစ်ခွက်လို့ ပြောလျှင်မျက်ရည်က အားအင်ပြည့်ဖြိုးစေတဲ့ ပရိုတိန်းဓာတ် တစ်မျိုးဖြစ်တယ်လို့ ခံစားချင်ပါတယ်။

ဟာသ အမျိုးမျိုး ရှိပါတယ်။

သဏ္ဍာန်လုပ်သရုပ်ဆောင်တာ (Impersonation)

ပကာသနကိုဖောက်ထွင်းပစ်တာ (Debunking)

မထိတထိရယ်သွေးလွှမ်းတာ(dry humour)

ဇ၀နဥာဏ်ရွှင်တာ (witticism)

သရော်တာ(satire)

စာပြောင်စာပျက်(Parody)နဲ့

ရုပ်ပြောင် (caricature)

စသည်ဖြင့် ဟာသအမျိုးမျိုး ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် ရယ်ရယ်ပြုံးပြုံးနေတဲ့လူဟာ လူချစ်လူခင်များပါတယ်။ ကျက်သရေ ရှိပါတယ်။ မျက်နှာပေါ်က ကြွက်သားတွေ လှုပ်ရှားသွားပါတယ်။ ရယ်တဲ့လူဟာ မျက်လုံးလှသတဲ့။ စိတ်ဖိစီးမှုတွေ ပြေလျော့သတဲ့။ ရယ်တဲ့အခါမှာလည်း ဒီဂရီအတိုင်းအတာ ရှိပါတယ်။

အိနြေ္ဒတည်ခန့်တဲ့ မျက်နှာဟာ နုပျိုလန်းဆန်းသွားပါတယ်။ မျက်စိလေးပဲပြုံးတာ၊ နှုတ်ခမ်းပိတ်ပြီးရယ်တာ၊ သွားပေါ်ရုံ စဉ်းငယ်ရယ်တာ၊ ပါးစပ်ဖွင့်ပြီး တဟဲဟဲရယ်တာ၊ နောက်ဆုံးမျက်ရည်ထွက် ခန္ဓာတစ်ခုလုံး လှုပ်ခတ်၊ အူလှိုက်သည်းလှိုက် ရယ်မောတာ။

ကဗျာဆရာ ကျော်အောင်သစ်ကလည်း ဒီလိုကဗျာရေးဖွဲ့ဖူးရဲ့။

ဗူးဆို့တွေကို ဖွင့်လိုက်ပါ

ဖိတ်စရာ ဘာမှမကျန်သောအခါ

ပုလင်းက သူ့ဘာသာ အိနြေ္ဒရရ ကျန်ခဲ့မှာ။

သူရဲ့ကဗျာခေါင်းစဉ်က "လူပြက်" တဲ့။ ဟာသတချို့တလေဟာ ပိတ်ဆို့နေတဲ့ ကျွန်တော်တို့ရဲ့အတွေး၊ အမြင်၊ ချွတ်ခြုံကျမှုတွေနဲ့ လားရာတွေကို ပါဒလေမခအောင် ဖွင့်ပေးထားပါတယ်။ ဆန္ဒ၊ ဆင်ခြင်တွက်ဆခြင်းနဲ့ အတ္တလိပ်ပြာတွေကို ဖယ်ရှားပါတယ်။

လူသားဟာ ကမ္ဘာရဲ့ ဂုဏ်ရောင်၊ ဟာသနဲ့ ပဟေဠိလို့ Alexender Pope ကပြောပါတယ်။

ကလိထိုးပြီးရယ်မှ ဟာသမဟုတ်ပါ။ ဟာသကြောင့် စိုးရမ်ကြောင့်ကြမှုတွေ၊ တင်းမာမှုတွေ ပြေပျောက်ပါသတဲ့။

အင်္ဂလန်ဝန်ကြီးချုပ်ဟောင်း လွန်မေဂျာဟာ ရယ်ရမှာကို မေ့လျော့နေတတ်သတဲ့။ လူကြိုက်နည်းရခြင်း အကြောင်းအရင်းဖြစ်လို့ တစ်နေ့ကို ၁၅မိနစ်လောက် အရယ်ကျင့်ဖို့ အကြံဥာဏ်ပေးသတဲ့။

ကမ္ဘာလောကမှာ မရယ်မပြုံးဘဲ နေနိုင်တဲ့လူ အတော်ရှားပါးပါလိမ့်မယ်။ ရယ်ခြင်းဟာ ဟာသ၊ နားလည်သိမှုနဲ့ နှစ်သက်ကြုံကြိုက်မှု တခုခုကြောင့်ဆိုရင်… ငိုခြင်းဟာ မျက်ရည်ကျ
ဝမ်းနည်းကြေကွဲ၊ အလွမ်းပီတိ၊ ပြန်ပြောင်းအောက်မေ့ခြင်းနဲ့ ပဋာမြေလူးခြင်း သင်္ကေတတွေနဲ့ သရုပ်ပေါ်ပါတယ်။

မျက်ရည်ဟာ လူတွေရဲ့ ဂုဏ်ရည်။ လူတွေသာ ငိုကြပါတယ်။ တိရစ္ဆာန်တွေ စာဖွဲ့လောက်အောင် မျက်ရည်မကျတတ်ပါ။ ဒါပေမယ့် သားသတ်ရုံကို ရောက်တော့မယ့် တိရစ္ဆာန်တွေဟာ ငိုတတ်ကြသတဲ့။ မျက်ရည်ကျတတ်ကြသတဲ့။

ကိုရီးယားနိုင်ငံနဲ့ တချို့ကျွန်းနိုင်ငံတခုတလေမှာ အခကြေးငွေရယူပြီး ငိုပေးကြတဲ့ ငိုချင်းသည် (professional moaners) တွေရှိတယ်လို့ ကြားဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် မျက်ရည်စီးကြောင်းတွေရဲ့ ရာဇ၀င်မှာ ဟန်ဆောင်မှုတွေ၊ ထိခိုက်နာကျည်းမှုတွေနဲ့ ကလိန်ဥာဏ်ဆင်မှု အမျိုးမျိုးလည်း ရှိနိုင်ပါသေးတယ်။ ဒါပေမယ့် ခံစားမှုမောင်းတံ (emotional trigger) အမျိုးမျိုးကိုဖြုတ်ပြီး ကျွန်တော်တို့ ငိုကြပါတယ်။ "ငိုချင်ရဲ့လက်တို့" ဆိုတာ ချစ်သူမိန်းကလေး၊ ကလေးငယ်နဲ့ သင်ကိုယ်တိုင်လည်း ဖြစ်နိုင်ပါတယ်။ ငိုတဲ့အခါ lysozyme မျက်ရည်အင်ဇိုင်းတစ်မျိုး ထွက်လာပါတယ်။ အဲဒီ့ထဲမှာ ငိုရင်ပေါ့စေတဲ့ Epinephrine ဇီဝပစ္စည်းတစ်မျိုးပါသတဲ့။

ငိုခြင်းဟာ ကောင်းပါတယ်။ "ငိုသာ ငိုချလိုက်၊ ရင်ထဲစိတ်ထဲ ပေါ့သွားတာပေါ့" လို့ ကျွန်တော်တို့ ပြောလေ့ရှိပါတယ်။ ငိုခြင်းဟာ
ခံစားမှုဝမ်းနုတ်ဆေး (emotional cathassis) တစ်လက်ဖြစ်ပါတယ်။ (value of tragedy) စိတ်နှလုံးထဲက အညစ်အကြေး အကျိအချွဲ (mucus) တွေကို သန့်ရှင်းစေခြင်းပဲ ဖြစ်ပါတယ်။

ထို့အတူ မျက်ရည်ဟာ အချက်ပြသင်္ကေတတစ်ခုလည်း ဖြစ်နိုင်သေးရဲ့။ နို့ဆာတဲ့ကလေးဟာ မိခင်နို့ချိုချိုကို ရရှိဖို့ ငိုကြွေးတောင်းဆိုထားပါတယ်။ စိတ်ကောက်နေတဲ့ မိန်းကလေးက ချစ်သူရဲ့အချော့အမြူကို ရဖို့ မျက်ရည်စက်တွေ တစ်လုံးချင်းစီ ချွေပြပါတယ်။ ဒါကြောင့် မျက်ရည်ဟာ "မာယာလက်နက်" (manipulative tool) ဆိုပြီး ကမ္ဘာတစ်လွှား ကျော်ကြားပါတယ်။

မျက်ရည်အမျိုးမျိုးရှိတဲ့အနက် အစစ်အမှန်ဝမ်းနည်းဝမ်းသာ ခံစားလို့ကျတဲ့ မျက်ရည်ကို ခံစားမှုမျက်ရည် (emotional tear) ဆိုပြီး တန်ဖိုးထားပါတယ်။ ရောင်ပြန်မျက်ရည် (reflex tear)ဆိုတာ ရောယောင်ပြီး လိုက်ကျတဲ့မျက်ရည်၊ ရုပ်ရှင်ဗီဒီယိုကြည့်ပြီး လိုက်ကျတဲ့မျက်ရည်မျိုး ဖြစ်သတဲ့။ ရောင်ပြန်မျက်ရည်ထက် ခံစားမှုမျက်ရည်မှာ ပရိုတိန်းဖွဲ့စည်းမှု ပိုမြင့်မားသတဲ့။

ကျွန်တော်တို့ဟာ ရိုလာကိုစတာစီးရသလို ဘ၀မှာ ငိုလိုက်၊ ရယ်လိုက်နဲ့ နိမ့်တုံမြင့်တုံ စိတ်လှုပ်ရှားဖြတ်သန်းကြရပါတယ်။ မငိုမရယ်ရတဲ့ ဘ၀ဟာ ပျင်းစရာကောင်းပါတယ်။ စိတ်ဝင်စားဖွယ်မရှိပါ။ မျက်နှာသေဆန်ပါတယ်။ မျက်နှာဖုံးဆန်ပါတယ်။ ဒါကြောင့်လွတ်လွတ်လပ်လပ် ငိုကြပါ။ ရယ်ကြပါ။


Friedrich Nietzche ကတော့ "ဖို" သတ္တ၀ါတွေမှာ အန္တရယ်နဲ့ ကစားတတ်တဲ့ အကျင့်ရှိတယ်လို့ ဆိုပါတယ်။ သူတို့အတွက် "မ"သတ္တ၀ါဟာ အကြီးကျယ်ဆုံး အန္တရာယ်နဲ့ ကစားစရာ သက်ရှိဖြစ်သတဲ့။ ဒါကြောင့် "ဖိုနဲ့မ" ဟာ သမိုင်းတစ်လျှောက် ဒွန်တွဲလွန်ဆွဲကြပါတယ်။ "မ"သတ္တ၀ါရဲ့လက်နက်က မျက်ရည်။ သူရဲကောင်း"ဖို"သတ္တ၀ါတွေအတွက် အငိုက်မိစေတဲ့ အန္တရာယ်တစ်ခုပဲ ဖြစ်ပါတယ်။ "မ"တွေက ငိုလို့ "ဖို"တွေက ချော့တဲ့အခါ မနေနိုင်ဘဲ ပြုံးရယ်လာကြပါတယ်။ ဒါဟာ ဖိုနဲ့မတိုင်း ကြည်နူး ပျော်ရွှင်ရတဲ့ နားလည်မှုတစ်ခုပဲ မဟုတ်လား။ ဟာသပုံစံ တစ်မျိုးပဲ မဟုတ်လား။

လူတိုင်း ခံစားချက်ရှိပါတယ်။ ကျွန်တော်တို့အားလုံး ခံစားချက်ကိုယ်စီ ရှိပါတယ်။ ဖြစ်နေတာနဲ့ ဖြစ်သင့်တာကြားထဲက ကွာဟချက်ကို ကျွန်တော်တို့ရဲ့ ပါဝင်ပတ်သက်မှု အတိုင်းအတာနဲ့ မြှောက်ကြည့်လျှင် ခံစားချက်ရလဒ်တွေ ထွက်ပေါ်လာပါတယ်။

ဒီတော့ ရယ်လို့ ငိုလို့ မရတဲ့အခါတိုင်း တစ်နေ့ကို၁၅ကြိမ်လောက် ပြုံးပြုံးရယ်ရယ်နေဖို့ သတိရပါ။ မျက်လုံး လှအောင် ရယ်မောတဲ့အခါတိုင်းလည်း မျက်ရည်ခလုတ်ဖွင့်ထုတ်၊ အဖိုးတန်လူသား သင်ရော၊ ကျွန်တော်ပါ ဖြစ်ကြရင် မကောင်းဘူးလားခင်ဗျာ။

ကျွန်တော်ဒီစာလေးရေးပြီးမှပဲကျွန်တော့်blogရဲ့ညာဖက်(ကျွန်တော့်ဓါတ်ပုံအောက်)ကစာလေးအဓိပ္ပယ်ပိုပြည့်စုံသွားတယ်လို့ထင်မိတယ်။
ငိုရတာကိုဒီစာလေးဖတ်လိုက်မှပဲတန်ဖိုးရှိမှန်းသိကြမှာပါ။
လောကမှာရိုးသားသောစိတ်ကလေးနဲ့အားရပါးရအလိမ်အညာကင်းကင်းငိုနိုင်ကြပါစေ့ဖြိုးဇာနည်

Links to this post
0

ဆံပင်အကြောင်း

Posted by ဖြိုးဇာနည် on Sunday, February 08, 2009 in
ဆောင်ရန်၊ ရှောင်ရန် သတိပြုရန် အချက်များ
အခုမှ မထမဆုံး အကြိမ် စတင်ပြီး ဆံပင် အရောင် ပြောင်းမှာလား၊ ဒါဆိုရင်တော့ အရင် မှုလ ဆံပင် အရောင်နဲ့ နီးကပ်တဲ့ အရောင်လေးတွေကို စမ်းကြည့်နိုင်ပါတယ်။ ဒီနည်းနဲ့ ပြောင်းလို့ကတော့အခြား ဘာမှ ဆိုးဆိုးဝါးဝါး ဖြစ်လာနိုင်စရာ မရှိပါဘူး။
နောက်တစ်နည်းကတော့ ကိုယ်နဲ့ ဘာရောင်လိုက်မလဲ မသိပဲ မဝေခွဲနိုင်ဖြစ်နေတဲ့သူတွေအတွက် အလွယ်တကူ ခေါင်းလျှော်ပြီး ဆေးပြန်ဖျက်ပစ်နိုင်တဲ့ ယာယီဆိုးဆေး တစ်မျိုးကိုသုံးနိုင်ပါတယ်။ ဒီနည်းကတော့ ကိုယ်သုံးလိုက်တဲ့ အရောင်ကို မကြိုက်ရင် လွတ်လပ်စွာ အလွယ်တကူ ပြန်လည် ပြုပြင်နိုင်တဲ့ အခြေနေတစ်ခုကို ပေးပါတယ်။
ဆံပင် အချို့ရဲ့ အရောင်ကိုသာ ပြောင်းလဲခြင်း(High Light) ကို အိမ်မှာ ကိုယ့်ဘာသာ လုပ်မယ်လို့ ရွေးချယ်လိုက်လျှင်တော့၊ သူငယ်ချင်း (ဒါမှမဟုတ်) မိသားစုဝင်တစ်ယောက်ရဲ့ အကူအညီကို ရယူသင့်ပါတယ်။ ကိုယ်ဘာသာ ကောင်းကောင်း မမြင်နိုင်တဲ့ နေရာက ဆံပင်တွေကို သေသေချာချာ ပြောင်းလဲနိုင်ဖို့ ဆိုရင် အခြားမျက်လုံးတစ်စုံရဲ့ အကူအညီကို ရယူတာ အကောင်းဆုံးဖြစ်ပါတယ်။ မှန်ထဲက ပြန်မြင်ရတဲ့ အရိပ်က မတိကျနိုင်ပါဘူး။ အခြားတစ်ယောက်ရဲ့ အကူညီရယူခြင်းက အဆင်ပြေတဲ့ အခြေအနေထက် အကောင်းဆုံး အလှပဆုံး ဆိုတာကို ဖြစ်ပေါ်နိုင်ပါတယ်။
ဆိုးဆေးရဲ့ ညွန်ကြားချက်တွေ အတိုင်း တဆင့်ချင်း သေသေချာချာ လိုက်နာ ဆောင်ရွက်သင့်ပါတယ်။ ဘယ်အချက်မှ မကျော်သွားသင့်ပါဘူး။ ဆံပင်အားလုံးကို အရောင် မဆိုးခင် ဆံပင် အနည်းငယ်မှာ အရင်စမ်းသပ် ဆိုးကြည့်သင့်ပါတယ်။ ဒါမှ မိမိနဲ့ ထိုဆိုးဆေးနဲ့ တည့်၊ မတည့်ကို သိနိုင်မှာ ဖြစ်ပါတယ်။
အရောင်ဆိုးတဲ့ အခါမှာ ဆံပင်ကို ဖြန့်ချထားရင် အကောင်းဆုံးပါပဲ။ ဒီလို လုပ်ခြင်းဖြင့်အရောင်ညီ၊ မညီကို ပိုမိုလွယ်ကူစွာ သိနိုင်ပါတယ်။ ဦးခေါင်းထက်မှာ ဆံပင်ကို ကလစ်များဖြင့် သပ်ရပ်စွာ ညှပ်ထားပြီး အစုလိုက် အရောင်ဆိုးခြင်းက ပိုမို သပ်ရပ်စေပါတယ်။
နားရွက်၏ အထက်ပိုင်းရှိ ဆံပင်များကို နည်းနည်းခြင်း ဆံပင်၏ အမြစ် အောက်ခြေပိုင်းမှ အထက်ပိုင်းအထိ ဖြည်းဖြည်းချင်း အရောင်ဆိုးရပါမည်။ ဆိုးဆေး၏ ညွှန်ကြားထားချက်များကို သေချာစွာ စစ်ဆေး၍ မိမိလုပ်သည်များ မှန်ကန်မှု ရှိ၊ မရှိကို ထပ်မံ၍ သေသေချာချာ စစ်ဆေးဆင့်ပါတယ်။
ဆေးစက်များ ခန္ဓာကိုယ်ပေါ် အစက်လိုက် ကျရောက်ခြင်းကို ကာကွယ်နိုင်ရန် ဆေးစက်များ ကျတတ်သည့် နေရာများကို ကိုယ်ခန္ဓာလိမ်းသည့် အလှဆီများ၊(moisturizer)၊ အသားလိမ်းဆီများ ကိုလိမ်းထားသင့်ပါသည်။ များသောအားဖြင့် ဆံပင် ဆိုးဆေးများသည် ဆေးစက်များ ဆီးကျလေ့ မရှိပါ။ သို့သော် ကျခဲ့လျှင် ဤသို့ ကြိုတင်ပြင်ဆင်ထားသောကြောင့် လွယ်ကူစွာ ဆေးကျော ဖြတ်ပစ်နိုင်ပါသည်။
အ၀ါရောင့် ဖျော့ဖျော့ကို ဆံပင်အရောင်ကို ဆိုးမယ်ဆိုရင်တော့ အကောင်းဆုံး အကြံကတော့ တတ်ကျွမ်းနားလည်သူ ပညာရှင်များနှင့် တိုင်ပင်သင့်ပါတယ်။ အရောင် အရင့်ဆံပင်ကို အရောင် အဖျော့ ဆိုးခြင်းဟာ အတော် သတိထား ဆောင်ရွက်ရမယ့် ကိစ္စ တစ်ရပ် ဖြစ်နေပါတယ်။ အိမ်မှာ ဆေးဆိုးနေကြ ကျွမ်းကျင်သူ ဖြစ်ခဲ့လျှင်တောင် အယွင်း တွေ့နိုင်မှာကို သတိပြု အပ်ပါတယ်။
သိထားတာလေးတွေပါ.....ဖတ်ပြီးပြီလား-အကျိုးတစ်ခုခုတော့ရှိမယ်ထင်ပါတယ်။သူငယ်ချင်းအတွက်အနည်းငယ်လေးမျှအကျိုးရှိ
သွားမယ်ဆိုရင်ကျွန်တော်လက်ညောင်းရကျိုးနပ်ပါပြီ။
........ဖြိုးဇာနည်

Links to this post
1

Internet speedကို20%မြန်အောင်လုပ်နည်း

Posted by ဖြိုးဇာနည် on Sunday, February 08, 2009 in
အင်တာနက်speedမြန်အောင်ဘယ်လိုလုပ်ရမလဲလို့မေးလာတဲ့ကိုစောခိုင်အတွက်ပါ။ကျွန်တော်ကြိုးစားပြီးတင်ပြပေးထားပါတယ်။
ကိုစောခိုင်တစ်ယောက်ကျေနပ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။....


Internet speedကို20%မြန်အောင်လုပ်နည်း

၁။ start >>> Run ကိုသွားပြီး gpedit.msc လို့ရိုက်ပါ။ ပြီးရင် Enter ကိုနှိပ်ပါ၊


၂။ Administrative Templates ကို နှိပ်ပါ။


၃။ Network ကိုနှိပ်ပါ။


၎။ QoS Packet Scheduler ကိုနှိပ်ပါ။


၅။ Limit reservable bandwidth ကိုနှိပ်ပါ။


၆။ Enabled (optional) ကိုရွေးပါ။


၇။ Bandwidth limit (%) ကို 20 ကို 0 ပြောင်းပါ။


၈။ Apply ကိုနှိပ်ပြီး ပေါ်နေတဲ့ Windows တွေအားလုံးပြန်ပိတ်လိုက်ပါ ။ သင့် Computer ရဲ့ Internet Speed 20% မြန်သွားပါပြီ။

ကျွန်တော် ပြောဖို့ တစ်ခု ကျန်သွားတယ်.........ကျွန်တော် ပြောပြတဲ့နည်းက "Windows XP Professional" တစ်ခု တည်းအတွက်ပါပဲ ....

ကျွန်တော့်ရဲ့တင်ပြချက်အထမြောက်စေရန်ကူညီပေးတဲ့လရိပ်ပြာကိုအထူးကျေးဇူးတင်ကြောင်းဒီနေရာကနေပဲပြောလိုက်ပါရစေ.
လေးစားစွာဖြင့်...ဖြိုးဇာနည်..ည...၁၂း၃၅တိတိ

Links to this post
Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.