0

ကိုယ်သုံးထားသမျှ Gmail Account တွေအားလုံးကို တစ်နေရာတည်းကနေ sign out လုပ်မယ်

Posted by ဖြိုးဇာနည် on Friday, February 06, 2009 in
ကိုယ်သုံးထားသမျှ Gmail Account တွေအားလုံးကို တစ်နေရာတည်းကနေ sign out လုပ်မယ်

Gmail တွေဖွင့်သုံးထားခဲ့ပြီး Sign Out လုပ်ဖို့ မေ့ခဲ့တဲ့သူတွေအတွက် အသုံးဝင်မယ့် Gmail ရဲ့  စွမ်းဆောင်ရည်တစ်ခုကို ပထမဦးဆုံး Post အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

တစ်ခါတရံ ကိုယ့်ရဲ့ စက်မှာမဟုတ်ဘဲ အင်တာနက်ကဖီးမှာသုံးရင်း ဒါမှမဟုတ် ခရီးသွားရင်း တခြားမြို့  တစ်မြို့ ရဲ့  ကဖီးကစက်တွေမှာ အင်တာနက်သုံးခဲ့ရင်း Sign Out လုပ်ရတာ အဆင်မပြေဖြစ်နေတုန်း အရေးတကြီးထွက်လာရရင် ကိုယ့်နိုင်ငံ၊ ကိုယ့်မြို့ ကနေ လှမ်းပြီး သုံးခဲ့သမျှ Gmail တွေကို Sign Out လုပ်နိုင်တာပေါ့။ အဲဒီလိုလုပ်ဖို့က -

၁။ Gmail ရဲ့  Page ကို အောက်ဆုံးရောက်အောင်သွားပါ။ အဲဒီမှာရေးထားတဲ့စာကြောင်းတွေထဲက တတိယမြောက်စာကြောင်းမှာ ကိုယ့်ရဲ့  Gmail ကို အခုလက်ရှိ အခြားနေရာတွေမှာ ဖွင့်ထား မထား အခုလို ကြည့်ရှု့ နိုင်မှာဖြစ်ပါတယ်။
တကယ်လို့ ဘယ်မှာမှ တစ်ပြိုင်တည်းဖွင့်မထားဘူးဆိုရင် Last account activity . . . . hours ago at this IP ( *** ) ဆိုပြီး ပေါ်ပါလိမ့်မယ်။
တကယ်လို့ တစ်ယောက်ယောက်က သုံးနေရင်ဖြစ်ဖြစ်၊ ကိုယ် Log Out လုပ်ဖို့ မေ့ခဲ့ရင်ဖြစ်ဖြစ် This account is open in . . . other location. Last account activity . . . hours ago. ဆိုပြီး ပြနေမှာပါ။

၂။ အဲဒီလိုဖြစ်နေတာတွေရဲ့  အခြေအနေတွေကို အသေးစိတ်ကြည့်ပြီး ဒီကနေလှမ်းပြီး Sign Out လုပ်ဖို့နဲ့ လိုအပ်ရင် Password ပြောင်းပစ်ဖို့အတွက် ခုနကစာကြောင်းတစ်ခုခုရဲ့ ဘေးမှာ ပေါ်နေတဲ့ အပြာရောင်စာသားနဲ့ ပြထားတဲ့ Details ကို နှိပ်လိုက်ပါ။

၃။ ဒါဆိုရင် Page အသစ်တစ်ခု တတ်လာပါလိမ့်မယ်။

၎။ အဲဒီ Page မှာ Activity on this account ဆိုပြီး ခုနကအခြေအနေတစ်ခုခုအပေါ်လိုက်ပြီး နောက်ဆုံးသတင်းနဲ့ လက်ရှိတစ်ပြိုင်တည်းသုံးနေတာတွေကို ဇယားနဲ့ ပြပေးထားပါလိမ့်မယ်။

၅။ ဖွင့်သုံးထားတယ်၊ သုံးနေတယ်၊ သုံးမနေဘူး စတာတွေကို ဖွင့်ထားရင် ဖွင့်ထားတဲ့အကြောင်းနဲ့ ဖွင့်မထားရင်လည်း ဖွင့်ထားပုံမရကြောင်းကို စာရေးဖော်ပြပေးပါလိမ့်မယ်။ တခြားတစ်နေရာမှာ ဖွင့်မထားဘူးဆိုရင် This account does not seem to be open in any other locations. However, there may be sessions that have not been sign out ဆိုပြီး Sign Out လုပ်ဖို့ Sign Out all other sessions ဆိုတဲ့ button ပါ ပါလာပါလိမ့်မယ်။
အဲဒီမှာ ကိုယ်သုံးထားတဲ့ နောက်ဆုံး activity တွေရဲ့  Acess Type, IP Address နဲ့ Date/Time ငါးခုကို ဇယားနဲ့ မြင်ရမှာပါ။ ပြီးရင် Sign Out button ကို နှိပ်လို့ရပါပြီ။

၆။ နှိပ်ပြီးရင်တော့ Successfully sign out all other sessions ဆိုပြီး ဖော်ပြပါလိမ့်မယ်။ တခြားမှာ ဖွင့်ထားမိရင် လိုလိုပိုပို Password ပြောင်းပစ်သင့်ကြောင်း ပြောပါလိမ့်မယ်။ လိုအပ်တယ်ထင်ရင်တော့ Password ကို ပြောင်းလိုက်ရုံပါပဲ။

ဒါဆိုရင်တော့ မေ့တတ်တဲ့ User တွေအားလုံး အဆင်ပြေပြေနဲ့ တစ်နေရာကနေလှမ်းပြီး ကိုယ့် Gmail ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ပြီဖြစ်ပါတယ်။ Privacy အပြည့်ရဖို့လည်း မျှော်လင့်နိုင်တာပေါ့။
ကြိုးစားပါအုံးမည့်ဖြိုးဇာနည်

0 Comments

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.