0

ကြွက်

Posted by ဖြိုးဇာနည် on Sunday, February 01, 2009 in
ကျွန်တော်နေ့စဉ်နဲ့အမျှမြင်တွေ့နေရတဲ့လူတွေထဲကလူတွေဟာကိုယ်နဲ့အနည်းငယ်မှမသက်ဆိုင်တဲ့ကိစ္စလို့ထင်ရင်ဘယ်
လောက်ကြီးပဲအရေးကြီးနေနေလျှစ်လှူရှုထားတတ်ကြတယ်။ကျွန်တော်လည်းပါ့ပါတယ်။ဒီလိုလျှစ်လှူရှုမှူတွေကိုသတိ
ပေးတဲ့အနေနဲ့အတွက်ကျွန်တော်ဒီစာလေးကိုလေးကိုရေးပြတင်ဆက်လိုက်ရပါတယ်။


ကြွက်တကောင်ဟာ နံရံအပေါက်တခုမှ နေပြီး၊ လယ်သမားဇနီးမောင်နှံနှစ်ဦး အထုပ်တထုပ် ဖြေနေတာကို တြေွ့မင်လိုက်
ရတယ်။ အထုပ်ထဲက အရာဟာ ဘာစားစရာများ ဖြစ်မလဲလေ။ ကြွက် ထောင်ချောက် တခုဖြစ်မှန်း သိမြင်လိုက်ရတဲ့ အခါမှာတော့
သူ့ခမျာ အထိတ်တလန့်ဖြစ်သွား ရှာပါတယ်။
စိုက်ပျိုးခင်းကြီးထဲက အိမ်ဝန်းကြီးထဲ သူ ပြေးဝင်ကာ “ဒီအိမ်ဝန်းကြီးထဲမှာ ကြွက်ထောင်ချောက် တခုရှိတယ်ဗျို့။ ဒီ အိမ်ဝန်း
ကြီးထဲမှာ ကြွက်ထောင်ချောက် တခု ရှိတယ်”လို့ အော်ဟစ် သတိပေး နှိုးဆော်နေလေတော့တယ်။
မြေကြီးကို ခြေထောက်နှစ်ဖက်နဲ့ ရက်နေတဲ့ ကြက်မတကောင်ဟာ “ကတော်….ကတော်”နဲ့ အော်မြည်လိုက်ရင်းက “၀မ်းနည်း
ပါတယ် ဦးကြွက် ရယ်….။ ဒါဟာ ရှင်ပဲ ရင်ဆိုင်ရမယ့် အန္တရာယ်ပါ….ကျွန်မနဲ့ မပတ်သက်ပါဘူး။ ဒီအတွက် ကျမ စိတ်ပူနေစရာ မလိုပါဘူးရှင်”လို့ ခေါင်းငုံ့ပြီး ပြောဆိုလေတယ်။ကြွက်ဟာ ၀က်သိုးတကောင်ကို ထပ်တွေ့ွ့ ပြန်ပါတယ်။ဒီအိမ်ဝန်းကြီးထဲမှာ ကြွက်ထောင်ချောက် တခု ရှိတယ်။ ဒီအိမ်ဝန်းကြီးထဲမှာ ကြွက်ထောင်ချောက် တခု ရှိတယ်” လို့သူပြောပြပြန်တယ်။ “အလွန်စိတ်မကောင်းစရာပါပဲ ဦးကြွက်ရယ်” စာနာစိတ်နဲ့ ၀က်သိုးက ဆိုပါတယ်၊ “ဘုရားသခင်ထံ ဆုတောင်းရုံက
လွဲလို့ ကျုပ်လဲ ဘာမှ မတတ်နိုင်ပါဘူး။ ခင်ဗျားအတွက် ကျုပ် ဆက်ဆက် ဆုတောင်းပေးမှာပါ”ကြွက်ဟာ နွားနီကြီးကို ထပ်ပြီး ရှာတွေ့ပြန်တယ်။ နွားကြီးက “ဦးကြွက်ရယ်….ကြွက် ထောင်ချောက်က ကျွန်တော့်ကိုဘယ်လို အန္တရာယ်များ ပေးနိုင်မလဲဗျာ”လို့ ဆိုပြန်လေတယ်။နောက်ဆုံးတော့ကြွက်ငယ်ဟာခေါင်းငိုက်စိုက်နဲ့သူ့သိုက်မြုံလေးထဲပြန်လာခဲ့တယ်။လယ်သမားဇနီးမောင်နှံတို့ရဲ့
ထိုထောင်ချောက်ကို သူတဦးတည်းသာ အားငယ်စွာ မျက်နှာမူနေရတော့တယ်။ထိုနေ့ညမှာပဲ အိမ်ဝန်းကြီးထဲက မောင်းခလုတ် ပြုတ်သံတချက် မြည်ထွက်လာတယ်။ အကောင် တကောင်ကောင်တော့ထောင်မိ ဖမ်းမိပြီပေါ့။ လယ်သမားရဲ့ ဇနီးဖြစ်သူဟာ ရေးကြီးသုတ်ပျာ ထွက်လာပါတယ်။ ညကလည်း မှောင်မိုက်နေ။ ထောင်ချောက်ထဲမိနေတာဟာ မြွေဆိုးတကောင်ရဲ့ အမြီးမှန်း သူမ မမြင်မသလိုက်ရှာဘူးလေ။ သူမဟာ အဆိပ်ရှိတဲ့ မြွှေဆိုးမြွေဟောက် တကောင်ရဲ့အကိုက်ကို ခံလိုက်ရရှာတယ်၊
လယ်သမားဟာ သူ့မိန်းမကို ဆေးခန်းဆီ အမြန်ပို့ခ့ပဲါတယ်။ ဆေးခန်းမှ အိမ်ပြန်ရောက်လို့ မကြာခင်မှာ သူ့ခန္ဒာကိုယ်ဟာ
အပူရှိန် တက်လာပါတယ်။ “အပူကို ကျစေနိုင်တာဟာ ကြက်ဥ ဟင်းချိုပါ”လို့ လူသူတချို့ပြောကြတာကို ကြားဖူးတယ်။ ဒါကြောင့်
လယ်သမားဟာ တံစဉ် ပေါက်ပြားကို ကိုင်စွဲကာ ဟင်းချို ကျိုချက်ရာမှာ ပေါင်းယှက်ကူဖက်နိုင်မယ့် ဟင်းရွက်သစ်မြစ် တွေရှာဖွေဖို့
အိမ်က ထွက်ခွာ သွားလေတော့တယ်။ရက်အတော်ကြာကြာ အိမ်နီးနားချင်း အသိမိတ်ဆွေများက အလှည့်ကျလာရောက်ပြီး ကူညီစောင့်ရှောက်၊ ကြည့်ရှုပြုစုခဲ့ပေမယ့် ထိုလယ်သူမရဲ့ အခြေအနေဟာ သိပ်ကောင်းမလာ။ လာရောက် စောင့်ရှောက်သူတွေရဲ့ ကျေးဇူးကို တုံ့ပြန်ဖို့ လယ်သမားကသူ့ရဲ့ ၀က်သိုးကို သတ်ပြီး ထမင်းပွဲ တည်ခင်း ဧည့်ခံလိုက်ပါတယ်။အဆိပ်ဒဏ်က ပြင်းထန်လှတာမို့ လယ်သူမရဲ့ အနာရောဂါဟာ တနေ့တခြား ပိုဆိုးလာတယ်။ နောက်ဆုံးတော့ အသက်ပါဆုံးခဲ့ရတယ်။ သူမ အသုဘကိုလူသူအများအပြား လိုက်လံ ပို့ဆောင်ခဲ့ကြပါတယ်။ သူမရဲ့ နာရေးမှာ ပါဝင် ၀ိုင်းဝန်းခဲ့သူများကို လယ်သမားကြီးက သူ့နွားတကောင်သတ်ပြီး ကျွေးမွေး ဧည့်ခံလေသတဲ့။

ကျွန်တော့်ရဲ့သူငယ်ချင်းတို့ရေ….နောက်တခါ လူတဦးဦး တယောက်ယောက်မှာ ပြဿနာနဲ့အရေးကိစ္စကြုံနေရတဲ့အသံကိုကြားလိုက်
ရလို့သူငယ်ချင်းတို့အနေနဲ့ ငါနဲ့ မဆိုင်ပါဘူးလို့ ခံစားတွေးထင်နေမိတယ်ဆိုရင် တဆိတ်လောက် ပြန်လည်အမှတ်ရစေချင်ပါတယ်။
“အိမ်တလုံးထဲ ကြွက်ဖမ်းတဲ့ ထောင်ချောက်တခု ရောက်ရှိလာပြီဆိုရင် ၀န်းခြံကြီး တခုလုံးလည်း အန္တရာယ် ခြိမ်းခြောက်မှု
အောက် ကျရောက်လာနေပြီ”ဆိုသလိုမျိုးပေါ့။ ။

ကြိုးစားပါအုံးမည်...ဖြိုးဇာနည်...ည..၁၂း၃၀တိတိ

0 Comments

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.