0
ကြွေရွက်
Posted by ဖြိုးဇာနည်
on
Monday, February 02, 2009
in
ဇာနည်ကြိုက်တာဒါလေးတွေ
ကိုယ့်ရဲ့ကျဆုံးမှုလို့ထင်နေပေမဲ့ကိုယ်တစ်ခါကျဆုံးသွားလိုက်တိုင်းသူတစ်ပါးအတွက်တစ်ခါကောင်းကျိုးရှိတယ်(သူတည်းတစ်ယောက်
ကောင်းမှူရောက်ဖို့ကျန်လူအများအကျိုးယုတ်၏)ဆိုတဲ့လောကနိယာမလေးကိုသတိရမိတယ်။ဒါကြောင့်သူငယ်ချင်းတို့ဆုံးရှုံးမှူနဲ့တစ်ခါကြုံ
တိုင်းသူတစ်ပါးအတွက်တစ်ခါကောင်းကျိုးပြုပေးလိုက်နိုင်ပြီဆိုတဲ့မုဒိသာစိတ်လေးမွေးနိုင်ကြပါစေ။
ဒီသစ်ရွက်လေးတရွက်ဟာ ပြောပလောက်စရာမရှိတဲ့ ကြွေရွက်တရွက်ပါ။ နွေတနွေလုံး သူ့အရောင် သူ့အသွေးနဲ့ သစ်ပင်ကြီး တပင်ရဲ့
ဝေဆာမှုတွေကြားမှာ မြှုပ်နှံရောယှက်ထားခဲ့တယ်။ ပြင်းပူတဲ့ နွေေ န့ရက်တွေကိုလဲ သူ့ရဲ့ အစိမ်းရောင် ကဗျာအနုအလှနဲ့ ခြယ်သ ငြိမ်း
အေးစေခဲ့ပြီ။
သို့သော် ဆောင်းနှင်းမြူရက်တွေဆီရောက်တော့ တဖျတ်ဖျတ်လှုပ်ခါခတ်နေတဲ့ လေအေးအေး တေးသံစဉ်တို့ အလယ်မှာ သူဟာ တ
ဖြည်းဖြည်း သွေးခြောက်ညှိုးငယ်လာခဲ့ရပြီလေ။ ကိုယ်အင်္ဂါ ရုပ်အဆင်းမှာလဲ ကြာလေ အကြည့်ရဆိုးလေ….။ အကျည်းတန်လေ။
တနေ့တော့….
သူပင်မြင့်ကြီးရဲ့ အကိုင်း အခက်မှ လွင့်ပြုတ်စွန့်ခွာ၊ မြေပြင်ကို ကျရောက်ခဲ့ရရှာ။ နောက်ဆုံး သက်ပြင်းလေးတချက်နဲ့အတူ သူ့ရဲ့ ညှိုးလျ
သိမ်ငယ်တဲ့ အသံတသံဟာ လေထဲ ၀ဲပျံခုန်ဆင်းကျလာပေါ့။
“အို….ဒီအချိန် ဒီအခါက စလို့ ငါဘာမှ အသုံးမကျတော့။ လူရာသွင်းခံရမှာလဲ မဟုတ်တော့။ ကွယ်….ဆိုးလိုက်တဲ့ ကံရယ်….”
ထိုအခိုက်မှာ ပိုးကောင်ငယ်လေးတကောင်ဟာ သစ်ပင်ကြီးအောက်က ဖြတ်လျှောက်သွားနေပါတယ်။ မကြာခင်ကမှ ကြွေသက်လာတဲ့
ထို ကြွေရွက်ကို မျက်စိရှေ့နားမှာ အခန့်သင့်တွေ့ဆုံမိလေရဲ့။ ပိုးကောင်ငယ်လေးဟာ တခါတည်း သူ့ကိုယ်လေးကို အလိုက်သင့်နွဲ့ပြီး
ကြွေရွက်အောက်ထဲ ငုံ့လျှိုခိုဝင်လိုက်တယ်။ ပိုးကောင်ငယ်လေးရဲ့ ၀မ်းသာအားရ ကျူးရင့်လိုက်တဲ့ ဆိုမြည်ဟစ်ကြွေး ကောင်းချီးပေးသံ
ဟာ တောအုပ်ကြီးတခုလုံး ဟိန်းညံသိမ့်ခါသွားစေပါတော့တယ်။
“အလို….ခြုံစောင်ကောင်းတထည်ပါလား။ ဒီတဆောင်းအဖို့ရာ ငါ စိတ်ပူနေစရာ မလိုတော့ပါ။ လုံလုံနွေးနွေး စိတ်အေးအေး တ၀ကြီး
နားနေအိပ်စက်နိုင်ပြီလေ”
(ရူဒေါ့ဂိုလ်စတန်ဂျာမဏီ)၏ “ကြွေရွက်”ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။)

ကြွေရွက် မုဒိသာ

Post a Comment