0

လူတဲ့လား

Posted by ဖြိုးဇာနည် on Sunday, February 01, 2009 in
လူတို့ရဲ့လိုအင်ဆန္ဒများသည်၎င်းတို့၏လိုအပ်ချက်များထက်ကျော်လွန်၍လိုအင်ဆန္ဒများအသောမသန်နိုင်အောင်များပျားလျှက်
ရှိသည်တဲ့။အော်....တကယ်မှန်တဲ့စကားလေးပါ။ကျွန်တော်ကိုယ်တိုင်လည်းဘယ်တော့များမှများအေးအေးဆေးဆေးလိုအပ်
ချက်မရှိပဲနေနိုင်ပါ့မလဲမသိဘူး။တစ်နေ့နေ့တော့ဖြစ်လာတန်ကောင်းပါတယ်။ကျွန်တော့်ရဲ့လိုအင်ဆန္ဒတွေမပြည့်တိုင်းကျွန်တော်
သတိရမိတဲ့ပုံပြင်လေးတစ်ပုဒ်ရှိပါတယ်။ပြောပြချင်ပါတယ့်


ဟိုးရှေးရှေးတုန်းက ကန်စပ်တစ်ခုမှာ နွားကျောင်းသားလေးတစ်ယောက်က အေးအေးလူလူ ငါးထိုင်မျှားနေသတဲ့...
ဒီလိုပဲနွားကျောင်းသားလေးကလည်း ကောင်းကင်ကြီးကို ရုတ်တရက်မော့ကြည့်လိုက်သတဲ့... အဲဒီမှာ သူကလေယာဉ်ပျံတစ်စင်းကိုတွေ့သွားတယ်.... ပြီးတော့သူစဉ်းစားတယ်...ငါနွားကျောင်းမယ့်အစား ကြီးလာရင်လေယာဉ်မောင်းတဲ့ ပိုင်းလော့ခ် ကြီးဖြစ်ရင်ဘယ်လောက်ကောင်းလိုက်မလဲ လို့စဉ်းစားလေတယ်...
နောက်ပြီး နွားကျောင်းသားလေး ရဲ့ဇွဲနဲ့ ကြိုးစားအားထုတ်မှုကြောင့် အသက်ကြီးလာတော့ ခရီးသည်တင်လေယာဉ်မောင်းတဲ့ ပိုင်းလောခ်ကြီးတစ်ယောက်ဖြစ်သွားလေတယ်... တစ်နေ့သူ့တာဝန်အတိုင်း လေယာဉ်မောင်းနေတုန်း လယ်ကန်စပ်တစ်ခုက ဖြတ်သွားသတဲ့... အဲဒီမှာ အေးအေးလူလူ ငါးထိုင်မျှားနေတဲ့ နွားကျောင်းသားလေးတစ်ယောက်ကို တွေ့သွားလေတယ်... သူ့ငယ်ဘဝကိုသတိရပြီး အင်း...ငါလည်းအဲဒီကောင်လေးလို လယ်ကန်သင်းရိုးတစ်လျှောက် အေးအေးလူလူ ငါးထိုင်မျှားရရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးမိသတဲ့.....


အင်းလူရယ်လို့ဖြစ်လာမှတော့လူနဲ့တော့တူနေမှာပါပဲ။ဘယ်တော့မှများလောဘသတ်နိုင်မလဲမသိဘူးနော့်
လေးစားစွာဖြင့်....ဖြိုးဇာနည်

0 Comments

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.