Showing posts with label ချစ်သူဖတ်ဖို့. Show all posts
Showing posts with label ချစ်သူဖတ်ဖို့. Show all posts
0
Posted by ဖြိုးဇာနည် on Tuesday, July 26, 2022 in

ရိုးဂုဏ်

သူမဟာ ကျုပ် ဘ၀ကို ထာဝရ လင်းချင်းစေတဲ့

နေတစင်း၊ လတစင်း….

အတ္တနဲ့ မှောင်မိုက်နေတဲ့ ဘ၀ကို 

မြတ်နိုးခြင်းနဲ့ လင်းစေတယ်…

လူတကာ အပေါ် 

ယုံကြည်ခြင်း ကင်းမဲ့တတ်တဲ့ 

အေးစက်စက် နှလုံးသားတစုံ ကို

တငွေ့ ငွေ့ နွေးထွေးလာစေတဲ့

မီးလင်းဖိုလေးတခုပေါ့….

သူမမျှော်လင့်ချက်တွေကို 

ကျုပ်ဥပက္ခာ ပြုထားတတ်ခဲ့ပေမယ့်

သူမကတော့ နူးညံ့ခြင်းတခုထဲနဲ့ 

ကျုပ် ယုံကြည်ခြင်းတွေကို

ချဉ်းကပ်နိုင်ခဲ့တယ်…

ဟန်ဆောင်ခြင်းတွေ ၊မာနတွေ နဲ့ 

ချည်နှောင်ယှက်ခဲ့တဲ့လက်တစုံကို

မေတ္တာတရားနဲ့ ချစ်ခြင်း တွေ

လွှမ်းခြုံတဲ့ ဘ၀တခုအဖြစ်

နေရာတကျ ပြောင်းလဲပြနိုင်ခဲ့တဲ့

မှော်ဆရာ တပါး..

သူ့ ချစ်ခြင်းတွေ နဲ့ ကျုပ် ဘ၀ကို

နွေးထွေးမှုပေးခဲ့တယ်….

ဒါပေမယ့် သူမရောနွေးထွေးမှု ရရှိခဲ့ပါသလား…

သူမရဲ့ နမ်းတပွင့်နဲ့ 

ကျုပ် ယုံကြည်မှုတွေ ပြည့်ဝစေခဲ့တယ်

သူမရော ကျုပ်ဆီမှ

ယုံကြည်မှုတစုံတရာ 

ရရှိခဲ့ဖူးပါသလား…

အို….ကျုပ် ကိုယ်ကျုပ် မသေချာခဲ့ပါ…

ဒီနေ့ အထိ သေချာနေခဲ့သော အချစ်သည်..

ကျုပ် အတွက်တော့ ဒီ့ထက်ပိုသေချာနိုင်သော အချစ်

ထပ်မရှိလာနိုင်တော့သော

သက်တံ့ရောင်မြတ်နိုးမှုသက်သက်တခုဖြစ်သည်……

ဒီစာသည် ကဗျာမဟုတ်ပါ….

ကျုပ် ၏မှောင်မိုက်နေသော အတ္တမာန များနှင့် 

သူ့ စိတ်နှလုံးအားနာကျင်စေခဲ့သော 

နေ့ ရက်များအတွက် …

တစုံတရာသော တောင်းပန်ခြင်းတခု သာဖြစ်လိုပါသည်…

သူကိုယ်တိုင်

ထပ်ကာထပ်ကာ ကြားလိုခဲ့သော်လည်း…

သူ, ကိုယ်တိုင်မယုံကြည်နိုင်သေးသော စကားတခွန်းကိုသာ 

ကျုပ် ရိုးရိုးလေးပြောပြချင်သည်…

ကျုပ်သူ့ကို သိပ်ချစ်သည်....


ဖြိုးဇာနည်


0

သံသယ

Posted by ဖြိုးဇာနည် on Sunday, September 28, 2014 in
ဟုတ်တယ်မှတ်လား

ငါ့အတွက်ပဲငါကြည့်တယ်လို့နင်ထင်နေတယ်

ဟုတ်တယ်မှတ်လား

ငါကချစ်သူတစ်ယောက်မပီသဘူးလို့နင်ထင်နေတယ်

ဟုတ်တယ်မှတ်လား

ငါကနင့်ထက်သူငယ်ချင်းတွေကိုပဲပိုဦးစားပေးတယ်လို့နင်ထင်နေတယ်

ဟုတ်တယ်မှတ်လား

ငါသတိရတိုင်းဖုန်းမဆက်ဖူးလို့နင်ထင်နေတယ်

ဟုတ်တယ်မှတ်လား

ငါ့ဖုန်းဟာအမြဲတမ်းအားမနေတတ်တဲ့ဖုန်းလို့နင်ထင်နေတယ်

ဟုတ်တယ်မှတ်လား

ငါကနင့်ကိုတကယ်မချစ်လောက်ပါဘူးလို့နင်ထင်နေတယ်

ဟုတ်တယ်မှတ်လား

ငါကနင်နဲ့ပက်သက်မှအိမ်ကိုပိုကြောက်ပြနေတယ်လို့နင်ထင်နေတယ်

ဟုတ်တယ်မှတ်လား

ငါကနင်နဲ့ပက်သက်တဲ့အရာတွေဆိုမှတ်မထားတတ်ဖူးလို့နင်ထင်နေတယ်

ဟုတ်တယ်မှတ်လား

နင်ငါ့ကိုဖြတ်ပစ်ဖို့စိတ်ကူးဖူးတယ်ဆိုတာ

ဟုတ်တယ်မှတ်လား?????

တကယ်တော့ဟာ....

အခုနင်ထင်နေမြင်နေတွေးနေသလိုမျိုးအတွေးတွေဟာနင်တစ်ယောက်ထဲမှမဟုတ်ပါဘူး

ချစ်သူရှိတဲ့လူတိုင်းလူတိုင်းရဲ့ခေါင်းထဲမှာရှိနေတတ်တဲ့အတွေးချိုချိုလေးတွေပါဟာ.....

ဒါပေမယ့်...နင်စိတ်ချပါနော်

ငါနင့်ကိုတကယ်မြတ်နိုးတာပါလို့


ဖြိုးဇာနည်

2

သက်တမ်းတိုးခွင့်

Posted by ဖြိုးဇာနည် on Monday, March 11, 2013 in


အမြဲတမ်းအလျှော့ပေးတော့ ကမ်းတတ်ချင်လာတယ်

တစ်ခါတစ်လေတော့လဲအနိုင်လိုချင်မိတယ်။

********************************

ဖုန်းစပီကာကနေ လူကြီးမင်းဆိုတာမကြားရတော့အတော်ပျော်သွားတယ်

ဒေး

ဘာလဲ

ဒေးကလဲကွာ ရှင် မောင်ပြောလေ ဆိုသိပ်ကောင်းမှာပဲ

ထူးရင်ပြီးတာပဲမဟုတ်လား ဒါဆိုမထူးပဲနဲ့နေလိုက်ရမှာလား

ကျွတ်ဒေးကွာ

မောင်မရစ်နဲ့ကွာ အခုလိုဆက်ရစ်နေမယ်ဆိုရင်ဖုန်းချလိုက်ရမှာလား

ဘယ်သူကရစ်နေတာလဲ ဒေးရာ  မောင့်ကိုတစ်ခါတစ်လေစိတ်ချမ်းသာအောင်ထားပေးပါလား

မနက်ကလဲ ဖုန်းကိုဘလက်လစ် ထဲထည့်ထားတယ် အခုမှဖွင့်တယ် မောင်တစ်နေကုန်ခေါ်နေတာ

ဘာလို့အဲ့လိုလုပ်ရတာလဲ။

အဆင်မပြေလို့ပေါ့ မေမေတို့နဲ့အတူတူရှိနေရင် အဲ့လိုလုပ်မယ်လို့ပြောထားတာပဲ ပြီးတော့ဘယ်သူက
ဖုန်းဆက်ခွင့်ပေးထားလို့လဲ။

မောင်လဲမဆက်ပဲနေနိုင်သလောက်နေကြည့်ပါတယ် ဒါပေမဲ့ဒေးကမောင့်ကိုပစ်ထားတာကိုးလို့ မောင်တ

ကယ်အရမ်းလွမ်းလာလို့ဆက်လိုက်တာပါ။


အဲ့တာပြောတာပေါ့အဆင်ပြေရင်ဘယ်သူက ပစ်ထားလို့လဲ မောင်လဲသိနေတာပဲဟာကို

ဒေး မောင်ဒေးနဲ့အခုမှစကားအကောင်းပြောရတာ အခုလိုအချိန်ခဏလေးမှာမောင်ပျော်ချင်တယ်
မောင့်ကိုစိတ်ချမ်းသာအောင်ထားပေးပါနော်။

အဲ့တာမောင့်အပေါ်မှာပဲမူတည်တယ်မောင်

မောင်တကယ်လွမ်းနေတာဒေးရယ် မောင့်ကိုအနမ်းလေးတစ်ပွင့်လောက်ပေးပါနော်

တော်ပါ

ဟော် မေမေပြန်လာပြီမောင် ဒေးဖုန်းချလိုက်တော့မယ် ထပ်မခေါ်နဲ့နော် မနက်ဖြန်အဆင်ပြေရင်

ဒေး ဖုန်းဆက်လိုက်မယ်။တာ့တာ

တူ………တူ…………တူ………တူ…………………………

ဒေါသထွက်ရမလား သူ့ဖုန်းနံပတ်ကိုပဲ blacklist ထဲပြန်ထည့်ပစ်လိုက်ရမလား တကယ်စိတ်တိုမိတာတော့
အမှန်ပဲ ချစ်သူသက်တမ်းတလျှောက်မှာ အစပိုင်းတုန်းကတော့ ကိုယ့်ကိုအားတိုင်းဖုန်းဆက်နေလွန်းလို့
တစ်ခါတစ်လေ ဖုန်းတောင်ပိတ်ထားဖြစ်တယ်။

အခုတော့

ဘာပဲဖြစ်ဖြစ်ပါအခုလိုစကားခဏလေးလောက်ပြောလိုက်ရတာကိုပဲကျွန်တော်စိတ်ထဲအေးသွားမိတာတော့
အမှန်ပါပဲ။သူလုံးဝပျောက်နေတာထက်စာရင်ပေါ့ အခုအချိန်ခဏလေးအတွက် မကျေနပ်ပေမဲ့ ကျွန်တော့်

ပြုံးလိုက်မိတယ် 

နောက်ပြီး ဘယ်လောက်မှမကျန်တော့တဲ့ ချစ်သူသက်တမ်းအကြောင်းကိုတွေးမိပြီး သက်ပျင်းချမိတယ်။

ဖြစ်နိုင်ရင်လေ တခြားသော မှတ်ပုံတင်ထားတဲ့ကိစ္စတွေလိုမျိုး ချစ်သူသက်တမ်းတိုးလို့ရရင်သိပ်ကောင်းမှာပဲ။ 



ဖြိုးဇာနည့်ညနေ၆နာရီ ၄၅တိတိ
အဟောင်းလေးပါ ရေးထားတာကြာပြီ ဒီနေ့ညီလေး နွေလနဲ့စကားခဏပြောဖြစ်တော့
စာတင်ချင်စိတ်ပြန်ပေါက်လာတယ် ကျေးဇူးပါညီလေး နွေလရေ့

2

အပျော် Vs အပျက်

Posted by ဖြိုးဇာနည် on Saturday, March 02, 2013 in


ပထမကတော့အပျော်ပေါ့ ကျွန်တော်ပျော်ဖို့အတွက်သူ့နောက်ကိုလိုက်တယ်  :) :) :)

နောက်တော့သူပျော်ဖို့အတွက်ကျွန်တော်ဆိုတာဖြစ်မှန်းမသိဖြစ်လာတယ် :O :O

အချိန်တွေကြာလာတာနဲ့အမျှ ကျွန်တော်ပျော်ဖို့ဆိုတာထက် သူအမြဲပြုံးနေဖို့အတွက်သာအဓိကလိုအပ်ချက်
တစ်ခုဖြစ်လာခဲ့တယ်။

နောက်ဆုံးတော့သူ့ကိုပြုံးအောင်အမြဲလုပ်ပေးနေနိုင်တဲ့ကျွန်တော်ဟာသူ့အနားမှာအမြဲရှိနေသင့်တယ်ဆိုတာ

ကိုတွေးမိလာတယ်။

ဘ၀ရပ်တည်မူအခြေအနေကြောင့်  ကျွန်တော်သူ့အနားမှာစုံလုံးပုံအပ်ပြီးနေနိုင်ရေးအတွက် အချိန်ယူကြိုးစားဖို့လိုအပ်လာတယ်။

အဲ့ဒီ့အချိန်တွေအတွက့်

ကျွန်တော့်ရှိသမျှအချစ်တွေ မြတ်နိုးမူတွေ သံယောဇဉ်တွေကို “စပေါ်” သဘောအနေနဲ့သူစိတ်သက်သာရာရအောင်ပေးထား
ခဲ့တယ် (ကျွန်တော်ကြိုးစားနေတဲ့အချိန်ကာလတစ်ခုအတွင်းမှာပေါ့ )

ဒါပေမဲ့

သူဟာ ကျွန်တော်ယုံကြည်စိတ်ချစွာပေးအပ်ထားတဲ့   ကျွန်တော့်မျှော်လင့်ချက်   ကျွန်တော့်အနာဂတ်
နောက်ပြီး ကျွန်တော့်အချစ်တွေကို “စရံ” သပ်ထားတယ်လို့သဘောထားပြီး ပြန်အမ်းသွားတယ်

အေးရော !!!!!!!!!!!!!!!!!!!!! :(




စာမရေးဖြစ်တာကြာသွားပြီ : ပျင်းနေရောပဲ မအားတာလဲပါတယ် အဟက်ဟက်

ဒီတခါတော့ တိုတိုတုတ်တုတ်ပဲ တွေးမိတာလေးရှိနေတော့ချရေးလိုက်တယ်။

Post တွေများများတင်မယ်လို့စိတ်ကူးထားပါတယ် ဟဲဟဲ အကောင်အထည်ဖော်ဖို့ခက်နေခြင်း


ဖြိုးဇာနည့်ညနေ့၎ နာရီတိတိ
  

6

နောင်ဘယ်တော့မှ ဘယ်တော့မှ

Posted by ဖြိုးဇာနည် on Friday, September 07, 2012 in



ချစ်သူထိုးလိုက်တဲ့မျက်စောင်းလေးကိုတယုတယသိမ်းထားချင်တယ်။

နောင်တချိန်မှာသူကိုယ့်ကိုမျက်စောင်းထိုးနိုင်တော့မှာမဟုတ်ဘူးလေ ဘာလို့လဲဆိုတော့ သူကိုအမြဲစိတ်ချမ်း

သာအောင်ထားတော့မှာမို့လို့ပါ။


ချစ်သူထုလိုက်တဲ့လက်သီးဆုပ်ဖွဖွလေးတွေကိုလှိုက်လှိုက်လှဲလှဲခံယူလိုက်ချင်တယ်။

နောင်တချိန်မှာသူ ကိုယ့်ကိုထုရိုက်နိုင်မှာမဟုတ်တော့ဘူးလေ ဘာလို့လဲဆိုတော့ သူစိတ်မလိုမကျဖြစ်အောင်

ဘယ်တော့မှ ထပ်လုပ်မှာမဟုတ်တော့လို့ပေါ့


ချစ်သူခေါက်လိုက်တဲ့ တောက်ခေါက်ခံလေးကိုလဲ အသံသွင်းထားချင်တယ်။

နောင်တချိန်မှာ  သူကိုယ့်ကိုတောက်ခေါက်ဖြစ်မှာမဟုတ်တော့ဘူးလေ  ဘာလို့လဲဆိုတော့  သူမကြိုက်တာ

မှန်သမျှဘာတစ်ခုမှ လုပ်မှာမဟုတ်တော့လို့ပေါ့။


ချစ်သူမဲ့လိုက်တဲ့ မဲ့ပြုံးလေးကိုလဲ တစိမ့်စိမ့်နဲ့ကြည့်ချင်နေမိတယ်။

နောင်တချိန်မှာသူ ကိုယ့်ကိုမဲ့ပြဖြစ်တော့မှာမဟုတ်တော့ဘူးလေ ဘာလို့လဲဆိုတော့ သူစိတ်ရှုပ်သွားအောင်

ဘယ်သောအခါမှ ထပ်လုပ်ဖြစ်မှာမဟုတ်တော့လို့ပါ။


ချစ်သူကိုက်ထားတဲ့ နှုတ်ခမ်းလေးကိုလဲ အမှတ်တရဓါတ်ပုံရိုက်ထားချင်မိတယ်။

နောင်တချိန်မှာသူကိုယ့်ကြောင့်နှုတ်ခမ်းကိုက်ဖြစ်တော့မှာမဟုတ်တော့ဘူးလေ  ဘာလို့လဲဆိုတော့ သူစိတ်

ပျက်သွားအောင် ဘယ်တော့မှလုပ်မိတော့မှာမဟုတ်တော့လို့ပါ။


ချစ်သူငိုထားတဲ့ မျက်ရည်စလေးတွေကို ကြင်ကြင်နာနာသုတ်ပေးချင်မိတယ်။

နောင်တချိန်မှာသူကိုယ့်ကြောင့်ဘယ်တော့မှမျက်ရည်ကျရတော့မှာမဟုတ်တော့ဘူးလေ ဘာလို့လဲဆိုတော့

ချစ်သူစိတ်တိုင်းကျလူတစ်ယောက်အဖြစ်ကိုယ့်ကိုကိုယ်ပဲ့ပြင်ပြီး ချစ်သူအကြိုက်တစ်သက်စာနေထိုင်သွားတော့

မယ်လို့ ဆုံးဖြတ်ပြီးသွားလို့ပါချစ်သူ့

 
ရင်ဘတ်ထဲကစကားမျာ့းဖြိုးဇာနည်
ည့၁၁နာရီ၃၀တိတိ



Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.