2

အမေ့ကိုချစ်ပါတယ်အမေ

Posted by ဖြိုးဇာနည် on Tuesday, March 31, 2009 in
"သမီးရေ.......အိပ်ယာထတော့လေ။ ကျောင်းသွားရမယ်မလား။ "

အမေ့ရဲ့ အော်သံကြောင့် မျက်စိများ ပွင့်ခဲ့ရပါပြီ။ အမြဲတမ်း လုပ်နေကျအတိုင်း အိပ်ယာကနေ နိုးနိုးချင်း မှန်တွေ ကွဲအက်
နေတဲ့ နံရံကပ် နာရီကို လှမ်းကြည့်လိုက်ပါတယ်။ နာရီကို ကြည့်ပြီးတာနဲ့ ကျွန်မဟာ မျက်မှောင်ကြုတ်ရင်း အမေ့ကို ဘာလို့
ခုမှ နှိုးတာလဲ..နောက်ကျကုန်ပြီ...စိတ်တိုဘို့ ကောင်းလိုက်တာ ဆိုပြီး အော်ပြောလိုက်ပါတယ်။ ပြီးတော့ အခန်းတံခါးကို
ဒုန်းခနဲ မြည်အောင်ဆောင့် ပိတ်ပြီး ကျောင်းသွားဘို့ အလောတကြီးနဲ့ ပြင်ဆင်နေခဲ့ပါတယ်။ (မှတ်ချက်။ ကိုရီးယားမှ အ
ထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများမှာ ကျောင်းနောက်ကျလျှင် ပြင်းပြင်းထန်ထန် အပြစ်ပေးတတ်ပါသည်။)
အားလုံးပြင်ဆင်ပြီး ကျောင်းသွားဘို့ အိမ်ကထွက်မည်အလုပ်တွင် ကျွန်မနောက်ကနေ အမေ့အသံကို ကြားလိုက်ရပါတယ်။

"သမီး~~တောင်းပန်ပါတယ်ကွယ်...အမေ သိပ်နေမကောင်းလို့ပါ။ "

ဒီအသံကို ကြားတာနဲ့ ကျွန်မလဲ သိပ်စိတ်မရှည်တာနဲ့...

"ဒီတခါလည်း အအေးမိပြန်ပြီလား..အအေးကလည်း မိဘဲ မိနိုင်လွန်းတယ်။ "

ဒီတော့ အမေက ကျွန်မကို အားနာသောဟန်ဖြင့်

"နောက်ကျမှ နှိုးမိတဲ့အတွက် အမေ စိတ်မကောင်းပါဘူး......ဒီမှာ သမီးအတွက် ထမင်းဘူး ယူသွားဦးနော်။ "

ကျွန်မက ကျောင်းကလည်းနောက်ကျ စိတ်ကလည်းတိုနေတော့ အမေ လှမ်းပေးတဲ့ ထမင်းဘူးကို ကြမ်းပြင်ပေါ်ကို
ပစ်ချပြီး တော်ပြီ..မစားတော့ဘူး..ကျောင်းဘဲ သွားတော့မယ် ..ဆိုပြီး ကျွန်မ အိမ်မှ ထွက်လာခဲ့ပါတယ်။ အမေ့ကို
ဂရုမစိုက်ဘဲ ကျွန်မ ကျောင်းသွားမယ့် လမ်းကို ပြေးထွက်လာရင်း နောက်ကို တချက် ပြန်ကြည့်လိုက်တော့ အမေဟာ တိတ်တိတ်ဆိတ်ဆိတ်လေး ကျွန်မ ပစ်ချခဲ့တဲ့ ထမင်းဘူးကို ပြန်လည် ကောက်ယူနေတာကို တွေ့ရပါတယ်။ အမေ့
မျက်နှာက တကယ်ဘဲ ဖြူစွတ်နေတာကိုလည်း တွေ့လိုက်ပါတယ်။ ဒါပေမယ့် အမေက အမြဲတမ်း ဖျားနာနေကျမို့
ကျွန်မလည်း သိပ် စိတ်မပူဘဲ ကျောင်းသို့သာ ဦးတည်ပြီး သွားခဲ့ပါတော့တယ်။

ကျောင်းစတတ်တဲ့ အချိန်မှာ သတင်းတစ်ခုကို သိရပါတယ်။ ဒီအပတ် စနေနေ့ကို လေ့လာရေးခရီး ထွက်ရပါမယ်တဲ့။
ကျွန်မလည်း အရမ်းကို သွားချင်ခဲ့ပါတယ်။ သူငယ်ချင်းများနဲ့လည်း အတူတူ လျှောက်လည်ချင်သလို ဆင်းရဲခြင်းဆို
တာကိုလည်း တခဏလောက် မေ့ထားချင်ပါတယ်။ နောက်တခုက အမြဲတမ်း အိပ်ယာထဲ လဲနေတဲ့ အမေ့ကို လည်း
ခဏလောက် မေ့ထားပြီး သူငယ်ချင်းများနဲ့ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားချင်ပါတယ်။ ညနေ ကျောင်းဆင်းလို့ အိမ်
ကို ပြန်ရောက်တော့ အမေ့ကို ထုံးစံအတိုင်း အိပ်ယာထဲမှာ လှဲနေတာကို မြင်ရပါတယ်။ အမေ့ကို မြင်တာနဲ့ စိတ်ထဲမှာ
မကြေနပ်ချက်တွေ ပေါ်လာတော့တာပါဘဲ။ အမေကတော့ ကျောင်းကပြန်လာတဲ့ ကျွန်မကို ပြုံးပြုံးလေး လှမ်းကြည့်ပြီး
သမီးလေး....ပြန်လာပြီလား လို့မေးပါတယ်။ အမေက မေးတာကို ပြန်မဖြေဘဲ့

"အမေ...ဒီအပတ် စနေနေ့ ကျောင်းက သူငယ်ချင်းတွေနဲ့ လေ့လာရေးခရီးထွက်တာ သမီးလည်း လိုက်ချင်တယ်.... ပို့ပေးနော်။ "

"ဟင်..လေ့လာရေးခရီး...ဟုတ်လား သမီး...ဘယ်လောက်ကုန်မှာတဲ့လဲကွယ်။ "


အမေက ကုန်ကျစရိတ်ကို အရင်မေးတယ်။ ကျွန်မလည်း ကျွန်မတို့ မိသားစု အခြေအနေကြောင့် သွားရကောင်းမလား မသွားရကောင်းမလား ဝေခွဲမရ ဖြစ်နေပြီးမှ ၈ သောင်းပါ..အမေ လို့ ပြန်ဖြေခဲ့တယ်။ (မှတ်ချက်။ကိုရီးယားနိုင်ငံသည် ငွေကြေးဖောင်းပွသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။) ကျွန်မအဖြေကို ကြားတော့ ကျွန်မအမေက ၈...၈သောင်းကြီးများ
တောင် ဟု ပြန်၍မေးသည်။ ကျွန်မက အမေ့ကို အသံကျယ်ကြီးနှင့် ဘာလဲ...၈သောင်းတောင် မရှိဘူးလား ဟူ၍ ပြန်
မေးလိုက်ပါတယ်။ ကျွန်မ ဒီလို ဆင်းရဲတာမျိုးကို အရမ်းမုန်းပါတယ်။ လူတန်းစေ့ မနေနိုင်တဲ့ ကျွန်မဘ၀ကို စဉ်းစားမိ
တိုင်း စိတ်ပျက်အားငယ်မိပါတယ်။ အမေ့ကိုလည်း မုန်းတယ်။ ကျွန်မရဲ့ မိသားစုဝင်ဟာ အမေတစ်ယောက်တည်းသာ
ရှိတယ်ဆိုတဲ့ အမှန်တရားကိုလည်း မုန်းမိပါတယ်။ အမေက ခဏတာ သက်ပြင်းချပြီး စောင်အောက်ကနေ ဘဏ်စာ
အုပ်တစ်ခုကို ထုတ်ပေးပါတယ်။ ဒီမှာ အမေ တစ်ပြားနှစ်ပြား စုထားတဲ့ ငွေလေးတွေ....ဒီထဲကနေ ၈သောင်းထုတ်ပြီး
သွားချေ။ ကျွန်မမွေးကတည်းကစပြီး ပထမဆုံးအကြိမ် မြင်ဘူးတဲ့ ဘဏ်စာအုပ်ကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်ပါ
တယ်။ ပြီးတော့ အမေ့ကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းတောင် မပြောဘဲ မြို့ထဲမှာ ရှိတဲ့ ဘဏ်ကို အပြေး
လေး သွားခဲ့ပါတယ်။


ဘဏ်စာအုပ်ကို ဖြန့်ကြည့်လိုက်တော့ ၁၀သိန်းရှိနေတာကို တွေ့လိုက်ရပါတယ်။ ကျွန်မအတွက်ကတော့ အရမ်းကို
ပမာဏများတဲ့ ငွေပါဘဲ။ ဒီအချိန်အထိ ဒီငွေတွေကို ဘာလို့ မသုံးတာပါလိမ့်ဆိုတဲ့ အတွေးနဲ့ အမေ့ကို နည်းနည်း အမြင်ကတ်မိလိုက်ပါသေးတယ်။ ပြီးတော့ လေ့လာရေးခရီးအတွက် ၈သောင်းထုတ်လိုက်ပါတယ်။ ဘဏ်ထဲမှာ ၉သိန်း
၂သောင်းကျန်ပါသေးတယ်။ ၉သိန်း၂သောင်းတောင် ရှိတာ ထပ်ထုတ်လဲ ဘာမှ မဖြစ်ပါဘူးဆိုတဲ့ အတွေးဝင်လာခဲ့ပါ
တယ်။ ခုခေတ်က လူတိုင်း လက်ကိုင်ဖုန်းကိုင်နေတဲ့ ခေတ်ဖြစ်ပေမယ့် ကျွန်မမှာ လက်ကိုင်ဖုန်းမရှိတာကို သတိရမိ
တာနဲ့ လက်ကိုင်ဖုန်းကောင်းကောင်း တစ်ခု ၀ယ်ဘို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ ဘဏ်ထဲကနေ နောက်ထပ် ၄သိန်း
ထုတ်လိုက်ပါတယ်။ အနီးအနားမှာ ရှိတဲ့ လက်ကိုင်ဖုန်းအရောင်းဆိုင်ကို သွားပြီး နောက်ဆုံးပေါ် လက်ကိုင်ဖုန်းတစ်
ခု ၀ယ်လိုက်တယ်။ ပျော်လိုက်တာလေ..ကျွန်မဘ၀မှာ တခါမှ မရဘူးတဲ့ ပျော်ရွှင်မှုမျိုးကို ကျွန်မ ခံစားခဲ့ရပါတယ်။ ဒါနဲ့ ဖုန်းအသစ်ကလေးကို ကိုင်ပြီး မြို့ထဲကို လျှောက်လည်နေခဲ့မိတယ်။ အဲဒီမှာ အရောင်အသွေးတွေကလည်း စုံ၊ ဒီဇိုင်း
တွေကလည်း မိုက်တဲ့ အ၀တ်အစားလှလှလေးတွေကို မြင်တော့ ကျွန်မ ၀ယ်ချင်ပြန်ရော။ ဒါနဲ့ ဘဏ်ကို နောက်တစ်
ခါ ထပ်သွားပြီး ၂သိန်းထပ်ထုတ်လိုက်တယ်။ အင်္ကျီတွေအများကြီး ၀ယ်လိုက်တယ်။ တထည်ပြီး တထည် စမ်းဝတ်
လိုက် မှန်ကြည့်လိုက်နဲ့ အရမ်းကို ကျေနပ်နေခဲ့တယ်။ မှန်ကြည့်နေရင်းက သဘောမကျစရာတစ်ခု မျက်စိထဲကို ၀င်
လာတယ်။ အဲဒါကတော့ အမေ ညှပ်ပေးတဲ့ ဆံပင်ပုံစံကြီးပါဘဲ။ တောဆန်ပြီး ပုံတုန်းလိုက်တာ လွန်ရော။ ဒီဆံပင်ပုံစံ
ကို ပြောင်းဘို့ ဆုံးဖြတ်လိုက်တယ်။ နောက်တခေါက် ဘဏ်ကို သွားတယ်။ ၅သောင်းထပ်ပြီး ထုတ်လိုက်တယ်။ ဆံပင်
ပုံစံ လှလှလေး ညှပ်တယ်။ ကဲ...အားလုံး အိုကေပြီ။ စနေနေ့ လေ့လာရေး ခရီးထွက်ရန် လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်
ဘို့သာ လိုအပ်တော့တာမို့ ကျွန်မ ဘဏ်ထဲမှာ ကျန်တဲ့ ငွေတွေနဲ့ လိုအပ်တာတွေအားလုံးကို စွတ်ဝယ်ခဲ့ပါတယ်။
အားလုံးဝယ်ပြီးတော့ ၉သောင်းသာ ကျန်ပါတော့တယ်။ ကျွန်မလည်း သူများနည်းတူ ၀တ်နိုင်စားနိုင်ပြီမို့ အတိုင်း
ထက်အလွန် ၀မ်းသာနေခဲ့မိပါတယ်။ ကျွန်မကြိုက်တာတွေအားလုံး လုပ်ပြီးပြီဖြစ်၍ စိတ်ပျက်စရာကောင်းသော အိမ်
သို့ ခြေလှမ်းခဲ့ပါတယ်။


အိမ်ရောက်တော့ အမေအိပ်နေတာကို တွေ့လိုက်ရတယ်။ အဟွန်း..အဟွန်း ကျွန်မ တမင်တကာ အသံပြုလိုက်ပါတယ်။
ကျွန်မအသံကို ကြားတော့ အမေ နိုးလာတယ်။ ကျွန်မလည်း အမေ့ကို ဘဏ်စာအုပ်လေး ပြန်ပေးလိုက်တော့ အမေက
ဘဏ်ထဲ ငွေဘယ်လောက်ကျန်သည်ကိုပင် ကြည့်မနေဘဲ ဘဏ်စာအုပ်လေးကို စောင်အောက်ထဲ ထိုးထည့်ထားလိုက်
ပါတယ်။ ဒါနဲ့ဘဲ စောင့်မျှော်နေခဲ့တဲ့ စနေနေ့ကို ရောက်လာခဲ့ပါတယ်။ လှလှပပ သားသားနားနား ၀တ်စားသွားတဲ့ကျွန်မ
ကို သူငယ်ချင်းတွေက အားကျနေတာကို မြင်ပြီး ကျွန်မ ကျေနပ်နေမိပါတယ်။ ၂ညအိပ်၃ရက်ခရီးကို သူငယ်ချင်းများနဲ့အ
တူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်။ ဒီရက်ပိုင်းတွေမှာတော့ ဆင်းရဲခြင်းနဲ့ အမြဲတမ်းမမာနေသော အမေ့ကို ခဏတာ
မေ့ထားနိုင်ခဲ့ပါတယ်။ တကယ်ကို ပျော်စရာကောင်းခဲ့တဲ့ နေ့ရက်တွေပေါ့။


ခုတော့ ၂ညအိပ် ၃ရက်ခရီးဟာ ပြီးဆုံးခဲ့ပါပြီ။ ဒီလို ပျော်စရာကောင်းတဲ့ အချိန်တွေဟာ မြန်မြန်ဆန်ဆန်နဲ့ ပြီးဆုံးသွား
ခဲ့ပါပြီ။ ထပ်မံပြီး စိတ်ပျက်စိတ်ညစ်စရာကောင်းသော အိမ်ကို ပြန်ရအုံးမှာပါလားဆိုတဲ့ အတွေးနဲ့ ကျွန်မ ခြေလှမ်းတွေ လေးနေခဲ့ပါတယ်။ ခြေလှမ်းလေးလေးနဲ့ဘဲ အိမ်ကို ပြန်လာခဲ့ပါတယ်။ အိမ်ကို ပြန်ရောက်တာနဲ့ ကျွန်မက အမေ...သ
မီး ပြန်လာပြီ။ ဟု အော်ပြောလိုက်တယ်။ ဒါပေမယ့် အိမ်ကြီးဟာ ထူးဆန်းအံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်
နေခဲ့ပါတယ်။ ဒါနဲ့ ထပ်ပြီး အမေ..သမီး ပြန်လာပါပြီဆိုနေမှ ဟူ၍ ထပ်မံ အော်လိုက်တယ်။ ဒါလည်း ဘာအသံမှ မကြား
တာနဲ့ ကျွန်မ တော်တော် စိတ်တိုသွားတယ်။ စိတ်တိုတိုနဲ့ အိပ်ခန်းတံခါးကို ဒုန်းခနဲ မြည်အောင် စောင့် ဖွင့်လိုက်တော့
အမေက အိပ်ယာထဲမှာ လှဲနေတာကို တွေ့လိုက်ရပါတယ်။ အမြဲတမ်း ကျွန်မ ပြန်လာလျှင် ပြုံးပြီး ကြိုတတ်တဲ့ အမေက
ယခု ကျွန်မ ပြန်လာတာကို ဘာစကားမှ ပြန်မပြောခဲ့ပေ။ ကျွန်မ ပိုက်ဆံတွေအများကြီး သုံးခဲ့လို့ အမေ စိတ်ဆိုးနေတယ်
အထင်နှင့် အမေ့ကို လှုပ်နှိုးလိုက်တဲ့ အခါမှာတော့ အမေ့ တစ်ကိုယ်လုံး အေးစက်နေတာကို တွေ့လိုက်ရပါတယ်။ ကျွန်မ
ရဲ့ မျက်လုံးတွေထဲမှာ ခန်းခြောက်ခဲ့ပြီ ဖြစ်တဲ့ မျက်ရည်တွေဟာ ထူဆန်းစွာဘဲ ကျဆင်းလာခဲ့သလို ကျွန်မရဲ့ နှလုံးသား
တွေဟာလည်း ရပ်တန့်သွားမတတ် လန့်သွားခဲ့ပါတယ်။ ကျွန်မ ဒီလောက်မုန်းခဲ့တဲ့ အမေ အေးစက်နေတာကို တွေ့
လိုက်တော့ ကျွန်မ အရမ်းကို ၀မ်းနည်းခဲ့ရပါတယ်။ ယုံလည်း မယုံနိုင်ဘူး ဖြစ်နေခဲ့တယ်။ ဒါနဲ့ အမေ့ကို အတင်း လှုပ်
၍သာ နှိုးနေခဲ့မိပါတယ်။ ဒါပေမယ့် အမေဟာ ကျွန်မ ဘယ်လောက်ဘဲ နှိုးနှိုး နိုးထမလာခဲ့တော့ပါဘူး။ ဒါနဲ့ စောင်ထဲက
ဘဏ်စာအုပ်ကို ယူပြီး အမေ့ မျက်စိနားကို ကပ်ကာ အမေ...သမီး နောက်ကို ဒီလို မလုပ်တော့ပါဘူး ....ဒီလိုဘယ်တော့
မှ မလုပ်တော့ပါဘူး...မျက်စိလေး ဖွင့်ကြည့်ပါ အမေရယ်....ဆိုပြီး ကျွန်မ အော်ဟစ်ငိုနေခဲ့မိပါတယ်။ ဒီအချိန်မှာဘဲ ဘဏ်
စာအုပ်ထဲက တစုံတခု ထွက်ကျလာတာကို မြင်လိုက်ပါတယ်။ အဲဒါကတော့ အမေ့ရဲ့ နောက်ဆုံးစာပါဘဲ။ ကျွန်မ မရဲတရဲနဲ့
ဖြန့်ကြည့်မိပါတယ်။


သို့
အမေ့ရဲ့ အချစ်ဆုံး သမီးလေး ကြည့်ရန်

သမီးလေး...အမေ့ကို မုန်းတယ်မလားဟင်...
ဆင်းရဲတွင်းကိုလည်း သေလောက်အောင်မုန်းတယ်မလား သမီးလေး....
အမေတောင်းပန်ပါတယ် သမီးလေးရယ်...အမေ တောင်းပန်ပါတယ်...
ဒီအမေက ပညာကလည်း မတတ် ပိုက်ဆံကလည်း မရှိ...
ငါ့သမီးလေးကို ပေးဘို့ အမေ့ရဲ့ မေတ္တာကလွဲပြီး မရှိတဲ့ သူပါ သမီးလေး...
အမေ အခုလို သမီးလေးကို လူ့လောကမှာ တစ်ယောက်တည်း ထားခဲ့ရတာကို အမေ စိတ်မကောင်းပါဘူး သမီးလေးရယ်...
အမေက ရောဂါဖြစ်ပြီး သမီးလေးကို အခုလို ထားခဲ့ရတာပါ...
တကယ်တော့ ခွဲစိတ်ကုသရင် ပျောက်နိုင်တယ်တဲ့...ဒါပေမယ့် ခွဲစိတ်ကုသစရိတ်က နည်းတာမဟုတ်ဘူးလေ....
ဒါနဲ့ အမေ စဉ်းစားလိုက်တယ်... အမေသာ ခွဲစိတ်ကုသမှု မခံရင် ငါ့သမီးလေး ကြိုက်တာဝယ် ကြိုက်သလို သုံးနိုင်တယ်..ဒီတော့ အမေ ခွဲစိတ်ကုသမှုမခံဘို့ ဆုံးဖြတ်လိုက်တယ်။
ဒါပေမယ့် သမီးလေးရယ်..ရက်တွေကြာလာတာနဲ့အမျှ တဖြည်းဖြည်း ဆိုးလာတာကြောင့် ခုတော့ အမေ့ သမီးကို ထားခဲ့ရတော့မယ်။
ဒီလောက် အသုံးမကျတဲ့အမေ့ကို အမေလို့ သတ်မှတ်ပေးတဲ့ အတွက် ငါ့သမီးလေးကို ကျေးဇူးတင်ပါတယ်...
အမေက ဒီကမ္ဘာပေါ်မှာ ငါ့သမီးလေးကို အချစ်ဆုံးဆိုတာကို သိတယ်မလား သမီး....
အမေ့ရဲ့ စောင်ကို သေသေချာချာ ရှာကြည့် ဘဏ်စာအုပ်တစ်ခု ထွက်လာလိမ့်မယ်...အမေ အနှစ်နှစ်အလလ စုဆောင်းခဲ့တယ့် ငွေလေးတွေပါ။
သိန်း၂၀၀လောက်ရှိမယ်...
ငါ့သမီးလေးတော့ ဆင်းဆင်းရဲရဲမနေရတော့ဘူးပေါ့...

သမီးလေးကို အမြဲတမ်းချစ်နေမယ့် အမေ



ဒီစာကို ဖတ်ပြီးတဲ့ အခါမှာ ကျွန်မကိုယ် ကျွန်မ မုန်းတီး စက်ဆုတ်လာမိပါတယ်။ အမေ့ကို မုန်းခဲ့တာထက် အဆ၁ထောင်
၁သောင်းမက ကျွန်မကိုယ်ကျွန်မ မုန်းတီးမိပါတယ်။ သမီး သုံးခဲ့တဲ့ ငွေတွေက ခွဲစိတ်ခတွေ..ခွဲစိတ်ခတွေ အမေရယ် ဘာ
လို စောစောက မပြောခဲ့တာလဲ။ သမီးလို အမေ့ စေတနာကို နားမလည်တဲ့ လူကို ဒီလောက်တောင် ချစ်ရလား။ နောက်ဆို ကျောင်းသွားဘို့ နှိုးပေးတဲ့ အမေ့ အသံကို လည်း မကြားနိုင်တော့ဘူး။ အမေ ထုတ်ပေးတဲ့ ထမင်းဘူးလေးကိုလည်း မစား
နိုင်တော့ဘူး။ အိပ်ယာထဲမှာ လှဲနေတဲ့ အမေ့ကိုတောင် မမြင်နိုင်တော့ဘူးဆိုတဲ့ အသိတွေနဲ့ ကျွန်မ ရူးမတတ် ဝမ်းနည်းခံစား
နေရပါတယ်။ အမေရယ် နောင်ဘ၀ဆိုတာရှိခဲ့ရင် သမီး အမေနဲ့ ပြန်တွေ့ချင်ပါတယ်။ အမေ့ကို မပေးခဲ့ရတဲ့ သမီးရဲ့ မေတ္တာ
တွေကိုလည်း ပေးချင်ပါတယ်။ ဒီလို အတွေးတွေကို တွေးရင်း ကျွန်မ အတော်ကြာအောင် ငိုပြီးမှ အမေ့ကို တစ်ခါမှ မပြော
ဘူးတဲ့ စကားလေး တစ်ခွန်းကို ပြောဘို့ သတိရခဲ့ပါတယ်။ သတိရရချင်း ကျွန်မ အမေ့ကို ကြည့်ပြီး ပြောလိုက်ပါတယ်။

"အမေ.....သမီးလည်း အမေ့ကို အရမ်းချစ်ပါတယ်။ "

သားသမီးတိုင်းမိဘများကိုမှန်ကန်စွာချစ်တတ်ကြပါစေ့ဖြိုးဇာနည့်ည့၉း၀၅တိတိ

Links to this post
3

ကျွန်တော့်ဝါသနာလေးများ

Posted by ဖြိုးဇာနည် on Monday, March 30, 2009 in
တစ်နေ့တစ်နေ့ဘာရေးရရင်ကောင်းမလဲစဉ်းစားရတာအမောပါပဲ။ဒီလိုနဲ့မနေ့ကဆီပုံးမှာလာအော်သွားတဲ့ဘလော့ဂါ
သယ်ရင်းလေးမေဒီတက်ထားတာကိုတွေ့လိုက်ရတော့စဉ်းစားရတာသက်သာသွားတယ့်အဟတ်ဟတ့်တန်းရေး
ရုံပဲပေါ့စဉ်းစားရတာကိုသက်သာစေတဲ့အတွက်မေဒီ့ကိုတောင်ကျေးဇူးတင်မိတယ်။ဝါသနာလေးများ ခေါင်းစဉ်နဲ့
ပေါ့။ဟဲဟဲ့ဝါသနာဆိုမှပဲကိုယ်ဘာဝါသနာပါလဲဆိုတာတောင်တော်တော်လေးပြန်စဉ်းစားယူရတယ့်သိတယ်မို့လား
ဦးနှောက်ကခပ်ကြောင်ကြောင်ရယ်လေ့


ဒါလေးတွေပေါ့ကျွန်တော့်ဝါသနာတွေလေ့

(၁)
ကျွန်တော်ငယ်ငယ်ကနေစပြောရမယ့်ငယ်ငယ်တုန်းကဆိုရင်ကျောင်းတတ်ရမှာပျင်းတယ်ဗျ။ကျောင်းရောက်ရင်တော့
ပျော်ပါတယ်။မနက်စောစောဆိုရင်ကျူရှင်က၆နာရီလေ။အစောကြီးထရမှာကိုပျင်းတာ။စောစောထရတာကိုပျင်းတာနဲ့ပဲ
ကျောင်းတတ်ရမှာကိုပါပျင်းလာတယ်ဆိုပါတော့။ဝါသနာဆိုတာအကျင့်လို့လဲပြောကြည့်လို့ရတယ်ဗျလွယ်လွယ်ပြောရမယ်
ဆိုရင်ပေါ့။ဒါကြောင့်ကျွန်တော်ဟာငယ်ငယ်ကစောစောထရမှာကိုပျင်းတယ်။ကျောင်းရောက်ရင်တော့အားရင်ပုံတွေလျောက်
ဆွဲတတ်တယ်။ကျောင်းစာအုပ်မှန်သမျှစာအုပ်ရဲ့အနောက်ဆုံးစာမျက်နှာမှာဆိုရင်ပုံတွေအပြည့်ပဲဗျ့ဟီး။ဟုတ်တိပက်တိ
လည်းဆွဲတတ်တာမဟုတ်ပါဘူး။ဆွဲလိုက်ရင်စစ်တိုက်တဲ့ပုံတွေချည်းပဲ။စစ်သားပုံလေးတွေပေါ့ဟားဟား။မေမေတို့က
တော့ပြောတယ်စစ်ရူးတဲ့ငါ့သားကြီးလာရင်စစ်ဗိုလ်ဖြစ်မှာသေချာတယ်တဲ့။အဟတ်ဟတ့်သေချာတာတစ်ခုကတော့
အခုတော့ စစ်ဗိုလ်မပြောနဲ့ စစ်တပ်နဲ့အဝေးကြီးဟီး။လာလို့လဲဆိုတော့၁၀တန်းအောင်တဲ့အချိန်မှာဗိုလ်သင်တန်းတတ်ရင်
ပင်ပန်းတယ်အသကုန်မောင်းခံရတယ်ဆိုတာနဲ့ဝေါင်ဝေါင်ရှေးဝေးဝေးရှောင်ခဲ့တာဟီးးးးးး

(၂)
အသက်ကလေးနဲနဲရလာတော့ပုံဆွဲတာထက်ကဗျာရေးရတာကိုပိုနှစ်သက်လာတယ်။ကဗျာစရေးမိခြင်းအကြောင်းကိုတော့
ကျွန်တော့်ရဲ့အရင်postအဟောင်းဖြစ်တဲ့ ဖေဖေ့ဆီကကော်ပီတစ်ပုဒ်မှာပြောပြထားဖူးပါတယ်။ဒီလိုပါပဲကဗျာရူးဖြစ်လာပါတယ်
ဆိုပါတော့ကလေးသာသာတစ်ယောက်ရဲ့ကဗျာတွေဆိုတော့အချစ်အကြောင်းတွေတော့သိပ်မဟုတ်လှဘူးဗျ။အဲ့ကျွန်တော်
ငယ်ငယ်ကရေးတဲ့ကဗျာတွေတိုင်းမှာထူးခြားတာတစ်ခုကတော့ကဗျာလေးတွေတိုင်းမှာကဗျာရဲ့အဓိပ္ပယ်နဲ့သက်ဆိုင်တဲ့ပုံလေး
တွေတစ်ပုံတစ်ပုံဆီတော့ပါတတ်တယ်ဗျ။အဟတ်ဟတ့်အခုအချိန်မှာတော့စာအုပ်အဟောင်းတွေထဲမှာကျွန်တော်ငယ်ငယ်
တုန်းကရေးထားတဲ့ကဗျာတွေပြန်ရှာတွေ့ပြီးဖတ်ကြည့်မိရင်တော့ဟာသတစ်ပုဒ်ကိုဖတ်လိုက်မိသလိုပါပဲဟတ်ဟတ်ပက်ပက်
ကိုရယ်ရတယ်ဗျာ့

(၃)
အလယ်တန်းကျောင်းသားဘဝရောက်တဲ့အချိန်မှာတော့စာအုပ်တွေကိုစွဲစွဲမြဲမြဲဖတ်တတ်လာတယ်။ခိုးခိုးဖတ်ရတာပေါ့ဗျာ။
ကျောင်းဖွင့်နေရက်နဲ့စာမကျက်ပဲနဲ့ကာတွန်းစာအုပ်တွေဖတ်ရင်ဖေဖေမေမေတို့ကဆူတယ်ဗျ။ဒါပေမဲ့ဝါသနာဆိုတာတားမရ
ဘူးပေါ့ဗျာ့လစ်ရင်လစ်သလိုဖတ်ခဲ့တာပါပဲ။စာကြီးပေကြီးတွေပေါ့ဟတ်ဟတ် ရတနာတို့၊ဘိုဘိုတို့၊ရယ်ရွှင်မြူးတို့ပေါ့
လေ။အဲဒီတုန်းကတော့ဘိုဘိုဆိုအသည်းစွဲပေါ့ဗျာမလွတ်တမ်းဖတ်ခဲ့တာ။အသက်ကလေးနဲနဲရလာတော့အဆင့်နဲနဲတတ်လာ
တယ်။ဝိဇ္ဖာတို့၊အကြည်တော်တို့၊ဝေမှုးသွင်တို့လိုဟာမျိုးတွေပေါ့ဟဲဟဲ။ဝိဇ္ဖာကိုအသည်းစွဲပြန်ဖြစ်သွားတယ်ဗျမှတ်မှတ်ရရ
ဝိဇ္ဖာကာတွန်းစဖတ်ဖူးတာကပိုးဟပ်နဲ့ကောင်မလေးတစ်ယောက်အကြောင်းပေါ့ဗျာ။နာမည်ကတော့မေ့သွားပြီတော်တော်
ကြိုက်ခဲံ့တာဗျ။ရင်ခုန်တတ်စအရွယ်ဆိုတော့ဝိဇ္ဖာကာတွန်းထဲကကောင်မလေးတွေကိုရူးသွပ်ဖူးတယ်။အခုအထိတော့အကြည်
တော်ကိုအကြိုက်ဆုံးလို့ပြောလို့ရပါတယ်။လေးစားတာကတော့ဖေမြင့်ပေါ့ခဏခဏဖတ်ဖြစ်တယ်ဖေမြင့်စာအုပ်တွေမှန်သမျှ
တော်တော်များများကျွန်တော့်မှာရှိတယ်။တရားစာအုပ်ဆိုရင်တော့နို့နှစ်လုံးဖိုးကျေပါတယ်တစ်အုပ်ပဲအလွတ်နီးပါးရဖူးတယ်။
ကျန်တာတွေကတော့သမန်ကာရှန်ကာပါပဲပါးပါးလေးတော့ဟိုစပ်စပ်ဒီစပ်စပ်လိုက်ဖတ်ဖြစ်ခဲ့တယ်။

(၄)
ဆယ်တန်းအောင်ပြီးတဲ့နောက်မှာတော့သူငယ်ချင်းတွေနဲ့လ္ဘက်ရည်ဆိုင်ထိုင်ရတာကိုရူးသွပ်ဖူးတယ်။Music Crazyတစ်ယောက်
အနေနဲ့ပေါ့။အိမ်မှာဆိုအခွေအသစ်ထွက်ရင်ဝယ်ပြီးသားပဲ။ကြိုက်လို့ကတော့တစ်ပုဒ်ထဲကိုတစ်ထိုင်ထဲအခါနှစ်ဆယ်လောက်
အထိဖွင့်ဖူးတယ်။နောက်တော့အိမ်မှာနေရင်အဆူခံရတယ်ဆိုတာကိုပဲနားလည်လာတတ်ခဲ့တယ်။မိဘတွေကတော့ဒီအရွယ်က
ပျက်စီးလွယ်တယ်ဆိုပြီးထိမ်းကြတာပေါ့ဗျာ။ဒါကိုတစ်လွဲအဓိပ္ပယ်ကောက်ပြီးအပြင်မှာအချိန်ဖြုန်းတတ်လာတယ်။အချိန်ဖြုန်းဖို့
အကောင်းဆုံးနေရာကတော့လမ်းထိပ်ကလ္ဘက်ရည်ဆိုင်ပေါ့လေ။သူငယ်ချင်းတွေတရုန်းရုန်းနဲ့လ္ဘက်ရည်ဆိုင်ထိုင်ရတာကိုနှစ်
သက်လာတယ်။နောက်တော့လ္ဘက်ရည်ဆိုင်မှာ ချက်စ် ကစားရတဲ့ကိုဝါသနာထုံခဲ့တယ်။အားရင် ချက်စ် ထိုးနေတော့တာပါပဲ။
အိမ်မှာရောပေါ့ ချက်စ် ရူးလို့ပြောခံရတဲ့အထိပါပဲ။အဆိုးထဲကအကောင်းပေါ့ဗျာရပ်ကွက်ကလုပ်ပေးတဲ့ ချက်စ် ပြိုင်ပွဲမှာဒုတိယ
ရဖူးတယ်။ဟဲဟဲ ကြွားတာတော့ဟုတ်ပါဘူးဟီ့းပြောပြရုံလေးပါ။

(၅)
နောက်ပိုင်းမှာတော့ဂီတကိုတော်တော်လေးရူးသွပ်လာတယ်။အားရင်သူငယ်ချင်းတွေစုပြီးအပျော်တမ်းတည်ထောင်ထားတဲ့
studioမှာပဲအချိန်ပြည့်ရှိနေတတ်ခဲ့တယ်။ဖြစ်ဖြစ်မြောက်မြောက်တော့မဟုတ်ခဲ့ပါဘူး။သူငယ်ချင်းတချို့ကတော့ဖြစ်မြောက်သွား
ခဲ့ကြပါတယ်။ကျွန်တော်ကတော့မိဘတွေမကြိုက်တာလဲပါတာပေါ့။သင်္ကြန်တွေဘာတွေဆိုရင်တော့စင်ပေါ်တတ်ဖြစ်ပါတယ်။
အခွေကြမ်းလေးတွေကတော့တော်တော်လေးလုပ်ဖြစ်ခဲ့တယ်။ချမပြဖြစ်ခဲ့ပါဘူး။ဒီလိုနဲ့ပဲဒီဝါသနာကတစ်ခန်းရပ်သွားခဲ့တယ်
ဆိုပါတော့

(၆)
အခုအချိန်မှာတော့ကွန်ပျုတာကိုအရမ်းရူးသွပ်နေတယ်။အင်တာနက်မချိတ်ခင်ကတော့Gameအရူးပေါ့ဗျာ။ကွန်ပျူတာဂိမ်းနဲ့
p2ပေါ့ဗျာ။ပြောလို့ပြောတာမဟုတ်ဖူးဘောလုံးဂိမ်းကိုသာကျွန်တော်တို့မြို့မှာပြိုင်ပွဲလုပ်ပေးကြတာနပန်းကိုကျတော့မလုပ်ပေး
ကြဘူး။နပန်းသာပြိုင်ပွဲလုပ်ပေးမယ်ဆိုလို့ကတော့ကိုယ့်ကိုကိုယ်ရုံတယ်။လုံးဝပထမရမှာအသေအချာပဲ။ကျွန်တော်နဲ့အတူနပန်း
ဂိမ်းဆော့ဖူးတဲ့သူမှန်ကမျှကျွန်တော့်ကိုမနိုင်ကြဘူး။ချွင်းချက်အနေနဲ့ကတော့P2မှာပဲနော်ကွန်ပျူတာနပန်းမှာတော့သိပ်မကျွမ်း
ဘူး။ဒီလိုနဲ့ပဲအချိန်လေးနည်းနည်းရရင်အိမ်မကပ်ပဲCyber Cafeမှာပဲအချိန်ကုန်နေတတ်တဲ့ကျွန်တော့်အတွက်ဖေဖေနဲ့မေမေတို့
အင်တာနက်ချိတ်ပေးလိုက်တယ်။ပျော်လိုက်တာမှပြောမပြတတ်အောင်ပါပဲ။ဒီနောက်ပိုင်းမှာတော့အားရင်ကွန်ပျူတာရှေ့မှာပဲ
အချိန်ကုန်နေတတ်တယ်(မအားအားအောင်လဲလုပ်တတ်တယ်)ထမင်းမေ့ဟင်းမေ့ပေါ့။မကောင်းတဲ့အကျင့်တစ်ခုကတော့
ညဆိုရင်မအိပ်တာပါပဲ။မေမေတို့ရှေ့ကနေအိပ်တော့မယ်ဆိုပြီးထွက်လာတယ်ပြီးတော့အခန်းထဲရောက်တာနဲ့ကွန်ပျူတာရှေ့
မှာအသေအချာကိုအခန့်သားရောက်နေပြီ။တိတ်တိတ်လေးလဲကလိတတ်လာတယ်။Chatရင်းနဲ့ရယ်စရာတွေ့ရင်တောင်ခိုးရယ်
တတ်လာခဲ့တဲ့အထိပေါ့။အခုနောက်ဆုံးရူးသွပ်နေတာကတော့blogရေးရတာကိုပေါ့။blogအတွက်အချိန်တွေအများကြီးယူတတ်
လာတယ်။အားရင်blogမရေးရင်တောင်မှရေးပြီးသားတွေပြန်ဖတ်နေတတ်ခဲ့တာအကျင့်တစ်ခုပဲပေါ့။ဒါပေမဲ့အခုအချိန်အထိတော့
ကျွန်တော့်ကိုယ်ကျွန်တော်Bloggerတစ်ယောက်အဖြစ်မရုံရဲသေးဘူး။ကျွန်တော့်ကိုယ်ကျွန်တော်Bloggerတစ်ယောက်အဆင့်မ
ရောက်သေးဘူးလို့ထင်နေတုန်းပါပဲ။အခုနောက်ဆုံးမှာတော့ကျွန်တော်ဝါသနာပါတဲ့Musicနဲ့ပက်သက်ပြီးအဖြူရောင်သံစဉ်မှာDJ
ခွင့်ရခဲ့တယ်။DJလုပ်ရတာကိုလဲအရမ်းပျော်တယ်။ဘာပဲဖြစ်ဖြစ်အခုလက်ရှိကျွန်တော့်ရဲ့ Life Style ကိုကျွန်တော်သဘောကျတယ်။
အကျေနပ်ဆုံးအခြေအနေမှာကျွန်တော်ရောက်ရှိနေပါတယ်။

ဒါတွေကတော့ကျွန်တော့်ရဲ့ဝါသနာတွေလို့ပြောလို့ရသလိုကျွန်တော့်ရဲ့အကျင့်တွေလို့လဲပြောလို့ရပါတယ်။အခုလိုတင်ပြခွင့်ရလိုက်
တာကိုလဲကျွန်တော်ကျေနပ်မိတယ်။ပြီးတော့ ကျွန်တော့်ကို ဝါသနာလေးများ အကြောင်းရေးပေးပါဆိုပြီးတက်လာသယ်ရင်းတဲ့မေဒီဇာ
ကိုလည်းအရမ်းပဲကျေးဇူးတင်ပါတယ့်

လူတွေထဲကလူတစ်ယောက်လိုဝါသနာလေးများနဲ့အသက်ရှင်နေတဲ့
ဖြိုးဇာနည့်ည့က၁၂း၀၀တိတိ

Links to this post
2

အချစ်ဆုံးအတွက် နှင်းဆီ တစ်ခင်း

Posted by ဖြိုးဇာနည် on Sunday, March 29, 2009 in
အချစ်ဆုံးအတွက် နှင်းဆီ တစ်ခင်း

“မင်း ထိတွေ့ခံစားနိုင်တာ၊ နမ်းကြည့်နိုင်တာ၊ အရသာ ခံကြည့်နိုင်တာနဲ့
မြင်နိုင်တာတွေဟာ အစစ်အမှန် ဖြစ်ခဲ့မယ်ဆိုရင် အစစ်အမှန် ဆိုတာဟာ
မင်းဦးဏှောက်ကသိတဲ့ လျှပ်စစ် အချက်ပြတွေပဲကွ။”
Morpheus, The Matrix (1999)


အမှန်တော့ မည်သူမပြု မိမိမှုပင် ဖြစ်သည်။ အဲဒီ ဂေါက်တောက်တောက် အကောင်ကို ပြန်မချစ်လိုက်နဲ့ဟု သူမ၏ သူငယ်ချင်းများက အတန်တန် သတိပေးခဲ့သည်ပဲ။

စက်ပစ္စည်းများဖြင့် အမြဲ အလုပ်ရှုပ်နေသော၊ တစ်နေကုန် တကုပ်ကုပ် တွက်ချက်နေတတ်သော သူသည် ချစ်မှ ချစ်တတ်ပါလေစ။ သူမ ဒီမနက်လုံး မနက်စာကိုပင် လှည့်မကြည့်နိုင်အားဘဲ၊ ပြီးစီးလုနီး ပန်းချီကားကိုပင် လက်စ မသတ်နိုင်အားပဲ တံခါးဝ အနီးတွင် ငုတ်တုတ် ဖြစ်နေမည်ကို သူသိမှ သိပါလေစ။

အို … ဒီနေ့ ဘာနေ့လဲဆိုတာကိုတောင် သူသိပါလေစ။စိတ်တိုလာသဖြင့် ရုပ်သံစက်ကို ဖွင့်လိုက်သည်။ ကပ္ပလီ ကတုံးကြီးတစ်ယောက်
နှင့် အရပ်ရှည်ရှည် မင်းသား တစ်ယောက်ကို မြင်ရသည်။ ကပ္ပလီကြီးက ဒဿနတွေ ပြောနေသည်။ ဟောလီဝုဒ်မှာ ရိုက်ခဲ့သော သိပ္ပံ စိတ်ကူးယဉ် ဇာတ်ကား ဖြစ်မည်။ မကြည့်ချင်သဖြင့် သတင်းလိုင်းကို ပြောင်းလိုက်သည်။ စက္ကူဖြင့် နှင်းဆီပန်းရုပ်ကလေးတွေ ချိုးရောင်း
သော ဆိုင်တွင် ကောင်လေးတွေ သူတို့ကောင်မလေးတွေအတွက် ပန်းဝယ်ဖို့ တန်းစီနေကြသည်ကို ထုတ်လွှင့်လျှက်ရှိသည်။ အဆိုပါ စက္ကူရုပ်ဆိုင်သည် ယနေ့ ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းရုပ် တစ်မျိုးတည်းသာ ရောင်းချလျက်ရှိသည်ဟုကြေငြာနေ
သည်။

သူမနေထိုင်ရာ ကိုလိုနီ - ၅၇ တွင် စိုက်ပျိုးရေးအတွက် မြေနေရာအကန့်အသတ်ဖြင့်သာရှိသဖြင့် စားကုန်သီးနှံများကိုသာ ဦးစားပေး စိုက်ပျိုးရာပန်းအစစ်ကို မြင်ချင်လျှင် ပြတိုက်မှာ ဆေးစိမ်ထားတာကိုသာ သွားကြည့်ရသည်။ သို့ဖြစ်၍ ကောင်မလေးတွေကလဲ စက္ကူဖြင့် ခေါက်ထားသော နှင်းဆီပန်းများဖြင့်သာ ကျေနပ်ကြရလေသည်။ ငွေကြေး တတ်နိုင်သူများကတော့ နှင်းဆီပန်းရနံ့ကို ဈေးကြီးပေးဝယ်ကာ စက္ကူပန်းပွင့်ကလေးများတွင် ဖျန်း၍ သူတို့၏ ချစ်သူ မိန်းကလေးများကို ပေးကြသည်။

ဟိုးအရင် မြေကမ္ဘာ တွင် နေထိုင်ခဲ့ကြသော မိန်းကလေးများသည် ချစ်သူများနေ့တွင် နှင်းဆီပန်း လတ်လတ်ဆတ်ဆတ်များကို လက်ခံ ရရှိကြသည်။ ပန်းအစစ်၏ ရနံ့ကို တ၀ကြီး ရှုရှိုက်ခွင့်ရသည်။ ပန်းစည်းကို တစ်ဖက်ကကိုင်၊ ကျန်တစ်ဖက်ဖြင့်ချစ်သူ့လက်မောင်းကို ယီးလေးခိုပြီး အလွန်လှပသော ရေပန်းများဖြင့်တန်ဆာဆင်ထားသည့် ပန်းခြံများတွင် လမ်းလျှောက်ကြသည်ကို သူမ ရုပ်သံစက်တွင် ကြည့်ဖူးသည်။ အိမ်ပြန်ရောက်သောအခါ ပန်းများကို တာရှည်ခံအောင် အခြောက်ခံထားဖို့ သူမတို့တတွေ အလုပ်ရှုပ် ကြရပေ ဦးမည်။ မည်မျှ ကြည်နူးဖွယ် ကောင်းပါသနည်း။ ကိုလိုနီပေါ်ရှိ မိန်းကလေးများ၏ နစ်နာဆုံးရှုံးမှုအတွက် လူသားတို့ကို တော်လှန်စစ်ခင်း ခဲ့သော စက်များကိုပင် အပြစ်တင်ရမည်လား၊ မိုးကောင်းကင်ကို အရောင်ဆိုး ခဲ့သော ဘိုးဘွားများကိုပင် အပြစ်တင်ရမည်လား သူမ မသိနိုင်တော့။ သူမ သိသည်ကတော့ ပန်းမကြိုက်တဲ့ မိန်းကလေး ရှိလို့လားဟု သူမ ပြောစဉ်က ရယ်နေခဲ့သော၊ ပန်းအစစ်ကလေး တစ်ပွင့်ပဲ ဖြစ်ဖြစ် လိုချင်တာပေါ့ဟု ပူဆာစဉ်က တစ်ပွင့်မကဘူး… ပန်းအစစ် ရောင်စုံ တစ်ခင်းလုံး ရစေရမယ် ဟု ရွှတ်နောက်နောက် ကတိပေးခဲ့သော သူ ပေါ်မလာခြင်းပင် ဖြစ်သည်။

ဘယ်သွားသေနေလဲ မသိဘူး ဟု ရွေရွတ်ရင်း ရုပ်မြင်ဖုန်းကို သူမကောက်ကိုင်လိုက်သည်။ ပြီးတော့မှ မဟုတ်သေးပါဘူးဟု တွေးကာ ပြန်ချထားလိုက်သည်။ ဟိုတစ်နေ့က ဇိုင်ယွန်ကို ခဏဆင်းမည်ဟု ပြောသည်။ ပြန်မှရောက်သေးရဲ့လား မသိ။ အဲဒီကို သွားတာ သူမ မကြိုက်၊ အန္တရာယ်များသည်။ ပြောပြန်တော့လဲ နားမထောင်၊ အရေးကြီးလို့ဟုဆိုကာအတင်းသွားသည်။ခဏနေတော့ဖုန်းခလုတ်များ
ဆီကို လက်ကရောက်သွားပြန်သည်။ ခေါ်လိုက်တော့လဲ ကိုယ်တော်မြတ်က မကိုင်၊ပြန်မရောက်သေးတာလား၊ အိပ်ပျော်နေတာများလား။
တစ်ခါတလေ ဒီလိုပဲ ညနက်တဲ့အထိ အလုပ်လုပ်ပြီး မနက်ဆို မထတတ်။ အိပ်နေတာပဲ ဖြစ်ပါစေ။ နောက် ၃ ခါမြောက်ခေါ်သောအခါကျ
မှ အိပ်ယာထဲမှ ဖုန်းခလုတ်ကို လှမ်းဖွင့် လိုက်ပုံပေါ်သော ကိုယ်တော်ချောကို မျက်လုံးပိတ်လျက်သား မြင်ရသည်။ ညနက်သွားလို့ခဏ
လေး အိပ်ပါရစေ ဟုလဲ ကြားလိုက် ရသေးသည်။ စိတ်ပူနေတဲ့သူကိုမှ အားမနာ။ ဖုန်းခလုတ်ကို သူမ ချက်ချင်း ပိတ်ပစ် လိုက်လေသည်။

မနေ့ညက ဆွဲလက်စ ပန်းချီကားကိုပဲ လက်စသတ်တော့မယ်ဟု တွေးရင်း အလုပ်စားပွဲတွင် သူမထိုင်သည်။ သူမ ဆွဲနေသော ပန်းချီ နည်းစနစ်သည် ဟိုးအရင် အင်တာနက် ပေါ်လာကာစက ခေတ်စားခဲ့သော နည်းလမ်းဟောင်းဖြစ်သည်။ ၂၅၆ မျိုးသော သင်္ကေတများကို နေရာတကျချထားခြင်းဖြင့် မိမိဆွဲလိုသော ပုံပေါ်လာအောင် ဖန်တီးရသော နည်းစနစ် ဖြစ်သည်။ အပျင်းပြေပြီး အချိန်ကုန်လို့ ကုန်မှန်း
မသိသော ၀ါသနာ တစ်ရပ်လဲ ဖြစ်သည်။ သူမကတော့ သူမ တတ်ကျွမ်းသော အစီအစဉ် ဆွဲသားခြင်း (programming) နှင့် ပေါင်းစပ်
ကာ သရုပ်မှန်နှင့် ပိုမို နီးစပ်သော ပုံများကို ဆွဲသားလေ့ ရှိလေသည်။

ခေါက်ဆွဲပြုတ် တစ်ပန်းကန်ကို ဘေးမှာချကာ ရေးလိုက်၊ ဆွဲလိုက်၊ မကြိုက်လျှင် ပြင်လိုက်ဖြင့် တံခါးခေါက်သံ ကြားရသောအခါတွင်မှ ညနေစောင်းပြီဆိုတာကို သတိပြုမိလေသည်။

သူ ။ ။ “ကလေး … ငါပါ။”
သူမ ။ ။ “ဘယ်က ငါ တုန်း။”

တော်သေးတာပေါ့။ ပေါ်လာသေးလို့။ သူသည် သူမကို ကလေးဟု ခေါ်လေ့ရှိပြီး သူ့ကိုယ်သူတော့ ငါ ဟု သုံးစွဲတတ်သည်။ အဲဒါကို သူမကလဲ တစ်စက်ကလေးမျှ မကြိုက်။

သူ ။ ။ “တံခါးဖွင့်ပါဦး။”
သူမ ။ ။ “ဘာလုပ်ဖို့တုန်း။”
သူ ။ ။ “ဖွင့်ပြီးရင် သိမှာပေါ့။”

တွေ့လား။ အမြဲတမ်း အဲဒီလိုပဲ။ လျို့ဝှက်ဆန်းကြယ် လုပ်တတ်သည်။

စူပုပ်နေသော မျက်နှာဖြင့် တံခါးကို သူမ သွားဖွင့်သည်။ သူ၏ လက်ထဲတွင် ပန်းအစစ် မပြောနှင့်၊ စာရေးစက္ကူဖြင့် ပြီးစလွယ် ခေါက်ထားသော ပန်းပွင့် ကလေးပင် မပါ။ ဦးထုပ်လိုလို စက်ပစ္စည်းတစ်ခုကို သူ ကိုင်လျက်သား တံခါးဝတွင် ရပ်နေသည်။ အဆိုပါ ပစ္စည်းတွင် ဓာတ်ကြိုးများဖြင့် ရှုပ်ယှက်ခတ်နေလေသည်။

သူ ။ ။ “ရော့ … အဲဒါလေး ခဏ တပ်လိုက်။”

အမိန့်သံနှင့်အတူ ထို ဦးထုပ်ကို သူလှမ်းပေးနေပြန်သည်။ ဦးထုပ်၏နောက်စေ့နေရာတွင် အမြီးရှည်ရှည်ကြီး တစ်ခုလဲ ပါသည်။ ပမာပြောရလျှင် ရှေးခေတ် မန်ချူးတရုတ် အမတ်များဆောင်းသော အမြီးရှည်နှင့် ဦးထုပ်ပုံစံကို ဓာတ်ကြိုးများဖြင့် ပြုလုပ်ထားသည့် ကလေးကစားစရာ အပေါစားနှင့် တူနေသည်။

သူ ။ ။ “ယူလေ။”

သူတကယ်ပဲ ဒီနေ့ကို မေ့နေတာပဲ။ တစ်ညလုံးလဲ ဒီဦးထုပ်စုတ်နဲ့ အလုပ်ရှုပ်နေတာ ဖြစ်ရမည်။ အခုလဲ အဲဒါကို စမ်းသပ်ချင်၍ သူမထံသို့ ရောက်လာတာပဲ။ သူသည် သူ၏ ပစ္စည်းများကို သူမကို အမြဲ စမ်းသပ် အသုံးပြုခိုင်းတတ်သည်။ ဟိုတစ်နေ့ကလဲ အင်္ကျီလိုဟာတခုကို စမ်းဝတ် လိုက်ရာ ဓာတ်လိုက်ခံရသည်။ သူငယ်ချင်းတွေ စကား နားမထောင် မိတာ အခုမှ နည်းနည်း နောင်တ ရချင်သလို ဖြစ်လာသည်။ သူမ လှမ်းအယူကိုပင် မစောင့်တော့ပဲ သူကိုယ်တိုင် ထိုဦးထုပ်ကို သူမခေါင်းပေါ်သို့ ဆောင်းလိုက် လေသည်။

သူမ ။ ။ “ဟာ … ဖယ်။ မယူဘူး။”
သူ ။ ။ “လိမ္မာပါတယ်ကလေးရယ်။ တစ်ညလုံး မအိပ်ရသေးလို့ မနက်က ဖုန်းထမကိုင်တာပါ။”

ကြည့် … ဘာကို စိတ်ဆိုးနေမှန်းတောင် မသိ။ တုံးလိုက်တာ။

ငြင်းလို့လဲရမှာမဟုတ်တဲ့အတူတူ အသာဆောင်းထားလိုက်ရသည်။ ဦးထုပ်နောက်က အမြီးအရှည်ကြီးသည် သူမ၏ တင်ပါးနားအထိ ရောက်နေ သည်။ အမြီးရှည်ကြီး နေရာမလွဲစေရန်သူက ကြိုးများဖြင့် ချည်သေးသည်။ ဒီတစ်ခါ ဓာတ်လိုက်ရင် ရုန်းမရအောင် တုပ်ထားတာ ထင်ပါရဲ့။ သူမစိတ်ကို လျှော့ထားလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။

အသင့်ဖြစ်ပြီလားဟု ကြားလိုက်ရပြီး သူမအဖြေကိုပင် မစောင့်ဘဲ စက်အပေါ်ပိုင်းရှိ ခလုတ်တစ်ခုကို သူ ဖွင့်လိုက်လေသည်။
သိပ္ပံဝတ္ထုများထဲကလို လျှပ်စီးလဲမလက်၊ ၀ုန်းကနဲလဲ မမြည်ပါ။ သို့သော် သူမ၏ အိမ်ခန်းထဲတွင် မဟုတ်တော့တာတော့ သေချာသည်။ သူမ မျက်လုံးများကို ပိတ်ထားသော်လည်း သူမ မြင်နေရသည်။ လေအေးပေးစက်ကို ပိတ်ထားသော်လည်း လေပြေ လေညှင်းကလေးက သူမခန္ဓာကို ပွတ်သပ် ကျီစယ်နေသည်။ သူမ၏ နှာခေါင်းဝသို့မွှေးရနံ့ တစ်ခုကလဲ အသာအယာ တိုးဝင်လာသည်။ သူမမှတ်မိသည်၊ဒါ နှင်းဆီပန်းရနံ့။

သို့သော် ပြတိုက်မှာ နမူနာပြထားသော ရနံ့ထုတ်စက်မှ ရနံ့လို ပုံသေ စူးစူးကြီး ဖြစ်မနေ။ တိုက်ခတ်နေသော လေပြေလေညှင်း နှင့်အတူ တိုးလာလိုက်၊ လျော့သွားလိုက်။ မျက်စိရှေ့မှ မြင်ကွင်းသည်ကား မယုံနိုင်ဖွယ်ကောင်းလွန်းတော့သည်။ အနီ၊ အပြာ၊ အ၀ါ၊ အဖြူ၊ ပန်းရောင် - ရောင်စုံ၊ နှင်းဆီပန်းတွေ ရောင်စုံပါလား။ မျက်စိတဆုံး၊သူမပတ်ပတ်လည်မှာ အပြည့်အ၀ ပွင့်လန်းနေသော နှင်းဆီ
ပန်းခင်းကြီး။ မဆီမဆိုင် မနက်တုန်းက မြင်လိုက်ရသည့် ကပ္ပလီမင်းသားကြီး၏ ဒဿနတွေ သူမ အမှတ်ရလာသည်။ ဘာပဲပြောပြော သူ ကတိတည်ခဲ့ ပါသည်။

“မင်း ထိတွေ့ခံစားနိုင်တာ၊ နမ်းကြည့်နိုင်တာ၊ အရသာ ခံကြည့်နိုင်တာနဲ့
မြင်နိုင်တာတွေဟာ အစစ်အမှန် ဖြစ်ခဲ့မယ်ဆိုရင် အစစ်အမှန် ဆိုတာဟာ
မင်းဦးဏှောက်ကသိတဲ့ လျှပ်စစ် အချက်ပြတွေပဲကွ။”
Morpheus, The Matrix (1999)


Inspired from "The Matrix", "Gundam" series, "i-Robot" and ဂျူး ၏ "ချစ်သူရေးတဲ့ ကျွန်မရဲ့ ည တွေ"
တဲ့လေ

သူတို့တွေကဒီလိုရေးခဲ့ဖူးတယ်လေ့ဒီလိုဆိုတော့ကျွန်တော်ကလည်းဟောဒီလိုပဲပြန်ရေးချပစ်လိုက်တာပေါ့
အချစ်ဆုံးအတွက် နှင်းဆီ တစ်ခင်း တဲ့


ဖြိုးဇာနည့်ညနေ့၎း၅၀တိတိ

Links to this post
1

သံသရာကိုလှည့်ကြည့်ခြင်း

Posted by ဖြိုးဇာနည် on Saturday, March 28, 2009 in
သံသရာလည်နေတယ်ဆိုတဲ့သဘောတရားကတော့ဒီနေရာလေးမှာဟာသဖြစ်သွားသလိုပါပဲ။
တကယ်ပဲ ဒီလိုသံသရာလည်တတ်သလားဆိုတာတော့ ကျွန်တော်အသက်မကြီးဖူးသေးတော့
သေချာမသိဘူးဗျ့ဟီ့းလည်ချင်လည်မလည်ချင်နေဗျာကျွန်တော်ကတော့ဒီလို့
ရေးပစ်လိုက်တယ်


အသက် ၄ နှစ်အရွယ်တွင် အောင်မြင်မှုဆိုသည်မှာ ဘောင်းဘီထဲအီအီးမပါရေးပင်ဖြစ်သည်။

အသက် ၁၂ နှစ်အရွယ်တွင် အောင်မြင်မှုဆိုသည်မှာ သူငယ်ချင်းရရှိရေးပင်ဖြစ်သည်။

အသက် ၁၆ နှစ်အရွယ်တွင် အောင်မြင်မှုဆိုသည်မှာ ယာဉ်မောင်းလိုင်စင်ရရှိရေးပင်ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ်တွင် အောင်မြင်မှုဆိုသည်မှာ ငွေကြေးပိုင်ဆိုင်မှုဖြစ်သည်။

အသက် ၅၀ နှစ်အရွယ်တွင် အောင်မြင်မှုဆိုသည်မှာ ငွေကြေးပိုင်ဆိုင်မှုဖြစ်သည်။


အသက် ရ၀ နှစ်အရွယ်တွင် အောင်မြင်မှုဆိုသည်မှာ ယာဉ်မောင်းလိုင်စင်ရရှိရေးပင်ဖြစ်သည်။

အသက် ရ၅ နှစ်အရွယ်တွင် အောင်မြင်မှုဆိုသည်မှာ သူငယ်ချင်းရရှိရေးပင်ဖြစ်သည်။

အသက် ၈၀ နှစ်အရွယ်တွင် အောင်မြင်မှုဆိုသည်မှာ ဘောင်းဘီထဲအီအီးပါမချရေးပင်ဖြစ်သည်။


အဟတ်ဟတ့်ကိုယ့်ဟာကိုယ်သံသရာလည်ပေးကြည့်တာ့လည်သွားတယ်လို့တော့ထင်တာပါပဲ။
သံသရာဆိုတာတကယ်လည်မလည်သေချာသိရအောင်ဒီလိုစမ်းသပ်ကြည့်ပါလားနော့်
သံသရာလည်မလည်ဆိုတာကိုအထက်ပါစာသားလေးတွေထဲကအရောင်တူလေးတွေကိုတွဲပြီးဖတ်ကြည့်ပါနော်။


စာပေကိုလေးစားစွာဖြင့်ကြိုးစားနေသော့ဖြိုးဇာနည့်ည့၆း၂၀တိတိ

Links to this post
1

မျောက်ဖြစ်ချင်တယ်

Posted by ဖြိုးဇာနည် on Thursday, March 26, 2009 in
မျောက်ဖြစ်ချင်တယ်ဆိုတဲ့သီချင်းလေးပါ။ကျွန်တော်DJတာဝန်ယူနေတဲ့အချိန်ပိုင်းအတွင်းမှာ
တော်တော်များများလေးတောင်းဆိုမှုခံရတဲ့သီချင်းလေးမို့ပါ။မြန်မာပြည်မှသူငယ်ချင်းများအနေ
နဲ့ကတော့ဒီအချိန်ဆိုရင် အခွေတွေကိုယ်စီဝယ်ပြီးလောက်ကြပြီဆိုပေမဲ့ အဝေးရောက်နေတဲ့
မြန်မာများအနေနဲ့ကတော့VCDအခွေထွက်တာတောင်သိချင်မှသိကြအုံးမှာပါ။ဒါကြောင့်ကျွန်
တော်ဒီpostလေးကိုအဝေးရောက်နေတဲ့ သူငယ်ချင်းများအတွက်ရည်ရွယ်ပါတယ်။

ချစ်ရပါသောသယ်ရင်းများ မျောက်ဖြစ်ချင်တယ် ဆိုရင်တော့(အနှောက်အသွားမလွတ်ဖူ့းဟီးဟီး)
ဒီနေရာက ကြိုဆိုပါတယ့်



ပျော်ရွှင်ကြပါစေ့ဖြိုးဇာနည်

Links to this post
1

တစိမ့်စိမ့်ဟာသများ

Posted by ဖြိုးဇာနည် on Wednesday, March 25, 2009 in


ဟာသလေးတွေမတင်ဖြစ်တာကြာနေပြီဆိုပြီးစဉ်းစားမိသွားတာနဲ့ပဲ ဒီနေ့တော့ဟာသလေးပဲတင်ဖြစ်သွားပါတယ်။
ချစ်ရပါသောသယ်ရင်းအပေါင်းတို့ ရယ်မောခြင်းဖြင့်ဘဝအမောပြေနိုင်ကြပါစေ့

Who are you?

အမေရိကန်သမ္မတ ကလင်တန်လက်ထက်ကဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် မိုရီ သည်အမေရိကန်သို့ ချစ်ကြည် ရေး
ခရီးထွက် မည် ဖြစ်သည်။ ခရီးမထွက် ခင် တွင်အင်္ဂလိပ်စကားပြောအနည်းငယ်သင်ကြားနေသည်။ အတူ လိုက် ပါ
မည့် ဘာသာပြန် သူမှ

"ဝန်ကြီးချုပ်ခင် ဗျား သမ္မတ နဲ့ တွေ့တဲ့ အခါ မှာ လက်ဆွဲ နှတ်ဆက်ပြီး ၊
How are you? လို့ နှတ်ဆက်ပါ၊ အဲဒီ့ အခါမှာ သမ္မ တ က I am fine, and you.
လို့ ပြန်မေးပါလိမ့်မယ်၊ အဲဒါပြီးရင် ဝန်ကြီးချုပ် က mee too လို့
ပြန်ပြောရုံပါ။ ကျန်တာတွေကို တော့ ကျွန် တော် ဘာသာပြန်ပေးပါ့မယ်။

ဂျပန်ဝန်ကြီးချုပ်နှင့် သမ္မတတို့တွေ့ကြသော်အခါ လက်ဆွဲ နှတ်ဆက်ပြီးနောက်

မိုရီ။ ။ Who are you? ( How are you နှင့် လွဲ၍ နှတ်ဆက်သည်)

ကလင်တန်။ ။ (ရုတ်တရတ် ကြောင်သွားသော်လည်း ဟာသပြောသည်မှတ်၍ ပြန်လည်ဟာသနှောလိုက်သည်)
Well, I am Hilary' husband, and you?har har.

မိုရီ။ ။ Me too, har har har




ဉာဏ်ကြီးရှင်

လေးနှစ်သားကိုတိုး နှင့် ခြောက်နှစ်သားကိုဖြိုးတို့ မျောက်ညီနောင် သူတို့အဘွားအိမ်သို့ အလည် ရောက်
နေသည်။ညအိပ် ချိန်တွင် မျောက်ညီနောင်အား အဘွားမှဘုရားရှိခိုး ခိုင်းဧ။်၊ ဘုရားရှိခိုးပြီးသောအခါ

ကိုတိုး ။ ။ စက်ဘီးတစ်စီးနဲ့ ဂိမ်းစက် တစ်လုံး ရ ရိုရပါလိုဧ။် ဘုရား(ကျယ်လောင်စွာဆုတောင်းလေသည် )။

ကိုဖြိုး။ ။ ဟေ့ကောင် ဘာလို့ အကျယ်ကြီးဆုတောင်းနေတာတုန်းကွ ၊ ဘုရား က နားမလေး ပါဘူး။

ကိုတိုး။ ။ အင်း ဘုရား က တော့ နားမလေးပါဘူး ၊ ဒါပေမယ့် အဘွားကတော့ နားလေးတယ်ဟ ။




မှားပါတယ်

ကိုအူ တစ် ယောက် ရုပ်ရှင်ကြည့်ရန် လက်မှတ်ရုံတွင် လက်မှတ်ဖြတ် နေသည်။တခဏ အကြာတွင်
ကိုအူ တစ် ယောက် လက်မှတ်လာ ဖြတ်ပြန်သည်။ သိပ်မကြာ လိုက်လက်မှတ်ရုံသို့ ကို အူ ပြန်ရောက်
လာ ကာ လက်မှတ် ဖြတ်ပြန်သည်။

လက်မှတ်ရောင်းသူ- (အံသြ စွာဖြင့်) စောစောတုန်း က လက်မှတ်နှစ် ခါလာ ဝယ်တာ
နောင်ကြီးပဲ မ ဟုတ် လား၊ ဒါကောဆို သုံး ခါရှိသွားပြီနော်။ဘာလို့လဲဗျ။

ကိုအူ- ဘာဖြစ်ရမှာလဲဗျ။ ရုံ ပေါက် က လူပေါ့၊ တော်တော်ဆိုးတယ်ဗျာ
ကျုပ်လက်မှတ် ကို တောင်းပြီး စုတ်ဖြဲ ပစ် လိုက်တယ်




လွဲ ချက်ကနာ

တောစပ်တစ်နေရာတွင် ကိုဖြူ၊ ကို ကြူ နှင့် ကို အူ တို့သုံး ဦး အား ရာဇဝတ်မှု ဖြင့် သေဒဏ် ပေး ရန်
ပြင်ဆင် နေသည်။အစောင့်ဖြစ်သူ က ကိုဖြူအားအချုပ်ကားတွင်းမှ ပထမ ဆုံး ခေါ်ထုတ်လာ သည်။
ထို့ နောက် အရာရှိဖြစ်သူကသေနတ်သမား အား ပစ်မိန့်ပေးသည်။(အင်္ဂလိပ်လို အမိန့်ပေး)

အရာရှိ- "Ready",'Aim".

ကိုဖြူ-(အရာရှိ ဧ။် စကားမဆုံးခင် ရုတ်တရတ်ထအော်သည်) ,' Earthquake!'

လူအများ အလန့်တကြား နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားချိန်တွင် ကိုဖြူထွက်ပြေးလွတ်မြောက်သွားသည်။

နောက် ကိုကြူအလှည့်

အရာရှိ-- 'Ready', 'Aim'

ကိုကြူ- 'Tornado!'

ရုတ်တရတ် လူများ အထိတ်တလန့် ဖြစ်သွားပြန်သည်၊ ကိုကြူ လည်း ထွက် ပြေးလွတ်မြောက်သွားပြန်သည်။

နောက်ဆုံး ကိုအူ့အလှည့်

အရာရှိ-' Ready', 'Aim'

ကိုအူ လည်း ကျန်လူများ ကို အတုယူ၍ အော်လိုက် ပုံ က "Fire!"

(မှတ်ချက်။ ။ Fire ဆိုတာပစ်လို့ အမိန့်ပေးတာပါ၊စကားလုံးတွေကို သူ့နေရာနှင့် သူ သုံးနိုင်ကြပါစေ)




ဒီလိုလားးးး

အမေရိက ရှိ ဂျွန်၊ ဂျော့၊ မိုက် ဟူသော ခွဲစိတ်ဆရာဝန် သုံးဦး စကား လက်ဆုံကျ နေသည်။

ဂျွန်-အမေရိက မှာ ငါ ကအတော်ဆုံး ခွဲစိတ်ဆရာဝန်ကွ။

ဂျော့နှင့်မိုက်- မင်းက ဘာတွေစွမ်း ဆောင်ခဲ့လို့လဲ ၊ လင်း စမ်းပါအုံး။

ဂျွန်- လက်ချောင်း (၇)ချောင်း ပြတ်သွား တဲ့ လူတစ်ယောက် ကို ငါလက်ချောင်းတွေ ပြန်ဆက်ပေးဘူးတယ်၊
ငါဆက်တာကောင်းမကောင်းတော့ မသိဘူး အခု သူကမ္ဘာကျော် စန္ဒယား ပညာရှင်ဖြစ်နေပြီ။

ဂျော့-မင်း ဟာ က ဘာဟုတ်သေးလဲကွာ ။ ငါ ခြေနှစ်ဘက် ပြတ်သွားတဲ့ လူတစ်ယောက်ကို ခြေထောက်ပြန်
ဆက်ပေးခဲ့တယ်၊ ၂နှစ်လောက်လဲကြာရော အဲ့ဒီ့လူ ကဧဝရတ်တောင်ကို တတ်နိုင်သွားပြီကွ။

မိုက်-(အားငယ်စိတ်ပျက်သည့်လေသံဖြင့်)၊ အင်း မင်းတို့တွေတော်ကြပါတယ်ကွာ။ လွန်ခဲ့တဲ့(၃)နှစ်လောက်
က မြင်းစီးလာတဲ့ ဂျော်ကီတစ်ယောက်အရှိန်ပြင်းတဲ့ကားနဲ့တိုက် မိတာ လူကော မြင်း ကော ခေါင်း တွေ ပွင့်
ကုန်တယ်၊ ဦးနှောက်တွေကို ဖွေးလို့ ။အဲ့ဒီ့လူရဲ့ ခေါင်းကို ငါပြန်ဆက်ပေးနိုင်ခဲ့တယ်၊ ဒါပေမယ့် --

ဂျော့နဲ့ဂျွန်- ဟာတော်လှချီလား၊ဒါပေမယ့် ဘာ ဖြစ်လို့လဲဟ။

မိုက်- အရေးတကြီး နဲ့ဆို တော့ မြင်း ဦးနှောက် နဲ့ သူ့ဦးနှောက် လွဲ ပြီး
ထည့် ပေးလိုက် မိတယ်။

ဂျော့နဲ့ဂျွန်-အမယ်လေး ဒုက္ခ ပဲ ဒီ လူ အခု အခြေအနေ ကောင်း ရဲ့ လား။ သူဘယ် မှာ လဲ။

မိုက် - ကောင်းမကောင်း တော့ မသိဘူး ကွာ ။ အခုတော့ အမေရိကန် သမ္မတ ဖြစ် နေလေရဲ့။

အင်တာနက်မှ ဂျော့ဒဘလူဘုခ်ျ ကို ကျီစယ်သော ဟာ သ များ ကို ဆီလျော် အောင်ဘာသာ ပြန်ပါသည်။
ဗြုန်းခနဲ ဝလုံးကွဲ အောင် ရယ် ရမည် မဟုတ် ပါ၊စိမ့်စိမ့်တွေး၍ ဖြေးဖြေးလေး ရယ် ပါ။




လာမကြောနဲ့ နာ ဘာမှ တိဘူး

ကောင်းကင်ဘုံတခါးဝတွင် ရောက်လာသူများကို ကောင်းကင်တမန်မှ စစ်ဆေးနေသည်။

ပထမလူ-ကျွန်တော်အိုင်စတိုင်းပါ ဝင်ခွင့်ပြုပါ၊

တမန်-အိုင်စတိုင်းဖြစ်ကြောင်း သက်သေပြပါ၊

ထိုအခါ ပထမလူသည် အိုင်စတိုင်းဧ။် သီအိုရီများကို ရှင်းပြလေ သည်။ထို့ကြောင့်

တမန်-ကောင်းပြီ ငါလက်ခံ ပါပြီ ၊ ဝင် ပါလေ။

ဒုတိယလူ-ကျွန်တော်ပီကာဆိုပါ

တမန်-ကောင်းပြီ ၊သက်သပြပါ၊

ဒုတိယလူသည် လှပသောပန်းချီကား တစ်ချပ်ကို လျှင်မြန်စွာရေးဆွဲပြလေသည်။

တမန်-ဟုတ်ပါပြီ ငါယုံကြည်ပါသည်၊ ဝင် ပါလေ။

တတိယလူ-ကျွန်တော် ဂျော့ဒဘလူဘုခ်ျပါ

တမန်- အင်း အိုင်စတိုင်းနဲ့ ပီကာဆို ကတော့ သက်သေကောင်းကောင်းပြနိုင်ခဲ့တယ်၊သင်လည်းပြပါ၊

တတိယလူ-(အတန်ငယ်စိတ်ရှုပ်ထွေးဟန်ဖြင့်စဉ်းစားပြီးနောက်) ၊သူတို့ က ဘယ် သူတွေ လည်းဗျာ၊

တမန်-ဟာ--ကောင်းပြီ ဂျော့ ငါ ယုံကြည် ပါပြီ၊ သူတို့ အထဲမှာ ရှိ တယ်၊ ဝင် ပါ လေ။




ဘီယာအဖြတ်တော်သူ

တစ်ခါတုန်းက မန္တလေး နည်း ပညာ တက္ကသိုလ် ကြီးမှာပေါ့ သူငယ်ချင်းသုံးယောက်ရှိတယ် -ဘိတ် ကြီး ရယ် ၊
သိုး ကြီးရယ် ၊ ငှက်ဖကြီးရယ်တဲ့။

သူတို့က သောက်ဖော် သောက် ဖက် တွေပေါ့ ကွယ်။ သူတို့က အရမ်းချစ်ကြတဲ့အတွက်သောက် တိုင်းမှာ ညီတူ
မျှတူ သောက်လေ့ ရှိတယ် တဲ့။တစ်နေ့ ကျောင်းပိတ်ချိန် သူတို့ ခွဲသွားရတဲ့အချိန်မှာ............................

ဘိတ်ကြီးတစ်ယောက်ထဲ ဘီယာဆိုင်ထဲ ဝင်လာသည်။ထို့နောက် ဘီယာသုံးခွက် မှာပြီး တစ်ခွက်ပြီးတစ်ခွက်
သောက်လေသည်။ထို့နောက် သုံးခွက် ထပ်မှာသည်။ထိုအခါ စားပွဲ ထိုးက ဘီယာ အေးအေး သောက်ချင် ပါ
က တစ် ခါထဲသုံးခွက် မှာ ရန် မလို ကြောင်း၊ တစ်ခွက် ကုန် လျှင် နောက်တစ်ခွက် သူငဲ့ပေးမည် ဖြစ်ကြောင်း
ပြောလေသည်။ ထို အခါ

ဘိတ်ကြီး -မင်း ဘာသိလို့လဲ ကွ၊ ငါ့မှာ သူငယ်ချင်း နှစ်ယောက်ရှိသေးတယ်ကွ၊
သူတို့နှစ် ယောက်စာအတွက် ပါ သောက်နေတာ။

နေ့စဉ်နေ့တိုင်း ဘိတ် ကြီး သည် ထိုကဲ့သို့ သောက်လေသည်။တစ် လခန့် ကြာသောအခါဘိတ်ကြီး တစ် ယောက်
ဆိုင်ထဲ သို့ ဝင် လာ ကာ ဘီ ယာ နှစ်ခွက် သာ မှာ လေသည်။ ထိုအခါ

စားပွဲထိုး- နောင်ကြီး၊ ထူးဆန်းလှချည်လား၊ ခင်ဗျား သူငယ်ချင်း တစ် ယောက်များ ဆုံး သွားလို့လားဗျာ။အဲဒီလိုဆို
ရင်တော့စိတ်မကောင်းပါဘူး။

ဘိတ်ကြီး - ဟာ မဟုတ်တာဗျာ၊ ကျုပ်သူငယ်ချင်းတွေဘာမှမဖြစ်ကြပါဘူး၊

စားပွဲထိုး- ဟင် ဒါဆို ၊ဘာလို့ ဘီယာနှစ်ခွက်ထဲ မှာ တာလဲဗျ။

ဘိတ်ကြီး -အော် ဒါလား ၊ ကျုပ် က ဘီယာ ဖြတ်လိုက် ပြီဗျ၊ ဒီ နှစ်ခွက် ကကျုပ်သူငယ်ချင်းတွေ အတွက် သောက် တာ။

အတတ်နိုင်ဆုံးကြိုးစား၍ ဘာသာပြန်ပါသော်လည်း မိမိကိုယ်ကို ကျေနပ်မှုမရှိပါ။ထို့ ကြောင့် သီးခံ ပေးပါရန်တောင်းပန်အပ်ပါသည်။


ဖြိုးဇာနည့်ည့၇း၂၀ တိတိ

Links to this post
1

ဂုဏ်ရည်တူတဲ့လား ဒေး ရယ့်

Posted by ဖြိုးဇာနည် on Monday, March 23, 2009 in
အဲဒီနေ့ကကျွန်တော်တစ်ယောက်ထဲပေါ့ယောင်ချာချာအတွေးတွေနဲ့လမ်းမပေါ်ကနေမျက်စိတစ်ဆုံး
မြင်မြင်သမျှအရာတွေအကိုအဓိပ္ပယ်မဲ့ငေးကြည့်နေရင်းနဲ့အတိတ်ဆိုတဲ့အရာကိုမေ့ပစ်ဖို့ကြိုးစားခဲ့ဖူးတယ်။ဘာ
တွေလဲကျွန်တော်ဘာတွေကိုငေးမောတွေးတောနေတာလဲဆိုတာကိုတော့ကျွန်တော်ကိုယ်တိုင်လည်းမသိခဲ့ပါဘူး။



အဲဒီနေ့လားကျွန်တော်ဆေးတက္ကသိုလ်မှာဒုတိယနှစ်ကျရှုံးခဲ့တဲ့နေ့လေ။ဘယ်မေ့နိုင်ပါ့မလဲ။သူငယ်ချင်းတွေရဲ့သနား
သလိုလိုအထင်သေးသလိုလိုနဲ့အားပေးတာလားခနဲ့တာလားမသေချာတဲ့စကားလုံးတွေအောက်မှာအသက်ရှူမမှန်
ချင်တော့တဲ့ဆရာဝန်လောင်းတစ်ယောက်ရဲ့ဝေဒနာမဲ့နာကျင်လွန်းလှတဲ့ဒဏ်ရာတွေနဲ့ပေါ့။သူတို့တော့သွားကြပါပြီ
အပြုံးလေးတွေကိုယ်စီနဲ့သူတို့ရဲ့အောင်မြင်မှုတွေကိုကျွန်တော့်ရဲ့ကျရှုံးမှုနဲ့တိုင်းတာပြီးအပျော်လွန်နေလိုက်ကြတာ။
ဟားဟားမင်းတို့ကသူငယ်ချင်းကောင်းတွေလားကွာ။ဟုတ်တော့ဟုတ်မှာပါစာသိပ်တော်တဲ့သူငယ်ချင်းတွေပဲလေ။
ငါ့လိုကျရှုံးပြီးမအောင်မြင်တဲ့ကောင်နဲ့မပေါင်းချင်သလိုလိုပုံစံနဲ့အလည်သွားဖို့တောင်ငါ့ကိုမခေါ်ချင်ကြတော့ဘူးပေါ့။
အေးပါကွာမင်းတို့ကဆရာဝန်လောင်းတွေပေါ့။အဲလိုပြောကြေးဆိုရင်ငါလည်းဆရာဝန်လောင်းတစ်ယောက်ပါကွာ။
မင်းတို့ကောင်တွေကျန်ရှိနေသေးတဲ့ ၄နှစ်တာကာလမှာငါ့လိုကျရှုံးမှုမျိုးမကြုံတွေ့ကြပါစေနဲ့ကွာ။

ငါဟာမင်းတို့တွေလောက်မတော်လို့ကျတယ်များမင်းတို့ထင်နေကြတာလား။မင်းတို့ထက်မသာပေမဲ့မင်းတို့အောက်
တော့ငါမကျသေးပါဘူး။ငါသိပ်ချစ်တဲ့ ဒေး ရဲ့ final year စာမေးပွဲအတွက်ငါကူညီပေးခဲ့လို့ငါကျတယ်လို့ပြောပြရင်
လဲမင်းတို့ကဟားတိုက်ရယ်ကြအုံးမှာပါ။ငါ့အကြောင်းကိုငါပဲသိတယ်။အခုဆိုရင်ဒါတွေဟာ၎နှစ်တာကာလဆိုတဲ့အ
တိတ်မှာကျန်နေခဲ့ပါပြီ။ဒေး တောင်သမားတော်တစ်ယောက်ဖြစ်နေပြီဆိုမှတော့ငါပြောပြရတာပေါ့

ဒေး ဟာငွေကြေးမချမ်းသာပေမဲ့စာတော့အရမ်းတော်တဲ့မိန်းကလေးပါ။နွမ်းပါးတဲ့ကြားကနေဆရာဝန်ဖြစ်စေရမယ်
ဆိုတဲ့ ဒေး ရဲ့ရည်မှန်းချက်အတိုင်း ဒေး ကြိုးစားခဲ့တာဟာအခုနောက်ဆုံးနှစ်ကိုရောက်နေပြီလေ။အဲဒီတုန်းကကျွန်
တော်ကဒုတိယနှစ်ပေါ့။ကျွန်တော်ကျောင်းကိုစစရောက်လာချင်းမှာပဲ က္ကုကိုလ် ပင်အောက်မှာငိုနေတဲ့ဒေးကိုစတွေ့
တော့တာပါပဲ။ဒေး ကိုကျွန်တော်မေးကြည့်မိတယ်။နွမ်းပါးတဲ့မိသားစုအခြေအနေနဲ့ သူမကိုကျောင်းတတ်နိုင်အောင်
ထောက်ပံ့ပေးနေကြတာဟာသူ့မိဘတွေပဲပေါ့။အခုသူ့အဖေနဲ့အမေဟာသင်္ဘောမှောက်လို့တစ်ပြိုင်ထဲဆုံးပါသွားကြ
တယ်တဲ့။သူမရဲ့တတ်ထားတဲ့ပညာဟာလည်းသူ့မိဘတွေကိုမကယ်နိုင်ခဲ့ဘူးတဲ့။အခုတော့သူမနောက်ဆုံးနှစ်အရောက်
မှာတော့ အများသူငါကျောင်းလာအပ်တဲ့နေ့မှာပဲ သူမဟာကျောင်းထွက်စာ လာယူတာပါတဲ့။အခုတော့မယူရသေးခင်
မှာပဲ ကျောင်းတောင်ဆက်မတတ်နိုင်တော့တဲ့ သူမရဲ့နုံချာမှုတွေနဲ့ဘဝကိုတွေးမိပြီးဝမ်းနည်းလွန်းလို့ငိုနေတာပါတဲ့။ဝမ်း
နည်းလွန်းလို့ ရှိုက်သံတွေနဲ့တုန်ခါနေတဲ့ ဒေး ကိုကျွန်တော်မြင်မြင်ချင်းပဲချစ်သွားမိတယ်။ဒီလိုနဲ့ပဲ ဒေးကိုကျောင်းဆက်
တတ်နိုင်ဖို့ကူညီရင်းနဲ့ ကျွန်တော်တို့ချစ်သူဆိုတဲ့ဘဝကိုတတ်လှမ်းခဲ့ပါတယ်။

ဒီလိုနဲ့ ဒေးဆရာဝန်ဖြစ်သွားခဲ့တယ်လေ။သူဆရာဝန်ဖြစ်ပြီတော့နယ်မှာတာဝန်ကျတယ်ပေါ့။ကျွန်တော် နဲ့ခွဲနေရတယ်
လေ။ကျွန်တော်ကသာ ချစ်လိုက်ရတာဒေးကတော့ကျွန်တော့်ကိုပစ်ထားခဲ့တယ်။အခုဆိုရင်ဒေး ကတော့သမားတော်
တစ်ယောက်ပေါ့။ကျွန်တော်ကတော့ဒုတိယနှစ်မှာကျရှုံးခဲ့တော့အခုမှfinalရောက်ခဲ့တာပါ။ဒေးရဲ့ဝတ်ကျေတန်းကျေပို့
ပေးတဲ့စာလေးတွေနဲ့ကျွန်တော်ဟာကျေနပ်နေခဲ့မိတယ်။အခုတော့ရှင်းသွားပါပြီ။သူနဲ့ဂုဏ်ဒြပ်ချင်းတူတဲ့သမားတော်
တစ်ယောက်နဲ့လက်ထပ်သွားပြီတဲ့။ဟားဟားတော်တော်လဲတရားကျစရာကောင်းတဲ့လောကကြီးပါလား။ကျွန်တော့်ဘဝ
နဲ့ရင်းပြီးကူညီခဲ့မိတာကိုတောင်နှမြောမိပါရဲ့။

လွန်ခဲ့တဲ့လေးနှစ်လောက်တုန်းကပေါ့ကျွန်တော့်မိဘတွေဟာဟာပြည့်စုံချမ်းသာတဲ့အသိုင်းအဝိုင်းကမဟုတ်ပေမဲ့ကျွန်
တော့်ပညာရေးအတွက်တော့လိုလေသေးမရှိထောက်ပံ့ပေးနိုင်ခဲ့တယ်လေ။ကျွန်တော်ချစ်တဲ့ဒေး ငိုနေတာကိုတွေ့ပြီး ဒေး ကျောင်းဆက်တတ်နိုင်ဖို့အတွက်အလွန်တန်ဖိုးကြီးလှတဲ့ Final year အတွက်ဆေးစာအုပ်တွေကိုကျွန်တော့်ရဲ့ဒုတိယ
နှစ်ဆေးစာအုပ်တွေနဲ့ ဒေး ကိုကျွန်တော်လဲလှယ်ပေးခဲ့မိတယ်လေ။ကျွန်တော်ကတော့သူငယ်ချင်းတွေစီကနေကပ်မြှောင်
လေးနဲ့နှစ်ပါးသွားခဲ့ရင်းပေါ့။အဲဒီလိုနဲ့ ဒေး ဟာဆရာဝန်ဖြစ်သွားသလိုကျွန်တော်ဟာ အရှုံးသမားဘဝနဲ့သူငယ်ချင်းတွေ
ကြားမှာအလူးအလှိမ့်ပဲပေါ့။

ဟားဟားအခုတော့ပြီးသွားပါပြီ။ဒီနေ့ပဲကျွန်တော်ဆရာဝန်လက်မှတ်ရရှိခဲ့သလို ဒေး ကတော့ဒီနေ့ပဲလက်ထပ်စာချုပ်မှာ
လက်မှတ်ထိုးခဲ့ပြီပေါ့လေ။ဂုဏ်ရည်တူသမားတော်နဲ့တဲ့။အဟတ်ဟတ် ကျေနပ်တယ် ဟားဟား ကျွန်တော်ကျေနပ်ပါတယ်။


ဒီနေ့လည်း ကျွန်တော်တစ်ယောက်ထဲပေါ့ယောင်ချာချာအတွေးတွေနဲ့လမ်းမပေါ်ကနေမျက်စိတစ်ဆုံးမြင်မြင်သမျှအရာ
တွေအကိုအဓိပ္ပယ်မဲ့ငေးကြည့်နေရင်းနဲ့အတိတ်ဆိုတဲ့အရာကိုမေ့ပစ်ဖို့ကြိုးစားပစ်လိုက်တယ်။ဘာတွေလဲကျွန်တော်ဘာတွေကိုငေးမော
တွေးတောနေတာလဲဆိုတာကိုတော့ကျွန်တော်ကိုယ်တိုင်လည်းမသိခဲ့ပါဘူး။သေချာတာတစ်ခုကတော့ကျွန်တော်တိုးတိုးလေးအဆက်
မပြတ်ရေရွတ်နေတာတစ်ခုတော့ရှိပါတယ်။အဲဒါကတော့ချစ်ရပါသော ဒေး ရဲ့ယနေ့လက်ထပ်မင်္ဂလာမှသည်နောက်နှစ်ပေါင်းများစွာ
တိုင်ပျော်ရွှင်ချမ်းမြေ့မှုအပေါင်းခညောင်းပါစေ လို့ပေါ့




ကြိုးစားပါအုံးမည့်ဖြိုးဇာနည့်ည့၁၂း၁၀ တိတိ

Links to this post
1

အချစ်ရဲ့သစ္စာ

Posted by ဖြိုးဇာနည် on Sunday, March 22, 2009 in
အောက်ကပုံလေးတွေကိုလေ့လာကြည့်ပါနော့်

သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦးပါ။သူမရဲ့ချစ်သူဟာတိုက်ပွဲတစ်ခုမှာအပြင်းအထန်ဒဏ်ရာရပြီးတော့ပုံဆိုးပန်းဆိုးဘဝနဲ့
ပြန်လာခဲ့ရပေမဲ့ချစ်ရသောချစ်သူကိုသူမရဲ့အချစ်နဲ့နွေးထွေးစွားကြိုဆိုပြီးအရင်အတိုင်းချစ်နေဆဲပါဆိုတဲ့သစ္စာတရား
နဲ့လက်ထပ်မင်္ဂလာပွဲကိုခန်းခန်းနားနားကျင်းပပြီးလူအများအလယ်မှာအချစ်စစ်မေတ္တာစစ်ကိုသက်သေပြနိုင်ခဲ့ပါတယ်။
ဤအမျိုးသမီးကဲ့သို့ချစ်သူအပေါ်ချစ်နိုင်သောချစ်သူမျိုးကတော့ကမ္ဘာမှာလူပေါင်းတစ်သန်းမှာတစ်ယောက်ရှိနိုင်ဖို့ခဲ
ယင်းလှပါတယ်။








ဘ၀ဆိုတာခါးသက်ခြင်း~~~~အချစ်ဆိုတာပူလောင်ခြင်း~~~~အခြား တစ်ဘက် ၌ ~~~~~ဘဝဆို တာ နေတတ်ခြင်း~~~~~~~အချစ် ဆိုတာ ပေးဆပ်ခံယူခြင်း~~~~အဟားးးးမိုက်တယ်ဟ

ကျွန်တော့်ရဲ့DJ mail မှာ DJ-ကိုလင်းပို့ပေးလာတဲ့ပုံလေးတွေကိုစာအနည်းငယ်ဖြည့်စွက်ပြီးပြန်လည်မျှဝေပေးလိုက်ပါတယ်။
မိမိအပေါ်ထိုကဲ့သို့ချစ်နိုင်သောချစ်သူမျိုးပိုင်ဆိုင်နိုင်ကြပါစေ့

ဖြိုးဇာနည့်ည့၁၁း၃၅တိတိ

Links to this post
2

ချစ်သူလား? ရည်းစားလား? သေသေချာချာစဉ်းစားစေချင်ပါတယ်

Posted by ဖြိုးဇာနည် on Saturday, March 21, 2009 in
ချစ်သူလား? ရည်းစားလား? သေသေချာချာစဉ်းစားစေချင်ပါတယ်

ရည်းစား .....

ရည်းစားဆိုတာတစ်ခဏတာလက်တွဲရတဲ့သူ...........လို့
ဘာသာပြန်ချင်တယ်......
ဘာလို့လဲဆိုတော့ရည်းစားဘဝကရည်ရွယ်ချက်မရှိဘူး.......
တာဝန်မရှိဘူး.........သူ့အနာဂတ်မှာလည်းသူမရှိဘူး......
ကိုယ့်အနာဂတ်မှာလည်းသူလုံးဝမရှိပါဘူး........
သူပြတ်ရင်ကိုယ်ပြတ်လို့ရတယ်.....အတားအဆီးမရှိဘူး........
ရည်းစားထားတယ်ဆိုတာသူငယ်ချင်းတွေရှေ့မှာမော်ကြွားရုံ........
ပန်းခြံတွေလျှောက်လည်ရုံလောက်နဲ့တင်အဆုံးသတ်သွားပါပြီ............
ပြောရရင်သူနဲ့ကိုယ်အတွယ်အတာဘာမှမရှိပါဘူး........
ဒီတစ်ယောက်ပြတ်ရင်နောက်တစ်ယောက်ပါ........
တစ်ချို့ဆိုရည်းစားဘဝမှာတင်ဘဝကိုစတေးလိုက်ရတာတွေရှိပါတယ်......
အင်း.......ရည်းစားထားပြီဆိုရင်တော့ရည်းစားကို
ရည်းစားနဲ့တူအောင်ထားဖို့တော့လိုအပ်တာပေါ့နော်...........
ဘယ်လိုပဲဖြစ်ဖြစ်ရည်းစားအဆင့်နဲ့တော့ဘဝကို
တည်ဆောက်လို့မရတာတော့သေချာတယ်.......
ရည်းစားမှာအဆုံးသတ်မရှိဘူး......ကြိုက်သလောက်ထားကြတယ်.......

ချစ်သူ.........

လူတစ်ယောက်ကဘယ်လောက်ပဲရည်းစားထားခဲ့ပါစေ......
နောက်ဆုံးတော့သူတစ်ကယ်ချစ်တာချစ်ခဲ့တာတစ်ယောက်ပဲရှိပါတယ်........
ချစ်သူကိုတော့တစ်ဘဝလုံးအတွက်ပုံအပ်ပြီးလက်တွဲရမယ့်သူလို့
ရွေးချယ်လိုက်တဲ့သူကိုချစ်သူလို့ဘာသာပြန်ပါရစေ........
ရင်ထဲကအချစ်စစ်....၊အချစ်မှန်.....၊မြတ်နိုးတွယ်တာမူတွေနဲ့
တည်ဆောက်ထားတယ်........သူ့မှာတော့ရည်ရွယ်ချက်ရှိလာပြီ.....
အနာဂတ်ရှိလာပြီ........သူနဲ့ကိုယ်လက်ထပ်ပြီးရင်ဘာလုပ်ကြမှာလဲ.......
ဘယ်လိုနေမှာလဲ.......အများကြီးပေါ့...........
သူကအဆက်ဖြတ်သွားရင်တောင်ကိုယ့်မှာအနာဂတ်ပျောက်သွားနိုင်တယ်.......
ဘဝဆုံးပြီးအသက်ပါဆုံးသွားတတ်တယ်............
ချစ်သူမှာလှတာမလှတာမရှိဘူး.......ဂုဏ်မရှိဘူး.....မာန်မာနကင်းမဲ့တယ်........
တစ်ယောက်ကိုတစ်ယောက်နားလည်မူအပြည့်ရှိတယ်........
ဘာဆိုဘာမှမရှိဘူး.......သူ့ကိုချစ်နေရရင်ပဲကျေနပ်နိုင်တယ်......
သူကိုလည်းပြန်ချစ်စေချင်တယ်....ကိုယ်ချစ်သလောက်ပေါ့.........
သံယောဇဉ်တွေမေတ္တာတွေတွယ်တာမူတွေတမ်းတမူတွေ
သတိရမူတွေအားလုံးပါဝင်နေတယ်..........
ချစ်သူအဖြစ်တစ်ယောက်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့
သူနဲ့ပတ်သတ်ရင်အရာရာကိုရင်ဆိုင်နိုင်ရမယ်..........
သူဘာပဲလုပ်ခဲ့.....လုပ်ခဲ့ခွင့်လွှတ်နိုင်ရမယ်......
ခွင့်လွှတ်နိုင်လောက်တဲ့အတိုင်းအတာထိပေါ့ဗျာ.........
သူကိုပျော်ရွင်မူတွေပေးရမယ်.......သူနဲ့တွေ့ရင်ရင်တွေခုန်နေတာပေါ့.......
သူ့ကိုတန်ဖိုးထားတတ်ရမယ်........တစ်ချို့ဆိုချစ်သူနဲ့ပတ်သတ်တဲ့
အရာအားလုံးကိုအချိန်...နာရီ....မိနစ်.....စက္ကန့်တောင်မလွဲအောင်
တန်ဖိုးထားတတ်ကြတယ်......နောက်ဆုံးတော့
ချစ်သူအဖြစ်ကနေလက်တွဲပြီးဘဝကိုတည်ဆောက်ကြတာပေါ့.......


သူငယ်ချင်းတို့ကရော ဒီစာလေးကို ဘယ်လိုသဘောရလဲ..................
ခုအချိန်မှာ သူငယ်ချင်းတို့ဘေးနားမှာ ရှိနေတဲ့သူက
ရည်းစားအနေနဲ့ရှိနေတာလား............
ဒါမှမဟုတ် ချစ်သူတစ်ယောက်အနေနဲ့ရှိနေတာလား..............
သေချာစဉ်းစားကြည့်လိုက်ပါနော်..........


သူငယ်ချင်းအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ့ဖြိုးဇာနည်

Links to this post
2

သိမ်ငယ်မှုတွေကြားထဲကပီတိ

Posted by ဖြိုးဇာနည် on Friday, March 20, 2009 in
သိမ်ငယ်မှုတွေကြားထဲကပီတိ



ဒီနေ့ညပိုင်းမိုးချုပ်မှပဲကျွန်တော်ပြန်ရောက်လာခဲ့တယ်။လူကလည်းနုံးပျော့နေပြီလေဒါပေမဲ့blogလေးကိုတော့အရင်ဆုံးရောက်ရောက်
ချင်းပဲလာနှုတ်ဆက်ဖြစ်လိုက်ပါတယ်။အဓိကအကျဆုံးကတော့Geocounterနဲ့commentsလေးတွေကိုကြည့်ချင်စိတ်တွေကြောင့်ပေါ့။
ပင်ပန်းလာတာတော့မဟုတ်ပါဘူး။ပါးပါးလေးတော့ခွေချင်စိတ်ကပါနေပါပြီ။ဒါနဲ့ပဲရေမိုးချိုးပြီးတော့နဲနဲလန်းသွားတာနဲ့ဘလော့လေး
ဆီကိုပြန်ဝင်လာခဲ့တယ်။ဘာရယ်လို့တော့မယ်မယ်ရရရေးစရာတော့သိပ်မရှိပါဘူး။ခရီးသွားခဲ့တယ်ဆိုပေမဲ့ကျွန်တော်ကခုရောက်ခုပြန်
လိုဖြစ်နေတော့ဘာစာမူကြမ်းမှလည်းမပါလာခဲ့ပြန်ဘူး။ရိုက်လာတဲ့ဓါတ်ပုံလေးတွေကျပြန်တော့လည်းစိတ်တိုင်းမကျတာနဲ့တင်ချင်စိတ်
ပျောက်သွားခဲ့တယ်။အခုဆိုရင်ကျွန်တော်ဟာစာတွေကိုပိုပိုရေးချင်လာလေလေဦးနှောက်ကအလုပ်မလုပ်လေနဲ့ပဲဓါတ်ကြောင်ကြောင်နေ
တာများတယ်။အခုဆိုရင်ကျွန်တော့်ရဲ့ခံစားချက်လေးတွေကိုမျှဝေခံစားပေးတဲ့သူငယ်ချင်းတွေဟာလည်းတဖြည်းဖြည်းများများလာတာ
ကိုတွေ့ရတဲ့အတွက်ကျွန်တော်ဟာအတိုင်းမသိဝမ်းသာကြည်နူးမိပါတယ်။အပြင်ကပြန်လာတိုင်းကွန်ပျူတာရှေ့ရောက်တာနဲ့ကျွန်တော်
ပထမဦးဆုံးလုပ်နေကျအလုပ်ကတော့ကျွန်တော့်blogလေးကိုဖွင့်ပြီးGeocounterလေးမှာvisitorပေါင်းဘယ်လောက်ထပ်တိုးလာသလဲဆို
တာတွေCboxလေးထဲကကျွန်တော့်သယ်ရင်းBloggerတွေရဲ့အော်သံလေးတွေcommentsလေးတွေကိုကျွန်တော့်ရဲ့ကျေနပ်တဲ့အပြုံးတွေနဲ့
လဲလှယ်နေတတ်ခဲ့တာပါပဲ။တစ်ခါတစ်လေမှာတော့ကျွန်တော်ဟာဘလော့ရေးရတဲ့ဝါသနာကိုစွန့်လွှတ်ချင်စိတ်တွေပေါ်ပေါ်လာတတ်ခဲ့
တယ်။အဲဒီစိတ်ကလေးတွေကိုဖြေဖျောက်ပေးနေတာကတော့ဒီcommentsလေးတွေပါပဲ။စာရေးရတာကိုအားဖြစ်စေတဲ့bloggerမောင်နှမ
တွေရဲ့အော်သံလေးတွေနဲ့chatထဲကနေအားပေးနေပါတယ်ဆိုတဲ့သယ်ရင်းတွေ၊GtalkထဲမှာADDထားခြင်းမရှိပါပဲmailနဲ့ဝင်ဝင်လာတတ်တဲ့
လိုအပ်ချက်ကလေးတွေကိုထောက်ပြပေးတတ်တဲ့သယ်ရင်းတွေ၊တစ်ဖက်တစ်လမ်းကနေစာမူလေးတွေပို့ပို့ပေးတတ်ကြတဲ့အမည်မသိသူငယ်
ချင်းတွေရဲ့ခင်မင်မှုတွေကိုအရမ်းပဲကျေးဇူးတင်မိပါတယ်။ဘာပဲဖြစ်ဖြစ်ဒီသူငယ်ချင်းတွေကြောင့်သာကျွန်တော်ဟာပုဇွန်ဦးနှောက်သာ
သာလေးနဲ့blogလေးတစ်ခုကိုပိုင်ဆိုင်နိုင်ခဲ့တာပါ။အခုကျွန်တော်သွားခဲ့တဲ့တာချီလိတ်ခရီးမှာကျွန်တော်အကျေနပ်ဆုံးနဲ့ပီတိအဖြစ်ရဆုံးအ
ဖြစ်အပျက်လေးတစ်ခုကတော့ကျွန်တော်တာချီလိတ်ကCybercafeမှာဝင်ရင်းနဲ့ကျွန်တော့်blogလေးကcommentsလေးတွေကိုဖတ်နေ
တုန်းမှာကျွန်တော့်ရဲ့blogပရိတ်သတ်တစ်ဦးပါဆိုပြီးကျွန်တော့်ကိုလာမိတ်ဆက်ရင်းလက်ဆွဲနှုတ်ဆက်သွားတဲ့ညီငယ်လေးတစ်ယောက်
နဲ့ဆုံတွေ့ခွင့်ရလိုက်တဲ့အဖြစ်အပျက်ကလေးပါပဲ။ကျွန်တော်အရိုးသားဆုံးပဲပြောပါရစေကျွန်တော်blogရေးခဲ့တဲ့သက်တမ်းတိုလေးတစ်
လျှောက်မှာအပြင်မှာလူကိုယ်တိုင်တွေ့ပြီးအားပေးစကားပြောခံရတာဟာဒါပထမဆုံးပါပဲ။onlineကသယ်ရင်းတွေကလွဲလို့ကျွန်တော်Blog
ရေးခြင်းအပေါ်မှာကျွန်တော့်ကိုအားပေးစကားပြောတယ်ဆိုတာဟာအပြင်လောကမှာကျွန်တော့်မိသားစုနဲ့ဆွေမျိုးတွေကလွဲလို့ကျွန်တော်
မရရှိခဲ့ဖူးပါဘူး။အလုပ်မရှိကြောင်ရေချိုးဆိုတဲ့ဝေဖန်မူတွေကြားထဲမှာသာကျွန်တော်ရပ်တည်ခဲ့ရတာပါ။အဲဒီလိုအဖြစ်အပျက်တွေကြားထဲမှာ
ကျွန်တော်သိမ်ငယ်စွာနဲ့ရပ်တည်နေခဲ့ရသမျှဟာဒီညီငယ်လေးနဲ့ဆုံတွေ့လိုက်ရတဲ့တဒင်္ဂလေးအတွင်းမှာပဲခွန်အားတွေပြန်လည်ပြည့်ဝသွားသ
လိုခံစားလိုက်ရပါတယ်။ဒါကြောင့်အခုကျွန်တော်ဆုံးဖြတ်ချက်ချလိုက်ပါပြီဘယ်လိုအခြေအနေအထိပဲကျွန်တော်ဟာသိမ်ငယ်ဝေဖန်မူနဲ့
ကြုံတွေ့နေရပါစေကျွန်တော့်လက်နှစ်ဖက်နဲ့စာရိုက်နေနိုင်သေးသရွေ့တော့ကျွန်တော်ဘလော့ရေးနေအုံးမှာပဲလို့ပေါ့သိမ်ငယ်မှုတွေ
ကိုသူငယ်ချင်းလိုသဘောထားပြီးအခွင့်သာသရွေ့ဒီလမ်းကြောင်းပေါ်မှာကျွန်တော်လျောက်လှမ်းနေအုံးမှာပါ့


အလုပ်မရှိကြောင်ရေးချိုးနေတယ်ဆိုတဲ့ဖြိုးဇာနည်

Links to this post
2

ခရီးသွားနေပါသဖြင့်

Posted by ဖြိုးဇာနည် on Wednesday, March 18, 2009 in
ကျွန်တော်ခရီးသွားနေပါသဖြင့်



ကျွန်တော်ခရီးသွားနေပါတယ်ခင်ဗျာ့အလုပ်ကိစ္စနဲ့တာချီလိတ်ကိုတစ်ညအိပ်နှစ်ရက်ခရီးပါ။
ဒီနှစ်ရက်တော့blogနဲ့ဝေးနေတော့မှာပါ။အဆင်ပြေပြီးအချိန်ရမယ်ဆိုရင်တော့တာချီလိတ်cyber cafe
ကနေpostအသစ်တင်နိုင်အောင်ကြိုးစားပါ့မယ်။အခုတောင်အလုပ်တွေရှုပ်နေလို့ဒီpostလေးကိုအချိန်လု
ပြီးတင်သွားရပါတယ်။ကျွန်တော့်Blogလေးကိုလာလည်ကြတဲ့သူငယ်ချင်းများအားမင်္ဂလာအပေါင်းနဲ့ပြည့်စုံ
ကြပါစေခင်ဗျာ့


ဖြိုးဇာနည့်ည့၁၂း၁၉တိတိ

Links to this post
1

တုံးလုံး နဲ့ စပွင်း

Posted by ဖြိုးဇာနည် on Monday, March 16, 2009 in
တုံးလုံး နဲ့ စပွင်း

နေရာဒေသတစ်ခုနဲ့တစ်ခု ပြောပုံဆိုပုံ လေယူလေသိမ်းတွေကမတူကြဘူးလေ.. တောင်ပေါ်သားမြေပြန့်သား တွေကွာခြားရုံတင်မဟုတ်.. မြေပြန့်မှာကိုအမျိုးမျိုးကွဲနေတယ်လေ.. တစ်ခါက မွန် ပြည်ဘက်ကပြန်လာတဲ့သူငယ်ချင်းတစ်ယောက် ကပြောတယ်.. သူ မွန် ပြည်ကရွာကလေးတစ်ရွာမှာထမင်းစားတော့ အိမ်ရှင်တွေကပြောတယ် .....

"စားစား ငတ်ရင်စားတဲ့"

စားရတဲ့သူ တောင်နင်သွားတယ်.. ပြီးတော့ရှိသေးတယ်... ကျွန်တော့်ကိုယ်တွေ့ပဲ မွန်ပြည်နယ် ကိုသွားတော့ တစ်တောင်တတ်တစ်
တောင်ဆင်းနဲ့ မောနေပြီ... တည်းခိုတဲ့အိမ်ရောက်ရင်တော့ ထမင်းကိုအားရပါးရစားပြစ်မယ်လိုတေးထားတာပေါ့.. တည်းတဲ့အိမ်ရောက်တော့ အိမ်ရှင် မွန် မကြီးကပြောတယ်..

"စားသူငယ်လေး အားမနာနဲ့ နင်ငတ်နေတာငါသိတယ်.. အိမ်က အောင်နက် ကြီးလိုအားရပါးရစားစမ်းပါ".... တဲ့

မောမောပန်းပန်းနဲ့ စားမလို့သူပြောလိုက်မှပဲ လှေခါးရင်းက ကိုယ့်ဘော်ဒါကြီးကိုကြည့်မိတယ်... အမ်မယ်...သူကလဲဖော်ရွေပါတယ်.... အမြီးကလေးကိုနန့်လို့......

အခုဆိုရင်အညာမှာတောင်ပြောပုံ ဆိုပုံမတူကြဘူး... မန္တလေးမှာဆိုရင် ကောင်မလေး တွေကို "ဇယ်" လို့ပြောတယ်.... တစ်ချို့ဒေသတွေမှာကတော့ "စော်" ပေါ့... ( ဘာကို စော်မှန်း ကျွန်တော် ကိုယ်တိုင်လည်းမသိပါ )

ကျွန်တော်တို့ ကျောင်းတတ်တော့ သူငယ်ချင်းတစ်ယောက်ရှိတယ် သူကလဲအညာသားပါပဲ... ပျော်ဘွယ် ဘက်က..

အညာဒေသခြင်း တူပေမယ့်ပြောပုံဆိုပုံ လေယူလေသိမ်းကမတူဘူး...

တစ်နေ့မှာ ဒီကောင်ကပြောတယ်... လက်ဖက်ရည်ဆိုင်ထိုင်နေတုန်းရောက်လာပြီးတော့

"ဟိတ်ကောင်တွေ Practical အခန်းထဲမှာကွာ ကောင်မလေး မြင်မကောင်းဘူး... တုံးလုံး လှဲ နေတယ်.. " တဲ့...

"ဘာ..."

ကျွန်တော်တို့ အဖွဲ့မျက်လုံးပျူးတဲ့သူကပျူး... လက်ဖက်ရည်သီးတဲ့ကောင်ကသီး... ရေနွေးကြမ်းမှောက်ကျတဲ့ကောင်က ကျနဲ့.. အကုန်ဝရုန်းသုန်းကားဖြစ်ကုန်တာပေါ့.... ဆူနာမီရေလှိုင်းသတင်းကြားတုန်းကတောင်ဒီလောက်မတုန်လှုပ်ဘူး... (ဒါကဆူနာမီထက်ထူးတာကိုး..)......

"ဘယ်မှာလဲ ဘယ်မှာလဲ..." သယ်ရင်းတစ်ယောက်ကမေးတော့...

" practical အခန်းထဲ....."

သူ့စကားတောင်မဆုံးလိုက်ပါဘူး... အကုန်လုံး ၀ုန်းကနဲ Practical အခန်းဘက်ကိုပြေးတာပေါ့...
(အမြင်မတော်တာတွေ့ရင်ဆုံးမ မလို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါ....)

Practical အခန်းနားရောက်တော့ ပြတင်းပေါက်ကနေချောင်းလိုက်တယ်... ကောင်မလေး တစ်ယောက်ကိုတော့တွေ့

ပါတယ်.. ဒါပေမယ့်သူပြောသလိုမဟုတ်... (သူပြောတာ ဘာ လဲ ဟင်).....

သူ့ဖာသာသူ ခုံပေါ်မှာမှောက်အိပ်နေတာ... ဒါပေမယ့်နည်းနည်းတော့ မြင်မကောင်းဘူးပေါ့

" ဟေ့ကောင်မင်းပြောတော့ @#$%^& ဆို...." ဒီကောင့ိကိုဝိုင်းပြောတော့

"အင်းလေ... မတွေ့ဘူးလား တုံးလုံးလှဲနေတာ... "

" အိပ်နေတာပါကွ....." ဒီတော့မှမောင်မင်းကြီးသားက

"အေးလေ ငါတို့ကအိပ်တာကိုများသောအာဖြင့် တုံးလုံးလှဲတာလို့ပြောတယ်ကွ..."

"ဟာ..... မင်းကတော့" အားလုံးသက်ပြင်းချကုန်ကြတော့တယ်...

(မှန်းချက်နဲ့နှမ်းထွက်နဲ့မှမကိုက်တာကိုး..... မှန်းချက် ဆိုတာတစ်ခြားဘာမှမဟုတ်ပါဘူး... ကိုယ့်ကျောင်းသူကျောင်း
သားခြင်းအမြင်မတော်တာတွေ့ရင် လိုက်ဖွ.. ဟုတ်ပေါင်... ဆုံးမပေးမလို့ပါ... ဟဲဟဲ...)

နောက်တစ်ခါကျတော့လဲ ဒီကောင်ပဲ.... သူတို့ပျော်ဘွယ်ဘက်မှာက ခွန် ကို ခွင် ... စွန် ကို စွင် လို့ပြောတယ်လေ

လက်ဖက်ရည်ဆိုင်မှာပဲပေါ့.... ဒီကောင်က Coffee Mix Plain မှာတယ်.. စာပွဲထိုးကလာချပေးတော့ "ဇွန်း" ပါမလာဘူး...

ဒါနဲ့ဒီကောင်က...

"ဟေ့... ငါ့ကို ဇွင်း (ဇွန်း) တစ်ချောင်းပေးဦးလေ..." ခပ်တည်တည်နဲ့ စာပွဲထိုးကို ဟောက်စားလုပ်တာပေါ့... ဒါနဲ့ ကျန်တဲ့သူတွေကလဲ ဝိုင်း မ ပေးကြတယ်....

"ဟေ့ကောင်... မင်း မန်းတလေးရောက်တာကြာလှပြီ.. အခုထိ ဇွန်း ကို ဇွင်း လို့ပြောတုန်းပဲလား..."

ဒီကောင်က သူတို့လေသံကိုထိပါးရင် စိတ်ဆိုးတယ်.... ဒါနဲ့အားကျမခံပြန်ပြောတယ်...

"ငါအင်္ဂလိပ်စာကျောင်းသားကွ... အဲဒီတော့ အင်္ဂလိပ်လိုပဲပြောမယ်...."

"Please, give me a စပွင်း" တဲ့....... ကောင်းရောဗျာ...

ဖြိုးဇာနည့်ကနေ့လည့်က၃း၀၀ တိတိ

Links to this post
7

အချစ်၏ဒဿန (သို့) အချစ်စစ်ကိုရှာဖွေခြင်း

Posted by ဖြိုးဇာနည် on Monday, March 16, 2009 in
ကျွန်တော် ဇာနည် ဟာအချစ်ကိုခံပဲခံစားတတ်သူတစ်ယောက်ပါ။အချစ်ကိုဘယ်သောအခါမှအဓိပ္ပယ်မဖွင့်ဆိုခဲ့ဖူးပါဘူး။ဒီတစ်ခါတော့
ကျွန်တော့်ဘဝမှာပထမဦးဆုံးအချစ်ကိုအဓိပ္ပယ်ဖွင့်ဆိုဖူးခြင်းဖြစ်ပါတယ်။ဟုတ်သည်ရှိမဟုတ်သည်ရှိ အချစ်စစ်ရှားပါးလွန်းလှတဲ့ဟောဒီ
ကမ္ဘာကြီးအတွက်ကျွန်တော့်ရဲ့အချစ်ကိုအဓိပ္ပယ်ဖွင့်ဆိုမှုဟာ ကျွန်တော့်အထင်တော့ဟုတ်သလိုလိုရှိတယ်လို့ ကျွန်တော်ထင်မိပါတယ်။
ကျွန်တော့်ရဲ့ကိုယ်ပိုင်အတွေးလေးနဲ့ တတ်သလောက်မှတ်သလောက်ဖွင့်ဆိုထားတဲ့ဒီ အချစ်ဒဿန လေးကိုဝေဖန်ပေးကြပါအုံးနော့်


အချစ်၏ဒဿန (သို့) အချစ်စစ်ကိုရှာဖွေခြင်း
သီကြားမင်းတရားသူကြီးမှ
အချစ် နှင့် အမုန်း ကို
ကမ္ဘာဦးမစတစ်စအချိန်တွင်
ဧဒင်ဥယာဉ်တွင်းတစ်နေရာ၌
ကမ္ဘာပေါ်တွင်အချစ်နှင့်အမုန်းအားပြိုင်ပွဲကို
ဒိုင်လုပ်ပေးနေခြင်းဖြစ်ပါသည်။


ဧဒင်ဥယာဉ်တရားရုံးတော်အတွင်း

တရားသူကြီး။ ။အမုန်း မောင်မင်းမှာကမ္ဘာမြေကနေ အချစ် ကိုမောင်းထုတ်ဖို့အကြောင်းခိုင်ခိုင်မာမာနဲ့ပြသနိုင်လောက်သေသက်သေ
ရှိပါသလား။မောင်မင်းဟာကမ္ဘာကြီးကိုဘယ်လိုအကျိုးပြုပေးနိုင်သလဲဖြေပါ။

အမုန်း။ ။ရှိပါတယ်။အဓိကအချက်နှစ်ချက်ရှိပါတယ်။

တစ်အချက်-ကမ္ဘာပေါ်မှာအမုန်း တရားတွေကြောင့်စစ်တွေဖြစ်ကြပါတယ်။စစ်တွေဖြစ်ကြတဲ့အချိန်တွေမှာအနိုင်ရရှိစေဖို့အတွက်
လက်နက်တွေသူ့ထက်ငါအပြိုင်အဆိုင်တီထွင်ကြပါတယ်။ဒါကြောင့်အမုန်း ရဲ့စွမ်းဆောင်မှုကြောင့်ကမ္ဘာပေါ်မှာနည်းပညာတွေ
တိုးတတ်လာစေပါတယ်။

နှစ်အချက်-အမုန်း ကြောင့်လူပေါင်းများစွာယှဉ်ပြိုင်လိုစိတ်နဲ့သူထက်သာမနာလိုတဲ့စိတ်တွေကြောင့်အပြိုင်အဆိုင်ကြိုးစားကြနေကြ
တာကြောင့်ကမ္ဘာကြီးဟာကျွန်တော့်ကြောင့်တိုးတတ်မှုတွေဟာတစ်နေ့တခြားများပြားလာခဲ့ပါတယ်။ဒါတင်မကပါဘူးကမ္ဘာကြီးတိုး
တတ်စေရေးအတွက်ကျွန်တော် အမုန်းဟာနည်းမျိုးစုံနဲ့လူတွေအပေါ်အကျိုးပြုပေးနေပါတယ်။

တရားသူကြီး။ ။အချစ် မောင်မင်းအနေနဲ့ကရောကမ္ဘာကြီးကိုဘယ်လိုအကျိုးပြုပေးနိုင်သလဲ????

အချစ်။ ။ဟုတ်ကဲ့ရှိတော့ရှိပါတယ်။

အချစ်။ ။ကျွန်တော်ဟာလူတွေကိုအချစ်နဲ့အေးချမ်းသောဘဝကိုဖန်တီးပေးချင်သူပါ.ဒါပေမဲ့ကျွန်တော်အချစ်တွေရဲ့နောက်မှာ
သစ္စာပျက်ခြင်းတွေ၊ဖောက်ပျားခြင်းတွေ၊အထင်လွှဲခြင်းတွေ၊သဝန်တိုခြင်းတွေဟာအမုန်း ရဲ့စေခိုင်းမှုကြောင့်သူလျိုတွေအဖြစ်နဲ့
ကျွန်တော့်ရဲ့နောက်မှာအမြဲလိုလိုကပ်ပါနေခဲ့တဲ့အတွက်ကျွန်တော်ဟာကမ္ဘာကြီးအတွက်ဘာမှဟုတ်တိပတ်တိအကျိုးရှိအောင်
သိပ်လုပ်မပေးနိုင်ခဲ့ပါဘူး။တစ်ခုတော့ကျွန်တော်ရဲရဲကြီးပြောရဲပါတယ်။ကျွန်တော် အချစ်ရဲ့စွမ်းဆောင်မှုကြောင့်လူသားတွေဟာ
အေးချမ်းပျှော်ရွှင်မှုကိုအစစ်အမှန်ခံစားရရှိကြပါတယ်။အချစ် ရဲ့အေးမြခြင်းအစစ်အမှန်ကိုကျွန်တော်မျိုးပေးစွမ်းနိုင်ခဲ့ပါတယ်။
အချစ်ရဲ့စွမ်းဆောင်မှုကြောင့်ကမ္ဘာကြီးအတွက်တိုးတတ်လာတယ်ဆိုတာကိုသက်သေခိုင်ခိုင်မာမာမပြသနိုင်ပေမဲ့လူတွေအတွက်
အချစ်၏စွမ်းဆောင်မှုနဲ့ပျော်ရွှင်ခြင်းစိတ်ချမ်းသာခြင်းအစစ်အမှန်ကိုရရှိအောင်ဖန်တီးပေးနိုင်စွမ်းပါတယ် တရားသူကြီးမင်းခင်ဗျာ။
ကျွန်တော်မျိုးရဲ့စွမ်းဆောင်မှုကြောင့်အခုကမ္ဘာပေါ်မှာချစ်ကြည်ရေးနိုင်ငံတွေတော်တော်လေးများလာခဲ့ပါပြီ။ဒါပေမဲံ့စစ်မဖြစ်အောင်
တော့မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

တရားသူကြီး။ ။အမုန်း မောင်မင်းဟာဒီကမ္ဘာကြီးကနေအချစ်ကိုမောင်းထုတ်ပစ်လိုက်ဖို့အတွက်ဘယ်လိုအကြောင်းပြချက်များ
ပေးချင်ပါသလဲ။

အမုန်း။ ။လုံးဝအဖြစ်သင့်ဆုံးပါ။ဒီအချစ်ကြောင့်လူတွေဟာအလွမ်းတွေကိုခံစားကြရပါတယ်။ဒီအလွမ်းတွေကြောင့်ပဲလူတွေဟာ
အလုပ်တွေပျက်ခဲ့ပါတယ်။ဒါဟာအဓိကအချက်ပါပဲ။ဒီလိုအလွမ်းကိုခံစားနေကြရတဲ့လူဟာကမ္ဘာပေါ်မှာနေ့စဉ်နေ့တိုင်းရေတွက်လို့
မရနိုင်အောင်တိုးပွားလျှက်ရှိပါတယ်။ဒီလိုအလွမ်းကြောင့်အလုပ်မလုပ်ကြတဲ့လူတွေဖြစ်ပေါ်လာရတဲ့အကြောင်းရင်းကတော့ဒီအချစ်
ကြောင့်ပဲဖြစ်ပါတယ်။တရားသူကြီးမင်းပဲစဉ်းစားကြည့်ပါခင်ဗျာ။အလွမ်းကြောင့်ကြေကွဲပြီးအလုပ်မလုပ်တဲ့လူတွေဟာအချိန်နဲ့အမျှဒီ
ကမ္ဘာကြီးမှာတိုးပွားနေပါတယ်။ဒီလိုအလုပ်မလုပ်တဲ့သူတွေများလာတဲ့အတွက်ကမ္ဘာကြီးဟာတိုးတတ်မှုတွေတနေ့တခြားယုတ်လျှော့
လာစေပါတယ်။ဒါဟာအဓိကအချက်ပါပဲ့

တရားသူကြီး။ ။မောင်မင်း အချစ် ကရော အမုန်းရဲ့ တင်ပြချက်အပေါ်ဘာများပြောချင်ပါသလဲ။

အချစ်။ ။ဟုတ်ကဲ့ အမုန်းပြောသလိုပါပဲ။ကျွန်တော်ဟာဘာမှအသုံးမကျသလိုကျွန်တော့်ကိုယ်ကျွန်တော်ခံစားရပါတယ်။တကယ်တော့
အချစ်ဆိုတဲ့ကျွန်တော်ဟာ ၁၀၀၁ ညပုံပြင်လောက်တောင်ရှည်ရှည်ဝေးဝေးဂုဏ်ဖော်ပြစရာမရှိခဲ့ပါဘူး။ဒီကမ္ဘာကြီးရဲ့အထင်ကရနေ ရာတွေတိုင်းမှာကျွန်တော့်စွမ်းဆောင်မှုနဲ့ချစ်သူစုံတွဲတွေရဲ့ခြေရာတွေဟာလည်းကျွန်တော့်အတွက်ဂုဏ်ယူစရာမဟုတ်ခဲ့ပါဘူး။ဒီအတွက်
ကြောင့်ကျွန်တော်ဟာဒီကမ္ဘာကြီးအတွက်ဘာမှအသုံးမကျတဲ့သူလို့စွတ်စွဲခံရတာဟာဖြစ်သင့်တယ်လို့ထင်မိတာမို့ကျွန်တော်ဘာမှမငြင်းချင်
တော့ပါဘူး။

တရားသူကြီး။ ။ဒုန့်း့ရုံးတော်ကိုခေတ္တခဏရပ်နားမယ်။။။။နေ့လည်နေကိုတိမ်ဖုံးတဲ့အချိန်မှာစီရင်ချက်ချမယ်။(နာရီမပေါ်သေးသဖြင့်)

နေ့လည်နေကိုတိမ်ဖုံးနေသောအချိန်မရောက်တရောက်၌

တရားသူကြီး။ ။အဟင်း အဟင်း အဟွင်း အဟမ့်း

တရားသူကြီး။ ။စီရင်ချက်ချမယ့်

တရားသူကြီး။ ။ဒီကမ္ဘာကြီးတိုးတတ်မှုအတွက်အချစ်နဲ့အမုန်းအားပြိုင်ပွဲမှာအချစ်ဟာဤကမ္ဘာမြေအတွက်ကောင်းကျိုးမပြုပေးနိုင်ဟူ
သောစွဲချက်ဖြင့် အချစ်မှာရာဇသတ်ပုဒ်မ(၀၀၁)ဖြင့်အပြစ်ရှိကြောင်းထင်ရှားသဖြင့်ဤကမ္ဘာမြေမှအချစ်အားအပြီးပြီးအပိုင်နှင်ထုတ်
လိုက်ကြောင်း အမိန့်ချမှတ်လိုက်တယ်။အပြစ်ဒဏ်အား အခါအားလျှော်စွာလျှော့ရက်များအားခံစားခွင့်မပြုပါ။

ထိုအဖြစ်အပျက်အပြီး ၁ နှစ်ခန့်ကြာသော့်

ပြည်သူလူထုများက
တရားသူကြီးမင်းကို
နေနာရီစပေါ်ပြီးနာရီဝက်ခန့်အကြာ
ဧဒင်တရားရုံးတော်တွင်းတစ်နေရာ၌
အချစ်အားခေါ်ယူပေးပါရန်တောင်းဆို
ဆန္ဒပြနေကြခြင်းဖြစ်ပါသည်။


ဒူ့ဟူ့ဟူ့ဟူ့ဟူ့

ပြည်သူလူထုများမှတရားရားရုံးရှိတိုင်ကြားရန်ဟူသောမောင်းကြီးအားထုနေခြင်းဖြစ်သည်။

တရားသူကြီး။ ။ဟေ့အထဲကိုလွှတ်လိုက်။

ပြည်သူလူထု။ ။တရားသူကြီးမင်းခင်ဗျာကျွန်ုပ်တို့တတွေဟာအချစ်မရှိတော့တဲ့နောက်မှာတစ်ရက်တစ်ရက်ရန်ပွဲပေါင်းမြောက်များ
စွာနဲ့အတူနှစ်ပါးသွားနေကြရပါတယ်။အချစ်ပျောက်ဆုံးသွားတာနဲ့အတူကျွန်ုပ်တို့ဆီမှာ သနားမှု၊ကြင်နာမှု၊ဂရုဏာထားမှုလူသားအချင်း
ချင်းရိုင်းပင်းကူညီမှုတွေကအစကြီးသူကိုရိုသေငယ်သူကိုလေးစားရွယ်တူကိုသနားဆိုတဲ့အယူဝါဒတွေဟာလည်းပျောက်ဆုံးနေခဲ့ပါပြီ။
ဒါကြောင့်အချစ်ကိုပြန်လည်ခေါ်ဆောင်ပေးပါလို့တောင်းဆိုပါတယ်။

အမုန်း။ ။ဟုတ်ကဲ့ခင်ဗျာအခုဆိုရင်လူတွေဟာလည်းအချစ်မရှိတော့တဲ့အတွက်ကျွန်တော် အမုန်း ကိုလည်းအယုတ်မာကြီးလို့ထင်မြင်
နေကြပါတယ်။ဒါတွေဟာကျွန်တော်မျိုးရဲ့တာဝန်အရဆောင်ရွက်ရတယ်ဆိုတာလူတွေကနားမလည်ကြပါဘူး။သူတို့နားလည်လာအောင်
အချစ် ကပဲပြောပြပေးနိုင်မှာမို့ အချစ် ကိုပြန်လည်ခေါ်ဆောင်ပေးစေလိုပါတယ်။အချစ်မရှိတော့တဲ့နောက်မှာကျွန်တော်မျိုး အမုန်း ရဲ့
တာဝန်အရလုပ်ဆောင်မှုတွေဟာလည်းအဓိပ္ပယ်မဲ့နေသလိုရက်စက်ရာကျနေခဲ့တယ်လို့ကျွန်တော်မျိုးခံစားနေရပါတယ်။

ပြည်သူလူထု။ ။အချစ်ကိုအမြန်ဆုံးခေါ်ဆောင်ပေးပါ့ ဗျို့ ဗျို့ ဗျို့ ဗျို့ ဗျို့

တရားသူကြီးမှာအတန်ကြာစဉ်းစားပြီးနောက့်

တရားသူကြီး။ ။ကောင်းပြီလေသင်တို့ရဲ့အလိုအရအချစ်အားမတွေ့တွေ့အောင်ပြန်ရှာပြီယခင်ရာထူးအားပြန်လည်အပ်နှင်းစေ့

ပြည်သူလူထု။ ။ဟေး ဟေး ဟေး ဟေး

ဒါပေမဲ့အချစ်ဟာဘယ်ဆီသို့ထွက်ခွာသွားပြီမှန်းမသိတော့တဲ့ဘယ်လိုပဲအချစ်ကိုရှာဖွေကြပေမဲ့လည်းအချိန်တွေသာကုန်ဆုံးသွားပြီး
အချစ်ကိုအရိပ်အယောင်မှမတွေပခဲ့ကြပါဘူး။ဘယ်လိုပဲကြိုးစားပြီးရှာရှာအချစ်ကိုမတွေ့တဲ့အဆုံးတော့တရားသူကြီးနဲ့ပြည်သူလူထု
တို့တိုင်ပင်ပြီး အချစ် နဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ အလွမ်း ကို အချစ်ရဲ့ ရာထူးကိုပေးပြီးတာဝန်ထမ်းဆောင်ခိုင်းလာတာဟာယနေ့
(၁၆ရက်-၃လ-၂၀၀၉ခုနှစ်)အထိပဲဆိုပါတော့။

ဒါကြောင့်ယနေ့အထိကမ္ဘာပေါ်မှာ အချစ် တာဝန်ယူထားသူဟာ အချစ်အစစ် မဟုတ်ပဲ အလွမ်းကယူထားတာဖြစ်နေတဲ့အတွက် အလွမ်းဟာသူ့အကျင့်မပျောက်သေးပဲ အချစ် တာဝန်ကိုယူနေရင်းကနေမှ အလွမ်း လေးကိုကြားထဲမှာထည့်ထည့်ပေးတတ်ခဲ့ပါတယ်။ဒါကြောင့်ပဲ အလွမ်း ဟာ အချစ်စစ်မဟုတ်တဲ့အတွက်ကျွန်တော်တို့တတွေဟာ အချစ်စစ် ကိုအခုအထိမတွေ့သေးကြတာဖြစ်ပါတယ်။
အခုမတွေ့သေးသလိုနောင်လည်းတွေ့ဖို့ခဲယဉ်းလှပါတယ်။
မျှော်လင့်ချက်လေးတစ်ခုကတော့ရှိနေပါသေးတယ့်ကကယ်၍ အချစ်စစ် ကိုများတရားသူကြီးမင်းက အင်တာနက်(အခုခေတ်ရောက်ပြီဆိုတော့အင်တာတက်သုံးနေပြီလေ့ဟီးဟီး)ကနေရှာတွေ့ခဲ့မယ်ဆိုရင်ပေါ့

အချစ်နဲ့ပက်သက်ပြီးကျွန်တော် ဇာနည် ရဲ့အဓိပ္ပယ်ဖွင့်ဆိုချက်အပေါ်မှာ comments လေးတစ်စောင်လောက်ဖြစ်ဖြစ်ရေးပေးခဲ့ကြမယ်
ဆိုရင် ကျွန်တော် ဟာလက်ညောင်းရကျိုး ဦးနှောက်ခြောက်ရကျိုး နပ်ပြီး အလွန်ပဲပီတိဖြစ်မိမှာအမှန်ပါခင်ဗျာ့ :D


အားလုံးကိုအစဉ်လေးစားလျှက့်ဖြိုးဇာနည့်ည့၈း၄၀ တိတိ

Links to this post
1

ဘုရင်ရဲ့ လျှို့ဝှက်ချက်

Posted by ဖြိုးဇာနည် on Saturday, March 14, 2009 in
ဘုရင်ရဲ့ လျှို့ဝှက်ချက်



တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့ မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။
မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။ နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။
"အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက် လာသလဲ"

"မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်"

"ဘာကျေးဇူးများလဲ"

"မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်း စည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေး နေလောင်ခြင်းမှာ လွှတ်ကင်းခဲ့ရတဲ့အတွက်
ကျေးဇူးဆပ်ချင်ပါတယ်။ အရှင်လိုရာ ပြောပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ"

"အင်း...နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ်။ ဘာမှလိုလေသေး မရှိဘူးဆိုပေမဲ့ သတ္တ၀ါတို့ရဲ့ ဘာသာစကားကို အကျွန်ုပ်တတ်ချင်တယ်။
အကျွန်ုပ်က ကျေးငှက်တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေမဲ့ သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး"

"ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီး သူတို့ရဲ့အသားကို မစားပါနဲ့။ သူ့အသားကိုစားပြီး သူ့စကားကို နားလည်တာမျိုးက မဖြစ်နိုင်ဘူး။
သက်သတ်လွတ်စားပြီး ခုနှစ်ရက်အတွင်း သူတို့စကားကို အရှင်နားလည်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကို အရှင်လျှို့ဝှက်ထားရမယ်။ တစ်ယောက်ယောက်က သိသွားရင် အစွမ်းပြယ်သွားလိမ့်မယ်"

နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ်။ ဘုရင်ကြီးက နဂါးမင်းပြောတဲ့အတိုင်း လိုက်နာခဲ့တယ်။ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီး စားပွဲတော်ခံနေတုန်း
ပိုးဖလံနှစ်ကောင်ရဲ့ အသံကိုကြားလိုက်တယ်။

ပိုးဖလံတစ်ကောင်က "တော်... ဟိုကြမ်းပြင်မှာကျနေတဲ့ ထမင်းစေ့ကို သွားကောက်ပါလား" လို့ပြောတော့ နောက်ပိုးဖလံတစ်ကောင်က "စားချင်ရင် ကိုယ်တိုင်သွားကောက်ပါလား"

"ကျုပ်မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့။ အစကတော့ ချစ်ပါတယ်ဆို ခုတော့ ထမင်းတစ်စေ့ သွားကောက်ဖို့ တောင် တော်မလုပ်နိုင်တော့ဘူးလား"

"အစားပဲရှိပြီ အလှုပ်မရှိလို့ ၀နေတာပေါ့။ ၀ိတ်လျှော့ပါဆိုတော့ မလျှော့ဘူး။ ဘုရင်နဲ့ မိဖုရားရှေ့မှာ ကျုပ်ကို ထမင်း သွားကောက်ခိုင်းတာ သေခိုင်းတာနဲ့အတူတူပဲ။
ဘာလဲ မင်းနောက်မီးလင်းနေလို့ ငါ့ကို သေကြောင်းကြံတာလား"

ပိုးဖလံနှစ်ကောင် အချီအချပြောနေတဲ့ စကားကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိတော့တယ်။ ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားက ဘာကြောင့်ရယ်တာလဲ မေးတော့
ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြတယ်။

ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်းသောက်နေတုန်း အိမ်ခေါင်မိုးပေါ်က အိမ်မြှောင်နှစ်ကောင်ရဲ့ စကားပြောသံကို ဘုရင်က ကြားလိုက်မိပြန်တယ်။

"ဘေးဖယ် ရှင်မရေ.."

"ဒီလောက်ညဥ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က မုဆိုးမဆီ သွားမလို့လား"

"ဟာ.. ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ။ ဘေးအိမ်ကနဲ့ ငါ ဘာမှမပတ်သက်ဘူး။ လူတကာကို မစွပ်စွဲနဲ့"

"အော်... ကျေးဇူးကန်းရဲ့.. ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား။ နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့ စကားများရတယ်။ မပတ်သက်ရင် ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ"

"ငါ ဘေးအိမ်ကို သွားတာမဟုတ်ဘူး။ မင်း ပူညံပူညံလုပ်လွန်းလို့ နားအေးပါးအေး အပြင်ထွက်ရှောင်မလို့.. ဖယ်စမ်းပါ"

"မဖယ်နိုင်ဘူး ရှင်ရေ... အစကတော့ ကျွန်မကို မခွဲမခွါဘဲ တစ်သက်လုံးချစ်မယ်ဆို။ အခုယူတာ တစ်လတောင် မရှိသေးဘူး။ ရှင်က ကျုပ်ကို ခွါချင်ပြီလား"

အိမ်မြှောင်နှစ်ကောင် လုံးရင်းဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျလာပြီး အမြီးတွေ ပြတ်ကုန်တယ်။ "တောက်.. ဒီတစ်လ အမြီးပြတ်တာ သုံးခါရှိပြီကွ" ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အသံကိုကြားတော့
ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိပြန်တယ်။ မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်တယ်။

အဲဒီနေ့ကစပြီး ဘုရင်ဟာ ရုတ်တရက် ထထရယ်နေတတ်တယ်။ ကြုံရဖန်များလာတော့ မိဖုရားက "ဘုရင်ကြီး တစ်ခုခုကို လျှို့ဝှက်ထားပုံရတယ်။ ငါ့အသက်နဲ့ မခြိမ်းခြောက်ခဲ့ရင်
သူပြောပြမှာ မဟုတ်ဘူး" ဆိုပြီး ဘုရင်ကြီးရယ်တဲ့ အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကိုအဆုံးစီရင်မယ်လို့ မိဖုရားက ခြိမ်းခြောက်တော့တယ်။

ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့ "ခဏနေအုန်း.. ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက်အုန်းမယ်။ ပြန်လာရင် ပြောပြမယ်" ဆိုပြီး ထွက်ခဲ့တယ်။
နန်းတော်ရဲ့ တစ်နေရာ ဆိတ်ခြံကိုတွေ့တော့ ဆိတ်နှစ်ကောင် စကားပြောနေတာကို ဘုရင်ကြီးက ကြားမိတယ်။

"ကျွန်မမှာ ကိုယ်လေးလက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ"
"လမ်းလျှောက်နေရက် အကောင်းကြီးကနေ ကျုပ်ကို ဘာလို့ပိုးခိုင်းရတာလဲ"
"ရှင်မပိုးရင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မှာနော်"
"ရော်... ဘယ်နှယ့် အဲဒီလို တုံးအတဲ့အတွေးရှိရတာလဲ ရှင်မရယ်။ အဲဒီစကား ဘယ်က သင်ခဲ့တာလဲ ပြောစမ်း"

"ခုနားက ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ။ မိဖုရားက ကိုယ့်ကိုယ် သတ်သေ မယ်ဆိုပြီး တောင်းဆိုတာကို ဘုရင်က ချက်ချင်းပဲ လိုက်လျှောခဲ့တယ်။
ကိုယ့်ကိုယ်သတ်သေတယ်ဆိုတာ လက်နက်ကောင်း တစ်မျိုးပဲ။ ဒါကြောင့် ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား...? မချစ်ဘူးလားလို့ စမ်းကြည့်တာ"

"ဟား...ဟား.. မင်း အရမ်းတုံးအတာပဲ။ ကိုယ့်ကိုယ်အဆုံးစီရင်တယ်ဆိုတာ ကမ္ဘာပေါ်မှာရှိသမျှ အပြုအမှုထဲက ရယ်စရာအကောင်းဆုံးနဲ့ အတုံးဆုံး။
သတ္တ၀ါတွေထဲမှာ လူတွေကလွဲရင် ဘယ်သတ္တ၀ါကမှ ကိုယ့်ကိုယ် အဆုံးစီရင်တဲ့လမ်း မရွေးဘူး။ သတ္တ၀ါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်။ ကိုယ့်အသိနဲ့ ကိုယ်အသက်ရှင်တယ်။
ကိုယ့်ကိုယ်အဆုံးစီရင်တာကို တစ်ခြားလူက ကြားခံပြီး လာသေပေးလို့မရဘူး။ လူတွေလို ကိုယ့်ကိုယ်အဆုံးစီရင်ချင်သလား..? ကိုယ့်ကိုယ် ဆိတ်ပီသအောင် ကျင့်ကြံမလား..?
ကြိုက်ရာလမ်းကို ရွေးပေးတော့"

ဆိတ်ဖို ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွားတယ်။ ဘုရင်က သူတို့ပြောတဲ့ စကားကိုနားထောင်ပြီး "ငါဟာ တိုင်းပြည်ရဲ့ အရှင်သခင် ဘုရင်လို့သာပြောတယ်။
ငါ့ရဲ့ အသိဥာဏ်က ဆိတ်တစ်ကောင်ရဲ့ အသိဥာဏ်လောက် တောင် မရှိပါလား" လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့ နန်းတော်ထဲ ပြန်ခဲ့တယ်။

မိဖုရားကိုတွေ့တော့ ဘုရင်က"နှမတော်နဲ့ အတူနေချိန် မောင်တော်အမြဲရယ်ဖြစ်တာက ဟိုးအရင်က နှမတော်နဲ့အတူ ပျော်ပါးခဲ့တဲ့ အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ။
စားသောက်နေချိန်မှာလဲ သတိရတယ်။ အပန်းဖြေချိန်မှာလဲ သတိရတယ်။ အစဉ်အမြဲ သတိရနေလို့ပါပဲ နှမတော်"

"ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ"

"စိတ်ထဲမှာ ထားပြီး တမြေ့မြေ့နဲ့ အောက်မေ့နေရတာက ပိုချိုမြိန်တယ်လေ နှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့ ပုလင်းတစ်လုံးလိုပေါ့။ အဖုံးဖွင့်လိုက်ရင် ရနံ့တွေပြန့်လွှင့်ကုန်တယ်"

ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကိုကြားတော့ မိဖုရားက ၀မ်းသာပီတိဖြစ်ရတယ်။ ဘုရင်က ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိတယ်။

"လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတုယူထားစမ်းပါ"
"ရှင်လဲကျွန်မကို အဲဒီလို စကားမျိုးပြောရင် ရှင့်ကိုကျွန်မ ရန်မရှာတော့ဘူး"
ဘုရင်ကြီး ရယ်လိုက်မိပြန်တယ်။

***********************************

"နှစ်သက်တယ်"ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး
"ချစ်တယ်"ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့်အရောင်လေးပေါ့။

အချစ်တွေ အများကြီးရလိုက်လို့ ဘ၀ဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။
အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘ၀ဟာ ပိုတန်ဖိုးရှိသွားတာ။

လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။ ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။
ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့ တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့ ပုရွက်ဆိတ်နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?

စကြ၀ဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်တော်တို့ လူဆိုတာ မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ ပုရွက်ဆိတ်လေးနှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..?
နှုတ်ဆက်ခွင့်ရနိုင်မလဲ?

လူ့ဘ၀ထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား?
လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား?
သူငယ်ချင်းလို့ အမည်တပ်ဖို့ လွယ်ကူပါသလား?
စကားလေး တစ်ခွန်းပါပဲ ....
"တန်ဖိုးထား မြတ်နိုးပါ"

တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါတယ်။
"ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့် ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး" တဲ့.....



ဖြိုးဇာနည့်ည့၁၀း၃၀တိတိ

Links to this post
1

အမှတ်တရ သင်္ကြန်

Posted by ဖြိုးဇာနည် on Friday, March 13, 2009 in
အမှတ်တရ သင်္ကြန်

"ပန်းခင်းကြီးထဲရောက်သလို ဖြူနီပြာဝါရောင်စုံ......သကြန်မယ်တွေ ဟိုမှာကြည့် "


အပြင်ဘက်မှာ သီချင်းသံတွေကပျံ့လွင့်နေတယ်။ ဒီနေ့က သင်္ကြန်အကျနေ့ပဲ။ ကျွန်တော်ကသင်္ကြန်ရှေ့ရက်တွေတုန်းက ဘာမှမလုပ်ခဲ့
သလို ဒီနေ့အကြတ်ဒုတိယနေ့လည်း တိုက်ပေါ်ကနေပြီးပဲ လမ်းထဲမှာရှိတဲ့ ကလေးတွေပျော်ပျော်ပါးပါးရေပက်ကစားနေကြတာကိုသာ
ငေးမောကြည့်နေမိတယ်။ကလေးတွေကို ကြည့်နေပေမယ့် ကျွန်တော့် ရဲ့စိတ်ကတခြားကိုရောက်နေတယ်။ မနက်ဖြန်ရောက်မယ့် အရေး
ကိုကျွန်တော်စောင့်နေခဲ့တာကြာပြီ။ မနက်ဖြန် ဒေး နဲ့ ကျွန်တော်အတူတူမဏ္ဍပ်မှာ ရေပက်ဖို့ချိန်းထားကြတာလေ။ မနှစ်ကတည်းက ဒီစိတ်ကူး ကျွန်တော့် ဆီမှာရှိပေမယ့် အကောင်အထည်မဖော်ဖြစ်ခဲ့ဘူး။ ဘာလို့လဲဆို ဒေး က ကျွန်တော် အနားမှာမှမရှိတာ။ ဒီနှစ်တော့
ကျွန်တော် ရဲ့ အိပ်မက်အကောင်အထည်ပေါ်ပြီပေါ့။ကျွန်တော် ဒီအကြောင်းကိုပြောတော့ ဒေး ကချက်ချင်းပဲ ၀မ်းသာအားရသဘောတူ ထောက်ခံခဲ့တာ။ကျွန်တော် က ဒေး နဲ့ဆင်တူဝတ်ချင်လို့ဆိုပြီး အကျီင်္ဆင်တူဝယ်ပြီး ဒေး ကိုလက်ဆောင်ပေးခဲ့ပါတယ်။

ကျွန်တော်စောင့်နေရတဲ့ရက်ရောက်လာပြီဆိုရင်တော့ မနက်မိုးလင်းလင်းချင်း ဘုရားဝတ်ပြုတယ်။ ပြီးတော့ ဒေး ပေးကိုထားတဲ့ ဒေး နဲ့ဆင်တူအကျီင်္လေးဝတ်ပြီး ချစ်ရတဲ့ ဒေး အတွက် အသပ်ရပ်ဆုံးပြင်ပြီး စောင့်နေမိတော့တာပဲ။

ခိုင်ဇော်လတ် တို့ကလည်းကြာလိုက်တာ။ ဒေး တော့စောင့်နေရတော့မှာပဲ။ အမှန်က ကျွန်တော် ကိုယ်တိုင် ဒေးအိမ်သွားကြိုသင့်မှန်း
ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒေး ရယ်.... ကိုယ့် မိဘတွေရှေ့ကနေတော့ ကို ဒီအတိုင်းထွက်သွားဖို့ မသွားရဲပါဘူး ပြီးခဲ့တဲ့နှစ်
သင်္ကြန်တုန်းက ဒေး မရှိတုန်းကိုထွက်လည်ရင်းဆိုင်ကယ်မှောက်ပြီး ခြေထောက်ကျိုးသွားခဲ့တယ်လေ့အခုနှစ်သင်္ကြန်မှာတော့ ကို့
ကိုဖေဖေ က ကို့ ကိုထွက်လည်ဖို့ ပါမစ်ပေးမထားလို့ပါ။အခုတောင်ခိုင်ဇော်လတ် တို့ကို ဖေ့ဖေ့ကိုပြောပြီး ကို့ ကိုခေါ်ထုတ်ပေးဖို့အကူ
အညီတောင်းထားရတာ။နောက်ကျနေတဲ့ ခိုင်ဇော်လတ် တို့ကို မျှော်နေတုန်းမှာပဲ သူတို့ရောက်ချလာပါလေရော။

"ဦး....အန်တီ...ကျွန်တော်တို့ ဇာနည့် ကို ခဏခေါ်သွားမယ်နော် "

ခိုင်ဇော်လတ် ကဦးဆောင်ပြီး ကျွန်တော့် မိဘတွေကို ခွင့်တောင်း
လိုက်တယ်။

"အေးကွယ်....အန်တီတို့စိတ်ချမယ်နော်...သားတို့ သမီးတို့ သူငယ်ချင်းက သိပ်သွားချင်နေတာ "

"စိတ်ချပါ အန်တီ....ညခုနစ်နာရီ နောက်ဆုံးထားပြီး အိမ်ပြန်ပို့ပါ့မယ် " လို့ ခိုင်ဇော်လတ် က ထပ်ပြီးအာမခံလိုက်တယ်။

"စိတ်မပူပါနဲ့ မေမေတို့ရယ်....သား ကလေးပေါက်စနလေး မဟုတ်တော့ပါဘူး "

"အေး...အေး....သွားမယ်ဆိုလည်း သွားတော့လေ....သားသူငယ်ချင်းတွေ စောင့်နေရပြီ "

"တာ့တာ "

ကျွန်တော် ဖေဖေနဲ့ မေမေ့ကို နှုတ်ဆက်ပြီး ဒေး တို့ရှိနေမယ့်မဏ္ဍပ်ကို လာခဲ့တော့တာပေါ့။ သင်္ကြန်ကချစ်ဖို့ကောင်းလိုက်တာ ဒေး ရယ်။ ခါတိုင်းနှစ်တွေနဲ့မတူ ထူးထူးခြားခြား ပိတောက်ပန်းတွေကိုလည်း အပင်တွေပေါ်မှာ ၀င်းဝါလို့တွေ့နေရတယ်။ ပိတောက်နံ့လေးတွေ
တောင်ရနေသလိုပဲ။မနက်စောသေးတာတောင်မှ ကားလမ်းတွေက ကျပ်ချင်နေပြီ။ သူငယ်ချင်းတွေ အားလုံးတစ်ယောက်တစ်ပေါက်နဲ့
စနောက်နေကြပေမယ့် အဲဒီထဲမှာ ကျွန်တော် မပါခဲ့ဘူး။

ဒေး နဲ့တွေ့ဖို့ပဲ ကျွန်တော် တွေးနေမိခဲ့တယ်။ မဏ္ဍပ်နားနီးလာလေလေ အရင်ကထက် နှစ်ဆရင်ခုန်လေလေပဲ။

"ဇာနည်....မင်းကတိတ်လှချည်လား.့ဒေးနဲ့တွေ့ရဖို့အရေး ဒီလောက်တောင်ရင်ခုန်နေတယ် ဟုတ်လား "

"ခိုင်ဇော်လတ်ကကွာ သိရဲ့သားနဲ့မေးနေပြန်ပါပြီ....ငါဒီရက်ကို စောင့်နေခဲ့တာ မနှစ်က သင်္ကြန်ကတည်းကပါ "

"မနှစ်က မင်းရဲ့ ဒေး မရှိလို့ဆိုပြီး စိတ်ညစ်ညစ်နဲ့ဆိုင်ကယ်မောင်းတော့ဆိုင်ကယ်မှောက်ပြီးသင်္ကြန်တောင် ထွက်မလည်နိုင်ပဲ အိမ်တွင်းအောင်းနေခဲ့ရတယ်လေ မင်းမမှတ်သေးဘူးလားကွ "

"ဟုတ်တယ်လေ........ဒါကြောင့် ဒီနှစ်အတိုးချပြီး ပျော်ရမယ် "

ခိုင်ဇော်လတ်နဲ့ ကျွန်တော် စကားပြောနေတုန်း မဏ္ဍပ်ပေါ်ရောက်နှင့်နေပြီဖြစ်တဲ့ ဒေး ကကျွန်တော်ရဲ့ အမြင်အာရုံထဲဝင်လာတယ်။ ကျွန်တော်ရင်ခုန်နှုန်းတွေ သိသိသာသာမြန်နေတယ်။ ဟေးဟေး ဟားဟားအသံတွေနဲ့ ကျွန်တော် တို့အုပ်စုကိုမြင်တာနဲ့ ဒေး ကားဆီကို ပြေးလာတော့ပါပဲ။

"ကို....ဒီနေ့သိပ်လှနေပါလား "

ဒေး ပါးစပ်ကဒီလိုပြောတော့ ကျွန်တော် စိတ်ချမ်းသာလိုက်တာ။ ကျွန်တော်ပြန်ပြောတဲ့ စကားမှာတောင် ကျေနပ်သွားတဲ့အရိပ်အ
ယောင်တွေ ပါသွားတယ်ထင်ပါရဲ့။

"တကယ်ပြောတာလား ဒေး"

"တကယ်ပြောတာပေါ့ ကို ရဲ့ "

"ဒေး နဲ့ဆင်တူတဲ့အကျီင်္ကြောင့်ထင်တယ် "

"ဟုတ်ပါဘူးကွာ.....ဒေး ချစ်သူက လှပြီးသားပါ "

ဒေး ကလည်း ကျွန်တော် နဲ့အကျီင်္ဆင်တူလေးကို ၀တ်ထားတယ်။ ဒေး ကကျွန်တော် ခေါင်းပေါ်မှာဦးထုပ်လေးဆောင်းပေးဖို့ အရေးခြေဖျားထောက်ပြီးကြိုးစားနေတာကို ကျွန်တော် တွေ့လိုက်တယ်။ ဒါတောင် ကျွန်တော် အရပ်ကို ဒေး မမီချင်ဘူး. ကျွန်တော် ကခါးလေးကိုင်းပြီး ခေါင်းလေးညွတ်ပေးလို့သာ အဆင်ပြေသွားတာ။

"ဒေး......ဦးထုပ်က ကို နဲ့သေးနေတယ်ကွာ "

ဒေး ဦးထုပ်ကိုယူကြည့်လိုက်တယ်။ ကျပ်နေမှာပေါ့။ ဦးထုပ်က အကျပ်ဆုံးကို လုပ်ထားတာကိုး။ အဲဒါနဲ့ပဲကျယ်ပေးပြီးကျွန်တော်ခေါင်း
မှာပြန်ဆောင်းပေးတယ်။

ကျွန်တော် ကတော့ ခုနကအတိုင်း ခေါင်းလေးညွတ်ပေးလို့ပေါ့။

"ရပြီလား....ကို "

"အင်း....ရပြီ "

"တော်သေးတာပေါ့.....မဟုတ်ရင်ကို့အတွက် ဒေး ပေးတဲ့ လက်ဆောင် အလကားဖြစ်တော့မလို့ "

ဒေး အတွက် ကျွန်တော် က အကျီင်္လေးလက်ဆောင်ပေးတော့ ဒေး ကလည်း ကျွန်တော် ကို ဒေး နဲ့ဆင်တူဦးထုပ်လေး လက်ဆောင်ပြန်ပေးတာလေ။ ကျွန်တော် နဲ့ ဒေး က သူများတွေကြားမှာတော့ မျက်စိနောက်စရာဖြစ်နေမှာနော်။ အကျီင်္ဆင်တူ၊ ဦးထုပ်ဆင်တူနဲ့။ မဏ္ဍပ်ရေဖွင့်တာနဲ့ ကျွန်တော် ဒေး ရဲ့ လက်ကိုဆွဲပြီး သူများတွေထက်အရင် မဏ္ဍပ်ပေါ်ပြေးတက်မိတယ်။

"လာ....ဒေး...ရေဖွင့်ပြီ "

"ကို ရယ်...ဖြေးဖြေးလုပ်ပါ.....မဏ္ဍပ်ကြီးက ဘယ်မှ ထွက်မပြေးပါဘူး "

"သိပါတယ် ဒေး ရာ.....မြန်မြန်လာပါ "

ကျွန်တော် လှေကားပေါ်ကို စိတ်စောစောနဲ့ ပြေးတက်လိုက်တာချော်ကျမလို ဖြစ်သွားတာကို ဒေး ကထိန်းပေးလိုက်လို့ တော်သေး
တယ်။ မဟုတ်ရင်တော့ ဘာဖြစ်ပြီလည်းမသိဘူး။ ကျွန်တော် အကျင့်အတိုင်းပဲလို့ ဒေး က ကျွန်တော် ကို ဆူတော့တာပဲ။

"ဒေး ပြောနေသားနဲ့.....ကံကောင်းလို့ ပြုတ်မကျတာ....ကို နော်....ဒေး စိတ်မချရအောင် "

"ဟုတ်ပါတယ်....ဒေး ရဲ့...ကို့ ရဲ့ ဆရာကြီးရဲ့ "

"လာရွဲ့မနေနဲ့.....ကို့ ကိုစိတ်ပူလို့ ဒေး ကပြောတာ "

"ရွဲ့ပါဘူး ဒေး ရာ......ဒေး စိတ်ဆိုးတဲ့ပုံကလည်း ချစ်စရာလေး "

ကျွန်တော် ကစူပုပ်ပုပ်လုပ်နေတဲ့ ဒေး မျက်နှာလေးကို သာသာလေးလှမ်းပုတ်လိုက်ပြီး ပြောလိုက်တော့ ဒေး ကချက်ချင်းပဲရယ်တယ်။ ကျွန်တော့် ကို စိတ်မကောက်တတ်တာ ဒေး ရဲ့အကျင့်ပဲလေ။ မဏ္ဍပ်ပေါ်မှာ ဒေါင့်လေးမှာပဲနေဖို့ ဒေး နဲ့ ကျွန်တော် ရွေးလိုက်တယ်။ ဒေး ကတစ်ယောက်တစ်ပိုက် မယူဘူး။ တစ်ပိုက်ပဲယူမယ်ဆိုပြီး ဒေး ကရေပိုက်တစ်ပိုက်ပဲ ယူတယ်။

"ဘာလို့လဲ ဒေး ရဲ့.....တစ်ယောက်တစ်ပိုက်ပေါ့ "

"ဟင့်အင်း....တစ်ပိုက်ပဲကောင်းတယ် ကို "

"ဘာလို့လဲ "

"သိရမှာပေါ့ ကို ရဲ့ "

ဒေး အကြံကို အဲဒီတော့မှသိလိုက်ရတယ်။ကျွန်တော့် နောက်မှာ ဒေး ကရပ်ပြီး ကျွန်တော် ခါးကိုသိုင်းဖက်ပြီးတော့ ရေပိုက်ကိုင်ထားတဲ့ ကျွန်တော် ရဲ့ လက်ကိုကပါအုပ်ကိုင်လိုက်တယ်လေ။

"ကဲ...ကို....တစ်ပိုက်တည်းယူရတဲ့ အကြောင်းသိပြီလား "

"သိပြီခင်ဗျ "

"ကြည့်စမ်း.....ယဉ်ကျေးလိုက်တာ "

ဒေး က ကျွန်တော် ရဲ့ ပါးကိုမနာအောင်ဆွဲညှစ်လိုက်တယ်။ ပြီးတော့ ကျွန်တော့် လက်မောင်းကိုပါ ငုံ့နမ်းလိုက်သေးတယ်။ကျွန်တော် အရပ်က အရှည်ကြီးလေ။ ဒေး ကသာမန် အရပ်ပဲဆိုတော့ ဒေး ရဲ့အနမ်းက လက်မောင်း မှာပဲရောက်နေတာပေါ့။ ဒေး ရင်ခွင်က နွေးထွေးလိုက်တာ။

ဒေး ချစ်သူဖြစ်ရတာ တကယ်တော့မလွယ်ဘူး။ဒေး က ရုပ်ချောရုံတင်မကဘူး။ လူတော်တစ်ယောက်ဆိုရင်လည်း မမှားဘူးလေ။ သူများတွေ အမြင်မှာတော့ ကျွန်တော် ကကံကောင်းသူပေါ့။ အမှန်တော့ ဒေး ချစ်သူဖြစ်ရတာ သိပ်ပင်ပန်းမှန်း ကျွန်တော်သာ အသိဆုံးပါ။

"ကို ....ဘာတွေစဉ်းစားနေလဲ...ငြိမ်ချက်သားကောင်းနေလိုက်တာ "

"ဘာမှမဟုတ်ပါဘူး ဒေး ရဲ့....ဒေး နဲ့တွေ့ခဲ့တဲ့အကြောင်း ကိုနဲ့ချစ်သူဖြစ်ခဲ့တဲ့ အကြောင်းတွေကို ပြန်စဉ်းစားနေမိလို့ပါ "

"ကို က ပျော်စရာတွေပြန်စဉ်းစားနေတာကိုး "

"အင်း....ဒေး ကို ကို စတွေ့တဲ့နေ့က ဒေး အရမ်းပျော်နေတာနော် "

"ဟုတ်တယ်လေ....အဲဒီနေ့က ဆယ်တန်းအောင်စာရင်းတွေ ထွက်တဲ့နေ့လေ.....ကိုယ်နဲ့ မဆီမဆိုင် အောင်စာရင်းလာကြည့်တဲ့ ဒေး ကိုအဲဒီကတည်းက ကိုစိတ်ဝင်စားသွားတာ "

ဒေး ကိုစတွေ့တဲ့နေ့က ဒေး မျက်နှာမှာ အပြုံးတွေပြည့်လို့ပေါ့။ ဒေး ကအဲဒီအချိန်တုန်းက ကိုးတန်းကျောင်းသူလေ။ ဒေး နဲ့ဘာမှမဆိုင်ဘဲ ကျောင်းကိုသွားပြီး ဆယ်တန်းအောင်စာရင်းလာကြည့်တာလေ။ အဲဒီမှာ ကျွန်တော် နဲ့ စတွေ့တာ။
နဂိုကတည်းကမှ လူကြားထဲဆိုထင်းနေတဲ့ ဒေး က ပျော်နေတော့လဲ့အရမ်းစိတ်ဝင်စားခဲ့တာ. ကျွန်တော် စိတ်ဝင်စားရတဲ့ ဒေး နဲ့ ဒီနေ့ဒီအချိန်မှာ ဒီလိုပျော်ရလိမ့်မယ်လို့ အဲဒီတုန်းက မမျှော်မှန်းခဲ့မိပါဘူး။ ဒေး ရင်ခွင်ထဲမှာ ပီတိတွေနဲ့ ကျွန်တော် တွေးနေတုန်း ရေပက်ခံကားတွေထဲက တစ်စီးရေခဲရေတွေကို pressure pumpနဲ့ပက်တော့ ကျွန်တော် က ဒေး ကို ကိုယ်နဲ့ကွယ်ပြီးကာပေးထားတယ်။

"အား.....အေးလိုက်တာ "

"ကို ကွယ်ပေးထားတာတောင်မှ အေးတုန်းပဲလား ဒေး ရဲ့ "

"ကို့ ကိုယ်က သိပ်ကြီးတာကိုး....ဒေး ဆီရေရောက်တာပဲ ကိုရဲ့ "

"ဒါဆိုလည်း ဒေး ရေမစိုရအောင် ကိုစီမံပေးမယ် "

ကျွန်တော် ကပြောပြီးတာနဲ့ ဒေး ကိုဖက်ထားလိုက်တာ မလွှတ်တော့ဘူး။ဒေး နဲ့ ကျွန်တော် ရည်းစား သက်တမ်းနှစ်နှစ်အတွင်း ဒီလောက်ထိ ကျွန်တော် အခွင့်အရေးမယူခဲ့သလို ဒေး ကလည်း မပေးခဲ့ပါဘူး။ ဒီနေ့ကတော့ ကျွန်တော် အကြောင်းနဲ့ ကျွန်တော် မို့လို့ ဒေး ကိုအခွင့်အရေးယူမိတာပါ။

စတွေ့တွေ့ချင်းနေ့က ကျွန်တော် အောင်စာရင်းတွေ ထွက်တဲ့နေ့လေ။ ဒီနှစ်ကတော့ ဒေး ရဲ့နှစ်ပေါ့။ ဒီဆယ်တန်းအောင်စာရင်းကို ဒေး
အတွက်ကျွန်တော်အရမ်းမျှော်လင့်ထားတာ။ ဒေး ဆယ်တန်းစာသင်နှစ်တစ်လျှောက်လုံး ကျွန်တော် ဆူတာတွေပဲ ဒေး ခံလာရရှာတာပါ။
ကျွန်တော့် အပြောတွေကို မခံချင်လို့ ဒေး ပိုကြိုးစားဖြစ်တာနေမှာပါ။

"ကို "
"ဘာလဲ ဒေး"

"အရမ်းချစ်တယ်လို့ "

"သြော် "

"ကို ရော "

ကျွန်တော် ကခေါင်းပဲ ညိတ်ပြတာကို ဒေး ကမကျေနပ်ဘူး။

"ပါးစပ်ကပြောပါလား ကို ရာ......ဒေး ကြားချင်လို့ "

"ခဏခဏပြောရင်ပေါ့ပါတယ် ဒေး ရယ် "

"စကားတော်တော်တတ်တဲ့ ငါ့ ချစ်သူလေး "

"ဟင်း ဟင်း "

ဒေး က ကျွန်တော် မေးစေ့ကို မနာအောင်ဆွဲဖျစ်လိုက်တော့ ကျွန်တော် ကြည်နူးမိတာပေါ့။ ဒေး ဘာလို့ အဲလောက်ထိ ချစ်ဖို့ကောင်းရတာလဲ။ ကျွန်တော် နဲ့ ဒေး တစ်နေကုန် မဏ္ဍပ်ပေါ်မှာပျော်ဖို့ကောင်းလိုက်တာနော်။ ထမင်းစားတော့လည်း ဒေး ကတစ်ပန်းကန်တည်းတောင် စားချင်သေးသတဲ့။

"ဒေး ကလည်းကွာ......ထမင်းတော့ တစ်ယောက်တစ်ပန်ကန်စားပါ...... သူများတွေရှေ့မှာမကောင်းပါဘူး "

"ဒါဆိုလည်း ဒေး ကိုခွံ့ကျွေးကွာ "

"ကလေးလေးကျနေတာပဲ "

"ဒေး ကိုချစ်ရင်ကျွေးကွာ "

"ကျွေးပါ့မယ်ဗျာ "

ကျွန်တော် ကဇွန်းလေးနဲ့ခပ်ပြီး ခွံ့ကျွေးတော့ ဒေး ကလည်း ကျွန်တော် ကို တစ်ဇွန်းပြန်ကျွေးတယ်။ သိပ်ချစ်ဖို့ကောင်းတဲ့ ဒေး ပဲ။ ဒီနေ့ကို ကျွန်တော် ဘယ်လိုလုပ်မေ့မှာလဲ???????

"ဒေးလေး "

"ရှင် "

"ဒေးလေး....ဒီနေ့ကိုဘယ်တော့မှ မမေ့ရဘူးနော် "

"ဒေး ကမေ့စရာလား...ကိုသာ မမေ့နဲ့ "

"ကို့အချစ်ဆုံးလေးနဲ့ ပျော်ရတဲ့နေ့ကို ကိုလည်းမမေ့နိုင်ပါဘူး "

"ကို "

"ဘာလဲ "

"ဘာမှမဟုတ်တော့ပါဘူး "

"ဟင်.....ပြောစရာရှိနေသားနဲ့ မပြောတော့ ကိုနင်သွားပြီ "

"နင်သွားပြီလား....ရော့ ရေသောက်လိုက်"

ကျွန်တော် က ဒေး ကို သိပ်ချစ်တာပဲလို့ပြောရင်း ချစ်စနိုးနဲ့ ဒေး ဆံပင်တွေကို အသာဖွတယ်။ ပြီးတော့မှ ကျွန်တော် က_

"ဒေး ဆံပင်တွေက ခါတိုင်းလိုလဲ မဟုတ်ဘူး...ခဲခဲကြီး "

"ကိုကလည်း ဒေး ဆံပင်တွေက ရေစိုနေတာကိုး "

"ဒေး "

"ဘာလဲ "

ဒေး ဆံပင်တွေကို ကိုင်ရင်းကပဲ ကျွန်တော် မေးလိုက်တယ်။ ဒေး မျက်လုံးတွေကြည့်ရတာ အချစ်တွေနဲ့ပြည့်နေသလို ခံစားရတယ်။

"ကို့ကို ဘီးပေး "

"ဘာလုပ်မလို့လဲ "

"ခေါင်းဖြီးပေးမလို့ပေါ့ "

"ကိုကလည်း...ဒေး ဘာသာဖြီးမှာပေါ့.....ကိုကသိပ်စိတ်ရှည်တာလဲ မဟုတ်ပဲနဲ့... ပြီးတော့ဖြီးလည်းမဖြီးတတ်ပဲနဲ့ "

"ပေးပါ ဒေး ရာ "

ကျွန်တော် ကအတင်းပဲဘီးကိုယူပြီး ဒေး ရဲ့ဆံပင်ရှည်ရှည်တွေကို ဖြီးပေးတော့ပါပဲ။ ဘာမဆို စိတ်မရှည်တတ်တဲ့ ကျွန်တော် က ဒီနေ့တော့ ဒေး ရဲ့ရေစိုပြီး ရှင်းရခက်နေတဲ့ဆံပင်ကို စိတ်ရှည်လက်ရှည်နဲ့ အသာအယာဖြီးပေးမိတယ်။ ဒေး နာမှာကိုလည်း ကျွန်တော်စိုးရိမ်နေ
မိသေးတယ်။ ဒေး ကဘယ်လိုလုပ်နာမှာလဲ။ ကိုဖြီးပေးတာအဲလောက်ညင်သာတာကို။

"တော်ပြီနော် ကို....ကျေနပ်တော့ "

"ဘာလို့လဲ "

"ဘာမှမဖြစ်ပါဘူး "

"နာလို့လား ဒေး "

"မနာပါဘူး ကိုရာ....ကိုဖြီးပုံနဲ့ဆိုရင် ဒီနေ့အဖို့ ဒေးဆံပင်ရှင်းမှာ မဟုတ်တော့ဘူး. ဒီလောက်ပဲ ကျေနပ်တော့ပေါ့ "

"ပြီးရော....ပြီးရော "

တစ်ခါတစ်လေ ဒေး သိပ်ဆိုးတာပဲ. ကျွန်တော် ကိုအလကားနေရင်း ချွဲပြနေတာလေ။ တစ်မနက်လုံးပျော်ခဲ့သမျှ ညနေမှာတော့ ကျွန်တော် ငိုချင်နေပြီကို။ မျက်ရည်ဝဲတဲတဲနဲ့ မှိုင်တွေတွေဖြစ်နေတဲ့ ကျွန်တော့်ကို ဒေး ကသတိထားမိတော့_
"ကို......ဘာဖြစ်ရပြန်ပြီလဲကွာ "

"ကို အရမ်းဝမ်းနည်းတာပဲ "

"ကို ရယ် "

"ဒေး....ဒီနေ့က ဒေး နဲ့တွေ့ရတာ နောက်ဆုံးရက်ပဲနော် "

"ကို....မငိုပါနဲ့ကိုရာ......ဒေး ဖုန်းဆက်မှာပေါ့...ပြီးတော့ e-mail လည်းပို့လို့ရတာပဲ......gtalk နဲ့ chat လို့လည်းရတာပဲ.....ကိုနဲ့ ဒေး ရဲ့ စိတ်သာအဓိကပါ......နီးတာဝေးတာက အဓိကမကျပါဘူး ကို ရာ...နော် "

"ဟုတ်တယ်နော် ဒေး...ကို မငိုရဘူး...ဒီနေ့ပျော်ပျော်နေကြရအောင်နော်.... ဒေး ကစာသင်ဖို့သွားတာပဲ......ဒေး ကောင်းဖို့ကို ကိုဘာလို့ဝမ်းနည်းရမှာလဲ "

"ဒါပေါ့ ကို ရာ....ဒီနေ့ညရော နက်ဖြန်တစ်ရက်လုံးပါ ဖုန်းပြောလို့ရသေးတယ်လေ ....ကြာရင်အားလုံးနေသားကျသွားမှာပါနော် "

ဒေး က ကျွန်တော့် ကိုသာ နှစ်သိမ့်နေတာ။ ဒေး မျက်လုံးထဲမှာလည်း မျက်ရည်စတွေနဲ့။ကျွန်တော် အရမ်းထပ်ငိုချင်ပေမယ့် စိတ်ကိုတင်းထားရတာ။ပင်ပန်းလိုက်တာ ဒေး ရယ်။ ဒေး ကနိုင်ငံခြားမှာ စာသွားသင်မလို့တဲ့။ ဒေး ကနှစ်ဆန်းတစ်ရက်နေ့ဆို ကို နဲ့ မြန်မာပြည်ကိုချန်ခဲ့ပြီးသွားတော့မှာကိုး။ ဖုန်းပြောဖို့ကိုပြောထားပေမယ့် ဘယ်လိုလုပ်ပြောမှာလဲ။ ဒေး အလုပ်ရှုပ်နေမယ့်ဟာကို။ ဒေး ထွက်သွားမယ့်နေ့ကို ကို အရမ်းကြောက်နေခဲ့မိတာ။ အခုတော့ရောက်လာခဲ့ပြီပေါ့ ဒေး ရယ်။ ဒေး မရှိတဲ့နေ့ရက်တွေကို ဘယ်လို
ဖြတ်သန်းမလဲဆိုတာ စဉ်းစားရင်းနဲ့သာ့

နှလုံးသားနဲ့ကြိုးစားပါအုံးမယ့်ဖြိုးဇာနည့်ည့၁၀း၀၀ တိတိ

Links to this post
1

လမ်းလျှောက်ရင်းလမ်းပျောက်သလို့

Posted by ဖြိုးဇာနည် on Wednesday, March 11, 2009 in
လမ်းလျှောက်ရင်းလမ်းပျောက်သလို့

ကယ်တော့ ကျွန်တော်ဟာ လောကကြီးကိုငယ်ငယ်ရွယ်ရွယ်နဲ့အရှုံးပေးထားတဲ့သူပါ... ကိုယ့်ကိုယ်ကို ဘယ်နေ့သေမလဲလို့ပဲမျှော်နေ
မိခဲ့တယ်... သေခြင်းတရားကို ကျွန်တော် ကြောက်ပါတယ်.. ဒါပေမယ့် မျှော်လင့်ချက်မဲ့အသက်ရှင်နေရတဲ့ဘ၀ကို ပိုပြီး ကြောက်နေမိ
တယ်....ကျွန်တော့်အသက်က အခု ၂၂ ပေါ့. ဆရာဝန်ဆိုလဲဟုတ်ပါတယ်.. ဒါပေမယ့် ကျွန်တော်ဟာ ဘာမှအသုံးမကျသလိုခံစားနေရ
တယ်.... လွန်ခဲ့တဲ့ ၁ နှစ်တာကာလက အဖြစ်အပျက်ကြောင့်ပေါ့.... အဲ့ဒီကိစ္စအတွက်လဲနောင်တမရပါဘူး.. ရစရာလဲမရှိဘူးလေ... လူတစ်ယောက်ကိုဝင်ကယ်မိတာ နောင်တရစရာမှမဟုတ်တာ...

ဒါပေမယ့် ၀မ်းနည်းစရာတော့ကောင်းပါတယ် .... ကျွန်တော်ဖြစ်ချင်တာ အောင်မြင်တဲ့ ခွဲစိတ်ဆရာဝန်ကြီးပေါ့... ကျွန်တော့်လို ကြိုး
စားတဲ့ ဆရာဝန်ပေါက်စလေးတစ်ယောက်ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်ပါ....ဒါပေမယ့် မျှော်လင့်လို့မရတော့ဘူး... အဲ့ဒီနေ့က ကျွန်
တော်ငိုတယ်.. နာကျင်နေတဲ့ဒဏ်ရာတွေအတွက်မဟုတ်ပါဘူး... ပြိုကျသွားတဲ့ ကျွန်တော့်မျှော်လင့်ချက်တိမ်တိုက်တွေအတွက်ပါ...
သူ စာနာပါတယ်.. သူကြောင့်လို့သူလဲခံစားသွားတယ်.. သူငိုတယ်... အမှန်တော့ သူရဲကောင်းလုပ်ချင်တဲ့ကျွန်တော့်ကြောင့် ပါ.. သူဝင်ကယ်ခိုင်းတာမှမဟုတ်ပဲလေ.. သူနားလည်အောင်ရှင်းပြတယ်... နားလည်မှာပါ... နောက်တော့သူကတိပေးတယ်...

ကျွန်တော်ဖြစ်ချင်တာကိုသူဖြစ်အောင်လုပ်ပေးမယ်.. ဆုံးသွားတဲ့ ကျွန်တော့်ဘ၀အတွက် သူဘ၀ကိုပေးမယ်တဲ့... သူခွဲစိတ်ဆရာဝန်
ကြီးဖြစ်အောင်လုပ်မယ်.... နောက်ပြီး ကျွန်တော်သာတောင်းဆိုရင် သူ တသက်လုံးစောင့်ရှောက်မယ်တဲ့လေ....
ကျွန်တော် နာကျင်နေတဲ့ဝေဒနာတွေကြားက အပြုံးသဲ့သဲ့ပြုံးပြီး “ကတိတည်စေနော်” လို့ပြောခဲ့တယ်ထင်တယ်သိပ်တော့မမှတ်မိ
တော့ပါဘူး နောက်ပြီးသူ့နာမည်လဲမမှတ်မိတော့ပါဘူး.. မှတ်မိစရာလဲမလိုပါဘူး.. ကျေးဇူးတင်ခံချင်လို ကယ်ခဲ့တာမှမဟုတ်တာ....
ဒါပေမယ့် သူအကြိမ်ကြိမ်ခေါင်းငုံးပြီး ကတိပေးသွားတာတော့မှတ်မိပါတယ်... တကယ်ကတိအတိုင်းတည်ရင် သူ့ဘဝအတွက်တော့
ကောင်းတာပေါ့.... အမှန်တော့ ကျွန်တော် ကျေနပ်အောင်ကတိပေးသွားတာပါ... ဆယ်တန်းကို နှစ်ခါကျထားတဲ့ ၁၇ နှစ်အရွယ် ကောင်မလေးတစ်ယောက်က ခွဲစိတ်ဆရာဝန်ဖြစ်ရပါစေမယ်လို့ပြောတာ ရယ်စရာတောင်ကောင်းပါသေးတယ်... အဲ့ဒီလို ဘာမှမ
ဟုတ်တဲ့ တခါမှမသိခဲ့ဘူးတဲ့ ကောင်မလေးတစ်ယောက် အတွက်ကျွန်တော့်ဘဝကိုစတေးခဲ့တာပါဒါပေမယ့်ကျွန်တော်သူ့ကိုအပြစ်မ
တင်သလို.. နောင်တလဲမရပါဘူး... ဒါပေမယ့် ကျွန်တော့် ခြေတွေလက်တွေ လှုပ်လို့မရတော့ဘူး ကျွန်တော်ဝမ်းနည်းပါတယ် ... ကျွန်တော့် မိဘတွေ ပိုပြီးစိတ်မကောင်းဖြစ်မှာစိုးလို့ ကျွန်တော်ဘာမှ ၀မ်းမနည်းသလိုနေပြတယ်... မိဘတွေကလဲ ကျွန်တော့် စိတ်မကောင်းဖြစ်မှာစိုးလို့ ထင်ပါတယ်.. အခုလိုဖြစ်သွားတာ သူတို့အတွက် ဘာမှမဖြစ်သလို.. ကျွန်တော့်ကို တသက်လုံးလုပ်ကျွေး
နိုင်တယ်လို့ပြောတယ်... ကျွန်တော်သိပါတယ်.. သူတို့ခံစားနေရတယ် ... သူတို့က ကျွန်တော့်ကို အောင်မြင်တဲ့ဆရာဝန်ကြီး ဖြစ်စေ
ချင်တာ ကျွန်တော်သိပါတယ်...

ကျွန်တော်ဟာ သူတို့ရဲမျှော်လင့်ချက် ၊ အနာဂတ် လို့ ကျွန်တော်ငယ်စဉ်ကတည်းက ပြောတာ.. အခုထိ နားထဲကြားယောင်ဆဲပါ...
အဖေကတော့ ပိုခံစားရမှာပါ.. အဖေက သူခြေရာကို ကျွန်တော်ကို နင်းစေချင်တယ်လေ... ကျွန်တော်လဲ ကြိုးစားခဲ့ပါတယ်... မျှော်လင့်ချက်လဲကြီးခဲ့ပါတယ်.. ဒါပေမယ့် ဒါတွေဟာ မြူတွေလိုပဲ .. နေအတွေ့မှာပျောက်ကွယ်ကုန်ပြီမဟုတ်လား .. ကျွန်တော်
တွေးပြီး ၀မ်းမနည်းတော့ပါဘူး.. တစ်ယောက်တည်ကျိတ်မငိုတော့ပါဘူး... အခုဆို ဒါတွေဟာ တစ်နှစ်ကျော်တောင်ကြာသွားပြီမ
ဟုတ်လား.. နောက်ပြီး ကျွန်တော် ဒုက္ခိတဖြစ်ပေမယ့် ကျွန်တော်ကြိုးစားတယ်.. ရသမျှလေ့ကျင့်ခန်းတွေအကုန်လုပ်တယ်.. အ
သက်ရှင် နေရင်မျှော်လင့်ချက်ရှိသေးတယ်မဟုတ်လား.. ကျွန်တော်ဇွဲမလျော့ပါဘူး... အရင်ကထက်တောင် ပိုကြိုးစားပါသေးတယ်.. အဲ့ဒီအတွက် ကျွန်တော် ထိုက်တန်တဲ့ ရလဒ်တော့ရပါတယ်။ကျွန်တော်လက်တွေခြေတွေပြန်လှုပ်လို့ရခဲ့တယ်။ကျွန်တော်လမ်းလျှောက်
နိုင်လာတယ်။ပုံမှန်ကြည့်လိုက်ရင်လူကောင်းတစ်ယောက်လို့ထင်အောင်ကျွန်တော်လမ်းလျှောက်နိုင်လာတယ်...

ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာပြီလို့ ထင်ပြီး ပိုကြိုးစားခဲ့ပေမယ့်... တကယ်တမ်းကျတော့မဖြစ်နိုင်တော့ပြန်
ပါဘူး.. အကြာကြီးမရပ်နိုင်သလို လက်တွေမမြဲတဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ခွဲစိတ်ဆရာဝန်ဖြစ်နိုင်မှာလဲ။နောက်ပြီးကျွန်တော့်
ဘယ်လက်က နာကျင်မှု ကလွဲပြီးဘာခံစားချက်မှမရှိတော့ပါဘူး.. ဆရာဝန်တွေ မျိုးစုံပြတော့လဲ အဖြေကသိပ်မကွာပါဘူး.. အာရုံကြောပြတ်သွားတာတဲ့... ကံကောင်းရင် ပြန်ကောင်းနိုင်တယ်။အချိန်အတိအကျမရှိဘူးတဲ့လေ။အဲ့ဒီအချိန်ကစပြီးကျွန်တော့်စိတ်
ဓါတ်တွေ ကျသွားလိုက်တာ.. မျှော်လင့်ချက်မရှိ ဆိုတာထက် ဘာမှမျှော်လင့်လို့မရတဲ့ဘ၀ကို အမြန်ကုန်ဆုံးချင်နေတဲ့.. ဘာမှအသုံးမ
ကျတော့တဲ့ လူတစ်ယောက်ဖြစ်သွားတဲ့အထိပါပဲ.....

ဒေး ဆိုတဲ့ ကောင်မလေးကြောင့်ကျွန်တော့်ဘ၀ အရာရာဆူုံးရှုံးခဲ့တယ်ဆိုပေမဲ့.. မျှော်လင့်ချက်မဲ့နေရာနေ မျှော်လင့်ချက်တွေ ပြန်ရှင်သန်လာအောင် လမ်းပျောက်ရာကနေ လမ်းပြန်တွေ့အောင် ဆက်လျှောက်နိုင်အောင် လမ်းပြနတ်သမီးတပါး လို ဆောင်ကြဉ်းပေးတဲ့ သူဟာလည်း ဒေး ပါပဲ။တကယ်တော့ ဒေး ဟာကျွန်တော်သူ့ကိုကယ်ရင်းနဲ့ကျွန်တော်နဲ့အတူမျက်မမြင်မလေး
အဖြစ်အလင်းပျောက်နေသူလေးဆိုတာကိုကျွန်တော်သိလိုက်ရတဲ့အချိန်မှာပေါ့


ဒေး ရဲ့ပေးခဲ့တဲ့ဂတိကို မတည်နိုင်ဖို့ဆိုတာ ဒေး ကိုယ်တိုင်၁၀၀%သိနေပေမဲ့မျက်မမြင်ဘဝနဲ့ကျွန်တော့်အတွက်သူကြိုးစားနေဆဲ
ဆိုတာကိုကျွန်တော်သိလိုက်ရတဲ့အချိန်မှာတော့ကျွန်တော်ဟာကျွန်တော့်အတွက်သူကြိုးစားနေသေးသ၍ကျွန်တော့်ဘဝကိုအရှုံး
မပေးတော့ဘူးဆိုတဲ့ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချလိုက်နိုင်ခဲ့တယ့်ဒေး အတွက်လားဆိုတာကိုတော့ကျွန်တော့်ကိုယ်ကျွန်တော်
လည်းအခုထိအဖြေထုတ်နေဆဲပါပဲ့


ကြိုးစားပါအုံးမယ့်ဖြိုးဇာနည့်ည့၁၁း၃၅တိတိ

Links to this post
2

ကြီးတော် နဲ့ ပြောရဖို့ အုတ်လိုင်း ကို တွယ်တတ်နေကြရတာ

Posted by ဖြိုးဇာနည် on Tuesday, March 10, 2009 in
ကြီးတော် နဲ့ ပြောရဖို့ အုတ်လိုင်း ကို တွယ်တတ်နေကြရတာ

ဒီလိုပါဗျာ..။
တစ်နေ့ ကိစ္စရှိလို့ မြို့ထဲ အသွား သူငယ်ချင်းတစ်ယောက်ကကျွန်တော် ကို ဖုံးလှမ်းဆက်တယ်..။

" ဟေ့ကောင် online တတ်ခဲ့ဦး..."တဲ့။

ဒါနဲ့ ပြန်ပြောလိုက်တယ်..

" ဟာ..အိမ်မှာ မဟုတ်ဘူးကွ..မြို့ထဲရောက်နေတယ် "ဆိုတော့..

" ရောက်ရာ အရပ်က တတ်ခဲ့ကွာတဲ့.."။

ဒါနဲ့ နီးစပ်ရာ Cyberကနေ online တတ်ပြီး သူငယ်ချင်းနဲ့ စကားပြောနေတုန်း...ဆိုင်ထဲကို ယောင်လည်လည် နဲ့ "တ၀မ်းပူ"
လေးတစ်ကောင်ဝင်လာတယ်..။ (တ = တောသား)ပြီးတော့ ဆိုင်ရှင် အကိုကြီးကိုပြောတယ်...

"အကို ကျွန်တော် ကြီးတော် နဲ့ ပြောလို့ရမလား" တဲ့.။

ဆိုင်ရှင်အကိုကြီးမပြောနဲ့ ကျွန်တော်တို့တောင်မှ ကြောင်သွားတယ်..။ဆိုင်ရှင် အကိုကြီးက

" ဘာ..ဘာဗျ..".ဆိုတော့

" ကျွန်တော့်ကြီးတော် နဲ့ ပြောချင်လို့လေ.." တဲ့..ထပ်ပြောတယ်...။

''ဟာ..မင်း..ကြီးတော်နဲ့ ပြောတာ ငါတို့က ဘယ်လိုလုပ်သိမှာလဲ..။ မင်းဖာသာမင်းပြောပေါ့ကွ''..ဆိုတော့..သူက

''ဟာ..ကျွန်တော် မသိလို့ ခင်ဗျားကိုမေးတာပေါ့ဗျ''...။

ဒါနဲပဲ မနေနိုင်မထိုင်နိုင် ၀င်မေးမိတော့..

" နေပါဦးကွ..မင်း ကြီးတော်က ဘယ်မှာနေတာလဲ.."ဆိုတော့မှ...အဖြစ်မှန်ကိုသိရတော့တယ်...။

" ကျွန်တော် ရွာက ထွက်လာတော့ ရန်ကုန်မှာတည်းတဲ့ ဘကြီးဘုန်းကြီးကပြောလိုက်တာလေ..မင်း ရန်ကုန်ရောက်ရင်
ဖုန်းပြောတာက ဈေးကြီးတယ်...။အင်တာနက်ဆိုင်ကို ရှာပြီးသွား..ပြီးရင် ကျွန်တော် ကြီးတော်ပြောချင်လို့ပါဆို သူတို့ လုပ်
ပေးလိမ့်မယ်...တဲ့ "။

အဲတော့မှပဲ..ကျွန်တော်တို့ အပတ်လည်တော့တယ်ဗျာ....။သူပြောချင်တဲ့...ကြီးတော် ဆိုတာ...ဂျီတော့ပ်(Gtalk) ကိုးဗျ...။
ဂျီတော့ပ်(Gtalk) တောင်မှ ကြီးတော် ဖြစ်အောင် လုပ်တဲ့လူတွေ...။နောက်ပြီးတော့ သူဆက်ပြောတဲ့ စကားကြားတော့ မှ
ကျွန်တော့်တို့ လဲပက်လက်လန်တာပါပဲ..။

" အင်း ဘကြီးဘုန်းကြီးက ပြောလိုက်သေးတယ်...သူက အမြဲတမ်း အုတ်လမ်း မှာရှိတယ်တဲ့ .. မင်းလာချင်တဲ့ အခါ လာခဲ့တဲ့..။"

သူပြောချင်တာ သူငယ်ချင်တို့လဲ သဘောပေါက်မှာပါ....။ဘုန်းကြီးက online မှာ အမြဲရှိတယ်လို့ပြောချင်တာနေမှာပါ..။
သူလုပ်တော့မှပဲ ဘုန်းကြီးလဲ အုတ်လမ်းတွေ တွယ်တတ်နေရပြီလေ..။

ဒါကြောင့်မို့ပေါ့..သူငယ်ချင်းတို့ရေ....
မင်းတို့ ၊ ငါ့တို့တွေလည်း နေ့တိုင်း ကြီးတော် နဲ့ ပြောရဖို့
အုတ်လိုင်း ကို တွယ်တတ်နေကြရတာ မဟုတ်ဘူးလားကွာ...။ ။

ကျွန်တော့်ကိုမမနွယ်ရီထွန်းပို့ပေးလာတဲ့ဟာသလေးပါ။
ရွှင်လန်းချမ်းမြေ့ပျော်ရွှင်ကြပါစေ့ဖြိုးဇာနည့်နေ့လည့်၂း၄၅တိတိ

Links to this post
1

ချစ်ရပါသောမေမေသို့မွေးနေ့ဆုတောင်း

Posted by ဖြိုးဇာနည် on Monday, March 09, 2009 in
ချစ်ရပါသောမေမေသို့မွေးနေ့ဆုတောင်း

မနေ့ကကျွန်တော်postအသစ်မတင်ဖြစ်ခဲ့ဘူး။အကြောင်းရင်းကတော့ကျွန်တော့်ရဲ့ချစ်လှစွာမွေးသမိခင်ချစ်မေမေရဲ့၄၇နှစ်မြောက်
မွေးနေ့ဖြစ်နေလို့ပါ။ကျွန်တော်တစ်နေကုန်မအားပဲနေခဲ့ပါတယ်။မအားအောင်သေချာလုပ်ယူခဲ့တာပါ။ကျွန်တော့်ရဲ့ချစ်လှစွာသောချစ်
မေမေရဲ့မွေးနေ့မှာကျွန်တော်ဟာ မေမေ့ ရဲ့အနားမှာပဲတနေကုန်နေပေးမယ်ဆိုတဲ့ရည်ရွယ်ချက်ကလေးနဲ့တစ်နေကုန် မေမေ့ ရဲ့
နံဘေးမှာပဲကျွန်တော်ပီတိတွေနဲ့အတူရှိနေခဲ့ပါတယ်။ချစ် ဖေဖေ ချစ်မေမေ တို့နဲ့အတူ ကျွန်တော်အပါအဝင်မိသားစုသုံးယောက်ရဲ့
ကျေနပ်ပျော်ရွှင်ဖွယ်ရာအတိပြီးသောနေ့လေးတစ်နေ့ကိုကျွန်တော်တို့မိသားစုသုံးယောက် စုံလင်စွာနဲ့ဖန်တီးနိုင်ခဲ့ကြပါတယ်။
ဒီနေ့လေးမှာပဲကျွန်တော်ပြောပြလို့မတတ်နိုင်တဲ့ပျော်ရွှင်မှုလေးတွေကိုပါရရှိခဲ့ရပါတယ်။လုံးဝထင်မှတ်မထားတဲ့ဝမ်းသာမှုလေးတွေ
ဟာမထင်မှတ်ပဲတစ်ခုပြီးတစ်ခုတိုက်ဆိုင်စွာနဲ့ပဲ မေမေ့ ရဲ့မွေးနေ့လေးမှာရောက်ရှိလာခဲ့ပါတယ်။အတိုင်းမသိကိုဝမ်းသာကြည်နူးခဲ့ရ
တဲ့နေ့လေးတစ်နေ့ပါပဲ။မေမေ့ ရဲ့အခုမွေးနေ့လေးဟာမွေးနေ့မွေးရက်ပါအကုန်လုံးတိုက်ဆိုင်နေခဲ့တာကြောင့်ပိုပြီးပြည့်စုံနေခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲကျွန်တော့် မေမေ ရဲ့မွေးနေ့ဖြစ်တဲ့ မတ်လ(၈)ရက်နေ့ဟာ International Women's Day
ဖြစ်နေခဲ့ပါတယ်။အဲဒီလိုတိုက်ဆိုင်မှန်းကျွန်တော့်တို့မိသားစု မေ့မေ့ ရဲ့မွေးနေ့လေးမှာမသိခဲ့ကြပါဘူး။ဒီနေ့(အခု)မှသာကျွန်တော်
မိုးသောက်(ရှမ်းလေ)ရဲ့blogလေးကိုဝင်လည်ရင်းနဲ့သိလိုက်ရတာပါ။မနေ့ကသာသိခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့မိသားစုတော်တော်
လေးပျှော်ရွှင်မှုဒီဂရီတွေပိုမြင့်တတ်လာကြမှာသေချာပါတယ်။အခုတောင် မေမေ တို့မသိကြသေးပါဘူး။ကျွန်တော်ဒီpostလေးကိုရေး
ပြီးမှပဲ မေမေ နဲ့ ဖေဖေ ကိုသွားပြောပြလိုက်အုံးမယ်။အံ့သြသွားကြမှာသေချာပါတယ်။ကျွန်တော်ဒီblogကလေးကနေပဲ ကျွန်တော့်ရဲ့ချစ်
ရပါသော မေမေ့ မွေးနေ့လေးကိုထပ်မံဆုတောင်းပေးလိုက်ပါတယ်။

မတ်လ(၈)ရက်နေ့မှာကျရောက်သောကျွန်တော့်ရဲ့ချစ်လှစွာသောချစ် မေမေ ရဲ့ ၄၇ နှစ်မြောက်မွေးနေ့မှစ၍ချစ်မေမေသည်
စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့်သည်အသက်၁၂၀တိုင်တိုင်ကျွန်တော်တို့မိသားစုလေးနှင့်အတူပျော်ရွှင်စွာဖြင့်လိုတိုင်းတ
ရနိုင်သောဘဝကိုပိုင်ဆိုင်နိုင်ပါစေသားးးးးးးးးးး



မေမေ့ကိုအသက်တမျှချစ်ရပါသောသားလေ့းဖြိုးဇာနည်

Links to this post
1

ManUနဲ့ရာဇဝင်ကြွေးပုံပြင်

Posted by ဖြိုးဇာနည် on Monday, March 09, 2009 in
ManUနဲ့ရာဇဝင်ကြွေးပုံပြင်

တစ်နေ့သောအခါယုန်နှင့်လိပ်တို့တွေ့ကြလေသည်။
ယုန်က ဟေ့ကောင်ငလိပ် ဘိုးဘွားတွေထားခဲ့တဲ့ ရာဇ၀င်ကိုငါမကြေနပ်ဘူး ဒီတော့ ငါတို့ခေတ်မှာ ငါတို့ယုန်တွေရဲ့ရာဇ၀င်ကိုငါအသစ်ပြန် ရေးချင်တယ် မင်းကသာသွေးမကြောင်ဘူးဆိုရင် မင်းနဲ့ငါအပြေးပြိုင်မယ် ရာဇ၀င်သစ်ရေးတဲ့ ပွဲပေါ့ကွာ ဘယ်နှဲ့လဲမင်းပြီုင်ရဲရဲ့လား

ဟားဟားဟာ ဖိုးယုန်ရာ ရာဇ၀င်ဆိုတာဘယ်တော့မှ ဘယ်တော့မှပျောက်ပျက် သွားမယ့်အရာ မဟုတ်ဘူးကွ

ဒါပေမယ့်မင်းက စိန်ခေါ်လာပြီဆိုမှတော့ ငါကလဲဘိုးဘွားတွေကိုမျက်နှာမငယ် ရပါဘူးစေရပါဘူးကွာ စိန်ခေါ်တော့လဲဘွာ မခတ်ကြေးပေါ့ကွာ

ထိုသို့နှင့်ပင်ယုန်နှင့်လိပ်တို့အပြေပြိုင်ကြလေသည်။

ယုန်သည် ပွဲစသည်နှင့် အားကြိုးမာန်တက်မရပ်မနားပြေးလေတော့သည်

လိပ်သည်လည်း ထုံစံအတိုင်သူခရီးကိုမရပ်မနား နှင်လေသည်။

ယုန်သည်လျှင်မြန်သောပြေးနှုန်းကြောင့် ရှေ့သို့ဦးဆောင်ကာပြေးနေသည် ထိုသို့နှင့်ပင်ယုန်သည်မီးလင်းနေသော အရပ်တစ်ခုသို့ရောက်ရှိလာသည် သူနားချင်လာသည်သို့ပေမဲ့ သူမနားရဲ သူရာဇ၀င်လှန်မည်ဟုပြောထားသော ကြောင့်သူလုံးဝနားလို့မဖြစ် သူအားတင်းကာဆက်ပြေးပါသည်ဒါပေမယ့်တစ် နေရာအရောက်သူခြေလှမ်းတို့ရပ်တန့်သွားသည်။ သူ့မျက်လုံးကဆိုင်ဘုတ် တစ်ခုပေါ်ရောက်ရှိသွားသည် ဘောလုံးပွဲ ဟုတ်ပါသည် ဘောလုံးပွဲမှတကယ့် ဘောလုံးပွဲ စပါးနှင်မန်ယူပွဲ သူစိတ်လေသွားသည်ဒီနေ့ဘောလုံးပွဲရှိမှန်းသာသိ ရင် သူစိန်ခေါ်မိမည်မဟုတ်ပါ ။ ခုတော့ -----

သူစိတ်တွေနောက်ကြည့်နေသည် သူဘောလုံးပွဲကြည့်ရအောင်ဘယ်လိုလုပ်ရပါ့ မလဲ ဖျတ်ကနဲသူစိတ်ထဲမှာအကြံရလိုက်သည်။ ဟုတ်ပြီ သူစိတ်ကူးတွေအကောင် အထည်ဖေါ်ဖို့အတွက် သူငလိပ်ကိုစိတ်ရှည်စွာစောင့်ဆိုင်းလိုက်သည်။ နည်းနည်း လေးကြာသည်နှင့်လိပ်သည်တရွေ့ရွေ့နှင့်ရောက်လာလေတော့သည်။

ဟယ်လို ငလိပ်

ဟယ်လိုဖိုးယုန်

မင်းကိုပြောစရာရှိလို့စောင့်နေတာ

ဘာများလဲ

ဒီလိုကွာ ငါတို့ကခေတ်သစ်မှာရာဇ၀င်ရေးတဲ့ပွဲဆိုတော့ ပြိုင်ပွဲကိုပုံစံကိုတစ်မျိုး ပြောင်းရအောင် ဘယ့်နှယ့်လဲ

အိုကေလေ ဘယ်လိုပြောင်းမှာလဲ

ဒီလိုကွာ မင်းနဲ့ငါအလကားမမောရအောင် ဒီဘောလုံးပွဲကိုလောင်းမယ်လေဘယ့် နှယ့်လဲ

အိုကေ.....ကြိုက်ပြီ မင်းကဘယ်အသင်းလဲ

အင်းငါက စပါးကွာ

အိုကေ ပိုကောင်းတာပေါ့ကွာ ငါကလဲမန်ယူမှမန်ယူပဲ

ဒီလိုနှင့်ပင်ယုန်နှင့်လိပ်တို့အလောင်းအစားဖြစ်မြောက်သွားလေသည်။

အလောင်းအစားကရင်ခုန်စရာကောင်းစွာနှင့်ပင်ပြီးဆုံးသွားသည်။

ပွဲပြီးတော့လိပ်သည်ယုန်၏ပုခုံးကိုပုတ်ကာ

ဘယ်ခေတ်ပဲရောက်ရောက် ယုန်နဲ့လိပ်ရာဇ၀င်ကဒီအတိုင်းပဲသွားမှာပါကွာ

ယုန်ဆိုတာပုံပြင်ထဲမှာလိပ်ကိုရှုံးပြီးသားပါကွာ မကျေမနပ်မဖြစ်ပါနဲ့ အမှန်တရား ကိုလက်ခံလိုက်စမ်းပါကွာ

လိပ်သည်ပြောပြီးသည်နှင်ခေါင်းကိုမော့ရင်ကိုကော့ကာထွက်သွားလေတော့သည်။

ထိုညကစပါးသည်မန်ယူကိုရှုံးနိမ့်ခဲ့လေသည်။ ထိုရှုံးနိမ့်မှု့အတွက်စပါးသည်ဘာမှ ဖြစ်မသွားသော်လည်း ရာဇ၀င်သစ်ရေးမည့် ယုန်ကတော့သနားစရာ ရူးသွပ်သွား လေတော့သည်။အဟိ့အဟိ့မန်ယူကွ

စပါးနှင့်မန်ယူဖလားလုပွဲပြီးတဲ့ညမှာမန်ယူCrazyတစ်ယောက်အနေနဲ့အတွေးရခဲ့သောပုံပြင်မဟုတ်သောပုံပြင်လေးတစ်ပုဒ်ပါ။
ဟုတ်သလိုလိုတော့အရှိသားပဲ့ဟီးဟီး


ကြိုးစားပါအုံးမယ့်ဖြိုးဇာနည်

Links to this post
Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.