1

ချစ်ရပါသောမေမေသို့မွေးနေ့ဆုတောင်း

Posted by ဖြိုးဇာနည် on Monday, March 09, 2009 in
ချစ်ရပါသောမေမေသို့မွေးနေ့ဆုတောင်း

မနေ့ကကျွန်တော်postအသစ်မတင်ဖြစ်ခဲ့ဘူး။အကြောင်းရင်းကတော့ကျွန်တော့်ရဲ့ချစ်လှစွာမွေးသမိခင်ချစ်မေမေရဲ့၄၇နှစ်မြောက်
မွေးနေ့ဖြစ်နေလို့ပါ။ကျွန်တော်တစ်နေကုန်မအားပဲနေခဲ့ပါတယ်။မအားအောင်သေချာလုပ်ယူခဲ့တာပါ။ကျွန်တော့်ရဲ့ချစ်လှစွာသောချစ်
မေမေရဲ့မွေးနေ့မှာကျွန်တော်ဟာ မေမေ့ ရဲ့အနားမှာပဲတနေကုန်နေပေးမယ်ဆိုတဲ့ရည်ရွယ်ချက်ကလေးနဲ့တစ်နေကုန် မေမေ့ ရဲ့
နံဘေးမှာပဲကျွန်တော်ပီတိတွေနဲ့အတူရှိနေခဲ့ပါတယ်။ချစ် ဖေဖေ ချစ်မေမေ တို့နဲ့အတူ ကျွန်တော်အပါအဝင်မိသားစုသုံးယောက်ရဲ့
ကျေနပ်ပျော်ရွှင်ဖွယ်ရာအတိပြီးသောနေ့လေးတစ်နေ့ကိုကျွန်တော်တို့မိသားစုသုံးယောက် စုံလင်စွာနဲ့ဖန်တီးနိုင်ခဲ့ကြပါတယ်။
ဒီနေ့လေးမှာပဲကျွန်တော်ပြောပြလို့မတတ်နိုင်တဲ့ပျော်ရွှင်မှုလေးတွေကိုပါရရှိခဲ့ရပါတယ်။လုံးဝထင်မှတ်မထားတဲ့ဝမ်းသာမှုလေးတွေ
ဟာမထင်မှတ်ပဲတစ်ခုပြီးတစ်ခုတိုက်ဆိုင်စွာနဲ့ပဲ မေမေ့ ရဲ့မွေးနေ့လေးမှာရောက်ရှိလာခဲ့ပါတယ်။အတိုင်းမသိကိုဝမ်းသာကြည်နူးခဲ့ရ
တဲ့နေ့လေးတစ်နေ့ပါပဲ။မေမေ့ ရဲ့အခုမွေးနေ့လေးဟာမွေးနေ့မွေးရက်ပါအကုန်လုံးတိုက်ဆိုင်နေခဲ့တာကြောင့်ပိုပြီးပြည့်စုံနေခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲကျွန်တော့် မေမေ ရဲ့မွေးနေ့ဖြစ်တဲ့ မတ်လ(၈)ရက်နေ့ဟာ International Women's Day
ဖြစ်နေခဲ့ပါတယ်။အဲဒီလိုတိုက်ဆိုင်မှန်းကျွန်တော့်တို့မိသားစု မေ့မေ့ ရဲ့မွေးနေ့လေးမှာမသိခဲ့ကြပါဘူး။ဒီနေ့(အခု)မှသာကျွန်တော်
မိုးသောက်(ရှမ်းလေ)ရဲ့blogလေးကိုဝင်လည်ရင်းနဲ့သိလိုက်ရတာပါ။မနေ့ကသာသိခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့မိသားစုတော်တော်
လေးပျှော်ရွှင်မှုဒီဂရီတွေပိုမြင့်တတ်လာကြမှာသေချာပါတယ်။အခုတောင် မေမေ တို့မသိကြသေးပါဘူး။ကျွန်တော်ဒီpostလေးကိုရေး
ပြီးမှပဲ မေမေ နဲ့ ဖေဖေ ကိုသွားပြောပြလိုက်အုံးမယ်။အံ့သြသွားကြမှာသေချာပါတယ်။ကျွန်တော်ဒီblogကလေးကနေပဲ ကျွန်တော့်ရဲ့ချစ်
ရပါသော မေမေ့ မွေးနေ့လေးကိုထပ်မံဆုတောင်းပေးလိုက်ပါတယ်။

မတ်လ(၈)ရက်နေ့မှာကျရောက်သောကျွန်တော့်ရဲ့ချစ်လှစွာသောချစ် မေမေ ရဲ့ ၄၇ နှစ်မြောက်မွေးနေ့မှစ၍ချစ်မေမေသည်
စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့်သည်အသက်၁၂၀တိုင်တိုင်ကျွန်တော်တို့မိသားစုလေးနှင့်အတူပျော်ရွှင်စွာဖြင့်လိုတိုင်းတ
ရနိုင်သောဘဝကိုပိုင်ဆိုင်နိုင်ပါစေသားးးးးးးးးးး



မေမေ့ကိုအသက်တမျှချစ်ရပါသောသားလေ့းဖြိုးဇာနည်

1 Comments


အခုဒီလထဲမှာ ညီအကိုမောင်နှမတွေ ရဲ့ မိဘတွေ မွေးနေ့ တွေများသား..
အကို ကိုယ်တိုင်က မိဘနဲ့ ညီအကိုမောင်နှမချစ်တတ်သူဆိုတော့
အခုလို ညီ က အမေကိုချစ်တဲ့ သားဆိုတာသိရလို့ 
ညီ ကိုလေးစားချစ်ခင်ပါတယ်..
ညီ့မေမေ သက်တော်ရာကျော်ရှည်လို့ 
ကျမ်းမာချမ်းသာစွာ မိသားစုနဲ့ အတူ ပျော်ရွှင်ကြည်နူးနိုင်ပါစေလို့ 
ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်...

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.