5

မလုပ်သင့်သော ဖြစ်သင့်ခြင်း

Posted by ဖြိုးဇာနည် on Monday, July 30, 2012 in

 နားထဲကိုလေတွေအတောင့်လိုက်ဝင်သွားတယ် ဒါဆိုသူရောက်နေပြီလေ့သူအကျင့်အတိုင်း ကျွန်တော့်နား

ကိုတိတ်တိတ်လေးကပ်လာပြီး နားထဲကိုလေးငွေ့ငွေ့လေးတွေမှုတ်သွင်းပြီးကျီစယ်တတ်သူ့

အပြင်မှာတင်မဟုတ်ပါဘူး နံပတ်မမြင်ရတဲ့ နံရံကပ်အလှသုံးကြိုးဖုန်းလေးကိုသူတမင်ဆက်ပြီး ကျွန်တော်ကိုင်

လိုက်မှနားထဲကိုလေကလေးတွေ ဖူးခနဲ့မှုတ်ထုတ်ပြီးတော့လဲ ပြောတတ်သူကောင်မလေးပေါ့


အဲ့နေ့က မိုးရွာတယ် ၂ယောက်လုံးထီးမပါကြဘူး မယူကြတာပါ မိုးရွာမှန်းသိရက်နဲ့  အခုသွားရအောင်တဲ့ သူ

အရင်စကမ်းလှမ်းလာတယ် ကျွန်တော်ကလဲ ဟုတ်တဲ့ တခွန်းထဲပါပဲ။


လူကြီးတွေသဘောမတူကြဘူး ခိုးတွေ့ရတာလဲပျော်စရာတမျိုးပါပဲ။ဒါပေမဲ့ ဒီနေ့ကျွန်တော်တို့ ၂ယောက်ရင်

ထဲမှာ တုန်ရီနေကြတာချင်းကတော့အတူတူပါပဲ။တိုင်ပင်ထားတဲ့ကိစ္စတစ်ခုကို အကောင်အထည်ဖော်ကြရ

တော့မဲ့အချိန်ဟာလဲ အရမ်းနီးလာပြီကိုးးးးးးးး


သူ့အိမ်ရှေ့ရောက်တာနဲ့ကျွန်တော်ဟွန်းသံပေးလိုက်တယ် သူ့လက်ဖဝါးသေးသေးလေး၂ဖက်ကိုခေါင်းပေါ်ကာ

ရင်းသူပြေးလာတယ်။ကျွန်တော်တံခါးအဆင်သင့်ဖွင့်ပေးထားလိုက်တယ် ပြီးတော့ သူကြိုက်တဲ့သီချင်းလေး

တစ်ပုဒ်ကို ခပ်ငြိမ့်ငြိမ့်လေးဖွင့်ပေးလိုက်ပြီးကျွန်တော်မောင်းထွက်ခဲ့တယ် အဲ့အချိန်မှာ သူ့စကားလေးတခွန်းးးးး

အသံထွက်အောင်ရယ်လိုက်ရင်းနဲ့ တော်တယ်တဲ့


သူဘယ်သွားချင်လဲကျွန်တော်မသိပါဘူး ဒါပေမဲ့ကျွန်တော်တို့သွားသင့်တဲ့နေရာကိုသူသိနေတယ် သူအဲ့ဒီ့နေရာ

ကိုမောင်းခိုင်းတယ်။ကျွန်တော်တို့ တစ်ဘဝစာနီးဖို့အတွက်လို့တွေးမိတာလိုက်တိုင်းကျွန်တော်ပျော်ရပါတယ်။

ဒါကြောင့်တန်းတန်းမတ်မတ်မောင်းလိုက်တယ်။သီချင်းတစ်ပုဒ်ပြီးသွားချိန်မှာ ကျွန်တော်အသံနဲနဲထပ်ချဲ့လိုက်

တယ်။ဒီတော့သူ့လက်ညှိုးလေးထောင်ပြီးကျွန်တော့်နှုတ်ခမ်းနားလာကပ်တယ်။  ကျွန်တော်ပြုံးလိုက်တယ်

ပြီးတော့ သီချင်းကိုပိတ်ပေးလိုက်တယ်။သူ့ရယ်သံတစ်ချက်ကြားလိုက်ရတယ် နောက်ပြီးကျွန်တော့်နားထဲကို

သူ့အသက်ရူသံတချို့လာရိုက်ခတ်လိုက်ပြီး လေသံတိုးတိုးလေး တစ်ခုနားထဲတိုးဝင်လာတယ် ရှင့်ကိုချစ်တယ်

တဲ့


ကျွန်တော်ပြုံးနေမလား J ပြုံးနေတာမှ အသံကိုမထွက်နိုင်လောင်အောင်ကိုပြုံးနေမိတာပါ သူနဲ့ကျွန်တော်

ချစ်သူဖြစ်ခဲ့တာကြာပေမဲ့ ကျွန်တော်မပြောခိုင်းပဲသူအဲ့လိုသိပ်ပြောလေ့မရှိပါဘူး တစ်ခါတစ်ခါသူစိတ်ကူးပေါက်

လို့ အဲ့လိုလေးပြောလာရင် ကျွန်တော်သိပ်ကိုပျော်ရပါတယ်။အပျော်တွေနဲ့အတူ အချိန်တစ်ခုကို ကျွန်တော်တို့

ကျေနပ်စွာကုန်ဆုံးပစ်လိုက်ကြတယ်။ပြီးတော့ မိုးရွာထဲလမ်းလျှောက်ဖြစ်ကြတယ် လမ်းလျှောက်နေရင်းသူ

ငိုတယ် ပြီးတော့သူကျွန်တော့်ကိုပြုံးပြတယ် နောက်ပြီးသူ ကျွန်တော့်လက်ကိုတွဲဆုပ်လိုက်ပြီး အသံထွက်

အောင်ကို ရယ်မောလိုက်သေးတယ် ဟုတ်ပါတယ်သူပျော်မယ်ဆိုရင်လဲပျော်နိုင်ပါတယ် ကျွန်တော်တို့အောင်

မြင်သွားခဲ့ပြီလေ့


ညနေစောင်းတော့ သူနှုတ်ခမ်းလေးမှာအရောင်တွေလွှင့်သွားခဲ့တယ်။ကျွန်တော်တို့နှုတ်ဆက် အနမ်းတွေမ

ပေးဖြစ်ကြတော့ပဲအိမ်ပြန်ချိန်ကိုရင်ဆိုင်နိုင်ခဲ့တယ်။သူ့အိမ်အထိလိုက်ပို့ပေးရင်း မိုးရေတွေစိုပြီးချမ်းနေတဲ့

သူ့ကို အပြုံးနွေးနွေးလေးတစ်ပွင့်နဲ့ကျွန်တော်နှုတ်ဆက်ခဲ့တယ်။တစ်ယောက်ထဲအပြန်လမ်းမှာပြုံးနေရင်း

သူထိုင်သွားတဲ့ ထိုင်ခုံကူရှင်လေးမှာစိုနေတဲ့မိုးရေတွေကို လက်ကလေးနဲ့ပွတ်သပ်မိလိုက်သေးတယ်။


ညရောက်တော့သူဖုန်းဆက်လာတယ် ဖျားပြန်ပြီတဲ့။သူနေမကောင်းတာကြာပါပြီ ဒါပေမဲ့ သူမိုးကိုချစ်တယ်

ဆိုတာသိတဲ့အတွက် ကျွန်တော်အလိုလိုက်မိသွားတယ်။အခုတော့သူဖျားပြန်ပြီလေ။ဒါဟာသူ့ကြောင့်လား

ကျွန်တော့်ကြောင့်လားမသိပေမဲ့ ကျွန်တော်တို့၂ယောက်လုံးတစ်ယောက်ကိုတစ်ယောက်အလိုလိုက်မိကြတာ

ကြောင့်ဆိုတာတော့အမှန်ပါပဲ။ကျွန်တော်မတောင်းတဲ့အရာတစ်ခုကိုသူပေးခဲ့တယ် သူမတောင်းတဲ့အရာတစ်

ခုကိုလဲကျွန်တော်ပေးခဲ့တယ်။ဒါဟာ အပြစ်တစ်ခုကိုဖန်ဆင်းလိုက်တာများဖြစ်သွားမလား။ဘယ်လိုအပြစ်ပဲ

လို့ယူဆယူဆ ဒါဟာကျွန်တော်တို့၂ယောက်နီးစပ်ဖို့ပဲမဟုတ်ပါလား။


ဒီစာမေးပွဲသာအောင်ခဲ့မယ်ဆိုရင် နောက်၂လ ၃လ အတွင်းသူနဲ့ ကျွန်တော်တို့သေချာပေါက် လက်ထပ်ကြ

ရပါတော့မယ်။ ဘယ်သူတွေဘယ်လိုပဲသဘောမတူခဲ့မတူခဲ့ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့ ၂ယောက်

ဘယ်လိုမှမဝေးနိုင်တော့ပါဘူး။ ဖြူစင်တဲ့အချစ် တွေကို အရောင်ဆိုးပြီး ရင်းနှီးလိုက်ကြတဲ့ ချစ်သူ၂ယောက်

ပါပဲ။ဒီရင်းနှီးမူကြောင့် သူပြို့အန်လိမ့်မယ် နောက်ပြီးသူအဆူခံရလိမ့်မယ် ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက်

ရဲ့ ဘဝ၂ခုကတော့ ရာသက်ပန်ပေါင်းကြရတော့မှာပါ့


အဆုံးသတ်ရလဒ်ကတော့ <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3

 
ဘာရယ်မဟုတ်ပါဘူး တွေးကြည့်တယ် လက်တွေ့ဘဝထဲမှာဖြစ်ပျက်နေတတ်တာတွေကိုဝင်ခံစားကြည့်တယ်။လွဲ
ချော်နေမလား အတွေးက ရိုင်းနေမလား ကိုယ့်ကိုကိုယ်လဲ ဝေခွဲမရဘူးဖြစ်နေတယ် ဒီ post  လေးကိုလဲတင်
ရင်ကောင်းမလား မတင်ပဲထားရင်ကောင်းမလား အကြိမ်ကြိမ်ဝေခွဲမရလဲဖြစ်ရပါတယ် ကိုယ့်စာတပုဒ်ကြောင့်
စာဖတ်သူတွေ အထင်မှားသွားမှာလဲစိုးရိမ်မိတယ် နောက်ဆုံးတော့ ကျွန်တော်ဇာနည်ရဲ့ ထုံးစံအတိုင်းပါပဲ
ဖြစ်ချင်ရာဖြစ်ကွာ ကိုယ့်စိတ်ထဲသန့်ရင်ပြီးတာပဲဆိုပြီးတင်ပစ်လိုက်တယ်။တခါတလေ ရိုင်းသွားမယ်ဆိုရင်
ဒီနေရာလေးကနေပဲ စာဖတ်သူတို့ကို တောင်းပန်လိုက်ရပါတယ်။ကလေးသူငယ်တွေ ဖတ်မိရင်လဲအတွေး
သက်သက် Post လေးတစ်ပုဒ်မို့နားလည်ပေးစေချင်ပါတယ်။ ကြိုးစားလျှက့်

ဖြိုးဇာနည့်ည့၁၁ နာရီ ၅၅ တိတိ

Links to this post
9

ဇတ်သိမ်းပေးတဲ့ အပြုံး

Posted by ဖြိုးဇာနည် on Tuesday, July 10, 2012 in

ကြော်ငြာထဲမှာတွေ့လိုက်တာပါ ဆေးရောင်ပြယ်လုလုပန်းချီကားထဲက အပြုံးတချက်နဲ့အတူ စူးစိုက်ပြီး မီး

တောက်မတတ်စိုက်ကြည့်နေတဲ့  လက်ရာလေးကိုတွေ့ပြီးအတွေးများစွာနဲ့အတူ အပြင်မှာမြင်ဖူးချင်စိတ်တွေ

တဖွားဖွားပေါ်လာပြီး ပိုင်ဆိုင်လိုစိတ်တွေကပါထိန်းမရဖြစ်ခဲ့ရပါတယ်။အရမ်းပညာသားပါတယ်လေ အပြုံးတပွင့်

နဲ့အတူ ဒေါသပါနေတဲ့မျက်ဝန်းနက်တစုံတို့ရဲ့ မအပ်ဆက်မူ ၂ ခုကိုလိုက်ဖက်အောင်ရေးဆွဲထားပုံက ကျွန်တော့်

ကို ဒီနေရာလေးကိုမရောက်ရောက်အောင်တွန်းပို့ပေးလိုက်တာပါပဲ။


ဖိနပ်မစီးရဘူးဆိုပဲ ရှိပါစေလေ သူ့နေရာကို ကိုယ်ရောက်လာတာပဲ သူ့စည်းကမ်းပေါ့။ဒါပေမဲ့နှခေါင်းတော့ရှုံ့မိ

တယ်။ဒီလောက်ညစ်ထေးထေးနိုင်လှတဲ့ အခန်းထဲကိုဖိနပ်မစီးရဘူးဆိုပဲ။ဒါနဲ့အဖော်လိုက်လာတဲ့ ရဲရင့် အပြင်မှာ

နေခဲ့တယ်။နေပါစေလေ သူမှဒါမျိုးစိတ်မပါပဲ မိုင်၂ရာကျော်ဝေးတဲ့ဒီအထိ အဖော်လိုက်ခဲ့ပေးတာကိုပဲကျေးဇူး

တင်လှပါပြီ။ဒါနဲ့ သူကားပေါ်ကစောင့်မယ်ဆိုပြီးထွက်သွားတယ်။အိမ်ရှင် ဦးလေးကြီးကတော့ အိမ်နဲ့တောင်

မလိုက်ဖူး သန့်ရှင်းမွှေးကြိုင်နေပြီး အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပါတယ်။ကျွန်တော့်ကို

ဖိနပ်ချွတ်ဖို့ပြောပြီး ပန်းချီကားရှိရာအခန်းကိုလက်ညှိုးညွှန်ပြတယ်။ပြီးတော့ ဝင်သွားပါဆိုတဲ့သဘောနဲ့ လက်ကို

အခန်းဖက်ကိုဆန်းတန်းပြပြီး ခေါင်းညိမ့်ပြတယ်။ကျွန်တော်လဲ အရမ်းလိုချင်နေတဲ့ ပန်းချီကားရှိရာအခန်းဆီကို

အလျှင်စလို ဝင်လိုက်တော့တယ့်


မှိန်ဖျော့ဖျော့ မီးလုံးတစ်လုံး အေးစက်စက်ကြမ်းခင်းပေါ်ကရှတတအထိအတွေ့ အက်တတ်တတ်ဆွဲပြီးတချက်

တချက်ထွက်လာတဲ့   ပန်ကာထဲက   ဆီခန်းနေတဲ့ ပင်နယံအသံတချို့  ပုပ်အဲ့အဲ့နဲ့ အန်ချင်စိတ်ကိုနှိုးဆွနေတဲ့

ဖိနပ်နံတချို့နောက်ပြီး အခန်းအလယ်က အပြုံးရွရွလေးနဲ့ စိုက်ကြည့်နေတဲ့ ဆေးရောင်

ပြယ်လွင့်လုလု ပန်းချီကားတစ်ချပ့့်


ကျွန်တော်ပြုံးလိုက်မိတယ် တကယ်ကိုကျေကျေနပ်နပ်ပြုံးလိုက်မိတာပါ။ သိပ်ကိုလက်ရာမြောက်တဲ့ပန်းချီကား

လေးတချပ်ပါပဲ တည့်တည့်ကြည့်တယ် ဘေးကကြည့်တယ် ခပ်လှမ်းလှမ်ကကြည့်တယ် အနီးကပ်ကြည့်တယ်

ဒီထက်ပိုနီးအောင်ကြည့်တယ် ဘယ်လိုကြည့်ကြည့်အသက်ဝင်လှတယ် ဒါနဲ့ ပန်းချီးကားရဲ့ အနီးနားအထိကပ်

ပြီးစုတ်သားကြောင်းတွေရဲ့ လက်ဆကိုအနီးကပ်ကြည့်လိုက်တယ် နောက်ပြီးလက်ကလေးနဲ့မထိတထိတို့ထိ

ကြည့်မိလိုက်တယ်။ထိလိုက်တယ် ဆိုရင်ပဲ ကျွန်တော်ဝင်လာတဲ့ တံခါးချပ်တွေ ဝုန်းခနဲ့ဆောင့်ပိတ်သွားတယ်။

လေတိုက်လို့ပိတ်သွားတယ်ထင်ပြီးကျွန်တော်ပြန်သွားတွန်းဖွင့်ကြည့်တယ် ဒီတော့မှ ကျွန်တော်သိလိုက်ရတယ်

ကျွန်တော့်ကို တမင်သက်သက် ပိတ်လိုက်တာပါ။ဒါနဲ့ကျွန်တော် မရမကတွန်းဖွင့်ကြည့်ပြန်တယ် အပြင်ကနေ

အသေအချာပိတ်ထားတဲ့ ပုံစံပေါက်ပါတယ် လုံးဝဖွင့်မရတော့ဘူး။ကျွန်တော့်စိတ်ထဲမှာလဲသိပ်မသင်္ကာံတော့

တာကြောင့် ထွက်ပေါက်ကိုလိုက်ရှာမိတယ်။ဟော့တွေ့ပါပြီလမ်းကျည်းကျည်းလေးတစ်ခု ပိတ်ထားတဲ့အခန်း

ပေါင်းများစွာဘယ်ညာမျက်နှာချင်းဆိုင်လျှက်ရှိနေပြီးအမှောင်အတိဖုံးနေတဲ့လမ်းကလေးတစ်ခုပါ။လမ်းရဲ့ထိပ်မှာ

တော့ အလင်းရောင်ယဲ့ယဲ့လေးတစ်ခုကိုလှမ်းမြင်ရတယ် ကျွန်တော်အားတတ်သွားတယ်။ဒါနဲ့ လမ်းကြားလေး

ထဲကိုအပြေးဝင်ဖို့ခြေလှမ်းလိုက်ချိန်မှာပဲ ကျွန်တော့်အကြည့်က ပန်းချီကားဆီကိုရောက်သွားတယ် ပြီးတော့

မထူးတော့ပါဘူးဆိုပြီး ချိတ်ထားတဲ့ပန်းချီကားကို ဆွဲဖြုတ်လိုက်တယ်။ပန်းချီကား ကျွန်တော့်လက်ထဲရောက်

လာတာနဲ့အတူ လမ်းကြားထဲကနေမသဲမကွဲအသံတိုးတိုးလေးတွေအဆက်မပြတ် ထွက်ပေါ်လာတာကြားလိုက်

ရတော့တယ်။

 
ဒီအချိန်မှာပဲမှိန်ယဲ့ယဲ့သာရှိနေတဲ့ မီးလေးဟာပျက်တောက်ပြီးအခန်းလေးဟာအမှောင်အတိကျသွားတော့တယ်

ကျွန်တော်လဲပန်းချီကားကိုကျောပိုးအိတ်ထဲထည့်ပြီး လမ်းကြားလေးထဲကိုအပြေးလေးဝင်ခဲ့တော့တယ်။မှောင်မဲ

နေတဲ့ လမ်းကြားထဲမှာမျှော်လင့်စရာဆိုလို့ ဟိုးထိပ်ဆုံးမှာရှိနေတဲ့ မှိန်ပြပြ    အလင်းရောင်လေးသာရှိပါတယ်။

ကျွန်တော်အားထည့်ပြီးပြေးလိုက်တယ် ဆိုရင်ပဲ ခြေဖဝါးပြင်၂ ဖက်စလုံးကို  ဆူးပေါင်းမြောက်များစွာထိုးဖောက်

သွားပြီး နာကျင်မူကိုအသည်းခိုက်အောင်  ခံစားလိုက်ရတယ်။ဒီတော့မှ   ကျွန်တော်ခုနက    ပန်းချီကားဖြုတ်

နေချိန်မှာကြားလိုက်ရတဲ့အသံတွေဟာ   ဒီဆူးတွေပစ်ချလိုက်တဲ့အသံဖြစ်မှန်းသိလိုက်ရတယ်။ဒါနဲ့ ကျွန်တော်

နံရံကိုမှီပြီး ခြေဖဝါးမှာဆူးနေတဲ့ ဆူးတွေကိုဆွဲနှုတ်လိုက်တယ် ချွဲကျိကျိသွေးတွေနဲ့အတူ ကျွန်တော့်လက်ထဲကို

သံမှိုတွေမရေမတွက်နိုင်အောက်ပါလာတော့တယ်။နာကျင်မူကြောင့်ငယ်သံပါအောင်အော်ရင်း ရဲရင့်ကို အော်

ခေါ်နေမိတယ်။အော်သံနဲ့တပြိုင်နက် ကျွန်တော်မှီထားတဲ့နံရံဟာ တံခါးတစ်ချပ်ဖြစ်နေပြီး တံခါးပွင့်သံနဲ့အတူ

ကျွန်တော်အခန်းတစ်ခုထဲပစ်စက်လက်ခတ်လဲကျပြီးရောက်သွားတယ်။


အခန်းထဲကိုရောက်သွားတယ်ဆိုရင်ပဲ တခန်းလုံး စလိုက်မီးမောင်းကြီးတွေဖျက်ခနဲပွင့်လာပြီးလင်းထိန်သွား

တော့တယ် အမှောင်ထဲကနေ ချက်ချင်းကြီးအလင်းအားကောင်းကောင်းထဲကိုရောက်သွားတဲ့ ကျွန်တော်ဟာ

ဆူးခနဲ့အောင့်သွားတဲ့   မျက်စိနှစ်လုံးကိုတော်တော်နဲ့မဖွင့်နိုင်ပဲရှိနေတုန်းမှာ   အနောက်ကနေအားပြင်းပြင်းနဲ့

ကျောပြင်ကိုလွှဲရိုက်လိုက်ခြင်းကိုခံလိုက်ရတယ်     နာကျင်မူကြောင့်မျက်လုံးကိုအားတင်းဖွင့်ပြီးရန်သူကိုလိုက်

ရှာနေတုန်းမှာ ဖွင့်ထားတဲ့စလိုက်မီးတွေအားလုံးပြန်ငြိမ်းသွားပြီး တလောကလုံးပြန်တိတ်ဆိတ်သွားတော့တယ်

ကျွန်တော်ကြမ်းပြင်ပေါ်မှာတရွှတ်ဆွဲသွားရင်း အမှီတခုခုကိုလိုက်ရှာဖွေမိတယ်။စမ်းတဝါးဝါးတိုးသွားရင်း နံရံ

တစ်ခုကိုစမ်းမိပြီးကျွန်တော်မတ်တပ်ရပ်နိုင်ခဲ့တယ် နောက်တော့ နံရံတလျှောက်ကိုလက်နဲ့စမ်းရင်း တံခါးပေါက်

နားကိုဒယိုင်းဒယိုင်နဲ့ပြန်ရောက်လာပြီး လမ်းကြားလေးထဲကိုခြေပြန်ချနိုင်ခဲ့တယ်။


ဘာသဘောလဲ ဘာအတွက်ဒီလိုလုပ်နေရတာလဲ တဖွဖွအော်ရင်းကျွန်တော်အလင်းရောင်ရှိရာကိုတဖြည်း

ဖြည်းချင်းတိုးလာခဲ့တယ် ဒီအချိန်မှာပဲ ဘေးကတံခါးတစ်ချပ်ပွင့်လာပြီး ရင်ဘတ်ကိုဆောင့်ကန်တာကိုထပ်

ခံလိုက်ရပြန်တယ်။ဒေါသလဲထွက်တယ် ကြောက်လဲကြောက်တယ် နောက်တော့ကျွန်တော်လူးလဲထတယ်

စောစောကဖွင့်ပြီးကန်လိုက်တဲ့အခန်းတံခါးကိုတွန်းဖွင့်ပြီးလိုက်ဝင်သွားလိုက်တယ် အထဲလဲရောက်ရော ကျွန်

တော်ဟာ တွင်းတခုထဲကို ပြုတ်ကျသွားတယ့်ကံကောင်းတယ်ပဲပြောရမလား တွင်းကသိပ်မနက်ဖူးဒါပေမဲ့

တွင်းထဲမှာထောင်ထားတဲ့ဆူးချွန်တစ်ခုက ကျွန်တော့်ဘယ်ဖက် ပခုံးနေရာကိုထိုးဖောက်သွားတယ်။ကျွန်တော်

ညည်းညူရင်း အားတင်းတယ် နောက်ဆူးချွန်တန်းလန်းနဲ့ပဲ တွင်းပေါ်ပြန်တတ်တယ်။နောက်လမ်းကြားထဲ

ပြန်ဝင်တယ် ပခုံးက ဆူးချွန်ကိုအံကြိတ်ပြီးဆွဲနှုတ်လိုက်ပြီး လက်နက်တခုအဖြစ်အသုံးချလိုက်တယ်။


လာစမ်းပါ ထွက်ခဲ့လေ့ရင်ဆိုင်လိုက်စမ်းပါ ယောက်ကျားမဟုတ်လား စတဲ့စကားတွေနဲ့ စိမ်ခေါ်ရင်း အလင်း

ရောင်နားကို ကျွန်တော်တိုးလာခဲ့တယ် ဒီချိန်မှာပဲ ဘေးကအခန်းထဲကလူတစ်ယောက်ထွက်လာပြီး ကျွန်တော့်

ကိုတုန်နဲ့တလဆက်ရိုက်တော့တယ် ကျွန်တော်လဲပြန်ခုခံတယ် ဒါပေမဲ့နာနေတဲ့ကျွန်တော်ဟာ သူရဲ့ဒုတ်ချက်

တွေအောက်မှာ ပြားပြားဝတ်သွားတော့တယ် နာကျင်ညည်းညူရင်းနဲ့ပဲ လက်ကျန်ခွန်အားတွေနဲ့အတူ ကျွန်

တော့်လက်ထဲမှာ ရှိတဲ့ဆူးချွန်နဲ့ အဲ့ဒီလူရဲ့ ပေါင်ကိုအားရပါးရထိုးစိုက်ပစ်လိုက်တယ်။အဲ့ဒီတော့မှ ဒီလူလဲ

အသံနက်ကြီးနဲ့တချက်အော်ပြီး အခန်းထဲကိုပြေးဝင်ပြီးပျောက်ကွယ်သွားတော့တယ်။


ကျွန်တော်လဲရလာတဲ့အခွင့်အရေးကို လက်လွှတ်မခံပဲ အလင်းရောင်ရှိရာကို အသဲအသန်ယိုင်းထိုးယိုင်းထိုး

နဲ့အပြေးလှမ်းသွားလိုက်တယ်။    အလင်းရောင်ရှိတဲ့နားရောက်တော့တံခါးတစ်ချပ်ကိုတွေ့လိုက်ရတယ်။

ကျွန်တော်တံခါးကိုတွန်းဖွင့်လိုက်တဲ့အချိန်မှာ တံခါးဟာအသာအယာပဲပွင့်သွားတာကြောင့် အလျှင်စလိုဝင်

လိုက်ပြီး တံခါးကိုအသေအချာ လော့ချပြီး သက်ပြင်းကိုချလိုက်မိတယ်။နောက်မှအခန်းထဲကို ကျွန်တော်

သေချာကြည့်မိလိုက်တယ် ကျွန်တော်မြင်လိုက်ရတဲ့ မြင်ကွင်းက ကျွန်တော့်အရူးတစ်ယောက်လိုအော်ဟစ်

လိုက်မိစေပါတော့တယ်။မျက်လုံးပြူးပြူးနဲ့ သွေးအိုင်ထဲမှာ ဓါးတန်းလန်းနဲ့ လဲကျသေဆုံးနေတဲ့ ရဲရင့်ကို

ကျွန်တော်သွေးပျက်စွာတွေ့လိုက်ရလို့ပါ။



ကျွန်တော်ရဲရင့်ဆီအပြေးသွားပြီး လှုပ်နှိုးကြည့် ခေါ်ကြည့်လုပ်နေမိတယ်  ဒါပေမဲ့  အသက်မဲ့နေတဲ့  ရဲရင့်

ဟာဘာဆိုဘာမှတုန့်ပြန်မူမပေးနိုင်တော့ပါဘူး။ကျွန်တော် မျက်ရည်ဝဲလာတယ် ပြီးတော့ ဒေါသထွက်လာ

တယ် နောက်ပြီးအံကြိတ်မိတယ် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း အမှောင်ခန်းထဲပြန်ဝင်ဖို့ လှည့်လိုက်

တယ်။အဲ့ဒီအချိန်မှာပဲ တံခါးကိုလွှစက်နဲ့ ဖြတ်ပြီးခြေထောက်ထော့ကျိုးထော့ကျိုးနဲ့ ဝင်လာတဲ့ အနောက်တိုင်း

ဝတ်စုံနဲ့ လူတစ်ဦးဟာ ကျွန်တော့်ဆီကို လွှစက်မော်တာကိုအဆုံးထိတင်ပြီးတစ်လှမ်းချင်း တစ်လှမ်းချင်းးးးးးးးးးးးးး



ကြိုးစားလျှက့်ဖြိုးဇာနည့်ည့၁၁နာရီ ၃၀ တိတိ


Links to this post
6

ဖိနပ်တရံအကြောင်း

Posted by ဖြိုးဇာနည် on Thursday, July 05, 2012 in
နားလည်မလိုလိုနဲ့ နားလည်မူလွဲနေကြတယ်
ငါလိုတာဖိနပ်တရံပဲ နင်ပေးချင်နေတာ ထီးတစ်လက်


နှင်းမိုးတွေကျလာရင်ကျွန်မပျော်တယ် တချို့ညနေတွေဆိုရင် ဒီနေရာလေးကိုကျွန်မရောက်ဖြစ်တာများတယ်



လမင်းနက်လို့ခေါ်တယ် တခါတလေစိတ်လွတ်ကိုယ်လွတ် လာအော်မိတယ်။ ဒီနေရာလေးကကျွန်မ



အတွက်အများကြီးအေးချမ်းစေတယ်။ ရေခဲမုန့်တခွက် ပိတ်ပြီးကိုင်ထားတဲ့ထီးတစ်လက် ချွတ်ထားခဲ့တဲ့



ဖိနပ်တရံ နောက်ပြီး ရွာကျနေတဲ့မိုးစက်ဖွေးဖွေးလေးတချို့ ဒါဆိုရင်ကျွန်မအတွက်အရမ်းကဗျာဆန်တဲ့



ညနေခင်းလေးတခုကိုလမင်းနက်ပေါ်မှာပိုင်ဆိုင်လိုက်ရပြီလေ။






မောင် မသိသေးတာတွေအများကြီးရရှိသေးတယ် လေ့လာပါအုံး။ ဒီစကားတစ်ခွန်းရယ် ဟုတ်ကဲ့အန်တီ



သမီးစဉ်းစားပါ့မယ် အဲ့လိုပြောခဲ့တဲ့ ယောက်ခမလောင်း တစ်ဦးရယ် နောက်အရာရာအလိုက်တတ်တဲ့ ယောက်



ခမလောင်းရဲ့ချစ်လှစွာသော သားအလိမ္မာလေးရယ်။နောက် ကောင်းစေချင်လို့စီစဉ်တဲ့မေမေရယ်။ကျွန်မအတွေး



တွေထဲမှာ ဒီလူလေးယောက်နဲ့ရှုပ်ရှပ်ခတ်နေခဲ့တယ်။






တကယ်တမ်းတော့ (ဒီပြဇတ်လေးမှာ)



ချစ်သူတစ်ယောက်ရှိတယ် (ဘာမှဟုတ်တိပတ်တိမလုပ်တတ်တဲ့သူပေါ့) မောင် တဲ့။



ဆရာဝန်တစ်ယောက်ရှိတယ် (အလိုကလဲလိုက်တတ်သေးတယ်) ကို တဲ့။



မေမေ ရှိသေးတယ် (သမီးလေးအတွက်ဘာမဆို လုပ်ပေးချင်တယ်) မေမေ ပါပဲ။



နောက်အန်တီဆိုတာရှိသေးတယ် (သမီးလေးကြိုက်တဲ့နေရာရွေး အခြေချ ချင်တဲ့မြို့ပေါ့ဆိုတဲ့) ယောက်ခမလောင်း ။





ကျွန်မနာမည်က လင်းလက် တဲ့ မြစ်တစင်းလို့အဓိပ္ပာယ်ရပါတယ်။နောက်ပြီးကျွန်မမှာ သိပ်ချစ်ရတဲ့ မောင်ဆိုတာရှိတယ်။



နောက်ပြီးသံယောဇဉ်တွယ်ရတဲ့ အကို ဆိုတာရှိတယ်။နောက် ကျွန်မကိုသိပ်ချစ်တဲ့မေမေဆိုတာရှိတယ်။မောင်ဆိုတာ



မထင်မှတ်ပဲကျွန်မဘဝထဲကိုဝင်လာခဲ့တယ်။ Cry On My Shoulder သီချင်းကိုမောင်ဆိုနေခဲ့တယ်။ ကျွန်မသိပ်ကြိုက်တဲ့



သီချင်းလေ ဒါကြောင့်အဆုံးထိနားထောင်နေခဲ့တယ် ဂစ်တာပေါ်မှာပြေးလွှားနေတဲ့ မောင့်လက်ချောင်းလေးတွေကိုလဲ



သတိထားကြည့်မိတယ်။





ဒီလိုပါပဲ တိုက်ဆိုင်မူတွေပေါ့လေ မောင်နဲ့ကျွန်မရင်းနှီးခဲ့ကြတယ် စိတ်သဘောထားချင်ညှိရလွယ်တာကြောင့် ကျွန်မ



တို့တယောက်ကိုတယောက်နားလည်နိုင်ခဲ့ကြတယ်။နောက်တော့ မောင်ကျွန်မကို ဖွင့်ဟလာတယ်။မှတ်မှတ်ရရပါပဲ



အဲ့ဒီနေ့မှာ ကျွန်မဖုန်းထဲကို miss call အခါ ၅၀ ကျော်ကျော်ဝင်လာခဲ့တယ်။ကျွန်မမကိုင်ခဲ့ဘူး။မောင်ဆက်တာမဟုတ်



ပါဘူး ကျွန်မအမေရဲ့ သူငယ်ချင်းရဲ့သားပါ နိုင်ငံခြားကပြန်လာပြီး ဒီနေ့ပဲကျွန်မတို့ ဒင်နာအတူတူစားဖြစ်ကြတယ်လေ။



နောက်တော့ သူဖုန်းနံပတ်တောင်းသွားပြီးအခုလိုခေါ်တာပါပဲ။






ဒါဟာ မောင်နဲ့ အကိုတို့ရဲ့ တိုက်ပွဲအစတစ်ခုပါပဲ။နောက်တော့မောင်လဲအဝေးလွင့်သွားတယ်။ ဟိုးးးးးအဝေးတနေရာကို



ပါပဲ။ဒီအချိန်မှာ အနေနီးသူက အနိုင်ရစတမ်းပဲလေ အကို ကျွန်မကိုအရမ်းဂရုစိုက်တယ်။ဒီကြားထဲကျွန်မ အဝေးရောက်နေ



တဲ့မောင့်ကို အဖြေပေးဖြစ်ခဲ့တယ်။နောက်အရမ်းလဲချစ်ခဲ့တယ်။အကို့ကိုလဲ ကျွန်မနဲ့မောင် အကြောင်းကိုပွင့်ပွင့် လင်းလင်း



ပြောပြဖြစ်တယ်။အကိုနားလည်ပေးတယ်သူ့အတွက် လင်းလက် ဖြစ်လာမဲ့အထိစောင့်မယ်တဲ့မောင်ဆိုတာကြာရှည်မမြဲပါဘူးတဲ့။



မောင်ကလဲဆိုးတယ် အနေဝေးတော့မမြင်ရတိုင်းသူလုပ်ချင်ရာလုပ်တယ်။အကြိမ်ကြိမ်စိတ်ကောက်ရတယ် အကြိမ်ကြိမ်



ခွင့်လွှတ်ရတယ်။မောင့် ဆိုးတဲ့အကျင့်တွေကြောင့်စိတ်ရှုပ်ရတာက တဖက် မေမေနဲ့ယောက်ခမလောင်းတို့ရဲ့ လူကြီးချင်း



သဘောတူထားတဲ့ အကိုနဲ့က တဖက်ကျွန်မအရမ်းဗျာများရပါတယ်။ မေမေတို့သဘောကျအောင် အကိုနဲ့ အပြင်တွေဘာ



တွေသွားပေးရတယ်။ အကိုကတော့ နားလည်ပါတယ် လင်းလက် ဆီမှာမောင်ရှိနေတာသိတာကိုးးးးး ကျေးဇူးလဲတင်ပါတယ်။



နောက်ပြီး ကျွန်မကိုအရမ်းဂရုစိုက်တဲ့ အကို့ ကိုလဲ အားနာလာတယ်။ပိုပြီးပိုပြီးဂရုစိုက်လွန်းတော့ ပိုပြီးပိုပြီးအားနာရတယ်။



ကျွန်မနေမကောင်းချိန်မှာ စိတ်မပူတဲ့အပြင် အလိုက်မသိပဲ ချစ်တယ်ဆိုတဲ့အကြောင်းတွေကိုပဲ တဖွဖွ ပြောနေတဲ့မောင့်ကို



လဲ ဒေါသထွက်မိတယ် နောက်ပြီးစိတ်မကောင်းလဲဖြစ်ရတယ်။ လိုင်းပေါ်ကနေသာတွေ့ရပေမဲ့ ကျွန်မမောင့်ကို အပြင်မှာ



တွေ့နေရသလိုပဲ သဘောထားတာပါ။ပြီးတော့ ချစ်တယ်။မောင်ဆိုးတာတွေကို ပြောင်းယူခိုင်းခဲ့တယ်။




မောင်လဲလိမ္မာပါတယ် မောင်တော်တော်လေးပြောင်းလဲနိုင်ခဲ့တယ်။ဒါပေမဲ့ကျွန်မဖက်ကအခြေအနေမှာလဲ အတော်လေး

ကျည်းထဲကျပ်ထဲရောက်နေရပါပြီ။မေမေတို့က အကိုနဲ့ စေ့စပ်ပေးချင်နေကြပြီ။အကိုကလဲ နိုင်ငံခြားထွက်ပြီးကျောင်း



ဆက်တတ်ရအုံးမှာဆိုတော့ စိတ်ချချင်ကြတဲ့သဘောပါ။ကျွန်မဘာလုပ်ရမလဲဟင့့်



ဒါကြောင့် ကျွန်မလိုချင်တာက ဘာမှမသိမတတ်တဲ့ မောင်ဆိုတဲ့ကောင်လေးပါ ဒါပေမဲ့ဘဝနဲ့ မိသားစုမျက်နှာအရဆို



ရင်တော့ ကျွန်မကိုချစ်တဲ့ ဂရုစိုက်တဲ့ အလိုက်သိတဲ့ အကို ဟာလဲ နံပတ်၁ နေရာမှာမချိတ်ဖူး ဆိုရင်တောင် နံပတ်



၂ကိုတော့ ရောက်မသွားနိုင်တဲ့သူပါ။ကျွန်မမောင့်ကိုစောင့်ချင်ပါတယ်။




နားလည်မလိုလိုနဲ့ နားလည်မူလွဲနေကြတယ်



ငါလိုတာဖိနပ်တရံပဲ နင်ပေးချင်နေတာ ထီးတစ်လက်



ရေးချင်ရာရေးသည် တွေးချင်ရာတွေးနိုင်သည် :P

စာမရေးတာကြာတော့ပျင်းနေတယ် အခုတလောစိတ်ထဲမှာတွေးမိနေတာလေးကို ရေးဖြစ်လိုက်တယ်။

စာစီတာတွေ ရွှဲ့စောင်းနေတယ် အလိုင်းမင်းချော်နေတဲ့ postတပုဒ်ပါ။သည်းခံဖတ်လော့ သယ်ရင်းအပေါင်းတို့ :P

ဖြိုးဇာနည့်ည့၁၀နာရီ ၄၅ တိတိ

Links to this post
Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.