7

အချစ်၏ဒဿန (သို့) အချစ်စစ်ကိုရှာဖွေခြင်း

Posted by ဖြိုးဇာနည် on Monday, March 16, 2009 in
ကျွန်တော် ဇာနည် ဟာအချစ်ကိုခံပဲခံစားတတ်သူတစ်ယောက်ပါ။အချစ်ကိုဘယ်သောအခါမှအဓိပ္ပယ်မဖွင့်ဆိုခဲ့ဖူးပါဘူး။ဒီတစ်ခါတော့
ကျွန်တော့်ဘဝမှာပထမဦးဆုံးအချစ်ကိုအဓိပ္ပယ်ဖွင့်ဆိုဖူးခြင်းဖြစ်ပါတယ်။ဟုတ်သည်ရှိမဟုတ်သည်ရှိ အချစ်စစ်ရှားပါးလွန်းလှတဲ့ဟောဒီ
ကမ္ဘာကြီးအတွက်ကျွန်တော့်ရဲ့အချစ်ကိုအဓိပ္ပယ်ဖွင့်ဆိုမှုဟာ ကျွန်တော့်အထင်တော့ဟုတ်သလိုလိုရှိတယ်လို့ ကျွန်တော်ထင်မိပါတယ်။
ကျွန်တော့်ရဲ့ကိုယ်ပိုင်အတွေးလေးနဲ့ တတ်သလောက်မှတ်သလောက်ဖွင့်ဆိုထားတဲ့ဒီ အချစ်ဒဿန လေးကိုဝေဖန်ပေးကြပါအုံးနော့်


အချစ်၏ဒဿန (သို့) အချစ်စစ်ကိုရှာဖွေခြင်း
သီကြားမင်းတရားသူကြီးမှ
အချစ် နှင့် အမုန်း ကို
ကမ္ဘာဦးမစတစ်စအချိန်တွင်
ဧဒင်ဥယာဉ်တွင်းတစ်နေရာ၌
ကမ္ဘာပေါ်တွင်အချစ်နှင့်အမုန်းအားပြိုင်ပွဲကို
ဒိုင်လုပ်ပေးနေခြင်းဖြစ်ပါသည်။


ဧဒင်ဥယာဉ်တရားရုံးတော်အတွင်း

တရားသူကြီး။ ။အမုန်း မောင်မင်းမှာကမ္ဘာမြေကနေ အချစ် ကိုမောင်းထုတ်ဖို့အကြောင်းခိုင်ခိုင်မာမာနဲ့ပြသနိုင်လောက်သေသက်သေ
ရှိပါသလား။မောင်မင်းဟာကမ္ဘာကြီးကိုဘယ်လိုအကျိုးပြုပေးနိုင်သလဲဖြေပါ။

အမုန်း။ ။ရှိပါတယ်။အဓိကအချက်နှစ်ချက်ရှိပါတယ်။

တစ်အချက်-ကမ္ဘာပေါ်မှာအမုန်း တရားတွေကြောင့်စစ်တွေဖြစ်ကြပါတယ်။စစ်တွေဖြစ်ကြတဲ့အချိန်တွေမှာအနိုင်ရရှိစေဖို့အတွက်
လက်နက်တွေသူ့ထက်ငါအပြိုင်အဆိုင်တီထွင်ကြပါတယ်။ဒါကြောင့်အမုန်း ရဲ့စွမ်းဆောင်မှုကြောင့်ကမ္ဘာပေါ်မှာနည်းပညာတွေ
တိုးတတ်လာစေပါတယ်။

နှစ်အချက်-အမုန်း ကြောင့်လူပေါင်းများစွာယှဉ်ပြိုင်လိုစိတ်နဲ့သူထက်သာမနာလိုတဲ့စိတ်တွေကြောင့်အပြိုင်အဆိုင်ကြိုးစားကြနေကြ
တာကြောင့်ကမ္ဘာကြီးဟာကျွန်တော့်ကြောင့်တိုးတတ်မှုတွေဟာတစ်နေ့တခြားများပြားလာခဲ့ပါတယ်။ဒါတင်မကပါဘူးကမ္ဘာကြီးတိုး
တတ်စေရေးအတွက်ကျွန်တော် အမုန်းဟာနည်းမျိုးစုံနဲ့လူတွေအပေါ်အကျိုးပြုပေးနေပါတယ်။

တရားသူကြီး။ ။အချစ် မောင်မင်းအနေနဲ့ကရောကမ္ဘာကြီးကိုဘယ်လိုအကျိုးပြုပေးနိုင်သလဲ????

အချစ်။ ။ဟုတ်ကဲ့ရှိတော့ရှိပါတယ်။

အချစ်။ ။ကျွန်တော်ဟာလူတွေကိုအချစ်နဲ့အေးချမ်းသောဘဝကိုဖန်တီးပေးချင်သူပါ.ဒါပေမဲ့ကျွန်တော်အချစ်တွေရဲ့နောက်မှာ
သစ္စာပျက်ခြင်းတွေ၊ဖောက်ပျားခြင်းတွေ၊အထင်လွှဲခြင်းတွေ၊သဝန်တိုခြင်းတွေဟာအမုန်း ရဲ့စေခိုင်းမှုကြောင့်သူလျိုတွေအဖြစ်နဲ့
ကျွန်တော့်ရဲ့နောက်မှာအမြဲလိုလိုကပ်ပါနေခဲ့တဲ့အတွက်ကျွန်တော်ဟာကမ္ဘာကြီးအတွက်ဘာမှဟုတ်တိပတ်တိအကျိုးရှိအောင်
သိပ်လုပ်မပေးနိုင်ခဲ့ပါဘူး။တစ်ခုတော့ကျွန်တော်ရဲရဲကြီးပြောရဲပါတယ်။ကျွန်တော် အချစ်ရဲ့စွမ်းဆောင်မှုကြောင့်လူသားတွေဟာ
အေးချမ်းပျှော်ရွှင်မှုကိုအစစ်အမှန်ခံစားရရှိကြပါတယ်။အချစ် ရဲ့အေးမြခြင်းအစစ်အမှန်ကိုကျွန်တော်မျိုးပေးစွမ်းနိုင်ခဲ့ပါတယ်။
အချစ်ရဲ့စွမ်းဆောင်မှုကြောင့်ကမ္ဘာကြီးအတွက်တိုးတတ်လာတယ်ဆိုတာကိုသက်သေခိုင်ခိုင်မာမာမပြသနိုင်ပေမဲ့လူတွေအတွက်
အချစ်၏စွမ်းဆောင်မှုနဲ့ပျော်ရွှင်ခြင်းစိတ်ချမ်းသာခြင်းအစစ်အမှန်ကိုရရှိအောင်ဖန်တီးပေးနိုင်စွမ်းပါတယ် တရားသူကြီးမင်းခင်ဗျာ။
ကျွန်တော်မျိုးရဲ့စွမ်းဆောင်မှုကြောင့်အခုကမ္ဘာပေါ်မှာချစ်ကြည်ရေးနိုင်ငံတွေတော်တော်လေးများလာခဲ့ပါပြီ။ဒါပေမဲံ့စစ်မဖြစ်အောင်
တော့မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

တရားသူကြီး။ ။အမုန်း မောင်မင်းဟာဒီကမ္ဘာကြီးကနေအချစ်ကိုမောင်းထုတ်ပစ်လိုက်ဖို့အတွက်ဘယ်လိုအကြောင်းပြချက်များ
ပေးချင်ပါသလဲ။

အမုန်း။ ။လုံးဝအဖြစ်သင့်ဆုံးပါ။ဒီအချစ်ကြောင့်လူတွေဟာအလွမ်းတွေကိုခံစားကြရပါတယ်။ဒီအလွမ်းတွေကြောင့်ပဲလူတွေဟာ
အလုပ်တွေပျက်ခဲ့ပါတယ်။ဒါဟာအဓိကအချက်ပါပဲ။ဒီလိုအလွမ်းကိုခံစားနေကြရတဲ့လူဟာကမ္ဘာပေါ်မှာနေ့စဉ်နေ့တိုင်းရေတွက်လို့
မရနိုင်အောင်တိုးပွားလျှက်ရှိပါတယ်။ဒီလိုအလွမ်းကြောင့်အလုပ်မလုပ်ကြတဲ့လူတွေဖြစ်ပေါ်လာရတဲ့အကြောင်းရင်းကတော့ဒီအချစ်
ကြောင့်ပဲဖြစ်ပါတယ်။တရားသူကြီးမင်းပဲစဉ်းစားကြည့်ပါခင်ဗျာ။အလွမ်းကြောင့်ကြေကွဲပြီးအလုပ်မလုပ်တဲ့လူတွေဟာအချိန်နဲ့အမျှဒီ
ကမ္ဘာကြီးမှာတိုးပွားနေပါတယ်။ဒီလိုအလုပ်မလုပ်တဲ့သူတွေများလာတဲ့အတွက်ကမ္ဘာကြီးဟာတိုးတတ်မှုတွေတနေ့တခြားယုတ်လျှော့
လာစေပါတယ်။ဒါဟာအဓိကအချက်ပါပဲ့

တရားသူကြီး။ ။မောင်မင်း အချစ် ကရော အမုန်းရဲ့ တင်ပြချက်အပေါ်ဘာများပြောချင်ပါသလဲ။

အချစ်။ ။ဟုတ်ကဲ့ အမုန်းပြောသလိုပါပဲ။ကျွန်တော်ဟာဘာမှအသုံးမကျသလိုကျွန်တော့်ကိုယ်ကျွန်တော်ခံစားရပါတယ်။တကယ်တော့
အချစ်ဆိုတဲ့ကျွန်တော်ဟာ ၁၀၀၁ ညပုံပြင်လောက်တောင်ရှည်ရှည်ဝေးဝေးဂုဏ်ဖော်ပြစရာမရှိခဲ့ပါဘူး။ဒီကမ္ဘာကြီးရဲ့အထင်ကရနေ ရာတွေတိုင်းမှာကျွန်တော့်စွမ်းဆောင်မှုနဲ့ချစ်သူစုံတွဲတွေရဲ့ခြေရာတွေဟာလည်းကျွန်တော့်အတွက်ဂုဏ်ယူစရာမဟုတ်ခဲ့ပါဘူး။ဒီအတွက်
ကြောင့်ကျွန်တော်ဟာဒီကမ္ဘာကြီးအတွက်ဘာမှအသုံးမကျတဲ့သူလို့စွတ်စွဲခံရတာဟာဖြစ်သင့်တယ်လို့ထင်မိတာမို့ကျွန်တော်ဘာမှမငြင်းချင်
တော့ပါဘူး။

တရားသူကြီး။ ။ဒုန့်း့ရုံးတော်ကိုခေတ္တခဏရပ်နားမယ်။။။။နေ့လည်နေကိုတိမ်ဖုံးတဲ့အချိန်မှာစီရင်ချက်ချမယ်။(နာရီမပေါ်သေးသဖြင့်)

နေ့လည်နေကိုတိမ်ဖုံးနေသောအချိန်မရောက်တရောက်၌

တရားသူကြီး။ ။အဟင်း အဟင်း အဟွင်း အဟမ့်း

တရားသူကြီး။ ။စီရင်ချက်ချမယ့်

တရားသူကြီး။ ။ဒီကမ္ဘာကြီးတိုးတတ်မှုအတွက်အချစ်နဲ့အမုန်းအားပြိုင်ပွဲမှာအချစ်ဟာဤကမ္ဘာမြေအတွက်ကောင်းကျိုးမပြုပေးနိုင်ဟူ
သောစွဲချက်ဖြင့် အချစ်မှာရာဇသတ်ပုဒ်မ(၀၀၁)ဖြင့်အပြစ်ရှိကြောင်းထင်ရှားသဖြင့်ဤကမ္ဘာမြေမှအချစ်အားအပြီးပြီးအပိုင်နှင်ထုတ်
လိုက်ကြောင်း အမိန့်ချမှတ်လိုက်တယ်။အပြစ်ဒဏ်အား အခါအားလျှော်စွာလျှော့ရက်များအားခံစားခွင့်မပြုပါ။

ထိုအဖြစ်အပျက်အပြီး ၁ နှစ်ခန့်ကြာသော့်

ပြည်သူလူထုများက
တရားသူကြီးမင်းကို
နေနာရီစပေါ်ပြီးနာရီဝက်ခန့်အကြာ
ဧဒင်တရားရုံးတော်တွင်းတစ်နေရာ၌
အချစ်အားခေါ်ယူပေးပါရန်တောင်းဆို
ဆန္ဒပြနေကြခြင်းဖြစ်ပါသည်။


ဒူ့ဟူ့ဟူ့ဟူ့ဟူ့

ပြည်သူလူထုများမှတရားရားရုံးရှိတိုင်ကြားရန်ဟူသောမောင်းကြီးအားထုနေခြင်းဖြစ်သည်။

တရားသူကြီး။ ။ဟေ့အထဲကိုလွှတ်လိုက်။

ပြည်သူလူထု။ ။တရားသူကြီးမင်းခင်ဗျာကျွန်ုပ်တို့တတွေဟာအချစ်မရှိတော့တဲ့နောက်မှာတစ်ရက်တစ်ရက်ရန်ပွဲပေါင်းမြောက်များ
စွာနဲ့အတူနှစ်ပါးသွားနေကြရပါတယ်။အချစ်ပျောက်ဆုံးသွားတာနဲ့အတူကျွန်ုပ်တို့ဆီမှာ သနားမှု၊ကြင်နာမှု၊ဂရုဏာထားမှုလူသားအချင်း
ချင်းရိုင်းပင်းကူညီမှုတွေကအစကြီးသူကိုရိုသေငယ်သူကိုလေးစားရွယ်တူကိုသနားဆိုတဲ့အယူဝါဒတွေဟာလည်းပျောက်ဆုံးနေခဲ့ပါပြီ။
ဒါကြောင့်အချစ်ကိုပြန်လည်ခေါ်ဆောင်ပေးပါလို့တောင်းဆိုပါတယ်။

အမုန်း။ ။ဟုတ်ကဲ့ခင်ဗျာအခုဆိုရင်လူတွေဟာလည်းအချစ်မရှိတော့တဲ့အတွက်ကျွန်တော် အမုန်း ကိုလည်းအယုတ်မာကြီးလို့ထင်မြင်
နေကြပါတယ်။ဒါတွေဟာကျွန်တော်မျိုးရဲ့တာဝန်အရဆောင်ရွက်ရတယ်ဆိုတာလူတွေကနားမလည်ကြပါဘူး။သူတို့နားလည်လာအောင်
အချစ် ကပဲပြောပြပေးနိုင်မှာမို့ အချစ် ကိုပြန်လည်ခေါ်ဆောင်ပေးစေလိုပါတယ်။အချစ်မရှိတော့တဲ့နောက်မှာကျွန်တော်မျိုး အမုန်း ရဲ့
တာဝန်အရလုပ်ဆောင်မှုတွေဟာလည်းအဓိပ္ပယ်မဲ့နေသလိုရက်စက်ရာကျနေခဲ့တယ်လို့ကျွန်တော်မျိုးခံစားနေရပါတယ်။

ပြည်သူလူထု။ ။အချစ်ကိုအမြန်ဆုံးခေါ်ဆောင်ပေးပါ့ ဗျို့ ဗျို့ ဗျို့ ဗျို့ ဗျို့

တရားသူကြီးမှာအတန်ကြာစဉ်းစားပြီးနောက့်

တရားသူကြီး။ ။ကောင်းပြီလေသင်တို့ရဲ့အလိုအရအချစ်အားမတွေ့တွေ့အောင်ပြန်ရှာပြီယခင်ရာထူးအားပြန်လည်အပ်နှင်းစေ့

ပြည်သူလူထု။ ။ဟေး ဟေး ဟေး ဟေး

ဒါပေမဲ့အချစ်ဟာဘယ်ဆီသို့ထွက်ခွာသွားပြီမှန်းမသိတော့တဲ့ဘယ်လိုပဲအချစ်ကိုရှာဖွေကြပေမဲ့လည်းအချိန်တွေသာကုန်ဆုံးသွားပြီး
အချစ်ကိုအရိပ်အယောင်မှမတွေပခဲ့ကြပါဘူး။ဘယ်လိုပဲကြိုးစားပြီးရှာရှာအချစ်ကိုမတွေ့တဲ့အဆုံးတော့တရားသူကြီးနဲ့ပြည်သူလူထု
တို့တိုင်ပင်ပြီး အချစ် နဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ အလွမ်း ကို အချစ်ရဲ့ ရာထူးကိုပေးပြီးတာဝန်ထမ်းဆောင်ခိုင်းလာတာဟာယနေ့
(၁၆ရက်-၃လ-၂၀၀၉ခုနှစ်)အထိပဲဆိုပါတော့။

ဒါကြောင့်ယနေ့အထိကမ္ဘာပေါ်မှာ အချစ် တာဝန်ယူထားသူဟာ အချစ်အစစ် မဟုတ်ပဲ အလွမ်းကယူထားတာဖြစ်နေတဲ့အတွက် အလွမ်းဟာသူ့အကျင့်မပျောက်သေးပဲ အချစ် တာဝန်ကိုယူနေရင်းကနေမှ အလွမ်း လေးကိုကြားထဲမှာထည့်ထည့်ပေးတတ်ခဲ့ပါတယ်။ဒါကြောင့်ပဲ အလွမ်း ဟာ အချစ်စစ်မဟုတ်တဲ့အတွက်ကျွန်တော်တို့တတွေဟာ အချစ်စစ် ကိုအခုအထိမတွေ့သေးကြတာဖြစ်ပါတယ်။
အခုမတွေ့သေးသလိုနောင်လည်းတွေ့ဖို့ခဲယဉ်းလှပါတယ်။
မျှော်လင့်ချက်လေးတစ်ခုကတော့ရှိနေပါသေးတယ့်ကကယ်၍ အချစ်စစ် ကိုများတရားသူကြီးမင်းက အင်တာနက်(အခုခေတ်ရောက်ပြီဆိုတော့အင်တာတက်သုံးနေပြီလေ့ဟီးဟီး)ကနေရှာတွေ့ခဲ့မယ်ဆိုရင်ပေါ့

အချစ်နဲ့ပက်သက်ပြီးကျွန်တော် ဇာနည် ရဲ့အဓိပ္ပယ်ဖွင့်ဆိုချက်အပေါ်မှာ comments လေးတစ်စောင်လောက်ဖြစ်ဖြစ်ရေးပေးခဲ့ကြမယ်
ဆိုရင် ကျွန်တော် ဟာလက်ညောင်းရကျိုး ဦးနှောက်ခြောက်ရကျိုး နပ်ပြီး အလွန်ပဲပီတိဖြစ်မိမှာအမှန်ပါခင်ဗျာ့ :D


အားလုံးကိုအစဉ်လေးစားလျှက့်ဖြိုးဇာနည့်ည့၈း၄၀ တိတိ

7 Comments


အချစ်ဆိုတာရှာရင်ဝေးပါတယ်..
အမုန်းဆိုတာရှာရင်လွယ်ပါတယ်..
သေချာတာတစ်ခုက အချစ်ဆိုတာ ဘယ်ကိုမှထွက်သွားလေ့မရှိပါဘူး..
တစ်ခုခု ရဲ့ ပယောဂကြောင့်ဖုံးလွှမ်းခြင်းခံရသူဖြစ်နေပါတယ်..
အမုန်းကတော့ နေရာတကာအချစ်နောက်ကလိုက်နေမှာပါ..
အလွမ်းက လဲ အမုန်း နဲ့ သူငယ်ချင်းယောက်ဖတော်ပါတယ်..
အချစ်ကြောင့် အမုန်းဖြစ်..
အချစ်ကြောင့်အလွမ်းဖြစ်ရင်..
အမုန်း နဲ့ အလွမ်း နဲ့ ညီပါတယ်..
အဟေးးဟေး
ရွာပတ်ပြီး အချစ် ရှာပေးခဲ့ပါတယ်..
ခင်တဲ့
ဖိုးစိန်


အချစ်ဆိုတာ အမုန်းရဲ့ နောက်ကွယ်မှာ ပုန်းနေတယ်လေ... အချစ်နဲ့ အမုန်းဆိုတာ ကျောနဲ့ရင်ချင်း ကပ်လျက်မှာ ရှိနေကြတဲ့ အရာတွေပါ... အချစ်ကိုရှာနေရင် တွေ့မှာမဟုတ်ဘူး... တစ်သက်လုံး ရှာလည်း တွေ့နိုင်မှာ မဟုတ်ဘူး။ မရှာဘဲနဲ့ သူ့အလိုလိုရောက်လာတာမှ အချစ်စစ်... အချစ်ဆိုတာ လူတိုင်းရင်ထဲမှာပဲ ရှိတယ်။ ဒါကြောင့် အချစ်စစ်ကို ရှာမတွေ့ဘူး ပြောကြတာပေါ့... လူတွေက ကိုယ့်နှလုံးသားထဲက ပေါက်ဖွားလာတဲ့ အချစ်ကိုကျတော့ မေ့နေကြတာ... ဒီလိုမေ့နေကြလို့ အလွမ်းတွေ ဖြစ်တည်လာတာ။ အလွမ်းတွေများလာတော့ အဆွေးတွေ ဖြစ်လာတယ်။ ဒါကြောင့် လွမ်းဆွေးတယ် လွမ်းဆွေးတယ်လို့ ပြောပြောနေကြတာပေါ့ဗျာ....


ချောကလတ်....ပြောရရင်
chocolate like love

အချစ်စစ်ဟာ သူ့ကိုတရားစီရင်စဉ်က လူတွေအကြောင်းကိုသိသွားတယ်ဗျ အဲဒါကြောင့်အချစ်က သူအမှန်တကယ် ယုံကြည်ရတဲ့လူဆီကိုဘဲ ရောက်လေ့ရှိတော့တယ်လေ ဒါတောင်အလည်သဘောနဲ့ဗျ


သိပ် ဟုတ်တာပေါ့နော် ကျွန်တော်လည်းငယ်ငယ်လေးကတည်းကအချစ်စစ်ကိုရှာဖွေ့နေခဲ့တာပါ ဒါပေမဲ့အချစ်စစ်ကိုမတွေ့မိသေးပါဘူးကျွန်တော်အချစ်ကိုပဲတွေ့ချင်တယ် ဘာလို့လဲဆိုတော့ ကျွန်တော်နှလုံးသား က အလွမ်းနဲ့အမုန်းကိုကြောက်လို့ပါ
အခုထိပဲဆိုပါတော့ ကျွန်တော်ကတော့ချစ်ပဲလို့တယ်ထင်တယ်ဗျ ကျွန်တော်က အေးချမ်းခြင်းကိုပဲလိုလားလို့ပါ ကျွန်တော်ထင်မြင်ချက်ကတော့မှန်မယ်ထင်တယ်ဗျ


သိပ် ဟုတ်တာပေါ့နော် ကျွန်တော်လည်းငယ်ငယ်လေးကတည်းကအချစ်စစ်ကိုရှာဖွေ့နေခဲ့တာပါ ဒါပေမဲ့အချစ်စစ်ကိုမတွေ့မိသေးပါဘူးကျွန်တော်အချစ်ကိုပဲတွေ့ချင်တယ် ဘာလို့လဲဆိုတော့ ကျွန်တော်နှလုံးသား က အလွမ်းနဲ့အမုန်းကိုကြောက်လို့ပါ
အခုထိပဲဆိုပါတော့ ကျွန်တော်ကတော့ချစ်ပဲလို့တယ်ထင်တယ်ဗျ ကျွန်တော်က အေးချမ်းခြင်းကိုပဲလိုလားလို့ပါ ကျွန်တော်ထင်မြင်ချက်ကတော့မှန်မယ်ထင်တယ်ဗျ


qweryu


ကိုဇာနည်ရေးထားတာလေးတွေ ဖတ်ရတာကြည်နူးရပါတယ်။

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.