0

Gtalk ၏ new version ရုပ်ပါမြင်ရပြီ

Posted by ဖြိုးဇာနည် on Wednesday, November 12, 2008 in
Voice and Video Chat in Gmail

ဒီမနက် အိပ်ယာထ သတင်းတွေ လိုက်ကြည့်ရင် Gmail Chat မှာ Voice နဲ့  Video သုံးလို့ ရပြီဆိုတဲ့ အကြောင်း ရေးထားတာ တွေ့ လိုက်ရတယ်။ Gmail ထဲ ၀င်ပြီး Chat ထဲကို sign in ၀င်ယုံနဲ့  အသုံးပြုလို့  မရဘူး။ Plugin တစ်ခု Install လုပ်ဖို့ လိုတယ်။ Plugin install လုပ်ပြီး စမ်းကြည့်ဖြစ်တယ်။ Plugin Install လုပ်ပြီး၊ Browser Restart လုပ်ပြီးရင် Gmail ရဲ့ Setting --> Chat --> Voice and video chat ဆိုတာလေး ပေါ်လာတယ်။ Gmail Chat ထဲမှာ ကိုယ့်နာမည်ရဲ့ ဘေးမှာလည်း Video Icon လေးပေါ်တာတယ်။ ဒါဆို Microphone, Speaker နဲ့ Camera သာရှိမယ်ဆို Voice-Video Feature ကို သုံးလို့ ရပြီ။ နည်းနည်းပဲ စမ်းကြည့်ရသေးတယ်။ Video ကို Full Screen ပြောင်းလို့ရတယ်။အသေးစိတ် သိချင်တယ်ဆို Gmail Official Blog မှာ ဖတ်ကြည့်ပါ။
Official Gmail Blog: Say hello to Gmail voice and video chat
"Gmail voice and video chat" in YouTube
Download Gmail Voice and Video Chat Plugin

Plugin သွင်းထားရက်နဲ့  မမြင်ရဘူးဆိုရင် Tools --> Add-ons ကိုသွားပြီး Plugins မှာ Google Talk ၀င်မ၀င် ကြည့်လို့ ရပါတယ်။ မ၀င်သေးဘူးဆို ပြန်ထပ်သွင်းဖို့ လိုပါတယ်။
ကျွန်တော် မနက်ပိုင်း အိမ်မှာစမ်းကြည့်တုန်းက Plugins လည်း Install လုပ်ပြီးသား ဆိုတာ တွေ့ ရက်နဲ့  VDO Chat သုံးမရဘူး။ ရှိသမျှ Browsers (IE,Firefox,Safari,Opera,Chrome) အကုန်စမ်းတယ် မရဘူး။ နောက်တော့ ရှုပ်ပါတယ် ဆိုပြီး ကွန်ပြူတာ restart လုပ်ပြီး Gmail ပြန်ဝင်ကြည့်တဲ့အခါမှာတော့ VDO chat သုံးလို့ ရသွားပါတယ်။ ကျွန်တော် ကြုံခဲ့ရတဲ့ အတွေ့ အကြုံပါ။ ကျွန်တော် နဲ့ တူတူ စမ်းကြည့်တဲ့ သူငယ်ချင်း ကွန်ပြူတာမှာတော့ Plugins Install လုပ် Browser တွေအကုန် ပိတ်ပြီး ပြန်ဝင်ယုံနဲ့  အဆင်ပြေပါတယ်။
ဖြိုးဇာနည်....နေ့လည်၁း၃၃တိတိ

0 Comments

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.