0

တောင်ကြီးတန်ဆောင်တိုင် LIVE လွှင့်မည်

Posted by ဖြိုးဇာနည် on Wednesday, November 05, 2008 in
မြန်မာနိုင်ငံ၏အထင်ကရပွဲတော်များထဲတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်လည်းအပါအ၀င်ဖြစ်ပါသည်...တောင်ကြီးမြို့၏သာယာအေးချမ်းလှသောအခါသမယတွင်လူအများပါဝင်ဆင်နွှဲနေကြသည့်အချိန်တွင်မိမိကိုယ်တိုင်ပါဝင်ဆင်နွှဲခွင့်မရပဲအဝေးရောက်နေသောတန်ဆောင်တိုင်ချစ်သူတို့အားတန်ဆောင်တိုင်၏ပျော်ရျွင်မှူကိုအများနည်းတူတစ်ထပ်တည်းခံစားနိုင်ရန်အတွက်ဤသတင်းလေးအားထပ်ဆင့်ဖြန့်ဝေလိုက်ပါသည်........ဖြိုးဇာနည်
glitter-graphics.com
..............................................................................................................
တောင်ကြီးတန်ဆောင်တိုင် LIVE လွှင့်မည်
> အိုးစည်သံနဲ့အတူ ချယ်ရီတွေ ယိမ်းကမယ့် ဒီပွဲတော်လေး တစ်နှစ်တစ်ခါဆိုသလို
> အချိန်မှန်မှန်နဲ့ ရောက်လာခဲ့ပြန်ပါပြီ။ ကမ္ဘာအနှံ့ ရှမ်းအိုးစည်သံတွေ
> လွှင့်ပျံ့ခဲ့တဲ့ မနှစ်က ဒီလိုအချိန် ဒီလိုရာသီကို အားလုံး အမှတ်ရနေကြအုန်းမယ်
> ထင်ပါတယ်။ အဝေးရောက် တောင်ပေါ်သားတွေ အိုးစည်သံကို တမ်းတနေသလား? ချယ်ရီရနံ့ကို
> လွမ်းမောနေပြီလား? ကောင်းကင်ပေါ် ဝဲပျံတက်သွားတဲ့ မီးပုံးပျံတွေကို မျက်စိတစ်စုံ
> လိုက်ငေးမကြည့်ခဲ့ရတာ ကြာမြင့်ခဲ့ပြီလား? ပွဲဈေးတန်းက ငါးထမင်းချဉ်၊ ဟင်းထုပ်၊
> ကောက်ညှင်းကျည်ထောက်.... စတဲ့ ဒေသစာတွေကို မစားရချင်နေ ကြည့်ရရင် တော်ပြီလို့
> တောင့်တနေမလား? တောင်ကြီး တန်ဆောင်တိုင်ပွဲကို တစ်ခါမှ မရောက်ဖူးဘူး၊
> ဒီနှစ်လည်း မသွားဖြစ်ပြန်ဘူးလို့ ညည်းတွားနေသလား?
>
> မပူပါနဲ့... လူကိုယ်တိုင် ရောက်သွားသလို ခံစားရအောင် "တောင်ကြီးချယ်ရီမြေ"
> အဖွဲ့သားတွေက Studio35နဲ့ ပူးပေါင်းပြီး ဒီနှစ်တန်ဆောင်တိုင် မီးပုံးပျံပွဲကို
> အဝေးရောက် လွမ်းမောနေကြသူတွေအတွက် မနှစ်ကလိုပဲ အွန်လိုင်းကနေ LIVE
> တိုက်ရိုက်ပြသနိုင်အောင် စီစဉ်နေကြပါပြီ။ အခမဲ့ အပင်ပန်းခံပြီး ပြသပေးတဲ့
> တောင်ကြီးချယ်ရီမြေ ဝိုင်းတော်သားတွေရဲ့ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်
> ပြုနိုင်အောင် ကိုယ့်ဖက်က အဆင်သင့်ကြည့်ဖို့ လုပ်ထားပေးကြပါလို့ သတင်းကောင်းပါး
> လိုက်ပါတယ်။
>
> တောင်ကြီးချယ်ရီမြေ ဘလော့မှာတော့ ဒီလိုလေး ကြော်ငြာထားပါတယ်။
>
> ၂ဝဝ၈ ခုနှစ် - တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို Studio 35 နှင့်
> တောင်ကြီးချယ်ရီမြေ ဘလော့တို့ ပူးပေါင်း၍ web casting ဖြင့်
> တိုက်ရိုက်ပြသပေးပါမည်။
>
> Live Url
> http://www.taunggyicherryland.com/live
>
>
> တိုက်ရိုက်ကြည့်ရှု့ရန်လိုအပ်ချက်များ
> browser: Mozilla 3.0
> Plugin: Windows Media 11 plugin for Mozilla
> Media: Windows Media Player 11 (0r) WVC1 codec
>
> တိုက်ရိုက်ထုတ်လွှင့်မည် နေ့ရက် အချိန်
> နေ့ရက် - နိုဝင်ဘာ ၅ မှ ၁၃ ရက်နေ့အထိ
> အချိန် - ည ၆ နာရီမှ စတင်ပါမည် ( မြန်မာစံတော်ချိန်)
glitter-graphics.com

0 Comments

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.