0

အလွမ်းပါတဲ့အချစ်ကိုမှချိုမြိန်နေတဲ့ကျွန်တော်ဇာနည်

Posted by ဖြိုးဇာနည် on Monday, November 03, 2008 in
Mouse Love Rice
----------------------------------
When that day I hear your voice
I have some special feeling
Let me always think I don't wanna forget you
I remember at the day
You are always on my mind
Eventhough I just can think about you
If the day in the future
This love will becoming true
I've never change my mind that I will love you forever
I don't care how fool it is
I will let my dream come true
I will tell you something I wanna let you know, I let you know

glitter-graphics.com

I love you, loving you, as the mouse love the rice
Even every day has storm, I will always by your side
I miss you, missing you
I don't care how hard it is
I just want you be happy
Everything, I do it for you.
--------------------------------- စကားလုံးတွေမလိုအပ်ပါ
သူနဲ့သူမ စချစ်ကြကတည်းက သူမရဲ့မိဘ တွေက အပြင်းအထန် တားမြစ်ခဲ့ကြသည်။ အဆင့်အတန်းချင်း ကွာလွန်းတာကြောင့် သူနဲ့သာလက်တွဲရင် သူမတသက်လုံး ဆင်းရဲဒုက္ခ ရောက်လိမ့်မည်တဲ့။ အဲဒီလို မိသားစု အသိုင်းအ၀ိုင်းရဲ့ ဖိအားပေးမှု တွေကြောင့် သူတို့နှစ်ယောက် မကြာခဏ ရန်ဖြစ်ကြရသည်။သူ သူမကို သိပ်ချစ်မှန်းသိပေမယ့် “ကျွန်မကို ဘယ်လောက်အထိ လေးလေးနက်နက် ချစ်လည်း” လို့လည်း မကြာခဏ မေးတတ်သည်။ သူဟာ အပြောကောင်းတဲ့လူတစ်ယောက် မဟုတ်တာကြောင့် သူဖြေတဲ့အဖြေစကားတွေကို သူမဘယ်တော့မှ အလိုမကျခဲ့။ အဲဒီလိုကိစ္စမျိုးတွေဖြစ်တိုင်း၊ မိသားစုရဲ့ ဖိအားပေးမှုတွေကြုံတိုင်း သူမရင်ထဲမှာဖြစ်လာတဲ့ မကျေနပ်မှုတွေ ဒေါသတွေကို သူ့အပေါ်အပြစ်ပုံချရင်းနဲ့သာ ထွက်ပေါက်ရှာတတ်သည်။ အဲဒီလို အချိန်မျိုးတွေမှာ သူကတော့ တိတ်ဆိတ်ငြိမ်သက်စွာ သည်းညည်းခံ နေတတ်ခဲ့သည်။(၂)နှစ်လောက်အကြာမှာ သူဘွဲ့ရပြီး နိုင်ငံခြားမှာ ပညာဆက်သင်ဖို့ အခွင့်အရေး ရခဲ့သည်။ သူ မသွားခင်မှာ သူမကိုလက်ထပ်ခွင့် တောင်းခဲ့သည်။ “ကိုယ်စကားကို ဖွဲ့ဖွဲ့နွဲ့နွဲ့တော့ မပြောတတ်ပါဘူး။ မင်းကို သိပ်ချစ်တာပဲ သိတယ်။ မင်းသာ ခွင့်ပြုမယ်ဆိုရင် မင်းကို တသက်လုံး ကြင်ကြင်နာနာ စောင့်ရှောက်သွားချင်တယ်။ မင်းမိဘတွေကိုလည်း လက်ခံလာအောင် ကြိုးစားပြီးပြောပါ့မယ်။ ကိုယ့်ကို လက်ထပ်ပါနော်” ဆိုတဲ့စကားကို သူမကလည်း လက်ခံခဲ့သည်။ သူ့ရဲ့ မလျော့တဲ့စိတ်နဲ့ ကြိုးစားမှုကြောင့် နောက်ဆုံး သူမမိဘတွေကလည်း လက်ထပ်ဖို့ သဘောတူသွားပြီး သူနိုင်ငံခြားမထွက်ခင် စေ့စပ်လိုက်ကြသည်။သူကနိုင်ငံခြားမှာ ပညာသင်နေတုန်း သူမကလည်း အလုပ်ခွင်ဝင်ခဲ့သည်။ ဖုန်းတွေ Email တွေကဆင့် တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ပြီး အရင်အတိုင်း ဆက်ချစ်နေခဲ့ကြသည်။ နှစ်ယောက်လုံး ခက်ခက်ခဲခဲ ရုန်းကန်နေကြရပေမယ့် အရှုံးပေးဖို့၊ တစ်ယောက်ကိုတစ်ယောက် စွန့်လွှတ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ကြ။တစ်နေ့တော့... သူမရုံးကပြန်အလာ ဘရိတ်ပေါက်သွားတဲ့ ကားတစ်စီးတိုက်တာ ခံလိုက်ရသည်။ သူမသတိရလာတဲ့အခါ ကုတင်ဘေးမှာ မိဘနှစ်ပါးကို တွေ့လိုက်ရပြီး သူမဆိုးဆိုးရွားရွား ဒဏ်ရာရထားမှန်းလည်း သိလိုက်ရသည်။ ၀မ်းပန်းတနည်း ငိုကြွေးနေတဲ့ မိခင်ကို နှစ်သိမ့်ဖို့ စကားစလိုက်တဲ့အခါမှာ သူမပါးစပ်က လေသံသာ ထွက်လာသည်။ သူမ... စကားမပြောနိုင်တော့...ဦးနှောက်ကို ထိခိုက်မိတဲ့ဒဏ်ကြောင့် သူမစကားပြောနိုင်တော့မှာ မဟုတ်ကြောင်း ဆရာဝန်က စိတ်မကောင်းစွာ ရှင်းပြသည်။ မိဘတွေရဲ့နှစ်သိမ့်စကားကို နားထောင်ရင်း ဘာမှပြန်ပြောနိုင်စွမ်း မရှိတော့တဲ့သူမ စိတ်ဓာတ်တွေ ပြိုလဲကုန်တော့သည်။ တိတ်ဆိတ်တဲ့ငိုယိုခြင်းကိုသာ အဖော်ပြုပြီး ဆေးရုံပေါ်က နေ့ရက်တွေကို သူမဖြတ်သန်းခဲ့ရသည်။ဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်တဲ့အခါမှာ အရာရာက အရင်အတိုင်း မပြောင်းမလဲရှိပေမယ့် သူ့ဆီက ဖုန်းသံလေးမြည်လာတဲ့ အချိန်တိုင်း သူမအသည်းနှလုံးကို ဓားထက်ထက်နဲ့ခွဲသလို နာကျင်ခဲ့ရသည်။ သူ့ကို သူမအသိမပေးချင်သလို သူမကြောင့်သူ့မှာ ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်ခဲ့။ ဒါကြောင့် နောက်ဆုံး သူ့ကိုသူမ ဆက်မစောင့်နိုင်တော့ကြောင်း စာရေးလိုက်ပြီး စာနဲ့အတူ စေ့စပ်လက်စွပ်လေးကိုပါ ထည့်ပေးလိုက်သည်။ အဲဒီအခါမှာ သူ့ဆီက စာပေါင်းမြောက်များစွာနဲ့ မရေမတွက်နိုင်တဲ့ဖုန်းတွေ ပြန်လာခဲ့သည်။ အဲဒီအချိန်တွေမှာ သူမငိုတာကလွဲလို့ တခြားဘာမှ မလုပ်နိုင်ခဲ့။သူမခံစားနေရတာကို မကြည့်ရက်တဲ့ မိဘတွေက တခြားတစ်နေရာကို ပြောင်းနေကြဖို့ ပြင်ဆင်တော့သည်။ အရာရာကို တဖြည်းဖြည်းမေ့သွားပြီး သူမပြန်ပျော်ရွှင်လာဖို့ အတွက်ပေါ့။ နေရာအသစ် ပတ်ဝန်းကျင်အသစ်မှာ သင်္ကေတနဲ့စကားပြောနည်းကို သင်ယူရင်း သူမဘ၀အသစ်ကို စခဲ့သည်။ သူ့ကို မေ့ပစ်ရမယ်လို့လည်း သူမကိုယ်သူမ နေ့တိုင်းသတိပေးရင်းနဲ့ပေါ့။တစ်နေ့မှာ သူနိုင်ငံခြားက ပြန်ရောက်လာပြီဆိုတဲ့ အကြောင်း သူမသူငယ်ချင်း ပြောလို့ သိလိုက်ရသည်။ သူမအဖြစ်တွေကို သူ့ကို သွားမပြောဖို့သာ သူငယ်ချင်းကို ပြောမိသည်။ အဲဒီအချိန်ကစပြီး သူနဲ့ပတ်သက်တဲ့ ဘာသတင်းမှ သူမ ထပ်မကြားရတော့ပါ။(၁)နှစ်အကြာမှာတော့ သူမသူငယ်ချင်း စာအိတ်တစ်အိတ်နဲ့ ရောက်လာပြန်သည်။ စာအိတ်ထဲမှာတော့ သူ့ရဲ့ မင်္ဂလာဖိတ်စာ။ သူမကြေကွဲတုန်လှုပ်စွာ စာအိတ်ကို ဖွင့်ကြည့်မိတော့ သတိုးသမီးနေရာမှာ သူမနာမည်။ သူမရုတ်တရက် နားမလည်စွာနဲ့ သူငယ်ချင်းကိုမေးဖို့ မော့ကြည့်လိုက်တော့ သူမရှေ့မှာရပ်နေတဲ့ သူ့ကို တွေ့လိုက်ရသည်။ သူက သင်္ကေတစကားနဲ့ “ကိုယ်သင်္ကေတနဲ့ စကားပြောတတ်ဖို့ တစ်နှစ်လောက် သင်ခဲ့ရတယ်။ ကိုယ်တို့ရဲ့ ကတိတွေကို ဘယ်တုန်းကမှ မမေ့ခဲ့ဘူးဆိုတာ မင်းကို ပြောပြချင်လို့ပါ။ ကိုယ့်ကို မင်းရဲ့အသံ ဖြစ်ခွင့်ပေးပါ။ မင်းကို ကိုယ်ချစ်တယ်...”ပြောပြီးပြီးချင်း စေ့စပ်လက်စွပ်လေးကို သူမလက်မှာ သူပြန်ဝတ်ပေးလိုက်သည်။ သူမ တဖန်ပြန်ပြီး ပြုံးနိုင်ခဲ့ပါပြီ...အရမ်းလှပတဲ့ ဇာတ်လမ်းလေးမို့လို့ အတတ်နိုင်ဆုံး ဆီလျှော်အောင် ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။ ဒီဇာတ်လမ်းထဲက အချစ်မျိုးဟာ မေတ္တာတရားက အများကြီးလွှမ်းမိုးထားတဲ့ အချစ်မျိုးလို့ထင်ပါတယ်။ လောကမှာ တချို့သော အရာတွေဟာ စကားလုံးတွေနဲ့ဖော်ပြဖို့ မလုံလောက်သလို၊ စကားလုံးတွေနဲ့ ပြောပြဖို့လည်း မလိုအပ်ပါဘူး...
ဖြိုးဇာနည်....ညနေ၄း၀၀တိတိ
glitter-graphics.com
........................................................................................................
ချစ်စ ကြင်စဦး

glitter-graphics.com

(၁)

“ကို ကို …. ချစ်ဒီနေ.သွားစရာရှိလို. ကို လိုက်ပေးနိုင်မလားဟင် …”


“ကိုယ်သူငယ်ချင်းတွေနဲ.ချိန်းထားတာ တော. ရှိတယ် ။ ဒါပေမဲ. ချစ်အတွက်ဆိုတော. ဖျက်လိုက်မယ်လေ ”။


“အို … ကိုကလဲ အားနာစရာကြီး .. ကိုကိစ္စ ရှိရင် သွားပါ ။ ချစ်ကိစ္စ ကအရေးမကြီး ပါဘူး …”


“ဟာ.. ချစ်ကကို.အတွက်အရေးအကြီးဆုံးပဲ .. ကျန်တာက ပါမွှားပါ ။ ”


“ဟင်းဟင်း .. ဟင်း ဟင်း…”


(၂)

“ချစ်ဘယ်သွား မလို.လဲ ..”


“သြော် ကို.. ဒီနားတင်ပါ ကို ရဲ. … ခဏပဲ။”


“ချစ်တယောက်တည်း ကိုစိတ်မချပါဘူး ..ကိုယ်စိတ်မချပါဘူး… ကိုလိုက်ပို.ပေးမှာပေါ. ..”


“ရပါတယ်ကိုရဲ. .. ဒီနားတင်ပဲဟာ..ပြီးတော.ဒီလောက်လင်း ချင်းနေတာ..”


“ဟာ ကို.အချစ်ဒီတယောက်ထဲရှိတာ..တခုခုဖြစ်ရင် ကို ရင်ကျိုးရချည်ရဲ…”


(၃)


“ .. ကို .. အိပ်နေပြီလားဟင်… ချစ်အိပ်လို.မပျော်ဘူး .. အရမ်ကြောက်နေလို. ”



“ချစ်မကြောက်အောင် ကိုစကားပြောပေးမယ်လေ.. ချစ်ဘာမှမတွေးနဲ. .အိပ်.. အိပ်..”


“Sorry ပဲနော် ကို.. ကို အိပ်ရေးပျက်တော.မယ် ”


“ဟင်.. ချစ်ကလဲ.. မလိုပါဘူး ..ချစ်အတွက်ဆိုမအိပ်ရလဲဘာမှမဖြစ်ဘူး .. ”




A few years later,


(၁)


“ကို..အားလားဟင်.. ချစ်ကိစ္စတခု အရမ်းအရေးကြီးလို.လိုက်ကူလုပ်ပေးပါ”


”ဟေ. .. မင်းကိစ္စတွေပဲ မပြီးနိုင်တော.ဘူးလား .. ငါမအားဘူး .. သူငယ်ချင်းတွေနဲ.ဘောလုံးသွားကန်မလို. …”


“ကို ရယ် နောက်နေ.မှသွားပါလားဟင်.. ချစ်ကိစ္စက အရမ်းအရေးကြီးလို.ပါ ..ပြီးတော…”


“ဟေးဟေး… တော်တော် ငါမအားဘူး မင်းဘာသာမင်း မင်းကိစ္စမင်းလုပ်…”


“သြော်… ကိုရယ် ….”


(၂)


“ငါပင်ပန်းနေပြီ အိပ်တော.မယ်.. မင်းဘာသာမင်းသွား..”


“ကို ရယ်အခုဟာက အရမ်းလဲမှောင်နေလို… ပြီးတော.အဲဒီနေရာကလူလဲပြတ်လို.ပါ ..”


“ငါမသိဘူး..ငါအိပ်တော.မယ်.. ”


“ကို. ရဲ. ဒီနေ.မသွားလို.မဖြစ်ဘူး…”


“………….”


(၃)


“ငါသူငယ်ချင်းတွေနဲ.ဘီယာသွားသောက်မလို. ချိန်းထားတာရှိတယ်.. ညပြန်မအိပ်ဘူး”


ဟင်.. ကို အိမ်မှာလဲဘယ်သူမှမရှိပဲနဲ. … ချစ်တယောက်တည်းဘယ်လိုလုပ်နေမလဲ …ချစ်ကြောက်တတ်တာကိုလဲသိသားနဲ.”


“ဟာကွာ … မင်းဘာသာမင်းဘယ်လိုနေနေ .. မင်းတို.မိန်းမတွေရှုပ်ကိုရှုပ်တယ် …”


“…………”

0 Comments

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.