0

GTalk virus(or)gtalk ကနေ လာတဲ့ မကောင်းဆိုးဝါး

Posted by ဖြိုးဇာနည် on Saturday, November 08, 2008 in
gtalk ကနေ လာတဲ့ မကောင်းဆိုးဝါး

အင်း အဲဒီလို့ပဲ ပြောလိုက်ချင်တော့တယ်.. ဗျာ. ကျွန်တော် တစ်ညလုံး ကောင်းကောင်း မအိပ်ရအောင် လုပ်တဲ့ ကောင် လုံးဝ မကျေနပ်ဘူး ဗျာ.. ဘယ်ကောင်လုပ်တာ လဲ..
gtalk ကနေ လာတယ် လေ..

Hey Please help me to test my new cam http://h1.ripway.com/db0/privateCa Waiting for you, view my private cam via secured connection http://h1.ripway.com/db1/privateCam_
သွားပြီး click နှိပ်လိုက်လို့ ကတော့ အဲဒီ မကောင်းဆိုးဝါး ဆင်းလာပြီသာ မှတ်တော့ အဲဒီကောင် က ပြီးရင် ဘာလုပ်သလဲ ဆိုတော့.. gtalk ပြောနေတဲ့ သူကို သူမပြောရဘဲ .. ငါက
22 female indian
nu
of course
တို့ ကို အလိုအလျှောက် ရိုက်တော့တာ ပဲ ဗျို့ .. ပြီးရင် အခြားလူကိုလဲ အဲဒီ link ကို ဆက်ပို့ တာပဲ ဗျို့ ဒါဆိုရင် ကျိန်းသေမှတ်လိုက် တော့ ဒီကောင်ထိပြီပဲ .. ..

ဘယ်လို့ ရှင်းရသလဲ ဆိုတော့ ဒီကောင် က taskmgr ကိုလဲ ဖျောက်တားတယ် ဗျ.. အဲဒီ ကျတော့ ဒီကောင် process ကို end လို့ မ၇တော့..

အောက် က ဟာတွေ ကို ကူးဗျာ..


taskkill /F /IM chrome.exe
taskkill /F /IM privateCam_v0.1.exe
attrib -S -H -R C:\windows\system32\chrome.exe
del C:\windows\system32\chrome.exe
REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Policies\System /v DisableRegistryTools /f
REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Policies\System /v DisableTaskMgr /f
REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Policies\Explorer /v NofolderOptions /f
REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Run /v “Yahoo Messengger” /f
REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Run /v “Yahoo! pager” /f
gpupdate


ပြီးရင် notepad မှာ bat ဖိုင် အဖြစ် သိမ်းဗျာ.. (ဥပမာ - killchrome.bat)

ပြီးရင် run လိုက်ဗျာ.. ဒီကောင် effect တော်တော်များ များ ကို ရှင်းပစ်နိုင်သွားလိမ့်မယ်..

ဒါပေမယ့် စိတ်မချနဲ့ အုန်းဗျ.. အင်တာနက်ပေါ် က နေ hijackthis ကို download လုပ်ထားပြီးရင် run လိုက် ဒီကောင် window အစ မှာ run မယ်လို့ ကြေငြာထားတဲ့.. chrome.exe, private_webcam.exe ဆိုတာ တွေကို လိုက်ဖြုတ်ဗျာ..

အဲဒါပြီး၇င် မပြီးသေးဘူးဗျ.. ဒီကောင် folder တွေ နာမည်ကို ယူပြီး .exe လုပ်ပလိုက်တော့ ယူဇာတွေက မသိဘူး folder ဖွင့်တိုင်း ပွား ချင်တိုင်းပွားနေတာ တွေ့ ရမယ်.. အဲဒါ တွေကို လဲ del လုပ်ဖို့ tool အောက် က folder option အောက်မှာ view tab အောက်မှာ
show hidden files and folders ကို ရွှေး
hide extension for known file types
hide protected operation system file တွေကို အမှန်ခြစ်ဖြုတ်ပလိုက် ..
ပြီး ရင် start အောက် search မှာ all file and folder ကိုဖွင့် More advaced option အောက် က search hidden files and folder ကို အမှန်ခြစ်လိုက် ..ပြီးရင်..

*.exe လို့ ရှာမယ် box မှာ ရိုက်ထည့်ပေးလိုက်..
ရှာတွေ့ တဲ့ အထဲကမှ.. folder ပုံစံမျိုး .exe application တွေ အားလုံး virus ဖြစ်နိုင်တဲ့ ကောင်တွေ ပဲ.. shift+ del လုပ်ပလိုက်.. ရှင်းရော်..

restart ချကြည့် ပြန်စစ်ကြည့် .. ကောင်းသွားလိမ့်မယ်.. ....အမလေး မိုးလင်းဘာရော်လား.. ဗျာ..

လေးစားစွာဖြင့်

0 Comments

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.