0

လောက၏နိယာမကိုချိုးဖောက်ခြင်း

Posted by ဖြိုးဇာနည် on Sunday, November 02, 2008 in
# ငါဟာကမ္ဘာပေါ်မှာ..........မင်းအတွက်
၁၀၁ယောက်မြောက်........ရိုမီယိုဖြစ်ခဲ့ရင်တောင်
မင်းအတွက်မို့.................ငါကျေနပ်တယ်...............
# ငါဟာကမ္ဘာပေါ်မှာ..........ငါ့အတွက်
၁၀၁ယောက်မြောက်........ဒဿဂီရိဖြစ်ခဲ့ရင်လည်း
ငါ့အတွက်မို့...................ငါကျေနပ်သေးတယ်
# ငါဟာကမ္ဘာပေါ်မှာ...........အခုတော့
ဒုတိယမြောက်................ကိန္နရီဖြစ်နေရပြီဆိုတော့
သောကဆိုသူအတွက်မို့.....ဘာပဲဖြစ်ဖြစ်
မုဒိသာပွားပြီး.................ကျေနပ်မပေးနိုင်တာ
ငါ့အပြစ်လို့ပဲ..................ဆိုကြပါတော့ကွာ............
Mr-Zarni.....1:50am
........................................................
Warren Buffet ရဲ့ ဘ၀အမြင်

“အရိုးဆုံးက အဆန်းဆုံး”လို့ လူတွေပြောလေ့ ရှိကြပါတယ်။ ရိုးရှင်းစွာနေထိုင်ခြင်း ကလည်း ဘ၀အတွက် အကောင်းဆုံးဆိုတာ အောက်မှာ ဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာပါ။ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ ၃၁ ဘီလီယံကို ရက်ရက်ရောရော လှူဒါန်းခဲ့တဲ့ ကမ္ဘာပေါ်မှာ ဒုတိယအချမ်းသာဆုံး သူဌေးကြီး Warren Buffet နဲ့ တစ်နာရီကြာ အင်တာဗျူးမှာ CNBC ကို ပြောသွားတဲ့ သူ့ရဲ့ ဘ၀ကို ရှုမြင်သုံးသပ်ပုံတွေက အရမ်းစိတ်ဝင်စားစရာ ကောင်းလို့ ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။ မူရင်း PowerPoint File ကို ပို့ပေးတဲ့ သူငယ်ချင်း MPနဲ့မမရွှေပြည်သူ ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။၁) သူ့အသက် (၁၁)နှစ်မှာ သူ့ရဲ့ပထမဆုံး ရှယ်ယာကို ၀ယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလိုဝယ်တာ နောက်ကျလို့ အခုနောင်တရပါတယ်တဲ့။ (အဲဒီအချိန်တုန်းက အခုထက် အများကြီး ဈေးနှုန်းတွေ သက်သာလို့ပါ။ ဒါကြောင့် ကိုယ့်သားသမီး ကိုလည်း ရင်းနှီးမြှပ်နှံဖို့ တိုက်တွန်းအားပေးပါ။)၂) သူ့အသက် (၁၄)နှစ်မှာ သတင်းစာပို့ပြီး ရတဲ့ပိုက်ဆံတွေနဲ့ ယာမြေလေးတစ်ခု ၀ယ်ခဲ့ပါတယ်။ (စုဆောင်းထားတဲ့ ငွေလေးတွေပေါင်းပြီး ပစ္စည်းတွေအများကြီး ၀ယ်လို့ရပါတယ်။ ဒါကြောင့် ကိုယ့်သားသမီးကိုလည်း စီးပွားရေးတစ်ခုခုလုပ်ဖို့ တိုက်တွန်းအားပေးပါ။)၃) သူဟာ အခုချိန်ထိ လွန်ခဲ့တဲ့အနှစ်(၅၀) မင်္ဂလာဦးတုန်းက ၀ယ်ခဲ့တဲ့ Midtown Omaha က အခန်း(၃)ခန်းပဲပါတဲ့ အိမ်ကလေးမှာ နေတုန်းပါပဲ။ သူလိုအပ်တာတွေ အားလုံး အဲဒီအိမ်လေးထဲမှာ ရှိတယ်လို့ သူကပြောပါတယ်။ သူ့အိမ်မှာ အကာအရံတွေ ခြံစည်းရိုးတွေလည်း မရှိပါဘူး။ (ကိုယ်တကယ် လိုအပ်တာထက် ဘယ်တော့မှပိုပြီး မ၀ယ်ပါနဲ့။ ကိုယ့်သားသမီးတွေကိုလည်း ဒီလိုပဲတွေးဖို့ လုပ်ဖို့ တိုက်တွန်းအားပေးပါ။)၄) သူဘယ်သွားသွား ကားကို ကိုယ်တိုင်မောင်းသွားတတ်ပြီး သူ့မှာကားမောင်း သမားရော သက်တော်စောင့်ရော တစ်ယောက်မှ မရှိပါဘူး။ (သင်က သင်ပါပဲ။)၅) သူဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပုဂ္ဂလိက ဂျက်လေယာဉ်ကုမ္ပဏီကို ပိုင်ဆိုင်ပေမယ့် ပုဂ္ဂလိက ဂျက်လေယာဉ်နဲ့ ဘယ်တော့မှ ခရီးသွားလေ့ မရှိပါဘူး။ (ကိုယ်လုပ်စရာရှိတာတွေကို ခြိုးခြံချွေတာစွာနဲ့ ဘယ်လိုပြီးမြောက်အောင် လုပ်မလဲဆိုတာ အမြဲစဉ်းစားပါ။)၆) သူ့ရဲ့ Berkshire Hathaway ကုမ္ပဏီက ကုမ္ပဏီပေါင်း ၆၃ခုကို ပိုင်ဆိုင်ပါတယ်။ အဲဒီကုမ္ပဏီတွေရဲ့ CEO တွေဆီကို သူက (၁)နှစ်ကို တစ်ခါပဲ စာတစ်စောင်စီ ပို့ပါတယ်။ စာထဲမှာ လာမယ့်နှစ်အတွက် ရည်မှန်းချက်ပန်းတိုင်တွေပဲ ရေးပေးလိုက်ပါတယ်။ အဲဒါကလွဲလို့ သူတို့ဆီကို ပုံမှန်ဖုန်းဆက်ခြင်း၊ အစည်းအဝေးလုပ်ခြင်းတွေ ဘယ်တော့မှ မလုပ်ပါဘူး။ (သင့်တော်တဲ့လူကို သင့်တော်တဲ့နေရာမှာ တာဝန်ပေးပါ။)၇) အဲဒီ CEO တွေကို စည်းကမ်းချက်(၂)ခုပဲ ထုတ်ထားပါတယ်။
စည်းကမ်းချက် (၁) ~ သင့် ရှယ်ယာဝင်တွေရဲ့ ငွေကို လုံးဝမဆုံးရှုံးပါစေနဲ့။
စည်းကမ်းချက် (၂) ~ စည်းကမ်းချက် (၁)ကို မမေ့ပါနဲ့။
(ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်ပါ။ ပြီးရင် အဲဒီအပေါ် လူတွေ (လက်အောက် ငယ်သားတွေ) အာရုံစူးစိုက်တာ သေချာပါစေ။)၈) သူက အထက်တန်းလွှာကလူတွေနဲ့ ပေါင်းသင်းသွားလာခြင်းလည်း မရှိပါဘူး။ အိမ်ပြန်ရောက်တဲ့အချိန်မှာ သူလုပ်လေ့ရှိတာက ပြောင်းဖူးပေါက်ပေါက်တွေ ကိုယ်တိုင် လုပ်ပြီး TV ထိုင်ကြည့်တာပါပဲ။ (မကြွားဝါပါနဲ့။ ကိုယ်နေတတ်သလိုသာနေပါ။ ကိုယ်နှစ်သက်တာတွေကို လုပ်ပါ။)၉) သူဟာ ဆဲလ်ဖုန်းသယ်လေ့ မရှိသလို သူ့အလုပ်စားပွဲပေါ်မှာလည်း ကွန်ပျူတာ မရှိပါဘူး။၁၀) ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ Bill Gates က သူနဲ့ လွန်ခဲ့တဲ့(၅)နှစ် ကမှ တွေ့ဆုံဖြစ်ပါတယ်။ Bill Gates က သူနဲ့ Warren Buffet မှာ ဘာမှတူညီတာ သိပ်မရှိဘူး (ပြောစရာသိပ်မရှိဘူး) ထင်လို့ နာရီဝက်ပဲ တွေ့ဆုံဖို့ စီစဉ်ခဲ့ပါတယ်။ တကယ်တမ်း တွေ့တဲ့အခါမှာတော့ တွေ့ဆုံမှုဟာ (၁၀)နာရီအထိ ကြာမြင့်ခဲ့ပြီး Bill Gates ဟာ သူ့ကို အထူးချစ်ခင်လေးစားသူတစ်ယောက် ဖြစ်သွားပါတော့တယ်။လူငယ်တွေအတွက် Warren Buffet ရဲ့အကြံပေးချက်တွေ ကတော့...Credit Card (ဘဏ်ချေးငွေ)တွေကို ဝေးဝေးကနေ ရှောင်ပြီး ကိုယ့်အတွက်ကိုယ် ရင်းနှီးမြှပ်နှံပါ။ မှတ်မိနေရမယ့် အရာတွေကတော့...
က) ငွေကလူကို ဖန်တီးခဲ့တာမဟုတ်ဘဲ လူကပဲငွေကို ဖန်တီးခဲ့တာပါ။ခ) ဘ၀ကို ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်းနေထိုင်ပါ။ဂ) သူများတွေ ပြောတိုင်းလိုက်မလုပ်ပါနဲ့။ နားတော့ထောင်ပါ။ ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာ လုပ်ပါ။ဃ) အ၀တ်အစားနဲ့ ပတ်သက်ရင်လည်း နာမည်ကြီးတံဆိပ်တွေ နောက်ကို မလိုက်ပါနဲ့။ ကိုယ်ဝတ်ရတာ သက်တောင့်သက်သာ ရှိတာတွေကိုပဲ ၀တ်ပါ။င) မလိုအပ်တဲ့အရာတွေအတွက် ပိုက်ဆံကို မဖြုန်းတီးပါနဲ့။ တကယ်လိုအပ်နေတဲ့သူတွေ အတွက်သာ သုံးပါ။စ) ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ဘ၀ပါပဲ။ ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့် ပေးရမှာလဲ။အပျော်ဆုံးလူတွေဟာ အကောင်းဆုံးတွေကိုချည်းပဲ ရထားကြတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ဘ၀လမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေကိုပဲ တန်ဖိုးထားနှစ်သက်ကြတာပါ။

0 Comments

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.