0
ငါးကြင်းတစ်ကောင်အကြောင်း
Posted by ဖြိုးဇာနည်
on
Thursday, March 05, 2009
in
စေတနာနဲ့ပါ
ကျွန်တော်ဇတ်လမ်းလေးတစ်ပုဒ်ရေးမယ်လုပ်လိုက်ဦးနှောက်ကအလုပ်မလုပ်လိုက်နဲ့ဖြစ်ဖြစ်နေတာနှစ်ရက်ရှိပါပြီ။ဒီနေ့တော့ကျွန်တော့်
မေမေကျွန်တော့်ကိုပြောပြောပြတတ်တဲ့ပုံပြင်လေးတစ်ပုဒ်အကြောင်းပြန်ပြောပြချင်ပါတယ်။အဲဒီကိစ္စနဲ့ပက်သက်ပြီးကျွန်တော်တစ်ခုပြော
ချင်ပါသေးတယ်။ကျွန်တော့်ကိုကျွန်တော့်မေမေပြောပြတဲ့ဒီဇတ်လမ်းလေးကိုရေးလိုက်မယ်လို့စိတ်ကူးပြီးရေးမယ်လို့လုပ်တော့မှတစ်ခု
တွေးမိပြီးကျွန်တော့်မေမေကိုသွားမေးခဲ့ပါတယ်။ကျွန်တော်မေးခဲ့တာကဒီဇတ်လမ်းလေးဟာမေမေကျွန်တော့်ကိုပြောပြဖို့အတွက်ကိုယ့်
ဟာကိုယ်ဇတ်လမ်းစဉ်းစားတာလား--တစ်နေရာရာကဒါမှမဟုတ်တစ်ယောက်ယောက်ဆီကပြန်သိခဲ့ရတာလားဆိုတာကိုပါ။မေမေပြန်ဖြေ
တဲ့စကားလေးကတော့ဖတ်ဖူးတာတဲ့မှတ်မှတ်ရရ ၂၀၀၂ခုနှစ်လောက်လောက်တုန်းဖြစ်မယ်ထင်တယ်တဲ့။ကဲပါဘာပဲဖြစ်ဖြစ်ကျွန်တော်
ကတော့ကိုယ်တိုင်စာစီပြီးချပြလိုက်ပါပြီ။့
ငါးကြင်းတစ်ကောင် အကြောင်း
တရံရောအခါကပေါ့၊ ဒေါက်တာသူရဆိုတဲ့ ထူးထူးဆန်းဆန်း ဆရာဝန်တစ်ဦးရှိသတဲ့၊ သူ့ မှာ တိရစ္ဆာန်တွေကို အပျော်မွေးတတ်တဲ့ ဝါသနာရှိပါတယ်။ ဖားတို့ ၊ မြွေတို့ ၊ ဖွတ်တို့ စသည်ဖြင့် စုံနေအောင် မွေးဖူးပါတယ်။ တစ်ခါတော့ သူဟာဈေးထဲက ငါးကြင်းအရှင်တစ်ကောင် ၀ယ်ပြီးမွေးပါတယ်။ အခုပုံပြင်က အဲဒီ ငါးကြင်းအကြောင်းပါ။ ငါးကြင်းရဲ့  နာမည်ကို “ရေချမ်း”လို့  ဒေါက်တာက ပေးလိုက်ပါတယ်။ ပြီးတော့ ငါးကြင်းကိုသူ့ ရဲ့  ရေအင်တုံထဲ ထည့်မွေးထားပါတယ်။ ဒါပေမယ့် ငါးကြင်းက အတော်လေးကြီးလာတော့ ဒေါက်တာခမျာ ရေခဏခဏ လဲပေးနေရတဲ့ တာဝန်ရှုပ်လာပါတယ်။
အဲဒါနဲ့  ဒေါက်တာက ဆုံးဖြတ်ချက်ကြီးချလိုက်တယ်။ “ဒီငါးကြင်းကို ရေမရှိလဲ နေနိုင်အောင် လုပ်ရမယ်” တဲ့၊ ဘယ်သူက ဘယ်လိုထင်ထင် ဒေါက်တာသူရကတော့ သူ့ အကြံကို လက်တွေ့ အကောင်အထည်ဖော်ပစ် လိုက်ပါတယ်။ ပထမ သူ့ ငါး “ရေချမ်း” ကို အင်တုံထဲက ထုတ်ပြီးခဏ အပြင်မှာထားတယ်၊ မိနစ်နည်းနည်းကြာရင် ရေထဲပြန်ထည့်တယ်၊ ဒီလိုနဲ့ အပြင်မှာထားတဲ့ မိနစ်တွေ တိုးတိုးလာလိုက်တာ နောက်ဆုံး ငါးကြင်း “ရေချမ်း” ဟာ ရေဆွတ်ထားတဲ့ မြက်ခင်းလေးပေါ် နေနိုင်လာတဲ့ အထိပဲ၊ ဟော… နောက် ရေချမ်းဟာ ရေရှိရှိ၊ မရှိရှိ အရိပ်ထဲမှာ နေလို့ ရတဲ့အထိ ခံနိုင်ရည် ရှိလာတယ်၊ ဒေါက်တာသူရ ဇွဲကောင်းကောင်းနဲ့  ဆက်ကြိုးစားတယ်၊ ကဲ… တိုတိုပြောမယ်၊ နောက်ဆုံး ငါးကြင်းရေချမ်းဟာ ဒေါက်တာသူရ သွားရာနောက်က တကောက်ကောက် လိုက်နိုင်လာပါတော့တယ်၊
ဒေါက်တာသူရက သူ့ ငါးအတွက် ဂုဏ်ယူလိုက်တဲ့ ဖြစ်ခြင်း။ မျက်နှာကြီးကိုပြုံးလို့ ၊ “ရေချမ်း” ကလည်း ဒေါက်တာဘယ်သွားသွား နောက်ကတကောက်ကောက်၊ မြို့ ထဲ ဒေါက်တာဆေးသွားကုရင် နောက်က “ရေချမ်း” က ဖုန်လမ်းထဲမှာ သူ့ ဗိုက်ကြီး လိမ့်လိမ့် ဖြည်းဖြည်းနဲ့  လိုက်လာတာ တွေ့ ရမယ်။ “ရေချမ်း” က အရမ်းနာမည်ကြီးတော့ ဆပ်ကပ်တွေက ကြေးကြီးကြီးပေးပြီးတော့ကို လာဝယ်တယ်။ ဒါပေမယ့် ဒေါက်တာသူရကလည်း အပြတ်ငြင်းပစ်တယ်။ ဘယ်လောက်ပေးပေး မရောင်းနိုင်ဘူးတဲ့၊ ဟုတ်တယ်လေ၊ သူကိုယ်တိုင် အချိန်ကုန်ခံ၊ အပင်ပန်းခံမွေးရတာ၊ အသက်လောက် မြတ်နိုးမှာပေါ့။
တစ်နေ့ တော့ ဒေါက်တာကို သူတို့ မြို့ နားကရွာတစ်ရွာက ဆေးကုဖို့  လာပင့်ပါတယ်။ ဒေါက်တာလည်း ဆေးအိတ်ဆွဲပြီး လိုက်သွားတယ်။ ထုံးစံအတိုင်း ငါးကြင်း “ရေချမ်း” လည်း ပါသပေါ့၊ ဒီလိုနဲ့  ဒေါက်တာနဲ့  “ရေချမ်း”တို့  လျှောက်လာလိုက်ကြတာ ရွာစည်းရိုးနား ရောက်လာတယ်၊ အဲဒီမှာ လယ်ထဲကိုရေသွင်းတဲ့ မြောင်းကလေးရှိတယ်။ ဒေါက်တာလည်း အသာကျော်ပြီးလျှောက်လာတယ်။ အဲ… နောက်တော်တော်လေးကြာလို့  ဒေါက်တာနောက်ကို လှည့်ကြည့်လိုက်တော့ ရေချမ်းမရှိတော့ဘူး၊ ဒေါက်တာ လာရာလမ်းအတိုင်း ပြန်လှည့်ပြီးရှာတယ်။ “သေချာပါတယ်၊ ဒီကောင်ရေမြောင်းလေးထဲမှာ” ပေါ့၊ ဟုတ်ပါတယ်၊ ရေမြောင်းလေးထဲမှာ ငါးကြင်း “ရေချမ်း” ပေါလောလေးပေါ်လို့ ၊ သေနေပြီ ရေနစ်လို့ ……။ အင်း ဒေါက်တာသူရတို့  အဖြစ်ကတော့ ပြောစမှတ်ကိုတွင်ရော။ ။
ဟားဟာ့းဒီဇတ်လမ်းလေးဟာကျွန်တော့်အတွက်မရိုးနိုင်တဲ့ဇတ်လမ်းလေးပဲဗျို့
ဖြိုးဇာနည့်ည့၁၁း၄၅တိတိ

Post a Comment