6

အရူးဖြစ်ချင်တယ်

Posted by ဖြိုးဇာနည် on Friday, May 01, 2009 in


နှစ်ယောက်အတူတူလျှောက်ခဲ့ဖူးပါတယ့်အပြာရောင်ညလေးတစ်ညမဟုတ်ခဲ့ပေမဲ့ ကြယ်ရောင်တွေ
ကျိုးတို့ကျဲတဲ နဲ့ညကိုရွက်ကြမ်းရေကျို ပြင်ဆင်ပေးထားတဲ့ လတစ်ခြမ်းပဲ့ တစ်စင်းမင်းမူနေတဲ့ ညတွေအ
လယ်မှာပေါ့မသဲကွဲတဲ့အာရုဏ်တွေကို သူ့အချစ်တွေနဲ့အလင်းပေးရင်း သဘာဝတရားရဲ့အနိုင်
ကျင့်ခြင်းကိုခံထားရတဲ့ မညီမညာဒီလမ်းကလေးပေါ်မှာ တို့နှစ်ယောက်ရဲ့အချစ်တွေကိုတံဆိပ်ကပ်ခဲ့ဖူး
တယ်။

နှစ်ယောက်အတူတူသွားခဲ့ဖူးပါတယ့်ဘဝအမောတွေပြေပျောက်လောက်စေမဲ့အပန်းဖြေ စရာကမ်းခြေ
တစ်ခုမဟုတ်ခဲ့ပေမဲ့ မညီမညာကွေ့ပတ်စီးဆင်းလာတဲ့ ဒုဒ္ဓဝတီ မြစ်ကမ်းနှဖူးလေးတစ်ခုမှာလေပြည်ညှင်း
တွေမဟုတ် တဲ့ လေစိမ်းကြမ်းကြမ်းတွေကြားက ရေစီးနဲ့အတူမြောပါလာတတ်တဲ့သစ်ရွက်ကလေး
တွေကို နှစ်ယောက်သားအပြိုင် ရေတွက်ခဲ့ ကြဖူးတယ်လေ။ဘယ်သူ့အချစ်ကပိုများလဲလို့ ရူးကြောင်
ကြောင်အတွေးတွေနဲ့ပေါ့

နှစ်ယောက်အတူလျှောက်ခဲ့ဖူးပါတယ့်ချစ်သူစုံတွဲပေါင်းများစွာအတွက် အထင်ကရဖြစ်စေတဲ့ ခရေပင်
လမ်း ကလေးထဲမှာမဟုတ်ခဲ့ပေမဲ့ သစ္စာတွေနဲ့ နှစ်အဆက်ဆက် ဂုဏ်တတ်လာခဲ့တဲ့ ပိတောက်လမ်းက
လေးထဲမှာပေါ့ခရေလမ်းလိုတော့ ရနံမွှေးပြန့် မှုမျိုးမရှိခဲ့ပါဘူး ။ဒါမေမဲ့ သစ္စာတရားကိုတန်ဖိုးထား
တတ်သော ပိတောက်ပင်အို ကလေးရဲ့ အရိပ်စစ်ကလေးအောက်မှာတော့ ချစ်သူနှစ်ဦးဟာ သစ္စာမပျက်
ကြေး ဆိုပြီး သစ္စာ ပြုခဲ့ကြဖူးတယ်လေ့

နှစ်ယောက်အတူတူသွားခဲ့ဖူးပါတယ့်ချစ်သူစုံတွဲတွေအတွက်နောင်ဘဝ အထိပေါင်းဖက်ရပါစေသား
ဆိုပြီး ဆုတောင်းနေကြတဲ့ ရွှေတီဂုံ ဘုရားကြီးမှာမဟုတ်ပေမဲ့ တို့နှစ်ယောက်တန်ဖိုးထားပြီးကပ်လှူထား
တဲ့ ဒီအာရုဏ် ဆွမ်းလေးကိုဘုန်းပေးနေတဲ့ ကိုယ်တော် ကလေးရဲ့ တရားရိပ်အောက်မှာပဲ တို့နှစ်ယောက်
ရဲ့အချစ်တွေကို ဘဝအဆက်ဆက်တည်မြဲနေစေဖို့ ဆုတောင်းခဲ့ကြတယ်လေ့ပီတိတွေ အပြည့်နဲ့
မျက်ရည်တောင်ဝဲမိကြသေးတယ့်

နှစ်ယောက်အတူလျှောက်ခဲ့ဖူးပါတယ့်နေဝင်ရီတရောမှာ အသံတွေအရောင်တွေစုံလင်နေတဲ့ အဓိပ္ပတ္တိ
လမ်းမကြီးပေါ်မှာမဟုတ်ပေမဲ့ ဘဝကချပေးလာတဲ့အချိန်ဇယားပေါ်မှာ အကွက်ကျကျရုန်းကန်နေကြ
တဲ့ သာမည ရပ်ကွက် လေးတစ်ခုထဲမှာပေါ့ပန်းပေါင်းစုံဖူးပွင့်နေတဲ့ ပန်းခြံတစ်ခုလို မွှေးရနံပေါင်းစုံ
မခံစားရပေမဲ့ သားငယ်ကိုတရှိုက်မက်မက် မွှေးကြူနေတဲ့ ညစ်ထေးထေး သားအမိနှစ်ယောက်ကိုကြည့်
ပြီ်းအပြုံးအသစ်တစ်ချို့နဲ့ တို့နှစ်ယောက် ကြည်နူး မိကြသေးတယ်လေ့

နှစ်ယောက်အတူတူသွားခဲ့ဖူးပါတယ့်လူတစ်ကာအထင်အမြင်ကြီးတဲ့ သမ္မတ လိုရုပ်ရှင်ရုံမျိုးမဟုတ်ပေ
မဲ့ အလှူတစ်ခုရဲ့ ဇတ်ပွဲတစ်ခုမှာမှာနှစ်ယောက်သားဖျာခင်းပြီး အလင်းပေါက် ကြည့်ခဲ့ဖူးတယ်လေ့အ
ကြမ်းအရမ်း အနူးအညံ တွေကိုခံစားရင်း ကိုယ်တိုင်တိုင်ခိုက်နေရတဲ့ ဘဝတိုက်ပွဲကြမ်းကြီးကို တဒင်္ဂ မေ့
ပျောက်နေခဲ့ကြဖူးတယ့်ချစ်သူရယ့်အော့်အခုတော့

နှစ်ယောက်အတူလျှောက်ခဲ့ဖူးပါတယ့်နှစ်ယောက်အတူတူသွားခဲ့ဖူးပါတယ့်တွေလိုမျိုးနင်နဲ့ ပါငါ နှစ်
ယောက်အတူတူသေသွားခဲ့လိုက်မယ်ဆိုရင်
ဘယ်လောက်ကောင်းမလဲဟာ့အခုတော့ငါတစ်ယေက်
ထဲလောက ကြီးကို ငိုသံတွေနဲ့နှုတ်ဆက်ရင်း လျှောက်သွား နေခဲ့မိပြီဟာ့နင်မရှိတော့တဲ့လောကကြီး
မှာ နှစ်ယောက်အတူတူ လျှောက်သွားခဲ့ကြဖူးတဲ့နေရာလေးတွေဟာ လည်းငါ့ အတွက်ကဗျာမဆန်တော့
ဘူးလေ့နင့်ကိုသတိရတိုင်းငါဒီနေရာကလေးတွေကိုမလာရဲတော့ဘူးဟာ့လွမ်းလို့သေသွားနိုင်
တယ့်အခုတော့နင်မရှိတော့တဲ့ လောကကြီးထဲမှာငါမသေ သေးပေမဲ့ ငါဟာရူးနေပြီ့ဟုတ်တယ်
ငါရူးနေပြီ့ငါနင့်ကိုသိပ်ချစ်တယ့်ငါအရူးဘဝကိုခံယူပါရစေတော့ဟာ့

ခံစားချက်စစ်စစ်လေးများဆက်လက်မွေးဖွားနိုင်စေဖို့အတွက် ကြိုးစားပါအုံးမည့်ဖြိုးဇာနည့်ည့၁၀း၅၅တိတိ

6 Comments


ဇာနည်ရေ အချစ်အကြောင်းကို ဖွဲ့ဖွဲ့နွဲ့နွဲ့ လေးရေးထားတာ ဖတ်လို့ကောင်းတယ်...ဒီလိုခံစားချက် စာစုလေးတွေ ထပ်ရေးပါအုံးကွာ
...ခင်မင်သောအားဖြင်(မြစ်ကျိုးအင်း)


သြော် စာတော်တော်ကိုရေးတတ်တာပဲ။ တကယ်မရှိတော့တာလားဟင် သမီးအဖြစ်နဲ့တူနေလို့ တော်တော်ခံစား၇တယ်ဗျာ။ ပျော်ရွှင်ပါစေ။ စာတွေဆက်ရေးနိုင်ပါစေ။ အားပေးနေပါတယ်။


စာရေးကောင်းတဲ့ ညီလေးရေ...။မရုးတာ့မရုးလိုက်ပါနဲ့..။စာကောင်းကောင်းလေး
တွေဆက်ပြီး မဖတ်ရမှာစိုးလို့...။


မင်္ဂလာနံနက်ခင်းပါ။ ခံစားချက်စစ်စစ်လေးကို လာဖတ်သွားတယ်နော်။ ပျော်ရွှင်ပါစေကွာ။


အခုတော့ နှစ်ယောက်လုံးအတူတူလွမ်းနေရတယ်မဟုတ်ဘူးလား
နှစ်ယောက်တူတူတော့မရူးလိုက်ကြနဲ့နော်


အင်းဘာပြောရမှန်းကိုမသိဘူးဗျ အကိုရ
မူရင်းအတိုင်းပဲခံစားသွားတယ်
သေချာတာတော့ ကြိုက်လို့ တစ်ခါ ပြန်လာပြီးဖတ်တယ်
ခုတော့မန့် တယ် ဒါလောက်ပါပဲ အကို၇
ညီက ပြောတတ်ဖူး ရယ့်

ပေတလူဆိုးပေ အကောင်းစား
အိုက်ခီလောက်

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.