8

အရာအားလုံးပြီးပြည့်စုံခဲ့သော့ရာဇဝင်

Posted by ဖြိုးဇာနည် on Sunday, May 03, 2009 in
အရာအားလုံးပြီးပြည့်စုံခဲ့သောဘဝတစ်ခု၏ရာဇဝင်

ကလောင်ကလောင်ခွက့်COKEဗူးခွံလေးတစ်ဗူ့းအရှိန်အဟုန်ပြင်းစွာဖြင့်မြေကြီးပေါ်သို့ဗရမ်းဗတာ
ပစ်ကျသွားသည်။အဲလိုပါပဲ ကျွန်တော့်နှလုံးသားလဲ ထိုနည်း၎င်းပစ်စက်လက်ခက် ဗရမ်းဗတာ ပြုတ်ကျ
ခဲ့ဖူးသည်။အရက်သောက်ပြီးလဲမဖြေသိမ့်ခဲ့သလို အသည်းကွဲပြီးလဲငိုမနေခဲ့ပါဘူး။အံကိုတင်းနေအောင်
ကြိတ်ခံရင်း မင်းနာမည်ကို ငါ့ဘဝထဲကဆွဲထုတ်ဖို့ ငါကြိုးစားခဲ့ဖူးတယ်လေ။ဟားဟားအချစ်က ဟာသပါ
ပဲကွာ အသက်ရှူနှုန်းတွေကို လေးကန်နေလောက်အောင်အထိခံစားရလိမ့်မယ်လို့ ငါလုံးဝမတွေးထားမိ
ဘူး။အခုတော့ ငါလေးလေးနက်နက်ထားခဲ့တဲ့ အချစ်တွေကငါ့ကို လေးနက်တဲ့ဒဏ်ရာတွေနဲ့ ကျေးဇူး
ဆပ် နေပါလာ့း

အဟတ်ဟတ့်ငါခံစားနေရတဲ့အချစ်တွေကိုငါဟာသတစ်ပုဒ် အဖြစ်ပြောင်းပြီးခံစားပစ်လိုက်တယ်။တ
ရားမျှတမှုမရှိတဲ့ဒီလောကကြီးမှာ ငါပေးသလောက်ပြန်မရခဲ့တာဟာလဲ တရားပါတယ်ကွာ။မဟုတ်ရင်ငါ
ဟာ လောကကြီးကိုအရွဲ့တိုက်သူတစ်ယောက်ဖြစ်သွားမှာပေါ့ဟတ်ဟတ့်မဟုတ်ဖူးလာ့းသေချင်
နေတဲ့သူတစ်ယောက်ကို မင်းဘာလို့သေချင်တာလဲလာမေးသလိုပေါ့သူသေချင်နေတဲ့သူ့ဘဝအကြောင်း
ကိုသူမသေခင်မှာစိတ်ရှည်ရှည်ရှင်းပြခဲ့ချင်အုံးမှာပါ။ငါလဲအတူတူပဲ ငါလွမ်းနေရတဲ့ ငါခံစားနေရတဲ့ဟာသ
တစ်ပုဒ်အကြောင်းတွေကို လူတစ်ယောက်ကို ဂဃဏနပြောပြခဲ့ဖူးတယ့်ဟားဟာ့းလူတွေကလဲဟာ
သပါပဲကွာ့ငါပြောပြတဲ့အကြောင်းတွေ ကိုပေါက်စီသုံးလုံး လ္ဘက်ရည်တစ်ခွက်နဲ့ လဲလှယ်ပြီးရင်းလိုက်
ရမှန်း ငါနောက်မှသိလိုက်ရတယ့်။

ပလုံပလုံနဲ့ငါ့ဘဝရဲ့တန်ဖိုးရှိတဲ့ အချိန်တော်တော်များများကိုမင်းကြောင့် နစ်မြုပ်ခံခဲ့ရဖူးတယ်။ငါ့ဘဝမှာ
ရေရေလည်လည် ပက်ပက်စက်စက်ဆုံးရှုံးသွားတဲ့ကျရှုံးမှုတစ်ခုကိုငါအပြည့်အဝခံစားလိုက်ရတယ်။ဟား
ဟား တတ်လဲတတ်နိုင်ပါလားကွာ မင်းမို့လို့ လုပ်ရက်တယ့်sample တွေနဲ့တန်းတူညီနေတဲ့ ငါ့ဘဝမှာ
လည်ထွက်နေအောင် ပျာယာခတ်မှုတွေနဲ့မင်းကို အစစအရာရာ အလိုလိုက် အလိုက်သိခဲ့တဲ့ ကောင်ပါ
ကွာ။အခုတော့ ဘာတဲ့ဟားဟားမင်းရဲ့ “ကို ကျွန်မ တို့နှစ်ယောက်××××××××××”ဆိုပြီး
မျက်ရည်လည်ချင်ယောင်ဆောင်လို့ မင်းပြောခဲ့တဲ့reason တွေကိုငါပြန် တွေးမိလိုက်တိုင်း ရယ်ရတာအူ
တတ်မတတ်ဖြစ်ရလွန်းလို့ ပြန်မပြောပြတော့ပါဘူးကွာ့။သွားပါ့သွားစမ်းပါ ဇာနည် တဲ့ နောက်လှည့်
ကြည့်တတ်တဲ့ထုံးစံ မရှိခဲ့ဖူးတဲ့ကောင်ပါကွာ့အေးးးးးးးတစ်ခုတော့မှာလိုက်မယ် နောက်တစ်ခါငါလို
ကောင်မျိုးကိုတွေ့ ချင်ပါတယ် ဆိုလို့ကတော့ နောက်ဘဝမှာ မှငါပြန်စဉ်းစားပေးမယ်နော့်ဒါအချိုသာ
ဆုံးမင်းအပေါ်မှာငါ့ရဲ့တုန့်ပြန်မှုပါ့သဘောပေါက်တယ်ဟုတ့်ရက်စက်မှုတွေကို ငယ်ငယ်လေးက
ထဲက သင်မပေးဖူးခဲ့တဲ့ မေမေ့ကိုတော့ငါဒီတစ်ခါအပြစ်တင် မိပါရဲ့ကွာ့သံယောဇဉ်တွေနဲ့ ကြီးပြင်း
လာခဲ့တဲ့ငါ့ဘဝ မှာ မင်းကိုရစ်ပတ်တွယ်နှောင်မိသွားတဲ့ကြိုးလေးတစ်ချောင်း ကိုတော့ငါနှမြောမိတာအ
မှန်ပဲ့

ရူးးးးးးးးးးးငါပြောပြမယ့်သေချာနားထောင် ဒီစကားဟာမင်းတစ်ယောက်ထဲအတွက်ရည်ရွယ်ထားတာ
ပါ။နောက်တစ်ခါငါ့ကိုကစားခဲ့သလိုမျိုးမင်းဘယ်သူ့ကိုမှထပ်မကစားမိပါစေနဲ့ကျန်တဲ့သူတွေဟာငါ့လို
မျိုးခေါင်းငုံအံကြိတ်ခံမဲ့သူဖြစ်လာနိုင်ဖို့အတွက်တော့မင်းအတွက်ဒုတိယအကြိမ်ကံကောင်းနိုင်မှာမဟုတ်
တော့ဘူး။ဒါဟာ ငါမင်းအပေါ်မှာထားတဲ့ နောက်ဆုံးသံယောဇဉ်လက်ကျန်ပဲ ရှေ့လျှောက်ဖြတ်သန်းရမဲ့
မင်းဘဝခရီးမှာ ပျော်ရွှင်မှုအပေါင်းနဲ့ ပြည့်စုံနိုင်ပါစေလို့ငါဆုတောင်းပေးလိုက်ပါတယ်ကွာ့
မင်းရဲ့အစွှန့်ပစ်ခံခြင်းကိုခံလိုက်ရတဲ့ တစ်ချိန်ကချစ်သူ့

ကလောင်ကလောင်ခွက့်COKEဗူးခွံလေးတစ်ဗူ့းအရှိန်အဟုန်ပြင်းစွာဖြင့်မြေကြီးပေါ်သို့ဗရမ်းဗတာ
ပစ်ကျသွားသည်။ ကျွန်တော်အတွေးတွေနဲ့ထိုင်နေမိတာဘယ်လောက်ကြာသွားတယ် မသိပါဘူး ကြမ်း
တမ်းလွန်းလှတဲ့ ပြုတ်ကျသံ တစ်သံကြားတော့မှ ကျွန်တော် သတိပြန်ဝင်လာခဲ့တယ်။ကျွန်တော့်ဘေးကို
တစ်လိမ့်ချင်းလိမ် လာနေတဲ့ COKE ဗူးလေးကိုကျွန်တော်ကောက်ယူလိုက်မိတယ့်အဲဒီအချိန်မှာပဲ
ကလေး ငယ်တစ်ယောက်က “အကို အကို သားကိုအဲဒီဗူးလေး ပေးပါနော့်သားသွားရောင်းမလို့ပါ”
“အော့်ညီလိုချင်လို့လားရော့ယူလေ့”ကလေးငယ်လေး လိုချင်တာရပြီးပျော်ရွှင်စွာပြေးထွက်သွားပါ
သည့်ကျွန်တော်ကသာ ထိုနေရာမှာရပ်နေရင်းက “အော့်မင်းလဲငါနဲ့ဘဝတူပါလားဗူးခွံလေး
ရယ့်”
နောက်ဆုံးတော့ ငါ့ကိုလိုလားတဲ့ ဒေး ဆိုတဲ့အမျိုးသမီးတစ်ယောက်ဆီမှာ ငါဟာမင်းလိုပဲဘဝ
ကိုခိုလှုံခွင့်ရလိုက်ပြီလေ့အရာအားလုံးပြီးပြည့်စုံခဲ့တဲ့ ဘဝတစ်ခုကိုငါအခုပိုင်ဆိုင်လိုက်ရပြီ ဒေး
ရယ့်ငါမင်းကိုအရမ်းကျေးဇူးတင်ပါတယ့်ပြုတ်ကျနေတဲ့ငါ့ဘဝကို ပြန်လည်ကောက်ယူပေးခဲ့တဲ့
မင်းရဲ့ မေတ္တာတွေအတွက်ပေါ့

ကြိုးစားပါအုံးမည့်ဖြိုးဇာနည့်ည့၉း၂၈တိတိ

8 Comments


ဒီပိုစ့်လေးဖတ်ပြီး စိတ်ထဲမှာ တမျိုးကြီး ဖြစ်သွားတယ်....။


ရင်ထဲတကယ်နာကျင်နေတာလား
တကယ့်အဖြစ်တွေလား
ကလေးကဗူးခွံလေးကိုသွားရောင်းစားမှာတော့အသေအချာပဲနော်
ဘယ်လိုလုပ်မတုန်း
ချစ်ခင်စွာဖြင့်
ဖိုးစိန်


အလယ့်....ခံစားချက်တွေသိပ်ပြင်းနေပါလား၊ သူငယ်ချင်းရဲ့။ ပျော်ရွှင်သောနေ့လေးဖြစ်ပါစေကွာ။


ငါ့မောင်လေး ပေါက်ကွဲချက်တွေ ပြင်းထန်နေပါလား...
စာလေးရေးထားတာ တော်တော်ကောင်းတယ်
စိတ်ထဲမှာ သိပ်ခံစားရရင် စာတွေသာ များများချရေးပစ် ဘာပဲဖြစ်ဖြစ် တကယ်ပဲဖြစ်ဖြစ် စိတ်ကူးအတွေးတွေပဲဖြစ်ဖြစ်..
အစ်မတို့ အားပေးနေမယ်နော် ကိုဖြိုးကလေး..


ရှမ်းသီချင်းလေးဖွင့်ထားတယ် အစ်မ သိပ်ကြိုက်တဲ့ သီချင်းပဲ..
ကိုဖြိုး စိတ်ချမ်းသာခြင်း ကိုယ်ကျမ်းမာခြင်းတွေနဲ့ ငြိမ်းချမ်းပါစေ


အို့ ...ဟိုးးးးးးး...သူလည်း သဲသဲ ကွဲဘူးတာပဲလား...။ ခံစားချက်နဲ့  ထွက်လာတဲ့ ပေါက်ကွဲသံစဉ်တွေ ရေလည် ဖတ်လို့ ကောင်းတယ်..။ အားပေးနေပါတယ် သယ်ရင်းရေ...။ ပျော်ရွှင်ပါစေဗျာ...။


နှလုံးသားကတစ်ဆင့် လက်ချောင်းလေးပေါ်၊ လက်ချောင်းလေးတွေကတစ်ဆင့် ကီးဘုတ်ကို ဖြစ်ကျော်ပြီး အားလုံးကို မျှဝေလိုက်တဲ့ ခံစားချက်ကလေးတွေ အရမ်းကောင်းပါတယ်။


အဖြူရောင်သံစဉ် ရေဒီယိုအစီအစဉ်တွေကို ဒီနေ့ တစ်နေကုန် ဖွင့်ထားတယ်..နောက်နေ့တွေလဲ ဖွင့်ထားမှာသေချာတယ်
သီချင်းတွေ အားလုံးကောင်းတယ် အစီအစဉ်ကြေငြာသူလဲ တော်တယ်..

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.