7

စိတ်ဆိုးတယ့်အရမ်းပဲ

Posted by ဖြိုးဇာနည် on Sunday, May 10, 2009 in
ဒီ post လေးဟာ့ကျွန်တော့်အတွက်တော့အမှတ်တရ post လေးပါ့အိမ်ထောင်သည်ဘဝ post
လေးတွေကိုကျွန်တော်တစ်ခါမှမရေးဖူးပါဘူ့းဝင်လည်းမခံစားတတ်ခဲ့ပါဘူ့းဒီတစ်ခါတော့ကျွန်တော်
မတောက်တစ်ခေါက်ဝင်ခံစားကြည့်ပြီး ရေးဖွဲ့ထားတာ ဖြစ်သလို ပိုပြီးအမှတ်တရဖြစ်သွားစေတာကတော့
ကျွန်တော်ဒီ post လေးရေးနေတဲ့အချိန်မှာ ချစ်တဲ့ ဖေဖေ နဲ့ အတိုက်အခံလုပ်ပြီးရေးနေရတယ်လေ့
အကြောင်းအရင်း ကတော့ ကျွန်တော်ဒီ post လေးရေးနေတဲ့အချိန်မှာ ဖေဖေ့ အဆူကိုခံရပြီး ဖေဖေ့ကို
စိတ်ကောက်ကောက် နဲ့ ရေးဖြစ်ခဲ့တာပေါ့ဖေဖေ နဲ့ စိတ်ကောက်ရတဲ့အကြောင်းရင်းကိုတော့ထည့်
ပြီးပြောမပြတော့ပါဘူ့း့ပြောပြရင်ရယ်နေကြမှာဆိုးလို့တော်ပြီ စိတ်ဆိုးလာပြန်ပြီ မပြောတော့ဘူ့း
ဗိုက်လဲဆာတယ့်ထမင်းသွားစားတော့မယ့်စိတ်လဲမပါတော့လို့ခပ်တိုတိုပဲဟွန့်း




ညနေစောင်းအချိန်မှာနေဝင်သွားတာကိုကြည့်နေတဲ့လူတစ်ယောက် သူမှာအချိန်တွေပိုနေတာမဟုတ်ပါ
ဘူး။သူအချိန်တွေကို ဖြုန်းနေတာလဲမဟုတ်ပါဘူ့းသူ့မှာရည်ရွယ်ချက်တစ်ခုနဲ့သူလာစောင့်နေတာပါ့
ဘာလဲဆိုတော့ သူ ဒေး ကိုချစ်တယ်။ဒါလောက်ပါပဲ။ဒေး
ဆိုတာကျွန်တော့်ရဲ့ ချစ်လှစွာသောဇနီး အသစ်စက်
စက်ကလေး ပဲလေ့ဒီနေ့မင်္ဂလာသက် ၆လမြောက်နေ့လေ့လပတ်လည်နေ့ပေါ့ ။ဒီနေ့မှာ ကျွန်တော်
မိဘတွေ နဲ့ ဒေး ရဲ့ မိဘတွေ ကိုပါဖိတ်ထားတယ်လေ့သားနဲ့သမီးတို့ရဲ့ မင်္ဂလာပွဲ မှာမျက်နှာစုံညီဲနဲ့ တူ
တကွ စားကြသောက်ကြမယ်ပေါ့ကျွန်တော်တို့နှစ်ယောက်မမောနိုင်မပန်းနိုင်နဲ့တစ်မနက်လုံးပြင်ဆင်
ထားကြတယ်လေ့စားစရာသောက်စရာအသီးစုံ အချိုပွဲ ပြီးရင်ဖေဖေ မေမေ တို့ကိုကန်တော့ဖို့အတွက်
ပစ္စည်းတွေကအစ အစစ အရာရာဒေါင့်စေ့နေအောင်ကျွန်တော်တို့ပြင်ဆင်ထားကြတယ့်

ပြီးတော့ဒေး ရဲ့ ဖြူဖွေးနူးညံ ပြီးအကြောစိမ်းလေးတွေလျှက်သန်း နေတဲ့ ဘယ်ပါးပြင်လေးကို ကျွန်တော့်
ရဲ့ အမြတ်နိုးဆုံးအနမ်းတစ်ပွင့် ခြွေချပစ်လိုက်တယ့်ဒေး ရဲ့ ကိုနော်ဆိုတဲ့အသံတိတ်မျက်စောင်းလှလှ
လေးအောက်မှာ ကျွန်တော့်ရင်ထဲမှာ ရင်ခုန်သံကာတာကျိုးပေါက်သွားခဲ့တယ်။တိတ်တိတ်လေးမပြော
ပြပဲနေကြည့်သေးတယ့့််မရပါဘူ့းဒါကြောင့်ကျွန်တော်ဒေးကို ဖွင့်ပြောဖြစ်သွားတယ့်ဒေးရယ့်ငါမင်း
ကိုအရမ်းချစ်မိသွားပြီကွာ့အချိန်တွေဟာဘယ်လိုလုပ်ပြီးကုန်သွားတယ်မသိပါဘူးကျွန်တော့်မိဘတွ
ရောက် လာသည့်တိုင်အောင် ဒေးရဲ့မိဘတွေရောက်မလာခဲ့သေးဘူးပေါ့အချိန်ကညနေ၅နာရီတိတိ
ရှိနေပြီလေ့

စောင့်နေကြည့်သေးတယ့်မရောက်လာကြဘူးလေ့အချိန်တွေသာတဖြည်းဖြည်းကုန်ဆုံးသွားတယ်
ဒေး ကတော့စိတ်ပူနေပြီပေါ့ရောက်လာသင့်ပြီလေ့ကျွန်တော့်မိဘတွေလဲစိတ်ပူနေကြပြီလေ့သိ
တယ်မလာ့းချစ်ယောက်ခမတွေပဲလေ့ဒီလိုနဲ့အဓိပ္ပာယ်တွေရှိပေမဲ့ အဓိပ္ပယ်တွေလိုနေသေးတဲ့ ညစာ
စားပွဲလေးမှာ စိုးရိမ်စိတ်တွေပူပန်နေပြီပေါ့ အသံတွေတိတ်ဆိပ်နေတဲ့ညစာစားပွဲလေးမှာဒေးကစပြီး
အသံထွက်လာခဲ့ပါတယ့်ကိုဒေးစိတ်ပူလာပြီမေမေတို့ဆီကိုဒေးလိုက်သွားကြည့်ချင်တယ်တဲ့မေမေတို့
ကလဲခွင့်ပြုတယ့်ကျွန်တော်လဲခွင့်ပြုပါတယ့်ဒီလိုနဲ့ပဲကျွန်တော်ဟာမေမေတို့ကြွရောက်ချီးမြှင့်တဲ့
ညစာ စားပွဲလေးမှာဒေး ကိုလိုက်မပို့နိုင်ပဲကျန်နေခဲ့ရင့်းဒေးကတော့ကားကိုတလကြမ်းမောင်းပြီး
ထွက်ခွာသွားလေရဲ့ကျွန်တော်ကတော့ အိမ်ထောင်သစ်ဘဝတစ်ခုရဲ့အတွေ့အကြုံတွေကိုစကား
ဖောင်ဖွဲ့ရင်း မေမေတို့နဲ့အတူအချိန်တွေဖြုန်းနေခဲ့ပါတယ့်ဒေးပြန်အလာကိုမမျှော်နေရင်းနဲ့ပေါ့ဒီလို
နဲ့ပဲအချိန်တွေဟာတဖြည်းဖြည်းနောက်ဆုတ်သွားပါတယ်ဒေး တို့မိသားစုကတော့ပေါ်မလာခဲ့သေးပါ
ဘူ့း

နာရီဝက့်လေးဆယ်ငါးမိနစ့်တစ်နာရီ့အချိန်တွေကိုရင်မောလာပြီ့မေမေတို့ကိုလဲအားနားလာပြီ
လေ့မေမေတို့ကိုတော့ ညမိုးချုပ်မှပြန်ရင်အဆင်မပြေမှာဆိုးပြီးကျွန်တော်တို့မိသားစုလေးပဲညစာစားပွဲ
လေးကို စတင် လိုက်ရအောင်
ဆိုပြန်တော့လဲ မေမေတို့ရဲ့သဘောတူညီမူကိုမရခဲ့ပါဘူ့းစောင့်ကြတာပေါ့
သားရယ့်တဲ့။ဒီလိုနဲ့ပဲ လာတော့မယ်လာတော့မယ်နဲ့ တိတ်ဆိတ်နေတဲ့ ကျွန်တော်တို့မိသားစုလေးမှာ
မျှော်နေတာချင်းတော့ဖွင့်မပြောပြကြပဲတတူညီနေကြမယ်ထင်ပါတယ်။အချိန်တွေလင့်လာလေလေ
ကျွန်တော့်ရင်ထဲမှာ အပူဒီဂရီ တွေမြင့်တတ်လာလေလေပါပဲ့

အတွေးတွေရှုပ်ထွေးလာတယ့်ကားကိုတလကြမ်းမောင်းထွက်သွားတဲ့ ဒေ့း့လမ်းမှာများ တစ်ခုခု
ဖြစ့်ဟားးးးးးးးးးးရင်ပူလိုက်တာ့ဒေးမေမေတို့ပဲဖြစ်နေလို့များလားနေများမကောင်းကြလို့လာ့းကား
များပျက်နေလို့လာ့းဒေး မေမေ တို့အလုပ်တွေများရှုပ်နေလို့လာ့းအတွေးတွေ့လားပေါင်းများစွာနဲ့
ကျွန်တော်ဂဏာမငြိမ်တွေဖြစ်လာတယ်။မေမေတို့ရှေ့မှာတောင်ဟန်မတောင်နိုင်တော့ပဲကျွန်တော်အပြင်
ထွက်ခဲ့မိတယ်။ကျွန်တော်ဆုတောင်းနေပါတယ့်ဒေး တစ်ယောက်ကားပျက်နေတာပဲဖြစ်ပါစေ့
ကျွန်တော်ဒေးကိုသိပ်ချစ်တယ့်ကျွန်တော့်အလိုသာဆိုရင်ကျွန်တော်လိုက်သွားပြီးတာကြာနေပြီပေါ့
အခုတော့ ကျွန်တော့်ရဲ့ မိဘတွေတတ်ရောက်ချီးမြှင့်တဲ့ဒီပွဲလေးမှာ ကျွန်တော်မေမေ တို့ကိုထားခဲ့ပြီး
ထွက်သွားရလောက်အောင်လဲကျွန်တော် မလုပ်ရက်ဖူ့းကျွန်တော် မေမေ တို့ကိုလဲအရမ်းချစ်တယ့်

ပြီးတော့ ဒေး ကိုလဲချစ်တယ့်မိန်းမတစ်ယောက်အတွက် မိဘတွေကိုဥပက္ခာပြုပြီးမိန်းမနောက်ကို
လိုက်သွား တဲ့သားတစ်ယောက် အဖြစ်လဲကျွန်တော်အဖြစ်မခံနိုင်ဘူးးးးဘာမှမဟုတ်ဖူးဆိုပေမဲ့ မေမေတို့
စိတ်ထဲမှာတော့ မကောင်းဖြစ်သွားမှာပဲလေ့ဒီတော့ ကျွန်တော် မေမေ တို့ကိုအရမ်းချစ်ပါတယ်။ဒေးရယ်
ငါမင်းကိုအရမ်းမြတ်နိုးပါတယ်။ဒါပေမဲ့မေမေတို့ထက်တော့မင်းကိုငါဦးစားမပေးနိုင်တာကိုတော့နားလည်
ပေးပါကွာ့ရင်ထဲမှာဗလောင်ခတ်နေပါပြီ့မေမေတို့ကိုကျွန်တော် တရားခွေတစ်ခွေဖွင့်ပေးထား
လိုက်တယ်ပြီးတော့ ကျွန်တော် တစ်ယောက်ထဲအိမ့်ရှေ့ကိုထွက်လာမိတယ်လေ့နေတောင်ဝင်တော့မှာ
ပါလာ့းဒေး ရယ်ဘာများဖြစ်နေတာပါလိမ့်ကွာ့ကိုစိတ်ပူလို့သေတော့မယ့်အမြန်ပြန်လာပါ
တော့ဒေးရယ့်

ညနေစောင်းအချိန်မှာနေဝင်သွားတာကိုကြည့်နေတဲ့လူတစ်ယောက် သူမှာအချိန်တွေပိုနေတာမဟုတ်ပါ
ဘူး။သူအချိန်တွေကို ဖြုန်းနေတာလဲမဟုတ်ပါဘူ့းသူ့မှာရည်ရွယ်ချက်တစ်ခုနဲ့သူလာစောင့်နေတာပါ့
ဘာလဲဆိုတော့ သူ ဒေး ကိုချစ်တယ်။


အမေ များနေ့မှာ ဖေဖေ နဲ့စိတ်ကောက်ဖြစ်ခဲ့တယ့်အမှတ်တရပါပဲ့ကံကောင်းတာတစ်ခုကအမေများနေ့မှာ
မေမေ နဲ့စိတ်ကောက်တယ်ဆိုပြီးမဖြစ်သွားတာကိုပေါ့ဘာပဲဖြစ်ဖြစ် ဖေဖေ့ ကိုအရမ်းစိတ်ဆိုးတယ့်ဟွန့်း


စိတ်ကောက်နေတဲ့ဖြိုးဇာနည့်ည့၁၁း၁၀တိတိ

7 Comments


ပြန်လာမှာပါဗျာ .. စိတ်မပူမနေပါနဲ့ ... လမ်းမှာ ကားပျက်နေတုန်း ဆီကုန်သွားလို့ နေမှာပါ .. ပြန်လာမှာ စိတ်ချ စိတ်ချ ။။ :D


ပြန်လာမယ်ပြောတယ် အရမ်းစိတ်မပူပါနဲ့ အကို့အဖေကိုစိတ်ကောက်တာ အရေးမကြီးဘူး နှုတ်ခမ်းကြီးလည်း စာလာဖတ်တဲ့သူငယ်ချင်းတွေကို ထိုးမိဦးမယ်။ ပျော်ရွှင်ပါစေ။


ညီရေ... ဒေးက တကယ်ပြန်လာမှာပါ။ ဒီအချိန်ဆို ညီလဲ ညီ့အဖေကို စိတ်ဆိုးပြေရောပေါ့။
ပျော်ရွှင်ပါစေ ညီ။


အဖေကိုစိတ်မဆိုးရဘူးကလေးရဲ့ 
အဟီးး လူကြီးလေသံနဲ့လာပြောတာ
ဒေးကပြန်လာမှာလား
ပြန်ရောလာလား
ပြန်လာပါစေ
ခင်တဲ့
ဖိုးစိန်


အွန်..အနော်သာဆို အမေအဖေကို တင်ပြီးတော့ လိုက်သွားခေါ်မှာပေါ့.. ဒါမှ မဟုတ် လက်ကိုင်ဖုန်းကို လှမ်းဆက်မေးမှာပေါ.. ဟီး. .(နောက်တာနော်.. ) စိတ်ပူပါနဲ့.. သူလမ်းမှာ မုန့်ဟင်းခါး ၀င်စားတာနေလိမ့်မယ်.. (ဟီး.. ဒါလည်းနောက်တာ)


သိပ်တော့နားမလည်ဘူးဖြစ်နေတယ် ..
ဒေးလည်း ပြန်လာပါစေ .. ညစာစားပွဲလေးလည်း အထမြောက်ပါစေ ..း)


ဝတ္ထုတိုပေါ့နော် အဲဒါလေးကတော့ဖက်လို့ကောင်းတယ် အရေးအသားလည်း မိုက်တယ်။ ဒေးကပြန်မလာတော့ဘူးလားပာင် ဒါဆို ကိုဖြိုးဇာနည်တို့ သစ်ကုလားအုပ်ကြီးလိုလည်ပင်းရှည်ပြီးပေါ့ :P
ဒါပေမဲ့ ၀တ္တုတိုနဲ့ အဖေ့ကို စိတ်ကောက်တာနဲ့ ဆက်စပ်လို့ရဘူး တမျိုးကြီး။

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.