5

ဆုတောင်းနေပါတယ်

Posted by ဖြိုးဇာနည် on Tuesday, May 12, 2009 in
ဘာမှမသိတော့ဘူ့းကွန်ပဲမြန်မြန်ကောင်းပါစေ့



ဘာမှန်းမသိတဲ့အချိန်ကာလတစ်ခုမှာ ဘာမှန်းမသိတဲ့ပြဿနာတစ်ခုက ဘာမှန်းမသိတဲ့နေရာကနေ
ဘာမှန်းမသိတဲ့လူတစ်ယောက်ဆီ ဘာမှန်းမသိပဲဝင်လာခဲ့တယ့်

ဘာတွေဖြစ်မှန်းမသိလောက်အောင် ဘာတွေဘယ်လိုဖန်လာတယ်မသိပါဘူးကွာ ဘာတွေလို့ခေါင်းစဉ်
တပ်လို့မရသလို ဘာတွေလဲဟလို့တောင်အော်ယူမိတဲ့အထိပါပဲ ဘာတွေလဲကွာ့

ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ဘာမှကြိုတင်ပြင်ဆင်မှုမရှိခဲ့တဲ့ငါ့ကို ဘာမှလုပ်ပိုင်ခွင့်မရလိုက်ခင်မှာပဲ
ဘာမှအကောင်းမကျန်အောင်ဖျက်စီးပစ်လိုက်တဲ့နင့်ကို ဘာမှလဲငါစောဒကမတတ်ချင်တော့ပါဘူး

ဘာလို့ငါ့ဆီကိုမှရောက်လာရတာလဲကွာ ဘာလို့ခွင့်မတောင်းပဲဝင်လာရတာလဲ ဘာလို့ညှာတာမှုမရှိရ
တာလဲ ဘာလို့ငါ့ဆီကိုမရက်ရက်စက်စက်နှဲ့ ဘာလို့ဘာလို့လဲကွာ

ဘာပဲဖြစ်ဖြစ်ငါဟာခံနိုင်ရည်ရှိခဲ့တဲ့ကောင်ပါကွာ ဘာပဲဖြစ်ဖြစ်ငါမမှုခဲ့ပါဘူး ဘာပဲဖြစ်ဖြစ်တုံးတိုက်တိုက်
ကျားကိုက်ကိုက်အေးဆေးနေခဲ့တဲ့ငါဟာ ဘာပဲဖြစ်ဖြစ်ထဲမှာကွန်နက်ရှင်မကောင်းတာပါလာတာကို
တော့ကြောက်နေမိတယ် ဘာပဲဖြစ်ဖြစ်ငါအအကြိမ်ကြိမ်ဆုတောင်းနေမိတယ် ဘာပဲဖြစ်ဖြစ်ကွန်နက်ရှင်
တော့အမြန်ဆုံးပြန်ကောင်းလာပါစေလို့ပေါ့

အရမ်းဒေါကန်တယ် အရမ်းဝမ်းနည်းတယ် အရမ်းစိတ်ညစ်တယ် အရမ်းပေါက်ကွဲလာတဲ့အခါမှာတော့
အခုလို cyber café ကိုပြေးလာလိုက်မိတော့တယ်။ဘလော့ဂါတစ်ယောက်ရဲ့ ဘလော့ကိုပစ်ထားခဲ့ရတဲ့
နေ့တွေဟာဘယ်လောက်များပူလောင်လှပါလိမ့် ဆိုတဲ့အရသာကိုကျွန်တော်သိလိုက်ရပြီ့

အခုတော့ ဘလော့ နဲ့လဲဝေးပြီ DJနဲ့လဲဝေးပြီ သယ်ရင်းတွေနဲ့လဲဝေးနေရတယ့်ကျွန်တော့်ကိုဝိုင်းပြီး
ဆုတောင်းပေးကြပါအုံးဗျာ့ကျွန်တော်ကတော့အကြိမ်ကြိမ်ဆုတောင်းနေမိပါရဲ့ ကွန်နက်ရှင်ကြီးရေ့
မြန်မြန်နေကောင်းပါတော့ဗျို့လုပ်ကြပါအုံးဗျာ့ဆုတောင်းပေးကြပါနော့်နော်




စာကြွင်းးးးးးးကျွန်တော်တို့မြို့မှာ sevsr ပြင်နေတဲ့အတွက် connection ကရက်အနည်းငယ်တော့ဒီလိုနဲ့ပဲ
နှစ်ပါးသွားနေကြရပါတယ်။ ပြောရင်းဆိုရင်းနဲ့ပဲအခုကျွန်တော်cyber café ကပြန်လာပြီးအိမ်ရောက်
တော့ကွန်နက်ရှင် ကနဲနဲgood နေပြီးဗျ။ဟဲဟဲ ဒီစာကြွင်းလေးကို ကျွန်တော်အိမ်မှာ connectionစမ်းရင်း
နဲ့ရေးလိုက်တာပါ။ဒီလိုမှန်းသိရင် cyber ကိုမသွားပါဘူး ဟီးးးပိုက်ပိုက် နဲနဲပြုတ်သွားတယ်တစ်ယောက်
ထဲသွားရမှာပျင်းတာနဲ့ သယ်ရင်းသုံးယောက်ကိုအချောဆွဲသွားတာ သူတို့အတွက်ပါရှင်းလိုက်ရတယ့်
တော်တော်အားမနာတတ်တဲ့ကောင်ဒွေ့အချိုရည်နဲ့မုန့်နဲ့ ပါရောပြီးအဝတီးကြသေးတယ့်ဟွန်းးးး


ဖြိုးဇာနည့်နေ့လည့်၁၂း၃၀တိတိ

5 Comments


သူငယ်ချင်းရေ၊ ဘာမှန်းမသိတာတွေဖတ်ပြီး ....ဘာတွေဘယ်လိုကွန်းမန့်ပေးရမလည်းမသိလို့...ဘာလိုလိုနဲ့ပဲပြန်သွားတယ်နော်။ ဘာညာဘာညာတွေလျှောက်လုပ်မနေနဲ့တော့.... ပျော်ရွှင်ပါစေကွာ။


သြော်
ဘာများပါလိမ့်လို့
ဝိုင်းပြီးဆုတောင်းပေးပါတယ် ..
ကွန်နက်ရှင်ကြီးရေ .. လူတွေကိုစိတ်ညစ်အောင်မလုပ်နဲ့ .. ၀ဋ်လည်မယ် .. :D


မြန်မြန်ပြန်ကောင်းပါစေ ဘလော့လ်ကာ တစ်ယောက် ဘလောခ့်ကို ပစ်ထားရတဲ့ ခံစားချက်ကို နားလည်တယ် အစ်မတောင် တစ်ခါတစ်လေ နာရီပိုင်းလောက်ပစ်ထားရင်ကို စိတ်မချဘူး..


ဘာဖြစ်လို့ မြန်မာမှာ ဘာအတွက် ဘယ်လို ဘယ်နည်းနဲ့ အွန်လိုင်းကို ချိန်ဆက်ထားမှန်း ဘာမှ မသိပေမဲ့ အွန်လိုင်းကြီးရေ.. မြန်မြန်ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်တယ် ညီ။

ပျော်ရွှင်ပါစေ။


ညီ ရေ ညီ့ဆန္ဒလေးပြည့်ပါစေ။

Ree Noe

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.