8

သမီးရည်းစားခံစားမှုဖီလင်

Posted by ဖြိုးဇာနည် on Wednesday, May 13, 2009 in
ကိုယ်လေမင်းဆီကိုဖုန်းဆက်ရင်ရင်တွေအရမ်းခုန်တာပဲ(အဘိုးကြီးနဲ့ တိုးမှာစိုးလို့)


ကိုယ်လေမင်းနာမည်လေးကိုခေါ်ခါနီးရင် ရင်တွေအရမ်းခုန်တာပဲ(နာမည်မှားခေါ်မိမှာစိုးလို့)


ကိုယ်လေမင်းလက်လေးကိုကိုင်ထားရမှ လုံခြုံတယ်လို့ ခံစားရတယ်(လက်အားနေရင်အိပ်ကပ်တွေလျှောက်နှိုက်တော့မယ်...
အိပ်ထဲမှာရုပ်ရှင်လက်မှတ်အဟောင်းတွေရှိတယ်)



ကိုယ်လေမင်းနှုတ်ခမ်းတွေ လှုပ်လှုပ်ရွရွ ဖြစ်လာရင်ရင်တွေအရမ်းခုန်တာပဲ(တွေ့သမျှမုန့်သည် လျှောက်ခေါ်တော့မယ်)


ကိုယ်လေမင်းဆံပင်လေးတွေ သပ်နေတာမြင်ရင်ရင်တွေအရမ်းခုန်တယ်(အကြောင်းမရှိုအကြောင်းရှာပြီး beauty spa သွားတော့မယ်)


မင်းများနေမကောင်းရင် ကိုယ်ယောက်ယက်ခတ်နေပြီ(မြန်မြန်ပြန်ကောင်းမှာစိုးလို့)


မင်းကိုယ့်ဆီတရက်လောက်ဖုန်းမဆက်ရင်ရင်ထဲမှာဆို့နေတာပဲ(၀မ်းသာလုံး.......၀မ်းသာလုံး)


ကိုယ်လေအမြဲတမ်း မင်းအကြောင်းပဲ တွေးနေတာ(ဘယ်လိုလှိမ့်ရင် ကောင်းမလဲလို့)


ကိုယ်လေမင်းနဲ့လျှောက်လည်ရရင်တွေအရမ်းခုန်တာပဲ(တိုးမှာစီုးလို့......တိုးမှာစီုးလို့)


မင်းနဲ့လက်ထပ်ရမှာကိုရင်ခုန်နေတယ်(ဈေးဝယ်ရ......ချက်ပြုတ်ရ...လျှော်ဖွှတ်ရ တော့မယ်)

ဟဲ...ဟဲ...ဟဲ.....အနာခံမှ အသာစံရမှာလေ။

သယ်ရင်းတို့တွေအတွက်လိုက်နာရအောင်ရှယ်ယာလုပ်ပေးတာဗျို့

ဖြိုးဇာနည့်ည့၁၂း၀၅တိတိ

8 Comments


မှတ်သာစရာပါပဲ


အဟားး လျှော်မယ် ဖွတ်မယ်ပေါ့လေ
မှတ်သားစရာကောင်းပါဗျာ
တွေးတတ်ပါ့
ငါ့ညီကတော့
ခင်မင်ချစ်ခင်စွာဖြင့်
ဖိုးစိန်


အော် ဒီလိုလား... မှတ်သားလောက်တဲ့ ရင်ခုန်မှုတွေပါပဲ...။


ဖတ်ရင်း နှင့် ရယ်ရပါ၏
အတွေးကောင်းတရ်။။။
နောင်လည်း လာဖတ်မည်။။။

ခင်မင်ခြင်းနှင့်
တလနွန်


ရယ်လည်းရယ်ရတယ် သေ၂ချာ၂တွေးပြီးရေးထားတာနော် Good!


ညီရေ..
ညီရဲ့  ဖီလင်က တစ်မျိုးပါလား။ မော်ဒန်ဖီလင်ထင်တယ်။
ပြုံးပြုံးကြီး ဖတ်သွားပါတယ်။ အတော် ဟာသဥာဏ်ရှိတဲ့ ညီဘဲ။


မှတ်သားလောက်ပါတယ်။
အခုမှလာလည်တဲ့ ဧည့်သည်အသစ်ပါ


ရီရတယ်....
တစ်ကယ် အဲဒီလိုကြီးလား....
မေးကြည့်အုန်းမှပဲ.....
အဲဒီအတိုင်းပဲ....ဆိုရင်တော့လား......
ဟင်း...တွေ့ပြီသာမှတ်.....

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.