6

အဝေးရောက်နေတဲ့ သား

Posted by ဖြိုးဇာနည် on Thursday, May 07, 2009 in
မှိန်တိန်တိန်မီးရောင်အောက်မှာ အသက်ကိုအလုအယက်ရူသွင်းရင်း မှိန်တိန်တိန်နဲ့အရောင်မဲ့နေတဲ့
ဘဝအတွက် ပြေရပြေရာပြေကြောင်း အတွေးညစ်ညစ်တချို့ကိုလျှော်ဖွတ် ကြည့်လိုက်တယ့်အလို့
ဒုက္ခ ပါပဲ လိုက်လေဝေးလေပါပဲလာ့းအတွေးတွေဟာ ဖြေလေ ဆိုးလေ ဆိုသလိုပဲ တိတ်တိတ်လေး
ထိုင်နေရပေမဲ့ ပေါက်ကွဲ လာမိတယ့်အော့်ငိုပစ်လိုက်ချင်တယ့်မေမေတို့ကိုအရမ်းလွမ်းတယ့်
အရမ်းသတိရတယ့်ဖြစ်နိုင်ရင် မေမေတို့ကိုထိုင်ကန်တော့ လိုက်ချင်တယ့်အဝေးရောက်နေတဲ့
သားတစ်ယောက်အနေနဲ့အတွေးထဲကနေပဲ ကန်တော့နေခဲ့ရတာဟာ ကြာနေခဲ့ပါပြီ။တစ်နေ့နေ့ပေါ့ ဆို
ပြီးအဲဒီတစ်နေ့နေ့ကိုမျှော်လင့်နေခဲ့ရတာဟာလဲ အရူးလိုပါပဲ့အိမ်ပြန်နိုင်တဲ့တစ်နေ့နေ့ကဘယ်တော့
များမှလဲဟင့်

မသွားပါနဲ့သားရယ့်ဆိုတဲ့စကားကိုငြင်းဆန်ပြီးကိုယ့်လမ်းကိုယ်ဖောက် ခဲ့တာမဟုတ်ရပါဘူး ဒုက္ခ
ကိုပေးအပ်ပြီးမှ ရှိစုမဲ့စုနဲ့ ထွက်ခွာလာခဲ့တဲ့ သားမိုက်တစ်ယောက်ပါ။အတွေးထဲမှာကတော့ ချမ်းသာရင်
မိဘတွေကိုတင့်တောင့်တင့်တယ် ထားနိုင်မှာပဲ ဆိုတာတစ်ခုထဲပဲပေါ့ ။အခုတော့သိပါပြီမေမေရယ့်
အရိပ်အောက်မှာ မနေပဲ ထီးတစ်ချောင်းကိုအားကိုးပြီ အပူဒဏ်ကိုကာကွယ်မယ်ဆိုပြီး ပြေးထွက်ခဲ့တဲ့
သားအခုတော့ ကန္တရထဲမှာ ရေငတ်နေသလို မေမေအရိပ်ကိုတောင့်တနေမိခဲ့ပြီလေ့အသွားရှိရင်အ
ပြန်ရှိတယ်ဆိုပဲ့မှားတယ့်လုံးဝမှားတယ့်အဲဒီအိမ်ပြန်ချိန်ကဘယ်တော့လဲ?????အခုတော့အပြန်
လမ်းကိုတော့တွေ့နေပါရဲ့ ဘယ်မှာလဲ ငါ့လွတ်လပ်ခွင့်တွေ ငါ့အချိန်တွေ ငါ့ခံစားချက်တွေကိုနောက်ကွယ်
မှာစတေးခံနေရပြီ့အထင်ကြီးခဲ့တဲ့ဒီနေရာဟာ ငါ့အတွက်အဖိုးမဖြတ်နိုင်တဲ့အချိန်တွေ ပျော်ရွှင်မှုတွေ
ကို အောက်ဆုံးနှိမ်ချပြီး တတ်နင်းထားခဲ့မှန်းငါအခုသိလိုက်ရပါပြီ့

တစ်နေ့နေ့ပေါ့ငါဖြစ်လာမှာပါ
ဒါပေမဲ့ငါသိတာတရား
ငါရှိတာ့သီလ
ငါတတ်တာ့ဗ္ဒဒ္ဓေ
ငါနေတာ့လောကီ
ရိုးသားမှုတွေနဲ့ငါ့အတွက်တော့
အဝေးကြီးမှာပါ့ဒါပေမဲ့
ဖြစ်လာမှာပါ့တစ်နေ့နေ့ပေါ့


တဲ့မနေ့ကစပ်လိုက်တဲ့ကဗျာလေးတစ်ပုဒ်ပေါ့ဟုတ်ပါတယ့်ရိုးသားမှုတွေကိုတန်ဖိုးထားတတ်တဲ့
ငါ့အတွက် ရည်မှန်းချက်ပန်းတိုင်ဆိုတာကို ရိုးသားမှုနဲ့မတတ်လှမ်းနိုင်ခဲ့သေးဘူးကွာ့အချိန်နဲ့အမျှကြိုး
စားနေဆဲပါ့ဒီပုံစံအတိုင်းမျိုသိပ်မှုတွေနဲ့နှစ်ပါးသွားနေခဲ့တဲ့ငါဟာအခုဆိုရင်ငါဟာအသားမကျသေးဘူး
ဆိုရင်ဟာသများဖြစ်နေမလားဟင့်လစဉ်တိုင်းမှာ မုသာဝါဒကြွယ်ကြွယ် နဲ့အဆင်ပြေပါတယ်ဆိုတဲ့ဖုန်း
ကလေးဆက်ရုံ ပိုက်ဆံလေးအနည်းငယ်ပို့ရုံနဲ့ ဟန်ဆောင်ကျေနပ်နေခဲ့ရသမျှ ဟာအခုတော့ မေမေလို့
တောင့်တမိလိုက်တိုင်းမျက်ရည်တွေလျှံတတ်လာတာ နဲ့မတန်ပါလားကွာ့သိပ်သိပ်ချစ်ပါတယ့်
မေမေနဲ့ဖေဖေကိုအရမ်းချစ်ပါတယ့်ပြန်လာမဲ့နေ့ရက်တွေကိုလက်ချိုးရေတွက်နေတဲ့မေမေတို့အတွက်
အခုအချိန်မှာသားအဝေးကနေပဲ ကန်တော့လိုက်ပါရစေ့တစ်နေ့နေ့ပါ ဒီစိတ်ကုန်စရာကောင်းတဲ့နယ်
မြေကြီးကို သားအပြီးအပိုင် စွှန့်လွှတ်နိုင်ပြီဆိုတဲ့ တစ်နေ့သားမေမေတို့အရိပ်အောက်ကိုပြန်လည်ခို
ဝင်လာမှာပါ့အခုတော့ပြောလျှော့နေပြီဖြစ်တဲ့ မျှော်လင့်ချက်တွေကို ဒီစာလေးကိုချရေးရင်းနဲ့ပဲအား
တင်း ထားလိုက်ပါတယ့်တစ်နေ့နေ့မှာ ဖေဖေ မေမေလို့အားရပါးအော်ခေါ်ပြီးအိမ်ပေါက်ဝကို သားအ
ရောက်လာခဲ့မှာပါ။အခုတော့အခုတော့တိတ်တိတ်လေး ဆန္ဒတွေကိုခဝါ ချထားရင်းနဲ့ပဲ ချောင်
ကြားမှာ မျက်ရည်ဝဲ နေပါရစေ့ဖေဖေ နဲ့ မေမေ ကို အရမ်းချစ်တဲ့
အဝေးရောက့့်တဲ့သားးးး

တတ်နိုင်သလောက်ခံစားပြီးရေးဖွဲ့ထားတာပါ့ကျွန်တော်ကတော့မိဘအရိပ်အောက်မှာပါပဲ့ဒါပေမဲ့
မိဘကိုချစ်ပေမဲံ့ အဲဒီအချစ်ကိုဥပေက္ခာပြုရင်း အဝေးမှာ ရောက်ရှိနေကြတဲ့ သားများအတွက် ရည်ရွယ်ပြီး
ဒီpostကလေးကိုရေးဖြစ်သွားတာပါ့တိုက်ဆိုင်မှုများရှိခဲ့လျှင်သော်၎င်းမှာယွင်းမူများပါခဲ့လျှင်သော်၎င်း
ကျွန်တော်အနူးအညွှတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ့


အများကြီးကြိုးစားဖို့လိုနေသေးတဲ့ဖြိုးဇာနည့်ည့၃း၀၅ တိတိ

6 Comments


:)
မိဘရိပ်အောက်နေခွင့်ရနေတယ်ဆိုတော့ ကံကောင်းတာပေါ့ ..
အမြဲတမ်းကံကောင်းပါစေ ..


အခုထိ ကိုထူးအိမ်သင်ရဲ့ မေမေချစ်တဲ့သားကြီး ကိုနားထောင်ရင်
မျက်ရည်ပေါက်ပေါက်ကျတုန်း
ညီလေးကံကောင်းပါစေ
ချစ်ခင်စွာဖြင့်
ဖိုးစိန်


ဒီpostလေးကိုအိပ်ချင်မူးတူးနဲ့နှစ်ခါတင်မိသွားတာပါတယ်။ဒါလေးကတော့
ကျွန်တော်ပိုနေတဲ့တစ်ခုဖျက်ပစ်မယ်လုပ်တဲ့အချိန်မှာကျွန်တော့်အကိုကြီး
ကိုကိုမောင်ရဲ့ commentsလေးကိုပြန်လည်ကုးယူထားလိုက်တာပါခင်ဗျာ့
kokomaung.uk says:
May 7, 2009 1:58 PM

အဝေးရောက်နေတဲ့သားတဲ့လား။
ကျနော်က ပိုဝေးမယ်ထင်ပါတယ်။ မိဘနှစ်ပါးလုံး မရှိတော့လို့ပါ။
ဒီပို့စ်လေးက အဝေးရောက်နေတဲ့သားသမီးတွေအတွက် တန်ဖိုးရှိပါတယ်။
မိဘမေတ္တာအရိပ်အောက်လောက် ဘယ်နိုင်ငံမှာမှ မငြိမ်းချမ်းပါဘူးလေ။


အေးချမ်းတာပေါ့......ကွာ.
ဒီပိုစ့်လေးက အကိုတို့နဲ့တိုက်ဆိုင်ပါတယ်....။


ကျေးဇူးပဲ ကို ဖြိုးရေ
ခုလို အဝေးရောက်နေတဲ့ ညီအစ်ကိုမောင်နှမ
တွေအတွက် ရည်ရွယ်ပြီးရေးပေးတဲ့ အတွက်.........

လက်ရှိ မိဘအရိပ်အောက်မှာ နေလိုရတဲ့ အခွင့်အရေးမှာ
မိဘကို စိတ်ချမ်းသာအောင်ထားပါ။
သူ့တို့ လိုအပ်တာကို တက်နိုင်သလောက်ဖြည့်ဆည်းပေးပါ။
သူ့တို့ကြောင့် ကိုယ်ဒီလောကကြီးထဲ ရောက်လာရသလို
ကိုယ်ကြောင့် သူ့တို့ စိတ်မဆင်းရဲရပါစေနဲ့ ညီလေးကိုဖြိုးရေ....

ခင်တဲ့
Ree Noe


အိမ်ပြန်ချိန်ရောက်မှာပါ သူငယ်ချင်းရေ...။အမေတွေကလည်း သားတွေကို အပြုံးတွေနဲ့ ကြိုနေကြမှာပါကွာ...။
...ခင်မင်သောအားဖြင့်....

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.