7

အကြော်သည်

Posted by ဖြိုးဇာနည် on Wednesday, April 04, 2012 in

အကြော်သည်



မိုးမလင်းသေးပါဘု အပျင်းရယ်မကြီးရဲတာမို့
လင်းကြက်တောင် တွန်သံမကျူးခင်
မျှဉ်းလို့ထိုင် အမေအိုမနိုးအောင်
သာအယာ ခြေဖွနင်းပါလို့
ရေကပြင်ထက်နားဆီ လျှောက်ခဲ့ရပြန်။

တိုးလို့ချွေတာ မိုးကမရွာ
ရေတစ်ထမ်း ရာဂဏန်းရယ်မို့
ရေတစ်စွတ်နဲ့သာ ရွှေမျက်နှာ လန်းရတယ်
အမှန်လေ သဘာဝပေမို့ မလွှဲသာ တွေးမလွမ်းနိုင်ဘု
သနပ်ခါးသာ ဘယ်ညာကူရတယ်။

အမေအိုရင်ကျပ်သည်တွက်
လျက်ဆား ဆေးတစ်ခွက်ရယ်နဲ့
ရေနွေးဖြူ အဆူမြန်စေဖို့ရေး
ပါးနှစ်ဖက်မှာ ချွေးစက်ရာ ဗရပွထင်တဲ့ထိ
ခါးချိုးကာ မီး မှုတ်ရပြန်။

ထမင်းကြမ်းခဲ နတ်သုဒ္ဓါကို
ဆီကြွင်းရယ် ဆား အနည်းငယ်ဖြူးပါလို့
တဖဲ့တရွဲ့ အကြော်ကျန်နဲ့
တမနက်တာ ၀မ်းတောင့်စေဖို့
ကုန်းလွေးရပြန်။

ရောင်နီငယ် ပြူမထွက်ခင်
ကိုယ်ပိုင်ရာ အကြော်နန်းဆီသို့ ဗရုတ်ဗရက်သုတ်ခြေတင်
စားပွဲငယ်တစ်ချပ်ခင်းပါလို့ ဗူး၊ဖယုံ၊ သီးနှံအစုံ ပုံလို့တင်
မုန့်နှစ်ပြင်၊ ထင်းမီးဖိုနှင့် ဆီအိုးရယ်က အသင့်ပြင်
ကြော်မဟဲ့ ပူနွေးတဲ့ အကြော်စုံ
ဆင်းရဲသူတွေ ၀မ်းစာတောင့်စေဖို့
တစ်ခုမှ ၁၀၀ကျပ်ရယ်နဲ့ လှိုင်လှိုင်သာ ၀ယ်ကြစမ်းပါ
ဟော့ဒီက ကြွပ်ရွတဲ့ အကြော်စုံ။ ။

ရေးသားသူ။ ။ ကြယ်ပြာ
၊ ဖြိုးဇာနည်၊

ဟီးးးး အစ်မတော်ကြယ်ပြာ နားလေးက အကုန်ကူးတင်လိုက်တာ ဓါတ်ပုံပါ မလာတယ် ခွိခွိ!

7 Comments


ဟုတ်ပါဘီတော် ...း)


ရေးသားပုံ အတော်ပီပြင်တယ်။ လူတန်းစား သရုပ်ပေါ်လွင်အောင် ကာရံ မိမိနဲ့ ရေးဖွဲ့နိုင်တယ်နော်။ :)


နှစ်ဘက်လုံးအားပေးသွားပါတယ်။။


ဒါတွေလည်း ရတာပဲလား အစ်ကို
အရမ်းကောင်းတယ်
ပီပြင်လွန်းလို့
ဖတ်ရင်းနဲ့ ကိုယ်တောင်
အကြော်သယ်မကြီး ဖြစ်သွားသလိုပဲ

တစ်ခုမှ ၁၀၀ကျပ်ရယ်နဲ့ လှိုင်လှိုင်သာ ၀ယ်ကြစမ်းပါ
ဟော့ဒီက ကြွပ်ရွတဲ့ အကြော်စုံ
( ရောင်းကူခြင်း )


ဟယ်တော့နာကွန်မက်လေးပျက်သွားတယ်
ဘာကြောင့်လဲတိဝူး မပေါ်တော့ဘူး ပြန်ရေးခဲ့တယ်အကြော်သည်ရေ


အကြော်ရောင်းတော့ မလားဟင်း...
မြန်မာပြည်ကို ပြန်လာမယ့်
ကဗျာလေးကလည်း ကောင်းမှကောင်း...
မြန်မာပြည်ကလည်းအကြော်သည်လေးကို ကြိုဆိုနေပါကြောင်း...
ထော်ဦး


ငါလည်း အခု ဗိုက်ဆာလို့ အကြော်ဝယ်စားလိုက်ဦးမယ်ကွာ....

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.