7

ကျွန်တော့် အစီအစဉ်

Posted by ဖြိုးဇာနည် on Tuesday, April 24, 2012 in

လူတိုင်းမှာ သူတို့ဘဝအတွက်အရေးပါသည်ဖြစ်စေမပါသည်ဖြစ်စေ အစီအစဉ်လေးတွေတော့နေ့စဉ်

ရှိတတ်ကြပါတယ်။ဒီတော့ အစီအစဉ်လေးတွေနဲ့ပုံစံတကျဖွဲ့စည်းထားတဲ့လူသားတွေထဲမှာ ကျွန်တော်

လဲတစ်ယောက်အပါအဝင်ဖြစ်ခဲ့ဖူးပါတယ်။ကလေးတစ်ယောက်မှာတောင် အစီအစဉ်လေးတွေရှိတတ်

စမြဲပါ။ကျောင်းသွားမယ် မုန့်စားဆင်းချိန်မှာ ဆော့ကစားမယ်ပေါ့။အဲ့လိုဆော့ကစားဖို့အတွက်ကိုလဲ ဒီ

ကလေးငယ်ဟာ အိမ်ကထဲကကြိုတင်ပြီး အစီအစဉ် ဆွဲလာခဲ့မှာပါ ကျောင်းမှာ ဂျင် ခေတ်စားနေရင်သူ့

လွယ်အိတ်ထဲမှာ ဂျင်ပါလာမှာဖြစ်သလို ပြိုင်ကားလေးတွေခေတ်စားနေရင်တော့ သူ့လွယ်အိတ်ထဲမှာ

ပြိုင်ကားလှလှလေးတစ်စင်းထည့်ယူလာပါလိမ့်မယ်။ဒီိလိုပါပဲ ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းတချို့မှာ

ထည့်သွင်းခဲ့တဲ့အစီအစဉ်တွေထဲမှာ ကောင်မလေးတစ်ယောက်အတွက်ရည်ရွယ်ပြီးဆွဲခဲ့တဲ့ အစီအစဉ်

တွေအတော်များပါတယ်။လွန်ခဲ့သော ၄ လ မတိုင်ခင်ကအထိပေါ့။



ကျွန်တော့်ဘဝမှာအစီအစဉ်တွေကို သေးသေးမွှားမွှားအစီအစဉ်ကအစ သေချာလေးစနစ်တကျရေးဆွဲ

တတ်ခဲ့ပါတယ်။ပါးပါးလေးကအစပေါ့ ထမင်းစားပြီးရင်ရေသောက် ကြရတတ်တာ လူတိုင်းသိပါတယ်။ဒီ

တော့ ကျွန်တော်ထမင်းမစားခင်ကထဲက ရေတစ်ခွက်ကိုထမင်းစားပွဲပေါ်ကြိုတင်ပြီး တင်ထားတတ်ခဲ့

တာမျိုးပေါ့။နောက်တော့ကျွန်တော်ဘဝအစီအစဉ်တွေထဲကို မိန်းမလှလေးတစ်ယောက်ဝင်လာခဲ့တယ်။

ထိုမိန်းမလှလေးကို မရရအောင်အစီအစဉ်တွေ မြောက်များစွာနဲ့ ကျွန်တော်ကြိုးစားခဲ့ပါတယ်။ပထမ အ

ဆင့်အနေနဲ့ ခင်မင်ဖို့အတွက် အစီအစဉ်လေးတွေများစွာဆွဲပြီးတဲ့  နောက်မှာတော့ သူ့ကားဘီးကိုကျွန်

တော်လေလျှော့နိုင်ခဲ့တယ်။ဒုတိယအဆင့်အနေနဲ့ကျွန်တော်အစီအစဉ်ပေါင်းများစွာရေးဆွဲပြီးတော့ ကြိုး

စားခဲ့ရပါတယ်။အလဲအကွဲပါပဲ ကျွန်တော်အသည်းအသန်ရေးဆွဲပြီးအသက်သွင်းခဲ့ရတဲ့ အစီအစဉ်ပေါင်း

များစွာ စတေးခဲ့ရပြီးချိန်မှာတော့ သူနဲ့ကျွန်တော်ရုပ်ရှင်ရုံထဲမှာ ရုပ်ရှင်အတူကြည့်ဖြစ်ခဲ့တယ်။သူငယ်ချင်း

တစ်ယောက်ရဲ့ အင်ထုထားတဲ့မွေးနေ့ပါတီအပြီးမှာ အားလုံးရုပ်ရှင်ဝင်ကြည့်ဖြစ်ကြတယ်အဲ့လိုမျိုးလေးပါ

ပဲ ကျွန်တော့်ရဲ့အစီအစဉ်လေးအောင်မြင်သွားပါတယ်။ရလဒ်ကတော့ သူ့အချစ်ကို ကျွန်တော်တောင်းဆို

ဖြစ်ခဲ့ပါတယ် တနည်းပြောရရင် ကျွန်တော်သူ့ကိုချစ်တဲ့အကြောင်း ဖွင့်ပြောဖြစ်လိုက်တယ်။



တတိယအဆင့်မှာတော့ ကျွန်တော်သူ့ကိုအံသြမူတွေများစွာပေးနိုင်ခဲ့တယ်။ဒီအဆင့်မှာတော့ကျွန်တော်

ရေးဆွဲ သမျှအစီအစဉ်တွေအားလုံး အဆင်ပြေစွာနဲ့လုပ်ဆောင်နိုင်ခဲ့ပါတယ်။မှန်ပိတ်ပြီးလော့ချထားတဲ့

သူ့ကားလေးထဲကို သူချစ်တဲ့ Plant and Zombie အရုပ်ကလေးတွေကို လှလှပပ ထည့်ပေးနိုင်ခဲ့သလို

သူအမြဲ တယုတယ ကိုင်တတ်တဲ့ phone လေးထဲကို ကျွန်တော် သူ့ကိုချစ်တဲ့အကြောင်းဖွင့်ပြောထားတဲ့

အသံဖိုင်လေးကိုထည့်သွင်းနိုင်ခဲ့ရုံတင်မက Phone ringtoneအဖြစ်ပါပြုလုပ်ခဲ့ပြီး သူ့ကိုအံသြစေနိုင်ခဲ့

ပါတယ်။နောက်တော့ သူစီးတဲ့ဒေါက်ဖိနပ် ကလေးကိုပါ အရောင်ပြောင်းပေးနိုင်ခဲ့ချိန်မှာတော့ သူ့စကား

တစ်ခွန်းနဲ့ ကျွန်တော် လေဟာပြင်ထဲမှာလွင့်မြောသွားခဲ့ပါတော့တယ်။သူကျွန်တော့်ကို ချစ်တယ် တဲ့ !!




သူ့အချစ်ကိုကျွန်တော်ရပြီး (သူကျွန်တော့်ချစ်သူဖြစ်ပြီး)တဲ့နောက်ပိုင်းမှာတော့ကျွန်တော့်အစီအစဉ်

တွေဟာလေးနက်လာခဲ့ပါတယ်။ချစ်သူလက်ကိုဆုပ်ကိုင်ပြီးဘဝခရီးလမ်းဆိုတာကြီးကို လျှောက်လှမ်း

ရတဲ့ အရသာကို    ခံစားမိပြီးခဲ့ချိန်မှာတော့ကျွန်တော်ချစ်တဲ့မိန်ကလေးရဲ့လက်ကို ဘဝတစ်သက်တာ

မလွှတ်တမ်းဆုပ်ကိုင်ထားနိုင်ဖို့အတွက်   ကျွန်တော်အစီအစဉ်ပေါင်းများစွာကို   ထပ်မံပြီးရေးဆွဲဖြစ်ခဲ့

တယ်။အားစိုက်ခဲ့တယ်   ကြိုးစားခဲ့တယ် ပိုလို့ပိုလို့ကြိုးစားခဲ့တယ် တစ်ဦးတစ်ယောက်ထဲ ရေးဆွဲခဲ့တဲ့

အစီအစဉ်မျိုးမဟုတ်ပဲ  ချစ်တဲ့သူရဲ့      ကူညီဖေးမမူတွေပါ ပါဝင်ပြီး ကျွန်တော့်မျှော်လင့်ချက်တွေကို

ဦးတည်နေတဲ့ ဒီအစီအစဉ်တွေဟာ အောင်မြင်ခြင်းကို ထင်မှတ်ထားတာထက်ပိုမိုပြီး စောစီးစွာရောက်

ရှိခဲ့ပါတော့တယ်။




ကျွန်တော်ဟာ အောင်မြင်မူတွေနဲ့အတူပိုင်ဆိုင်မူများစွာကိုလဲ ရရှိခဲ့ပါတယ်။ကျွန်တော်ကုမ္မဏီငယ်

လေးတစ်ခုကိုပိုင်ဆိုင်ထားပြီး ချစ်သူနဲ့အတူ ဘဝခရီးကိုအေးချမ်းစွာနဲ့ ဖြတ်သန်းနိုင်စေဖို့အတွက်လဲ

ကျွန်တော် နေရာကောင်းကောင်းလေးမှာ ခြံဝင်းကျယ်ကျယ်နဲ့ တိုက်လှလှလေးတစ်လုံးလဲဆောက်

လုပ် ပိုင်ဆိုင်နိုင်ခဲ့တယ်။နောက်ပြီး ကားလှလှလေး ၃စီးကို ထည်လဲစီးနိုင်ခဲ့သလိုပဲ ဘဏ်ထဲမှာလဲ

တော်များများထည့်သွင်းစုစောင်းနိုင်ခဲ့တယ် ဘဝတစ်သက်တာအေးချမ်းစွာနေထိုင်သွားနိုင်ဖို့အတွက်

လုံလောက် တဲ့ငွေကြေးပမာဏကိုပိုင်ဆိုင်ခဲ့တယ်ဆိုပါတော့။ကျေနပ်စရာကောင်းလှတဲ့ ကျွန်တော့်

ဘဝလေးပါပဲ။မကြာခင် ကိုယ်ချစ်တဲ့သူနဲ့လက်ထပ်ပြီး ဘဝကိုဖြတ်သန်းရတော့မှာမို့ အရမ်းကိုပျော်

ရွှင်မိပါတယ်။ပြီးတော့ ကျွန်တော့်ရဲ့ အစီအစဉ်တကျဆောင်ရွက်တတ်တဲ့ အကျင့်လေးကိုလဲ အရမ်း

ကျေးဇူးတင်မိတယ်။ဟုတ်တယ်လေ ဒီအစီအစဉ်လေးတွေကြောင့်ပဲ ကျွန်တော်ဟာအခုလိုအခြေအ

နေမျိုးကို ပိုင်ဆိုင်ထားနိုင်တာပဲမဟုတ်လား။ထိုအရာတွေနဲ့အတူပါပဲ ကျွန်တော်ဟာသီးခြားပိုင်ဆိုင်မူ

တစ်ခုကိုထပ်မံပိုင်ဆိုင်လိုက်ရပါတယ်။ကျွန်တော် အစီအစဉ်ရေးဆွဲမထားပဲရရှိပိုင်ဆိုင်လိုက်ရတဲ့ အ

ရာတစ်ခုပေါ့။သိပ်တော့မထူးထူးခြားခြားတော့မဟုတ်ပါဘူး ကျွန်တော်ခေါင်းကိုက်ရောဂါဆွဲကပ်လာ

တာပါပဲ။




အစပိုင်းမှာတော့ဆေးသောက်လိုက်ရင်ပျောက်သွားတယ်။နောက်တော့ ဆေးသောက်လိုက်ရင်သက်

သာတယ်ဆိုတဲ့အဆင့် ကိုရောက်လာတော့တယ်။နောက်ပိုင်းမှာတော့ အတော်ကိုစိုးဝါးလာပါတယ်

ကျွန်တော့်အတွက် မနက်ဖြန်ဘာလုပ်မယ်ဆိုပြီးရေးဆွဲထားတဲ့ အစီအစဉ်တွေကို ကျွန်တော်မေ့လျှော့

တတ်လာတယ်။နောက်တော့ ကျွန်တော့်ရဲ့ ပစ္စည်းလေးတွေကို ထားတဲ့နေရာကအစ ပြန်စဉ်းစားပြီး

လိုက်ရှာရတဲ့အထိဖြစ်လာတော့တယ်။နောက်တော့ ကြာလာလေ ပိုဆိုးလာလေဖြစ်လာတယ်ဆိုတာ

ကျွန်တော်သတိထားမိလာတယ် ကျွန်တော့်ရဲ့ချစ်သူလဲကျွန်တော့်အဖြစ်ကိုသတိထားမိ လာတဲ့ပုံစံ ရှိ

လာတယ်နဲ့တူပါတယ် ကျွန်တော့်ကိုပိုဂရုစိုက်လာတယ်။အချိန်ကာလတိုလေးအတွင်းမှာ ကျွန်တော်

ဟာ ဘယ်လိုအစီအစဉ်တွေပဲ ရေးဆွဲထားပါစေ လုံးဝပြန်စဉ်းစားလို့မရတော့တဲ့အထိ ရောဂါလက္ခဏာ

ဟာဆိုးဝါးလာခဲ့တော့တယ်။မေ့တတ်လာတယ် ကျွန်တော့် ချစ်သူ မိဘဆွေ မျိုးတွေကိုပါ ကျွန်တော်

မေ့လျှော့သွားခဲ့တဲ့အထိ ရောဂါဖောက်လာတယ်။ဒီအချိန်ရောက်မှ သူတို့တွေဟာ ကျွန်တော့်ရောဂါ

အခြေအနေကိုသတိထားမိကြပြီး ကျွန်တော့်ကိုဆေးရုံတင်လိုက်ကြတယ်။ဂရုဏာဒေါသောနဲ့လဲ ဆူ

ပူကြပါသေးတယ် ဒီလိုဖြစ်နေတာကို အစကထဲကမပြောကြကောင်းလားပေါ့။




ကျွန်တော်ဆေးရုံရောက်တော့မှ ကျွန်တော့်ရောဂါကိုအဖြေရှာတွေ့လိုက်တယ်။ကျွန်တော်ဟာသာ

မာန်ခေါင်းကိုက်ရောဂါမဟုတ်ပဲ ဦးနှောက်မှာအကြိတ်တည်နေတာဖြစ်တယ်တဲ့ ဒီတော့ ဒီအကြိတ်

ကိုခွဲထုတ်ရင် သေရင်သေ မသေရင်တော့ ရူးသွားမယ်တဲ့ ဘာတဲ့ ကောင်းရင်တောင်လူကောင်းပြန်

မဖြစ်နိုင်တော့ဘူး ဆိုတဲ့သဘောပါပဲ။ဒါဆို ကျွန်တော်အသက်ရှင်ရင်တောင်အရူး ဖြစ်နေမှာပေါ့။ကျွန်

တော်ဒီခွဲစိတ်မူကိုသဘောမတူလိုက်ပါဘူး။နောက်တစ်ခုရှိသေးတာက အကယ်လို့ ကျွန်တော်ခွဲစိတ်

ကုသမူမခံရင် ကျွန်တော်ဟာဒီကမ္ဘာကြီးပေါ်မှာ အများဆုံး ၆ လလောက်သာအသက်ရှင် နေထိုင်နိုင်

တာ့မှာတဲ့။ကဲဗျာ့ကျွန်တော့်အစီအစဉ်တွေထဲမှာ ဒီလိုစိတ်ညစ်စရာတွေမပါပါပဲ အခုတော့ အလို

အလျှောက်လောကကြီးက ကျွန်တော့်အတွက် အစီအစဉ်ရေးဆွဲပေးလိုက်ပြီထင်ပါတယ်။




ဒီရက်ပိုင်းတွေမှာ ကျွန်တော်ချစ်သူတွေ ဆွေမျိုးတွေ ကျွန်တော့်ဘေးမှာ ဝိုင်းနေကြလေရဲ့။ပြီးတော့

ငိုကွက်တွေကြောင့် မို့အစ်နေတဲ့မျက်ဝန်းတွေနဲ့အတူ ကျွန်တော့်ကိုဝိုင်းဖြောင့်ဖျကြတယ် ခွဲစိတ်ကု

သမူကိုခံလိုက်ပါတဲ့။ကျွန်တော်လက်မခံနိုင်ပါဘူး သေသွားရင်အကြောင်းမဟုတ်ပေမဲ့ အရူးတစ်

ယောက်အဖြစ်နဲ့တော့ ကျွန်တော်အသက်ရှင်မနေလိုပါဘူး။ပြီးတော့ကျွန်တော့်ချစ်သူကိုလဲကျွန်တော်

သနားတယ် သူကျွန်တော့်အတွက်နဲ့ စိတ်ဒုက္ခတွေရောက်နရပြီလေ။တစ်ခါတစ်ခါ ဆေးရုံက ကျွန်

တော့်အခန်းအပြင်ဖက်ထွက်ပြီး တိတ်တိတ်လေး ငိုရှိုက်နေတဲ့သူ့အသံတွေကိုကျွန်တော်ကြားနေ

ရတယ်။ကျွန်တော်ရင်တွေနာလိုက်တာဗျာ ကျွန်တော်ဖြစ်စေချင်တာက ကျွန်တော့်ချစ်သူလေးအချိန်

တိုင်းရယ်မောနေစေချင်ခဲ့တာပါ။အခုတော့သူငိုနေရရှာတယ် နောက်ပြီးသူငိုနေရတာကလဲ သူ့ကို

ရယ်မောနေစေချင်ခဲ့တဲ့ ကျွန်တော့်ကြောင့်ပါပဲ့




အခုအချိန်မှာတော့ကျန်ရှိနေသေးတဲ့ ကျွန်တော့်ဘဝအချိန်တွေကို ကျွန်တော်ဆေးရုံမှာပဲကုန်ဆုံး

ခံနေရပါတယ်။၆ လသာအသက်ရှင်ရတော့မဲ့ကျွန်တော်ဟာ အခုတောင် ၁လကျော်ဆေးရုံပေါ်မှာ

ကုန်ဆုံးနေခဲ့ရပြီလားဆိုတာတွေးမိပြီး အဲ့ဒီညမှာကျွန်တော်ဆေးရုံကထွက်ပြေးဖို့ ကြံစည်ထားခဲ့

တယ်။ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး ညမိုးချုပ်လို့ ဆရာဝန်တွေနဲ့ ကျွန်တော်ကိုစောင့်နေတဲ့ ချစ်သူ

လေးအလစ်မှာ ကျွန်တော်ထွက်ပြေးဖို့ကြိုးစားလိုက်ပါတယ်။ကံဆိုးလွန်းတဲ့ကျွန်တော်ပါပဲဗျာ့

ကျွန်တော့်ခြေထောက်တွေလှုပ်လို့မရတော့ပါဘူးးးးးးးကျွန်တော်ငိုမိတယ် နောက်အော်ပြီးငိုလိုက်

တော့တယ်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ကျွန်တော့်ဦးနှောက်ထဲကအကြိတ်က ကျွန်တော့်ကို

အောက်ပိုင်းသေဆုံးသွားအောင်အကြောတွေကို ဖိနှိပ်ပစ်လိုက်ကြတော့တယ်။




ဒီနောက်ပိုင်းမှာတော့ ကျွန်တော့်အခြေအနေတွေဟာသိသိသာသာကြီးဆိုးလာပါတယ် ကျွန်တော့်

ချစ်သူတွေ မိဘ အသိုင်းအဝိုင်းတွေကို ကျွန်တော်သိလိုက်မသိလိုက်ဖြစ်လာတယ်။ကြာလာတော့

အဆိုးဝါးဆုံးအခြေအနေကိုရောက်သွားတယ်ထင်ပါတယ် ကျွန်တော့်ကိုယ်ကျွန်တော်တောင်မေ့လျှော့

လာတယ်။တစ်ခါတစ်လေ ကျွန်တော်ဘယ်သူလဲဆိုတာမသိတော့သလို ကျွန်တော်ဘေးမှာရပ်နေတဲ့

သူစိမ်းမိန်ခလေး(ကျွန်တော့်ချစ်သူ)ကကျွန်တော့်ကိုခေါ်တဲ့ မောင်ဆိုတာကို ကျွန်တော့်နာမည်လို့ထင်

မှတ်လာခဲ့တယ်။တစ်ချက်တစ်ချက်မှသာ ကျွန်တော့်ကိုကျွန်တော်သတိရလာတယ် ပြီးတော့အားလုံး

ကိုပြန်မှတ်မိလာတယ်။ဒီလိုကျွန်တော်သတိရလာတိုင်းမှာ ကျွန်တော့်သက်တမ်းကတိုတိုသွားတာကို

သတိထားမိလိုက်ပါတယ်။ကျွန်တော်ပထမတစ်ခါသတိရတုန်းက စာထဲမှာချရေးထားတာ ကျွန်တော့်

သက်တမ်းက ၄လကျော် ကျန်နေပါသေးတယ်။အခုတစ်ခါ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်သတိရလာ

ပြန်တော့ ကျွန်တော့်သက်တမ်းက ၂လသာကျန်တော့တယ်ဆိုတာသိလိုက်ရတယ်။




ကျွန်တော်နာရိပိုင်းအတွင်းဘယ်အချိန်မှာ ကျွန်တော့်ကိုယ်ကျွန်တော်ပြန်မေ့သွားမလဲမသိတော့ပါဘူး

ဒီတော့ကျွန်တော်သတိရနေတဲ့အချိန်အတွင်းမှာ ကျွန်တော့်ချစ်သူရယ်ကျွန်တော့်မိဘတွေနဲ့အတူပျော်

ရွှင်စွာနဲ့ဖြတ်သန်းနေချင်ပါတယ်။ဒီတစ်ခါကျွန်တော့် ကိုယ်ကျွန်တော့်မေ့သွားခဲ့ရင်၂လ ဆိုတဲ့ အသက်

ရှင်ဖို့ကျန်ရှိနေတဲ့ အချိန်လေးအတွင်းမှာ သတိပြန်ရချင်မှလဲရနိုင်တော့မှာလေ။ဒီတော့ဒီအချိန်တွေကို

ကျွန်တော့်နောက်ဆုံးအချိန်လို့ ကျွန်တော်သဘောထားပြီးကျွန်တော့်အချိန်တွေအားလုံးကိုသူတို့ကိုပေး

လိုက်ပါတယ်။ပြီးတော့ကျွန်တော်အခု ခင်ဗျားတို့ ဖတ်နေတဲ့ဒီစာလေးကို ရေးဖြစ်လိုက်တယ်။ကျွန်တော့်

ခေါင်းရင်းမှာကပ်ထားဖို့ပေါ့အကယ်လို့များကျွန်တော်ဒီကြားထဲကျွန်တော့်ကိုယ်ကျွန်တော်မေ့နေခဲ့တဲ့

အချိန်လေးတွေမှာ ဒီစာလေးကိုဖတ်မိပြီးသတိပြန်ရကောင်းရနိုင်လာအောင်လို့ပါ။ အခုတော့ကျွန်တော်

ဆေးအရှိန်ကြောင့်ထင်တယ်အရမ်းအိပ်ချင်နေပြီး ဒါကြောင့် ခင်ဗျားတို့များလူနာလာမေးရင်း ဒီစာလေး

ကိုတွေ့ခဲ့ရင် ကျွန်တော့်ခေါင်းရင်းဘေးက ကျွန်တော်မြင်သာမဲ့နေရာလေးမှာကပ်ထားပေးကြပါလို့အကူ

အညီ တောင်းပါရစေ့ကျွန်တော်ကိုယ်တိုင်ကပ်ချင်ပေမဲ့ ကျွန်တော့်ခြေထောက်တွေက သုံးမရတော့

လို့ပါ့ပြီးတော့ကျွန်တော့်ချစ်သူလေးကို စောင့်ရှောက်ပေးကြပါလို့တောင်းဆိုပါရစေ။ကျွန်

တော်ကိုယ့်ကိုကိုယ်မေ့လျှော့နေချိန်မှာ ကျွန်တော်ချစ်သူလေးကို ကျွန်တော်သိပ်ချစ်တယ်ဆိုတာကိုလဲ

ပြောပေးကြပါဗျာ။။။။။ပြီးတော့ သူကိုမငိုပါနဲ့လို့လဲပြောပေးကြပါနော်။သူငိုနေချိန်မှာ ကျွန်တော် မချော့

မိတော့မှာ သိပ်သိပ်ကြောက်လို့ပါ။
















အခုပြောနေရင်းနဲ့ ကျွန်တော်အရမ်းအိပ်ချင်လာပြီ ပြီးတော့မောလာတယ် ကျွန်တော်နားမှဖြစ်တော့မယ်ဒါပေမဲ့

ဒီအကြောင်းလေးတွေကိုလဲ ကျွန်တော်သတိရချင်သေးတယ်။ဒါကြောင့်ကျွန်တော်အိပ်ပျော်မသွားခင်အချိန်လေး


အတွင်းမှာ မြတ်ဘုရားဆီက ဒီဆုလေးကို တတွတ်တွတ်နဲ့ တောင်းဆိုနေမိလိုက်ပါတယ်။


 

အရှင်ဘုရား   တကယ်လို့များတပည့်တော်အိပ်ပျော်သွားပြီးလို့ပြန်လည်နိုးထလာချိန်မှာ တပည့်တော်ကိုယ်
တပည့်တော် မှတ်မိနေသော ယခုလက်ရှိတပည့်တော်၏အသိစိတ်နှင့်ဘဝကိုသာပြန်လည်ရရှိလိုပါ၏အရှင်ဘုရားးး

ကျွန်တော့်ရဲ့ဆုတောင်းလေးအပြီးမှာတော့ ကျွန်တော့်အိပ်ချင်စိတ်ကိုအားတင်းထိန်းချုပ်ရင်းစားပွဲပေါ်က စာရွက်လေးထဲကို

ကျွန်တော့်အစီအစဉ်တချို့ချရေးဖြစ်လိုက်တယ့်ဒီအစီအစဉ်လေးဟာ ကျွန်တော့်ဘဝအတွက် နောက်ဆုံးအစီအစဉ်

ဖြစ်ကောင်းဖြစ်သွားနိင်ပါတယ်။


ကျွန်တော့်အစီအစဉ်

၂၄ ၊ ၄ ၊ ၂၀၁၂    ည ၁၀ နာရီ ၂၄ တိတိ
သီးသန့်ကုသဆောင် အခန်းအမှတ့် 206
လူနာအမည့်ဇာနည့် လူ့ဘဝသက်တမ်းကျန်ရှိချိန် ၁လ နှင့် ၂၈ ရက်တိတိ


သင်သည်ဇာနည်ဖြစ်သည်    အထက်ပါအကြောင်းအရာသည်     သင်၏ဘဝအမှန်ဖြစ်သည်
သင်၏ယခုသတိရလာချိန်တွင် သင့်ကိုယ်သင်ဇာနည်မဟုတ်ဟု ထင်မှတ်နေပါက အထက်ပါ
စာကို အကြိမ်ကြိမ်ဖတ်ရူပါရန် ကျွန်တော်ဇာနည်မှ အစီအစဉ်ရေးဆွဲ ခဲ့ပါသည်။


ဝါသနာအတွက်အစဉ်ကြိုးစားလျှက့်ဖြိုးဇာနည့်ည့၁၀း၃၀ တိတိ

7 Comments


လာဖတ်သွားပါတယ် ချစ်သူတိုင်းပျော်ရွှင်နိုင်ကြပါစေ


ဇာနည်လေး..မကြီးလွမ်းဆီ ချစ်သူလေး အပ်ခဲ့လေ. စောင့်ရှောက်ပေးပါမယ်။ ဘလော့မှာ ကြော်ငြာနဲ့။ ပြည်သူပိုင်ဖြစ်တွားမယ်။ အဟဲ..စထှာ
လာလည်ပါကြောင်း သံချောင်းခေါက်ခဲ့တယ်


ခင်မင်တဲ့
မကြီးလွမ်း


ကိုဖြိုးရေ...
ဇော်ဂျီဖောင့်လာယူသွားပါတယ်..
ုမြန်မာဖောင့် ပျောက်သွားလို့ လေ..
ဇော်ဂျီဖောင့် တင်ထားပေးတဲ့အတွက် ကျေးဇူးပါ..
အမြဲလာလည်ပြီး အားကေးအားမြောက်ပြုတဲ့အတွက်လည်း
ကျေးဇူးပါ...
ခင်တဲ့
ထော်ဦး


sad story ... :(
anyhow ... very nice ..
keep on...


ရေးထားတာကိုဖတ်ပြီး စာထဲမှာ အားထုတ်ထားတာကို မြင်ရတယ် ညီလေး..ဒါပေမဲ့ ဒါမျိုးတွေက တွေ့ရဖန် မြင်ရဖန်များနေတော့ကာ ဖတ်ရင်းနဲ့ ဖတ်သူရဲ့စိတ်မှာ ရေးထားသူရဲံ ကိုယ်ပိုင်ဟန် ပျောက်သွားသလို ဖြစ်နေတယ်...ဥပမာ ဒီလူဟာ ဦးနှောက်မှာ အကြိတ်မတည်ပဲ. ရုပ်ရှင်မဆန်ပဲ ကိုယ့်ပုံစံလေးနဲ့ကိုယ် တင်ပြနိုင်မယ်ဆိုရင် ဖတ်ရတာလည်း မူကွဲသွားမယ်..ကြိုးစားအား ထုတ်မှုဟာလည်း အခုထိပိုပြီး အသက်ဝင်မယ်လို့ ထင်တယ်ညီလေး.. ဒီပိုစ့်ကို ဖတ်တာနဲ့ ဒီလူ ဖန်တီးနိုင်တယ်ဆိုတာ သိသာပါတယ်.. ဒီပုံစံထဲက ခွဲထွက်ဖို့ ကြိုးစားကြည့်ညီလေး..တကယ့် အမေ့ဇင်း စတိုရီဖြစ်သွားလိမ့်မယ်...:)

လေးစားစွာဖြင့်
ကိုရင်


ကိုရင်ပြောမှပဲ အဟုတ်နော် ဇတ်လမ်းမဆန်ပဲနဲ့
သေသေသပ်သပ်လေးရေးလိုက်ရင် တကယ်ကောင်းမှပါပဲ
ကျေးဇူးပါ ကိုရင်ရေ့ နောက်ဇတ်လမ်းတွေမှာအဲ့အတိုင်း
ကျိုးစားကြည့်ပါ့မယ်။ဒါကြောင့်နေမှာအမ ဒိုးရဲ့ ဂျာရစ်တွေက
မိုက်နေတာ့ဘေးကအကြံပေးက အရမ်းမိုက်လို့ကိုးးးးးးးး


သယ်ရင်းရေ စာလေးဖတ်သွားပါတယ်....ရေးထားတာလေးကောင်းပါတယ်...အစီအစဉ်လေးကလည်း မိုက်ပါတယ်....ဒါကတော့ ဇာတ်သဘောအရတော့ ခွဲရင် သေရင်သေမယ်ရူးရင်ရူးမယ်လို့ဆိုထားတယ်နော်.....ကျွန်တော်သိသ
လောက်ကတော့ ခွဲရင် သေရင်သေ မသေရင် Coma ရရင်ရ ၊ ဒါမှမဟုတ် တစ်ခြားအာရုံကြောဆိုင်ရာ လက္ခဏာလေးတွေ ပြချင်ပြမယ်...ရူးသွားနိုင်တယ်ဆိုတာတော့ ကျွန်တော်မကြားဘူးဘူးဗျ....ကျွန်တော့်အထင်လေးကို ပြောပြတာပါ...ဆရာလုပ်တာလည်းမဟုတ်ပါဘူး...ကျွန်တော်လည်း ကိုဖြိုးဇာနည်လိုမရေးတတ်ပါဘူး....ရေးတဲ့လူတွေကိုလည်းလေးစားပါတယ်.

စေတနာဖြင့်.....ရင်ဆူး

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.