7

Please!

Posted by ဖြိုးဇာနည် on Sunday, April 01, 2012 in
ချစ်သူ ကျေးဇူးပြုပြီး မင်းမပြုံးလိုက်ပါနဲ့ မင်းရဲ့ကျေနပ်တဲ့ အပြုံးတွေကိုငါအရမ်းနှစ်သက်ပေမဲ့ မင်းရဲ့မချိ
ပြုံးတွေကိုငါအရမ်းကြောက်လို့ပါ့

ချစ်သူ ကျေးဇူးပြုပြီးမင်း မရယ်လိုက်ပါနဲ့ မင်းရဲ့ ကြည်လင်တဲ့ရယ်သံချိုလေးတွေကိုငါတောင့်တပေမဲ့ မင်းရဲ့
လှောင်ရယ်သံတွေကို ငါသိပ်ကြောက်လို့ပါ့

ချစ်သူ ကျေးဇူးပြုပြီးမင်း မပြောလိုက်ပါနဲ့ မင်းရဲ့ ချိုသာတဲ့စကားသံတွေကိုငါသိပ်မြတ်နိုးပေမဲ့ မင်းရဲ့ခနဲ့တဲ့
စကားသံတွေကို ငါအရမ်းကြောက်နေလို့ပါ့

ချစ်သူကျေးဇူးပြုပြီးမင်း မကြည့်လိုက်ပါနဲ့ မင်းရဲ့အကြည့်လေးတွေကိုငါစွဲလန်းမိပေမဲ့ မင်းရဲ့မျက်စောင်းလေး
တွေကို ငါသိပ်ကြောက်လို့ပါ့

ချစ်သူကျေးဇူးပြုပြီး မင်းမလှမ်းလိုက်ပါနဲ့ မင်းရဲ့ခြေလှမ်းလေးတွေကိုငါ တန်ဖိုးထားပေမဲ့ မင်းချန်ရစ်ထားခဲ့မှာ
ကို ငါတွေးကြောက်လို့ပါ့

ချစ်သူ ကျေးဇူးပြုပြီး မင်းမမေးလိုက်ပါနဲ့ မေးခွန်းတိုင်းကိုငါဖြေနိုင်ပေမဲ့ အဆုံးမရှိတဲ့ငါ့အချစ်အကြောင်းတွေကို
ကန့်သတ်ချက်မရှိ ပြောမိတိုင်း နင်ပျင်းရိသွားမှာ ငါသိပ်ကြောက်လို့ပါ့

ချစ်သူကျေးဇူးပြုပြီ မင်းမတောင့်တလိုက်ပါနဲ့ မင်းတောင့်တမူတိုင်းငါဖြည့်ဆည်းနိုင်ပေမဲ့ မင်းစိတ်ကျေနပ်တဲ့
အတိုင်းအတာထိငါမဖြည့်ဆည်းပေးနိုင်ခဲ့မှာကို ငါအရမ်းကြောက်လို့ပါ့

ချစ်သူကျေးဇူးပြုပြီး မင်းမနှိုင်းလိုက်ပါနဲ့ မင်းနှိုင်းယှဉ်လိုက်တဲ့ အရာတိုင်းထက်ငါ့အချစ်ပိုသာတယ်ဆိုတာ
မင်းနားလည်အောင်ငါပြောပြနိုင်ပေမဲ့ မင်းမယုံကြည်မှာ ငါတွေးကြောက်လို့ပါ့

ချစ်သူ ကျေးဇူးပြုပြီး မင်းမငိုလိုက်ပါနဲ့ မင်းရဲ့မျက်ရည်တွေရပ်တန့်သွားအောင်ငါချော့လိုက်နိုင်ပေမဲ့ ငါ့ရင်ထဲမှာ
ခိုဝင်လာမဲ့ ဝမ်းနည်းခြင်းတွေကို ငါ သိပ်ကြောက်လို့ပါ့

ချစ်သူကျေးဇူးပြုပြီး မင်းမသွားလိုက်ပါနဲ့ မင်းသွားလိုရာတိုင်းကိုငါ အဖော်ပြုပေးနိုင်ပေမဲ့ ငါ့ရင်ခွင်ထဲကနေ မင်း
ထွက်ခွာသွားမှာကို ငါသိပ်ကြောက်လို့ပါ့

ချစ်သူ့ကျေးဇူးပြုပြီး မင်းမမုန်းလိုက်ပါနဲ့နော် မင်းရဲ့အမုန်းတွေကြောင့် ငါ့ရဲ့ နှလုံးခုန်သံတွေရပ်တန့်သွားချိန်မှာ
မင်းငိုကြွေးမိရင် မင်းအငိုတိတ်အောင်လုပ်မပေးနိုင်တော့မှာကို ငါသိပ်သိပ်ကြောက်လို့ပါ ချစ်သူရယ့်

ဟုတ်တယ်ချစ်သူ မင်းအမုန်းတွေကြောင့် ငါသေသွားနိုင်ပါတယ့်ဒါကြောင့် ထပ်ပြီးတော့ပြောပါရစေချစ်သူ့
ကျေးဇူးပြုပြီး မင်းမမုန်းလိုက်ပါနဲ့လို့




ချစ်သူဒီစာဖတ်ပြီးရင် ဒီနေ့ April Fools Day မှာ ငါ့ကို မုန်းတယ်လို့ပြောပြီး Fool လုပ်မယ်ဆိုတဲ့အကြံအစည်

ရှိနေခဲ့မယ်ဆိုရင်တောင် အဲ့ဒီအစီအစဉ်ကိုအမြန်ဆုံး ဖျက်လိုက်ပါချစ်သူ့ငါ့နှလုံးခုန်သံတွေ ရုပ်တန့်မသွား

ခင်လေးပေါ့

April Fools အမှတ်တရအဖြစ့်ဖြိုးဇာနည့်ည ၁၁နာရီတိတိ


7 Comments


ဟားဟား မိုက်တယ်ဗျာ စာသားတွေက. အလန်းကြီးပဲအစ်ကို.။အားပေးသွားပါတယ်.။


ကဲသက်ဆိုင်သူရေ ပြောထားတယ်နော်..


ချစ်ရတဲ့သူလေးသိပါစေကွယ်...


အလဲ့ တယ်ဟုတ်ပါလား ... သူ့ကို အရူးမလုပ်အောင် ကြိုပိတ်တာ ....


မုန်းတယ် လို့ မပြောဘဲ
လမ်းခွဲရအောင် လို့ ပြောရင်
ဘယ်လိုလုပ်မလဲ အစ်ကို
ဟိဟိ . . . နောက်တာ
ကဲ . . . ကိုဖြိုးဇာနည်ရဲ့သက်ဆိုင်သူလေးရေ
ကျေးဇူးပြုပြီးတော့ သူပြောတာလေးတွေ မလုပ်လိုက်ပါနဲ့


;ae ဟုတ်သားပဲ အဟီးးး အဲ့လိုမျိုးပြောလာရင်
ဘယ်လိုလုပ်ရပါ့ထူးပါဝူး အပေါ်မှာလဲရေးထား
ပြီးတဲ့ အတူတူ နှလုံးခုန်ရပ်ရင်ရပ်မရပ်ရင် ကိုယ့်လည်ပင်း
ကိုယ်ညှစ့့်အစ် အစ် :P


အပေါ်လေးနားမှာတွေ့လိုက်သလားလို့
ချစ်သူဖတ်ဖို့ တဲ့
အားမနာဘူးနော်
နာတို့လဲဖတ်ခဲ့တယ် ဒါဗြဲ

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.