7

ချစ်သူပေးသော သက်ပြင်းများ

Posted by ဖြိုးဇာနည် on Tuesday, May 01, 2012 in

လေပြေညှင်းတို့ မှီငြိမ်းပျော်မွေ့ရာ အရပ်သည် ကျွန်တော့်ချစ်သူ တည်ရှိနေရာအရပ်ဖြစ်သည်။ထို့ကြောင့်

ကျွန်တော်သည် လေပြေညှင်းတို့အား ခြေရာခံစောင့်ကြည့်နေတတ်သည်။တိမ်ညိုတွေကင်းစင်ရာအရပ်

သည်လည်း  ကျွန်တော့် ချစ်သူ ပြုံးနေရာ အရပ်ဖြစ်နေပြန်သည်။ ထို့ကြောင့် ကျွန်တော်သည် တိမ်ကင်း

စင်နေသော  အရပ်၌ အပြုံးဖြင့်တည်ရှိနေတတ်သော   လမင်းကြီးကို ချစ်သူအပြုံးအဖြစ် ယူဆမိသည်။



ထိုဖြစ်စဉ်များကိုခြေရာခံခြင်းဖြင့် အစဉ်အလုပ်ရှုပ်နေတတ်သော ကျွန်တော်သည် လေပြေညှင်းတို့ဆိတ်

သုန်းလျှက်ရှိသော လကွယ်ညများကို အလွန်ကြောက်ရွံ့မိသကဲ့သို့ မိုးရွာနေသော ညများကိုလဲ မုန်း

တီးတတ်ခဲ့သည်။မမှားသောရှေ့နေ မသေသောဆေးသမား မရှိသကဲ့သို့ ကျွန်တော့်ချစ်သူအပေါ်တွင်

ကျွန်တော်စကားတစ်ခွန်းဖြင့် မှားယွင်းဖူးခဲ့သည်။ထိုည သည်ကျွန်တော့်မျက်ရည်မိုးများ သွန်သွန်ရွာ

သွန်းခဲ့သောညလေဖြစ်သည်။ကျွန်တော့်ချစ်သူ အကြောင်းကို တွေးတောမိသောညသည် ဤညပင်ဖြစ်

သည်။ကျွန်တော့်ချစ်သူ ဟူသည်



ချစ်သူ့


ညနေခင်းတစ်ခုမှာဖြစ်ခဲ့တယ်။အဲ့ဒီညနေခင်းမှာ လေပူပူလေးတွေတိုက်နေတာကျွန်တော်မှတ်မိနေသေး

တယ်။မသိမသာ နဲ့ ကြည်စယ်နေတဲ့ လေယဉ်ယဉ်လေးတွေကို နှစ်သက်စွာနဲ့ လမ်းလျှောက်ထွက်ခဲ့တဲ့

ကျွန်တော်ပါ။လမ်းလျှောက်လိုက် သဲတွေထဲခြေထောက်ကိုကလော်ထည့်လိုက် သဲတွေဝင်နေတဲ့ဖိနပ်ကို

ခါထုတ်လိုက်နဲ့ တစ်ယောက်ထဲအလုပ်ရှုပ်ချင်ယောင်ဆောင်ရင်း အပျင်းဖြေနေတဲ့ကျွန်တော့် ညနေခင်း

လေးမှာ ကျွန်တော့်ချစ်သူကိုစတွေ့ခဲ့ပါတယ်။ကမ်းစပ်နဘေးက လက်တန်းလေးတွေနားမှာ ရပ်နေတဲ့

ကျွန်တော့်အရုပ်ကလေးတစ်ရုပ်လေ့အလို!!!! ချစ်သူ့



ကျွန်တော့်နှလုံးခုန်သံတွေ ဝုန်းဒိုင်းကြဲကုန်ကြတယ်။ရင်ခုန်သံကို ရေဒါအဖြစ်တိုင်းတာရင်း ကျွန်တော်

သူ့အနားကို တဖြည်းဖြည်းတိုးကပ်လျှောက်လှမ်းသွားနေမိတော့တယ်။ကျွန်တော်သူနဲ့အနီးဆုံးလို့ပြော

လို့ရတဲ့နေရာလေးတစ်ခုအထိတိုးသွားမိရင်း သူ့ပုံရိပ်ကလေးကို အသက်အောင့်မိတဲ့အထိ ငေးနေမိခဲ့

တယ်လေ့ကျွန်တော့်အသက်ရူသံလေးတစ်ချက်ကြောင့် ချစ်သူစိတ်အနှောက်အယှက်ဖြစ်ပြီး ဒီနေရာ

လေးကနေထွက်သွားမှာကိုတောင် အဓိပ္ပာယ်မဲ့ တွေးပူမိသွားတယ်။




လေပူပူလေးတွေကြောင့်ထင်ပါရဲ့ ဆံနွယ်လေးတွေအားလုံး  သူ့ရဲ့ ဆံပင်လေးတွေကိုသပ်တင်ထားသလို

ဖြစ်နေလေရဲ့ဒါကြောင့် ကျွန်တော်သူ့မျက်နှာလှလှလေးကို ရှင်းရှင်းလင်းလင်းတွေ့မြင်ခွင့်ရနေခဲ့တယ်

လေ။ သံစဉ်တစ်ပုဒ်လို  ကွေးညွတ်ညွတ်ကလေး မှေးစင်းနေတဲ့ မျက်ခုံးမွှေးလေးနှစ်ခုရဲ့ အောက်မှာ လင်း

လက် နေတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတစ်စုံဟာအမှတ်တမဲ့ ကျွန်တော့်ဆီကို ပျံလွင့်လာတဲ့အချိန်မှာတော့

ကျွန်တော့် ခန္တာကိုယ်တစ်ခုလုံးဟာ လေထဲကို သုံးလေးငါးပတ်လောက်ချာချာလည်သွားသလို ခံစားလိုက်

ရတယ်။လေတစ်ချက်အဝှေ့မှာ လူးလွန့်သွားတဲ့ ချစ်သူ ဂါဝန်လေး တစ်ချက် လှုပ်ခတ်သွားတယ်ဆိုရင်ပဲ
 
အဲ့ဒီဂါဝန်လေးနဲ့အတူ ကျွန်တော့် နှလုံးခုန်သံ စည်းချက်တွေလဲ ပြောင်းဆန်သွားရပါတယ်။



ဒေါက်ဖိနပ်ဖြူဖြူလေးတစ်ရံအပေါ်မှာ တည်ငြိမ်အေးချမ်းစွာနဲ့ အိနြေ္ဒပြည့်စုံခြင်းတွေဖော်ကြူးနေစွာ ရပ်

နေတဲ့ချစ်သူလေး လက်ထဲမှာ အိပ်ကလေးတစ်လုံးကို လက်နှစ်ဖက် ရှပ်သွယ်လို့ ကိုင်ထားနေသေးတယ်

အလို!!! ချစ်သူ ရယ် မင်းရဲ့ ပန်းရောင်နုနု ကလေးနဲ့ ဝင့်ကြွားနေတဲ့ နှုတ်ခမ်းလေးပေါ်မှာ တင်ရှိနေတဲ့

အပြုံးလေးဟာ မင်းနဲ့အလိုက်ဖက်ဆုံးပါပဲကွာ့အဖြူရောင်အောက်ခံမှာ ပွင့်ရိုက် လှလှလေးတွေနဲ့

ဆင်မြန်းထားတဲ့ ဂါဝန်လှလှလေး ရဲ့အပေါ်မှာတော့ အညိုရောင် လျလျလေးနဲ့ တွဲဖက်ထားပုံလေးဟာ

လဲ မင်းနဲ့အရမ်းလိုက်ဖက်နေသလို လောကကြီးကို အလှဆင်ပေးနေတဲ့ ညနေဆည်းဆာလေးကို ကူ

ညီပြီး အလှတရားတွေကိုဖြည့်ဆည်းပေးနေသလားလို့တောင်မေးလိုက်ချင်ပါသေးတယ်။



ခရမ်းရောင်လိုင်းကြောင်းလေးမှာ   အစိမ်းရောင်လေးတွေယှက်နွယ်ပြီး   ပုံဖော်ထားတဲ့ ပဝါပါးပါးလေး

ကို ချစ်သူရဲ့ ပခုံးနုနုလေးတွေအပေါ်မှာ ကြွရွစွာ တင်ထားတာလေးကိုလဲ သတိထားမိလိုက်သေးတယ်။

ဒီလို ပဝါပါးလေးနဲ့အတူ   ထင်ရှားနေတဲ့ သူ့အလှတွေကပဲ   အရမ်းကဗျာဆန်နေလို့များလား မသိပေမဲ့

ကျွန်တော် သူ့ဆီက ပျံလွင့်လာတဲ့ ချိုမြမြ ကာရံလေးတွေကို ခံစားလိုက်ရတယ်။ကျွန်တော့်ညနေခင်းလေး

ကိုအဓိပ္ပာယ် အတိပြီးသွားစေသော ထိုမိန်းကလေးကို ကျွန်တော်များ ချစ်သူဖြစ်ခွင့် ရရင်လို့တွေးမိသွား

ပြီး ကျွန်တော့်ပြုံးလိုက်မိပါသေးတယ် အဲ့ဒီအပြုံးလေးပြည့်ဝစွာနဲ့ ပြီးဆုံးမသွားခင်လေးမှာပဲ သူ့လက်က

လေးနဲ့အလွန်တရာမှလိုက်ဖက်လွန်းလှတဲ့ နာရီသေးသေးလေးကိုတချက်ကြည့်ပြီး သူထွက်သွားတာကို

ကျွန်တော်ရင်နင့်စွာနဲ့ တွေ့မြင်လိုက်ရပါတော့တယ်။



ဒါဟာကျွန်တော့်ချစ်သူရယ်ပါ့အခုတော့ ကျွန်တော်တလောကလုံးကိုကြွေးကြော်ပြီးပြောနိုင်ခဲ့ပြီလေ

အဲ့ဒီမိန်းကလေးဟာ အခုတော့ဖြင့်ကျွန်တော့်ချစ်သူလေးပါ။ပြည့်စုံခြင်းများစွာနဲ့ အချိုးကျစွာ တင့်တယ်လွန်း

နေတတ်တဲ့ ကျွန်တော့်ချစ်သူလေးမှာ သံစဉ်တစ်ပုဒ်လို ချိုလွင်လှတဲ့ အသံကလေးတွေလဲပိုင်ဆိုင်နေပါသေး

တယ်။ပြီးတော့ အမြဲပြုံးနေတတ်သလို ကျွန်တော်ကိုလဲ ပြုံးတတ်အောင်သူပဲသင်ပေးခဲ့တာပါ။အဲ့ဒီအပြုံး

လေးတွေ နဲ့အတူ ကျွန်တော်ဟာ သူစိတ်နာကျင်သွားအောင် စကားတစ်ခွန်းမှားယွင်းစွာပြောလိုက်မိပြီး

တဲ့ညမှာတော့ ကျွန်တော်ဟာ အပြုံးတွေကြားကနေ မျက်ရည်စတွေ လွင့်ကြွေခဲ့ရတယ်။ပြီးတော့ ဒီနေ့

ညမှာသူပေါ်မလာခဲ့ဘူ့းလေပြေညှင်းတွေပျောက်ဆုံးလို့ မိုးတွေကျနေတဲ့ ဒီလိုညမှာ ကျွန်တော့်

လမင်းလေး ကိုကျွန်တော်မျှော်နေမိတယ်။ ဒါဟာ ကျွန်တော်ရဲ့ တိမ်ဖုံးနေတဲ့ ညလေးတစ်ညအကြောင်း

ပါပဲ့ကံကောင်းထောက်မလို့ ကျွန်တော့်လမင်းလေးကို တိမ်ညိုတွေကြားကနေများ မြင်တွေ့ခွင့်ရခဲ့

မယ်ဆိုရင်တော့




ကြိုးစားရင်း လဲကျနေသူ့ဖြိုးဇာနည့့်ည့၁၀နာရီ ၅၀တိတိ

7 Comments


လာရောက်ဖတ်ခဲ့ပါတယ်ကွယ်


ဖတ်သွားတယ်သယ်ရင်းရေ.....အခုတောင် သက်ပြင်းတွေချမိသွားတယ်...ကောင်းတယ် .....ငါတော့ အဲ့လိုမရေးတတ်ဘူး...အားပေးနေပါတယ်....


ဖတ်ပြီး သက်ပြင်းတွေ ချသွားတယ်..ဖတ်လို့ ကောင်းတယ်ဗျ..


လက်စွမ်းထက်နေတယ်နော် ...
အားပေးလျက်ပါ

လွင်ပြင်လှိုင်းငယ်


ကျွန်တော့ အစီအစဉ်ထက်စာရင်တော့ အများကြီး ယုတ္တိရှိလာပြီ..
ဝတ္ထုတိုတစ်ပုဒ် ဒါမှမဟုတ် အက်ဆေးတစ်ပုဒ် တည်ဆောက်တော့မယ်ဆိုရင် အတတ်နိုင်ဆုံး ရိုးရိုးရှင်းရှင်းနဲ့ ကိုယ်လိုချင်တာကို စကားလုံးကျွမ်းကျင်တဲ့ သူတွေက စကားလုံး ကျွမ်းကျင်မှုနဲ့ သူလိုရာကို ဆွဲခေါ်သွားတယ်။စကားလုံး မကြွယ်တဲ့သူတွေကျတော့ ဇာတ်အိမ်ကို ရသကောင်းကောင်းနဲ့ တည့်တည့်ချပြပြီး ဆွဲခေါ်တယ်။အဲ့ဒီနှစ်ခုထဲက ကိုယ်ဘာနဲ့ လိုက်ဖက်သလဲ ရွေးပြီး နောက်တစ်ခါ သေချာ ရွေးပြီး ကစ်ကြည့်..
ဒိထက်ပိုကောင်း လာလိမ့်အုံမယ်..:)
......................................
မျက်ဝန်းဝိုင်းဝိုင်းလေးတစ်စုံဟာအမှတ်တမဲ့ ကျွန်တော့်ဆီကို ပျံလွင့်လာတဲ့အချိန်မှာတော့ကျွန်တော် လေထဲကို သုံးလေးငါးပတ်လောက်ချာချာလည်သွားသလို ခံစားလိုက်ရတယ်။
>>>>>>>>
((အဲ့နေရာလေးမှာ ကျွန်တော်ဆိုတဲ့ လူခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ကိုယ်စားပြုတဲ့ စကားလုံးထက် ကျွန်တော့စိတ်အစဉ်တွေ (သို့) ကျွန်တော့အာရုံတွေ (သို့) ကျွန်တော့ နှလုံးခုံသံတွေ ဆိုရင် ပိုကောင်းတယ်..ပိုပြီး နူးညံ့သလို ဖွဲ့နွဲ့အားလည်း ပိုကောင်းသွားမယ်။ ဘာလို့လည်းဆိုတော့ အပေါ်က အစပျိုးခဲ့တဲ့အပိုဒ်တွေက နူးညံ့နေတော့ ကာရံမမိဘူး ဖြစ်နေတယ်လို့ ခံစားရတယ်)))

........................................

လေတစ်ချက်အဝှေ့မှာ လူးလွန့်သွားတဲ့ ချစ်သူ ဂါဝန်လေး တစ်ချက် လှုပ်ခတ်သွားတိုင်း အဲ့ဒီလေကလေးတွေကို ကျွန်တော် တရှိုက်မက်မက် ရှူသွင်းလိုက်မိသေးတယ်။
>>>>>>>>>>>>>>>
ချစ်သူဂါဝန်က ထွက်လာတဲ့လေ ဆိုတာကတော့ တော်တော်ရှားပါးတဲ့ အသုံးအနှုန်းပဲကွ..:D
အဲ့ဒီနေရာလည်း တစ်ခုခုလေးနဲ့ အစားထိုးသင့်တယ်ထင်တယ်..:)

ဘာပဲဖြစ်ဖြစ် ကျွန်တော့ပလမ်ထက်စာရင်တော့ တော်တော် ဖတ်လို့ အဆင်ပြေလာတယ်..

go on bro..:)


ကျေးဇူးအရမ်းတင်ပါတယ် ကိုရင်ရေ့
ကျွန်တော့်အတွက်အဲ့လိုအကြံပေးလေးရှိချင်နေခဲ့တာပါ။ကျွန်တော်လဲကိုရင်
ပြောမှ တကယ်ကိုလိုအပ်နေတာလေးတွေတွေ့လိုက်ရတယ်။နောက်ကိုလဲ
ကျွန်တော့်စာလေးတွေကောင်း မွန်သွားအောင် အခုလိုလေးထောက်ပြပေး
ပါအုံးနော့် အချိန်အကုန်ခံပြီးစေတနာထားပေးတဲ့အတွက်ကိုရင် ကိုအရမ်း
အရမ်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ့ကျွန်တော့်ကို ညီလေး
တစ်ယောက်လိုသဘောထားပေးစေချင်ပါတယ်။လိုအပ်တာရှိရင်လဲ ပြုပြင်ပေးသလို ဆုံးမပေးပါနော့် ခင်တဲ့

ညီတော်မောင်
ဇာနည်


မောင်ငယ်ရေ...ရေးတတ်သူတွေရေး အကြံပေးတတ်တဲ့ကိုရင်က အကြံပေး မကြီးတို့တော့ ဖတ်တတ်သူမို့ ဖတ်သွားတယ်။
အားပေးနေမယ်။ ချစ်သူဂါဝန်လေးတော့ သေချာပါတယ်နော်။ တော်ကြာ
သူ့အမေ ထဘီနဲ့ မွှားနေမှာချိုးလို့....အဟီး



ခင်မင်တဲ့
မကြီးလွမ်း

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.