4

ကျွန်တော်နှင့် ကျွန်တော်၏ သော့များ

Posted by ဖြိုးဇာနည် on Monday, May 07, 2012 in
လူတိုင်းမှာ တစ်ခုမဟုတ်တစ်ခုထူးခြားမူတွေရှိတတ်ကြပါတယ်။ တချို့လူတွေမှာတော့ သတိမထားမိခဲ့တာမျိုး

တွေရှိခဲ့ကြလို့ ကိုယ့်ထူးခြားမူကို ကိုယ်မသိလိုက်ကောင်းမသိလိုက်တာပဲဖြစ်ပါလိမ့်မယ်။သေချာတွေးကြည့်

ရင်ကိုယ့်ထူးခြားမူ (စိတ်စွမ်းအင်တစ်ခု) ကို ကိုယ်ကိုတိုင်ပြန်တွေ့ရပါလိမ့်မယ်။ကျွန်တော့်မှာတော့ ထူးခြားမူ

တစ်ခုရှိတယ်။နောက်ဆန်းပြားမူတစ်ခုလဲကြုံ ခဲ့ဖူးတယ်။အဲ့တာကတော့ ကျွန်တော်ငယ်ငယ်ကပေါ့ မှတ်မှတ်

ရရ ကျွန်တော် ၁ တန်းနှစ်မှာ ကျွန်တော့် အဖေဖက်ကအဖွားဆုံးပါးခဲ့တယ်။ဆေးရုံကနေလက်လျှော့ပြီး အိမ်

ကိုပြန်ခေါ်လာခဲ့ကြတယ်ဆိုပါတော့ ကျွန်တော်ကတော့ဘယ်သိပါ့မလဲငယ်သေးတာကိုး ဆော့မယ်စားမယ်

ဒါပါပဲ အဖွားအခြေအနေမကောင်းတာလဲမသိတတ်သေးဘူးလေ ဆုံးခါနီးမှာတော့ အကုန်လုံး အဖွားနားမှာ

ဝိုင်းအုံနေတဲ့အချိန် ကျွန်တော်ကတော့ အိမ်ရှေ့က သစ်ပင်လေးတွေ ကြားမှာဆော့ကစားနေခဲ့တယ် အဲ့အချိန်

မှာ ကျွန်တော့်နောက်ကနေအဖွားကလာပြောသွားတယ် သားငယ်ဖွားဖွားသွားတော့မယ်နော် တဲ့။အဲ့အချိန်မှာပဲ

အိမ်ပေါ်မှာငိုသံတွေကြားလိုက်ရတယ်။ကျွန်တော်နောက်လှည့်ကြည့်တော့ ဘယ်သူမှမရှိပါဘူး။   အဲ့တာပါပဲ

ကျွန်တော့်ရဲ့ ဆန်းပြားမူတစ်ခုပေါ့ ငယ်သေးတော့ သေသွားတယ်ဆိုတာလဲမသိပါဘူး ကျွန်တော့်အဖွား ကျွန်

တော့်ကို လာစနေတယ်ထင်ပြီးကျွန်တော်သစ်ပင်တွေကြားထဲကနေလိုက်ရှာနေခဲ့မိတယ်လေ။နောက်မှသိရတာ

ကတော့ ကျွန်တော့်အဖွားဆုံးသွားပြီဆိုတာပါပဲ။အဲ့တုန်းကတော့ကလေးအတွေးနဲ့ပေါ့ နေမကောင်းလို့ အိပ်ယာ

ထဲလဲနေတဲ့ ကျွန်တော်အဖွား နေကောင်းသွားလို့ ကျွန်တော့်ကို လာစနေတယ်လို့ထင်နေခဲ့မိတာလေ။



ပြောရင်းနဲ့အဖွားကိုလွမ်းတယ် ရုပ်တောင်ကောင်းကောင်းမမှတ်မိတော့ပါဘူး။ဒါပေမဲ့အဲ့တုန်းကအဖွား နှုတ်

ဆက်သွားတဲ့ လေသံလေးကို ကျွန်တော့်နားထဲမှာ အခုထိကြားယောင်နေဆဲပါပဲ။သားငယ်လို့ကျွန်တော့်အဖွား

က ကျွန်တော့်ကို ချစ်စနိုးနဲ့ခေါ်နေကျပါ။ကလေးဘဝအမှတ်တရထဲမှာတစ်ခုပဲပေါ့ ကြောက်ရကောင်းမှန်းမသိ

ဘူးလေ အခုအချိန်မှသာ အဲ့လိုမျိုး ကြုံရမယ်ဆိုရင်တော့ ဟီးးးးးးးးးးးးးးသြကာသ ကိုရွတ်လိုပြီးနိုင်တော့မယ်

မထင်ဘူးးးးးးးးးးးးးး



အဲ့တာပါပဲဗျာ ကျွန်တော့်ဘဝမှာမှတ်မှတ်ရရ ဆန်းပြားမူတစ်ခုပေါ့နောက်ကျွန်တော့်

ရဲ့ ထူးခြားမူတစ်ခုအကြောင်းလဲပြောပြချင်ပါသေးတယ်။ဒါကတော့အခု လတ်တလောလေးတင်ကို ကြုံတွေ့

နေရဆဲပါပဲ။ ကျွန်တော့်စိတ်စွမ်းအင်ပဲပြောရမလား ကျွန်တော့်ထူးခြားမူတစ်ခုပဲလားဆိုတာတော့ ကျွန်တော်

ကိုယ်တိုင်တောင်အဖြေရှာလို့မရသေးပါဘူး။



ကျွန်တော်ဟာသော့ တွေနဲ့ ထိတွေ့မူမှာအတော်လေးဆန်းကျယ်နေခဲ့တယ်။ကျွန်တော့်ဘဝအတွက် အကောင်း

တော့မဟုတ်ပါဘူး အဆိုးတွေနဲ့ပက်သက်ပြီးတော့  သော့  တွေနဲ့ဆက်နွယ်နေတတ်တဲ့ ကျွန်တော့်ရဲ့ထူးခြားမူ

လေးတွေပါ။နှစ်ခါတိတိကြုံ ရပြီးပါပြီ။ ပထမတစ်ခါကတော့



ကျွန်တော်ဟာ လွန်ခဲ့တဲ့ ၃ နှစ်က ကျင်ဟုန်ဆိုတဲ့ တရုတ်ပြည်အစွှန်ကမြို့လေးတစ်မြို့ မှာနေခဲ့ပါသေးတယ်။အဲ့

ဒီမှာ ကျွန်တော်ဟာ အခန်းတစ်ခန်းငှားပြီးနေခဲ့ပါတယ်။အခန်းကအကျယ်ကြီးပါ      နောက်ဖေးမှာမီးဖိုချောင်ပါ

တယ် အလယ်ကတော့အိပ်ခန်းတစ်ခုပေါ့ အရှေ့ဆုံးကတော့ဧည့်ခန်းလို့လဲပြောလို့ရသလို ဆိုင်ခန်းလို့လဲပြောလို့

ရပါတယ်။ကျွန်တော့်အနေနဲ့ကတော့ဆိုင်ခန်းပေါ့ ကောင်တာလေးထဲမှာ တစ်ပိုင်တစ်နိုင် ကျောက်ကလေးတွေ

ခဲ (ကျောက်စိမ်းအရိုင်းတုန်း) ကလေးတွေ   ရွှေထည်ဆင်ထားတဲ့ ကျောက်ကလေးတွေ နဲ့ ကျောက်စိမ်းပန်းပု

လေးတွေကို အရောင်းအဝယ် စလုပ်ခဲ့ချိန်ပါ။   အဲ့ဒီမှာ ကျွန်တော်နဲ့ ပေါင်းတဲ့ မြန်မာ သူငယ်ချင်း ၃ ယောက်ရှိ

သေးတယ်။ကျွန်တော်တို့ အရမ်းကိုတွဲဖြစ်ကြပါတယ်။တစ်ယောက်ဘာလုပ်ရင်နောက်တစ်ယောက်ကလဲ ပါပြီး

သားဆိုတာမျိုးပေါ့။



တစ်ရက်မှာ  အဲ့ဒီ ၃ ကောင် ထဲက ဘယ်သူ့မွေးနေ့လဲ   မမှတ်မိတော့ပါဘူး   အဲ့ဒီတစ်ကောင်ရဲ့   မွေးနေမှာ 

အပြင်မှာသွားမကဲကြပဲ ကျွန်တော့်အခန်းလေးထဲမှာပဲ ၄ယောက်ပေါင်းလောင်းကျော် ပါတီ လုပ်ဖြစ်ခဲ့တယ်။

ပါတီဆိုတော့ ကာ သောက်မယ် စားမယ် ကဲမယ် ပေါ့ အသားကုန်ကဲကြတယ်။နောက်တော့ အားလုံးလဲ ထွေ

တေတေ လေးဖြစ်လာကြတဲ့အချိန်ပေါ့ အများကြီးပိုဝယ်ထားတဲ့ သောက်စရာတွေကလဲ ကုန်သွားပြီလေ ဒီလို

ကဲကောင်းနေတုန်း ကုန်တယ်ဆိုတော့ အရှိန်ကမသေ ကြသေးဘူး ဒါနဲ့ ဆိုင်ကယ်ပတ်စီးရင်း  အလင်းပေါက်

ဆိုင်တန်းဖက် ထပ်သွားကစ်ရအောင်တဲ့ စကားစလာတော့တယ် အားလုံးကလဲ သိပ်မကြိုက်ရှာကြဘူး ready

ပဲဆိုမျိုးပေါ့။ တိုင်ပင်ပြီးတဲ့နောက် ကျွန်တော်တို့ အားလုံးလစ်ဖို့အတွက် အပြင်ထွက်ကြတော့တာပေါ့ အဲ့ဒီမှာ

ကျွန်တော်က ဆိုင်တံခါးမကြီး လိပ်တံခါးကိုသေချာပိတ် ပြီးတော့ဘေးက လူဝင်ပေါက် တံခါးကိုကျတော့ သော့

ခလောက်နဲ့ ခတ်နေကျအတိုင်းခတ်တော့တာပေါ့။ ဖြစ်ချင်တော့ အဲ့ဒီ သော့ခလောက်က ဘယ်လိုမှဖွင့် လို့မရ

ဘူး။ ဟုတ်တယ်လေ ပတ်တ္တာမှာ ချိတ်ပြီးခတ်ထားတဲ့သော့ကိုအရင်ဖွင့်ပြီးမှ ပြန်ခတ်လို့ရမှာကိုးးးးးးးးးးးးးးးးး



အတော်လေးကိုကြာပါတယ့့်ဘယ်လိုမှဖွင့်လို့ မရဘူး ဟိုကောင်တွေကလဲစိတ်မရှည်တော့ဘူး ဒီသော့က

ဘာလို့မရတာလဲပေါ့ မရရင်လဲ ဒီအတိုင်းလော့ချပြီးဆွဲပိတ်လိုက်တော့တဲ့ မြှောက်ပေးကြတယ်။ ကျွန်တော်

လက်မခံပါဘူး ဟုတ်တယ်လေ ဒီအတိုင်းလော့ချပြီးခတ်ရုံနဲ့တင် ကျွန်တော်ဘယ်စိတ်ချနိုင်ပါ့မလဲ ကျွန်တော့်

မှာ မရှိမဲ့ရှိမဲ့လေးနဲ့ ဒီဆိုင်ကလေးကိုထူထောင်ထားရတာ ဘယ်စိတ်ချပါ့မလဲ ပြီးတော့ အဲ့ဒီအချိန်မှာ  ကျွန်

တော့စိတ်ထဲမှာ သော့ကို မရ ရအောင် ခတ်ချင်စိတ်ပဲရှိတယ်။နောက်ဆုံးဘယ်လိုမှဖွင့်လို့မရတော့ ကျွန်တော်

လက်လျှော့လိုက်ပါတယ်။စိတ်မချတချနဲ့ ဒီအတိုင်းလေးဆွဲပိတ်ပြီး စီးတော်ယာဉ် ဆိုင်ကယ်ကိုခွပြီး စက်နှိုးမယ်

လုပ်မှ သိလိုက်ရတော့တယ် မူးနေတာလဲပါမယ်ထင်ပါတယ် ကျွန်တော်သော့မှားပြီး ဆိုင်ကသော့ခလောက်ကို

ဖွင့်နေခဲ့တာညကိုးးးးးးးမှားဆိုလဲ တူနေတာဗျ ကျွန်တော့်သူငယ်ချင်းသော့ ကိုကျွန်တော့်သော့အထင်နဲ့ စားပွဲ

ပေါ်က ကောက်ယူပြီးကျွန်တော့်သော့ကို ဖွင့်ခဲ့တာလေ။အဲ့ကျမှ   ဟာသတွေဖြစ်ပြီး   ဝိုင်းရယ်နေခဲ့ကြတယ်

အရမ်းကိုပျော်စရာကောင်းတဲ့ Birthday ပါတီလေး ပါပဲ။



ကျွန်တော်တို့သယ်ရင်းနှစ်ယောက် သော့ပြန်လဲပြီး ကျွန်တော့်အိမ်လေးကို သော့ခတ်နိုင်ခဲ့ကြတယ်။သော့လဲ

ခတ်ပြီးပြီဆိုတော့ စိတ်ချလက်ချကဲဖို့ ထွက်ခဲ့ကြတော့တယ်လေ။နောက်တော့ ဆိုင်ကယ်ပတ်စီးကြတယ် ။

အရမ်းပျော်နေကြတော့ သီချင်းတွေအော်ဆိုပြီးကဲကြတာပေါ့ဗျာ ဆိုင်ကယ်ကလဲနှစ်စီး ဆိုတော့ ပြိုင်မောင်း

ကြတယ်။တစ်နေရာရောက်တော့ ကိယ့်ထက်ဆိုးတဲ့ လူတွေနဲ့ တွေ့ရတော့တယ် ဆိုင်ကယ်စီးပြီး အရမ်း

မူးနေတဲ့ လူနှစ်ယောက် ကိုတွေ့ရတာပါ။ အရှေ့ကလူက ယိင်းထိုးနေအောင်မောင်းနေတဲ့အချိန်မှာအနောက်

ကလူက ဆိုင်ကယ်ပေါ်ကပြုတ်ကျသွားပြီး ခေါင်းပေါက်သွားတယ်။ ကျွန်တော်တို့ လေးယောက် အဲ့တာကို

တွေ့တော့ မထိန်းနိုင်ပဲ ဝိုင်းရယ်မိကြတယ်။ဟုတ်တယ်လေ ည၁၂နာရီခွဲ မြန်မာချိန် ၁၁နာရီ ကြီးမှာဆိုတော့

လမ်းပေါ်မှလဲ လူရှင်းနေတယ်လေ တစ်လမ်းလုံးကျွန်တော်တို့အသံတွေပဲပေါ့။ ကျွန်တော်တို့ ထဲကတစ်ကောင်

က အဲ့ဒီနှစ်ယောက်နားကို ကပ်မောင်းလိုက်ပြီး ပြောင်စပ်စပ်နဲ့ (ကူညီချင်တာလဲ ပါ ပါတယ်) သွားမေးလိုက်

တယ်။ Are you okie တဲ့ အဲ့လိုမေးလိုက်တာကို ဟိုဖက်က ငမူးတွေက ဘာအထာပေါက်တယ်မသိဘူး လှမ်း

ဆဲတယ်။ ကျွန်တော့်ဘော်ဒါကလဲ ကူညီဖို့မေးတာပါ ဆိုပြီးသွားရှင်းပြတယ် ဟိုကောင်တွေက လက်မခံဘူး

ဒီတော့ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်တော့တယ်။



အဲ့အချိန်မှာ ကားတစ်စီး ကျွန်တော်တို့ဘေးနားလာရပ်တယ်။ပြီးတော့ လူတစ်ယောက်ဆင်းလာပြီး သေနတ်နဲ့

လာချိန်တယ် ဟဟ အကုန်လုံးက မူးနေတဲ့ကောင်တွေ ပေမဲ့သတိတော့အရှိသားဗျ တန်းပြေးကြတာပေါ့ ဟီးးး

သေနတ်ဆိုတာသေတတ်တယ်လေ ဟိုကားပေါ်ကကောင်က ဆေးကြောင်နေလားမှမသိတာ လစ်တာပေါ့ဗျာ

အဲ့ဒီမှာ ဟို ငမူးနှစ်ယောက်ထဲကတစ်ကောင်က သေနတ်နဲ့ကောင်ကို လက်သီးနဲ့ ပြေးထိုးလိုက်ပြီးမှ ပြေးလိုက်

သေးတာ ဟဟ မူးနေပေမဲ့ အဲ့အကောင်က သွက်ချက်ဗျာ။



ကျွန်တော်တို့သယ်ရင်းတွေ လဲ လစ်တာတန်းနေတာပဲ နောက်တော့ဈေးထဲရောက်သွားတယ် ပြီးတော့ဆက်

သောက်ကြလေသတည်းပေါ့ဗျာ့ခဏနေတော့ သောက်နေရင်း ရဲတွေရောက်လာတယ် ကျွန်တော်တို့လေး

ယောက် ရဲစခန်းရောက်သွားတယ် ဟီးးးး ရဲကိုလက်သီးနဲ့ထိုးလို့တဲ့လေ ကျွန်တော်တို့ မဟုတ်ဖူးဆိုတာ အတော်

လေးရှင်းလိုက်ရတယ် နောက်မှ ဟိုငမူးနှစ်ကောင်ကို ဘယ်ကမိလာတယ်မသိပါဘူးဗျာ သူတို့ကို မိမှ ကျွန်တော်

တို့ ကိုလဲ ရန်ဖြစ်တာမဟုတ်ဖူးဆိုတာ သိပြီးပြန်လွှတ်ပေးလိုက်တယ်။    ရဲစခန်းမှာ ၁ နာရီကျော်ကျော် ကြာခဲ့

တယ် ဟီးးးးးး တကယ့်အမှတ်တရပါပဲဗျာ့ရဲကိုမှ လက်သီးနဲ့သွားထိုးတဲ့ဟိုနှစ်ကောင်ကတော့

နာပြီသာမှတ်တော့ဗျာ့ဟုတ်တော့လဲဟုတ်ပါတယ် အရပ်ဝတ်နဲ့ လေဗျာ ပြီးတော့ သေနတ်နဲ့လာချိန်တာ

ဆိုတော့ ဟိုကောင်တွေလဲအပြစ်ပြောလို့မရပါဘူး။အဲ့တာပါပဲဗျာ သော့နဲ့ပက်သက်ပြီး ကျွန်တော်ကြုံတွေ့ရတဲ့

ထူးခြားဖြစ်စဉ်တစ်ခုပါပဲ့



နောက်တစ်ခုကတော့ မကြာသေးပါဘူ့း့အခုကျွန်တော်ရောက်နေတာကတော့ ယူနန် ပြည်နယ်လေးထဲက

ခွင်းမင်ဆိုတဲ့မြို့လေးပေါ့ဗျာ့အခုအချိန်မှာတော့ ကျွန်တော်ဟာတော်တော်လေးရင့်ကျက်နေပါပြီ။အရင်ကလို

မသောက်တတ်တော့သလို လိမ်လဲလိမ္မာနေပါပြီ။လွန်ခဲ့တဲ့ တစ်လကျော်က ကျွန်တော့်သူငယ်ချင်းတွေ လားရှိုး

ကငယ်ပေါင်းတွေ ကျွန်တော့်ဆီကိုလာလည်ကြတယ်။ကျွန်တော်မောင်ဇာနည်တို့ ပျော်ကြလေသတည်းပေါ့ဗျာ။

ဘော်ဒါတွေဆုံတော့ သောက်ဖြစ်တယ် စုစုပေါင်း ၃ယောက်ထဲပါ။ဟီးးးကဲကြတယ် ပျော်ကြတယ် ကကြတယ်

ပေါ့ဗျာ့ကလပ်တတ်တယ်လေ့အဟတ်ဟတ် အဲ့ညက အတော်မိုးချုပ်သွားတယ် အပြန်မှာ တော့အရမ်း

မိုးချုပ်သွားလို့ ကျွန်တော့်အိမ်ကိုပြန်ဝင်ဖို့အခက်အခဲရှိသွားတယ်လေ အကြောင်းကတော့ ကျွန်တော်နေတာ

ကျောက်ဝိုင်းထဲမှာပါ။ဒီတော့ ည၁၁နာရီကျော်ရင်ကျောက်ဝိုင်းပတ်ပတ်လည်ကို  တံခါးမကြီးတွေနဲ့ ပိတ်လိုက်

ပါတယ်။လူဝင်ပေါက်ကလေးတော့ထားပေးပါတယ် ကိုယ့်သော့နဲ့ကိုယ် ဖွင့်ဝင်ရတာမျိုးပါ။ဒါပေမဲ့ လူဝင်လို့

ရတ့အြတွက်အိမ်ပြန်အိပ်နိုင်ရင်တောင်မှ ကားကဝင်လို့မရတော့တဲ့ အတွက် အခက်ကြုံရပြန်တယ်။ဟုတ်တယ်

လေ ဥစ္စာရူး ကျွန်တော်ဟာ ဒီကားကို ဘယ်လို စိတ်ချလက်ချနဲ့ လမ်းမှာရပ်ထားခဲ့နိုင်မတုန်း။  ဒီတော့ တမျိုး

ကြံရပြန်တယ်      ကျောက်ဝိုင်းအပြင်ဖက်မှာ ကျွန်တော့်ကုန်သည်တွေ လာရင် တည်းခိုဖို့ အဆင်ပြေအောင်

ကျွန်တော်ငှားထားတဲ့အခန်းတစ်ခုရှိတယ်လေ အားလုံးအဲ့မှာပဲ သွားအိပ်ကြရအောင်ဆိုပြီး ကျွန်တော့်အိမ်ကို

သော့ပြန်ယူ ပြီး ခနကပြောတဲ့အိမ်လေးကို တပျော်တပါးချီတတ်ကြတော့တယ်။



ဟိုလဲရောက်ရော ကျွန်တော်တို့တတွေ ကျိုးချင်နေကြပြီလေ ဒါကြောင့် ဝင်းတံခါးကို အမြန်ဖွင့်ကြတယ်။Oop!

ခက်တော့တာပဲဗျာ ဘယ်လိုမှ ဖွင့်လို့မရဘူး တံခါးကလဲ ဒီသော့တစ်ချောင်းပဲ ရှိတာပါ ပြီးတော့ အမြဲတမ်းဖွင့်

နေကျ ပါပဲ့ဘယ်လိုမှကို မမှားတာပါ သော့ကနှစ်ချောင်းပဲရှိတာရယ် ဝင်းတံခါးသော့ကတစ်ချောင်း အခန်း

သော့ကတစ်ချောင်းလေ မှားဖွင့်မှာဆိုးလို့ကို ဝင်တံခါးသော့မှာ စတစ်ကာလေးတောင်ကပ်ထားပြီး မှတ်ထား

တဲ့သော့လေးရယ်ပါ့ကျွန်တော်ဖွင့်တယ် မရဘူး နောက်တစ်ကောင်လာဖွင့်တယ် မရဘူး သော့လေးနှစ်

ချောင်းရယ်ပါ ဘာလို့ဖွင့်မရသလဲ စဉ်းစားလို့ကိုမရဘူး ဒီအချိန်မှာနောက်တစ်ကောင်က သော့သေချာတယ်

မလား သူရအောင်ဖွင့်ပြမယ်ဆိုပြီး ဆရာလုပ်ပြီးဖွင့်တယ် မရပါဘူး နောက်ဆုံးတော့ ကျွန်တော်အကြံရသွား

တယ် ဒီတိုက်ရဲ့ ဒုတိယထပ်မှာ ဦးလေးဦးချစ်ကြိုင်တို့ လင်မယားရှိတာကိုသတိရသွားလို့လေ သူတို့ကို ဖုန်း

ဆက်ပြီးအထဲကနေဝင်းတံခါးဖွင့်ပေးဖို့အကူအညီတောင်းရမယ် ပေါ့ ဟဟ ဘာရမလဲ ဇာနည်ပဲဟာ :P။



သူတို့ကို ဖုန်းဆက် ပြီးအကူအညီတောင်းလိုက်တယ် ဟိုကောင်ကတော့ တံခါးပွင့်ဖို့ကြိုးစားဆဲပါပဲ။ အဲ့အချိန်

မှာ လှည့်ကင်း ရဲကားရောက်လာတယ့်ဟိုက်သေရောပေါ့ ကျွန်တော့်ဧည့်သည်တွေလေ သူတို့ လုံခြုံဖို့ ကျွန်

တော့်မှာတာဝန်ရှိတယ်လေ့   ကံဆိုးခြင်းပါပဲ ဟို၂ ကောင်မှာတစ်ကောင်က  ပတ်စပို့ မပါလာဝူး ကျွန်တော့်

အခန်းမှာကျန်ခဲ့လေသတည်းတဲ့ဗျာ့ ကံများဗျာ ရဲလဲအရောက် ဦးချစ်ကြိုင်ကလဲ တံခါးလာအဖွင့် (တံခါးလဲ

အပွင့်) ရဲကားလဲအရောက် ပေါ့ဂျာ့ ဟိုတစ်ကောင်ရဲစခန်းပါသွားတယ့့်ဖြစ်ပုံများ ပြောမပြောချင်

ပေါင့့်ကျွန်တော့်မှာ ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ အတော်ဒုက္ခရောက်သွားတယ်။မျက်နှာငယ်လေးနဲ့ ဘော်ဒါ

ကြီးအတွက်လဲ စိတ်မကောင်းဘူးးးးးးးးးး ဟိုကောင်ရဲစခန်းကပြန်လာတော့ မနက် ၃နာရီမတ်တင်းနေပြီ့

သူခိုးထင်လို့တဲ့ဗျာ့အော့်နာတို့တတွေ သော့အချက်မသိတော့ သူခိုးအထင်ခံရလေခြင်းပါပဲလို့

တွေးမိပြီးရယ်ရပြန်တယ်။အခုအချိန်ပြန်ပြောရင်တော့ ဟာသ တစ်ပုဒ်လိုပါပဲ ဗျာ့

ရဲစခန်းကပြန်လာပြီး အဲ့အခန်းမှာပဲ ပြန်ဝင်ပြီးခွေကြရတော့တယ့် ငနဲသား သော့ကတော့ လေတကယ်ပဲ

အဲ့အချိန်ကျတော့ တံခါးဖွင့်တာ ဂွတ် ခနဲ့ပဲ့ တကယ်ပါဗျာ့ကျွန်တော့်ဘဝမှာ ထူးထူးခြားခြား လေးဖြစ်

တတ်တာကတော့ သော့ကလေးတွေ နဲ့ပက်သက်နေတာပါပဲ ။အဲ့လို သော့ပြဿနာကြုံတိုင်းလဲ အကောင်းတ

ခါမှ မကြုံဖူးသေးဘူး ၂ ခါလုံး ရဲစခန်း ရောက်ရတယ်။ ဒါကြောင့် ကျွန်တော့် ဘဝမှာ သော့ဖွင့်ရင် အရမ်းသတိ

ထားတတ်နေတော့တာ့ သော့တွေကိုတော့ မမုန်းပါဘူ့း့ ကျွန်တော်သော့တွေကိုချစ်ပါတယ်ဗျာ

ဘဝမှာအမှတ်တရလေးတွေပါပဲ့



ဖြိုးဇာနည့့်ည့၁၂နာရီ ၃၀ တိတိ


4 Comments


ဟီး ဟီး.. ဖတ်ရင်းရယ် .. ရယ်ရင်းဖတ်သွားတယ်း)
ပျော်စရာကြီး ရဲစခန်းရောက်ဖူးတာနှစ်ခေါက်တောင်ရှိပြီတော့းP


အမူးသမား အမှားတစ်ထောင် :D


ဟဟ သော့ဇာတ်လမ်းလေး လာဟားသွားတယ်.. အဲ.. စိတ်မကောင်းဘူးနော်. ရဲစခန်းရောက်ရလို့လေ ဟိဟိဟိ

ငါ့ဘ၀အတွက် ထူးခြားမှုဆိုရင်တော့...
ငါအမှတ်တရရှိတဲ့ အလေးအနက်ရှိတဲ့ လူအများစုရဲ့ နာမည်မှာ ဖြိုး ပါနေတယ်။ အဲ့ဒါအရမ်းထူးဆန်းတယ် :D


သော့အကျိုးပေးသူပေါ့ ဟုတ်လား.....ဖြစ်မှဖြစ်တတ်ပါပေ့ဗျာ....အမှတ်တရလေတွေပေါ့......သိပ်တော့ မူးနဲ့တော့နော်...သော့တွေ ဖွင့်မရဘဲနေဦးမယ်....ဟဲဟဲ

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.