ခံစားရတယ် ဝမ်းနည်းရတယ် ကြေကွဲရတယ် ပျော်ရွှင်ရတယ် ကျေနပ်ရတယ်
ပီတိဖြစ်ရတယ် ပြုံးရတယ်
ရယ်ရတယ် ငိုရတယ် စိတ်တိုရတယ် ဒေါသထွက်ရတယ် သဝန်တိုရတယ်
စိတ်တတ်ကြွရတယ် စိတ်ဆိုး
ရတယ် စိတ်ကောက်ရတယ်
စိတ်နာရတယ် စိတ်ပျက်ရတယ် စိတ်ဆင်းရဲရတယ် စိတ်ဓါတ်ကျရတယ်
စိတ်ညစ်ရတယ် စိတ်လေးရတယ်
အဲ့လိုတွေ အားလုံးဟာ ချစ်သူတစ်ယောက်ကပေးစွမ်းလာတဲ့ ခံစားမူ
တွေပါပဲ ချစ်မိသူတိုင်း ချစ်ဖူးသူတိုင်း ချစ်နေသူတိုင်း
ကြုံနေရစမြဲပါ ဒါပေမဲ့ ကျွန်တော်အထက်ပါအချက်
တွေထဲမှာ တစ်ချက်ကို ချန်လှပ်ထားခဲ့တယ်။ များသောအားဖြင့်ချစ်သူတွေကြားမှာ
အဲ့ဒီစကားလေးဟာ
ကျန်လစ်နေတတ်စမြဲပါပဲ အဲ့တာကတော့ စိတ်ကုန်တာပါပဲ။
ယုံကြည်မူဟာ အချစ်ရဲ့ အရေးအပါဆုံးအစိတ်အပိုင်းပါ ဒါကိုကျွန်တော်မရခဲ့ဘူး။
ဝမ်းနည်းတာပဲအဖက်တင်
တယ်လေ့နောက်ဆုံးတော့ ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်
ကျွန်တော်ချက်တင် ရယ် ဖုန်း
ပြောတာရယ်ကို ၃ ရက်တိတိ အနားယူလိုက်လိုက်တော့မယ်။ စိတ်မကောင်းတာရယ်
ဝမ်းနည်းတာရယ် အဆိုး
ဝါးဆုံးခံစားနေရတယ်။ ၃ရက်ဆိုရင် အတော်လေးနလန်ထူလာနိုင်လောက်ပြီလို့ကျွန်တော်ထင်မိတာကြောင့်ပါ။
ကျွန်တော်ဟာ ပေးသလောက်ပြန်မရရင် ရသလာက်ပဲပြန်ပေးမဲ့သူ
မဟုတ်ပါဘူ့း့
ဒါပေမဲ့ မှန်လိုကျင့်ပါတယ်။ သူပြုံးရင် ကိုယ်ပြုံးမယ် သူမဲ့ရင်
ကိုယ်မဲ့ မယ် အဲ့လိုကျင့်တာမျိုးလဲမဟုတ်ပါဘူ့း့
အရာရာကို သူ့စိတ်တိုင်းကျလိုက်လုပ်ပေးနိုင်အောင်ကျင့်နေခဲ့တာပါ။
သူ့ကိုအလှဆုံးဖြစ်သွားအောင် ဘေးကနေ
ကူညီပေးရုံသက်သက်ပါ။ဘာမဟုတ်တဲ့အသေးအမွှားကလေးကိုတောင် မယုံမကြည်ဖြစ်နေတယ်။ဘာတွေလျှို့
ဝှက်ထားတာလဲ???? နံပတ်ကလေးတစ်ခုကိုတောင် သူမပေးခဲ့ပါဘူး
???? လှလှပပလေး ရှောင်လွဲသွားခဲ့တယ်
ကျွန်တော်တောင်းလိုက်တိုင်းပေါ့။ ကျွန်တော်ကတော့ရှင်းတယ်
သူလျှို့ဝှက်ချက်တွေရှိတာလဲသိတယ် ဒါပေမဲ့
သူ့မျက်နှာလေး မဲ့သွားမှာကိုမလိုလားလို့ မသိချင်ယောင်ဆောင်ပေးတယ်။ ကျွန်တော့်ဖက်က အရာရာလိုက်
လျှော နိုင်သလောက် သူ့ဖက်မှာ အရမ်းခဲယင်းနေတတ်တယ်။ နင်လိမ်လဲငါချစ်တယ်
နင်ညာလဲငါချစ်တယ်။
ဒါပေမဲ့ နင်ငါ့ကို မယုံတာတော့ ငါဝမ်းနည်းတယ်။ နင်ငါ့မျက်နှာကိုကြည့်ပြီး
လိမ်နေတာကို ငါဝမ်းနည်းတယ်။
ငါ့ကို မယုံတာကို ငါယူကြုံးမရဖြစ်ရတယ်။ဒါပေမဲ့ နင်သိထားပါ
ငါနင့်ကို ဘယ်တော့မှ စိတ်မကုန်ဘူးးးးးးးးးးးးး
ပေါက်ကွဲနေတာမဟုတ်ဖူးးးး ခံပြင်းနေတာ့ဒါပေမဲ့စိတ်ချ နင်ငါ့ကို တောက်!! ခေါက်တာမကြိုက်ဖူးလို့ပြော
ဖူးတာငါသိတယ့် ငါတောက်ခေါက်မှာတော့မဟုတ်ဖူး ငါအံကြိတ်ခံနေတာ့ကျန်တာကို နင်မယုံလဲငါ
ကျေနပ်တယ့်ဘာမဆို ကျေနပ်တယ် ငါ့စေတနာကို မယုံတာ ငါစိတ်မကောင်းလွန်းလို့ပါ့
နောက်ဆုံးတော့လဲ ကျွန်တော့်ဒီအိမ်လေးထဲမှာပဲ နေရတာစိတ်ချမ်းသာမယ်ထင်ပါတယ်။ကျွန်တော် ၃ရက်
လုံး ဒီ blog လေးထဲမှာပဲရှိနေမယ်။ဆက်သွယ်ချင်ရင် cbox ကနေတဆင့်သာဆက်သွယ်ပေးကြပါ။အရေး
ကြီးရင်ပေါ့ ။ :)
ဖြိုးဇာနည့်နေ့လည့့်က၁၁နာရီ ၃၀တိတိ