5

လုယူလိုက်တဲ့ အနမ်း

Posted by ဖြိုးဇာနည် on Tuesday, May 29, 2012 in



မနေ့ညက မိုးတွေရွာတယ်  ဒါကြောင့်ကျွန်တော်ဒီမနက်စောစော  ထမင်းကြော်မစားဖြစ်လိုက်ဖူး။  စောစော

ထဖို့ပျင်းတဲ့ကျွန်တော်ဟာ ညဖက်မှာမိုးရွာသံကြားလိုက်ရတဲ့ နောက်မနက်မှာတော့ ဝိရိယကောင်းနေတတ်

ပါတယ်။ဝိရိယကောင်းတယ်ဆိုပေမဲ့ နောက်ကျနေမြဲပါပဲ ဒါကြောင့်မနက်ခင်းထမင်းကြော်တောင်စားချိန်မရ

ပဲ အပြေးထွက်ခဲ့ရတာပေါ့ဗျာ။



ရပ်ကွက်ထဲမှာ မိုးရွာထားလို့တွန့်ကြေနေတဲ့ လမ်းတွေရှိတယ်။နှာစေးနေတဲ့ မြှောင်းတွေရှိတယ် ငိုကွက်တွေ

နဲ့ချိုင့်ခွက်တွေရှိလေရဲ့ ဒီတော့ကတ္တီပါ ဖိနပ်ကိုမှ မှားစီးလာတဲ့ကျွန်တော်ဟာ လမ်းကို ဖြောင့်ဖြောင့် လျှောက်

ဖို့အတွက် မဖြစ်နိုင်တော့ဘူးလေ လမ်းရဲ့ ချိုင့်တွေ ဗွက်တွေ ရေတွေကိုရှောင်ရင်း ဟိုရိမ်းလိုက် ဒီခုန်လိုက်နဲ့

၁၅မိနစ်လောက်သာလျှောက်ရမဲ့လမ်းလေးကို ကျွန်တော် နာရီဝက်နီးနီး လျှောက်ယူလိုက်ရတော့တယ်။



ဟော့ထင်တဲ့အတိုင်းပဲကျွန်တော်နောက်ကျပြန်ပြီလေ ၂ယောက်တော့ရောက်နှင့်နေပြီ။အော့် ကံလေး

တော့အကောင်းသားပဲ အဲ့ ၂ယောက်ရန်ဖြစ်နေကြတယ်။ကျွန်တော်အသဲအသန် ရသလောက်အမြန်ကောက်

လိုက်တယ်။ဟဟ များလေကောင်းလေပဲလေ ဟုတ်တယ်မလား။ကျွန်တော် ဒေး ကိုချစ်တယ်လေ။ကြော်ငြာ

ဝင်တာမဟုတ်ပါဘူး ကျွန်တော်ချစ်တဲ့ ဒေး က ခရေပန်းလေးတွေကိုချစ်တယ်လေ ဒီတော့ ကျွန်တော်ကိုယ်

တိုင် အပင်ပန်းခံကောက်ထားတဲ့ခရေပန်းကလေးတွေကို ဒေးရဲ့ လွယ်အိတ်လေးထဲကို ထည့်ပေးချင်မိတယ်။

အနမ်းနဲ့လဲလှည် ရမှာပေါ့လေ။ဒေး ပေးတဲ့အနမ်းတပွင့်က ကျွန်တော့်ရင်ကိုအေးမြစေပါတယ်။



ဟေ့ရောင် ငါအရင်ရောက်တာနော် မင်းဟိုဖက်ခြမ်းမှာကောက်နေတာပဲ ဘာလို့ဒီဖက်အခြမ်းကိုလာကောက်

ရတာလဲ။



အမ်မာ့ဒီအပင်ကမင်းအပင်မို့လို့လား ငါလဲ ကောက်ချင်တဲ့ဖက်ကောက်မှာပေါ့။



ဟေ့ရောင် အဲ့လိုမလုပ်ပါနဲ့ကွာ ဒီနေ့ငါ့ သမီးလေး ကျောင်းစတတ်ရမဲ့နေ့ကွ အဲ့တာငါ သမီးလေးကို လွယ်အိတ်

လှလှလေးဝယ်ပေးမယ်လို့ပြောထားတာ ငါဒီနေ့ပန်းများများ ရမှဖြစ်မှာကွ ဒီတရက်ပါပဲကွာ။



ဟဟဟ့ဟေ့ရောင် မင်းအဲ့လိုပြောကြေးဆို ငါ့သားလဲဒီနေ့ကျောင်းစတတ် ရမှာပဲလေ့ငါလဲပန်းများများ 

ရမှဖြစ်မှာပေါ့ ဒီနှစ်တော့သူများနည်းတူငါ့သားကို ကျူရှင်ထားပေးချင်လို့ပါကွာ တစ်ဘာသာ၂ထောင် ၃ဘာသာ

ဆိုတော့ ၆ထောင်တောင်မှ ငါဒီနေ့ပန်းများများရမှ ငါစုထားတဲ့ငွေနဲ့ ဒီနေ့ရောင်းရတဲ့ငွေပေါင်းပြီး ကျူရှင်လိုက်

အပ်ပေးနိုင်မှာမို့လို့ပါကွာ။



သူငယ်ချင်းမင်းကလဲကွှာ ကျူရှင်ကနောက်ရက်မှ အပ်လိုက်လို့ရတာပဲဟာကို  ငါ့သမီးလေး ကိုငါဒီနေ့ဝယ်ပေး

မယ်ပြောထားလို့ပါ ပြီးတော့ မင်းရဲ့သားက တစ်တန်းလေကွာ သူ့မှာလွယ်အိတ်အဟောင်းလေးတော့ရှိပြီးသား

ပါပဲ။မဟုတ်ဖူးလား ငါ့သမီးလေးကိုတော့ ငါလွယ်အိတ်အသစ်ကလေးနဲ့ကျောင်းတတ်စေချင်လို့ပါကွာ  အခုမှ

သူငယ်တန်းစတတ်မဲ့ငါ့သမီးလေး မျက်နှာထောက်ပေးပါနော် သူငယ်ချင်း။



ဟာ့မလုပ်ပါနဲ့ကွာ ငါ့သားက ကျူရှင်အရမ်းတတ်ချင်နေတာ သူ့ကိုသူ့သူငယ်ချင်းတွေလိုမျိုးကျူရှင်ထားပေးပါ

တဲ့။သူ့ကို ကျူရှင်ထားပေးရင် ဖေကြီးကို အာဘွား များကြီးပေးမယ်တဲ့ငါအရမ်းပီတိဖြစ်လွန်းလို့ပါကွာ့

ကြည့်စမ်း ငါ့သားက ငါ့ကိုဘယ်လောက်ချစ်လဲဆိုတာလေ။



အမ်မယ့် ငါ့သမီးကမှ ပိုချစ်တတ်တာကွ ဖေကြီး တဲ့ သမီးကို လွယ်အိတ်ဝယ်ပေးရင် သမီး ညတိုင်းဖေကြီး

ကိုအာဘွားပေးပြီးမှအိပ်တော့မယ်တဲ့။ကြည့်စမ်းပါအုံးကွာ အရွယ်လေးနဲ့မလိုက်ဖူး ပြောတတ်လိုက်တာ့



Oop!  ကျွန်တော်တောင်ဘာမှန်းမသိညာမှန်းမသိ သူများစကားပြောတာ ခိုးနားထောင်နေမိတယ် ကြည့်စမ်း

သူတို့ရန်ဖြစ်နေတာများလား မဟုတ်လောက်ပါဘူး ပြိုင်နေကြတာထင်ပါရဲ့။အော့် သူတို့အခုလို လုကောက်

ဖို့အတွက်ရန်ဖြစ်နေမဲ့အစား အမြန်ကောက်လိုက်ရင်တော့ ပန်းများများရကြအုံးမှာ။အခုတော့ ပန်းတွေအတော်

များများကို ကျွန်တော်ကောက်ပြီးသွားပြီလေ့ဟဟဟ သူတို့နှစ်ယောက်တော့ အလိုကြီးအရနည်းတွေဖြစ်

ကုန်ကြပြီ။ကျွန်တော်လိုချင်တာထက်တောင်ပိုအများကြီးရလိုက်တယ် အိမ်ရောက်မှအိတ်လှလှလေးထဲထည့်ပြီး

ဒေး ကိုသွားပေးလိုက်ရင်ဒေးရဲ့ ဂုဏ်ပြုအနမ်းလေးကို ကျွန်တော်ပိုင်ဆိုင်ရတော့မှာ    တွေးပြီးပျော်လိုက်တာ။

တယောက်ထဲ ပြုံးနေမိတယ် ဟဟ။ 



တွေးနေရင်းနဲ့ ဟိုလူတွေငြင်းခုန်သံကပိုပိုကျယ်လာတာကိုသတိထားမိလိုက်တယ်။



မင်းကြောင့်သွားပါပြီကွာ ငါ့သားလေးအတွက် ငါကျူရှင်ဖိုးမပြည့်နိုင်တော့ဘူး ဟိုမှာပန်းတွေက ဘာမှသိပ်

မကျန်တော့ဘူ့း့ဟာကွာာာာာ ငါ့သားလေးက ငါ့ကိုမျှော်နေရှာမှာကွ သူ့ကိုကျူရှင်ထားပေးရင်အာဘွားပေး

မယ်ဆိုပြီးခုတောင် ငါအိမ်ကထွက်လာခါနီး လှမ်းအော်လိုက်သေးတယ်။



ငါ့ငါလဲ ငါ့သမီးလေးကို လွယ်အိတ်ဝယ်မပေးနိုင်တော့ဘူးထင်ပါတယ်ကွာ့သမီးလေးက နှုတ်ခမ်းနီ

တွေဆိုးထားမယ်နော်တဲ့ ဖေဖေလွယ်အိတ်ဝယ်လာရင် ဖေဖေ့ပါးကို နှုတ်ခမ်းနီတွေ ပေးသွားအောင် အာဘွား

ပေးပစ်မလို့ တဲ့ အခုတော့ ကွာာာာာာာာာာာာာ။


ကျွန်တော်ဘာလုပ်ရမလဲဟင့် ဒီပန်းကလေးတွေကို ကျွန်တော်ပင်ပင်ပန်းပန်းအစောကြီးထပြီးကောက်

ထားရတာပါ။ပြီးတော့ ကျွန်တော် ကတိလဲပေးထားတယ် ဒေး ရေ မောင်ခရေပန်းအပွင့် ၃၆၅ ပွင့်ရအောင်

ရှာခဲ့ပေးမယ်လို့ပါ။ဒီနေ့တစ်နှစ်ပြည့်လေ ကျွန်တော်တို့ချစ်သူသက်တမ်းပေါ့။ဒေး ပြောလိုက်တဲ့စကားကိုလဲ

ပြန်ကြားနေမိတယ် ဟုတ်ကဲ့မောင် မောင်ဒေးကို ခရေပန်းတွေယူလာပေးရင် ဒေးလဲ အဲ့ဒီဒေးမြတ်နိုးတဲ့ ခရေ

ပန်းလေးတွေကို မနမ်းသေးခင် မောင့်ကို အရင်ဆုံး အနမ်းတပွင့် လက်ဆောင်ပြန်ပေးမယ်နော် တဲ့။




 ကျွန်တော်လှစ်လျှူ ရှုပစ်လိုက်တယ်။ဟိုလူနှစ်ယောက်ရဲ့စကားတွေကိုပေါ့။သူတို့တင်မှမဟုတ်တာ အခုဒီ ခရေ

ပင်ကြီးရဲ့ အောက်မှာရောက်ရှိနေတဲ့ ကျွန်တော်အပါအဝင်ဒီ လူသုံးယောက် မှာ ကိုယ့်ဘဝနဲ့ကိုယ် အရေးပါတာ

လေးတွေအတွက်ပဲ ရောက်ရှိနေကြတာပဲမဟုတ်လား။ဘယ်သူကမှ အပျော်အနေနဲ့ မိုးအေးအေးထဲမှာ အလ

ကား ဒုက္ခခံပြီးရောက်လာကြမှာမှမဟုတ်တာ။  ကျွန်တော်ကျောခိုင်းခဲ့တယ် ခရေပင်ကြီးအပါအဝင်  ဟိုလူနှစ်

ယောက်ကိုရောပေါ့။



ကျွန်တော်ပန်းတွေတပွေ့တပိုက်နဲ့ ရွှံဗွက်တွေထူထပ်နေတဲ့လမ်းလေးအတိုင်း   ဟိုရှောင်   ဒီရှောင်နဲ့ ပြန်လာ

ခဲ့တော့တယ်။ကိုယ့်ကိုကိုယ် တစ်ခုပဲ မတင်မကျဖြစ်နေမိတယ်။ မေးခွန်းလေးတစ်ခုထွက်လာလို့ပါ ကျွန်တော်

တကိုယ်ကောင်းများဆန်သွားသလား????????????????????????????


ဖြိုးဇာနည့်ည့၁၁နာရီတိတိ

5 Comments


အားပေးဖတ်ရှူသွားပါတယ်..


ကိုယ့်ရည်မှန်းရာနဲ့ကိုယ်ပေါ့ကွယ်။ တကယ်လိုသာ သူတို့အိပ်ရာစောစောထပြီးလာကောက်မယ်ဆို သူတို့လိုချင်တဲ ပန်းတွေရမှာပါ။ ခုတော့ ဒေးရဲ့ မောင်က ဦးသွားတာကိုး ...


ငါ့ကိုလည်း အဲ့လို ခရေပန်းကောက်ပြီး လာပေးမယ့်လူရှိရင် ကောင်းမှာ အဟိ (စိတ်ကူးယဉ်ခြင်း)

သယ်ရင်း စာရေးကောင်းတယ်။ မျောသွားတယ် :D


တကိုယ်ကောင်းဆန်တယ်လို့မထင်မိဘူး
ဘာလို့လဲဆိုတော့ ဟိုလူနှစ်ယောက်က သူတို့မှာရှိနေတဲ့ အခွင့်အရေးကိုလက်တွေ့အသုံးမချတတ်ဘူးလို့ မြင်မိတယ်
အင်း... တခါတခါနာလဲအဲ့လူနှစ်ယောက်လိုဘဲးP
ဒီပို့စ်လေးက ကိုယ့်မှာရှိနေတဲ့အခွင့်အရေးကို လက်တွေ့ကျကျအသုံးချတတ်ဖို့ လမ်းညွှန်ပေးထားတဲ့ ပို့စ်ကောင်းလေးတစ်ပုဒ်ပါ
ခံစားဖတ်ရှုသွားပါတယ်
နေကြာစေ့နဲ့ ခရေပန်းလဲမယ်ဗျို့.... ဟီးဟီးးP


မနေ့ညက မိုးတွေရွာတယ် ဒါကြောင့်ကျွန်တော်ဒီမနက်စောစော ထမင်းကြော်မစားဖြစ်လိုက်ဖူး------ညကများသွားလို့လား ဟီး(စတာနော်)

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.