7

My Immortal

Posted by ဖြိုးဇာနည် on Friday, May 25, 2012 in

အနိုင်ပိုင်းသွားမှာသိနေတယ်။   သိနေရက်နဲ့မသိချင်ယောင်ဆောင်နေရတာလဲ   ခံစားရတာတမျိုးပါပဲ

My Immortal တဲ့ ဒီသီချင်းကိုနားထောင်ဖြစ်တယ်များသောအားဖြင့်ပေါ့    အခုတလောမှပါ စိတ်ထဲမှာ

ဖြစ်နေတဲ့ခံစားချက်နဲ့တိုက်ဆိုင်နေလို့လေ။သူဘယ်လိုပဲ  ရက်စက်မယ်ဆိုတာကြိုသိနှင့်နေပေမဲ့လဲ သူ့

ကိုဆက်ချစ်နေမိပါတယ် ကာကွယ်ဖို့မပြောနဲ့ သူအနိုင်ယူပစ်ချသွားခဲ့ချိန်မှာတောင် ပြုံးပြနိုင်ဖို့ ကြိုးစား

နေခဲ့သူပါပဲ။ဘယ်လိုပဲကိုယ့်အပေါ်အနိုင်ယူပြီးထားခဲ့ပါစေကိုယ့်အချစ်တွေကဘယ်တော့မှသေဆုံးမှာ

မဟုတ်ပါဘူ့းစိတ်နာချင်နာမိလိမ့်မယ် ဒါပေမဲ့ ကိုယ်ဟာသူ့ကိုချစ်နေမြဲချစ်နေမှာပါ ထာဝရရှင်သန်

နေသောချစ်ခြင်းမျိုးနဲ့ပေါ့။



ဘယ်တော့ ထားခဲ့မလဲဆိုတာမသေချာပေမဲ့ သူထားခဲ့မှာတော့သေချာပေါက်သိနေခဲ့ပြီးသားပါပဲလေ။

အများနားလည်စေအောင်ပြောရရင် ကင်ဆာရောဂါသည်နဲ့ တူပါတယ်။သေမှာတော့  သေချာနေပါပြီ

ဒါပေမဲ့ ၆ လလား  ဆယ့်ငါးရက်လား ရက်နှစ်ဆယ်လားသာမသေချာတာလေ။   ကိုယ်မှာစွဲကပ်နေတဲ့

ဒီကင်ဆာကြီးကို ဘယ်လို တိုက်ထုတ်မလဲ မတိုက်နိုင်ပါဘူး ဆွဲထုတ်လို့လဲမရနိုင်ဘူးလေ ဒီရောဂါကြီးက

ကိုယ်ထဲမှာစွဲကပ်နေတာကို့း့အဲ့လိုပါပဲ ကျွန်တော်သူ့ကိုအရမ်းချစ်တယ် သူဆိုတာကျွန်တော့်ရင်ထဲ

မှာစွဲကပ်နေခဲ့ပါပြီ ကျွန်တော့်ကို သေဆုံးသွားနိုင်အောင်သူ လုပ်နိုင်ပါတယ် လုပ်တော့မယ်ဆိုတာလဲ

သိနေပါတယ် ဒါပေမဲ့ကျွန်တော်သူ့ကို တိုက်မထုတ်ရက်ခဲ့ဘူး သူ့ဟာသူထွက်သွားတာမျိုးကိုပဲ (သူအောင်

နိုင်သူအပြုံးနဲ့ ) ကျွန်တော့်ရင်ဘတ်ထဲကနေထွက်သွားတာကိုပဲမြင်ချင်လို့ပါ။ခြေရာဖျောက်ရတာလွယ်ပါ

တယ် အစစအရာရာကိုခြေရာဖျောက်နိုင်ပါတယ် ဒါပေမဲ့ ကျွန်တော့်ရင်ဘတ်ထဲက မသေနိုင်သော နှလုံး

သားပေါ်မှာအမြစ်တွယ်နေတဲ့ သူ့ခြေရာလေးတစုံကိုတော့ သူဖြောက်နိုင်မှာမဟုတ်ပါဘူး။တစ်ခုပဲကျွန်

တော်ဆုတောင်းမိတယ် သူထားမသွားခင်အခိုက်အတန့်လေးကို ကြာနိုင်သလောက်ကြာနေပေးပါစေလို့

ပါ။  နောက်ပြီးသူအစစအရာရာခြေရာဖျောက်ဖို့ ပြင်ဆင်ထားပါသော်ငြားလဲ ကျွန်တော်ကတော့ အစစ

အရာရာ ဖွင့်ချပြခဲ့တယ် ခြေရာဖျောက်တယ်ဆိုတာနဲ့ဆန့်ကျင်ဖက်ပေါ့။ မျှော်လင့်ချက်ကလေးတစ်ခုနဲ့ပါ

သူကျွန်တော့်ကိုပစ်ချသွားပြီးတဲ့နောက်မှာ အချိန်မရွေးနေရာမရွေးပြန်လာချင်စိတ်ရှိရင် ပြန်လာနိုင်အောင်

လမ်းကြောင်းတွေကို ချပေးထားတဲ့သဘောပါ။ကျွန်တော်နဲ့ ပက်သက်တဲ့အရာမှန်သမျှ မကွယ်မဝှက်ပြော

ပြဖြစ်တယ်။



ကျွန်တော်ဇတ်ရည်လည်လာတဲ့သဘောပါ။ကျွန်တော်ဇတ်လမ်းရဲ့အဆုံးသတ်ကိုကြိုမြင်နေရတယ်။အဆုံး

သတ်ကတော့ သူငယ်ချင်း၂ယောက်လက်ဖဝါးရိုက်နေကြလေသတည်းတဲ့ ။အဟတ်ဟတ် အဲ့အချိန်မှာဆို

ရင် ကျွန်တော်ကတော့ မျက်ရည်မြစ်ကြီးထဲမှာ ပက်လက်ကြီးဖြစ်နေမလားးး ဒါမှမဟုတ် မှောက်ရက်ကြီးများ

ဖြစ်နေလေမလားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး



ဖြိုးဇာနည့်ည တော့ညပဲ မျက်ရည်ဝဲနေလို့ နာရီကိုသေချာမကြည့်ဖြစ်လိုက်ဖူး

7 Comments


သိနေရက်နဲ့မသိချင်ယောင်ဆောင်နေရတာ-----
အရမ်းကိုခက်တဲ့အလုပ်ပါပဲနော်----


သူလည်းခံစားချက်တွေများနေတာကို..
ချစ်တဲ့သူတိုင်းပေါင်းနိုင်ကြပါစေ..


မနေချင်လို့ထွက်သွားသူတစ်ယောက်အတွက် ပြန်လာချင် ပြန်လာလို့ရအောင် လမ်းခင်းပေးနေခဲ့တယ်ဆိုတာ မဖြစ်နိုင်တာကို တောင့်တနေတဲ့ အရမ်းချစ်တဲ့
လူတွေရဲ့ လက္ခဏာလေးပေါ့....ဇာတ်သိမ်းပါပြီဆိုမှ ထပ်ကဖို့ မကြိုးစားပါနဲ့တော့ဗျာ....ကျွန်တော့ ကိုယ်တွေ့အရ ပြန်ကိုလာမှာမဟုတ်ဘူးဗျ.
ပြန်လာတဲ့ချစ်သူမျိုးကိုလည်း လုံးဝလက်မခံသင့်ဘူးလို့ ထင်မိတယ်၊ကျွန်တော်
လည်းခံစားဘူးလို့ပါ့....အစစအရာရာ အမြန်ဆုံး အနည်ထိုင်ပါစေဗျာ....


အခုတလော ဖတ်နေရတာတွေက
အလွမ်းအကြောင်း မျက်ရည်အကြောင်းတွေချည်းပဲ
ကျွန်တော်တောင် အလွမ်းအကြောင်း ရေးချင်လာပြီ
မရေးဘူး ... လွမ်းမိမှာစိုးလို့
မေ့နိုင်အောင် ကြိုးစားနေတယ်
အစ်ကိုရေ ... မျက်ရည် သုတ်ပေးခဲ့တယ်


စာတွေလာဖတ်ပါတယ်...


ခဏခဏ ဒဏ်ရာရလာတော့ တစ်ခါတစ်ခါအသက်ရှုတိုင်း ရင်ဘတ်ထဲက အောင့်အောင့်လာ
ကြာကြာခံပါတော့မလား...
ငါ့နှလုံးသားထဲမှာ... ကင်ဆာ ကင်ဆာ ကင်ဆာကျွမ်းသွားပြီမို့... :)


ရင်ဆူးကတော့လက်တွေ့ကျကျမန့်သွားတယ်း)
ငါ့မောင်လေးရေ.. မျက်ရည်မြစ်ကြီးထဲမှာ လက်ပစ်သာကူးလိုက်ပါလို့...း)

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.